ဘုရားသခင်၏ တရားစီရင်ခြင်းသည် သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းအတွက်လော သို့မဟုတ် ရှုတ်ချခြင်းနှင့် ပျက်သုဉ်းစေခြင်းအတွက်လော

12.12.2021

တစ်ကမ္ဘာလုံးအနှံ့ ကပ်ဘေးတွေ ပျံ့နှံ့တာနဲ့အမျှ၊ သခင့်ကို ယုံကြည်သူတွေဟာ အသက်တောင် ရဲရဲမရှူရဲဘဲ သခင်ယေရှု မိုးတိမ်စီး ကြွလာဖို့၊ ပြီးတော့ သူ့နဲ့တွေ့ဖို့အတွက် သူတို့ကို ကောင်းကင်ဆီ ဆောင်ယူသွားပြီး ကပ်ဘေးတွေကနေ လွတ်ဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်။ ဒါပေမဲ့ သခင်ယေရှု မိုးတိမ်စီး ကြွဆင်းလာတာကို သူတို့မမြင်ရသေးဘူး။ အဲဒီအစား အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ကိုယ်တော်ပြန်ကြွလာပြီးပြီလို့ စဉ်ဆက်မပြတ် သက်သေခံနေတယ်။ လူကို သန့်စင်စေပြီး အပြည့်အဝ ကယ်တင်ဖို့ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့ သမ္မာတရားတွေ ဖော်ပြနေတယ်တဲ့။ ဒါက လူတော်တောများများအတွက် အံ့အားသင့်စရာပါ။ သူတို့တွေးတာက၊ “သခင်က ယုံကြည်သူတွေကို အရင်ဆုံး ကောင်းကင်ဆီ ဆောင်ယူသွားရမှာလေ။ ကပ်ဘေးတွေကနေ ကျွန်တော်တို့ကို အရင်ဆုံး ကယ်တင်ဖို့ အရေးကြီးတာကို။ ဘာလို့ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှုပြုဖို့အတွက် ဘုရားက သမ္မာတရားတွေကို ဖော်ပြမှာလဲ။ ကျွန်တော်တို့က ကိုယ့်အပြစ်တွေကနေ အားလုံး ခွင့်လွှတ်ခံရပြီးပြီဖြစ်သလို၊ ဘုရားက ဖြောင့်မတ်တယ်လို့ မှတ်ယူတာပဲ၊ ဒီတော့ ဘုရားရဲ့ တရားစီရင်ခြင်းက ဘာလိုအပ်လို့လဲ” တဲ့။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းက မယုံကြည်သူတွေကို ပစ်မှတ်ထားမယ်၊ တရားစီရင်ခြင်းဆိုတာက ရှုတ်ချခြင်းနဲ့ ဖျက်ဆီးခြင်းဖြစ်ပြီး၊ အပြစ်လွှတ်ခံရပြီးဖြစ်တဲ့ ကျွန်တော်တို့က တရားစီရင်ခံရဖို့ လိုမှာမဟုတ်ဘူးလို့ လူအများစုက ယုံကြည်ကြတယ်။ အဲဒါဆိုရင် လူသားမျိုးနွယ်ကို ဘုရားရဲ့ တရားစီရင်ခြင်းက သန့်စင်စေခြင်းနဲ့ ကယ်တင်ခြင်းအတွက်လား၊ ရှုတ်ချခြင်းနဲ့ ပျက်သုဉ်းစေခြင်းအတွက်လား။ အဲဒါကို ဒီနေ့ ဆွေးနွေးကြရအောင်။

