အသိပညာဟာ အမှန်တကယ်ပဲ သင့်ကံကြမ္မာကို ပြောင်းလဲပေးနိုင်ရဲ့လား

03.12.2020

ဂျပန်နိုင်ငံ၊ သန်းယိ

ကျွန်မက လယ်သမားမိသားစုကနေ မွေးလာတာပါ ကျွန်မတို့က ဆင်းရဲတော့ လူတွေကအထင်သေးခဲ့ကြတယ် ပြီးတော့ ကျွန်မကလေးဘ၀တုန်းကလည်း မကြာမကြာ လူကြဉ်ခံရပြီးတော့ စိမ်းစိမ်းကားကား ဆက်ဆံခံခဲ့ရတယ် ကျောင်းစတက်ပြီးတဲ့နောက်မှာတော့ ဆရာမပြောတဲ့စကားကို အမြဲကြားခဲ့ရတယ် “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ပြီးတော့ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” တဲ့ ဒီတော့ ကျွန်မကျိန်ခဲ့တယ် စာကြိုးစားမယ် ကောလိပ်တက်မယ်... ပြီးတော့ ကျွန်မတို့ကိုအထင်သေးခဲ့တဲ့လူတွေကို ကျွန်မလို တောသူတစ်ယောက် ဘာလုပ်နိုင်သလဲဆိုတာကို သူတို့သိအောင်ပြမယ် ပေါ့ အသိပညာရှိရင် အားလုံးပြည့်စုံပြီးတော့ အသိပညာကပဲ လူတစ်ယောက်ရဲ့ကံကြမ္မာကိုဖွင့်ဖို့ သော့ချက်ပဲလို့ ယုံကြည်ခဲ့တယ် အဲဒီအယူအဆက ကျွန်မတို့မိသားစုအတွက် နာကျင်စရာတွေယူလာခဲ့မယ်လို့ မထင်ခဲ့မိဘူး

ကျွန်မအသက် ၁၉ နှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေခဲ့တယ် နောက်ကျမှ အိပ်ပြီးစောစောထတယ်...စာမေးပွဲအတွက်ပြင်ဆင်ဖို့ နေ့ရောညရော စာကျက်ခဲ့တာပေါ့ တစ်ခါတလေဆို အစားတောင်မစားတော့ဘူး ကျွန်မကအမြဲတမ်း ထိပ်ဆုံးအဆင့် ကျောင်းသားတွေထဲမှာပါတော့... ဆရာတွေကလည်း ကျွန်မပညာရေးအတွက် တက်ကြွပြီး စိတ်ဝင်စားကြတာပေါ့ ကျွန်မကတော့ တော်တော်လေး ယုံကြည်မှုရှိနေခဲ့ပါတယ် ဒါပေမဲ့ ထင်ထားသမျှအားလုံးနဲ့လွဲပြီး ကျွန်မစာမေးပွဲကျခဲ့တယ် အဲဒါကပဲ ကျွန်မကို မျှော်လင့်ချက်ပျောက်သွားစေခဲ့တယ် ကျွန်မဘ၀ကို အဲဒီရွာမှာကုန်ဆုံးလိုက်ဖို့ဆိုတဲ့အတွေးကို မခံစားနိုင်ခဲ့ဘူး ဒါပေမဲ့ မိဘတွေအသက်ကြီးလာတာ နဲ့အတူ ငွေပါမရှိတော့လည်း... ကျွန်မ အမှန်တရားကိုရင်ဆိုင်ရတော့မှာပေါ့ စာမေးပွဲပြန်ဖြေဖို့လက်လျှော့လိုက်ပြီး အလုပ်စလုပ်ခဲ့တယ် သိပ်မကြာခင်မှာပဲ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာ ကျွန်မအလုပ်ဝင်ခဲ့တယ် နေ့တိုင်းအချိန်ပိုလုပ်ခဲ့ရပေမဲ့ ရတဲ့ပိုက်ဆံက တော်တော်ကိုနည်းတာပါ အဲဒီအချိန်မှာပဲ ဘွဲ့ရပညာတတ်တွေက... အလုပ်လေးနည်းနည်းပဲလုပ်ပေမဲ့ ကျွန်မရတာထက် ပိုရပြီးတော့ ရာထူးတိုးနိုင်ခြေလည်း ပိုများတယ်လေ အသိပညာနဲ့ ဘွဲ့တွေရှိထားရင် ဂုဏ်နဲ့လေးစားမှုကိုရသလိုလိုဖြစ်လာတော့ ကျွန်မလည်း အသိပညာကို ပိုပြီးကိုးကွယ်လာမိတာပေါ့ ဒါပေမဲ့ ကောလိပ်ပညာဆိုတာ ကျွန်မအတွက်ရွေးစရာမဟုတ်ခဲ့တော့ ကျွန်မလည်း မကျေမချမ်းဖြစ်ပြီး အကူအညီမဲ့ခဲ့ရတာပေါ့

