အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၉။ စာတန်၏လောကအမြင်သည် လှောင်ပိတ်မိစေ သည့်အပြင် ထိခိုက်စေသည်

ဝူရူ ဟီချီမြို့၊ ဂွမ်ရှီပြည်နယ်

များမကြာမီအချိန်က အသင်းတော်သည် ကျွန်မအား အလုပ်ကိစ္စများအတွက် ဧည့်ခံမိသားစုတစ်စုဖြင့် နေထိုင်ရန် စီစဉ်ခဲ့ပါသည်။ ကျွန်မသည် ဧည့်ခံမိသားစုမှ ညီအစ်ကိုမောင်နှမများဖြင့် ပထမဆုံး မိတ်သဟာယဖွဲ့သည့်အခါတွင် ၎င်းတို့က “ကျွန်မတို့က မိတ်သဟာယ ပြုခြင်းမှာ ဆုတောင်းရမှာကို အကြောက်ဆုံးပဲ။ ကျွန်မတို့ကိုယ်တိုင် ဆုတောင်းတဲ့အခါ ဘာကိုပြောရမယ်ဆိုတာကို သိတယ်။ ဒါပေမယ့် မိတ်သဟာယဖွဲ့ ဆုတောင်းတဲ့အခါမှာ ကျွန်မတို့ ဘာပြောရမှန်းကို မသိတော့ဘူး” ဟု ပြောပါသည်။ ထိုစကားကို ကျွန်မ ကြားရသည့်အခါတွင် ကျွန်မသည် “ငါတို့က မိတ်သဟာယပြုခြင်းမှာ ဆုမတောင်းရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ငါတို့ ရရှိနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ပြောဆိုဆက်ဆံရတာက ထိရောက်မှု ရှိမှာမဟုတ်ဘူး။ ငါတို့ ဆုတောင်းမှဖြစ်မယ်” ဟု မိမိဘာသာ တွေးမိပါသည်။ သို့သော်လည်း သူတို့သည် အမှန် တကယ်ပင် ဆုတောင်းရမည်ကို ကြောက်ရွံ့နေပါက၊ ကျွန်မက ၎င်းတို့အား ဆုတောင်းရန် တိုက်တွန်းလျှင် ကျွန်မကို တစ်မျိုးတစ်မည် ထင်မြင်တော့မည် မဟုတ်ပါလား ဟု ကျွန်မပြန်တွေးမိသည်။ ဆောင်းပါး များကို တည်းဖြတ်ခြင်းဖြစ်သည့် ကျွန်မ၏ တာဝန်ကို ပြီးမြောက်စေရန်မှာ ကျွန်မသည် ဧည့်ခံမိသားစုနှင့် ရေရှည်နေရန် လိုအပ်ပါသည်။ ကျွန်မက ၎င်းတို့ဆန္ဒအတိုင်း မနေသည့်အခါတွင် ၎င်းတို့က ကျွန်မကို တစ်မျိုးတစ်မည်မြင်ကာ ဧည့်မခံချင်တော့ပါက၊ မည်သို့ပြုရမည်နည်း။ ကျွန်မအနေဖြင့် ၎င်းတို့၏ ဆန္ဒအတိုင်းသာ လိုက်လျောသင့်သည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် နောက်တစ်လအတွင်း မိတ်သဟာယပြုခြင်း၌ ကျွန်မတို့ တစ်ခါမှ ဆုမတောင်းခဲ့ကြပါ။ ထိုသို့ဆုမတောင်း ဖြစ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းကို မိတ်သဟာယဖွဲ့ ခြင်းအား ပျင်းရိငြီးငွေ့ဖွယ်ကောင်းစေပြီး ပေါ့ပျက်ပျက်ဖြစ် စေခဲ့သည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သည်လည်း လုံးဝ ကင်းမဲ့နေခဲ့ပါသည်။ ကျွန်မတို့ သည် မကြာခဏဆိုသကဲ့သို့ ဆီလျော်မှုမရှိသည့် အကြောင်းအရာများကို ပြောဖြစ်ကြ ပါသည်။ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများ သည် သာမာန်ဖြစ်မှု တဖြည်းဖြည်းချင်း လျော့နည်းလာခဲ့ပြီး၊ သူတို့သည် မိတ်သဟာယပြုရန် မလိုလားကြတော့ပါ။ မိတ်သဟာယပြုနေစဉ် အချိန်တွင်ပင်လျှင် ၎င်းတို့သည် အမြဲတမ်း ငိုက်မြည်းနေ ကြပြီး၊ နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအား အရေးကြီးသည့် နေရာ၌မထားနိုင်ကြပါ။ ၎င်းတို့အချိန်ရသည့် အခါတိုင်းတွင် တီဗီကြည့်ကြပြီးလျှင်၊ ကျွန်မအပေါ်ကိုလည်း ထိုမျှနွေးထွေးမှမရှိကြသည့်အပြင်၊ ကျွန်မကို စကားပြောရန်ကိုပင် တွန့်ဆုတ်လာကြပါသည်။ ဤအခြေအနေဖြင့် ရင်ဆိုင်ရသည့် အခါတွင်၊ ကျွန်မသည် အလွန်နာကျင်မှုကိုခံစားရပြီး၊ စိတ်ရှုပ်ထွေးလာခဲ့ပါသည်၊ အရာရာတိုင်းတွင် ၎င်းတို့၏ ဆန္ဒကို ကျွန်မ လိုက်လျောခဲ့ပြီးလျှင်၊ ၎င်းတို့ကို မစော်ကားခဲ့ပါ။ ၎င်းတို့သည် အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်နေရသနည်း။

ဒီအခြေအနေကြောင့် ကျွန်မသည် ပဟေဠေပိုမိုဖြစ်လာချိန်မှာပင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ကျွန်မကို ဉာဏ်အလင်းပေး ခဲ့ပါသည်၊ “သင်၌ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေး မရှိလျှင် အခြားသူများနှင့် သင်၏ဆက်ဆံရေးများကို ထိန်းသိမ်းဖို့ရန် မည်သည့်အရာကိုပင် သင်ပြုသည်ဖြစ်စေ၊ မည်မျှကြိုးစားပြီး လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် အားအင်မည်မျှကို သင်အသုံးပြုသည်ဖြစ်စေ လုပ်ဆောင်သမျှသည် လူ့ဘဝဒဿနနှင့်သာ သက်ဆိုင်နေဆဲဖြစ်လိမ့်မည်။ လူများက သင့်ကို ချီးမွမ်းကြစေရန်အလို့ငှာ သင်သည် လူ့အမြင်၊ လူ့ခံယူချက်အားဖြင့် လူများအကြားတွင် သင့်ရပ်တည်ချက်နေရာကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ လူများနှင့် မှန်ကန်သောဆက်ဆံရေးများ မတည်ဆောက်ပေ။ အကယ်၍ သင်သည် လူများနှင့်ဆက်ဆံရေးများအပေါ် အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ သင့်စိတ်နှလုံးကို ဘုရားသခင်အား ပုံအပ်ရန်ဆန္ဒရှိနေပြီး သူ့ကိုနာခံတတ်ရန်သင်ယူလျှင် လူအပေါင်းတို့နှင့် သင်၏ဆက်ဆံရေးများမှာ အလိုအလျောက် မှန်ကန်လာလိမ့်မည်။... လူများအကြား မှန်ကန်သောဆက်ဆံရေးဟူသည် မိမိတို့စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအပေါ်တွင် အခြေခံ၍တည်ဆောက်ထားသည်၊ ၎င်းကို လူ၏ ကြိုးစားအားထုတ်မှုအားဖြင့်မရနိုင်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှတစ်ဆင့် ကျွန်မသည် အလင်းကို ချက်ချင်းပင် မြင်ခဲ့ရသည်။ အမှန်တကယ်မှာမူ ကျွန်မသည် မစဉ်းစား မဆင်ခြင်စွာဖြင့် လူတစ်ဦးနှင့်တစ်ဦးကြားတွင် ဇာတိပကတိ၏ ဆက်ဆံရေးကို ထိန်းသိမ်းခြင်းအတွက်သာ အာရုံစိုက်ခဲ့ပြီး ဘုရားသခင်ရဲ့ သာမန်ဆက်ဆံရေးကို တည်ဆောက်ခြင်းအတွက်ကိုမူ အာရုံမစိုက်ခဲ့သောကြောင့် ဤအခြေအနေ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကျွန်မသည် ဧည့်ခံမိသားစုနှင့် မည်သို့သင့်မြတ်ခဲ့ပုံကို ပြန်လည်တွေးတောရင်း၊ သူတို့က ကျွန်မကို အလေးပေးမှုကို ဖြစ်ပေါ်လာစေရန် နှင့် ကျွန်မကို လိုလားစွာ ဧည့်ခံကျွေးမွေးလာရန် စသည်တို့အတွက် ကျွန်မသည် အရာအားလုံးတွင် ၎င်းတို့နောက် လိုက်ခဲ့ကာ၊ ၎င်းတို့နှင့် ဝင်ဆန့်စေမည့် အရာအားလုံးကို ဆောင်ရွက်ခဲ့သည်မှာ သမ္မာတရား ၏ အခြေခံသဘောတရားများ ကိုဖြစ်စေ၊ ကျွန်မ၏ လုပ်ရပ်များက ၎င်းတို့အတွက် အကျိုးအမြတ်ရှိမရှိကိုဖြစ်စေ ဆင်ခြင်တွေးတောခြင်း မရှိခဲ့ပါ။ ၎င်းတို့သည် မိတ်သဟာယ ပြုစဉ်တွင် ဆုတောင်းခြင်းကို ကြောက်ကြကြောင်း သိရချိန်၌ ကျွန်မအနေဖြင့် ဆုတောင်းခြင်း၏ အဓိပ္ပါယ်နှင့် အရေးပါမှုတို့ကို ၎င်းတို့နားလည်လာစေရန် ဆီလျော်သည့် သမ္မာတရားများအကြောင်းကိုလည်း ၎င်းတို့အား ပြောပြခဲ့ခြင်း မရှိပါ၊ ထိုသို့ပြောပြမည့် အစား မိမိအကျိုးကို ကာကွယ်ရန်၊ ၎င်းတို့အား နာခံပြီး၊ မိတ်သဟာယပြုချိန်တွင် ဆုတောင်းလိုခြင်း မရှိသည့် ၎င်းတို့၏ ဆန္ဒကို ဆင်ခြင်တွေးတော ပေးခဲ့ပြီး၊ သူတို့ကို ကျွန်မ နာခံခဲ့ကာ၊ မိတ်သဟာယပြုချိန်အတွင်း ဆုမတောင်းလိုသည့် သူတို့၏ ဆန္ဒကို ဆင်ခြင်တွေးတောခဲ့ပါသည်။ ဆုတောင်းခြင်း၊ အားထုတ်ရှာဖွေခြင်း သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းတို့ မရှိသည့်အတွက် မိတ်သဟာယပြုစဉ်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို ရရှိ ရန်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းမှ နေတဆင့် အထောက်အပံ့ကို ရရရန်ဖြစ်စေ စသည်တို့မှာ မဖြစ်နိုင်တော့ပါ။ အကျိုးရလဒ်အနေဖြင့် ကျွန်မတို့၏ အခြေအနေ များသည် သာမန်ထက် လျော့ကျလာကာ ကျွန်မတို့သည် ပုံမှန် ဆက်ဆံရေးတစ်ခုကို မထိန်းသိမ်းနိုင်ခဲ့ပါ။ ကျွန်မသည် ဆုတောင်းခြင်း၏ အရေးကြီးပုံကို ကောင်းစွာသိရှိပါသည်။ ဆုတောင်းခြင်းသည် လူများကို