ဒါပေမဲ့ ကျွန်တော်တို့ နှိုက်နှိုက်ချွတ်ချွတ် မဆွေးနွေးခင်မှာ၊ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်းအတွက် ကျမ်းအခြေပြုချက် ရှိမရှိ ပြောကြရအောင်။ အမှန်တော့ အဲဒါကို ကျမ်းစာထဲက ပရောက်ဖက်ပြုချက်အတော်များများမှာ ဖော်ပြထားပါတယ်၊ အရေးကြီးဆုံးက သခင်ကိုယ်တိုင်ရဲ့ နှုတ်ကထွက်တဲ့ ပရောဖက်ပြုချက်တွေမှာ ရှိတာပဲ။ “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃၊ ၂၇)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) ပြီးတော့ ဗျာဒိတ်ကျမ်းမှာလည်း ပြောတယ်၊ “မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။(ဗျာဒိတ်ကျမ်း ၁၄:၆-၇) ဒါတွေက သိပ်ရှင်းတယ်၊ မဟုတ်လား။ သခင်က နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်း အမှုပြုဖို့ သမ္မာတရားတွေ ဖော်ပြရင်း လူသားအဖြစ် ဇာတိခန္ဓာနဲ့ ပြန်ကြွလာတာပဲ။ ဒါနဲ့ပတ်သက်လို့ သံသယရှိစရာမလိုဘူး။ ဒီပရောဖက်ပြုချက်တွေက၊ “ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်” ဆိုတာနဲ့ “သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်” ဆိုပြီး ပြောထားတယ်။ ဒီတော့ ဘုရားက နောက်ဆုံးသော ကာလမှာ လူကို တရားစီရင်ပြီး သန့်စင်စေဖို့၊ လူသားမျိုးနွယ်ကို အပြစ်ကလွတ်ပြီး ဘုရားရဲ့ အပြည့်အဝ ကယ်တင်ခံခွင့်ပေးရင်းနဲ့ ကျွန်တော်တို့ကို သမ္မာတရားအားလုံးထဲ ဦးဆောင်လမ်းပြဖို့ သမ္မာတရားကို အသုံးပြုမှန်း ရှင်းရှင်းလင်းလင်း မြင်လို့ရတယ်။ ရှင်ပေတရု ဩဝါဒစာ ပထမစောင် ၄:၁၇ မှာ ပြောတယ်၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” ဒါဟာ ဘုရားက နောက်ဆုံးသော ကာလမှာ သူ့အိမ်တော်နဲ့အစပြုတဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်၊ အဲဒါကို ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို လက်ခံပြီးကြသူအားလုံးနဲ့ အစပြုမယ်ဆိုတဲ့ သဘောပဲ။ ဒါက ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံသူအားလုံးက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကို လက်ခံရမှာဖြစ်ပြီး၊ သန့်စင်ခံရပြီးမှပဲ သူ့နိုင်ငံတော်ထဲ ဝင်နိုင်တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံတယ်လို့ အခိုင်အမာပြောပေမဲ့ တရားစီရင်ခြင်းကတစ်ဆင့် သန့်စင်မခံရသူတွေဟာ နောက်ဆုံးမှာ ဖယ်ရှင်းသုတ်သင်ခံရပြီး ကပ်ဘေးတွေထဲ ပျက်စီးကြမှာပါ။ မယုံကြည်သူတွေဟာ ကပ်ဘေးတွေကတစ်ဆင့် ကိုင်တွယ်ဖြေရှင်းခံမယ်၊ ဘာလို့လဲဆိုတော့ ဘုရားရဲ့ တရားစီရင်ခြင်းကို ငြင်းသူတွေဟာ လုံးဝ သန့်စင်မခံရနိုင်လို့၊ ကယ်တင်ခြင်း မရနိုင်လို့ပဲ။ သူတို့ဟာ ရှုတ်ချခံရပြီး ဖျက်ဆီးခံရမှာပါ။ ဒီအရာကနေ မြင်လို့ရတာက နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ တရားစီရင်ခြင်း အမှုဟာ လူကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာနဲ့ ကယ်တင်ဖို့ဖြစ်တယ်ဆိုတာပဲ။ သခင့်ကို ယုံကြည်သူတွေ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး သန့်စင်ခံရသရွေ့၊ သူတို့ဟာ ဘုရားရဲ့ အပြည့်အဝ ကယ်တင်ခံရသူတွေဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အမှုကို ငြင်းပယ်သူအားလုံးဟာ ရှုတ်ချခံရပြီး ဖယ်ရှင်းခံရမယ်၊ ပြီးတော့ ကပ်ဘေးတွေထဲကိုပဲ ကျဆင်းသွားနိုင်တယ်။ ဘုရားရဲ့ တရားစီရင်ခြင်းအမှု ရလဒ်ကို ကြည့်ရင် အဲဒါကို ရှုတ်ချခြင်း၊ ပျက်သုဉ်းစေခြင်းနဲ့ တန်းတူထားဖို့ဆိုတာ မှန်ရဲ့လား။ အဲဒါ အမှားကြီး မှားတာပါပဲ။ ယုံကြည်သူတွေကို နိုင်ငံတော်ထဲ ဆောင်ယူသွားမဲ့ ဘုရားရဲ့ အမှုက တရားစီရင်ခြင်း၊ သန့်စင်စေခြင်းကတစ်ဆင့် အပြည့်အဝ ကယ်တင်ခြင်းနဲ့ ပြီးသွားပြီလေ။ ဒါအင်မတန်ကို အဓိပ္ပာယ်ရှိတယ် မဟုတ်လား။ အဲဒါဆိုရင် ဒါကို လူတော်တော်များများက ဘာလို့မမြင်နိုင်တာလဲ။ ဘုရားရဲ့ တရားစီရင်ခြင်းက လူတွေကို ရှုတ်ချပြီး အပြစ်ပေးဖို့ဖြစ်မယ်ဆိုရင် အဲဒီအမှုရဲ့ အရေးပါမှုက ဘာများဖြစ်မလဲ။ ဘုရားက ကပ်ဘေးတွေကို ဒီအတိုင်း တိုက်ရိုက် ကျရောက်စေပြီး လူတွေကို ရှင်းပစ်လို့ရတာပဲ။ ဘာလို့ အပိုဒုက္ခခံနေမှာလဲ။ လူအတော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို ကြားပြီး စစ်တောင် မစစ်ဆေးကြဘဲ၊ တိုက်ရိုက် ဝေဖန်ပြီး ရှုတ်ချကြတယ်။ အဲဒါ မာနထောင်လွှားတာ မဟုတ်လား။ သခင့်ကို ယုံကြည်သူတွေအားလုံးက ကျမ်းစာကို ကိုးကွယ်ပြီး အရာရာကို အဲဒီအပေါ် အခြေပြုကြတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းက အဲဒါနဲ့ လုံးဝ ကိုက်ညီနေမှန်း ဘာလို့မမြင်နိုင်ကြတာလဲ။ နောက်ဆုံးသော ကာလမှာ ဘုရားက တရားစီရင်ခြင်း အမှုပြုတဲ့အကြောင်း ကျမ်းစာပရောဖက်ပြုချက်တွေ အများကြီးပဲလေ။ ဒီပရောဖက်ပြုချက်တွေကို ဘာလို့ သတိမထားမိကြတာလဲ။ ဘယ်လိုပဲကြည့်ကြည့်၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို အသိအမှတ်မပြုသူ ဘယ်သူမဆိုက မျက်စိကန်းပြီး မိုက်မဲသလို ကျမ်းစာကို နားမလည်တာပဲ။ သူတို့အားလုံးက မာနထောင်လွှားပြီး မလျော်ကန်တာပဲ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို သူတို့လက်မခံကြသလို ကပ်ဘေးတွေမတိုင်ခင် ချီဆောင်ခံရမဲ့ အခွင့်အရေးကို ဆုံးရှုံးနှင့်သွားကြပြီ။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို စုံလင်စေတယ်။ “အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၅:၂၉-၃၀)

