စစ်မှန်သော အိမ်တစ်ခုကို ကျွန်မ ရှာတွေ့ပြီ

01.12.2019

ယန်ယန်၊ အမေရိကန် ပြည်ထောင်စု

ကျွန်မ သုံးနှစ်သမီးအရွယ်တွင်၊ ကျွန်မ အဖေ ဆုံးပါးခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မ အမေက ကျွန်မမောင်လေးကို မွေးဖွားခါစဖြစ်ပြီး၊ ကျွန်မ၏ အဘွားက အယူစွဲသောကြောင့် ကျွန်မ အဖေကို သေစေခဲ့သည်မှာ ကျွန်မ အမေနှင့် မောင်လေး ဖြစ်သည်ဟု ဆိုလေသည်။ ရွေးချယ်စရာလည်း မရှိသည့်အတွက်၊ အမေက ကျွန်မ မောင်လေးကို သူ(မ)၏ အဖေအိမ်သို့ ခေါ်သွားကာ ပြောင်းနေခဲ့ရသည်၊ ထို့ကြောင့် ကျွန်မ၏ငယ်ဘဝ အစောဆုံး အမှတ်ရစရာများမှာ ကျွန်မ၏ အဘိုး၊ အဘွားတို့နှင့်အတူ နေထိုင် ခဲ့ရခြင်းဖြစ်သည်။ ကျွန်မ အဘိုးနှင့် အဘွားက ကျွန်မကို ကောင်းကောင်း ဆက်ဆံခဲ့ကြသော်လည်း၊ ကျွန်မသည် အထီးကျန်မိဆဲဖြစ်ပြီး ကျွန်မ အမေ၊ မောင်လေးတို့နှင့် တကယ်ပင် အတူတကွ ရှိချင်ခဲ့သည်။ အခြားကလေးများရသည့် အလားတူ မိခင်မေတ္တာမျိုးကို ကျွန်မ တောင့်တခဲ့သည်။ အမှန်တွင်၊ ကျွန်မ တောင်းဆိုခဲ့သည့်အရာက မများပါ၊ ကျွန်မ လိုချင်သမျှမှာ စစ်မှန်သော မိသားစုတစ်ခု၊ ကျွန်မကို သိပ်ချစ်သည့်၊ သူ၏ စစ်မှန်သော ခံစားချက်များကို ကျွန်မနှင့်အတူ မျှဝေနိုင်သည့် မိခင်တစ်ဦးသာ ဖြစ်သည်။ သို့သော် စနေ၊ တနင်္ဂနွေနေ့များတွင်သာ ကျွန်မ အမေကို တွေ့ခွင့်ရခဲ့သောကြောင့်၊ ဤသေးငယ်သော တောင်းဆိုမှုလေးမှာ အလွန်အကျွံ မျှော်လင့်ချက်တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ကျောင်းတွင် ကျွန်မ အခက်အခဲရှိသည့်အခါတိုင်း၊ အမေက ဘယ်သောအခါမျှ ကျွန်မ ဘေးတွင် မရှိခဲ့ပါ။ ကျွန်မသည် မည်သူမျှ စိတ်ဝင်စားမှုမရှိသည့် လမ်းဘေးက မြက်ပင်တစ်ပင်လို ဖြစ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ မိမိကိုယ်ကိုယ် အလွန်သိမ်ငယ်လာခဲ့သည်၊ အရာရာကို ကျွန်မ ရင်ထဲတွင် ချုပ်တည်းထားခဲ့ပြီး အခြားသူများနှင့် အပြန်အလှန်ဆက်ဆံမှုမျိုးပင် မလုပ်နိုင်ခဲ့ပါ။ ကျွန်မ အသက် ၁၆ နှစ်ရှိသည့်အခါ၊ ကျွန်မ၏ ရွာမှ လူအချို့သည် အလုပ်အတွက် နိုင်ငံခြားသို့ သွားကြသည်ဖြစ်၍၊ ဤစိတ်ကူးက ကျွန်မကို သွေးဆောင်နေခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်၊ အိမ်မှာ ငါ့ အခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူး။ ငါ နိုင်ငံခြားသွားမယ်ဆိုရင်၊ ငါ့ ကိုယ်ပိုင် ဝမ်းစာ ငါ ရှာနိုင်မယ်။ ပြီးတော့ ငါ ရှာလို့ရတာတချို့ကို ငါ့မိသားစုကို ပေးတောင်ပေးနိုင်မှာ။ အဲဒီလိုဆိုရင် ငါ့မိသားစုကို နည်းနည်းပါးပါး အဆင်ပြေအောင် ငါ ကူညီနိုင်မှာပဲ။

၂၀၀၀ ခုနှစ် သြဂုတ်လတွင်၊ ကျွန်မသည် မိမိဘာသာ အဆင်ပြေအောင် ကြိုးစားမည်ဟူ၍ အမေရိကန် ပြည်ထောင်စုသို့ လာခဲ့သည်။ ဤအမေရိကန်နိုင်ငံတွင် ကျွန်မသည် မနက်စောစော ထ၍ ညဉ့်နက်သည်အထိ တစ်နေ့လုံး အလုပ်လုပ်ရသည်၊ ပြီးလျှင် ကျွန်မ၏ အတွေးများကို မျှဝေနိုင်ဖို့ ကျွန်မ နံဘေးတွင် မည်သူမျှ မရှိခဲ့ပါ။ ကျွန်မသည် အပြင်ပန်းတွင် မာကျောသယောင် ပုံဖမ်းထားသော်လည်း၊ အတွင်းတွင် အထူးသဖြင့် အထီးကျန်ကာ ဝမ်းနည်းညိုုးငယ်နေမိသည်။ ဤသို့ ကျွန်မ ခံစားရသည့်အခါတိုင်း၊ ကျွန်မ မိသားစုကို တကယ်ပင် လွမ်းမိပြီး ပျော်ရွှင်သော မိသားစုတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ပို၍ပင် ကျွန်မ တမ်းတခဲ့သည်။

ကျွန်မ အသက် ၂၁ နှစ် ပြည့်သောအချိန်တွင်၊ စားသောက်ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်နေရင်း ကျွန်မ၏ အိမ်ထောင်ဖက် ဖြစ်လာမည့်သူကို ကျွန်မ သိကျွမ်းခဲ့ရသည်။ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး၊ သူ၏ မိဘများကို ချစ်ခင်ကြင်နာသူ ဖြစ်သည်၊ ထို့ကြောင့် ကျွန်မက သူ့အပေါ် ကောင်းသောအမြင်မျိုး ရှိခဲ့သည်။ တစ်ကြိမ်တွင် ကျွန်မသည် သတိလက်လွတ်ဖြင့် ခြေ ဆစ်လွဲသွားခဲ့သည်၊ အံ့အားသင့်ရသည်မှာ သူက ကျွန်မကို စောင့်ရှောက်ဖို့ သူ့ အလုပ်မှ ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းအဖြစ်က ကျွန်မကို တော်တော် ကြည်နူးဝမ်းသာစေခဲ့သည်။ သူ့အပေါ် ကျွန်မ တဖြည်းဖြည်း မှီတွယ်လာခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီလတွင် ကျွန်မတို့ လက်ထပ်ခဲ့ကြသည်။ ကျွန်မဘဝနှင့်ရင်း၍ အားကိုး ယုံကြည်ရမည့်သူတစ်ဦးကို ရှာတွေ့လိုက်သကဲ့သို့ ခံစားခဲ့ရပြီး၊ ကျွန်မ၏ ကိုယ်ပိုင်ဟု ခေါ်လို့ရမည့် မိသားစုတစ်ခုကို နောက်ဆုံးတွင် ရရှိလိုက်သလို ခံစားခဲ့ရသည်။ စိတ်နှလုံးထဲတွင် ကျွန်မ အလွန် ပျော်ရွှင်ခဲ့ပြီး၊ ကျွန်မအနေဖြင့် နှစ်များစွာ မျှော်လင့်ခဲ့သည့်အရာက နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ အိမ်ထောင်ပြုပြီးသည့်နောက်တွင် ကျွန်မ ယောက်ျား၏ ညီမနှင့် ကျွန်မက အိမ်ဆောက်ပစ္စည်း ကုမ္ပဏီတစ်ခု စလုပ်ကြရန် အတူပူးပေါင်းခဲ့ကြသည်။ သို့သော် ကျွန်မတို့ မိသားစုတွင် အင်္ဂလိပ်စကား ပြောတတ်သည်မှာ ကျွန်မ တစ်ဦးတည်းသာ ရှိသည့်အတွက်၊ ကုမ္ပဏီတစ်ခုလုံးက အခြေခံအားဖြင့် ကျွန်မကြောင့်သာ ဆက်၍ လည်ပတ်နေခဲ့သည်။ ကျွန်မက မိသားစုထဲက အယောက်တိုင်းကို စောင့်ရှောက်နေရသလို ကုမ္ပဏီကိုလည်း စီမံရပါသည်။ နှစ်ကာလအချို့ ရုန်းကန်လာရင်းဖြင့် ကျွန်မ ယောက်ျား၏ အရင် အကြွေးများကို ပြန်ဆပ်ရန် ကျွန်မက ကူညီနိုင်ခဲ့ရုံသာမက၊ ကျွန်မ၏ မိသားစုအတွက် ငွေအချို့ကိုလည်း စုဆောင်းနိုင်ခဲ့သည်။ မူလကတော့ ကျွန်မ၏ အားထုတ်ကြိုးပမ်းမှုများကြောင့် ကျွန်မယောက်ျား မိသားစု၏ လေးစားမှုကို ရလာလိမ့်မည်ဟု ကျွန်မ တွေးထင်ခဲ့သော်လည်း၊ လက်တွေ့အရှိတရားက ကျွန်မ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အလား ဖြစ်လာခဲ့သည်။ စီးပွားရေးလုပ်ငန်းက အောင်မြင်မှုအချို့ စရလာသည်နှင့်တစ်ပြိုင်နက်၊ ကလေးယူဖို့ ကျွန်မတို့ စီစဉ်ခဲ့ကြသော်လည်း၊ ကျွန်မ ကိုယ်ဝန်မရနိုင်ခဲ့ပါ။ ထို့ကြောင့် ကျွန်မလည်း ဆေးဝါးများစွာ သုံးစွဲခဲ့ပြီး ဆရာဝန်ပေါင်းများစွာထံ သွားရောက်ခဲ့သည်၊ သို့သော် မျှော်လင့်ချက် အလင်းရောင်တစ်ခုမျှ ကျွန်မ မမြင်နိုင်ခဲ့ပါ။ ကျွန်မ ယောက်ျားက မိသားစုတွင် အကြီးဆုံးသားဖြစ်ပြီး၊ ကျွန်မတို့က မြေးလေးတစ်ယောက် မပေးနိုင်ခဲ့ကြသောကြောင့် ကျွန်မယောက်ျား၏ မိဘများနှင့် အခြားဆွေမျိုးများက ကျွန်မတို့ကို အလွန်စိတ်ပျက်လာခဲ့ကြသည်။ ဤဖိအားမျိုးကို ရင်ဆိုင်လာရ၍၊ ကျွန်မအပေါ် ကျွန်မယောက်ျား၏ သဘောထားကလည်း သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ကျွန်မ ယောက်ျား၏ မိသားစုထဲက အယောက်တိုင်းကလည်း သူ့နမူနာကို လိုက်၍ ကျွန်မအပေါ် သဘောထားများ ပြောင်းလဲသွားခဲ့ကြသည်။ ကျွန်မ ယောက်ျား၏ အစ်မက ကျွန်မကို ဖယ်ကြဉ်သည့် စကားများ မကြာခဏ ပြောလေ့ရှိပြီး၊ ကျွန်မ ယောက်ျားရှေ့တွင် ကျွန်မအကြောင်း မကောင်းပြောဖို့အတွက် လိုရာဆွဲကာ မမှန်မကန်ပြောဆိုပါသည်။ ကျွန်မမှာ မတရားသဖြင့် ခံရသည်ဟု ခံစားခဲ့ရသည်၊ ထို့ကြောင့် ကျွန်မ မည်သို့ ခံစားနေရသည်ကို ကျွန်မယောက်ျားအား ပြောပြခဲ့သည်။ သူက ကျွန်မကို စာနာစိတ်မရှိရုံသာမက၊ တစ်ခါတစ်ရံတွင် ကျွန်မကို အော်လည်း အော်ဟစ်လေသည်။ ယင်းအဖြစ်က ကျွန်မကို ပို၍ပင် နာကျင်စေခဲ့ပြီး မတရားခံရသည်ဟု ပို၍ ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် နောက်ထပ် ဆေးစစ်ချက်အတွက် ကျွန်မတို့ ဆေးရုံသို့ သွားခဲ့ကြပြီး၊ အမှန်တော့ ကျွန်မယောက်ျားထံတွင် ပြဿနာရှိနေသည်ကို နောက်ဆုံးမှ သိလာခဲ့ရသည်။ သို့သော် ဤအရာက အရေးမကြီးတော့ပါ၊ အဘယ်ကြောင့်ဆိုသော် နှစ်တော်တော်များများ အချို့ ခိုက်ရန်ဖြစ်ပွားဖြစ်လာခဲ့ပြီးသည့်နောက် ကျွန်မတို့၏ ဆက်ဆံရေးက စတင် ဆိုးရွားလာခဲ့သောကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ် နှစ်စမှစ၍၊ ကျွန်မ ယောက်ျားက ဆရာဝန်များထံ သွားရောက်ဖို့နှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံသို့ မကြာခဏ ပြန်သွားခဲ့ပြီး၊ ခြောက်လ တစ်ကြိမ်သာ အိမ်ပြန်လာခဲ့သည်။ သူ ပြန်လာသည့်အခါတိုင်းတွင်၊ တရုတ်နိုင်ငံ၌ သူ လည်ပတ်နေသည့် ကုမ္ပဏီ၏ ကုန်ကျစရိတ်များကို ကာမိဖို့ ငွေကြေး လိုအပ်ကြောင်းပြောရင်း ငွေလာယူခြင်းသာ ဖြစ်ပြီး၊ သူသည် ကျွန်မအပေါ် လုံးဝ ဂရုစိုက်ခြင်း မရှိတော့ပါ။ ဤသို့ဖြင့် ကျွန်မတို့နှစ်ယောက်မှာ သုံးနှစ်ကျော်မျှ အတူတူရှိခဲလှပြီး၊ ကျွန်မတို့၏ ဆက်ဆံရေးက အလိုလို ဝေးသထက် ဝေးကွာသွားခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျွန်မတို့နှစ်ယောက် နောက်ဆုံးတော့ ကွာရှင်းသည့်အဖြစ်သို့ ရောက်ခဲ့သည်။ ကျွန်မအနေဖြင့် နာကျင်ခဲ့ရဆုံးမှာ ကျွန်မတို့၏ ဥစ္စာပစ္စည်းကို ခွဲသည့်အချိန်တွင် ဖြစ်သည်။ တရားရုံးက ကျွန်မတို့၏ ကွာရှင်းခြင်းကို လက်မခံခဲ့လျှင် ကျွန်မ၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကို တစ်ပတ်အတွင်း သူ့ကို လွှဲပေးရမည်ဟုဆိုကာ စာချုပ်တစ်ခု၌ ကျွန်မကို လက်မှတ်ထိုးစေဖို့ ရှေ့နေလွှဲသည်အထိ ကျွန်မ ယောက်ျားက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြား ရှေ့နေတစ်ဦးက ကျွန်မကို သေသေချာချာ အချိန်ယူ စဉ်းစားစေခဲ့သည်၊ ဤစာချုပ်ကို ကျွန်မ လက်မှတ်ထိုးလိုက်လျှင်၊ ကျွန်မအဖို့ အလွန် ထိခိုက်နစ်နာစရာ ဖြစ်ပြီး ကျွန်မအတွက် မယားစရိတ်ရစေမည့် သဘောတူစာချုပ်တစ်ခုကို သူ ရေးပေးနိုင်သည်ဟု ပြောလေသည်။ ကျွန်မယောက်ျား၏ ခံစားချက်မဲ့လွန်းခြင်း အကြင်နာမဲ့ခြင်းတို့ကို မြင်ရသည်မှာ ကျွန်မ အလွန်စိတ်ပျက်ခဲ့ရသည်။ ပထမဦးဆုံး သမီးရည်းစားဘဝမှ အိမ်ထောင်ပြုသည်အထိ၊ ဆယ်စုနှစ်တစ်ခုနီးပါး ကျွန်မ၏ ယောက်ျားနှင့် ဤမိသားစုကို ကျွန်မက အရာရာ ပေးခဲ့ပါသည်။ ယင်းကို ငွေကြေးပမာဏတစ်ခု သို့မဟုတ် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုများဖြင့် နှိုင်းယှဉ်၍ မရနိုင်ပါ။ သို့သော် ယခု ကျွန်မယောက်ျားကြောင့် ကျွန်မ ကိုယ်ဝန်မရနိုင်သည်ကို သူနှင့် သူ၏ မိသားစုက ကျွန်မအပေါ် အပြစ်ပုံချ ခဲ့ကြပြီး၊ ကျွန်မ၏ ခံစားမှုများကို အနည်းငယ်မျှ စာနာ ထောက်ထားခြင်းမရှိဘဲ ကျွန်မအပေါ် အသနားအကြင်နာ မဲ့သွားကြသည်။ ကျွန်မ အားစိုက်ထုတ်ခဲ့မှုများအတွက် ပြန်ရခဲ့သည်မှာ နာကျင်မှုများစွာနှင့် စိတ်ပျက်ခြင်း ဖြစ်သည်။ ကျွန်မ ခြေကုန်လက်ပန်းကျခဲ့ရသည်။ ဤမိသားစုနှင့် မည်သို့မျှ မပတ်သက်ချင်တော့ပါ။ ဖြစ်နိုင်သမျှ မြန်မြန် ဤအိမ်မှ ထွက်သွားခဲ့ချင်ပြီး၊ ကျွန်မကို ပြင်းပြင်းထန်ထန် နာကျင်စေခဲ့သည့် ဤလူများထံမှ ဝေးသွားချင်မိခဲ့သည်။ ထို့ကြောင့် တုံ့ဆိုင်းခြင်း အနည်းငယ်မျှမရှိဘဲ ကျွန်မနာမည်ကို လက်မှတ်ထိုးပေးခဲ့သည်။

