သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် ကျွန်မ သင်ယူခဲ့ပြီး သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့သည်

180

အစ်ကို ကျန်းက သူ၏ မိတ်သဟာယကို ဆက်ပြီး၊ “ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်။ ဘုရားရဲ့ အမှုတော်နဲ့ဆိုင်တဲ့ အခြေခံသဘောတရားတွေအားဖြင့် စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေကြား ခွဲခြားသိမြင်နိုင်တဲ့အပြင်၊ သူတို့ကို ခရစ်တော်ရဲ့ အနှစ်သာရအားဖြင့်လည်း ခွဲခြားနိုင်ပါတယ်” ဟု ပြောလေသည်။ ထိုအချိန်တွင်၊ အစ်ကို ကျန်းက ဘုရားနှုတ်ကပတ်တော်ကျမ်းတစ်ပိုဒ်ကို ပို့ခဲ့ပါသည်။ “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲက “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

အစ်ကိုကျန်းက သူ၏ မိတ်သဟာယကို ဆက်ပြောခဲ့ပါသည်။ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ခရစ်တော်ဟာ ဘုရား ဝိညာဉ်တော်ရဲ့ လူ့ဇာတိခံယူခြင်းဖြစ်တယ်ဆိုတာ အစ်ကိုတို့ မြင်နိုင်တယ်။ သူက ဘုရားသဘာဝ အနှစ်သာရကို ပိုင်ဆိုင်တယ်။ ဘုရားအမှုတော်ကို သူ ဆောင်ရွက်တယ။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သူဖော်ပြတယ်။ အချိန်မရွေး၊ နေရာမရွေး လူကို ထောက်ပံ့ဖို့နဲ့ ထိန်းကျောင်းဖို့ သမ္မာတရားကို သူဖော်ပြနိုင်တယ်။ ပြီးတော့ ခရစ်တော်ကပဲ လူကိုကယ်တင်တဲ့ အမှုကို ဆောင်ရွက်နိုင်တယ်။ ဥပမာအားဖြင့်၊ သခင်ယေရှုက ခရစ်တော်ဖြစ်ပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေက ပညတ်တော်ခေတ်ကို အဆုံးသတ်စေပြီး ကျေးဇူးတော်ခေတ်ကို စတင်စေခဲ့တယ်။ လူသားမျိုးနွယ်ကို နောင်တလမ်းပေးဖို့ သူ့ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း သူ ပြောဆိုခဲ့တယ်။ အခက်အခဲတွေ ဖြစ်ပေါ်တဲ့အခါ လိုက်လျှောက်ဖို့ လမ်းတစ်ခု အစ်ကိုတို့ ရှိနိုင်ဖို့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ သတ်မှတ်ချက်တွေ အစ်ကိုတို့ကို ရှင်းရှင်းလင်းလင်း သိနိုင်စေခဲ့တယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေတဆင့် သခင့်ဆီ ဘယ်လိုဆုတောင်းရမယ်၊ အချင်းချင်း ဘယ်လိုအဆင်ပြေပြေနေရမယ်၊ အချင်းချင်း ဘယ်လိုခွင့်လွှတ်ရမယ်၊ စတာတွေကို လူက နားလည်သဘောပေါက်တယ်။ ဒါ့အပြင်၊ သခင်ယေရှုက သနားကြင်နာခြင်းနဲ့ ကရုဏာတော်နဲ့ဆိုင်တဲ့ သူ့ရဲ့ စိတ်သဘောထားကို ဖော်ပြခဲ့ပြီး နာမကျန်းဖြစ်သူတွေကို ကျန်းမာစေပြီး၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့သလို လူသားအပေါ် အဆုံးမရှိတဲ့ ကျေးဇူးတော်ကို ပေးသနားခဲ့တယ်။ နောက်ဆုံးမှာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သူကားစင်တင်ခံခဲ့ရတယ်။ ဒီလိုနဲ့ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ဖို့အမှုတော်ကို ပြည်စုံစေပြီး ပညတ်တရားရဲ့ ချည်နှောင်မှုတွေနဲ့ ချုပ်ချယ်မှုတွေကနေ အစ်ကိုတို့ကို ကယ်တင်ခဲ့တဲ့အပြင် ပညတ်တရားကို ချိုးဖောက်တဲ့အတွက် စီရင်ခံရပြီး သေခြင်းကို အပို့ခံရမယ့်အန္တရာယ်ကနေ အစ်ကိုတို့ကို လွတ်ကင်းချမ်းသာစေခဲ့တယ်။ ဒါတွေက သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ အရာတစ်ချို့တစ်လေ ဖြစ်ပြီး သူ့ကိုယ်စား ဘယ်သူမှ အဲဒါတွေကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကနေ သူဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ အစ်ကိုတို့ မြင်နိုင်တယ်။ အလားတူပဲ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်က နောက်တစ်ခါ လူ့ဇာတိဖြစ်လာခဲ့ပြီး ကျေးဇူးတော်ခေတ်ကို သူ အဆုံးသတ်ခဲ့သလို နိုင်ငံတော်ခေတ်ကို စတင်ခဲ့ပါတယ်။ သူက သန်းချီတဲ့ နှုတ်ကပတ်တော်တွေကို မိန့်မြွက်ပြီးပြီ၊ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို သူ ဆောင်ရွက်တယ်။ ပြီးတော့ ဘုန်းအာနုဘော်တော်ဖြစ်တဲ့၊ အမျက်ဒေါသနဲ့ပြည့်ပြီး ချိုးဖောက်လို့မရတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူ ဖော်ပြပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောဆိုတဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးနဲ့ လူသားရဲ့ အဆုံးသတ်နဲ့ နောက်ဆုံးခရီးပန်းတိုင်တို့ကို ဖွင့်ဟရုံသာမက၊ အစ်ကိုတို့ သန့်စင်ခံရဖို့နဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းရဖို့ လိုအပ်တဲ့ သမ္မာတရားတွေကိုလည်း ပြီးပြည့်စုံတဲ့ရှင်းလင်းမှုနဲ့ အသေးစိတ်ရှင်းပြပါတယ်။ ဥပမာအနေနဲ့ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေပုံ၊ စာတန်ရဲ့ လက်ထဲက လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရား၊ လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘုရားသခင်က စီရင်ပြီး သန့်စင်စေပုံ၊ ဘုရားသခင်ကို လူက ဘယ်လို ယုံကြည်ပြီး နာခံသင့်တယ်၊ ဘယ်လိုလူမျိုးကို ဘုရားသခင်က နှစ်သက်တယ်ဆိုတာနဲ့ ဘယ်လိုလူမျိုးကို သူက မုန်းတီးပြီး သုတ်သင်ဖယ်ရှားတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စုံလင်စေတာခံရဖို့ အစ်ကိုတို့ ဘယ်လိုရှာဖွေလိုက်စားသင့်တယ်၊ စတာတွေကိုပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို တွေ့ကြုံခြင်းကနေတဆင့်၊ စာတန်အားဖြင့် အစ်ကိုတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရနဲ့ အရင်းအမြစ်တွေကို ရှင်းရှင်းလင်းလင်း အစ်ကိုတို့ မြင်နိုင်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်၊ သန့်ရှင်းပြီး ချိုးဖောက်လို့မရတဲ့ စိတ်သဘောထားကို အစ်ကိုတို့ နားလည်လာကြတယ်။ အဲဒီနောက် အစ်ကိုတို့ မနေနိုင်ဘဲ ဘုရားသခင်ရဲ့ ရှေ့မြေပေါ်မှာ စစ်မှန်တဲ့ နောင်တနဲ့ ပြိုလဲကြတယ်။ ဘုရားသခင်အပေါ် ပိုပိုပြီး အစ်ကိုတို့ ကြည်ညိုကြသလို နာခံမှုရှိလာကြပြီး၊ တဖြည်းဖြည်းနဲ့ အစ်ကိုတို့ရဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အစ်ကိုတို့ စွန့်ပစ်ကြတယ်။ အပြစ်တရားရဲ့ ချည်နှောင်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် လွတ်စေကြပြီး ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေနဲ့ အမှုတော်က ကျွန်တော်တို့ဆီ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို ယူဆောင်လာတယ်။အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူဟာ လူ့ဇာတိဖြစ်လာတဲ့ ခရစ်တော်ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက လူသားမျိုးနွယ်ကို ကယ်တင်တဲ့အမှုကို ဆောင်ရွက်ဖို့မပြောနဲ့၊ ဘုရားသခင်ရဲ့ အနှစ်သာရကို မပိုင်ဆိုင်ကြသလို သမ္မာတရားကို မဖော်ပြနိုင်ကြပါဘူး။ သူတို့က လူတွေကို လှည့်ဖြားပြီး ထိခိုက်စေဖို့ မှန်သလိုလိုထင်ရပေမယ့် တကယ်တမ်းမှားနေတဲ့ အရာတစ်ချို့ကိုပဲ ပြောနိုင်ကြတယ်။ တစ်ယောက်ယောက် သူတို့ပြောတာကို နားထောင်တဲ့အခါ၊ ဘယ်လိုထောက်ပံ့မှုကိုမှ သူတို့ မရရုံသာမက၊ ဒါ့အပြင် သူတို့ရဲ့ စိတ်နှလုံးသားတွေက ဆိုးသထက်ဆိုးလာကြတယ်။ သူတို့မှာ လှည့်ပြန်စရာနေရာမရှိကြသလို၊ စာတန်ရဲ့ ဝါးမြှိုခံရတဲ့အဖြစ်နဲ့ မလွဲမရှာင်သာ အဆုံးသတ်ကြရတယ်။ ဒါကြောင့်၊ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေ၊ အမှုတော်နဲ့ စိတ်သဘောထားတွေကနေ၊ ခရစ်တော်သာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ အစ်ကိုတို့ သေချာလေ့လာသိရှိနိုင်ကြပါတယ်။”

