အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

၂။ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

"ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။" (ရှင်ယောဟန် ၈:၃၃-၃၅)

"သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" (ရှင်မဿဲခရစ်ဝင် ၇:၂၁)

"ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။" (ဝတ်ပြုရာကျမ်း ၁၁: ၄၅- ၄၆)

"လ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။" (ဗျာဒိတ်ကျမ်း ၁၄: ၃-၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန် ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ

ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိပကတိမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

မှောင်မိုက်ထဲ၌အသက်ရှင်သောသူတို့သည် သေခြင်းထဲကအသက်ရှင်သောသူတို့ပင်ဖြစ်ကြ၏။ စာတန်၏သိမ်းပိုက်မှုကိုခံကြရသည်။ ဘုရားသခင်အားဖြင့်ကယ်တင်ခြင်း၊ စီရင်ခြင်းနှင့်ဆုံးမခြင်းမရှိဘဲ လူ တို့သည်သေခြင်း လွမ်းမိုးမှုအောက်မှထွက်ရာလမ်းမရနိုင်၊ အသက်ရှင်သောသူမဖြစ်လာနိုင်ပါ။ ဤလူသေ များသည် နိုင်ငံတော်တွင်းသို့ဝင်စားရန်မဆိုနှင့် ဘုရားသခင်ကို သက်သေမခံနိုင်ကြ၊ ဘုရားသခင်အသုံးပြု၍ လည်းမရနိုင်ပေ။ ဘုရားသခင်သည်အသက်ရှင်သောသူတို့၏သက်သေကိုလိုချင်သည်။ သေသူတို့၏ သက်သေခံခြင်းကိုမလို။ ဘုရားသခင်သည် အသက်ရှင်သောသူတို့သူ့အတွက်အမှုတော် လုပ်ဆောင်ရန် စေခိုင်းသည်။ သေသူတို့ကို မစေခိုင်းပေ။ "လူသေ" ဆိုသည်မှာ ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်သော သူတို့ပင် ဖြစ်သည်။ ဝိညာဉ်ထုံထိုင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနားမလည်သောသူ၊ သမ္မာတရားကို လက်တွေ့မကျင့်သုံး၊ ဘုရားသခင်အားလုံးဝသစ္စာမရှိ၊ စာတန်ကြီးစိုးရာနယ်ထဲတွင်အသက်ရှင်သောသူ၊ စာတန်အသုံးချခံသောသူတို့ဖြစ်ကြ၏။ သမ္မာတရားအားဆန့်ကျင်ခြင်း၊ဘုရားသခင်အားပုန်ကန်ခြင်း၊ အောက်တန်းကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ အငြိုးထားခြင်း၊ ရိုင်းစိုင်းခြင်း၊လိမ်လည်ခြင်းနှင့် လျှို့ဝှက်ခြင်းအားဖြင့် လူသေတို့သည် မိမိတို့အကြောင်းကို ပြသကြသည်။ ထိုသို့သောလူတွေက နှုတ်ကပတ်တော်များကို မှီဝဲသောက်သုံးကြသော်လည်း ဘုရားသခင်၏ စကားတော်များနှင့်အညီ အသက်မရှင်နိုင်ကြပေ။ သူတို့အသက်ရှင်သည့်တိုင်၊ လမ်းလျှောက်နေသောလူသေ၊ အသက်ရှူနေသော အလောင်းများသာဖြစ်ကြသည်။ လူသေများက ဘုရားသခင်ကိုကျေနပ်စေခြင်းမပြုနိုင်ပါ။ ကိုယ်တော်အားနာခံဖို့ အရေးသည်သာ၍ဖြစ်နိုင်ဖို့နည်းပါးသည်။ ကိုယ်တော်ကို သူတို့က လိမ်လည်၍၊ ပုတ်ခတ်ပြောဆို၊ ပြစ်မှားပြီး၊ သစ္စာဖောက်ကြကာ၊ သူတို့အသက်ရှင်ခြင်းက စာတန်၏ သဘောသဘာဝကို ဖော်ပြနေလေသည်။ လူတို့သည် အသက်ရှင်သောသူ ဖြစ်ခြင်းအား အလိုဆန္ဒရှိလျှင်သော်လည်းကောင်း၊ ဘုရားသခင်ကို သက်သေခံလို၍ ဘုရားသခင်သိမှတ်သောသူဖြစ်လိုလျှင်၊ ဘုရားသခင်၏ကယ်တင်ခြင်းကိုသူတို့လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့်ဆုံးမခြင်း၌ ဝမ်းမြောက်စွာအပ်နှံရမည်။ ဘုရားသခင်၏စိစစ်လျှော့ချခြင်းနှင့်ပြုပြင်ဆုံးမခြင်း ကိုဝမ်းမြောက်စွာလက်ခံရမည်။ သို့ပြုမှသာ၊ ဘုရားသခင်တောင်းဆိုသောသမ္မာတရားများကို လက်တွေ့ ကျင့်သုံးနိုင်ကြမည်ဖြစ်ကာ၊ သို့ဖြစ်မှ၊ ဘုရားသခင်၏ကယ်တင်ခြင်းကိုရကြလိမ့်မည်။ စစ်မှန်၍အသက်ရှင်သော သူများဖြစ်လာကြမည်။ အသက်ရှင်သော သူတို့သည် ဘုရားသခင်ကယ်တင်သောသူများဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်အားဖြင့်စီရင်ခြင်းနှင့် ဆုံးစပဲ့ပြင်ခြင်းခံခဲ့ပြီးဖြစ်၏။ မိမိတို့ကိုယ်တိုင်ဆက်ကပ်လိုသောသူ၊ ဘုရားသခင် အတွက်မိမိတို့အသက်ကို ပေးအပ်ခြင်း၌ပျော်ရွှင်သောသူ၊ မိမိတို့အသက်တာတစ်ခုလုံးကို ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြသည်။ အသက်ရှင်သောသူတို့က ဘုရားသခင်အကြောင်းကို သက်သေခံသည့်အချိန်၌ စာတန်ရှက်ကြောက်ပြီး၊ အသက်ရှင်သောသူတို့ကသာ ဘုရားသခင်၏ သတင်းကောင်းကိုကျယ်ပြန့်စေနိုင်သည်။ အသက်ရှင်သောသူတို့သည်သာ ဘုရားသခင်၏စိတ်နှလုံးနှင့် တွေ့သောသူတို့ဖြစ်၍ စစ်မှန်သောလူလည်းဖြစ်၏။ အစမူလတွင် ဘုရားသခင်ပြုလုပ်ခဲ့သောလူသည် အသက်ရှိသည်။ သို့သော် စာတန်၏ဖျက်စီးခြင်းကြောင့်လူသည်သေခြင်းအလယ်၌ အသက်ရှင်လာပြီး စာတန်၏လွမ်းမိုးမှုအောက်တွင်ရှိလာသဖြင့်၊ ဤလူတို့သည် ဝိညာဉ်မရှိသေသောသူဖြစ်လာကြသည်။ ဘုရားသခင်အားဆန့်ကျင်သောရန်သူများဖြစ်ကြသည်။ စာတန်၏တန်ဆာပလာများဖြစ်လာကာ၊ စာတန် ဖမ်းဆီးချုပ်နှောင်သည့်လူများဖြစ်လာသည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အသက်ရှင်သောသူတို့သည် လူသေဖြစ်လာကြသဖြင့် ဘုရားသခင်သည်သူ့အတွက် သက်သေခံစရာဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်သည် သူဖန်ဆင်း၍ သူ့အသက်လေကိုရခဲ့သော တစ်ခုတည်းသောလူသားမျိုးနွယ်ကိုဆုံးရှူံးခဲ့ရသည်။ အကယ်၍ဘုရားသခင်က သူ၏သက်သေခံချက်ကို ပြန်ယူရန်၊ သူကိုယ်တိုင်လက်တော်ဖြင့်လုပ်ခဲ့ သော်လည်း စာတန်ဖမ်းဆီးခြင်းခံသော သူတို့ကိုပြန်ရရန်နှင့်၊ သူတို့သည် အသက်ရှင်သော သူများပြန်ဖြစ်လာစေရန် ဘုရားသခင်ကပြန်လည်အသက်သွင်း ပေးရမည်ဖြစ်သည်။ သူ၏အလင်းထဲ၌အသက်ရှင်ကြမည်အကြောင်း သူကလူတို့ကိုပြန်သိမ်းရမည်။ သေသောသူတို့ဆိုသည်မှာ ဝိညာဉ်မရှိသောသူ၊ တစ်ဖက်စွန်းသေသောသူ၊ ဘုရားသခင်အား ဆန့်ကျင်သော သူတို့ဖြစ်သည်။ ထို့အပြင်၊ဘုရားသခင်ကိုမသိသောသူတို့ဖြစ်ကြသည်။ သူတို့ မှာဘုရားသခင်ကိုနာခံလိုစိတ်နည်းနည်းလေးမျှမရှိ၊ သူ့ကိုပုန်ကန်ဆန့်ကျင်ခြင်းသာပြုပြီး၊ သစ္စာတရားလုံးဝ မရှိကြ။ အသက်ရှင်သော သူတို့ဆိုသည်မှာ ဝိညာဉ်အသစ်မွေးဖွားခြင်းရှိပြီးသောသူများ၊ ဘုရားသခင်ကိုနာခံသူ များ၊ ဘုရားသခင်အားသစ္စာရှိသောသူများဖြစ်ကြ၏။ သမ္မာတရားနှင့်သက်သေခံချက်၏ထိန်းချုပ်မှုကိုခံရပြီး ဤလူများကသာလျှင် ကိုယ်တော်၏အိမ်တော်ထဲတွင်ဘုရားသခင်ကိုကျေနပ်အားရစေသောသူများဖြစ်ကြ သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သင်တဖန်ပြန်ရှင်ပြီးပြီလော" မှ