ကွာရှင်းပြီးသည့်နောက်၊ အလွန် ကူကယ်ရာမဲ့သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ မည်သူ့ကို ယုံကြည်နိုင်မည်ကို ကျွန်မ မသိခဲ့သလို၊ ကျွန်မ၏ ခံစားချက်များကို ရင်ဖွင့်ရန် မည်သူ့ထံသို့ သွားနိုင်မည်ကိုလည်း ကျွန်မ မသိခဲ့ပါ။ ကျွန်မ၏ မအောင်မြင်သော အိမ်ထောင်ရေးအကြောင်း တွေးမိသည့် အကြိမ်တိုင်း၊ ကျွန်မသည် အလွန် ညိုုးငယ်ကာ ဝမ်းနည်းခဲ့ရသည်။ ကျွန်မသည် လက်ရှိ မိမိကိုယ်ကိုယ် ပြန်ဆန်းစစ်မိသည်။ ကလေးရရန်အတွက် ဟော်မုန်းဆေးများကို အများအပြား သုံးစွဲခဲ့သည်ဖြစ်၍ ကျွန်မ၏ ကိုယ်အလေးချိန်သည် မူလ၏ထက်ဝက်မျှ တိုးနေခဲ့ပါပြီ။ အခြားသူများက ကျွန်မအား ဤသို့သောအကျပ်အတည်း၊ ဤသို့ ခက်ခဲသော အခြေအနေထဲတွင် တွေ့သွားမည်ကို ကျွန်မ အလွန်စိုးရွံ့မိခဲ့သည်။ အပြင်ပန်းတွင် သန်မာသယောင် ဟန်ဆောင်ခဲ့သော်လည်း စိတ်နှလုံးထဲတွင် အလွန်အမင်း အားနည်းမှုကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ စိတ်ဝိညာဉ် လွတ်လပ်သွားသည့် ဘဝတစ်ခုတွင် အသက်ရှင်နိုင်သော နေ့ကို ကျွန်မ တကယ်ပင် တောင့်တခဲ့သည်။ ဤအချိန်မှစ၍ ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်မ စတင်ဆန္ဒရှိလာခဲ့ခြင်း ဖြစ်သည်။

