အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆယ့်တစ်ခုမြောက် မိန့်မြွက်ချက်

လူသားမျိုးနွယ်တွင်ရှိသည့်လူတိုင်းသည် ငါ့ဝိညာဉ်၏လေ့လာခြင်းကို လက်ခံသင့်သည်၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို အနီးကပ်စိစစ်သင့်သည်၊ ထို့အပြင် ငါ၏အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များကို ကြည့်ရှုသင့်သည်။ ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံတော်တည်ထောင်သည့်အခါ သင်တို့ မည်သို့ခံစားရသနည်း။ ငါ့သားများနှင့် ငါ့လူများ ငါ့ပလ္လင်သို့ တသီတတန်းလာကြသောအခါ၊ ငါသည် ဖြူသောပလ္လင်ကြီး ရှေ့မှောက်တွင် တရားစီရင်ခြင်းကို တရားဝင်စတင်သည်။ ဆိုလိုသည်မှာ ကမ္ဘာမြေကြီးပေါ်၌ ငါ၏အမှုကို ငါကိုယ်တိုင်စတင်သည့်အခါနှင့် တရားစီရင်ခြင်းခေတ် အဆုံးသတ်ချိန်နီးသည့် အခါတို့တွင် ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို စကြဝဠာတစ်ခုလုံးသို့ စတင်၍ညွှန်ကြားကာ ငါ့ဝိညာဉ်၏ အသံကို စကြဝဠာတစ်ခုလုံးသို့ ထုတ်လွှတ်သည်။ မြေကြီးသည် ညစ်ပေခြင်းနှင့် လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ခြင်းတို့ မရှိတော့ဘဲ သန့်ရှင်းသောနိုင်ငံတော်တစ်ခုဖြစ်စေရန်၊ ငါ၏ နှုတ်ကပတ်တော်တို့အားဖြင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးရှိ လူခပ်သိမ်းနှင့် အရာခပ်သိမ်းကို သန့်စင်စေရန် ငါဆေးကြောမည်။ ၎င်းတို့ကိုငါအသုံးပြုရေးအတွက် ထောက်ပံ့ပေးစေရန်အလို့ငှာ၊ ၎င်းတို့၏ မြေကြီးနှင့်စပ်ဆိုင်သော ထွက်သက်ဝင်သက် မရှိတော့စေခြင်းအလို့ငှာနှင့် ၎င်းတို့သည် မြေကြီး၏အရသာနှင့် စွန်းထင်း မနေစေတော့ရန် ငါသည် အရာခပ်သိမ်းကို အသစ်ဖြစ်စေမည်။ မြေကြီးပေါ်တွင် လူသားသည် ငါ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ပန်းတိုင်နှင့် မူလအစများကို စမ်းတဝါးဝါးရှာလျက် ငါ့လုပ်ဆောင်ချက်တို့ကို ကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း မည်သူမျှ ငါ့နှုတ်ကပတ်တော်များ၏ မူလအစများကို စစ်မှန်စွာသိခဲ့ဖူးခြင်း မရှိပေ။ ထို့အပြင် မည်သူမျှ ငါ၏လုပ်ဆောင်ချက်များတွင် အံ့သြဖွယ်ရာကောင်းခြင်းကို စစ်မှန်စွာ တွေ့မြင်ခဲ့ဖူးခြင်းမရှိပေ။ ယနေ့တွင်သာ ငါကိုယ်တိုင်လူသားအကြားလာ၍ ငါ့နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ လူသားသည် ၎င်းတို့၏ အတွေးများထဲ “ငါ့” အတွက် ပေးထားသည့်နေရာကို ဖယ်ရှားလျက်၊ ၎င်းအစား ၎င်းတို့၏အသိဉာဏ်တွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာတစ်နေရာဖန်တီးကာ ငါ့ကို