၂၀၀၁ ခုနှစ်မှာ ကျွန်မ သမီးလေးတစ်ယောက်မွေးခဲ့တယ် ကျွန်မရဲ့ မအောင်မြင်ခဲ့တဲ့တက္ကသိုလ်တက်ဖို့အိပ်မက်အားလုံးကို သူ့ပခုံးပေါ်ပုံချခဲ့တယ် သူအရမ်းငယ်သေးတုန်းက ကျွန်မသူ့ကိုပြောခဲ့တယ် တောက်ပတဲ့အနာဂါတ်ကိုရဖို့ တစ်ခုတည်းသောနည်းလမ်းက စာကြိုးစားပြီး ကောလိပ်ကောင်းကောင်းတက်ရမယ်လို့ ပြောခဲ့တာပေါ့ ကျွန်မတို့က ငွေကြေး သိပ် မသုံးနိုင်ပေမဲ့ သူ ပညာကောင်းကောင်းတတ်ဖို့အတွက် သေချာအောင် ကျူရှင်သင်တန်းတွေတက်ဖို့ ပိုက်ဆံပေးခဲ့တယ် ဖတ်စာအုပ်တွေဝယ်ပေးတယ် ပြီးတော့ အင်တာနက်ကနေ လေ့လာစရာတွေကို ဒေါင်းလုဒ်ဆွဲပေးခဲ့တယ် သူ့အတွက် စာကျက်ဖို့အချိန်ဇယားကိုတောင် သေချာလေးဆွဲပေးခဲ့တယ် ကျောင်းကပြန်လာရင် ဘာလုပ်ရမယ် အိမ်စာဘယ်နှနာရီလုပ်ရမယ် စာကို ဘယ်နှနာရီဖတ်ရမယ်ဆိုတာတွေကို ပြောထားတယ်။ သူ့အချိန်ဇယားကို အပြည့်ဖြည့်ထားတာလေ သူ စာလေ့လာတဲ့အချိန်မှာ ဘယ်လိုအာရုံစိုက်ရမလဲဆိုတာ သေချာသိသွားအောင်ပေါ့ စာကျက်ချိန်တစ်နာရီမပြည့်မချင်း အိမ်သာမသွားရဘူးလို့တောင် ပြောခဲ့တယ် ပုံမှန် သူစာကျက်နေတဲ့အချိန်ဆို ကျွန်မသူ့ကိုတစ်ချိန်လုံး လိုက်ကြည့်နေခဲ့တာပေါ့ တစ်ခါတလေ ဆို သန်းခေါင်အထိပဲ ကျွန်မ သေချာဖိဖိစီးစီးသင်ပေးခဲ့တော့ သူ့အဆင့်တွေလည်း နည်းနည်းလေး ပိုကောင်းလာတယ် ဒါပေမဲ့ မမျှော်လင့်ဘဲ သိပ်မကြာခင်မှာ သူ့ဆရာကဖုန်းဆက်ပြီးပြောလာတယ် “အခုရက်ပိုင်းမှာ အစ်မရဲ့ကလေးက အတန်းထဲမှာ စာကိုစိတ်မဝင်စားဘူး နားနေချိန်ဆိုလည်း တခြားကလေးတွေနဲ့ မကစားဘူး ပြီးတော့ အဆင့်တွေလည်းကျလာတယ် ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး” တဲ့ ကျွန်မလည်း သူပြောတဲ့စကားကို ယုံကို မယုံချင်ခဲ့တာပါ။ ကျွန်မလည်း ကျွန်မသမီးကို အကြီးအကျယ် စိတ်ဆိုးပြီးတွေးမိတယ်... “ငါနင့်အတွက်အများကြီးလုပ်ပေးခဲ့တယ် နင့်ကိုစာကူကျက်ပေးဖို့ နာကျင်မှုတွေလည်း ခံခဲ့ရတယ် ဘယ်လိုလုပ် နင်ငါ့ကိုဒီလို စိတ်ပျက်အောင်လုပ်ရက်ရတာလဲ နင်ပြန်လာမှ ငါနဲ့နင်နဲ့ရှင်းမယ်” ပေါ့ သူအိမ်ပြန်ရောက်လာတော့ ကျွန်မသူ့ကိုအကြာကြီး အပြစ်ပေးခဲ့တယ် သူလည်းအရမ်းစိတ်ဆိုးပြီးတော့ ကျွန်မကသူ့ကို ဖိအားတွေအရမ်းပေးတာပဲလို့ ပြောတယ် သူငိုပြီးတော့ သူ့အခန်းထဲမှာ တံခါးပိတ်ပြီးနေနေတယ်..ကျွန်မလည်း သူ့ကိုအပြင်ထွက်ဖို့ပြောလို့မရဘူး ကျွန်မ အကူအညီမဲ့သလိုခံစားခဲ့ရတယ် မျက်ရည်တွေကျရင်း ဆိုဖာပေါ်လဲကျပြီး စဉ်းစားမိတယ် “ငါ သူ့အတွက် စဉ်းစားပြီး လုပ်ပေးတာတွေအားလုံးကို ဘာလို့ သူနားမလည်နိုင်ရတာလဲ။” ပေါ့။ နောက်တော့ သူ့ပညာရေးအတွက် ကျွန်မလည်း ကျဉ်းထဲကျပ်ထဲရောက်ခဲ့ရတယ် ကျွန်မသာ သူ့အပေါ်တင်းကျပ်နေရင် သူဖိအားများလာပြီး ဘယ်လိုဆက်ဆံမလဲမသိတာကို ကြောက်မိတယ် ဒါပေမဲ့ သူ့အပေါ်မတင်းကျပ်ခဲ့ရင်လည်း သူ့အဆင့်တွေကျပြီး ကောလိပ်ဝင်ခွင့်ရမှာမဟုတ်တော့ဘူးလေ ကျွန်မ သူ့အတွက် ဘယ်လိုလုပ် တောက်ပတဲ့အနာဂါတ်တစ်ခု သေချာရအောင်လုပ်ပေးနိုင်တော့မလဲ အဲဒီအတွေးနဲ့ပဲ အိပ်မရစားမရတွေဖြစ်လာတယ် တစ်ရက်ကျတော့... ကျွန်မအမေ ကျွန်မကိုပြောပြဖူးတဲ့ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရား နှုတ်ကပတ်တော်ကို တွေးမိတယ် သူခဏခဏပြောတယ်... “အခက်အခဲတွေကြုံပြီဆိုရင် ဘုရားထံမှာ ဆုတောင်းလို့ရပါတယ်..ဘုရားက ထွက်ပေါက်တစ်ခုရှာပေးမှာပါ” တဲ့ ဒါကြောင့် ကျွန်မဆုတောင်းပြီး ဘုရားကို ကျွန်မရဲ့ပြဿနာတွေအကြောင်းပြောပြခဲ့တယ် ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရား ရဲ့ နှုတ်ကပတ်တော်တွေ စဖတ်ပြီးတော့ အသင်းတော်အသက်တာ ဝင်ရောက်ခဲ့တယ်