ယုံကြည်သူတွေက ဘာလို့ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ခံစားဖို့ လိုမှာလဲ။ အဲဒါက အများစု နားမလည်တဲ့ နောက်ထပ် နက်နဲမှုတစ်ခုပဲ။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က အဲဒါနဲ့ပတ်သက်လို့ ဘာပြောလဲ ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ရှင်းတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက သူ့ရဲ့ ကယ်တင်ခြင်းအမှု ပထမထက်ဝက်ကိုပဲ အပြီးသတ်ရင်း ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ သခင့်ကို ယုံကြည်ခြင်းဆိုတာ လူတွေရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရပြီး ပညတ်တရားအောက်မှာ သူတို့ ရှုတ်ချခံရမှာမဟုတ်သလို ဆုတောင်းပြီး သူနဲ့ ဆက်သွယ်ပြောဆိုဖို့ သခင့်ရှေ့မှောက်ကို လာခွင့်၊ သူ့ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို မွေ့လျော်ခံစားခွင့်ရတယ်ဆိုတဲ့ သဘောပဲ။ ဒါက ရွေးနုတ်ခြင်းအမှု စွမ်းဆောင်ရရှိခဲ့တဲ့အရာပါ။ ဒါပေမဲ့ သူတို့အပြစ်တွေ ခွင့်လွှတ်ခံရပြီးတာတောင် လူတွေက ကိုယ်ကျိုးအတွက် ရုန်းကန်မှုတွေ၊ မနာလိုမှုနဲ့ ခွက်စောင်းခုတ်တာ၊ ဝေဖန်တတ်ပြီး အမုန်းနဲ့ပြည့်တာတွေနဲ့ ဆက်ပြီး အလိမ်အညာတွေ မပြောဘဲ မနေနိုင်သလို အပြစ်မလုပ်ဘဲ မနေနိုင်ကြဘူး။ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ချင်ကြပေမဲ့ မရဘူး။ အပြစ်လုပ်လိုက်၊ ဝန်ချလိုက်၊ ပြန်အပြစ်လုပ်လိုက်ဆိုတဲ့ ရုန်းမထွက်နိုင်တဲ့ ဝဲဩဃထဲမှာ အသက်ရှင်နေကြတယ်။ လုံးဝ မလွတ်မြောက်နိုင်ကြဘူး။ ဒါက လူ့အပြစ်တွေကို သခင်က ခွင့်လွှတ်ခဲ့ပေမဲ့ ကျွန်တော်တို့အထဲမှာ အပြစ်နဲ့ပြည့်တဲ့ သဘာဝရှိနေတုန်းပဲဆိုတာကို ပြပါတယ်။ ဒါက အပြစ်လုပ်ဖို့ ကျွန်တော်တို့ကို စေ့ဆော်တဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထား ဖြစ်တယ်။ အပြစ်ရဲ့ အရင်းအမြစ်ကို မဖြေရှင်းရင် လူတစ်ယောက်ရဲ့ အပြစ်တွေ ဘယ်နှစ်ကြိမ် ခွင့်လွှတ်ခံရပါစေ အပြစ်ကနေ လုံးဝ လွတ်မြောက်မှာ မဟုတ်သလို သန့်ရှင်းလာမှာ မဟုတ်ဘူး။ အပြစ်လုပ်ပြီး ဘုရားကို အာမခံဘဲ မနေနိုင်ကြပါဘူး။ ဖာရိရှဲတွေကို စဉ်းစားကြည့်။ သူတို့က ဗိမာန်တော်ထဲမှာ ဘုရားကို ကိုးကွယ်ကြပြီး ယဇ်တွေကို အမြဲပူဇော်ခဲ့ကြပေမဲ့ သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုတော့ လက်မခံခဲ့ကြဘူး။ သူ့ကို အရူးအမူး ဆန့်ကျင်ပြီး ရှုတ်ချခဲ့ကြသလို ကားစင်တောင်တင်ခဲ့ကြတယ်။ အရမ်းယုတ်မာတဲ့အပြစ်ကို ကျူးလွန်ခဲ့ကြတယ်။ ဒါက ဘာကိုပြသလဲ။ ဆိုးယုတ်တဲ့‌ သဘာဝရှိရင် ခွင့်လွှတ်ခံရဖို့ အပြစ်ဖြေရာယဇ်တွေကို ဘယ်လောက်ပဲ ပူဇော်ပါစေ မကောင်းမှုကို သူတို့ဆက်လုပ်နေတယ်ဆိုတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပေါ်ထွန်းလာပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို ပြုရင်းနဲ့ သမ္မာတရား နှုတ်ကပတ်တော် သန်းနဲ့ချီ ဖော်ပြပြီးပြီ။ ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူ လူတစ်စုကို စုံလင်စေပြီးပြီ၊ ဘုရားရဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို အပြည့်အဝ ပြသရင်း၊ လောကတစ်ခုလုံးကို လှုပ်ခါစေရင်းနဲ့ပေါ့။ ဘာသာရေးသမားတွေ အများကြီးက လုံးဝ မရှာဖွေ၊ မစစ်ဆေးဘဲ၊ ဘုရားရဲ့ အမှုသစ်ကို ရှုတ်ချ၊ ဆန့်ကျင်ပြီး ပြစ်မှားစော်ကားဖို့ တတ်နိုင်သမျှ လုပ်ရင်း၊ သမ္မာတရားကို ဖော်ပြတဲ့ ခရစ်တော်ကို ထပ်ပြီး ကားစင်တင်ဖို့ အရမ်းကို လိုလားပြင်းပြရင်းနဲ့ သူတို့ရဲ့ အယူအဆတွေကို ဖက်တွယ်ကြတယ်။ ဒါက လူ့အပြစ်တွေဟာ ခွင့်လွှတ်ခံရပေမဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကြောင့် ဘုရားကို သူတို့ အရူးအမူး ဆန့်ကျင်တုန်းပဲဖြစ်သလို အစေးမကပ်တဲ့ ရန်သူလို မြင်နေတုန်းပဲဆိုတာကို ပြတယ်။ ဘုရားရဲ့ ဖြောင့်မတ်၊ သန့်ရှင်းတဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းခံမှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်ငြိမ်းသွားပြီဖြစ်ပေမဲ့ ဆက်အပြစ်လုပ်ပြီး သူ့ကို အာခံနေတဲ့သူ တစ်ယောက်ယောက်ကို သူ့နိုင်ငံတော်ထဲ သူဆောင်ယူသွားပါ့မလား။ ဘယ်ခေါ်ပါ့မလဲ။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပါပဲ၊ “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ပြီးတော့ ကျမ်းစာကလည်း ပြောတယ်၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄)အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။(ဟေဗြဲသြဝါဒစာ ၁၀:၂၆) ဘုရားရဲ့ သန့်ရှင်း၊ ဖြောင့်မတ်တဲ့ စိတ်သဘောထားက မချိုးဖောက်အပ်တဲ့အရာပါ။ ဘုရားကို အာခံတဲ့သူတွေ အပြစ်ပေးခံရပြီး ဖျက်ဆီးခံရမယ်၊ ပြီးတော့ ဘုရားရဲ့ နိုင်ငံတော်ထဲကို လုံးဝ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ အဲဒါကြောင့် နောက်ဆုံးသော ကာလမှာ သူပြန်လာမယ်လို့ သခင်ယေရှု ကတိပြုခဲ့တုန်းက ကျွန်တော်တို့ကို ကောင်းကင်ဘုံထဲ ဆောင်ယူသွားဖို့ မဟုတ်သလို မယုံကြည်သူတွေကို ကပ်ဘေးတွေနဲ့ တိုက်ရိုက် ရှုတ်ချပြီး ဖျက်ဆီးဖို့လည်း မဟုတ်ဘူး။ အဲဒါက ကျွန်တော်တို့အနေနဲ့ သူ့ဆီ လုံးဝ လှည့်နိုင်ပြီး သူ့ရဲ့ ရယူတာခံရပြီးတော့၊ သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရအောင်လို့ လူ့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထားအတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုပြုဖို့၊ မကောင်းမှုနဲ့ စာတန်ရဲ့ အင်အားစုတွေကနေ လူသားမျိုးနွယ်ကို အရင်ဆုံး ကယ်တင်ဖို့ပါပဲ။ အဲဒီအခါ ဘုရားရဲ့ ကယ်တင်ခြင်းအမှု ပြီးပြည့်စုံမှာပါ။ ဘုရားရဲ့ တရားစီရင်ခြင်းက လူတွေ စိတ်ကူးသလို လူသားမျိုးနွယ်ကို ရှုတ်ချ၊ ဖျက်ဆီးဖို့ပဲဖြစ်မယ်ဆိုရင် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ထဲကနေ ဘယ်သူကျန်မှာလဲ။ အပြစ်လုပ်ပြီး ဘုရားကို ဆန့်ကျင်တဲ့အတွက် လူတိုင်း ဘုရားရဲ့ ရှင်းပစ်တာ ခံရမှာ မဟုတ်လား။ အဲဒီလိုသာဆိုရင် လူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားရဲ့ အစီအစဉ် အချည်းနှီးဖြစ်သွားမှာပဲ မဟုတ်လား။ အဲဒါကြောင့် ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့အစီအစဉ်အတိုင်း နောက်ဆုံးသော ကာလမှာ လူ့ဇာတိ ထပ်ခံခဲ့တာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူကြားမှာ နှိမ့်နှိမ့်ချချ ကွယ်ဝှက်ခဲ့ပြီး ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို လက်ခံသူအားလုံးကို သန့်စင်စေပြီး ကယ်တင်ဖို့ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရင်းနဲ့ သမ္မာတရားအများကြီးကို ဖော်ပြပြီးပါပြီ။ အဲဒါက ကျွန်တော်တို့အနေနဲ့ ဘုရားနိုင်ငံတော်ထဲ ဆောင်ယူခံထိုက်လာကြရင်းနဲ့ မကောင်းမှုကနေ လွတ်မြောက်ပြီး သန့်စင်ခံရဖို့ပါ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းက လူတွေကို ရှုတ်ချတာ၊ ဖျက်ဆီးတာ လုံးဝ မဟုတ်ဘဲ သန့်စင်စေခြင်းနဲ့ ကယ်တင်ခြင်းအကြောင်း သက်သက်ဖြစ်ပါတယ်။ ဘုရားအလိုတော်ကို နားလည်ဖို့ အရေးကြီးပါတယ်။ လူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းအမှုက သူ့ရဲ့ အရေးကြီးဆုံး အဆင့်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံခြင်းက ဖောက်ပြန်ပျက်စီးခြင်းကနေ လွတ်မြောက်ဖို့၊ သန့်စင်ခံရဖို့နဲ့ ကပ်ဘေးတွေကနေ ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