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်ကို၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက် စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ပုံနှင့်ဆိုင်သည့် သမ္မာတရားကို ပြည့်ပြည့်စုံစုံ ကျွန်မ နားလည်လာခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မတွေးလိုက်သည်။ “ခရစ်တော်သာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပြီး ခရစ်တော်ကပဲ သမ္မာတရားကို ဖော်ပြနိုင်သလို ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အမှုတော်ကို ဆောင်ရွက်နိုင်တယ်။ သူတို့ကိုယ်သူတို့ ခရစ်တော်လို့ အမည်ပေးကြပေမယ့် သမ္မာတရားကို ဖော်ပြနိုင်စွမ်းမရှိသလို လူကိုကယ်တင်တဲ့ အမှုတော်ကို မဆောင်ရွက်နိုင်တဲ့သူအားလုံးဟာ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေပဲ။ အခု ရှေ့ဆက်ရမယ့်လမ်းခရီးကို ငါရှာတွေ့ပြီ။ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေရဲ့ လှည့်ဖြားခံရမှာ၊ စဉ်ဆက်မပြတ် မတုန်မလှုပ်နဲ့ သတိထားနေရမှာကို ငါမကြောက်တော့ဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

နောက်ပိုင်းအချိန်တစ်လျှောက်တွင် အစ်ကိုကျန်းက လူ့ဇာတိခံခြင်း၏ နက်နဲမှု၊ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်ကြား ကွဲပြားခြားနားမှု၊ သမ္မာကျမ်းစာ၏ အတွင်းပိုင်း ဇာတ်ကြောင်းနှင့် နောက်ထပ်အကြောင်းအရာများကဲ့သို့သော အခြားသော သမ္မာတရားများနှင့် ပတ်သက်၍ ကျွန်မကို မိတ်သဟာယပြုပေးခဲ့ပါသည်။ ကျွန်မ ပိုနားထောင်လေလေ၊ ပိုမို စိတ်ကျေနပ်မှုကို ခံစားရလေလေဖြစ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမများနှင့်အတူ ဝတ်ပြုအစည်းအဝေးများ တက်ရောက်ဖို့ရန် နေ့တိုင်း ကျွန်မ စောင့်မျှော်ခဲ့ပါသည်။ ဝတ်ပြုအစည်းအဝေး အဆုံးသတ်သည့် အကြိမ်တိုင်းတွင်၊ ကျွန်မတို့ကို ဆန်းသစ်စွာ အလင်းပြခဲ့သည့် အရာများကို ကျွန်မအမေနှင့်အတူ ကျွန်မ ဆွေးနွေးလေ့ရှိပြီး၊ တဖြည်းဖြည်းနှင့် နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်၍ နားလည်သဘောပေါက်မှုအချို့ ကျွန်မ ရှိလာခဲ့ပါသည်။ ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်း ကာလတစ်လျှောက်တွင် အနန္တတန်ခိုးရှင်မှာ အမှန်ပင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ သေချာလာခဲ့သည်။ ထို့နောက် ဧဝံဂေလိတရားကို ကျွန်မ စတင်ဖြန့်ဝေခဲ့ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းအတွက် တောင့်တကြသည့် နောက်ထပ်လူများစွာကိုဆီ သခင်ပြန်ကြွလာသည့် သတင်းကို စတင်ပြောခဲ့ပါသည်။