ဤအခြေအနေများ ကြုံပြီးနောက် မကြာမီ အဝတ်အစား ဝယ်ရန်အတွက် ရှော့ပင်းမောလ်တွင် ရှိနေစဉ် ကာမင်နှင့် ကျွန်မ ဆုံခဲ့ရသည်။ သူ(မ)က ကျွန်မကို စိတ်အားထက်သန်စွာ ကူညီအဖော်ပြုခဲ့ပြီး၊ ဖုန်းနံပါတ်များလည်း အပြန်အလှန် ပေးခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် WeChat ၌ သူ တင်ထားသည့် စာတိုတစ်ခုကို ကျွန်မ တွေ့မိရာမှ၊ သူက ခရစ်ယာန်တစ်ဦးဖြစ်သည်ကို ကျွန်မ သိခဲ့ရသည်။ ကာမင်က လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ကျွန်မကို မကြာခဏ မျှဝေခဲ့ပြီး၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အလွန်တို့ထိခံစားခဲ့ရသည်။ အမြဲတမ်း အလွန် သိုသိုသိပ်သိပ်နေတတ်ခဲ့သူ ကျွန်မက စိတ်နှလုံးကို ဖွင့်ဟ၍ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံချင်စိတ် ဖြစ်လာခဲ့သည်ကို ကျွန်မ တဖြည်းဖြည်း တွေ့ရှိခဲ့ရသည်။ ကာမင်နှင့် ကျွန်မတို့ အချင်းချင်း သိကျွမ်းလာကြသည်နှင့်အမျှ၊ ဤလွန်ခဲ့သော နှစ်များစွာအတွင်း ကျွန်မ၏စိတ်နှလုံးထဲ ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခအားလုံးက ပွင့်အံထွက်လာခဲ့သည်။ ကာမင်က ကျွန်မ၏ ဆင်းရဲဒုက္ခကို အမှန်တကယ် နားလည်ခဲ့ပြီး၊ သူ(မ) ဖြတ်သန်းခဲ့ဖူးသည့် အလားတူ အတွေ့အကြုံတစ်ခုကို ကျွန်မအား မျှဝေပေးခဲ့သည်။ အမှန်တကယ် ဂရုစိုက်ပေးသည့် သူတစ်ဦးကို ဆုံခဲ့ရပြီဟု ကျွန်မ ခံစားခဲ့ရကာ၊ ကျွန်မ၏ စိတ်နှလုံးကို နွေးထွေးစေခဲ့သည်။ တစ်နေ့တွင် ကာမင်က အခြားညီအစ်မတစ်ဦး၏ အိမ်သို့ ကျွန်မကို ဖိတ်ခေါ်ခဲ့ပြီး၊ ထိုအိမ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုကယ်ဗင်နှင့် အခြားသော ညီအစ်မအချို့ကို ကျွန်မ တွေ့ဆုံခဲ့ရသည်။ သူတို့နှင့်အတူ ရှိစဉ်တွင်၊ သူတို့က ကျွန်မ၏ အတိတ်တွင် ဆုံခဲ့ရသည့် လူများနှင့် အလွန် ကွဲပြားခြားနားသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ အခြားသူများနှင့် ဆုံခဲ့ရသည့်အခါတိုင်း ကျွန်မ၏ ဆွေမျိုးများဖြစ်ဖြစ် မိတ်ဆွေများပင်ဖြစ်ဖြစ်၊ သူတို့ထံ ကျွန်မ ရင်ဖွင့်သည့်အခါ ကျွန်မကို အမှန်တကယ် နားမလည်ကြသလို ခံစားခဲ့ရသည်။ ကျွန်မကို နားလည်မည့်အစား ဆန့်ကျင်ဖက်အနေဖြင့် ကျွန်မ၏ ကံခေခြင်းများအား သူတို့က လှောင်ကြမည်ကို ကျွန်မ စိုးရိမ်မိခဲ့သည်၊ ထို့ကြောင့် ကျွန်မ၏ ခံစားချက်များကို ဝေမျှဖို့ မလိုမလား ဖြစ်လာခဲ့သည်။ သို့သော် ကာမင်နှင့် ဤအခြားသူများနှင့်အတူ ရှိစဉ်တွင် ကျွန်မ အလွန် အေးဆေးသက်သာရာ ရခဲ့သည်။ အကြောင်းမှာ သူတို့အားလုံးက ကျွန်မ၏ ဆင်းရဲဒုက္ခကို နားလည်ပေးနိုင်ကြပြီး၊ သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့နှင့် ပထမဆုံး စတွေ့ချိန်မှာပင် ကျွန်မသည် စိတ်ရင်းအတိုင်း ရင်ဖွင့်နိုင်၍ အယောက်တိုင်းနှင့် ပြောဆိုနိုင်ခဲ့ပုံ၊ ကျွန်မတို့အားလုံး အတွေ့အကြုံများ ဖလှယ်ခဲ့ကြပုံများမှာ ကျွန်မအနေဖြင့် တစ်ခါမှပင် စိတ်မကူးခဲ့ဖူးပါ။ ဤညီအစ်ကို မောင်နှမများက ကျွန်မ၏ မိသားစုအရင်းထက်ပင် ကျွန်မကို ဆွေမျိုးသားချင်းတစ်ဦးအလား ဆက်ဆံသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မဘဝ၏ လွန်ခဲ့သော ဆယ်စုနှစ်များ တစ်လျှောက်လုံးတွင် ကျွန်မ လုံးဝ မပျော်မွေ့ခဲ့ဖူးသည့် ဆက်ဆံရေးမျိုး ဖြစ်ပြီး၊ ကျွန်မ၏ စိတ်ထဲ၌ အလွန်တို့ထိ ခံစားခဲ့ရသည်။

