အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၆။ တစ်ခြားလူများကို ဆုံးမသွန်သင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ

ရှောင်ယန်၊ ဟီနန်စီရင်စု

အသင်းတော်က စီစဉ်ပေးခဲ့သည့်အတွက် ကျွန်မသည် အထွေထွေအရေးကိစ္စများတွင် အစ်မကြီးတစ်ယောက်နှင့် နီးကပ်စွာ အလုပ်လုပ်ရပါသည်။ သူနှင့်အတူ အချိန်အနည်းငယ်လောက် အလုပ်လုပ်ပြီးနောက်မှာ သူက အလုပ်မှာ ဂရုတစိုက်မလုပ်ဘဲ သမ္မာ တရားလက်မခံခဲ့သည်ကို ကျွန်မ သိလိုက်ရသည်။ ထိုသို့ဖြင့်၊ သူနှင့်ပတ်သက်ပြီး ကျွန်မ အမြင်တစ်ခုဖြစ်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ကျွန်မတို့ကြား ပုံမှန်ဆက်ဆံရေးက ပျောက်ဆုံးသွားခဲ့သည်။ ကျွန်မတို့အချင်းချင်းအဆင်မပြေနိုင်ဖြစ်ပြီး အလုပ်မှာ အတူတွဲလုပ်ဖို့ မရဖြစ်လာခဲ့သည်။ ကျွန်မတို့၏ဆက်ဆံရေး ဤအခြေအနေထိ ဖြစ်လာရသည်မှာ များသောအားဖြင့် သူ့အမှား ဖြစ်သည်ဟု ကျွန်မ ခံစားရသည်။ ထို့ကြောင့် သူ့ကိုယ်သူသိဖို့ သူနှင့်အတူ ဆွေးနွေးပေးဖို့ရန် ကျွန်မ နည်းလမ်းမျိုးစုံ ရှာခဲ့ပါသည်။ သို့သော် သူနှင့် ဆွေးနွေးဖို့ ကျွန်မ၏ ကြိုးစားမှုအားလုံးက အလဟဿဖြစ်ခြင်း သို့မဟုတ် ဆန့်ကျင်ဖက်ဖြစ်လာခြင်းများနှင့် အဆုံးသတ်ခဲ့သည်။ အဆုံးမှာတော့ ကျွန်မတို့၏ပြဿနာကို မရှင်းနိုင်ဘဲ ကျွန်မတို့ လမ်းခွဲခဲ့ရသည်။ ဤအချက်က သူသည် သမ္မာတရားကိုလက်ခံသောသူ မဟုတ်မှန်း ကျွန်မအတွက် ပိုပြီးသေချာသွားစေခဲ့သည်။ ဤကိစ္စပြီးနောက် အသင်းတော်က ကျွန်မကို တစ်ခြားဧည့်ခံမိသားစုနှင့်အတူနေထိုင်ဖို့ စီစဉ်ခဲ့သည်။ မကြာခင်မှာပင် ဧည့်ခံမိသားစု၏ ညီအစ်ကို မောင်နှမများမှာလည်း ပြဿနာအများကြီးရှိနေသည်ကို ကျွန်မ တွေ့ရသည်။ ဤတွင်ကျွန်မသည် သူတို့နှင့်ဆွေးနွေးဖို့ နောက်တစ်ခါ “အားထုတ်ကြိုးပမ်း” ရပြန်သည်။ သို့သော်ကျွန်မ၏ကြိုးစားမှုအားလုံးက အကျိုးသက်ရောက်မှုမရှိခဲ့ပဲ သူတို့ ကျွန်မကို မလိုမုန်းထားမှုများ ရှိလာခဲသည်။ ဤအခြေအနေများကို ရင်ဆိုင်ရသောအခါကျွန်မ ဒုက္ခရောက်ပြီး ပဟေဠိဖြစ်ခဲ့ရသည်။ ကျွန်မတွေ့သောလူများက အဘယ်ကြောင့် သမ္မာတရားကို လက်မခံကြသနည်း။ တစ်နေ့မှာတော့ ကျွန်မ အလုပ်မှာ အခက်အခဲကြုံရသောအခါမှာ ဒီပြဿနာ၏အရင်းအမြစ်ကို တွေ့ခဲ့ရပါသည်။