တစ်ခါမှာ... ကျွန်မ လမ်းသွားရင်း အစ်မတစ်ယောက်နဲ့ဆုံခဲ့မိတယ် ကျွန်မတို့စကားပြောနေရင်းနဲ့ ကျွန်မသမီးပညာရေးနဲ့ပတ်သက်ပြီး ကျွန်မစိတ်ထဲရှုပ်နေတဲ့အကြောင်းတွေ ပြောပြခဲ့တယ် အဲဒီအစ်မပြောသွားတာက... “ကလေးတွေကို သင်ပေးတာ၊ ယဉ်ကျေးအောင်ဆုံးမတာ၊ လမ်းမှန်ကိုပြပေးတာတွေက... မိဘတွေလုပ်သင့်တဲ့အရာတွေပါပဲ ကျွန်မတို့အားလုံးက သားသမီးကို ကောလိပ်တက်ပြီး ပညာတတ်စေချင်ကြတာပဲ ဒီတော့ ကျွန်မလည်းလုံး၀နားလည်ပါတယ် ဒါပေမဲ့ ဖြစ်၊မဖြစ် ဆိုတာက ကျွန်မတို့လက်ထဲမှာ မရှိဘူးလေ ကျွန်မတို့ရဲ့ ကံကြမ္မာက ဘုရားရဲ့လက်ထဲမှာပါ ကျွန်မတို့ရဲ့ရုပ်ရည်၊ အလုပ်အကိုင်၊ အိမ်ထောင်၊ ပညာရေး စီးပွားရေးနဲ့ သက်တမ်း... အားလုံးက ကျွန်မတို့မမွေးခင်ကတည်းက ဘုရားက ဆုံးဖြတ်ပြီးသားပါ ဘယ်သူကမှ ပြောင်းလဲလို့မရပါဘူး တဲ့ ကျွန်မတို့ရဲ့ သားသမီးတွေလည်း အတူတူပါပဲ သူ့တို့ရုပ်ရည်၊ အမူအကျင့်နဲ့ ဘ၀လမ်းကြောင်း၊ သူတို့ကံတရားကို မိဘတွေ သင်ကြားပေးတာတစ်ခုတည်းနဲ့ ပြောင်းလဲလို့မရဘူးလေ တချို့မိဘတွေက ပညာတတ်တယ်၊ ဉာဏ်ကောင်းပြီး လုပ်နိုင်ကိုင်နိုင်တယ် ဒါပေမဲ့ သူတို့သားသမီးတွေကျတော့ ရူးမိုက်တယ်၊ ပညာမပြည့်၀ဘူး၊ ဘာမှလည်း မလုပ်နိုင်ဘူးလေ တချို့မိဘတွေက ယဉ်ကျေးမှုမရှိဘဲ သာမန်အဆင့်ပဲရှိပေမဲ့ သားသမီးတွေကျတော့ ဉာဏ်ကောင်းတယ်၊ ပါရမီရှိတယ် ထူးချွန်ကြတယ် ဒါက ကျွန်မတို့ကို ကျွန်မတို့ဘာလုပ်လုပ် ကျွန်မတို့ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးဆိုတာ ပြလိုက်တာပါပဲ လူတွေပြောသလိုပေါ့ ‘လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဘုရားက ဆုံးဖြတ်ပြီးသားပါ’ တဲ့ ကလေးတွေကို ပညာသင်ပေးဖို့ဆိုတဲ့ ကျွန်မတို့တာဝန်ကို ပြည့်စုံအောင်လုပ်ဆောင်ရမှာပါ ဒါပေမဲ့ ကျွန်မတို့မှတ်ထားရမှာက ‘အကောင်းဆုံးလုပ်ပါ ကျန်တာကိုဘုရားထံ အပ်ထားပါ’ ဆိုတာပါပဲ ဒီလိုမှပဲ အရမ်းမခံစားရတော့မှာပေါ့” တဲ့ သူပြောခဲ့တာတွေက အမှန်တွေပဲဆိုတာ ကျွန်မသိခဲ့ပါတယ် သူမသွားခင်လေးကပဲ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ် ကိုညွှန်းပေးသွားတယ် ကျွန်မဖတ်သင့်တယ်လို့လည်းပြောသွားပါတယ်

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။” “ဤဘဝတွင် ၎င်းတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် ကင်းမဲ့ကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာများကို လက်ခံရန်သာ ရှိတော့သည်ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ရရှိရန်၊ သူတို့၏ ဆန္ဒတွေကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည်ထံ ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာရန်၊ အရေးပါသူ၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် အလိုဆန္ဒများနှင့် ပြည့်စုံမှုများအားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့ကလေးများ၏ အခွင့်အလမ်းများ တစ်ဟုန်ထိုးမြှင့်တက်လာခြင်းကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့သတ်မှတ်၍ မရနိုင်၊ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ ၎င်းတို့လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ပိုပြီးခန့်မှန်းနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို သက်ရောက်ခဲ့ပါတယ် ကျွန်မငယ်ငယ်တုန်းက ကျွန်မရဲ့ ကောလိပ်တက်ဖို့အိပ်မက်ကို ဖြည့်ဆည်းနိုင်ဖို့ အမြဲတမ်းအလုပ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မအရမ်းကြိုးစားခဲ့တာတောင် ကျရှုံးခဲ့တယ်လေ ကျွန်မသမီးလေးမွေးလာတဲ့အချိန်မှာ အဲဒီခံစားချက် ပြန်ပေါ်လာပြီးတော့ ဒုတိယအခွင့်အရေးတစ်ခုလို ခံစားခဲ့ရတယ် ကျွန်မဘ၀အတွက် မျှော်လင့်ချက်အားလုံးကို ကျွန်မသမီးရဲ့ပခုံးပေါ်တင်ခဲ့မိတယ် သူ့ဘ၀ရှေ့ရေးမှာ တောက်ပတဲ့အနာဂါတ်ရဖို့ သင်ယူပြီး တတ်မြောက်စေချင်ခဲ့တယ် ကျွန်မအတွက် ကျွန်မအိပ်မက်ကို အကောင်အထည်ဖော်ပေးဖို့ပေါ့ ဒါပေမဲ့လည်း ကျွန်မကြိုးစားခဲ့တာတောင် ကိစ္စတွေက အဲဒီလိုပဲကျရှုံးခဲ့တယ် ကျွန်မသမီးက အမြဲတမ်းတော်တယ် လိမ္မာတယ် ပြီးတော့အဆင့်တွေလည်း ကောင်းခဲ့ပါတယ် ကျွန်မက သူ့ကို ဖိအားပေးတော့မှ သူ အဆင့်တွေစကျလာတာပါ သူ့အဆင့်နဲ့ သူ့ဘ၀အတွက်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းက... ကျွန်မလက်ထဲမှာမရှိတော့ဘူးလေ..အားလုံးက ဘုရားရဲ့လက်တော်ထဲမှာပါပဲ ကျွန်မက သမီးရဲ့ကံကြမ္မာကိုအသာထားဦး ကျွန်မကံတရားကိုတောင် မထိန်းချုပ်နိုင်ဘူးလေ ကျွန်မ အရမ်းမောက်မာပြီး ကိုယ့်ကိုကိုယ် အများကြီးပိုတွက်ခဲ့မိတယ် ဒီလိုသဘောပေါက်သွားတာက ကျွန်မအတွက် သက်သာရာတစ်ခုပါပဲ