ဆိုးညစ်သော အစေခံတို့က သူတို့၏ စရိုက်မှန်များကို ပြသကြသည်

နောက်ပိုင်းတွင် ကျွန်မ အမေနှင့် ကျွန်မတို့သည် သောကြာနေ့ ဝတ်ပြုကိုးကွယ်မှုကို တက်ရောက်ဖို့ အရင်အသင်းတော်သို့ သွားခဲ့ကြပါသည်။ အစည်းအဝေးပြီးသည့်နောက်တွင် ကျွန်မတို့အဖို့ အံ့အားသင့်ဖွယ်ရာပင်၊ သင်းအုပ်ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲမှုများပါရှိသည့် ဗွီဒီယိုတစ်ခုကို စတင်ဖွင့်လိုက်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ကာ သူတို့ စွတ်စွဲထားသည့် လုပ်ကြံထားသော ကောလဟလများ နှင့် အသရေဖျက်မှုတို့ကို မြင်သည့်အချိန်တွင် ကျွန်မ စိတ်ဆိုးလာခဲ့ပြီး၊ “အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က သူတို့ပြောသလို လုံးဝ မဟုတ်ဘူး။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ပတ်သက်စရာ ဘာမှမရှိသလို၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို သူတို့ မလေ့လာမဆန်းစစ်ခဲ့ကြပါဘူး။ ဘယ်လိုဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ အခြေအမြစ်မရှိ၊ ထင်ရာမြင်ရာ ဝေဖန်နိုင်ရတာလဲ” ဟု တွေးမိခဲ့ပါသည်။

ဗွီဒီယိုပြီးသွားသည့်အခါ၊ သင်းအုပ်ဆရာ၊ သင်းထောက်နှစ်ဦးနှင့် အသင်းတော်ကောင်စီအဖွဲ့ဝင်နှစ်ဦးတို့က ကျွန်မအမေနှင့် ကျွန်မတို့ကို နေခဲ့ဖို့ရန် တောင်းဆိုခဲ့ကြသည်။ သင်းအုပ်ဆရာက ကျွန်မတို့ကို၊ “အခု ခင်ဗျားတို့ နှစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ ဖြစ်နေကြပြီလား” ဟု မေးခဲ့သည်။ ကျွန်မတို့က “ဟုတ်ပါတယ်” ဟု ပြန်ဖြေခဲ့ကြသည်။

ဤအရာကို ကျွန်မတို့ ပြောလိုက်သည့်အခိုက်အတန့်တွင် သင်းထောက် တစ်ဦးက ရုတ်တရက် သူ၏ခြေကို ဆောင့်လိုက်ပြီး၊ ကျွန်မအမေကို လက်ညိုးထိုးကာ၊ စိတ်ဆိုးမာန်ဆိုးဖြင့် “ဒီတော့ ခင်ဗျားက အနန္တတန်ခိုးရှင် ဘုရားသခင်ကို အခု ယုံကြည်နေပြီပေါ့။ မနက်ဖြန်ကစပြီး ခင်ဗျား ဥပုသ်စာဖြေကျောင်းကို သင်ခွင့်မရှိတော့ဘူး။ မနက်ဖြန်နေ့လည်၊ ခင်ဗျားအိမ်ကို ကျုပ်လာပြီး အသင်းတော်ငွေကို ပြန်ယူမယ်” ဟု ပြောလိုက်သည်။

ကျွန်မအမေက “ ရှင်ကြိုက်တဲ့အချိန် ယူနိုင်ပါတယ်” ဟု ပြောခဲ့သည်။

သင်းအုပ်ဆရာက ဒေါသတကြီးဖြင့် “ဘာသာရေးလောကတစ်ခုလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး ရှုတ်ချကြတယ်။ ဘာလို့ ခင်ဗျားတို့က သူတို့နဲ့ ဆက်ပြီး အဆက်အသွယ် လုပ်နေကြတာလဲဗျာ” ဟု မေးခဲ့သည်။