တစ်ယောက်ယောက်က မေးနိုင်တယ်- အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ တရားစီရင်ခြင်း အမှုကတစ်ဆင့် လူသားမျိုးနွယ်ကို ဘယ်လိုသန့်စင်စေပြီး ကယ်တင်လဲဆိုပြီးပေါ့။ အဖြေတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ တွေ့နိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က ‘အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း’ ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”)

ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏”)

ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက် ဘုရားက သူ့ရဲ့ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ပုံနဲ့ပတ်သက်လို့ ပိုရှင်းသွားတယ် မဟုတ်လား။ အတော်များများက ဘုရားရဲ့ အမှုကို နားမလည်ကြဘူး၊ ဒါကြောင့် တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း စကားလုံးတွေကို တွေ့တော့ ဘုရားရဲ့ ရှုတ်ချခြင်းနဲ့ အပြစ်ပေးခြင်းလို့ တွေးကြတယ်။ ဒီထက်မှားတာ မရှိတော့ဘူး။ ပညတ်တရားအောက်မှာ တရားစီရင်ခြင်းဆိုတာ အပြုအမူကို အပြစ်ပေးခြင်းကတစ်ဆင့် ကန့်သတ်ရုံ ကန့်သတ်တာပါ။ လူတွေရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကို ဖြေရှင်းပေးနေခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားရဲ့ တရားစီရင်ခြင်းက အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ထဲက ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထားကို တရားစီရင်၊ ထုတ်ဖော်ပြဖို့ သမ္မာတရားကို ဖော်ပြခြင်းအကြောင်းနဲ့ အဲဒီနောက် ကျွန်တော်တို့ကို ဖော်ထုတ်ဖို့ ကိုင်တွယ်ဖြေရှင်းတာ၊ ဆုံးမပဲ့ပြင်တာ၊ စမ်းသပ်တာတွေလို နည်းလမ်းမျိုးစုံ သုံးခြင်း ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အဖြစ်အနေ၊ ဖောက်ပြန်ပျက်စီးခြင်းရဲ့ လက်တွေ့အရှိတရားကို မြင်နိုင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မုန်းဖို့၊ ဇာတိပကတိကို ကျောခိုင်းဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တကယ် နောင်တရဖို့ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဆိုးယုတ်တဲ့ လူ့စိတ်သဘောထားရဲ့ သရုပ်သကန်တွေ၊ ကျွန်တော်တို့ရဲ့ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေ၊ ဖောက်ပြန်ပျက်စီးတဲ့ မသန့်စင်တာတွေနဲ့ အဓိပ္ပာယ်မဲ့ ရှုထောင့်အမြင်တွေကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ရင်ဆိုင်ရတော့ ကျွန်တော်တို့က ဘုရားအပေါ် စစ်မှန်မှု တစ်ခုမှမရှိဘဲ ကိုယ့်ရဲ့ ယုံကြည်ခြင်းမှာ ကောင်းချီးတွေကိုပဲ ဆာငတ်နေကြမှန်း တွေ့ရတယ်။ နည်းနည်းလေး စတေးကြတယ်၊ အဖိုးအခ နည်းနည်းလေးပေးပြီး၊ ဘုရားရဲ့ ကျေးဇူးတော် ခံစားခွင့်ရှိသလို နိုင်ငံတော်ထဲ ဝင်ထိုက်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတော့ ဘုရားကို အပြစ်တင်ပြီး သူ့ကို အကျိုးအကြောင်းသင့်ပြောပြီး သူ့အတွက် အလုပ်တောင် မလုပ်ချင်ကြတော့ဘူး။ သူ့ကို နာခံမှု မရှိကြတာပါ။ သမ္မာတရားရဲ့ စစ်မှန်မှု သိသိသာသာ ကင်းမဲ့ကြတယ်၊ ဒါပေမဲ့ ကြွားဝါပြီး လေးစားမှုရအောင် အယူဝါဒတွေအကြောင်းပဲ ဆက်ပြောကြတယ်။ ကိုယ့်နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲကာကွယ်နေကြပြီး တခြားလူတွေရဲ့ အမြင်တွေက သမ္မာတရားနဲ့ ကိုက်မှန်း သိတဲ့အချိန်မှာတောင် သူတို့နဲ့ သဘောမတူချင်ကြဘူး။ ကျွန်တော်တို့က မာနထောင်လွှားတယ်၊ ခေါင်းမာပြီး လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား အားလုံး