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထံမှ တေးဂီတရုပ်ရှင် ရှောင်ကျန်းရဲ့ ပုံပြင်ကို ကျွန်မတို့အားလုံး အတူတကွ ကြည့်ရှုခဲ့ကြပြီး၊ ကျွန်မ၏ စိတ်နှလုံးက နိုးကြွလာခဲ့သည်။ ရုပ်ရှင်ထဲက ဇာတ်လမ်းမှာ အင်မတန်မှ စစ်မှန်ပါသည်၊ ရုပ်ရှင်ထဲက ဇာတ်ကောင်သည် ကလေးဘဝ၌ သူမ၏ သူငယ်ချင်းများနှင့်အတူ အပြစ်ကင်းစွာ ဖြူစင်စွာ ဆော့ကစားခဲ့သည်။ သို့သော် သူတို့ ကြီးပြင်းလာကြပြီး ကွဲပြားသော စိတ်ပါဝင်စားမှုများ စတင် ရှိလာကြသည်နှင့်တစ်ပြိုင်နက်၊ အယောက်တိုင်း၏ စိတ်နှလုံးများက စတင်ပြောင်းလဲလေသည်။ သူတို့က အချင်းချင်း လျှို့ဝှက်ကြံစည်လာကြပြီး၊ ရန်သူများပင် ဖြစ်လာကြကာ အချင်းချင်း တိုက်ခိုက်ကြလေသည်။ မည်သည့် ချစ်ခင်မှု၊ မည်သည့် ခင်မင်ရင်းနှီးမှုမျှ မရှိကြတော့ပါ။ ကျွန်မ ယောက်ျားနှင့် ကျွန်မတို့ အတူတကွ ရုန်းကန်ခဲ့ကြသည့် ထိုနှစ်များအားလုံးကိုလည်း ကျွန်မ မတွေးမိဘဲ မနေနိုင်ခဲ့ပါ။ သို့သော် ကျွန်မတို့က ကလေးတစ်ယောက် မရနိုင်သောကြောင့် ကျွန်မတို့၏ ဆက်ဆံရေးက အက်ကြောင်းထင်လာခဲ့ခြင်း ဖြစ်ပြီး၊ နောက်ဆုံးတွင် လင်နှင့်မယား ဥစ္စာပစ္စည်း ခွဲဖို့ အချိန်ကျလာသည့်အခါ ကျွန်မယောက်ျားက ကျွန်မထံမှ တစ်ပြားမကျန်ရရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖြစ်ကြောင့် လူတို့သည် မည်မျှ ဆိုးဝါးကြောင်းကို ကျွန်မ ဆင်ခြင်မိခဲ့သည်။ သူတို့၏ ကိုယ်ပိုင် အကျိုးအမြတ်များအတွက် အန္တရာယ်ရှိလာသည်နှင့်၊ ခံစားချက်များ အားလုံးမှာ မေ့လျော့ခံရလေသည်။ ကံအားလျော်စွာပင် ရုပ်ရှင်ထဲက ဇာတ်ကောင်မှာ နောက်ဆုံးတွင် ဘုရားသခင်ကို ရှာတွေ့ခဲ့ပြီး၊ ဘုရားသခင်၏ မိသားစုထံ ပြန်၍ ရောက်ရှိပါသည်။ ယင်းသို့အားဖြင့် ဘုရားသခင်သည် သူမ မှီခိုလို့ရသည့် တစ်ဦးတည်းသောသူ ဖြစ်လာကာ၊၊ သူမအနေဖြင့် အထီးမကျန်တော့သလို၊ မပြတ်မသားနှင့် အကူအညီမဲ့သည့် ခံစားချက်ကို ဆက်ပြီး မခံစားရတော့ပါ။ ဤအဖြစ်ကို ကျွန်မ မြင်ရပြီးသည့်နောက်၊ ကျွန်မ အလွန်တို့ထိခံစားခဲ့ရသည်၊ ကျွန်မ၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်ခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးခဲ့သည်၊ “ရှောင်ကျန်းက ဘုရားသခင်ဆီကို ပြန်ရောက်တဲ့အခါမှာ၊ သူ ရှင်သန် ရပ်တည်နိုင်အောင် တပ်ထားခဲ့ရတဲ့ မျက်နှာဖုံးကို ချွတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ သူ တကယ်ပဲ အသက်ရှင်ခဲ့တယ်၊ ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ရခဲ့တယ်၊ ပြီးတော့ လွတ်မြောက်တဲ့ လွတ်လပ်တဲ့ အသက်တာတစ်ခုကို သူ အသက်ရှင်နိုင်ခဲ့တယ်။ ရှောင်ကျန်းလို ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နိုင်အောင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ငါ့ကိုလည်း ဧကန်မုချ ကယ်တင်မှာပဲ။” ရုပ်ရှင်ထဲတွင် အနန္တတန်ခိုးရှင်ဘုရားသခင်က ယခုကဲ့သို့ ပြောဆိုသည်ကို ကျွန်မ ကြားခဲ့ရသည်၊ “အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်လွဲပြီးသောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏စိတ်ဝိညာဉ်များအကြောင်း မသိသည့် လူစဉ်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ်ပျောက်ဆုံးခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် ‘အဖ’ တစ်ဦးရခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း”) ဤနှုတ်ကပတ်တော်များကို ကြားရသည်မှာ ကျွန်မ၏ အမေက ကျွန်မကို အော်ခေါ်နေသကဲ့သို့ ဖြစ်ပြီး၊ ကျွန်မက ကျွန်မစိတ်နှလုံးထဲတွင် နှိုင်းမရသည့် နွေးထွေးမှုကို ခံစားရသည့်နေရာ ကျွန်မ အမေ၏ နံဘေးသို့ ပြန်ရောက်သွားခဲ့သလို ထင်ရလေသည်။ အမှန်တွင်တော့ ဘုရားသခင်က ကျွန်မကို စောင့်ရှောက်လျက်၊ ကျွန်မ ပြန်အလာကို စောင့်ဆိုင်းလျက်ဖြင့် ကျွန်မ၏ နံဘေးတွင် အမြဲရှိနေခဲ့ခြင်းဖြစ်သည်။ ကျွန်မသည် တစ်ကိုယ်တည်း မဟုတ်တော့ပါ။ ကျွန်မ၏ အတိဒုက္ခနှင့် လိုအပ်ချက်များကို ဘုရားသခင် သိခဲ့ပါသည်။ ကျွန်မအတွက် အကြီးမားဆုံး လိုအပ်သည့်အချိန်၊ ကျွန်မ၏ စိတ်ဝိညာဉ် နာကျင်ရဆုံး အချိန်တွင်၊ ဤညီအစ်ကို မောင်နှမများအား ကျွန်မထံ ဧဝံဂေလိ ဟောရာမှတဆင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီး၊ ကျွန်မအတွက် ထားရှိသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရသည့်နေရာ ဘုရားသခင်၏ အိမ်တော်ထဲသို့ ကျွန်မကို ကိုယ်တော်က ပြန်လည်ဆောင်ကြဉ်းခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် နောက်ဆုံး၌ မိမိအိမ်ကို ပြန်ရှာတွေ့သွားသော၊ မိမိ၏ မိသားစုကို ရှာတွေ့သွားသော လမ်းပျောက် ကလေးငယ် တစ်ဦးကဲ့သို့ ခံစားခဲ့ရပြီး၊ အမှန်တကယ်ပင် ပျော်ရွှင်ခဲ့ရပါသည်။

ဤသို့ကြုံပြီးနောက်၊ အသင်းတော် အသက်တာကို ကျွန်မ စတင်အသက်ရှင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ ကျွန်မ အမှန်တကယ် မှီခိုနိုင်သော အရာတစ်ခုကို ရှာတွေ့ခဲ့ပြီဟူ၍လည်းကောင်း၊ ယခုအခါ ကျွန်မ၏ ဘဝတွင် ရည်ရွယ်ချက်နှင့် ဦးတည်ချက် ရှိပြီဟူ၍လည်းကောင်း ခံစားမိခဲ့သည်။ သို့သော် ကျွန်မက သမ္မာတရားအကြောင်းကို အလွန်နည်းပါးစွာ နားလည်ခဲ့သည့်အတွက်၊ ကျွန်မ၏ မအောင်မြင်သော အိမ်ထောင်ရေးအကြောင်းကို တွေးမိသည့်အခါတိုင်း ကျွန်မ၏ စိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားရဆဲဖြစ်သည်။ ကျွန်မကို ကျွန်မယောက်ျား၏ မိသားစု ဆက်ဆံခဲ့သည့်ပုံစံကို ကျွန်မ မုန်းတီးမိခဲ့ပြီး၊ ယင်းအကြောင်းကို တွေးမိသည့် အကြိမ်တိုင်း နာကျင်မှုထဲသို့ ကျွန်မ နစ်ဝင်သွားတော့သည်။ ထို့ကြောင့် ကျွန်မ၏ ဒုက္ခများအကြောင်းကို ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပြီး၊ ညီအစ်ကို မောင်နှမများထံ ဖွင့်ဟခဲ့ကာ၊ ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရင်း ကျွန်မ၏ ပြဿနာများအကြောင်းကို သူတို့နှင့်အတူ မိတ်သဟာယပြုခဲ့သည်။ တစ်ချိန်တွင် အစ်ကိုကယ်ဗင်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဤစာပိုဒ်အား ကျွန်မကို ဝေမျှခဲ့ပါသည်၊ “လူသားသည် ဘုရားသခင်နှင့်အတူ ဤခေတ်ကာလများကို လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် အရာအားလုံးနှင့် သက်ရှိတို့၏ ကံကြမ္မာကို ပိုင်စိုးသည်ကို မသိသကဲ့သို့ ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွန်ကြားပြီး လမ်းညွှန်ပြပေးသည်ကိုလည်း သူမသိပေ။ ရှေးအတီတေကာလမှ ယနေ့မျက်မှောက်ထိ လူသားသည် ထိုအချက်ကို သဘောမပေါက်ပေ။ အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေးသောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့်သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက်ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) ထို့နောက် အစ်ကိုကယ်ဗင်က ယခုလိုပြောရင်း မိတ်သဟာယပြုပါသည်၊ “ကျွန်တော်တို့ ဘဝတွေမှာ နာကျင်မှု အပြည့်နှင့် ဖြစ်ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့က စာတန်ရဲ့ အကြံဉာဏ်တွေ၊ ရှုထောင့်အမြင်နဲ့ ဘဝ နီတိတွေကို လက်ခံခဲ့သလို၊ စာတန်ရဲ့ ဘေးဖြစ်စေပြီး၊ ဖောက်ပြန်ဖျက်ဆီးတာကို ခံရတာကြောင့် ဖြစ်ပါတယ်။အမှန်တော့ လူသားမျိုးနွယ်က စာတန်ကြောင့် နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးလာခဲ့တာပါ။ အခုဆို စာတန်က ကျွန်တော်တို့ဆီ သွတ်သွင်းတဲ့ အရာတွေအားလုံးကို ကျွန်တော်တို့ ကျင့်သားရနေကြတာ တော်တော်ကြီး ကြာခဲ့ပါပြီ။ အသက်ရှင်ဖို့အတွက် စာတန်ရဲ့ ရှင်သန်ရေး စည်းမျဉ်းတွေကိုပဲ အားကိုးကြတော့၊ ကျွန်တော်တို့က ကိုယ်ပိုင် အကျိုးအမြတ်တွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ စက်ဆုပ်ဖွယ်ကောင်းပြီး အသိစိတ် မရှိတာတွေကလွဲရင် ကျန်တာအားလုံးကို မမြင်နိုင်သလို ဖြစ်လာကြတယ်။ ညီမရဲ့ အရင်ယောက်ျား မိသားစုက ညီမကို အဲဒီလို ဆက်ဆံနိုင်ခဲ့ကြတယ်ဆိုတာ၊ သူတို့လည်း ပဒေသရာဇ် အတွေးအခေါ်တွေ ထိန်းချုပ်တာကို ခံရလို့ပဲ။ ‘ဘိုးဘေးဘီဘင် မျိုးဆက်သွေးကို ဆက်၍ သယ်ဆောင်ပါ’၊ ‘သားသမီးတာဝန် မကျေပွန်ခြင်း သုံးမျိုးတွင် အမွေခံသားမြေး မရှိခြင်းက အဆိုးဆုံး’၊ ပြီးတော့ ‘အိုမင်းချိန်တွင် စောင့်ရှောက်ခံရရန် သားသမီးတွေကို ကျွေးမွေးပျိုးထောင်ပါ’ ဆိုတာတွေပေါ့။ အဲဒါတွေကို စာတန်က သူတို့ဆီမှာ သွတ်သွင်းထားခဲ့တာပဲ။ ပြီးတော့ ညီမရဲ့ ယောက်ျားက ညီမရဲ့ ပစ္စည်းဥစ္စာကို ခွဲနေတဲ့အချိန်မှာ၊ သူက လင်နဲ့မယားအဖြစ် နှစ်ဦးအတူတူ ရှိခဲ့ကြတဲ့ နှစ်ကာလတွေ အများကြီးကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့ဘူး။ ဒါကလည်း သူဟာ ‘ငွေသာလျှင် ပထမဖြစ်ပြီး’ ဆိုတာနဲ့ ‘မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏’ ဆိုတဲ့ အဲဒီလို ရှင်သန်ရေး စည်းမျဉ်းတွေ ကူးစက်ခံရပြီး ထိန်းချုပ်ခံလိုက်ရတာပဲ။ ပြီးတော့ သူက တစ်ကိုယ်ကောင်းဆန်လာသလို အကြင်နာမဲ့လာတာဖြစ်တယ်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူတွေက တကယ်ကို အချင်းချင်း အဆင်မပြေနိုင်ကြဘူး၊ ပြီးတော့ ကျွန်တော်တို့ ဘဝတွေထဲမှာ ပျော်ရွှင်မှုဆိုတာ မရှိဘူး။ ကျွန်တော်တို့ တွေ့ကြုံရတဲ့ ဆင်းရဲဒုက္ခတွေအားလုံးက စာတန်ရဲ့ ဖိစီးနှိပ်စက်မှုကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့ မိသားစုတွေအားလုံးလည်း စာတန်ရဲ့ ဖိစီးနှိပ်စက်မှုကို ခံရတယ်၊ လူသားမျိုးနွယ်တစ်ခုလုံးက စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ ရှိပြီး၊ စာတန်ကြောင့် ဒုက္ခရောက်နေကြတာကို ဘာမှမလုပ်နိုင်ကြဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ လမ်းပြမှုမရှိဘဲ၊ စာတန်ရဲ့ အတွေးအခေါ်တွေ နဂိုမှန်အဆိုတွေနဲ့ ဘဝတွေကို အသက်ရှင်ကြတဲ့ လူတွေဟာ စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းနဲ့ ပျော်ရွင်မှု မရှိကြဘူး။ ကျွန်တော်တို့ ဘဝတွေမှာ အလိုအပ်ဆုံးက ရုပ်ဝတ္တု ချမ်းသာကြွယ်ဝမှု ဒါမှမဟုတ် ကျွန်တော်တို့ မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ဘူး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းသာဖြစ်တယ်။ ကျွန်တော်တို့ လိုအပ်တာက ဘုရားနှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခံရဖို့ ဖြစ်တယ်။ ဘုရားသခင်ကသာ ကျွန်တော်တို့ကို စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ ဖိစီးနှိပ်စက်မှုကနေ ထွက်ပြေးလွတ်မြောက်စေဖို့ ဦးဆောင်နိုင်တယ်။ ကျွန်တော်တို့ရဲ့ အသိစိတ်နဲ့ အသိတရားကိုလည်း ပြန်ရစေပြီး၊ ကျွန်တော်တို့ကို စစ်မှန်တဲ့လူတွေလို ရှင်သန်စေပါတယ်၊ လွတ်လပ်မှုနဲ့ လွတ်မြောက်မှုကို ရရှိစေပါတယ်” အစ်ကို ကယ်ဗင်၏ မိတ်သဟာယကို နားထောင်ပြီးနောက် ကျွန်မ ရုတ်တရက် နားလည်လိုက်သည်။ နာကျင်မှုထဲတွင် အသက်ရှင်ခဲ့ရသည်မှာ ကျွန်မတစ်ယောက်တည်းသာ မဟုတ်၊ လူသားမျိုးနွယ်တစ်ခုလုံးက စာတန်ကြောင့် အရူးလုပ်ခံရပြီး ဖောက်ပြန်ပျက်စီးနေခြင်း ဖြစ်ကာ၊ ကျွန်မတို့အားလုံးက ဒုက္ခဝေဒနာထဲတွင် ရုန်းကန်နေကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခြင်းအားဖြင့်သာ၊ လူတို့သည် စာတန်၏ ဖိစီးနှိပ်စက်မှုမှ ထွက်ပြေးလွတ်မြောက်နိုင်၍၊ ဤဆင်းရဲဒုက္ခမှ လွန်မြောက်နိုင်ပါသည်။ ဤသည်မှာ ပျော်ရွှင်မှုနှင့် လွတ်မြောက်မှုကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤအရာကို ကျွန်မ နားလည်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကျွန်မ၏ စိတ်က အလွန်ရှင်းသွားခဲ့ပြီး အများကြီး လွတ်မြောက်သွားသလို ကျွန်မ ခံစားခဲ့ရသည်။