တစ်နေ့တွင်ခေါင်းဆောင်က သူ့ဆီကို လုပ်ငန်းအစီအစဉ်တွေကို ပို့ပေးဖို့ ကျွန်မကို စီစဉ်သည်။ ကျွန်မက အလုပ်အစီအစဉ်တွေကို သူ့ဆီကိုပို့ပေးဖို့ ဧည့်ခံမိသားစုအိမ်ကအစ်မကြီးကို အပ်ခဲ့သည်။ တစ်ပတ်ကြာပြီးနောက် အထုပ်က ကျွန်မဆီကို ခြေရာလက်ရာမပျက်ပြန်ရောက်လာမည်ကို မည်သူသိခဲ့လိမ့်မည်နည်း။ ဒီအခြေအနေနှင့် ရင်ဆိုင်ရသောအခါမှာ ကျွန်မ အံ့အားသင့်ခဲ့ရကာ ခေါင်းဆောင်ဆီကို အထုပ်မရောက်အောင်ဖြစ်စေခဲ့သည့် ဤကိစ္စကို ဂရုမစိုက်ပဲ မှားယွင်းစွာကိုင်တွယ်ခဲ့သည့်အတွက် အစ်မကြီးကို အပြစ်တွေပုံချခဲ့သည်။ ဤကိစ္စပြီးနောက် ရက်အနည်းငယ်အတွင်း ခေါင်းဆောင်ထံမှ အဆက်အသွယ်မရရှိခဲ့ပါ။ ကျွန်မစပြီး စိတ်မသက်မသာ ခံစားလာရသည်။ ပုံမှန်အားဖြင့် ပစ္စည်းတစ်ခုခု မရောက်ရင် သို့မဟုတ် နောက်ကျပြီးမှ ပို့ရင် ခေါင်းဆောင်က အခြေအနေနှင့် ပတ်သက်ပြီး စုံစမ်းဖို့ ခေါ်ဆိုလေ့ရှိသည်။ အခုတစ်ခါမှာ သူ အဘယ်ကြောင့် ကျွန်မကို မဆက်သွယ်သနည်း။ သူက ကျွန်မတာဝန်များ လုပ်ဆောင်နေတာကို ရပ်ဖို့ ကြိုးစားနေတာလား။ ကျွန်မ ပိုပိုပြီး ကြောက်ရွံ့လာသည်။ ကျွန်မ၏ အတွေးများတွင် စိုးရိမ်မှုနှင့် နောင်တတို့ ပြည့်နေသည်။ ကျွန်မ မနေနိုင်တော့ဘဲ ဘုရားသခင်ရှေ့ကို လာရ၏။ "ဘုရားသခင် ကျွန်မ သိပ်နေလို့မကောင်းဖြစ်ပြီး ကျွန်မနှလုံးသားမှာ ကွဲလွဲမှုတွေဖြစ်နေပါတယ်။ လုပ်ငန်းအစီအစဉ်က ကျွန်မဆီကို ခြေရာလက်ရာမပျက် ပြန်ရောက်လာတယ်။ ဘာဖြစ်နေသလဲဆိုတာကို ကျွန်မ မသိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်တော်ရဲ့ အလိုတော်ကိုလည်း ကျွန်မသေချာမသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ဦးဆောင်လမ်းပြပြီး အလင်းဖွင့်ပြပါ။ ကိုယ်တော်ရဲ့အလိုတော်ကို နားလည်ဖို့ ကျွန်မကို ကူညီမစတော်မူပါ" ဆုတောင်းပြီးနောက်မှာပဲ ဘုရားသခင်၏ စကားစုတစ်ခုက ကျွန်မခေါင်းထဲမှာ ခဏခဏပေါ်လာနေသည်။ “တစ်စုံတစ်ရာကို သင်လုပ်ဆောင်သည့်အခါ အလွဲလွဲအချော်ချော် ဖြစ်ခြင်း သို့မဟုတ် ဆက်မလုပ်နိုင်အောင် ရပ်တန့်သွားခြင်း ဖြစ်နေမည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) ကျွန်မ ချက်ချင်း သိမြင်လာခဲ့သည်။ အလုပ်မှာ ကျွန်မ ကြုံတွေ့ရသော ပြဿနာများ၊ အစ်မကြီးနှင့် ဆက်ဆံရေးမကောင်းတာတွေ၊ ဧည့်ခံမိသားစုမှ ညီအစ်ကို မောင်နှမများ၏ အမြင်များ၊ ဤအရာများသည်ကျွန်မ၏အခြေအနေမှတဆင့် ကျွန်မကို ဘုရားသခင်က ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများမဟုတ်ပါလား။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ်ခေါ်လိုက်ပါသည်။ “ဘုရားသခင် ကိုယ်တော်ဟာ ကျွန်မကို ချစ်တဲ့အတွက်ကြောင့် ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို ဖန်တီးရာမှာ ကျွန်မရဲ့ ဘယ်ကဏ္ဍကို အရေးစိုက်သလဲဆိုတာကို ကျွန်မ နားမလည်ပါဘူး။ ကျွန်မကို ဦးဆောင်ပြီး အလင်းဖွင့်ပြပေးဖို့ ကိုယ်တော်ကို ဆုတောင်းပါတယ်။”