ရှိမနေကြတာပါ။ စာတန်က ကျွန်တော်တို့ကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ပုံနဲ့ ကျွန်တော်တို့ဟာ မောက်မာ၊ ဉာဏ်များပြီး ဆိုးယုတ်သလို မာရ်နတ်ရဲ့ ရှင်သန်နေတဲ့ သရုပ်သကန်တွေ ဖြစ်မှန်းကို ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့် မြင်ရတယ်။ ကျွန်တော်တို့မှာ ပုန်းစရာ နေရာမရှိသလို အရှက်ရကြတယ်။ နောင်တအပြည့်နဲ့ ကျွန်တော်တို့ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲကြသလို ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးမှုထဲမှာ အသက်မရှင်ချင်ကြတော့ဘူး။ ဘုရားက ကျွန်တော်တို့မှာ ရှိနိုင်တဲ့ ဘယ်ဖောက်ပြန်ပျက်စီးမှုကိုမဆို ဆန်းစစ်ပြီး ဖော်ထုတ်မယ်၊ သူ့ရဲ့ စိတ်သဘောထားက ချိုးဖောက်မရနိုင်ဘူးဆိုတဲ့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းမှုကိုလည်း ကျွန်တော်တို့ ကြုံရတယ်၊ ကျွန်တော်တို့ နောင်တရပြီး မပြောင်းလဲရင် အပြစ်ပေးခံရမှာ သေချာတယ်။ အဲဒီနောက် ဘုရားကို ကြောက်ရွံ့လာကြတယ်။ အကြိမ်အများကြီး တရားစီရင်ခံရပြီးတဲ့နောက်၊ ဆုံးမ၊ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရပြီး စစ်ဆေးခံပြီးတဲ့နောက်၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း သန့်စင်ပြီး ပြောင်းလဲသွားတယ်။ ကျွန်တော်တို့ အများကြီး ပိုနှိမ့်ချလာကြတယ်၊ အပြောနဲ့အလုပ်မှာ ပိုလျော်ကန်လာကြတယ်။ ဘယ်သူ့ဆီကပဲလာလာ သမ္မာတရားနဲ့ကိုက်ညီတဲ့ ဘယ်အရာမဆို လက်ခံပြီး ကျိုးနွံနာခံကြသလို ကိုယ့်တာဝန်မှာ မသန့်စင်တာတွေ အများကြီး ပိုနည်းသွားတယ်။ ဘုရားရဲ့ ကောင်းချီးတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး ရလဒ်နဲ့ ခရီးပန်းတိုင် ဘာပဲဖြစ်ပါစေ၊ ဘုရားကို ကျိုးနွံနာခံချင်ကြပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို လုပ်ဆောင်ချင်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကနေတစ်ဆင့် နောက်ဆုံးမှာ အပြစ်ကနေ ကျွန်တော်တို့ လွတ်နိုင်ကြတယ်၊ စစ်မှန်တဲ့ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး စစ်မှန်တဲ့ လွတ်လပ်မှု ရတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက တကယ်ကို လူသားမျိုးနွယ်အတွက် သူ့ရဲ့ အကြီးမားဆုံး ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲ။ ဒါမရှိဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် လုံးဝ သိမှာမဟုတ်သလို၊ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းရဲ့ အမှန်တရားကို လုံးဝ မြင်နိုင်ကြမှာ မဟုတ်ဘူး။ ကိုယ့်အိပ်မက်တွေထဲမှာ ဆက်အသက်ရှင်နေကြမှာ၊ ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရလို့ နိုင်ငံတော်ကို ဝင်ခွင့်ရှိတယ်လို့ တွေးရင်းပေါ့၊ သခင့်ကောင်းချီးတွေထဲ ခိုနားဖို့အတွက် သခင်ချီဆောင်တာ ခံရဖို့ စောင့်ရင်းပေါ့။ အဲဒါ တကယ်ကို ပညာမဲ့တာဖြစ်ပြီး အရှက်မဲ့တာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ဖို့၊ သန့်စင်ခံရဖို့နဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်မှန်း ကျွန်တော်တို့ တကယ်ကို တွေ့ကြုံကြရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းက အပြစ်ကနေ လွတ်ဖို့၊ ဘုရားရဲ့ အပြည့်အဝ ကယ်တင်တာခံရဖို့နဲ့ အဲဒီနောက် နိုင်ငံတော်ထဲ ဝင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တယ်လို့ ပြောလို့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ပြောတဲ့အတိုင်းပါပဲ၊ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”)

နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်းအမှု စတင်ခဲ့တာ ဆယ်စုနှစ်သုံးခု ကြာသွားပြီ။ ဘုရားရွေးချယ်ထားသူအတော်များများဟာ ဒါကို ကြုံနေကြရတယ်၊ တဖြည်းဖြည်း ဖောက်ပြန်ပျက်စီးခြင်းကနေ လွတ်ပြီး သန့်စင်ခံရသလို အောင်မြင်သူလူတစ်စုကို ကပ်ဘေးတွေ မတိုင်ခင်မှာ စုံလင်စေပြီးပြီ။ သူတို့မှာ နှိပ်စက်ခြင်းနဲ့ အခက်အခဲကတစ်ဆင့် စာတန်ကို အနိုင်ယူခြင်း၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် တကယ် နောင်တရခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားလာကြခြင်း၊ စမ်းသပ်မှုတွေနှင့် စစ်ဆေးမှုတွေကတစ်ဆင့် ဘုရားကို ကျိုးနွံနာခံခြင်းနဲ့ နောက်ထပ်အကြောင်းအရာတွေလိုမျိုး အပြစ်က လွတ်ပြီး ကယ်တင်ခံရခြင်းနဲ့ဆိုင်တဲ့ လှပတဲ့သက်သေ ရှိကြတယ်။ ဒီသက်သေခံချက်တွေကို အွန်လိုင်းမှာ ရနိုင်တဲ့ ဗီဒီယိုတွေအဖြစ် လုပ်ထားပါတယ်၊ လူတိုင်း အမြင်တွေပွင့်ပြီး အပြည့်အဝ လက်ခံယုံကြည်နိုင်အောင်လို့ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုကို ကမ္ဘာလောကဆီ သက်သေခံနေတယ်။ နိုင်ငံတိုင်းနဲ့ ဂိုဏ်းဂဏတိုင်းက သမ္မာတရားကို ချစ်တဲ့ ပိုပိုများတဲ့ လူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ဘုရားအသံတော်ကို သတိပြုမိကြပြီး ဘုရားရဲ့ ပလ္လင်တော်ရှေ့ လာနေကြတယ်။ နိုင်ငံတော် ဧဝံဂေလိက ကမ္ဘာလောကကို ခရီးဆန့်နေခဲ့ပြီး အံ့ဘနန်း အောင်မြင်လာတော့မယ်။ ဘုရားအိမ်တော်က အစပြုတဲ့ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းက သိသိသာသာကို ပြည့်စုံနေပြီ။ ကပ်ဘေးတွေက ကျရောက်နှင့်နေပြီဖြစ်သလို မျက်လုံးပွင့်လျက်သားနဲ့ လူတိုင်းက ကပ်ဘေးတွေ စနေပြီမှန်း မြင်နိုင်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး ကိုယ့်ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရသူတွေဟာ ကပ်ဘေးတွေတစ်လျှောက် ကာကွယ်ခံရပြီး ဘုရားနိုင်ငံတော်ထဲ ဝင်ရောက်ကြမှာပါ။ သမ္မာတရားနဲ့ ဘုရားရဲ့ တရားစီရင်ခြင်း၊ သန့်စင်စေခြင်းကို လက်ခံခြင်းမရှိဘဲ ကောင်းချီးတွေနဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကိုပဲ တွေးကြသူတွေဟာ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုကြောင့် ဖော်ထုတ်ခံရတဲ့ တောပင်တွေ၊ မယုံကြည်သူတွေ ဖြစ်တယ်။ သူတို့ကို ဘုရားက ရှုတ်ချနှင့်ပြီးပြီဖြစ်သလို ငရဲထဲကို သူတို့ သက်ဆင်းပြီး ကပ်ဘေးတွေ လာတဲ့အခါ အပြစ်ပေးခံရမှာပါ။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပြည့်စုံစေပါတယ်။ “သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်”)