အဲဒီနောက်မှာ... ကျွန်မလည်း အရင်ကလိုကျွန်မသမီးရဲ့ အချိန်ဇယားကို မစီစဉ်ပေးတော့ဘူး ပြီးတော့သူ့ကိုလည်း အများကြီးမတောင်းဆိုတော့ဘူး နည်းနည်းလောက်ကြာတော့... ကျွန်မကျောင်းကိုသွားတဲ့အခါ သူ့ဆရာကပြောတယ်... “ခင်ဗျားသမီးက ဉာဏ်ကောင်းပြီး အလားအလာအရမ်းကောင်းတယ် သူ့ကိုနည်းနည်းလေးသင်ပေးလိုက်တာနဲ့ အဓိကအထက်တန်းကျောင်းကို သေချာပေါက်ဝင်နိုင်တယ် အဲဒီလိုဆို ကောလိပ်တက်ရဖို့ကိစ္စက ပြဿနာမရှိတော့ဘူး” တဲ့ သူပြောလိုက်တဲ့စကားကြောင့် ကျွန်မစိတ်မကောင်းဖြစ်သွားတယ် ကျွန်မသမီးအတန်းထဲမှာ ထိပ်တန်းကျောင်းသူဖြစ်မဖြစ်ကို ကျွန်မဂရုမစိုက်ခဲ့ပေမဲ့ အမြဲတမ်းတော့ သူ့ကိုကောလိပ်တက်စေချင်ခဲ့တာ မဟုတ်ရင် သူ့ဘ၀မှာ ဖိအားတွေအများကြီးရင်ဆိုင်ရတော့မှာလေ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ခြေချစရာနေရာ ရမှာမဟုတ်တော့ဘူးပေါ့ ကျွန်မအမျိုးသားက သမီးကိုစာလုပ်ဖို့ အတင်းတိုက်တွန်းနေတာသတိထားခဲ့မိတယ် ထိပ်တန်းကျောင်းသူဖြစ်စေချင်လို့လေ သူ့အဆင့်တွေကောင်းရင် အမျိုးသားက ဆုချတယ်..မကောင်းရင် အပြစ်ပေးတော့တာပဲ တကယ်တော့ ကျွန်မသူနဲ့ သဘောထားမတိုက်ဆိုင်ခဲ့ပေမဲ့ တားလည်းမတားခဲ့ပါဘူး သူ့နည်းလမ်းသာ အလုပ်ဖြစ်သွားပြီး သမီးတကယ်တော်လာရင် ဘိုးဘေးတွေအတွက် ဂုဏ်ရှိမယ်လို့တောင် ထင်ခဲ့မိတယ် ဒါပေမဲ့ တဖြည်းဖြည်းချင်း ကျွန်မသိလာတာက... ဒီလိုဖိအားမျိုးခံရတော့ ကျွန်မသမီးလေး လူတွေကိုမုန်းလာတယ် သူ့အခန်းထဲမှာနေရင်း ကျွန်မတို့ကိုစကားမပြောဘဲ တံခါးပိတ်ထားတယ် ပြီးရင် အမြဲတမ်းကျွန်မအပေါ် ဒေါသထွက်လာတယ်လေ တစ်ခါတုန်းက... ကျွန်မအမျိုးသားက သမီးကို အိုင်ချင်းစာအုပ် မမှတ်မိလို့ဆူတယ်လေ သမီးက အရမ်းဒေါသထွက်ပြီး အိမ်ထဲကနေထွက်ပြေးပြီး တံခါးကိုဆောင့်ပိတ်သွားတယ် ကျွန်မတို့သူ့ကိုလိုက်ရှာခဲ့ပေမဲ့ ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး သူဘာများဖြစ်သွားမလဲဆိုတာကို ကျွန်မတို့ တွေးကြောက်ပြီး စိတ်ထဲမှာ လျှောက်စဉ်းစားမိတယ်။ “ကားတိုက်ခံရရင်ဘယ်လိုလုပ်မလဲ” “မကောင်းတာတစ်ခုခုများလုပ်လိုက်မလား” ပေါ့ နောက်ဆုံးတော့ ညဘက်ကြီး သူအိမ်ပြန်ရောက်လာခဲ့တော့ ကျွန်မလည်းစိတ်သက်သာရရခဲ့ပါတယ် အဲဒီအချိန်လောက်မှာပဲ... ကျွန်မနှလုံးသား လည်ချောင်းထဲကခုန်ထွက်လာလောက်စေမယ့် သတင်းတစ်ခုဖတ်ခဲ့ရတယ် ဂျူနီယာအထက်တန်းကျောင်းသူတစ်ယောက် ကျောင်းစာနဲ့ပတ်သက်တဲ့ဖိအားကြောင့် သတ်သေသွားတယ်တဲ့ ကျွန်မ ပိုသိရအောင် အွန်လိုင်းမှာရှာကြည့်ခဲ့တော့ အရမ်းကြောက်စရာကောင်းတာ တွေ့လိုက်ရတယ်လေ ကျောင်းသားတော်တော်များများ ကျောင်းစာနဲ့ပတ်သက်တဲ့ဖိအားကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုများလာကြတယ် တချို့ဆို လူတွေကိုမုန်းလာတာ ဒါမှမဟုတ် အာရုံစိုက်နိုင်စွမ်းနည်းလာပြီး တချို့ဆို သတ်သေတဲ့အထိပါဖြစ်သွားကြတယ်တဲ့ ကျွန်မ ချွေးစေးတွေပြန်ပြီး ညဘက်အိပ်လို့မပျော်ခဲ့ဘူး