ကျွန်မ အမေက ခွန်းတုန့်ပြန်ကာ၊ “သင်းအုပ်ရေ၊ ဘာသာရေးလောကက သမ္မာတရားကို ပိုင်ဆိုင်လို့လား။ သခင်ယေရှုက ဘာသာရေးလောကကို နာခံခြင်းဖြင့်ပဲ သူ့ကို ကြိုဆိုနိုင်တယ်လို့ ပြောခဲ့ဖူးလို့လား။ လွန်ခဲ့တဲ့ နှစ်တွေအားလုံးမှာ သခင်ယေရှု ပေါ်ထွန်းပြီး သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ခဲ့တုန်းက၊ ဂျူးလူမျိုး ခေါင်းဆောင်တွေက သူ့အမှုတော်ကို ရှာဖွေဖို့ ဒါမှမဟုတ် လေ့လာဆန်းစစ်ဖို့ ငြင်းပယ်ခဲ့ကြရုံသာမက ယုံကြည်သူတွေက ဒါကို လက်ခံကြတာကိုလည်း တားဆီးပိတ်ပင်ကြတယ်။ ပြီးတော့ ယေရှုအကြောင်း ကောလဟလတွေကိုတောင် ဖန်တီးကြပြီး သူ့ကို ထိတ်ထိတ်ပျာပျာ ဆန့်ကျင်အာခံခဲ့ကြတယ်၊ ဝေဖန်ခဲ့ကြပြီး ရှုတ်ချခဲ့ကြတယ်။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ကြပြီး ဒီလိုနဲ့ ဘုရားသခင်ရဲ့ ကျိန်ဆဲတာ၊ အပြစ်ပေးတာကို သူတို့ ခံခဲ့ကြရတယ်။ ကျွန်မတို့က ရှင်ပြောတဲ့အရာကို လိုက်နာပြီး ဘာသာရေးလောကက ဆန့်ကျင်ပြီး ရှုတ်ချတဲ့ ဘယ်လမ်းကိုမဆို မှန်တဲ့လမ်းမဟုတ်ဘူးလို့ ပြောရင်၊ အဲဒါက ရှင်ဟာ သခင်ယေရှုရဲ့ အမှုတော်ကိုတောင် ငြင်းပယ်နေတာလို့ အဓိပ္ပါယ်မရဘူးလား။ ရှင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြီး ရှုတ်ချရာမှာ ဘာသာရေးလောကနဲ့ သဘောတူတယ။ ပြီးတော့ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေဖို့နဲ့ လေ့လာဆန်းစစ်ဖို့ ရှင်ငြင်းတယ်လေ။ဒါက သမ္မာတရားနဲ့ ကိုက်ညီလို့လား။ အသင်းတော်ရဲ့ သင်းအုပ်ဆရာနဲ့ သင်းထောက်တွေအနေနဲ့၊ ရှင်တို့က ဘာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လေ့တောင်မလေ့လာဘဲနဲ့ ထင်ရာမြင်ရာ ရှုတ်ချပြီး ဝေဖန်ကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များစွာကို ဖတ်ရာကနေတဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာနဲ့ အဲဒါတွေက ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာ မြင်ရခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်မတို့ သေချာလာကြတာပါ” ဟု ပြောလိုက်သည်။ အံ့အားသင့်စရာကောင်းအောင်ပင်၊ သူတို့က ကျွန်မအမေပြောသည့်အရာကို အထင်သေး အရေးမလုပ်ခဲ့ကြသလို လုံးဝ လက်မခံခဲ့ကြပါ။

ကျွန်မအမေက သူ၏ ဖုန်းထဲက အက်ပလီကေးရှင်းတစ်ခုကို ဖွင့်လိုက်ပြီး သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ပြခဲ့သည်။ ထို့နောက် အသင်းတော် ကောင်စီအဖွဲ့ဝင်တစ်ဦးသည် အလွန်မောက်မာစွာ စကားပြောဆိုခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်သည့် စော်ကားပြစ်မှားသော အရာများကို ပြောလေသည်။ ကျွန်မအမေက ဒေါသတကြီး၊ “ရှင်တို့က မယုံနိုင်လောက်အောင် မောက်မာလိုက်တာ။ ဒီနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်။ရှင် မကြားရဘူးလား။ ဘုရားသခင်ရဲ့ အသံတော်ကို ရှင်ကြားတဲ့အခါ ရှင် နားမလည်နိုင်ဘူးလား။ ရှင်က ဘုရားရဲ့သိုး ဟုတ်ရဲ့လား” ဟု ပြောဆိုခဲ့ပါသည်။