ဘုရားသခင် ပြုသော အရာခပ်သိမ်းမှာ မရှိမဖြစ် လိုအပ်ပြီး အံ့မခန်းသော အဓိပ္ပာယ်ကို ပိုင်ဆိုင်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားအထဲ၌ သူပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်ခြင်းကြောင့် ဖြစ်သည်။… တစ်နည်းဆိုသော် ဘုရားသခင်သည် မည်သည့်အရာကို ပြုသည်ဖြစ်စေ မည်သည့်နည်းလမ်းဖြင့် သူပြုသည်ဖြစ်စေ၊ မည်မျှ ကုန်ကျသည် ဖြစ်စေ၊ သူ၏ရည်မှန်းချက်မှာ မည်သည့် ရည်မှန်းချက် ဖြစ်ပါစေ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအတွက် ဘုရားသခင်၏အလိုကို လူသားထဲ၌ ပုံသွင်းပေးရန် ဖြစ်သည်၊ တစ်နည်းဆိုသော် ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို လူသားထဲ၌ သူ၏ခြေလှမ်းများနှင့်အညီ ပုံသွင်းပေးကာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေပြီး ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ့အားနာခံစေသဖြင့် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ခြင်းကို ရရှိစေသည်၊ ထိုအရာ အားလုံးမှာ ဘုရားသခင်ပြုသမျှထဲ၌ သူ၏ရည်ရွယ်ချက်၏ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားသော ရှုထောင့်မှာ စာတန်သည် အဖြည့်ခံဖြစ်ပြီး ဘုရားသခင်၏ အလုပ်ထဲ၌ အစေခံသောအရာ ဖြစ်သောကြောင့် လူသားသည် စာတန်ထံ မကြာခဏပေးခြင်းကို ခံရခြင်း ဖြစ်သည်၊ ဤသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများအကြားတွင် စာတန်၏ ကောက်ကျစ်စဉ်းလဲမှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို လူတို့မြင်စေရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အနုတ်လက္ခဏာဖြစ်သောအရာကို သိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေရန် ဖြစ်သည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုနှင့် နာခံမှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းအပေါ် ကျေးဇူးတော်ချီးမွမ်း၍ စာတန်၏ တိုက်ခိုက်မှုများနှင့် စာတန်၏ စွဲစွပ်မှုများကို အောင်မြင်သည်အထိ ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စာတန်၏ စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ ၎င်းတို့ကိုယ်ကို တဖြည်းဖြည်း လွတ်မြောက်စေခြင်း ဖြစ်သည်၊ ထိုအခါမှသာလျှင် ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခြင်း ဆိုသည်မှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲမှ အစာ မဟုတ်တော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်၊ စာတန်သည် ၎င်းတို့အား မျိုချမည့်အစား စွန့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ လူများမှာ စုံလင်ခြင်း၊ ၎င်းတို့၌ ယုံကြည်ခြင်း၊ နာခံခြင်းရှိ၍ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်ဖြစ်စေပြီး အပြတ်အသတ် အနိုင်ယူကြသည်။ ဘုရားသခင် နောက်သို့ လိုက်ရာတွင် ၎င်းတို့၏ခံယူချက်အပြင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ရယူခြင်းကို အစစ်အမှန်ခံရပြီး ၎င်းသည် လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံလိုပြီး ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ ခံလိုပါက ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ အကြီးနှင့် အငယ်နှစ်မျိုးလုံး ဖြစ်သော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ကြရမည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်လာသောသူများနှင့် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သည့်အပြင် ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်ခြင်း မရှိကြပေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာတတ်ကြသည်၊ ချစ်ခြင်းနှင့် အမုန်းကို ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့ထံ၌ တရားသော အသိတစ်ခုရှိပြီး ဆင်ခြင်ဆုံးဖြတ်နိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ယင်းကဲ့သို့ လူများသည် စာတန်၏ ချုပ်နှောင်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်း၊ စွပ်စွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှည်းပန်းခြင်းကို မခံရပေ၊ ၎င်းတို့သည် အကြွင်းမဲ့ လွတ်မြောက်ခြင်း ရှိကြသည်၊ ၎င်းတို့သည် အကြွင်းမဲ့ အချုပ်အနှောင်ကင်းပြီး လွှတ်ခြင်းကို ခံရသည်။ ယောဘသည် ယင်းကဲ့သို့ လွတ်မြောက်ခြင်း ရှိသော လူသားတစ်ဦးဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ အပ်ခဲ့ရသည်ဟူသော ရည်ရွယ်ချက် အမှန်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂" မှ