နောက်နေ့ကျတော့ ကျွန်မသမီးကို ဘာပြောရမလဲဆိုတာကို စိတ်ပူမိတယ် စကားတစ်လုံးမှားတာနဲ့ အိမ်ကထပ်ပြီးထွက်ပြေးတာ ဒါမှမဟုတ် ပိုဆိုးတာမျိုးလုပ်မိနိုင်တယ်ဆိုတာ သိထားတာကိုး နောက်ရက်တွေလည်း ကျွန်မမှာ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်ခဲ့တယ် နောက်တစ်ခေါက်ထပ်ပြီး ကျွန်မကလေးရဲ့ပညာရေးကိစ္စမှာ ကျွန်မစိတ်ကို ပြန်သုံးသပ်ဖို့လိုလာခဲ့တယ် ကျွန်မက အမြဲတမ်းအသိပညာကို ကိုးကွယ်ခဲ့ပြီးတော့... ပညာတတ်ပြီး ကောလိပ်တက်ရရင် ပိုတောက်ပတဲ့အနာဂါတ်အတွက် ခိုင်မာတဲ့လမ်းကြောင်းတစ်ခုပဲလို့ ထင်ခဲ့တယ်လေ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မသမီးလေးက ဖိအားတွေကြောင့် တစ်စစီယိုယွင်းနေပြီ ကျွန်မလည်း ဘာလုပ်ရမှန်းမသိခဲ့သလို ဘာကြောင့်အခြေအနေတွေဒီလိုဖြစ်သွားတယ်ဆိုတာလည်း မသိခဲ့ဘူး ဘာကြောင့်များ ဘ၀ဆိုတာ ဒုက္ခတွေပြည့်နေလဲလို့တွေးမိတယ် တစ်ရက် ကျွန်မဝတ်ပြုနေတုန်းမှာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြထားတဲ့ ဗီဒီယိုနှစ်ခုကြည့်ခဲ့မိတယ်လေ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။” “စာတန်သည် အသိပညာကို တည်ကြက်အဖြစ် အသုံးပြု၏။ သေချာစွာ နားထောင်လော့။ အသိပညာသည် တည်ကြက်တစ်မျိုးသာ ဖြစ်၏။ လူတို့သည် အသိပညာကို ၎င်းတို့အတွက် လက်နက်ဖြစ်စေကာ တပ်ဆင်ဖို့နှင့်၊ ယင်းနောက် သိပ္ပံတံခါးပေါက်ကို ဖွင့်ရာတွင် အသုံးပြုရန်အလို့ငှာ၊ ကြိုးစားလေ့လာ၍ မိမိတို့ကိုယ်ကိုယ် နေ့စဉ် တိုးတက်စေဖို့ သွေးဆောင်ဖြားယောင်းခံကြရ၏။ တစ်နည်းပြောရလျှင် သင်သည် အသိပညာရလေလေ၊ ပို၍ နားလည်လာလေလေ ဖြစ်လိမ့်မည်။ စာတန်သည် ဤအရာတစ်ခုလုံးကို လူတို့အား ပြောပြ၏။ အသိပညာကို ၎င်းတို့ လေ့လာသင်ယူသည်နှင့်အမျှ ရည်မှန်းချက်များနှင့် ပြင်းပြသည့် ဆန္ဒများကို တစ်နေ့တခြား ကြီးထွားလာစေကြဖို့ စာတန်က ၎င်းတို့ကို သွန်သင်ရင်း မြင့်မားသည့် စံများကို မြှင့်တင်ကြရန် လူတို့ကို ပြောလေသည်။ လူသားက သတိမထားမိလိုက်ဘဲ၊ စာတန်သည် ဤသို့သောသတင်းစကား အများအပြားကို ပေးပို့တတ်ပြီး၊ ဤအရာတို့မှာ မှန်ကန်သလိုလို အကျိုးရှိသလိုလိုဖြင့် လူတို့အား မသိစိတ်၌ ခံစားစေ၏။ လူတို့သည် ဤလမ်းကြောင်းပေါ်တွင် အမှတ်တမဲ့ ခြေချ မိကြကာ၊ ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများ၊ ရည်မှန်းချက်များ၏ ရှေ့ဆက် ဦးဆောင်ခြင်းကိုလည်း အမှတ်တမဲ့ပင် ခံကြရ၏။...စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းခံရလျက်၊ ၎င်းတို့သည် စာတန် ပြင်ဆင် ပေးထားသည့်လမ်းကို အမှုမဲ့အမှတ်မဲ့ လျှောက်လှမ်းမိကြ၏။ ၎င်းတို့သည် ဤလမ်းအတိုင်း သွားကြသည်နှင့်အမျှ၊ စာတန်၏ ရှင်သန်နေထိုင်မှု စည်းကမ်းများကို အတင်းအကျပ် လက်ခံစေခြင်း ခံကြရသည်။ လုံးဝ သတိမမူမိဘဲလျက်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု စည်းမျဉ်းများ ဖြစ်ပေါ်စေ မိကြ၏။ သို့သော် ဤအရာများသည် ၎င်းတို့ထဲသို့ စာတန်က အတင်းအဓမ္မ သွတ်သွင်းခဲ့သည့် စာတန်၏ စည်းကမ်းများထက် ဘာမျှမပိုပေ။ သင်ယူခြင်းဖြစ်စဉ် အတွင်း၌၊ စာတန်သည် ၎င်းတို့ကို ကိုယ်ပိုင် ရည်မှန်းချက်များကို အားပေးသကဲ့သို့ ကိုယ်ပိုင်ဘဝ ပန်းတိုင်များ၊ လိုက်နာရမည့်စည်းကမ်းများနှင့် အသက်တာ ဦးတည်ချက်တို့ကို ဆုံးဖြတ်စေလေသည်၊ တစ်ချိန်တည်းမှာပင် ၎င်းတို့ ငါးစာဟပ်သည်အထိ လူတို့အား သွေးဆောင်ရန် ဇာတ်လမ်းများ၊ အတ္ထုပ္ပတ္တိများနှင့် အခြား ဖြစ်နိုင်သမျှ နည်းလမ်းများကို နည်းနည်းချင်းစီ အသုံးပြုကာ စာတန်၏ အမှုအရာများကို ၎င်းတို့ထဲသို့ သွင်းလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ မုသားများနှင့် ပေါက်ကရစကားတို့သည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာသည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ မှ)