အနည်းငယ်သိကြ၏။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မြင်လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့သော် ဝိုးတဝါးနှင့် စိတ်ကူးသက်သက်ဟု လူသားမှခံစားရသော ဘုရားသခင်သာလျှင် လူသား၏နှလုံးသားတွင် သေချာသည့် နေရာတစ်ခုယူထားသော တစ်ခုတည်းသောအရာ ဖြစ်၏။ ငါမှရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သိမည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို မည်သူက စစ်မှန်စွာယုံကြည်မည်နည်း။ အကယ်စင်စစ် သံသယအရိပ်အမြွက်တစ်ခုမျှ မရှိဘဲ မည်သူယုံကြည်မည်နည်း။ လူသား၏နှလုံးသားတွင်ရှိသည့် “ငါ” နှင့် လက်တွေ့ဘဝတွင်ရှိသည့် “ငါ” တို့အကြား ကြီးမားသည့်ကွာခြားမှုရှိ၍ ၎င်းတို့နှစ်ခုအကြား မည်သူမျှ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိ မခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာသော်မှ ဤကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။ အဆက်မပြတ်စီးဆင်းနေသည့် လူတို့အကြား ငါသည် နေ့စဉ် လျှောက်လှမ်း၍ လူတစ်ဦးစီ၏အတွင်းတွင် ငါသည် နေ့စဉ် ဆောင်ရွက်၏။ လူသားသည် ငါ့ကို အမှန်စင်စစ်တွေ့သည့်အခါ၊ သူသည် ငါ၏နှုတ်ကပတ်တော်များ၌ ငါ့ကိုသိနိုင်မည်ဖြစ်ကာ ငါပြောဆိုသည့် နည်းလမ်းများအပြင် ငါ၏ရည်ရွယ်ချက်များအား နားလည်လိမ့်မည်ဖြစ်သည်။

ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံတော် တရားဝင်တည်ထောင်သည့်အခါ အရာခပ်သိမ်းအကြား မည်သည့်အရာသည် ဆိတ်ငြိမ်လျက် မနေသနည်း။ လူခပ်သိမ်းအကြား မည်သူသည် မကြောက်ရွံ့ဘဲ နေသနည်း။ စကြဝဠာ လောကတစ်ခွင်ငါသည် နေရာတိုင်း လျှောက်လှမ်း၍ အရာခပ်သိမ်းကို ငါကိုယ်တိုင် စီမံ၏။ ဤအချိန်တွင် ငါ၏လုပ်ဆောင်ချက်များသည် အံ့သြဖွယ်ကောင်းသည်ကို မည်သူမသိသနည်း။ ငါ၏လက်များသည် အရာခပ်သိမ်းကို ထောက်ပင့်ထားသော်လည်း ငါသည် အရာခပ်သိမ်း၏ အထက်တွင်လည်း ရှိ၏။ ယနေ့ ငါ၏လူ့ဇာတိခံယူခြင်းနှင့် လူသားအကြား ငါကိုယ်တိုင်ရှိနေခြင်းသည် ငါ၏နှိမ့်ချခြင်းနှင့် ဖုံးကွယ်နေခြင်း၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်ပေဘူးလော။ အပြင်ပန်းတွင် များစွာသော လူတို့သည် ငါ့အား ကောင်းသည်ဟု ချီးမွမ်းလျက် လှသည်ဟု ချီးကျူးကြသော်လည်း မည်သူသည် ငါ့အား စစ်မှန်စွာသိသနည်း။ ယနေ့ ငါသည် သင်တို့ကို ငါ့အားသိရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ ငါ၏ရည်မှန်းချက်မှာ အဆင်းနီသောနဂါးကြီးကို အရှက်ရစေရန် မဟုတ်သလော။ ငါသည် လူသားအား ငါ့ကို ချီးကျူးရန် အတင်းအကျပ်မပြုလိုသော်လည်း သူ့အား ငါ့ကိုသိစေလိုကာ ထိုသို့သိခြင်းအားဖြင့် သူသည် ငါ့ကို ချစ်လာကာ၊ ဤသို့ဖြင့် ငါ့ကို ချီးမွမ်းစေလိုသည်။ ထိုကဲ့သို့သော ချီးမွမ်းခြင်းသည် ၎င်း၏အမည်နှင့် ထိုက်တန်၍ အချည်းနှီးပြောဆိုခြင်း မဟုတ်ပေ။ ဤသို့သောချီးမွမ်းခြင်းသည်သာ ငါ၏ပလ္လင်သို့ရောက်နိုင်၍ မိုးကောင်းကင်သို့ တက်နိုင်မည်ဖြစ်သည်။ လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းခံရသဖြင့်၊ အယူအဆများကိုစဉ်းစားနေခြင်းသည် သူ့အပေါ်လွှမ်းမိုးသွားခဲ့သဖြင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏အယူအဆအားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏စဉ်းစားခြင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန်အလို့ငှာ ငါသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ဝါစွာလျှောက်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အားအစေခံခြင်းလည်း မပြုတော့ပေ။ ထို့ကြောင့် လူသားတို့၏အယူအဆများတွင်ရှိသည့် “ငါ” ကို လုံးဝ ပပျောက်စေသည်။ နိုင်ငံတော် တည်ထောင်သည့်အခါ၊ ငါသည် အမှု၏ဤအဆင့်ကို အရင်ဆုံးစတင်ကာ ငါ၏လူတို့အကြား၌လည်း ငါသည် ဤသို့ပြု၏။ အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် မွေးဖွားသောငါ၏လူတို့ဖြစ်သဖြင့်၊ အကယ်စင်စစ် သင်တို့၏အတွင်းတွင် အဆင်းနီသောနဂါးကြီး၏ အဆိပ် အနည်းငယ်သာပင် သို့မဟုတ် တစ်စိတ်တစ်ပိုင်းပင် မရှိပေ။ ထို့ကြောင့် ငါ့အမှု၏ဤအဆင့်သည် အဓိကအားဖြင့် သင်တို့အပေါ် အာရုံစူးစိုက်ထားခြင်းဖြစ်ကာ၊ ဤသည်မှာ တရုတ်နိုင်ငံတွင် ငါလူ့ဇာတိခံယူခြင်းအဓိပ္ပာယ်၏ ကဏ္ဍတစ်ရပ်ဖြစ်သည်။ လူအများစုသည် ငါပြောသည့် နှုတ်ကပတ်တော်များ၏ အပိုင်းအစတစ်ခုကိုမျှပင် နားလည်နိုင်ခြင်းမရှိဘဲ၊ ၎င်းတို့ နားလည်သည့်အခါတွင်လည်း ၎င်းတို့၏နားလည်ခြင်းသည် ဝိုးတိုးဝါးတားနှင့် မရှင်းမလင်းဖြစ်၏။ ဤသည်မှာ ငါ့ပြောဆိုသည့်နည်းနာ၏ အလှည့်အပြောင်းထဲမှ တစ်ခုဖြစ်၏။ လူအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်၍ ၎င်းတို့၏အဓိပ္ပာယ်များကို နားလည်နိုင်ပါက၊ လူသားအကြား မည်သူသည် ကယ်တင်ခြင်းခံရကာ မရဏနိုင်ငံသို့ ပစ်ချမခံဘဲ နေရနိုင်မည်နည်း။ လူသားသည် ငါ့ကိုသိ၍နာခံသည့်အခါသည် ငါနားသည့်အခါ ဖြစ်လိမ့်မည်။ ထို့အပြင် လူသားသည် ငါ့နှုတ်ကပတ်တော်များ၏အဓိပ္ပာယ်ကို နားလည်နိုင်သည့် အချိန်ပင်ဖြစ်လိမ့်မည်။ ယနေ့ —သင်ငါ့ကိုသိခြင်းအကြောင်းကို မဆိုနှင့်- သင်၏ ဝိညာဉ်အသက်တာသည် သေးငယ်လွန်း၏။ သနားစဖွယ်ကောင်းလောက်အောင်ပင် သေးငယ်၏။ ချီးမြှောက်ရန်ပင်မထိုက်ပေ။

