အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၂၆ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ် မြင်ဖူးပြီ

၁ ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက် တရားစီရင်ခြင်းကို တွေ့ကြုံရင်း၊ ကျွန်ုပ် ရုတ်တရက် နိုးထခဲ့သည်။ ဘာသာရေးနှင့် ကျွန်ုပ် သက်ဆိုင်ခဲ့ချိန်က၊ သခင့်အပေါ် ကျွန်ုပ်၏ ယုံကြည်မှု များစွာက မဖြူစင်ခဲ့ပေ။ အရာရာကို ကျွန်ုပ် စွန့်လွှတ်ကာ သခင့်အတွက် နှစ်များစွာ အားသွန်ခွန်စိုက် လုပ်ခဲ့သော်လည်း၊ သခင့်ကို အမှန်တကယ် သိကျွမ်းမှု မရှိခဲ့သလို၊ အတွေးအမြင်များနှင့် စိတ်ကူးများဖြင့် ကျွန်ုပ် ပြည့်ခဲ့သည်။ ဘုရားသခင်က ကရုဏာစိတ်ရှိကာ မေတ္တာကရုဏာကြီးမားသည်၊ သခင့်အပေါ် ကျွန်ုပ်၏ ယုံကြည်ခြင်းမှ ကျေးဇူးတော်ကို ကျွန်ုပ် ရရှိရန် ထိုက်တန်သည်ဟု ကျွန်ုပ် ထင်ခဲ့သည်။ နှစ်များစွာ သခင့်အတွက် ဆင်းရဲဒုက္ခခံကာ အဖိုးအခတစ်ခုကို ပေးရင်း ပေါလု၏ စံနမူနာအတိုင်း ကျွန်ုပ် လိုက်လျှောက်ခဲ့သည်။ ကျွန်ုပ် ထောင်ချခံရပြီး အဆုံးစွန်သော နာကျင်မှုကို ခံစားရသည့်အခါ၊ ကျွန်ုပ် ယုဒ ဖြစ်မလာခဲ့ပါ။ အရာအားလုံးမှာ ဘုန်းကြီးသော သရဖူကို ရရှိဖို့ရန်နှင့် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန် ဖြစ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများနှင့် တရားစီရင်ခြင်းတို့အလယ်တွင်၊ ကျွန်ုပ် မိမိကိုယ်ကိုယ် မြေပေါ် ပျပ်ဝပ်မိခဲ့ပါသည်။

၂ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထုတ်ဖော်ပြသည်။ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရသော်လည်း ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝက နက်နက်ရှိုင်းရှိုင်း ချိုးကပ်နေသည်။ သခင့်အတွက် ကြိုးစားအလုပ်လုပ်စေကာမူ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မကြာခဏ ဖော်ထုတ်ခံရသည်။ ကျွန်ုပ်သည် မာနထောင်လွှားသူ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု ထင်သူဖြစ်ပေ၊ ကျွန်ုပ် လိမ်ညာသည်၊ ကျွန်ုပ် ဆန္ဒရှိသမျှမှာ မိမိကိုယ်ကိုယ် ထင်ရှားကျော်ကြားစေဖို့ပင်။ သာမည ကောင်းမှုများ ပြုခြင်းက ကောင်းချီးခံစားဖို့ တစ်ခုတည်းဖြစ်ပေ၊ သို့တိုင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်အတွက် အသုံးတော်ခံခြင်းနှင့် ဆင်းရဲဒုက္ခများကို ခံစားခြင်းတို့သည် ဘုရားသခင်နှင့် အပေးအယူတစ်ခု လုပ်ဖို့ဖြစ်ပေ။ ဘုရားသခင်ထံ ကျွန်ုပ်၏ ဆုတောင်းချက်များမှာ လှည့်ဖြားမှုမှလွဲပြီး မည်သည့်အရာမှ မဟုတ်ပေ၊ ကျွန်ုပ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိ။ အလွန် ညစ်ညမ်းကာ ဖောက်ပြန်ပျက်စီးသော ကျွန်ုပ် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် အဘယ်သို့ သင့်တော်နိုင်မည်နည်း။ ကျွန်ုပ်ကို မစွန့်လွှတ်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိ။ ဤသည်မှာ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အမှန်တကယ် ဖြစ်ပေ။

၃ တရားစီရင်ခြင်းကို တွေ့ကြုံပြီးနောက်၊ ဘုရားသခင်က သန့်ရှင်းပြီး ဖြောင့်မတ်သည်ကို ကျွန်ုပ်မြင်ရ။ လူတို့ သမ္မာတရားကို ပိုင်ဆိုင်ခြင်း ရှိ၊မရှိပေါ် အခြေခံ၍ သူတို့၏ အဆုံးသတ်များကို ဘုရားသခင် စိတ်ပိုင်းဖြတ်ပေ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူ၏ တရားစီရင်ခြင်းအလယ်တွင် အလုံးစုံ ပြသထားပေ။ ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်ုပ် မြည်းစမ်းပြီးလေပြီ။ ယင်းတွင် မေတ္တာကရုဏာသာရှိသည်မဟုတ်၊ တရားစီရင်ခြင်းလည်း ရှိပေ။ အတိတ်တွင်၊ ကျွန်ုပ် ပြောသမျှနှင့် လုပ်သမျှတို့သည် ဆိုးယုတ်သော စိတ်သဘောထားများ အပြည့်လေ။ နေ့တိုင်း ဘုရားသခင်ကို ကျွန်ုပ် ဆုတောင်းကာ ကျွန်ုပ်၏ အပြစ်များကို ဝန်ချသော်လည်း၊ ကျွန်ုပ် အမှန်တကယ် နောင်တမရခဲ့။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်စေခဲ့သည်မှာ ကိုယ်တော်၏ တရားစီရင်ခြင်းပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ အလွန် ချစ်ဖွယ်ကောင်းလှ။ ယင်းသည် လူ၏ ချီးမွမ်းခြင်းနှင့် ထိုက်လေ။ ကျွန်ုပ်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ကာ ဘုရားသခင်ကို ထာဝရ ကျွန်ုပ် ချစ်ကာ နာခံမည်။

ယခင်က:ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်

နောက်တစ်ခုသို့:ကိုယ်တော်၏ဆုံးမခြင်းနှင့်စီရင်ခြင်းမရှိလျှင် ကျွန်ုပ်မဖြစ်နိုင်ပါ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