ဘုရားရဲ့နှုတ်ကပတ်တော်တွေက လူသားတိုင်းဒုက္ခခံနေရမှုရဲ့ ဇစ်မြစ်ကို ထောက်ပြခဲ့တယ် ကျွန်မတို့က အစိုးရပညာရေး၊ ကျော်ကြားတဲ့လူတွေနဲ့ ရိုးရာဓလေ့တွေရဲ့လွှမ်းမိုးမှုကို အသုံးချထားတဲ့ စာတန်ရဲ့အဆိပ်အတောက်တွေထဲ နစ်မြုပ်နေတာပါ... “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏” "“ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” အဲဒီလိုစကားတွေပေါ့" အဲဒါတွေက ကျွန်မတို့ကို အသိပညာနောက်လိုက်ပြီး အရာရာဟာ အသိပညာပဲ လို့တွေးမိစေခဲ့တာပါ ဒါမှပဲ လူအများစုထဲကနေ ရုန်းထွက်နိုင်ပြီး ကောင်းမွန်တဲ့ဘ၀ကို ရမယ်ပေါ့ ကျွန်မတို့က အသိပညာနောက်ကိုလိုက်ပြီး အသိပညာကို စပြီးကိုးကွယ်လာတော့တယ် ဘုရားရဲ့ တည်ရှိမှုနဲ့ အုပ်စိုးမှုကို ဆန့်ကျင်ပြီးတော့ပေါ့ ကျွန်မတို့က ဘုရားကို ရှောင်ဖယ်ပြီးဆန့်ကျင်ခဲ့တယ် ပြီးတော့ ကျွန်မတို့နှလုံးသားမှာ ဘုရားမရှိတော့ဘူး ဘုရားရဲ့ဂရုစိုက်မှု၊ စောင့်ရှောက်မှု နဲ့ ဘ၀အတွက်ဘုရားကိုလိုအပ်မှုတွေ ကို ဆုံးရှုံးခဲ့တယ် ကျွန်မတို့ ဗလာနထ္ထိဖြစ်သွားပြီးတော့ ဆုတ်ယုတ်လာကြတယ် အသိပညာ၊ ကျော်ကြားမှုနဲ့ အထင်ကြီးလေးစားခံရမှုရှိတဲ့လူတွေ အများကြီးပါ ဒါပေမဲ့ သူတို့ဘ၀တွေက ဗလာသက်သက်ဖြစ်ပြီး နာကျင်စရာကောင်းပါတယ် အထက်အရာရှိအများစုက ထက်မြက်ပြီး ဘွဲ့ရတွေဖြစ်ပေမဲ့ ငွေ၊ အာဏာနဲ့ ဂုဏ်အတွက်ရုန်းကန်ရင်း အချင်းချင်း လှည့်ဖျားကြ၊ အကွက်ဆင်ကြ၊ သတ်ဖြတ်ကြတာပါပဲ တချို့ဆို ကိုယ့်ကိုကိုယ်သတ်သေတာ ဒါမှမဟုတ် သူများသတ်တာခံရတာလေ လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဂုဏ်ဆိုတာ သူတို့ပန်းတိုင် ဒါမှမဟုတ် နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှုမရှိပါဘူး “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏” ပြီးတော့ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” အဲဒီစကားတွေက လူတွေကို လှည့်ဖျားပြီး ဖောက်ပြန်ပျက်စီးအောင်လုပ်ထားတဲ့ စာတန်ရဲ့ မုသားတွေပါ ဘုရားက လူသားတွေကိုဖန်ဆင်းခဲ့တာပါ လူသားတွေဟာ ဘုရားရဲ့ကယ်တင်ခြင်းကိုလိုအပ်ပါတယ် ပြီးတော့ ဘ၀အတွက်ဘုရားကိုလိုအပ်ပါတယ် လူသားတွေဟာ ဘုရားကိုကိုးကွယ်ပြီး ကောင်းမွန်တဲ့ရလဒ်တွေရလာအောင် ဘုရားရဲ့အုပ်စိုးမှုကို နာခံဖို့ပဲလိုပါတယ် လူတွေက အသိပညာက သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်လို့ထင်ပြီးတော့ ဘုရားကိုရှောင်ကြဉ်ပြီး မေ့ထားကြတယ် အဆုံးမှာတော့ သူတို့ဟာ ဘုရားကို ဆန့်ကျင်ပြီး ပျက်စီးသွားကြတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်ထဲကလိုပေါ့ “သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မက အဲဒီလိုလူမျိုးဖြစ်ခဲ့ပါတယ် ဘုရားအပေါ် မယုံကြည်ခင်တုန်းက... စာတန်ရဲ့ အုပ်စိုးမှုတွေနဲ့နေခဲ့ရပါတယ် “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ပြီးတော့ “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဆိုတာမျိုးတွေလေ ကျွန်မ ကောလိပ်ဝင်ပြီးအောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့တယ် ကျွန်မအိပ်မက်တွေ ပျက်စီးသွားတော့... ရှေ့လျှောက်ဘာမှ မျှော်လင့်စရာမရှိတော့ဘဲ ဘ၀က အဓိပ္ပာယ်မဲ့သွားပြီလို့ ထင်ခဲ့တယ် သမီးလေးမွေးလာပြီးတဲ့နောက်မှာလည်း အဲဒီ စာတန်ရဲ့ သဘောတရားတွေထဲ သမီးကိုတွန်းပို့ခဲ့မိတယ် သူ့အပေါ်ဖိအားတွေအားလုံးပေးပြီးတော့ပေါ့ နောက်ဆုံးတော့ အဲဒီလိုဖိအားပေးခံရတဲ့ပတ်ဝန်းကျင်မှာ သူလည်း ခေါင်းမာလာတယ်၊ ပျက်စီးလွယ်လာတယ်၊ လူတွေကိုမုန်းပြီး ဒေါသကြီးလာတယ် သူ့စိတ်ထဲရှိတဲ့အတိုင်း ကျွန်မကိုပြောလို့မရခဲ့ဘူး သားအမိဆက်ဆံရေးလည်း ပျက်စီးလာတယ် ကျွန်မက အသက်ရှင်ဖို့အတွက် စာတန်ရဲ့ သဘောတရားတွေနဲ့နေခဲ့ရတယ် ကျွန်မကိုယ်ကျွန်မ ပင်ပန်းစေရုံသာမကဘဲ သမီးကိုပါ အခက်အခဲတွေထဲ အတင်းတွန်းပို့ပြီး သူ့ဘ၀ကိုပါဖျက်စီးမိမလိုဖြစ်ခဲ့တယ် ဒါတွေက စာတန်ကြောင့်ရလာတဲ့ ဒဏ်ရာတွေကြောင့်ဖြစ်တာပါ စာတန်ရဲ့ သဘောတရားတွေအောက်မှာ ဆက်နေပြီးတော့... သမီးရဲ့ ကံကြမ္မာကို အသိပညာ၊ အရည်အချင်းနဲ့ ပြောင်းလဲချင်နေဦးမယ်ဆိုရင် သူ့အတွက် ကျရှုံးမှုကိုဖြစ်စေမယ်ဆိုတာ သိခဲ့ပါတယ် ကျွန်မအဲဒီအချိန်မှာနားလည်သွားတာပါ ကျွန်မသမီးရဲ့ ကံကြမ္မာနဲ့ အနာဂါတ်အောင်မြင်မှုတွေဆိုတာ ကောလိပ်ဝင်ခွင့်နဲ့ဆုံးဖြတ်တာမဟုတ်ဘူး ဘုရားကို ကိုးကွယ်ခြင်းကသာ ကောင်းမွန်တဲ့အနာဂါတ်အတွက် တစ်ခုတည်းသောနည်းလမ်းဆိုတာကိုပေါ့ မိဘတွေအနေနဲ့ ကျွန်မတို့ကလေးတွေကို ဘုရားရဲ့နှုတ်ကပတ်တော်အတိုင်း သမ္မာတရားကိုအခြေခံပြီး သင်ပေးဖို့လိုပါတယ် ပြီးတော့ ဘ၀အတွက် စစ်မှန်တဲ့လမ်းကြောင်းအတိုင်း လမ်းညွှန်ပေးရမှာပါ ဒါက သူတို့အပေါ် ကျွန်မတို့လုပ်ပေးရမယ့်တာဝန်ပါပဲ