ဘုရားသခင်၏ ဝိညာဉ်တော် အားဖြင့်ထိတွေ့ခံရစေရန် ကူညီပေးသည့်အပြင်၊ ဆုတောင်း ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်ရန် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဆုတောင်းခြင်း သည် သမ္မာတရားကို ပိုပြီးနားလည်စေဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ပိုပြီးရှိစေရန် ကျွန်မတို့ကို ကူညီပေးနိုင်ပါသည်။ ထို့ထက်ပိုပြီးလျှင် မိတ်သဟာယ မပြုမီ၌ ဆုတောင်းခြင်းအားဖြင့် လူသားသည် ဘုရားသခင်ကို အရာအားလုံးထက်ပို၍ အထွဋ်အမြတ်ထားကြောင်းကို ပြပြီး လူသား၏ နှလုံးသား၌ ရှိသော ဘုရားသခင်၏နေရာကို အမြဲတမ်း ဖော်ပြသည့်နည်းတစ်ခုဖြစ်ပါသည်။ သို့သော်လည်း ကျွန်မသည် အသက်တာ၌ “လောကီဆန်ပါ။ ကိုယ်ရှင်သန်ရပ်တည် နိုင်ဖို့အတွက် အမျှော်အမြင်ရှိပါ” ဆိုသည့် စာတန်၏လောကအမြင်ဖြင့် လျှောက်လှမ်း နေဆဲဖြစ်ပြီး၊ ကျွန်မ၏ ဆက်ဆံရေး များကို ထိန်းသိမ်းရန် ဆုတောင်းခြင်းကို ဖျက်သိမ်း ခဲ့ပါသည်။ ၎င်းသည် ကျွန်မ၏နှလုံးသား၌ ဘုရားသခင်အတွက် နေရာလုံးဝမရှိကြောင်းကို ပြနေပြီးလျှင်၊ ကျွန်မသည် စာတန်၏လောကအမြင်အားဖြင့် လုံးဝ အုပ်စိုးခံခဲ့ရပါသည်။ ကျွန်မသည် လူများဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းရန် အမြဲတမ်းပင် ကြိုးပမ်း အားထုတ်ခဲ့ပါသည်၊ ဤအပြုအမူသည် “လောကီဆန်ပါ။ကိုယ်ရှင်သန် ရပ်တည် နိုင်ဖို့အတွက် အမျှော်အမြင်ရှိပါ။” ဆိုသည့် ဆိုးယုတ်သည့် လောကအမြင်ကို ကျွန်မလုံးဝ ခံယူလိုက်ခြင်းဖြစ်သည်ဟု မှတ်ယူနိုင် ပါသည်။ ထိုလောကအမြင်သည် ကျွန်မ၏ နှလုံးသားနှင့် ဝိညာဉ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သည့်အပြင်၊ ကျွန်မကိုလည်း သူရဲဘော​ကြောင်သော၊ တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော သူတစ်ယောက် ဖြစ်လာစေကာ၊ တရားမမျှသောသူတစ်ယောက် ဖြစ်စေ၍ သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိအောင်ပင် ဖြစ်စေခဲ့ပါသည်။ မိမိအတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်းအားဖြင့် ဘုရားသခင်ကို အတိုက်အခံပြုခဲ့ရန် နှိုးဆော်ခြင်းခံရသော အတိတ်က အချိန်များကို ကျွန်မ ပြန်သတိရ၍လာပါသည်၊ ကျွန်မသည် အသင်းတော်ကို ဦးဆောင်နေစဉ်က၊ လူများသည် အယူအဆတစ်ချို့ ရှိသည်ကိုလည်းကောင်း၊ အဆိုးမြင်မှု များကို ဖြန့်ဝေနေသည် ကိုလည်းကောင်း၊ အသင်းတော်အသက်တာကို