သူတို့က ပျော်ရွှင်မှုမပါဘဲ ပြုံးလိုက်ကြပြီး ကျွန်မတို့ကို မာန်တက်စွာဖြင့်ပင် ကြည့်နေကြလေသည်။ ထို့နောက် သင်းအုပ်ဆရာက မိမိကိုယ်ကိုယ် ကြီးကျယ်စွာဖြင့်၊ “ငါတို့ စောင့်ဆိုင်းကြတဲ့ သူက သူ့လက်မှာ သံမှိုစွဲရာရှိပြီး ဂျူးလူမျိုး ပုံစံနဲ့ လာတဲ့ သခင်ယေရှုပဲ။ သခင်ယေရှုကလွဲလို့၊ ဘာကိုမှ ငါတို့ လက်ခံမှာမဟုတ်ဘူး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့အရာက သမ္မာတရားဆိုရင်တောင်မှပေါ့” ဟု ဆိုလေသည်။ သူတို့ အဘယ်မျှ ခေါင်းမာကြသည့်အဖြစ်ကို မြင်ရသည့်အခါ ကျွန်မအမေနှင့် ကျွန်မသည် သူတို့ကို ဆွေးနွေးဖို့ ကြိုးစားခြင်းကို လက်လျှော့လိုက်ကြသည်။ သူတို့၏ အပြုအမူက သခင်ယေရှုကို အာခံခဲ့ကြသည့် ဖာရိရှဲတို့၏ အပြုအမူများနှင့် တစ်ထေရာတည်းဖြစ်သည်ကို ကျွန်မ မြင်ခဲ့ရပါသည်။ သူတို့က ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သမ္မာတရားကို မရှာဖွေခဲ့ကြသလို၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ အရေးမစိုက်ခဲ့ကြပါ။ ယင်းအစား သူတို့က မာနထောင်လွားပြီး စိတ်ကြီးသာ ဝင်ခဲ့ကြသည်။ ခေါင်းမာမာဖြင့် သူတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို ဖက်တွယ်ခဲ့ကြပြီး ဘုရားသခင်၏ အမှုတော်ကို သူတို့ ထင်ရာမြင်ရာ ဝေဖန်ပြီး ဆန့်ကျင်ခဲ့ကြသည်။သူတို့သည် ဘုရားသခင်ကို အစေခံသော်လည်း အမှန်တကယ်တွင် သူ့ကို ဆန့်ကျင်နေကြသည့် သူများ ဧကန်အမှန် ဖြစ်ကြပါသည်။

ထို့နောက် သင်းအုပ်ဆရာက ကျွန်မတို့ကို ခြိမ်းခြာက်ခဲ့ပြီး “ခင်ဗျားတို့ ဆင်ခြင်သုံးသပ်ဖို့ တစ်လ ကျွန်တော်တို့ ပေးလိုက်မယ်။ တကယ်လို့ တစ်လဆိုတဲ့အချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခင်ဗျားတို့ မရမက ယုံကြည်နေကြသေးတယ်ဆိုရင် ကျွန်တော်တို့ အသင်းတော်ကနေ ခင်ဗျားတို့ကို မောင်းထုတ်ရလိမ့်မယ်” ဟု ပြောခဲ့သည်။

ကျွန်မက စိတ်ဆိုးမာန်ဆိုးဖြင့် “တစ်လ စောင့်စရာမလိုပါဘူး။ အခုပဲ ကျွန်မတို့ကို မောင်းထုတ်လိုက်ပါ။ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေတာနဲ့ လေ့လာဆန်းစစ်တာတွေအတွက် ဒီအချိန်ကို အသုံးပြုခဲ့မှတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်မတို့ သေချာနှင့်ပြီးပါပြီ။ ဘုရားသခင်ရဲ့ အသံတော်ကို နောက်ဆုံးမှာ ကျွန်မတို့ ကြားရပြီ။ ဒါကြောင့် ရှင်က ကျွန်မတို့ကို မနှင်ထုတ်ရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ဒီအသင်းတော်က ဝတ်ပြုအစည်းအဝေးတွေကို တက်ဖို့ ကျွန်မတို့ ပြန်လာမှာမဟုတ်ဘူး” ဟု ပြောလိုက်သည်။

သင်းအုပ်ဆရာက သူ့လေသံကို လျော့လိုက်ပြီး မရိုးသားစွာဖြင့်၊ “ အဲဒီလိုဆို အဆင်ပြေမှာမဟုတ်ဘူး။ အခုခင်ဗျားတို့ကို နှင်ထုတ်လိုက်ရင် ညီအစ်ကို မောင်နှမတွေက ကျွန်တော်တို့ကို ဘယ်လိုထင်မလဲ။ သူတို့က ခင်ဗျားတို့ အွန်လိုင်းပေါ်က အစည်းအဝေးတစ်ချို့တက်တာလေးနဲ့ပဲ ကျွန်တော်တို့ နှင်ထုတ်တယ်တို့ ပြောကြမှာပဲ။ အဲဒါဆိုရင် ကျွန်တော်တို့က လုံးဝ သနားကြင်နာမှုမရှိသလို ဖြစ်နေမှာလေ။ တစ်လဆိုတဲ့အချိန်မှာ ကျွန်တော်တို့က ခင်ဗျားတို့ကို ကြိုးစားပမ်းစား ဆွေးနွေးခဲ့ပြီးပြီ၊ ပြီးတော့ ဆင်ခြင်သုံးသပ်ဖို့ လုံလောက်တာထက်ပိုတဲ့အချိန်ကို ခင်ဗျားတို့ကို ပေးခဲ့ပြီးပြီ၊ ဒါပေမယ့် နောက်ဆုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခင်ဗျားတို့ မရမက ယုံကြည်ခဲ့ကြသလို အသင်းတော်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲဒီနောက်မှပဲ ခင်ဗျားတို့ကို ကျွန်တော်တို့ နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့ ပြောမယ်” ဟု ဆိုလေသည်။