နောက်ဆုံးမှာ မည်သို့သော သက်သေကို သင်ပြဖို့လိုအပ်မည်နည်း။ ညစ်ညမ်းသော မြေမှာ သင်ရှင်သန်သော်လည်း သန့်ရှင်းသူ ဖြစ်လာနိုင်စွမ်းရှိပြီး နောက်ထပ် ညစ်ညမ်းခြင်း မသန့်စင်ခြင်း မရှိတော့ပါ။ သင့်အနေဖြင့် စာတန်၏ ပိုင်နက်မှာ အသက်ရှင်သော်လည်း သင့်ကိုယ်သင် စာတန်၏လွမ်းမိုးမှုမှ ရှောင်ထွက်သွားနိုင်ပြီး စာတန်က ပိုင်ဆိုင်ခြင်း နှောင့်ယှက်နိုင်ခြင်း မရှိတော့ပါ။ အနန္တတန်ခိုးရှင်၏ လက်ထဲ သင်အသက်ရှင်နေခြင်း ဖြစ်သည်။ ဤသည်မှာ သက်သေ၊ စာတန်နှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်နိုင်ခြင်း သက်သေဖြစ်သည်။ စာတန်ကို သင်စွန့်ပယ်နိုင်ပြီး သင့်အသက်ရှင်သန်မှုက စာတန်ကို မဖော်ညွှန်းတော့ပါ။ သို့သော် လူကိုဖန်ဆင်းချိန် ဘုရားသခင်က လူကိုပိုင်ဆိုင်စေချင်သည့် အရာဖြစ်သော သာမန် လူ့သဘောသဘာဝ၊ သာမန် ဆင်ခြင် တုံတရား၊ သာမန်အသိအမြင်၊ ဘုရားသခင်ကိုချစ်ဖို့ သာမန် ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အား သစ္စာရှိမှု တို့ကို သင်ဖော်ညွှန်းလာသည်။ ဤသို့သောအရာမှာ ဘုရားသခင် ဖန်ဆင်းထားသူတစ်ဦးမှ သယ်ပိုးရသည့် သက်သေဖြစ်သည်။ သင်က "ကျွန်ုပ်တို့ ညစ်ညမ်းသည့်မြေမှာ ရှင်သန်ကြသည်။ သို့သော် ဘုရားသခင်၏ ကွယ်ကာမှု၊ ဦးဆောင်မှုနှင့် သူကျွန်ုပ်တို့ကို သိမ်းပိုက်ခြင်း တို့ကြောင့် စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ရုန်းထွက်ခဲ့ကြပြီး ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိူးရလဒ်ဖြစ်ပြီး ကျွန်ုပ်တို့ ကောင်းခြင်းကြောင့် သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုလို ချစ်ကြခြင်းကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ယနေ့ အုပ်စိုးမှုကို ခံကြရခြင်းဖြစ်ပြီး သူ့ကို သက်သေခံပြီး အစေခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အပြင် သူကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သည့်အတွက် စာတန်၏ပိုင်နက်မှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီး ညစ်ညမ်းမှုများကို နောက်ချန်ရစ်ကာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် သန့်စင်ခံရခြင်းဖြစ်သည်"ဟု ဆိုနိုင်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)" မှ

ယခင်က:ကယ်တင်ခံရသည် ဆိုသည်မှာအဘယ်နည်း။ ကယ်တင်ခြင်း ဆိုသည်မှာအဘယ်နည်း။

နောက်တစ်ခုသို့:တစ်စုံတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။