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ၎င်းတို့ကို ပြင်ဆင်ရန် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

အဘယ်ကြောင့် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုကို ပြုသနည်း

ယခုအချိန်မှာ ကပ်ရောဂါက ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီး ကပ်ဘေးတွေက ပိုဆိုးလာနေပါတယ်။ ငလျင်တွေ၊ အငတ်ဘေးတွေနဲ့ စစ်ပွဲတွေကို ကျွန်တော်တို့...

သခင်ယေရှုသည် လူသားမျိုးနွယ်အား ရွေးနှုတ်ကယ်တင်ပြီးဖြစ်သောကြောင့် နောက်ဆုံးသောကာလ သူပြန်လာသည့်အခါတွင် အဘယ်ကြောင့် တရားစီရင်ခြင်းအမှုတော်ကို သူ ဆောင်ရွက်မည်နည်း

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က သခင်ယေရှုဟာ လူသားမျိုးနွယ်ကို သူတို့ရဲ့အပြစ်တွေ ကနေ ရွေးနှုတ်ကယ်တင်ဖို့ လူ့ဇာတိခံပြီး လက်ဝါးကပ် တိုင်မှာ...

အဘယ်သူသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင် ဖြစ်သနည်း

ဒီရက်အတွင်းမှာ၊ လူအများစုက ယုံကြည်ခြင်းရှိကြပြီး ဘုရားတစ်ပါးရှိတယ်လို့ ယုံကြတယ်။ သူတို့ စိတ်နှလုံးထဲက ဘုရားကို သူတို့ ယုံကြတယ်။ ဒီတော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။