ဤအရာကို သင်းအုပ်ဆရာ ပြောသည်ကို ကြားသည့်အခါ၊ ကျွန်မ စက်ဆုပ်ရွံရှာမှုကို ခံစားခဲ့ရပြီး သူတို့ကို နောက်ထပ် စကားတစ်လုံးမျှ မပြောလိုတော့ပါ။ ထို့နောက် ကျွန်မအမေကို ကျွန်မနှင့်အတူ ဆွဲခေါ်ရင်း စတင်ထွက်ခွာခဲ့သည်။ ကျွန်မတို့ ထွက်လာသည့်အချိန်တွင်ပင် သင်းအုပ်ဆရာက သတိပေးချက်တစ်ခု ကျွန်မတို့ကို ပေးခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံတာ၊ မယုံတာ ခင်ဗျားတို့ သဘောပဲ။ ဒါပေမယ့် ကျွန်တော်တို့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို အဆက်အသွယ်တစ်ခုခု လုပ်ဖို့ ကျွန်တော် ခင်ဗျားတို့ကို ခွင့်မပြုဘူး။”

ဘုရားကျောင်းကို ကျွန်မတို့ စွန့်ခွာခဲ့သည့်အချိန်တွင် နံနက် တစ်နာရီကျော် ထိုးနှင့်ပြီ ဖြစ်သည်။ ယခုတင်ဖြစ်ပျက်ခဲ့သည့်အရာကို ကျွန်မ ပြန်တွေးကြည့်သည့်အခါ အလွန်ကောင်းမြတ်ပြီး အကျင့်သိက္ခာရှိသကဲ့သို့ ကျွန်မတို့ အလွန်လေးစားရိုသေခဲ့ကြသည့် သင်းအုပ်ဆရာ၊ တရားဟောဆရာက ထိုကဲ့သို့ ဖြစ်ရသည်ကို ကျွန်မ ယုံကိုမယုံနိုင်ခဲ့ပါ။ ထို့နောက်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲ ရောက်လာခဲ့သည်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် “အကြမ်းပတမ်းဇာတိခန္ဓာ” များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်”)

သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သခင်၏ အစေခံများဖြစ်ကြပြီး၊ သမ္မာကျမ်းစာကို သူတို့ နားအလည်ဆုံးဖြစ်သင့်ပြီး ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးသော လူများ ဖြစ်သင့်သည်ဟု ကျွန်မ အမြဲ တွေးထင်ခဲ့ပါသည်။ သခင် ပြန်ကြွလာသည့်အခါသူတို့က သခင့်ကို တကယ်ကြိုဆိုနိုင်ကြလိမ့်မည်ဟု ကျွန်မ အမြဲတွေးခဲ့သည်။ သခင်ပြန်ကြွလာသည့် သတင်းကို သင်းအုပ်ဆရာက ကြားသည့်အချိန်တွင် ထိုအရာကို သူက မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ရုံသာမက အလွန်မာနထောင်လွှားလာပြီး မိမိကိုယ်ကိုယ် ကြီးကျယ်လာကာ သူ၏ အယူအဆများနှင့် စိတ်ကူးများကို ခေါင်းမာမာနှင့် ဖက်တွယ်လိမ့်မည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော် နှစ်ခုလုံးကို သူဝေဖန်ပြီး ရှုတ်ချလိမ့်မည်ကိုလည်းကောင်း ကျွန်မ လုံးဝ စိတ်မကူးခဲ့ဖူးပါ။ သူသည် လုံးဝ ဘုရားကို ကြောက်ရွံ့သည့်စိတ်နှလုံးကင်းမဲ့ပါသည်။ ထိုမျှပင်ဖြစ်သောကြောင့် “သိုးစုကို ကာကွယ်နေ” သကဲ့သို့ ဟန်ဆောင်ပြီး သူ၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ထိန်းသိမ်းဖို့ရန်အတွက်သက်သက်ဖြင့် သူသည် ယုံကြည်သူများ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာဆန်းစစ်ခြင်းအား နှောင့်ယှက်ပြီး တားဆီးလေသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံကြသည့် ယုံကြည်သူများကို၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ခြိမ်းခြောက်ဖို့ နှင့် သူတို့ကို ကြောက်လှန့်စေဖို့ နှင်ထုတ်ခြင်းကို အသုံးချခဲ့ကြပြီး၊ သူတို့၏ ညီအစ်ကို မောင်နှများကို သူတို့မှ ဧဝံဂေလိတရား မဟောနိုင်ကြဖို့ရန်အလို့ငှာ သူတို့အသင်းတော်က အခြားသော ညီအစ်ကို မောင်နှမများက သူတို့ကို ပစ်ပယ်အောင် လုပ်ကြလေသည်။ သူတို့သည် အလွန်ဆိုးကြပြီး မလိုမုန်းထားမှုရှိကြသည်။ သူတို့၏ ရာထူးများနှင့် အသက်မွေးမှုများကို ထိန်းသိမ်းဖို့ရန်အလို့ငှာ၊ ယေရှု၏ အချိန်ကာလက ဖာရိရှဲတို့သည် သခင့်ကို လွန်လွန်ကဲကဲ အာခံကာ ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်ပေါ်တွင် ကားစင်တင်ခဲ့ကြသည်။ ယနေ့ခေတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများကဲ့သို့သော အနှစ်သာရများ တစ်ထေရာတည်း ရှိကြသည။သူတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် အန္တိခရစ်များ ဖြစ်ကြပြီး လူ၏ ဝိညာဉ်ကို ဝါးမြှိုကြသည့် နတ်ဆိုးများ ဖြစ်ကြသည်။ ထိုအခိုက်အတန့်တွင်၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိသလို ဘုရားသခင်၏ အမှုတော်ကို မသိသည့်အခါ၊ မည်မျှပင် သူတို့က ဒုက္ခခံစားရပုံပေါ်ပါစေ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် မည်မျှပင် အသုံတော်ခံပုံပေါ်ပါစေ၊ ဘုရားသခင်ကို သူတို့ အမြဲသာ အာခံကြပြီး သူတို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် မှီခိုခြင်းဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည်ကို နောက်ဆုံးတွင် ကျွန်မ လုံးဝ နားလည်သဘောပေါက်ခဲ့သည်။

ထိုအခိုက်အတန့်တွင်၊ ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းကို ဖော်ပြပြီး မချီးမွမ်းဘဲ မနေနိုင်ခဲ့ပါ။ ပြန်စဉ်းစားကြည့်သည့်အခါ၊ ကျွန်မသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့၏ သူတော်ကောင်းယောင်ဆောင်သော အသွင်အပြင်အားဖြင့် လှည့်ဖြားခံခဲ့ရပြီး သူတို့ကို အမြဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မိခဲ့သည်။ သူတို့နောက်လိုက်ပြီး နာခံခဲ့သည်။ ပြီးလျှင် သခင့်ကို ကြိုဆိုခြင်းကိစ္စတွင်၊ သူတို့နှင့် သဘောတူခဲ့ပြီး ဘုရားသခင်ကို အာခံခဲ့ပါသည်။ သူတို့သည် မည်သို့သောသူများဖြစ်သည်ကို ဘုရားသခင်မှ ဖော်ထုတ်ပြခြင်းက ကျွန်မကို သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ သမ္မာတရားကို မုန်းတီးခြင်း၊ ဘုရားသခင်ကို မုန်းတီးသော နတ်ဆိုးဆန်သည့် အနှစ်သာရတို့ကို နောက်ဆုံးတွင် မြင်တွေ့ခွင့်ပေးခဲ့ပါသည်။ ထို့နောက် ကျွန်မ၏ ဝိညာဉ်အတွက် သူတို့ ချထားသည့် ထောင်ချောက်ကို ကျွန်မ ကျော်ဖြတ်နိုင်ခဲ့ပြီး သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ခဲ့ပါသည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို အမှန်တကယ် ကျေးဇူးတင်မိပါသည်။ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ရန်အလို့ငှာ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းရှေ့တွင်ရှိသည့် လမ်းကြောင်းပေါ်တွင် သမ္မာတရားကို လေးလေးနက်နက် လေ့လာလိုက်စားဖို့ ကျွန်မ ဆန္ဒရှိပါသည်။

သက်ဆိုင်သည့် အကြောင်းအရာ