ငါ၏သားများနှင့်လူတို့ကို လမ်းပြရန် ကောင်းကင်တမန်များကို စတင်စေလွှတ်ပြီဟု ငါပြောသော်လည်း၊ ငါ့နှုတ်ကပတ်တော်တို့၏ အဓိပ္ပာယ်ကို မည်သူမျှ နားမလည်နိုင်ကြ။ လူသားအကြား ငါကိုယ်တိုင် လာသည့်အခါ၊ ကောင်းကင်တမန်တို့သည် လမ်းပြသည့်အမှုကို တစ်ပြိုင်နက်စတင်ကြကာ ကောင်းကင်တမန်တို့ လမ်းပြသည့်အချိန်အတွင်း၊ သားများနှင့်လူတို့အားလုံးသည် စမ်းသပ်ခြင်းနှင့် လမ်းပြခြင်းတို့ကို ရရှိရုံမက ရူပါရုံများအမျိုးမျိုးဖြစ်ပေါ်ခြင်းကိုလည်း ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်နိုင်ကြ၏။ ငါသည် ဘုရား၏သဘောသဘာဝ၌ တိုက်ရိုက်ဆောင်ရွက်သဖြင့် အရာခပ်သိမ်းသည် အသစ်စတင်ကြကာ၊ ဘုရား၏ဤသဘောသဘာဝသည် တိုက်ရိုက်ဆောင်ရွက်သဖြင့်၊ ၎င်းသည် လူ့သဘာဝ၏ကန့်သတ်မှု အနည်းငယ်မျှပင်မရှိဘဲ လူသားအမြင်တွင် သဘာဝလွန်အခြေအနေများ၌ လွတ်လပ်စွာ ဆောင်ရွက်နေပုံ ရနေသည်။ သို့သော်လည်း၊ ငါ့အတွက်မူ အားလုံးသည် ပုံမှန်ဖြစ်၏ (လူသားသည် ဘုရား၏သဘောသဘာဝနှင့် တိုက်ရိုက်မတွေ့ဖူးသေးသဖြင့် ဤသည်မှာ သဘာဝလွန်ဖြစ်သည်ဟု ယုံကြည်၏)၊ ၎င်းသည် လူသား၏အယူအဆများ တစ်ခုမျှပင် မရှိသည့်အပြင် လူသား၏အဓိပ္ပာယ်နှင့်လည်း စွန်းထင်းခြင်း မရှိပေ။ လူအားလုံးတို့သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်သည့်အခါမှသာ ဤသည်ကို မြင်ကြလိမ့်မည်။ ယခုသည် အစဖြစ်သောကြောင့်၊ သူ၏ဝင်ရောက်ခြင်းနှင့် ပတ်သက်ပါက လူသားတွင် ချို့ယွင်းချက် များစွာရှိကာ၊ ထိုကဲ့သို့သောအားနည်းချက်များနှင့် နားလည်ရန် ခက်ခဲခြင်းတို့ကို ရှောင်ရှားနိုင်ခဲပေသည်။ ယနေ့ ငါသည်သင်တို့အားဤနေရာအထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ပြီးဖြစ်သည့်အပြင် ငါ့တွင် ကိုယ်ပိုင်ရည်မှန်းချက်များလည်း ရှိ၏။ ငါသည် သင်တို့အား ၎င်းတို့အကြောင်း ယနေ့ပြောပြရမည်ဆိုပါက သင်တို့သည် ၎င်းတို့ကို စစ်မှန်စွာ သိနိုင်ပါမည်လော။ ငါသည် လူသား၏စိတ်၏အတွေးများနှင့် လူသား၏နှလုံးသား၏ဆန္ဒများကို ကောင်းစွာ သိကျွမ်းသည်- မိမိတို့ ကိုယ်တိုင်အတွက် ထွက်မြောက်ရာလမ်းကို တစ်ခါမျှမရှာဖူးသူ မည်သူရှိသနည်း။ မိမိတို့ကိုယ်တိုင်၏ အလားအလာအကြောင်း မစဉ်းစားခဲ့ဖူးသူ မည်သူရှိသနည်း။ သို့ရာတွင် လူသားသည် ကြွယ်ဝ၍ ပြောင်မြောက်သော အသိဉာဏ်ရှိသော်လည်း၊ ခေတ်များ၏နောက်ပိုင်း၊ လက်ရှိကာလသည် ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ခဲ့သနည်း။ ဤသည်မှာ သင်ကိုယ်တိုင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကြိုးပမ်းမှုများ၏ အသီးအပွင့် အမှန်ပင်ဖြစ်သလော။ ဤသည်မှာ မမောမပန်းနိုင်သော သင်၏ကြိုးပမ်းမှုအတွက် အဖိုးအခပင်လော။ ဤသည်မှာ သင့်စိတ်မှမှန်းဆကြည့်သော လှပသည့် မြင်ကွင်းပေလော။ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို လမ်းပြခြင်းမပြုခဲ့ပါက ငါ၏အစီအမံများမှ ခွဲထွက်ကာ အခြားထွက်မြောက်ရာလမ်းရှာနိုင်မည့်သူ မည်သူရှိသနည်း။ လူသားကို ယနေ့ကာလသို့ ခေါ်လာသည့်အရာမှာ လူသား၏အတွေးအခေါ်များနှင့် စိတ်ဆန္ဒများလော။ များစွာသောလူတို့သည် ၎င်းတို့၏လိုအင်ဆန္ဒများ ပြည့်ဝခြင်းမရှိဘဲ တစ်သက်လုံးအသက်ရှင်ကြ၏။ ဤသည်မှာ အကယ်စင်စစ်ပင် ၎င်းတို့၏အတွေးအခေါ်ရှိ မှားယွင်းမှုတစ်ရပ်ကြောင့်လော။ များစွာသောလူတို့၏ဘဝများသည် မျှော်လင့်မထားသော ပျော်ရွှင်ကျေနပ်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ ဤသည်မှာ အကယ်စင်စစ်ပင် ၎င်းတို့မျှော်လင့်ထားသည့် အရာမှာ နည်းပါးလွန်း၍လော။ လူသားတစ်ရပ်လုံးတွင် အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူသည် မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်မှ ကြိုတင်ပြဋ္ဌာန်းထားခြင်းအလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ မည်သူ၏ မွေးခြင်းနှင့်သေခြင်းသည် ၎င်းတို့ကိုယ်တိုင်၏ရွေးချယ်ချက်များမှ လာသနည်း။ လူသားသည် သူကိုယ်တိုင်၏ကံကြမ္မာကို ချုပ်ကိုင်ထားသလော။ များစွာသောလူတို့သည် သေမင်းကို အော်ခေါ်ကြသော်လည်း ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် သန်စွမ်း၍ သေခြင်းကို ကြောက်ရွံ့သူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေမင်း၏ အသူတစ်ရာနက်သော ချောက်အတွင်းသို့ တွန်းချနေလျက် ၎င်းတို့၏သေခြင်းသည် ၎င်းတို့မသိဘဲ ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ကြည့်၍ နက်ရှိုင်းစွာ သက်ပြင်းချ၏၊ များစွာသောလူတို့သည် ကြီးစွာ ငိုကြွေး၍ အော်ကာရှိုက်ငိုကြ၏၊ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် သွေးဆောင်ခြင်း၏အကျဉ်းသားများ ဖြစ်သွားကြ၏။ ငါ့အား ထင်ရှားစွာ မြင်ခွင့်ပြုရန် ငါသည် ကိုယ်တိုင်ပေါ်လာခြင်း မရှိသော်လည်း၊ များစွာသောလူတို့သည် ၎င်းတို့အား ငါမှရိုက်ချမည်၊ ငါမှ အဆုံးစီရင်မည်ကို လွန်စွာကြောက်ရွံ့လျက် ငါ့၏မျက်နှာကို မြင်ရန်ကြောက်နေကြ၏။ လူသားသည် ငါ့ကို အစစ်အမှန်ပင် သိသလော၊ မသိသလော။ မည်သူမျှ သေချာစွာ မပြောနိုင်ပေ။ ဤသို့မဟုတ်ပေဘူးလော။ သင်တို့သည် ငါ့ကိုရော၊ ငါ၏ပြစ်တင်ဆုံးမမှုကိုပါ ကြောက်ရွံ့သော်လည်း၊ သင်တို့သည် မတ်တတ်ရပ်၍ ငါ့ကို ပွင့်ပွင့်လင်းလင်းပင် ဆန့်ကျင်ကာ ငါ့အပေါ်စီရင်ခြင်းလည်းပြု၏။ ဤသို့ဖြစ်သည် မဟုတ်လော။ လူသားသည် ငါ့ကို လုံးဝမသိခဲ့ဖူးခြင်းမှာ သူသည် မည်သည့်အခါမျှ ငါ၏မျက်နှာကို မမြင်ခဲ့ဖူး၊ သို့မဟုတ် ငါ့အသံကို မကြားခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသား၏နှလုံးသားအတွင်းတွင် ရှိသော်လည်း ၎င်း၏နှလုံးသားတွင် ငါသည် ဝိုးတဝါးနှင့် မထင်မရှားဖြစ်နေခြင်း မရှိသူ တစ်စုံတစ်ဦးရှိသလော။ ၎င်း၏နှလုံးသားတွင် ငါသည် လုံးဝဥဿုံရှင်းလင်းနေသူ တစ်စုံတစ်ဦးရှိသလော။ ငါ၏လူတို့ဖြစ်သူတို့အား ငါ့ကို ဝိုးတိုးဝါးတားနှင့် နားလည်ရန် ခက်ခဲသည်ဟု မြင်သည်ကို ငါမလိုလားသဖြင့် ငါသည် ဤကြီးမြတ်သော အမှုကို စတင်၏။

ငါသည် လူတို့အကြား တိတ်ဆိတ်စွာလာ၍ တိုးညင်းစွာ ထွက်ခွာ၏။ ငါ့ကိုတွေ့ဖူးသူ တစ်စုံတစ်ဦး ရှိသလော။ နေမင်းသည် ၎င်း၏တောက်လောင်နေသော မီးတောက်များကြောင့် ငါ့ကို မြင်နိုင်သည်လော။ လမင်းသည် ၎င်း၏ ထွန်းတောက်နေသောကြည်လင်မှုကြောင့် ငါ့ကို မြင်နိုင်သလော။ နက္ခတ်တာရာများသည် ကောင်းကင်ရှိ ၎င်းတို့၏နေရာကြောင့် ငါ့ကိုမြင်နိုင်သလော။ ငါလာသည့်အခါ လူသားမသိ။ ထို့အပြင် အရာခပ်သိမ်းတို့သည်လည်း မသိဘဲဖြစ်နေကြကာ၊ ငါထွက်ခွာသည့်အခါတွင်လည်း လူသားသည် မသိဘဲရှိဆဲဖြစ်သည်။ ငါ့အတွက် မည်သူသက်သေခံပေးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့၏ ချီးမွမ်းခြင်းကများ ဖြစ်နိုင်သလော။ တောရိုင်းထဲတွင် ပွင့်နေသည့်နှင်းပန်းတွေကများ ဖြစ်နိုင်သလော။ မိုးကောင်းကင်တွင် ပျံနေသော ငှက်များလော။ တောင်များတွင် ဟိန်းဟောက်နေသော ခြင်္သေ့များလော။ ငါ့အား မည်သူမျှ အပြည့်အဝ သက်သေမခံနိုင်ပေ။ ငါပြုမည့်အမှုကို မည်သူမျှ မဆောင်ရွက်နိုင်ပေ။ ၎င်းတို့သည် ဤအမှုကို ပြုလျှင်ပင် မည်သည့်သက်ရောက်မှု ရှိမည်နည်း။ လူအများအပြားတို့၏ လုပ်ဆောင်မှုတိုင်းကို ငါနေ့စဉ် လေ့လာ၍၊ လူများစွာတို့၏ နှလုံးသားနှင့် စိတ်များကို ငါနေ့စဉ်စစ်ဆေး၏။ မည်သူမျှ ငါ၏တရားစီရင်မှုမှ မည်သည့်အခါကမျှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။ ထို့အပြင် မည်သူမျှ ငါ၏တရားစီရင်ခြင်း၏ အမှန်တရားမှ မည်သည့်အခါကမျှ ကင်းကွာရန်ပြုခဲ့ခြင်း မရှိပေ။ ငါသည် ကောင်းကင်အထက်တွင် မတ်တတ်ရပ်လျက် အဝေးသို့ကြည့်၏- မရေမတွက်နိုင်သောလူတို့သည် ငါ၏ရိုက်ချခြင်းကို ခံရ၏၊ သို့ရာတွင် ငါ၏အကြင်နာနှင့် မေတ္တာတို့အလယ်၌လည်း မရေမတွက်နိုင်သော လူတို့နေကြ၏။ သင်တို့သည်လည်း ဤသို့သောအခြေအနေများတွင် နေသည် မဟုတ်လော။

၁၉၉၂ ခုနှစ် မတ်လ ၅ ရက်

ယခင်က:တစ်ဆယ်ခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:တစ်ဆယ့်နှစ်ခုမြောက်သော မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