နောက်ပိုင်းတွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသောအချိန်၌ ဤစာပိုဒ်နှစ်ခုကို ကျွန်မတွေ့ရသည်။ “သင်၏အထဲတွင်ရှိသော အခက်အခဲများအားလုံးကို သင်သည် ဘုရားသခင်အပေါ် မှီခိုအားထားခြင်းဖြင့် ဦးစွာ ဖြေရှင်းရမည်။ သင်တို့၏ ယိုယွင်းသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်တို့၏ ကိုယ်ပိုင် အခြေအနေများကို အမှန်တကယ် နားလည်နိုင်စွမ်း ရှိကာ၊ အကြောင်းကိစ္စတို့အား မည်သို့လုပ်ဆောင်သင့်သည်ကို သိလော့၊ နားမလည်သော အရာမှန်သမျှကို ဆက်၍ မိတ်သဟာယ ပြုလော့။ သင့်ကိုသင် မသိခြင်းမှာ သင့်အတွက် လက်ခံနိုင်ဖွယ်ရာမရှိပေ။ သင်၏အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ထို့ပြင် ငါ၏နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်လျက်၊ ငါ၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ခြင်းဖြင့်၊ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ဘဝကို ရှင်သန်ကာ ပြုမူနေထိုင်လော့။ သင်သည် အိမ်တွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် အခြားနေရာတွင် ရှိနေသည် ဖြစ်စေ၊ သင်၏အထဲတွင် ဘုရားသခင်အား တန်ခိုးတော်ကို စွဲကိုင်ခွင့် ပြုသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “အကြောင်းကိစ္စများကို သင် ကြုံတွေ့သည့်အခါ၊ သင်သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ရန်၊ ၎င်းတို့ကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ စိတ်လျှော့ရန်နှင့် ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးပြုရန် လိုအပ်သည်။ သမ္မာတရား အနည်းငယ်အပေါ် သင်၏ ယေဘုယျအားဖြင့် နားလည်ခြင်းမှာ မည်သို့အသုံးဝင်သနည်း။ ၎င်းတို့မှာ သင်၏ ဝမ်းကို ပြည့်စေရန်အတွက်သာ ရှိနေခြင်း မဟုတ်သည့်အပြင် ပြောဆိုရုံထက်မပိုသော အကြောင်းရင်းအတွက် ရှိနေခြင်း မဟုတ်သည်သာမက အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်အတွက် ရှိနေခြင်း မဟုတ်ပေ၊ ၎င်းတို့မှာ သင်၏ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပြီး သင်၏ ပြဿနာကို သင် ဖြေရှင်းပြီးမှသာ အခြားသူများ၏ ပြဿနာများကို သင် ဖြေရှင်းနိုင်မည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ”) ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ လျှပ်စီး၏အလင်းတစ်ခုကဲ့သို့ ဖြစ်သည်။မှန်ပါသည်။ အမှုအရာများ ဖြစ်ပေါ်သည့်အခါ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အရင်သိသင့်ပြီး ကျွန်မတို့အတွင်း၌ရှိသော ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုသင့်ပါသည်။ ကျွန်မတို့၏ အခြေအနေများကိုပြုပြင်ပြောင်းလဲစေခြင်းအားဖြင့် ကျွန်မတို့၏ပြဿနာများကို ဖြေရှင်းကာ ထိုသို့အားဖြင့် တစ်ခြားလူများ၏ပြဿနာများကို ဖြေရှင်းဖို့ ဖြစ်လာနိုင်ပေမည်။ သို့သော် အမှုအရာများ ဖြစ်ပေါ်သည့်အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝမဆန်းစစ်ဘဲ သူများတွေအပေါ်ပဲ အမြင်ရောက်နေခဲ့သည်။ ဖြစ်နိုင်သောအခါတိုင်း သူတို့၏အမှားများကို ရှာသည်။ လက်တွဲလုပ်ကိုင်ခြင်းက မချောမွေ့မှုမရှိလျှင် တစ်ခြားတစ်ယောက်ကြောင့်ဆိုပြီး ကျွန်မမှတ်ယူလိုက်ကာ သူတို့နှင့် ဆွေးနွေးဖို့ နည်းလမ်းတွေ ရှာဖွေပြီး သူတို့ သင်ခန်းစာရရှိဖို့နှင့် သူတို့ကိုယ်သူတို့သိဖို့ ပြုလုပ်ပါသည်။ ဧည့်ခံမိသားစု ညီအစ်ကို မောင်နှမများက ကျွန်မ၏ ဆွေးနွေးမှုကို နားထောင်ဖို့ ဆန္ဒမရှိသောအခါ ကျွန်မက သူတို့ သမ္မာတရားနောက်ကိုလိုက်ခြင်းမရှိသည့်အတွက်ကြောင့်၊ သမ္မာတရားကို လက်မခံနိုင်သည့်အတွက်ကြောင့်ဟု ယုံကြည်သည်။ လုပ်ငန်းအစီအစဉ်က ခြေရာလက်ရာမပျက်ကျွန်မဆီကို ပြန်ပို့ခံရသောအခါ ကျွန်မက အပြစ်နှင့် တာဝန်ဝတ္တရားကို သူများတွေအပေါ်ကို ပုံချခဲ့သည်။ ဤအရာအားလုံးဖြစ်သောအခါ ကျွန်မက မည်သည့်ဖောက်ပြန်ပျက်ဆီးမှုကို ထုတ်ဖော်ပြသသည်ကို စစ်ဆေးဖို့၊ မည်သည့် သမ္မာတရားထဲ ဝင်ရောက်သင့်သည်ကို မဆန်းစစ်နိုင်ခဲ့ပါ။ ကျွန်မမှာ ဖောက်ပြန်ပျက်ဆီးခြင်းမရှိပဲ အားလုံးကို မှန်မှန်ကန်ကန် လုပ်နေသကဲ့သို့ ဖြစ်သည်။ ယင်းအစား၊ အခြားသူများကို ကျွန်မ၏ကိုယ်ပိုင်စံသတ်မှတ်ချက်နှင့် အညီ ကျွန်မ တောင်းဆိုပြီး တစ်ယောက်ယောက်က ကျွန်မ၏စံသတ်မှတ်ချက်နှင့်မညီလျှင် သို့မဟုတ် ကျွန်မ၏ ဆွေးနွေးမှုကို လက်ခံရန် ငြင်းပယ်လျှင် ထိုသူသည်သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကိုလက်ခံခြင်းမရှိဟု ကျွန်မ ကောက်ချက်ချလိုက်သည်။ ကျွန်မ တကယ်ကို