လူသားအနေဖြင့် နာကျင်မှုထဲတွင် အသက်ရှင်ရသည့် အရင်းခံအကြောင်းတရားကို ကျွန်မ နားလည်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ ကျွန်မနှင့် ကျွန်မခင်ပွန်းဟောင်း၏ မိသားစုကြားက မကျေမချမ်းမှုသည် စာတန်၏ ဖိစီးနှိပ်စက်မှုကြောင့် ဖြစ်ခဲ့သည်ကို ကျွန်မ နားလည်ခဲ့ပြီး၊ သူတို့ကို ကြိုးစားခွင့်လွတ်ဖို့ သူတို့အပေါ် မလိုမုန်းတီးခြင်း ကိုင်စွဲထားသည်ကို ရပ်တန့်ဖို့ပင် ကျွန်မ လိုလားနေခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း စတင်ကာ လက်တွေ့လုပ်ဆောင်ခဲ့သည့်အချိန်တွင် ကျွန်မစိတ်နှလုံးထဲ၌ ဝမ်းမြောက်မှုကို ပိုမိုများပြားစွာ ခံစားခဲ့ရသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ရက်တစ်ရက်၌ ကျွန်မ၏ ခင်ပွန်းဟောင်းကို လမ်းတွင် မထင်မှတ်ဘဲ ဆုံခဲ့ရသည်။ ကျွန်မတို့ အချင်းချင်း နှုတ်ဆက်မိကြပြီး၊ ကျွန်မအနေဖြင့် သူ့အပေါ် မကျေမချမ်းဖြစ်ခြင်း မရှိတော့သည်ကို ကျွန်မရင်ထဲတွင် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ သူက စာတန်၏ ဖိစီးနှိပ်စက်မှုဖြင့် အသက်ရှင်နေခဲ့ရပြီး၊ စာတန်၏ အရူးလုပ်ခြင်း ညှဉ်းပန်းခြင်း ခံခဲ့ရသည်ကို ကျွန်မ သိသွားသောကြောင့် ဖြစ်သည်။ ကျွန်မသာ အခွင့်အရေးရခဲ့လျှင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မ သူ့အား ဖြန့်ဝေမည်ဖြစ်သည်။ သို့မှသာ သူသည်လည်း ဘုရားသခင် ရှေ့မှောက်သို့ ရောက်ရှိနိုင်၍ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ပါလိမ့်မည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်က အမှန်တကယ်ပင် အလွန် ချစ်ဖွယ်ကောင်းသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကိုလည်းကောင်း ကျွန်မ ခံစားမိခဲ့သည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်ရှိကာ သူ၏ ကယ်တင်ခြင်းကို ရရှိနေသရွေ့၊ ကျွန်မတို့သည် စာတန်၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် ထွက်ပြေးလွတ်မြောက်နိုင်ပြီး၊ လွတ်လပ်မှုနှင့် လွတ်မြောက်မှုတို့ ရရှိနိုင်သလို၊ ပျော်ရွှင်သော ကောင်းချီးခံစားရသော အသက်တာများကိုလည်း ရှင်သန်နိုင်ပါသည်။

