အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၀။ ဤသို့ အစေခံခြင်းမျိုးသည်အမှန်တကယ်စက်ဆုပ်ဖွယ် ဖြစ်သည်

ရှန်ဒေါင်းနယ်မြေမှ ဒင်းနင်းရေးသားသည်

လွန်ခဲ့သောရက်အနည်းငယ်ကကျွန်မအလုပ်ချိန်ကို အပြောင်းအလဲတစ်ခုလုပ်ဖို့ အသင်းတော် ခေါင်းဆောင် ကစီစဉ်ခဲ့ပါသည်။ ကျွန်မ အနည်းငယ် အကြံအိုက်သွားခဲ့သည်။ ကျွန်မအလုပ်ချိန်မှာဆိုလျှင် အလုပ်လည်းကြိုးစားခဲ့ပါသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ရုတ်တရက် တခြား တာဝန်သို့ ကျွန်မကိုပြောင်းလိုက်သနည်း။ သို့သော်လည်း ထို့နောက်တွင် “အသင်းတော်က ဒီအစီအစဉ်ကို လုပ်ခဲ့တာကို ကြည့်ရတာ၊ ငါလည်းဒီအတိုင်း အပ်နှံအစေခံသင့်ပါတယ်လေ” ဟု ကျွန်မတွေးခဲ့မိပါသည်။ ကျွန်မ၏တာဝန်ဟောင်းလွှဲ ပြောင်းပေးရန် အချိန်ရောက်လာခဲ့သောအခါ” ဒီလိုတာဝန်လွှဲပြောင်းပေးတာကို နောက်ဆုံးအခွင့်ကောင်းယူပြီး ညီအစ်ကို၊ မောင်နှမတွေကိုအစည်းအဝေးခေါ် ဖို့လိုတယ်။ သမ္မာတရားအကြောင်းကိုပြောဆိုဆွေးနွေးဖို့ မိတ်သဟာယဖွဲ့မယ်။ ပြီးတော့ နောက်ဆုံးမှာ သူတို့ ငါ့ကိုထင်မြင်ချက်ကောင်းကောင်း နဲ့ကျန်ခဲ့အောင်လုပ်မယ်။ ဟုကျွန်မတွေးခဲ့သည်။ ထို့ကြောင့် သင်းထောက်လူ ကြီးအချို့နှင့် တွေ့ဆုံကာ၊ ကျွန်မတို့ နှုတ်ဆက်ကြသည့်အချိန်တွင် ကျွန်မက “ကျွန်မကို အခြားတာဝန်တစ်ခုကို ပေးအပ်ခြင်းခံရပါတယ်။ အစ်ကိုတို့အစ်မတို့လည်း ခေါင်းဆောင်အသစ်နဲ့ တစ်စိတ်တည်း နှလုံးသားတစ်ခုတည်း ထားရှိပြီး သင့်တော်ကောင်းမွန်အောင် အသင်းတော်ရဲ့အလုပ်တွေကို ထမ်းဆောင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုခဲ့ပါသည်။ ကျွန်မ ထိုကဲ့သို့ ဆိုသည်ကို အစ်မများ ကြားသည်နှင့် တပြိုင်နက် ၎င်းတို့၏ မျက်နှာပေါ်မှ အပြုံးများသည်လည်း ချက်ခြင်းပင် ပျောက်ကွယ်သွားခဲ့ပါသည်။ တစ်ချို့ကကျွန်မလက်များကိုဆုပ်ကိုင်ကြ သည်။တစ်ချို့ကပွေ့ဖက်ကြ ပြီးနောက်တွင် ငိုယိုပြီးသူတို့က “အစ်မ ကျွန်မတို့ကို ထားခဲ့လို့မရဘူးလေ။ ကျွန်မတို့ကို စွန့်ပစ်ထားခဲ့လို့မရပါဘူး” ဟု ပြောကြလေသည်။ အထူးသဖြင့် ဧည့်ခံတွေ့ဆုံပေးသည့် မိသားစုမှ အစ်မသည် ကျွန်မကို လက်လွှတ်လိုခြင်း မရှိပါ။ သူမက ကျွန်မကိုသူက “ဒီမှာကျွန်မတို့နဲ့အတူနင်ရှိနေပေးတာအရမ်းကောင်းတယ်၊ နင်ကအခက်အခဲကိုသည်းခံနိုင် တဲ့ သူတစ်ယောက် ဖြစ်တယ်၊ သမ္မာတရားအကြောင်းကိုပြောဖို့မိတ်သဟာယဖွဲ့ တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်။ ကျွန်မတို့ အစ်မကို လိုအပ်တဲ့အချိန်တိုင်းလည်း၊ အစ်မကအမြဲတမ်း ကျွန်မတို့ကို ကူညီဖို့ စိတ်ရှည်ရှည်နဲ့ ရှိနေခဲ့တယ်။ အစ်မမရှိရင် ကျွန်မတို့ ဘာလုပ်ရမှာလဲ” ဟု ပြောလေသည်။ ကျွန်မနဲ့ခွဲခွါ ရန်ကိုသူတို့၏ စိတ်လိုလက်ရမရှိခြင်းကိုမြင် ရသည်မှာကျွန်မ၏နှလုံးသားသည်ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်းနှင့်ပြည့်နှက်နေပါသည်။ ထို့နောက်တွင် ကျွန်မသည် ဤစကားလုံးများဖြင့် ၎င်းတို့အား နှစ်သိမ့်ခဲ့ပါသည်။ “ဘုရားသခင်အပေါ်ပိုပြီးမှီခိုပါ။ကျွန်မတတ်နိုင်တဲ့အခါ ပြန်လာပြီး အစ်မတို့ကို လာလည်ပါ့မယ်။”

သို့သော်လည်း ထိုနောက်ပိုင်းတွင် ကျွန်မ၏ ညီအစ်ကို မောင်နှမများကို ခွဲခွာခဲ့ရသည့် ထိုနေ့ရက်အကြောင်း သတိရသည့်အချိန်တိုင်းတွင်၊ ကျွန်မနှလုံးသားသည် ဘဝင်မကျဖြစ်ရပါသည်။ ကျွန်မတွေးတောမိသည်မှာ “သူတို့ဒီလိုစိတ်ခံစားချက်ကို ထုတ်ဖော်ပြတာကာ ပုံမှန်ရောဟုတ်ပါ့မလား။ ကျွန်မထွက်သွားတာက အရမ်းဆိုးရွားတဲ့အရာတစ်ခုလိုပုံစံဖြစ်အောင် သူတို့က ဘာဖြစ်လို့ဒီလိုလုပ်ပြနေကြတာလဲ။ အသင်းတော်ကရော ငါ့ကိုဘာဖြစ်လို့ရာထူးပြောင်းစေချင်ရတာလဲ” ဟု ဖြစ်ပါသည်။ ထိုအရာကို ကျွန်မနားမလည်နိုင်သောကြောင့် ဤဝန်ကိုထမ်းနေ စဉ်အတောအတွင်းအဖြေကိုရှာဖို့ ဘုရားမျက်မှောက်တော်ရှေ့ကိုမကြာခဏလာခဲ့ပါသည်။ တစ်နေ့တွင် ကျွန်မသည် ဒေသနာတော်တစ်ခုကို ဖတ်ရှုနေပြီးလျှင်၊ ဤကျမ်းပိုဒ်ကို ဖတ်ရှုမိပါသည်။ “ဘုရားအစေခံသောသူတို့သည်အရာအားလုံး၌ဘုရားကို ဘုန်းတော်ထင်ရှားစေပြီးလျှင်၊ ဘုရားသခင်ကို သက်သေခံ သူများဖြစ်ရမည်။ သို့မှသာလျှင် အခြားသူများ ဘုရားသခင်ကို သိကျွမ်းစေရန် ဦးဆောင်ခြင်း၏ အကျိုးကို ရရှိမည် ဖြစ်ပါသည်။ ထို့အပြင် ဘုရားသခင်ကို ချီးမြှောက်ခြင်း နှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့ဖြင့်သာလျှင် ထိုသူများသည် အခြားသူများကို ဘုရားသခင်၏ မျက်မှောက်တော်သို့ ခေါ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ထို သည်မှာ ဘုရားအစေခံရန် အခြေခံမူဝါဒ တစ်ခုဖြစ်ပါသည်။ စွမ်းဆောင်ရမည့် ဘုရားသခင် အမှုတော်၏ အဆုံးသတ်အကျိုးမှာ လူများအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို သိရှိစေခြင်း နည်းလမ်းဖြင့်သာလျှင် ဘုရားသခင်ရှေ့တော်မှောက်သို့ ခေါ်ဆောင်ရန်ပင် ဖြစ်ပါသည်။ ခေါင်းဆောင်များအဖြစ် အစေခံသောသူများသည် ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်ကို သက်သေခံခြင်းလည်းမရှိသည့်အပြင်၊ မိမိကိုယ်ကိုသာ ထင်ရှားစေရန် အဆက်မပြတ် ဆောင်ရွက်နေခြင်း ဖြစ်ပါက၊ ၎င်းတို့သည် မိမိကိုယ်ကို ဘုရားသခင်နှင့် အတိုက်အခံအဖြစ် ထားရှိကာ ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် ဘုရားသခင်၏ နေရာတွင် ထိုင်ကာ၊ ၎င်းတို့ကို လူများက ဘုရားသခင်အဖြစ် ဆက်ဆံစေသည်။ ၎င်းတို့၏ အမှုတော်သည် လူများကို ရရှိရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည့်အမှုတော် ဖြစ်လာပါသည်။ ထိုနည်းလမ်းသည် ဘုရားသခင်ကို စာတန်က ခုခံသည့် နည်းလမ်းမဟုတ်ပါသလား။ ယခုအခါတွင် ခေါင်းဆောင်အများစုသည် ၎င်းတို့ တစ်ယောက်ချင်းစီ၏ လက်အောက်တွင် နောက်လိုက်အဖွဲ့များ ရှိကြပါသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့ ဆန္ဒရှိသည့်အတိုင်း လူများကို ရာထူးတိုးပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းများကို ပြုလုပ်လျက်ရှိပါသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ၏ နှလုံးသားကို သိကျွမ်းသည့်လူ တစ်ယောက်မျှ မရရှိသေးပါ။ လူများသည် ၎င်းတို့၏ အလုပ်များအားလုံးကို မည်သူ့အတွက် လုပ်ကိုင်နေကြသနည်း။ ထိုလူများသည် ဘုရားသခင်နှင့် တစ်စိတ်တည်းဖြစ်စေရန် အခြားလူမည်မျှကို လေ့ကျင့်ပေးခဲ့သနည်း။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပြီး ချစ်ခင်ဖို့အတွက် လူဉီးရေ မည်မျှကို ဦးဆောင်ခဲ့ပြီး ဖြစ်ပါသနည်း။ ထို့ကြောင့် လူများ၏ အစေခံခြင်းသည် ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်အတွက် သက်သေခံခြင်းလည်း မရှိပါက၊ ၎င်းတို့သည် မိမိကိုယ်ကို ကြွားဝါဂုဏ်တင်နေကြခြင်းသာ ဖြစ်ပါသည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံနေသည်ဟု ထင်မြင်ရသော်လည်း၊ အမှန်မှာမူ ၎င်းတို့၏ ရာထူးနေရာအတွက် အလုပ်လုပ်နေခြင်းသာ ဖြစ်ပြီးလျှင်၊ ၎င်းတို့ဇာတိပကတိ၏ သာယာမှုအတွက် အလုပ်လုပ်နေခြင်းသာ ဖြစ်ပါသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချီးမြှောက်ရန် အလုပ်လုပ်နေခြင်း မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို သက်သေခံရန်လည်း မဟုတ်ပါ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို အစေခံခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင့် အသင်းတော်၏ အလုပ်အစီအစဉ်များအတွက် နှစ်အလိုက်မှတ်တမ်းဆိုင်ရာ ရွေးချယ်မှုများ၌ ပါရှိသော (ဘုရားသခင်ကို အစေခံရာတွင် နားလည်သဘောပေါက်ရမည့် အခြေခံမူဝါဒများမှ) ထိုအခြေခံမူဝါဒကို ချိုးဖောက်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ဖီဆန်ခြင်းဖြစ်ကြောင်းကို သက်သေပြနေပါသည်။ ကျွန်မပို၍ဖတ်ရှုလေ၊ ကျွန်မနှလုံးသားသည် စိတ်သောကပိုရောက်လေဖြစ်ပြီးလျှင်၊ စိုးရိမ်ကြောက်လန့်မှုပိုဖြစ်လေဖြစ်လာခဲ့သည်။ ကျွန်မကိုယ်ကျွန်မထပ်ခါ အပြစ်တင်မိခဲ့သည်။ ညီအစ်ကိုမောင်နှမများနှင့် ရှိခဲ့သည့်အချိန် အခိုက်အတန့်အတွင်း အဖြစ်အပျက်များစွာကို အလိုအလျောက် ပြန်လည်ဆန်းစစ်နေမိပါသည်။ “ရှင်တို့အားလုံး ဘယ်လောက်ကံကောင်းကြလဲ ဆိုတာကို ကြည့်စမ်းပါ။ ရှင်တို့မိသားစုအားလုံးက ယုံကြည်သူတွေဖြစ်ကြတယ်။ ငါ့အိမ်မှာရှိတဲ့အချိန်ဆိုရင်၊ ငါ့ယောက်ျားက ငါ့ကိုတစ်နေ့လုံးဖိနှိပ်ထားတာ။ သူက ငါ့ကို မရိုက်နှက်နေဘူးဆိုရင်၊ ငါ့ကိုကျိန်ဆဲနေတော့တာပဲ” ဟုအိမ်ရှင် အစ်မကို မကြာခဏပြောခဲ့ ပါသည်။ နောက်ဆုံးရလာဒ်အနေဖြင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများက ကျွန်မ၏ ဝိညာဉ်အသက်တာ ကြီးမားလှသည်ဟု ထင်မြင်ကြသည်။ ကျွန်မသည် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုနှင့် ပတ်သက်ပြီးလည်းကောင်း၊ ကျွန်မ၏ တာဝန်အတွက် လည်းကောင်း အလွန် ဆင်းရဲဒုက္ခခံခဲ့သည်ဟု တွေးတောကြသည်။ ကျွန်မ၏ညီအစ်ကို မောင်နှမများ ဆင်းရဲဒုက္ခကြုံတွေ့ရချိန်တွင်၊ ကျွန်မသည် ၎င်းတို့နှင့် အတူ မိတ်သဟာယပြုပြီး ဘုရားသခင်၏ အလိုတော်ကို ဆွေးနွေးပြောပြခြင်း မရှိခဲ့ပါ။ ကျွန်မသည် ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့ကို သက်သေမခံခဲ့ပါ။ ထိုသို့သက်သေခံမည့်အစား ကျွန်မသည် ၎င်းတို့၏ ဇာတိပကတိအကြောင်းကိုသာ ဆင်ခြင်တွေးတောကြောင်း မကြာခဏပြသခဲ့ပြီးလျှင်၊ ကျွန်မသည် အလွန်ကြင်နာပြီး၊ ထောက်ထားညှာတာတတ်သည်ဟု ထင်လာအောင် ပြခဲ့ပါသည်။ ညီအစ်မသို့မဟုတ်ညီအစ်ကို တစ်ယောက်ကသမ္မာတရားကိုဆန့်ကျင်သောအရာ ပြု