အလွန် မာနထောင်လွှားကာ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းမရှိခဲ့ပါ။ ကျွန်မ ထုတ်ဖော်ပြခဲ့သော ဖောက်ပြန်ပျက်ဆီးခြင်းနှင့် ပတ်သက်ပြီး သိမြင်ခြင်းမရှိသလို ကျွန်မကိုယ်တိုင်၏ပြဿနာများကို ဖြေရှင်းဖို့အတွက်လည်း သမ္မာတရားကို အားထုတ်ရှာဖွေခြင်းမရှိခဲ့ပဲ သူတပါး၏ အမှားများကို ရှာနေခဲ့သည်။ ကျွန်မက အခြားသူများနှင့် မည်သို့လိုက်လျောညီထွေစွာ လက်တွဲပြီး အဆင်ပြေနိုင်မည်နည်း။ ထို့နောက် ကျွန်မ သိမြင်လာခဲ့သည်မှာ- မည်သူနှင့်မျှ ကျွန်မ အဆင်မပြေရခြင်းအကြောင်းရင်းမှာ သူတို့က သမ္မာတရားကို မရှာဖွေသောကြောင့် သို့မဟုတ် သမ္မာတရားကို လက်မခံသောကြောင့်မဟုတ်ပဲ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းမရှိသောကြောင့် ကျွန်မကိုယ်တိုင်၏ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အသုံးပြုဖို့ အလေးမထားခဲ့သောကြောင့် ဖြစ်သည်။

ဤအရာအားလုံးကို သိမြင်ပြီးနောက်၊ အမှုအရာများ ဖြစ်ပေါ်သောအခါ ကျွန်မကိုယ်တိုင်၏ဝင်ရောက်မှုနှင့်ကျွန်မကိုယ်တိုင်၏ ပြဿနာများကို ဖြေရှင်းမှုအပေါ် စပြီးအာရုံစိုက်လာပါသည်။ နောက်ပိုင်းတွင် ညီအစ်ကို မောင်နှမများနှင့် ဆွေးနွေးသောအခါ ကျွန်မ၏ဆွေးနွေးမှုမှာ ကိုယ့်ကိုယ်ကိုယ်သိမြင်မှု အချက်အလက်များ ပါဝင်လာသည်။ ဤသို့ဖြစ်သည်မှာ ကျွန်မ၏ ညီအစ်ကို မောင်နှမများပြောင်းလဲလာသည်ကို ကျွန်မ တွေ့ရသောအခါတွင် ဖြစ်သည်။ သူတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်ဆီးမှုကို သိမြင်မှုတစ်ချို့ သူတို့စတင်ပြလာပြီး တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်သော ဆက်ဆံရေးကို ကျွန်မတို့ ဖြစ်ပေါ်စေလာခဲ့ပါသည်။ အမှန်တရားကို ရင်ဆိုင်ပြီးသောအခါ နောက်ဆုံးမှာတော့ ပြဿနာများဖြစ်ပေါ်လာသည့်အခါ ကိုယ့်ကိုယ်ကိုယ်သိဖို့ နှင့် ကိုယ်တိုင်၏ပြဿနာကိုအရင်ရှင်းဖို့က သိပ်ကိုအရေးကြီးသည်ကို ကျွန်မ မြင်နိုင်လာပါသည်။ သို့မှသာ ကျွန်မတို့သည် ပုံမှန်လူ့သဘာဝနှင့် အသက်ရှင်နိုင်ပြီး အခြားသူများနှင့် လိုက်လျောညီထွေဖြစ်သော ဆက်ဆံရေးကိုရရှိနိုင်ကာ ကျွန်မတို့၏ဘဝအတွေ့အကြုံများမှ အကျိုးအမြတ်များ ရရှိလာနိုင်မည်ဖြစ်ပါသည်။

ယခင်က:ဘုရားသခင်၏ အထူးချစ်ခြင်းကို ခံစားရခြင်း

နောက်တစ်ခုသို့:ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်တော် ကြုံတွေ့ခဲ့ရသည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