အဲဒီနောက်ပိုင်းမှာတော့... ကျွန်မသမီးကို စာကျက်ပြီးထိပ်တန်းကျောင်းသူဖြစ်အောင်ကြိုးစားဖို့ မတိုက်တွန်းတော့ပါဘူး သူ့အကြောင်းနဲ့သူ ဖြစ်ပါစေဆိုပြီးတော့ပဲ ထားလိုက်ပါတယ် နေ့ခင်းပိုင်းဆို သူနဲ့အတူ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီးတော့ ဘုရားက ကောင်းကင်ဘုံ၊ ကမ္ဘာမြေနဲ့ အရာအားလုံးကို ဘယ်လိုဖန်တီးခဲ့သလဲဆိုတာ သင်ပေးတယ် လူတွေကို စာတန်က ဘယ်လိုမျိုးဖောက်ပြန်ပျက်စီးစေပြီးတော့ ဘုရားက ဘယ်လိုကယ်တင်တယ်..စတာတွေကို သင်ပေးခဲ့တယ် ကျွန်မသမီး အခက်အခဲနဲ့ကြုံရတိုင်း ဘုရားထံမှာဆုတောင်းပြီး ဘုရားကိုအားကိုးရမယ်ဆိုတာ သူသိသွားပြီလေ သူလည်း တဖြည်းဖြည်းနဲ့ ပိုတော်လာပြီး အရင်ကထက်ပိုပြီးတော့ ပြုံးတတ်လာတယ် သူ့အဆင့်တွေကလည်း အရင်ထက်တောင် ပိုပြီးကောင်းလာသေးတယ် ကျွန်မတို့ဆက်ဆံရေးကလည်း ပိုပြီးလိုက်လျောညီထွေဖြစ်လာတာပေါ့ တစ်ရက်မှာ ဘုရားရဲ့နှုတ်ကပတ်တော်တွေထဲက ဒီအပိုဒ်လေးကိုဖတ်ခဲ့ပါတယ် “အသိပညာ၏ အပေါ်ယံအကျဆုံးသော သွင်ပြင်လက္ခဏာကို ဆွေးနွေးခြင်းဖြင့် ငါတို့ အစပြုမည်။ ဘာသာစကားများထဲက သဒ္ဒါနှင့် စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများက စကားပြောဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သကဲ့သို့ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် အသုံးပြုသည့် တန်ဆာပလာလည်း ဖြစ်သည်။ ဘာသာစကားနှင့် စကားလုံးများသည် ယခုအခါ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သောနည်းဖြစ်သည်ကို ပြောဖို့မလိုပေ။ ယင်းတို့သည် တန်ဆာပလာများဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်။ တစ်နှင့်တစ်ပေါင်း နှစ်ဖြစ်ပြီး နှစ်အမြောက်နှစ် ညီမျှခြင်း လေးဖြစ်သည်။ ဤသည်မှာ အသိပညာ မဟုတ်လော။ သို့သော် ဤအရာက သင့်ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ ဤသည်မှာ သာမန်အသိ- သတ်မှတ်ထားသော ပုံစံတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့် လူကို ဖောက်ပြန်မပျက်စီးစေနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အသိပညာအမျိုးအစားက လူကို ဖောက်ပြန်ပျက်စီး စေသနည်း။ ဖောက်ပြန်ပျက်စီးစေသော အသိပညာမှာ စာတန်၏ ရှုထောင့်အမြင်များနှင့် အတွေးများ ရောယှက်နေသော အသိပညာ ဖြစ်သည်။ စာတန်သည် ဤရှုထောင့်အမြင်များနှင့် အတွေးများကို အသိပညာ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ထဲသို့ စွဲမှတ်အောင် သွန်သင်ရန် ကြိုးစားသည်။ ဥပမာအားဖြင့်၊ ဆောင်းပါး တစ်ခုတွင်၊ ၎င်းတို့ကိုယ်၌ထဲက ရေးသားထားသော စကားလုံးများတွင် အမှားဘာမျှမရှိပေ။ ပြဿနာမှာ ဆောင်းပါး ရေးသားသည့်အချိန်၌ စာရေးသူ၏ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်အပြင်၊ ၎င်းတို့ အတွေးများ၏ အကြောင်းအရာပေါ် တည်လေသည်။ ဤအရာများသည် စိတ်ဝိညာဉ်နှင့် ဆိုင်သော အရာများဖြစ်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မအတွက် အသိပညာရှိခြင်းနဲ့ပတ်သက်ပြီး အမြင်တချို့ပေးခဲ့ပါတယ် လက်တွေ့ကျတဲ့အသိပညာဟာ လူတိုင်းမှာရှိသင့်တဲ့ ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းကို မြှင့်တက်စေတာကြောင့်ပါ။ ကျွန်မတို့က အဲဒါကို သေချာချဉ်းကပ်ဖို့လိုပါတယ် စာရေးခြင်းနဲ့ ဂီတအသိပညာတွေဟာ ကောင်းမွန်တဲ့အရာတွေပါ တချို့ သိပ္ပံနည်းကျအသိပညာတွေကလည်း ကောင်းမွန်ပါတယ် စက်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒနဲ့ ရူပဗေဒ လိုမျိုးအပြင် ဆေးပညာနဲ့ စားဖိုမှုးပညာတွေပေါ့ အဲဒါတွေက ကျွန်မတို့ရှင်သန်ဖို့အတွက်လိုအပ်တဲ့အရာတွေဖြစ်ပြီးတော့ ကောင်းကောင်းဆုပ်ကိုင်ထားသင့်ပါတယ် ဒါပေမဲ့ အသိပညာဆိုတာ သမ္မာတရားမဟုတ်ပါဘူး..အဲဒါက လူတစ်ယောက်ဒါမှမဟုတ် သူတို့ဘ၀ကို မပြောင်းလဲပေးနိုင်ပါဘူး အသိပညာကို မျက်စိစုံမှိတ်ပြီးမကိုးကွယ်သင့်ပါဘူး လူတွေဘယ်လောက်ပဲ သင်ကြားခဲ့ပါစေ... သမ္မာတရားနဲ့အညီမနေဘူးဆိုရင် စာတန်ရဲ့ဖောက်ပြန်ပျက်စီးစေမှုကနေ ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ပါဘူး သူတို့ဘ၀မှာလည်း နာကျင်စရာတွေများပြီး ဗလာသက်သက်ဖြစ်သွားမှာပါ ပြီးတော့ ကပ်ဘေးဒုက္ခကြီးတွေကျရောက်လာရင် သူတို့ဟာ ဖယ်ရှားခံကြရမှာပါ ကျွန်မလည်း အရင်က ဘယ်လိုမျိုး သမ္မာတရားကိုနားလည်ပြီး အသိပညာကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာ မသိခဲ့ပါဘူး စာတန်ရဲ့အဆိပ်ခတ်ခြင်းကိုခံခဲ့ရပြီးတော့ အသိပညာနောက်လိုက်ရင် ကျွန်မကံကြမ္မာကိုပြောင်းလဲပေးနိုင်ပြီး သူများထက်သာမယ်လို့ ထင်ခဲ့တာပါ ကျွန်မအိပ်မက်တွေ ပျက်စီးသွားတဲ့အခါမှာ ကျွန်မရဲ့မျှော်လင့်ချက်တွေအားလုံးကို သမီးရဲ့ပခုံးပေါ်တင်ခဲ့မိတယ်လေ ကျွန်မရဲ့အချိန်တွေ၊ ငွေကြေးနဲ့ ခွန်အားတွေအားလုံးကို သူ့ပညာရေးမှာအသုံးချခဲ့ပြီးတော့ ကောလိပ်ဝင်ခွင့်ရအောင် အတင်းတွန်းပို့ခဲ့တာပါ ဒါပေမဲ့လည်း သူကပိုပြီး လူတွေကိုမုန်းလာပြီးတော့ အိမ်ကပါထွက်ပြေးမလိုဖြစ်ခဲ့တယ်လေ စာတန်က ကျွန်မကိုနက်နက်ရှိုင်းရှိုင်း ဒဏ်ရာရအောင်လုပ်ခဲ့တာမှန်ပေမဲ့ ကျွန်မသမီးအပေါ် ပိုပြီးအနာတရဖြစ်စေခဲ့တာပါ ကျွန်မတို့ တစ်မိသားစုလုံး စာတန်ရဲ့အယူမှားဖြစ်တဲ့ “အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတဲ့စကားနဲ့ ထိခိုက်ခဲ့ရတာပါ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို... စာတန်က လူတွေကို လှည့်စားပြီး ဖျက်ဆီးဖို့အတွက် အသိပညာကို ဘယ်လိုအသုံးပြုသလဲဆိုတာကို ပြခဲ့ပါတယ်။ အသိပညာဆိုတာ သမ္မာတရားမဟုတ်ပါဘူး..ကျွန်မတို့ကိုမပြောင်းလဲပေးနိုင်သလို မကယ်တင်ပေးနိုင်ပါဘူး ဘုရားကသာလျှင် သမ္မာတရားဖြစ်ပြီးတော့ ဘုရားရဲ့နှုတ်ကပတ်တော်တွေကပဲ ကျွန်မတို့ကိုကယ်တင်နိုင်မှာပါ အခုဆို ကျွန်မသမီးကိုဘုရားကိုယုံကြည်ဖို့၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို လေ့လာဖို့နဲ့ သမ္မာတရားနဲ့အညီနေနိုင်အောင် လမ်းညွှန်ပေးတာက... ဘ၀ရဲ့တစ်ခုတည်းသော မှန်ကန်တဲ့လမ်းကြောင်းဆိုတာ သိလိုက်ရပါပြီ

တစ်ရက်မှာ... ရန်ဖြစ်၊စကားများ၊ဆေးလိပ်သောက် မူးယစ်နေပြီး လူမြင်သူမြင်ရည်းစားထားတဲ့ ကျောင်းသူတွေအကြောင်း ကျွန်မသမီးက လာပြောပြပါတယ် ကျောင်းကလည်း ဒီလိုအပြုအမူတွေကို မျက်ကွယ်ပြုထားကြပြီးတော့ သူတို့မိဘတွေကလည်း ဘာမှ မတတ်နိုင်ကြဘူး။ ကျွန်မသမီးကို သူဘယ်လိုထင်လဲဆိုတာမေးကြည့်တော့ သူပြောတာက... “သမီးက ဘုရားကိုယုံကြည်တယ်၊ ဘုရားမနှစ်သက်တဲ့အတွက် အဲဒီလိုအလုပ်တွေ သမီးမလုပ်ပါဘူး” တဲ့လေ ကျွန်မအရမ်းစိတ်လှုပ်ရှားသွားတယ် ကျွန်မသာ သူ့ကိုဘုရားရှေ့မှောက်ဆီ မခေါ်လာခဲ့ဘူး၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီး သမ္မာတရားကိုနားလည်အောင် မသင်ပေးခဲ့ဘူးဆိုရင် သူလည်း တခြားကလေးတွေလို မှားယွင်းတဲ့လမ်းပေါ် ကျသွားလောက်ပြီလေ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကိုပြောင်းလဲပေးခဲ့ပြီးတော့... အသိပညာဆိုတဲ့နှောင်ကြိုးတွေကနေ လွတ်မြောက်စေခဲ့ပြီး... ကျွန်မသမီးကို စစ်မှန်တဲ့လမ်းကိုလျှောက်ဖို့လမ်းညွှန်နိုင်အောင် ကူညီပေးခဲ့တာပါ ကျွန်မရဲ့နှလုံးသားအနက်ရှိုင်းဆုံးနေရာကနေ အနန္တတန်ခိုးရှင်ဘုရားကို စောင့်ရှောက်ပေးမှုနဲ့ ကယ်တင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သန့်စင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်သို့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို ဦးဆောင်ခဲ့သည်

ဂန်ချန်း၊ အမေရိကန်ပြည်ထောင်စု အသက်ရှင်ရပ်တည်ရန် ကြိုးစားလုပ်ဆောင်ဖို့ စင်္ကာပူကို ၂၀၀၇ ခုနှစ်တွင် ကျွန်တော့်ဘာသာ လာခဲ့ပါသည်။ စင်္ကာပူက...

ကွာရှင်းပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းသည်

လုရှီ၊ ဂျပန်နိုင်ငံ ၂၀၁၅ ခုနှစ်တွင်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးက ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်စေ ခဲ့သည်။ အနန္တတန်ခိုးရှင်...