လုပ် သည်ကိုတွေ့ မြင်တိုင်း လမ်းညွန်မှု သို့မဟုတ် ကူညီမှုမပေးခဲ့ပါ။ ထိုသို့ အကူအညီပေးမည့်အစား သူတို့နှင့်ဆက်ဆံရေးကာကွယ်ဖို့နှင့် သူတို့၏နှလုံးသားထဲ တွင်ကျွန်မအတွက်နေရာတစ်ခုထိန်းသိမ်းနိုင်ဖို့ ကိုသာအမြဲအာရုံစိုက်ခဲ့ ပါသည်။ ကျွန်မ လုပ်ဆောင်သမျှတို့သည် ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်ကို ကျေနပ်စေရန်တို့အတွက် မဟုတ်သည့်အပြင်၊ ကျွန်မသည် နာမည်ဂုဏ်သတင်း နှင့် ရာထူးရရှိရန် တို့အတွက်သာ လိုက်စားနေကြောင်း ပိုမိုရှင်းလင်းလာခဲ့ပါသည်။ ကျွန်မတာဝန်၌ ကျွန်မ၏ ညီအစ်ကို မောင်နှမတွေကို ဘုရားရှေ့မခေါ်ဆောင်ခဲ့ သည့်အပြင်၊သူတို့ဘုရားကိုသိကျွမ်း လာ ရန် အတွက်လည်း ကျွန်မမလုပ်ဆောင်ခဲ့ ပါ။ ဆန့်ကျင်ဖက်အနေဖြင့် သူတို့ကိုမိမိရှေ့မှာသာခေါ်ဆောင်ခဲ့ပြီး လျှင်၊ကျွန်မကို ကြည့်စေပြီး ကျွန်မ အခြေအနေကို စာနာစေခဲ့သည်။ ထို့ထက်ပို၍ လေးနက်သည့်အရာမှာ ကျွန်မကိုထွက်မသွားစေချင် ကြောင်း သူတို့ ပြောသည်ကို ကျွန်မကိုကြားသည့်အခါ မိမိကိုမဆန်းစစ် ရုံသာမက၊ ထိုသို့ပြောသည်ကို သာယာနေခဲ့မိပါသည်။ ကျွန်မနားလည်သဘောပေါက်ခဲ့သည်မှာ ကျွန်မအလုပ်တာဝန်မှာဘုရား သခင်ကို ချီးမြှောက်ခြင်း မရှိ သို့မဟုတ် ဘုရားသခင်ကို သက်သေခံခြင်း မရှိခဲ့ကြောင်း ဖြစ်ပါသည်။ ထိုသို့ဘုရားသခင်ကို ချီးမြှောက်ခြင်း နှင့် သက်သေခံခြင်းတို့ပြုမည့်အစား မိမိကိုယ်ကိုသာ ချီးမြှောက်ပြီး၊ မိမိကိုယ်ကိုသာ သက်သေခံခြင်းအတွက် အစေခံခဲ့ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခဲ့ ပါသည်။ ကျွန်မသည် အောက်ပါအတိုင်း ဖော်ပြထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေးတောမိခဲ့ပါသည်။ “ယခု ငါသည် သင်တို့အထဲတွင် အလုပ်လုပ်လျက် ရှိသော်လည်း သင်တို့သည် ပြောင်းလဲခြင်း မရှိပေ။ တစ်နေ့တစ်ချိန်တွင် သင်တို့အား ဂရုတစိုက် စောင့်ကြည့်သူ မရှိခဲ့လျှင် သင်တို့အားလုံး တောင်ကုန်းပေါ်မှ ဘုရင်များက ဖြစ်လာကြမည်သာ မဟုတ်လော။ ထိုအခါတွင် သင်တို့ ဖန်တီးခဲ့သော ကပ်ကြီး၏ အရှုပ်ထုပ်ကြီးကို မည်သူတို့ ရှင်းကြမည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ— သစ္စာဖောက်ခြင်း (၁)”) ဘုရားသခင်၏ နှုတ်ကပတ်တော်က် ဘုရားသခင်ကို အစေခနေသော်လည်း အမှန်တကယ်တွင် မိမိကိုယ်သာ သက်သေခံနေပြီး၊ ချီးမြှောက်နေခြင်း၏ လေးနက်သော အကျိုးဆက်များအကြောင်းအားကျွန်မကို တစ်ကြိမ်ထပ်မံ တွေ့မြင်ခွင့်ပြုခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ ဇာတိပကတိသည် ကောင်းကင်တမန်မင်းနှင့် တူညီနေပြီး၊ မင်းမဲ့စရိုက်ကိုပြုကျင့်သည့် ဓါးပြတစဦးကဲ့သို့ ဖြစ်ရန် ဦးတည်နေကြောင်း၊ ကျွန်မကိုယ်ပိုင် လွတ်လပ်သော နိုင်ငံတော်ကို တည်ထောင်ကာ၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း ပြစ်မှားစော်ကားနေကြောင်း၊ ပြီးနောက် အဆုံးသတ်တွင် ဘုရားသခင်၏ ရွံမုန်းခြင်းကို ခံရပြီး၊ ပစ်ပယ်မှုကိုပါ ခံရမည့်အကြောင်း သိမြင်လာစေရန် ကူညီပေးခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများအား ဘုရားကို သိရှိဖို့ရန် ဘုရားရှေ့မှောက်တော် သို့ဦးဆောင်ပြီး ခေါ်ဆောင်လာရ မည့်လုပ်ငန်းတာဝန်ကိုဘုရားက ကျွန်မကိုပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်ထိုတာဝန်ကို ထမ်းဆောင်မည့်အစား ဘုရား သခင်ကိုချီးမြှောက်ခြင်းလည်းမရှိ၊ ဘုရား ဘုရားသခင်ကို သက်သေခံခြင်းလည်း မရှိသည့်အပြင်၊ ကိုယ့်တာဝန်ကိုလည်း မထမ်းဆောင်ပဲနှင့် ဘုရားသခင်ကို ကျွန်မ အစေခံခဲ့မိသည်။ ထိုအရာများကို လုပ်ဆောင်မည့်အစား ကျွန်မ၏ နေ့ရက်အချိန်များကို မိမိကိုယ်ကို ကြွားဝါခြင်းနှင့် သက်သေခံခြင်း တို့ဖြင့်သာ ကုန်ဆုံးစေခဲ့ပြီး၊ ကျွန်မ၏ အစ်ကိုအစ်မများကိုလည်း ကျွန်မရှေ့မှောက်တွင် ခစားနေရန် ဉီးဆောင်ခဲ့မိသည်။ ထိုသို့သော အစေခံ ခြင်းမျိုးသည် စက်ဆုပ်ဖွယ်မကောင်းပါလား။ ဤသည်မှာ အန္တိခရစ်တစ်ဉီး၏ အစေခံခြင်းမျိုး သက်သက် မဟုတ်ပါသလား။ ဘုရားသခင်၏ သည်းခံခြင်းနှင့် ကရုဏာကြောင် မဟုတ်ခဲ့လျှင်ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့်ဒါဏ်ခတ်ခြင်းတို့ကို ခံခဲ့ရသည်မှာ ကြာပြီဖြစ်ပါသည်။ ယခုထိုအကြောင်းက ပြန်စဉ်းစားသည့်အခါတွင် အသင်းတော်က ကျွန်မကို တာဝန်အသစ်ပေးအပ် ခြင်းသည် အမှန်ပင်ဘုရားသခင်၏ကာကွယ်ပေး ခြင်းနှင့်အချိန်မီ ကယ်တင်လိုက်ခြင်းပင် ဖြစ်ပါသည်။သို့မဟုတ် ပါကထိုနည်းလမ်းအားဖြင့် ဆက်ပြီး အစေခံခဲ့လျှင် ကျွန်မသည်ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားခဲ့ ပြီ ဖြစ်၍၊အပြစ်ဒဏ်လည်းခံခဲ့ရ ပြီးဖြစ်ပါသည်။