နှောင့်ယှက်နေ သည်ကို လည်းကောင်း မြင်တွေ့သော်ငြားလည်း၊ ၎င်းတို့အား တစ်စုံတစ်ခု ​ပြောဆိုပါက ထိုသို့ပြောဆိုမိခြင်းသည် ကျွန်မ၏ အကျိုးစီးပွားကို ထိခိုက်လာမည်ကို စိုးရွံ့သော​ကြောင်၊ ၎င်းတို့အား မတားဆီးဝံ့ခဲ့ပါ။ ညီအစ်ကိုမောင်နှမများက အခြေအနေများသည် ခက်ခဲလွန်း လှကြောင်း ညဉ်းညူလာသည့် အခိုက်အတန့်တွင်ပင် ကျွန်မသည် ဧဝံဂေလိ အလုပ်အား စီမံခြင်းကို နောက်ဆုတ်ခဲ့ပါသည်၊ ပြီးလျှင် ၎င်းတို့ကို ထပ်မံမေးမြန်းရဲခြင်း မရှိသည့်အပြင်၊ ၎င်းတို့အား စော်ကားမိသကဲ့သို့ဖြစ်ကာ၊ ၎င်းတို့နှလုံးသားတွင် ကျွန်မအတွက် နေရာပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့ခဲ့ပါသည်။ ထိုလိုပြုလုပ်ခြင်း အားဖြင့် ကျွန်မသည် မိမိတို့၏ ဧဝံဂေလိအမှုတော်ကို ထိရောက်ခြင်း မရှိဖြစ်စေခဲ့ပါသည်။ ဆောင်းပါးများကို တည်းဖြတ်ရန် တာဝန်ရှိသည့် အဖွဲနှင့်အလုပ်လုပ်သည့်အခါတွင်၊ ကျွန်မနှင့် လက်တွဲ အလုပ်လုပ်ကိုင် နေသည့် အစ်မက ၎င်း၏အလုပ်ကို အလေးအနက်မထားကြောင်း ကျွန်မ သတိပြုမိသော်လည်း ၎င်းအားထိုအချက်ကို ထောက်ပြရန် ကြောက်ရွံ့နေခဲ့ပါသည်၊ သူမအနေဖြင့် မပျော်မရွှင်ဖြစ်ကာ၊ ကျွန်မတို့၏ သဟဇာတဖြစ်မှုကို ထိခိုက်စေမည့် အာဃာတများ ထားလာမည် ကိုလည်း ကြောက်ရွံ့ခဲ့ပါသည်။ ဤအခြေအနေ၌ ကျွန်မ လုပ်သမျှအရာတိုင်းကို ရှင်းလင်းစွာမြင်လာသည်မှာ ကျွန်မသည် အခြားသူများက မိမိအပေါ်ထားသည့် စိတ်နေသဘောထားနှင့် ဝေဖန်သုံးသပ်ခြင်းများကိုသာ အမြဲတမ်း အာရုံစိုက်ခဲ့ကြောင်းပင် ဖြစ်ပါသည်။ အခြားလူများ၏နှလုံးသားထဲတွင်ရှိသည့် ကျွန်မ၏ နေရာနှင့် ကျွန်မအမည် တို့ကို ကာကွယ်ခဲ့ပြီး မိမိ၏အရှုံးအမြတ်များကို ဆင်ခြင်စဉ်းစားခဲ့ သည်။ ကျွန်မသည် “လောကီဆန်ပါ။ ကိုယ်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အမျှော်အမြင် ရှိပါ။” ဆိုသည့် စာတန်၏ လောကအမြင်အားဖြင့် လုံးဝ အသက်ရှင်နေထိုင်နေခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဤအချက်သည် ကျွန်မ၏အပြုအမူများအတွက် အခြေခံသဘောတရား ဖြစ်လာခဲ့ပြီးလျှင်၊ လူတစ်ယောက် အနေဖြင့် ကျွန်မပြုမူသည့် အခြေခံအချက်များ ဖြစ်လာခဲ့ပါသည်။ ရလဒ်အနေဖြင့် ကျွန်မသည် မိမိလုပ်သမျှအရာတိုင်း အတွက် အခြေခံသဘောတရား သို့မဟုတ် အနေအထားတို့ကို ထည့်သွင်း စဉ်းစားခြင်းမရှိခဲ့ရုံမျှမက၊ မိမိအတွက် အကျိုးအမြတ်ရှိမရှိကိုသာ ထည့်သွင်းစဉ်းစားပါသည်။ ဤ “လောကီဆန်ပါ။ ကိုယ်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အမျှော်အမြင် ရှိပါ” ဆိုသည့် စာတန်၏ လောကအမြင် သည် သမ္မာတရားကို လုံးဝဆန့်ကျင်သည့် အဖျက်သဘောဖြစ်သော သဘောတရား တစ်ခုဖြစ်သည့်အပြင် လူများကို ဖောက်ပြန်ပျက်စီးစေရန် စာတန် အသုံးပြုသည့် အထောက်အကူတစ်ခု ဖြစ်ပါသည်။ ဤသဘောတရား အားဖြင့် အသက်ရှင်ခြင်း၌ လူများသည် ပို၍လှည့်စား တတ်ခြင်း၊ ကောက်ကျစ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ် ကောင်းခြင်းတို့သာ ဖြစ်လာပါသည်။ ၎င်းတို့သည် လူသားစစ်စစ်ဖြစ်စေသည့် စရိုက်လက္ခဏာများကို တဖြည်းဖြည်း ဆုံးရှုံးလာသည်။ စာတန်၏ ဒဿနအမြင်သည် လှောင်ပိတ်မိစေပြီး ပျက်စီးစေပါသည်။ ကျွန်မသည် ဤလောကအမြင်ဖြင့် လုံးဝ ထပ်ပြီး မရှင်သန်ချင်တော့ပါ။ ကျွန်မ ထိုအရာများအားလုံးကို သိမြင်ပြီးသည်နှင့် ဧည့်ခံမိသားစုမှ ညီအစ်ကိုမောင်နှမများကို ဆုတောင်းခြင်းနဲ့ ပတ်သက်သည့် သမ္မာတရားအကြောင်း ပြောပြခဲ့ပါသည်။ ၎င်းတို့သည် ဆုတောင်းခြင်း၏ အဓိပ္ပါယ်နှင့် အရေးကြီးမှုကို နားလည်လာ သည့်အခါတွင်၊ မိတ်သဟာယပြုလုပ်စဉ် ဆုတောင်းခြင်းကို လေ့ကျင့်ရန် ဆန္ဒရှိလာကြပြီးလျှင် ဤအချက်ကြောင့်ပင် ၎င်းတို့၏ အခြေအနေများသည် ပြောင်းလဲသွားခဲ့ပါသည်။

လက်တွေ့အခြေအနေကို ရင်ဆိုင်ရပြီးသည့်အခါတွင် စာတန်၏ လောကအမြင် အားဖြင့် ရှင်သန်နေထိုင်ခြင်းသည် ဘက်ပေါင်းစုံမှ ထိခိုက်စေကြောင်းကို ကျွန်မ မှတ်သားခဲ့ရပါသည်။ ယခုအချိန်မှနေစပြီး ကျွန်မသည် သမ္မာတရားကို လှိုက်လှိုက်လှဲလှဲ ကြိုးပမ်းအားထုတ်ရန်နှင့် ကျွန်မခံယူခဲ့သည့် စာတန်၏ လောကအမြင်များ၏ နည်းဟန်အားလုံးကိုသိမြင်ရန် နှင့် ဤလောက အမြင်များနှင့် အညီ ရှင်သန်ခြင်းကို ရပ်ရန် ကတိသစ္စာပြုပါသည်။ ကျွန်မသည် ဘုရားသခင်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ၏နှလုံးသားထဲမှာ အုပ်စိုးပြီး ထိန်းချုပ်ခွင့်ကိုပေးချင်ပါသည်။ ကျွန်မသည် အရာရာတိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ရှင်သန်နိုင်ရန် သမ္မာတရားကို ကျွန်မ နှလုံးသား၏ အရှင်သခင်ဖြစ်စေပါ။

ယခင်က:မနာလိုစိတ်— ဝိညာဉ်ရေးရာ နာတာရှည် ရောဂါ

နောက်တစ်ခုသို့:အဘယ်ကြောင့် ကျွန်မသည် ဖာရိရှဲတို့၏လမ်းကို လိုက်ခဲ့မိသနည်း

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