ကောင်းသောခါနာန်ပြည်၌ ဝမ်းမြောက်ပျော်ရွှင်မှု ဟူသော အကနှင့် သီချင်း ဗီဒီယိုကို ကြည့်ရှုသည့်အကြိမ်တိုင်းတွင် ကျွန်မ အလွန်ပျော်ရွှင်ရပြီး၊ ဤဓမ္မသီချင်း၏ စာသားများက ကျွန်မ မည်သို့ခံစားရသည်ကို အပြည့်အဝ ဖော်ပြသကဲ့သို့ ခံစားရပါသည်- “ဘုရားရဲ့အိမ်တော်ကို ပြန်ရောက်တော့ ကျွန်ုပ် အနှိုင်းမဲ့ဝမ်းသာပျော်ရွှင်မှုကို ခံစားရတယ်။ လက်တွေ့ကျတဲ့ဘုရားကို မြင်ခွင့်ရတာ ကံကောင်းလှပါတယ်။...မျက်ရည်မြစ်ဝှမ်းကို ဖြတ်ခဲ့ပေမယ့် ဘုရားဆီကခံစားခဲ့ရတဲ့ မေတ္တာဟာ စစ်မှန်လွန်းတယ်။ အခက်အခဲတွေ စမ်းသပ်မှု တွေဟာ ကျွန်ုပ် နှလုံးသားကို သန့်စင် ပေးပြီး ဘုရားအပေါ်ထားတဲ့ မေတ္တာကို ပိုစစ်မှန်စေတယ်။ ဘုရားအပေါ်ထားတဲ့ မေတ္တာဟာ တစ်နေ့တစ်ခြားကြီးမားလာတယ်။ ဒီမေတ္တာကြောင့် ကျွန်ုပ် နှလုံးသား ဝမ်းမြောက်တယ်။ ဘုရားရဲ့ ယုံကြည်ရနိုင်ခြင်းနဲ့ မြောင့်မတ်ခြင်း ဟာ ကျွန်ုပ်ကို ကြည်နူးအံ့အားသင့်စေတယ်။ ဘုရားရဲ့ စိတ်သဘောထားဟာ အင်မတန်ချစ်ဖွယ်ကောင်းတယ်။ ကျွန်ုပ် ရင်ထဲအမြစ်တွယ်နေတယ်။ ဘုရားရဲ့ ချစ်ဖွယ်ကောင်းမှုနဲ့ သန့်ရှုင်းမှု ကို ကျွန်ုပ်မြတ်နိုးလို့ မဆုံးပါ ရင်ထဲမှာ ချီးမွမ်းခြင်းတေးသံတွေ ပြည့်လျှံလျက်ပါ။...သာယာတဲ့ ခါနာန်မြေဟာ နှုတ်ကပတ်တော်ရဲ့ ကမ္ဘာပါ။ ဘုရားရဲ့မေတ္တာကို ခံစားရတာ နှိုင်းယှဉ်လို့မရတဲ့ ဝမ်းမြောက်မှုပါ။...နှုတ်ကပတ်တော်ဟာ ကြွယ်ဝပြီး အနှိုင်းမဲ့တယ်။ ကျွန်ုပ် တို့စားသောက်ပွဲဟာ တကယ်ပဲချိုမြိန်လှတယ်။ ဘုရားပေးတဲ့ ပြည့်ဝတဲ့အာဟာရဟာ ကျွန်ုပ် တို့ကို ကြွယ်ဝမှုများစွာပေးတယ်။ ဘုရားရဲ့လူတို့ အားလုံး သူနဲ့အတူနေတယ်။ မြေကြီးပေါ်ရှိ ဘဝဟာ ကောင်းကင်ဘုံမှာ လိုပဲ ဝမ်းနည်းခြင်းတွေ မျက်ရည်တွေမရှိပါ။ ဒါဟာတို့ရဲ့ ထာဝရဘဝပါ။ ခါနာန်ပြည်မှာ ဘုရားဟာ လူတို့နဲ့အတူနေတယ်။ တို့တွေသူ့ရှေ့မှောက်မှာနေပြီး ဘယ်တော့မှသူနဲ့မခွဲခွာပါ။” ကျွန်မ လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းကို ပြန်စဉ်းစားသည့်အခါ၊ လမ်းပေါ်တွင် ကျွန်မ မည်သည့်အရာကို တွေ့ကြုံခဲ့ရပါစေ၊ ဘုရားသခင်က ကျွန်မအပေါ် စောင့်ရှောက်လျက် ကျွန်မ နံဘေးတွင် အမြဲရှိခဲ့ပြီး၊ နောက်ဆုံးတွင် သူ၏ မိသားစုထံသို့ ကျွန်မကို ဦးဆောင်လမ်းပြခဲ့သည်။ ယခုတော့ နေ့စဉ်နေ့တိုင်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ရေလောင်းခံရခြင်း၊ ထောက်ပံ့ခံရခြင်းကို ကျွန်မ နှစ်သက်ခံစားရပါသည်။ ကျွန်မအတွင်း၌ ခံစားရသည့် နာကျင်မှုက ပျောက်သွားပြီဖြစ်သလို၊ ကျွန်မဘဝတွင် ဦးတည်ချက်ကို ရှာတွေ့ခဲ့ပြီ ဖြစ်ပြီး၊ စစ်မှန်သော လွတ်လပ်မှုနှင့် ပျော်ရွှင်ခြင်းတို့ကို ကျွန်မ ရရှိပြီဖြစ်သည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်အတွက် သမ္မာတရားကို လိုက်စားဖို့နှင့် ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းဖို့ရန် အဖန်ဆင်းခံတစ်ဦးအနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်းပါမည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသိပညာဟာ အမှန်တကယ်ပဲ သင့်ကံကြမ္မာကို ပြောင်းလဲပေးနိုင်ရဲ့လား

ကျွန်မက လယ်သမားမိသားစုကနေ မွေးလာတာပါ ကျွန်မတို့က ဆင်းရဲတော့ လူတွေကအထင်သေးခဲ့ကြတယ် ပြီးတော့ ကျွန်မကလေးဘ၀တုန်းကလည်း မကြာမကြာ...

ကျော်ကြားမှုနဲ့ အောင်မြင်မှုဟာ နာကျင်စရာတွေကို ယူဆောင်လာခဲ့တယ်

နွေဦးရာသီတစ်ခုမှာ ကျွန်မနဲ့ စီနီယာဆရာဝန်တချို့နဲ့ အပြင်မှာဟင်းချက်စားဖို့သွားကြတယ်။ လမ်းမှာ ဒေသခံရွာသားတချို့က ဒ​ေါက်တာဝမ်ကို​မှတ်မိကြတယ်။...

စစ်မှန်သည့် ပျော်ရွှင်မှုကို ကျွန်မ ရှာတွေ့ပြီ

ကျန်းဟွာ၊ ကမ္ဘောဒီးယားနိုင်ငံ ကျွန်မက သာမာန် လယ်သမားမိသားစု တစ်စုထဲတွင် မွေးဖွားလာခဲ့သည်။ ကျွန်မတို့ မချမ်းသာသော်လည်း၊ ကျွန်မ အဖေနှင့်...