ထိုအချိန်က ကြောက်ရွံ့စိတ်၊ ရှက်ကြောက်မှုနှင့် ကြီးမားသောအကြွေးတို့၏ အာရုံသည် ကျွန်မနှလုံးသားတွင် ပြည့်လျှံခဲ့ကာ မိမိကိုမိမိ မြေကြီးပေါ်တွင် မှောက်လှဲလျှက် ခါးသီးစွာငိုကြွေးပြီး ဘုရားသခင်ထံအသနားခံလေ သည်။ “အိုဘုရားသခင်၊ ကိုယ်တော်၏ဖွင်ပြခြင်းနှင့် ဉာဏ်အလင်းရစေခြင်းကြောင့်သာ မဟုတ်ခဲ့လျှင်၊ ကျွန်မ ဘယ်လောက့်နက်နက်ရှိုင်းရှိုင်း ထိုးကျသွားမယ်ဆိုတာကို ကျွန်မမသိတော့ပါဘူး။ ကိုယ်တော်၏ကယ်တင်ခြင်းပေးမှု၊ ကျွန်မ ဝိညာဉ်၏ အကျည်းတန်ခြင်းနှင့် မိုက်တွင်းနက်မှုတို့ကိုလည်းကောင်း၊ ကိုယ်တော့်ကို ကျွန်မ၏ အစေခံခြင်းသည် စစ်မှန်သည့် ဖီဆန်မှုတစ်ခုဖြစ်ကြောင်းတို့ကို တွေ့မြင်စေခဲ့သည့်အတွက် ကိုယ်တော်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ကျွန်မ၏လုပ်ရပ်များကြောင့် အကျွန်မသည် ကိုယ်တော်၏ကျိန်ဆဲမှုမှလွဲ၍ အခြားသောအရာများနှင့် မထိုက်တန်တော့ပါ။ သို့သော်လည်း ကိုယ်တော်သည် ကျွန်မအပေါ် ကရုဏာထားရှိကာ၊ ဉာဏ်အလင်းရစေခြင်း၊ လမ်းညွှန်တော်မူခြင်း၊ ဝန်ချတောင်းပန်ခွင့်နှင့် အသစ်မှ ပြန်လည်စတင်ခွင့်တို့ကိုလည်း ပေးတော်မူခဲ့ပါသည်။ ကျွန်မအမှန်တကယ် ပြန်ဆပ်နိုင်သည်ထက်ပိုပြီး ကိုယ်တော်ကို အကြွေးတင်ပါ၏။ အို ဘုရားသခင် ကျွန်မတစ်ဘဝလုံးစာအတွက် ဒီအတွေ့အကြုံကိုသတိပေး ချက် တစ်ခုအနေဖြင့်သယ်ဆောင်ရန် ကျွန်မဆန္ဒရှိပါ၏။ ကိုယ်တော်၏ရိုက်နှက်ဆုံးမခြင်းနှင့် တရားစီ ရင်ခြင်းတို့သည်သာလျှင် ကျွန်မနဲ့အတူအမြဲရှို ရန်ဆန္ဒရှိပါ၏။ ပြီးနောက်တွင် ထိုသို့ရိုက်နှက်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်မထံတွင် စာတန်၏ ဇာတိဟောင်းကို အမြန်ဆုံး ဖယ်ရှားပေး ရန်ကူညီမစပါစေ။ ထို့အပြင် ကျွန်မတင်ရှိနေသည့် ကြီးမားသည့် အကြွေးကို စတင်ပြန်လည်ပေးဆပ်နိုင်ရန် ဘုရားသခင်၏ စစ်မှန်စွာရိုသေကိုင်းရှိုင်းသည့် အစေခံတစ်ယောက် ဖြစ်လာရန်အတွက်လည်း ကူညီမစတော်မူပါ။”

အောက်ခြေမှတ်စု(များ)-

က။ တရုတ်စကားပုံ- တိုက်ရိုက်အဓိပ္ပါယ်မှာ “တောင်များကို သိမ်းပိုက်ပြီး သူတို့ကိုယ်ကို ဘုရင်များဟု ကြေငြာသော ဓားပြများ”

ယခင်က:အသင်းတော်၌ ထူးခြားသည့် ပြုမှုဆက်ဆံခြင်းဟူ၍မရှိချေ

နောက်တစ်ခုသို့:ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းအတွက် အာဏာကို အလွဲသုံးစားလုပ်ခြင်း၏ အနှစ်သာရ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