အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ခုနစ်ခုမြောက်သော မိန့်မြွက်ချက်

အနောက်တိုင်းမှ အကိုင်းအခက်အားလုံး ငါ၏အသံကို နားထောင်သင့်သည်-

သင်တို့သည် အတိတ်က ငါ့အပေါ် သစ္စာရှိခဲ့သလော။ သင်တို့သည် ငါ၏ထူးကဲသော သြဝါဒနှုတ်ကပတ်တော်များကို လိုက်နာခဲ့ပြီးပြီလော။ သင်တို့တွင် မရေရာမသေချာသော မျှော်လင့်ချက်များမဟုတ်ဘဲ လက်တွေ့ကျသော မျှော်လင့်ချက်များ ရှိသလော။ ငါ့ထံမှလာသည်မှလွဲ၍ လူသား၏သစ္စာ၊ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ယုံကြည်ခြင်းတို့ ဘာမျှမရှိ၊ ငါပေးကမ်းထားသည်မှလွဲ၍ ဘာမျှမရှိ။ ငါ၏လူတို့၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို နားထောင်သည့်အခါ ငါ၏အလိုဆန္ဒကို သင်တို့နားလည်သလော။ ငါ၏နှလုံးသားကို မြင်သလော။ အတိတ်က သင်တို့သည် အစေခံမှု လမ်းကြောင်းပေါ်တွင် ခရီးသွားခဲ့ရင်း အတက်အကျများ၊ တိုးတက်မှုနှင့် ဆုတ်ယုတ်မှုများတို့နှင့် ကြုံတွေ့ခဲ့ကာ လဲကျမည့် အန္တရာယ်ရှိသည့်အချိန်များ၊ ငါ့ကိုပင် သစ္စာဖောက်မည့် အချိန်များ ရှိခဲ့၏။ သို့သော် ငါသည် အချိန်တိုင်း သင်တို့အား အစဉ် ကယ်တင်ရန် လုပ်ဆောင်သည်၊ ငါသည် အချိန်တိုင်း သင်တို့အား ခေါ်၍ကယ်တင်ရန် အစဉ် ငါ၏အသံကို မိန့်မြွက်နေခဲ့သည်ကို သင်တို့သိခဲ့သလော။ သင်တို့သည် စာတန်၏ပိုက်ကွန်အတွင်း အကြိမ်ရေမည်မျှ ကျသွားခဲ့ပြီးသနည်း။ သင်တို့သည် လူသားတို့၏ ကျော့ကွင်းတွင် အကြိမ်ရေမည်မျှ ငြိခဲ့ပြီးသနည်း။ ထို့အပြင် သင်တို့ကိုယ်သင်တို့ လက်မလွှတ်နိုင်သည့်အတွက် သင်တို့အချင်းချင်း အဆုံးမရှိသော ယှဉ်ပြိုင်မှုဖြင့် ပျက်ယွင်းမှု မကြာခဏ မည်မျှဖြစ်ခဲ့ကြသနည်း။ သင်တို့၏ခန္ဓာများသည် ငါ့အိမ်တွင်ရှိခဲ့သော်လည်း သင်တို့၏နှလုံးသားများ မည်သည့်နေရာရောက်နေမှန်းမသိသည့်အဖြစ် မကြာခဏ မည်မျှဖြစ်ခဲ့ကြသနည်း။ မည်သို့ပင်ရှိစေကာမူ သင်တို့ကို ဆုပ်ကိုင်ထားနိုင်ရန် ငါ၏ ကယ်တင်သောလက်ကို သင်တို့ထံ အကြိမ်မည်မျှ ငါကမ်းလှမ်းခဲ့သနည်း။ သင်တို့အကြား ငါသည် အကြိမ်ရေမည်မျှ အကြင်နာ အစေ့အဆန် ကြဲခဲ့သနည်း။ သင်တို့၏ သနားစဖွယ် ဒုက္ခခံနေရမှုကို ငါသည် ကြည့်ခြင်းငှာ ခံနိုင်စွမ်းမရှိသည့် အကြိမ်ရေမည်မျှ ရှိခဲ့သနည်း။ အကြိမ်ရေမည်မျှနည်း … သင်တို့သိသလော။

သို့ရာတွင် ယနေ့ သင်တို့သည် ငါ၏အကာအကွယ်၌ နောက်ဆုံးတွင် အခက်အခဲအားလုံးကို အောင်နိုင်ခဲ့ကာ ငါသည် သင်တို့နှင့်အတူ ဝမ်းမြောက်၏၊ ဤသည်မှာ ငါ့ဉာဏ်အမြော်အမြင်၏ ပုံဆောင်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်ကို ကောင်းစွာအမှတ်ရလော့။ သင်တို့အကြား မည်သူသည် သန်စွမ်းလျက်ရှိစဉ် လဲကျခဲ့ဖူးသနည်း။ သင်တို့အကြား မည်သူသည် မည်သည့်အခါမျှ အားနည်းသည့်အချိန်များ မရှိခဲ့ဘဲ သန်စွမ်းခဲ့ဖူးသနည်း။ လူသားတို့အကြား မည်သူသည် ငါ့ထံမှမလာသော ကောင်းချီးမင်္ဂလာတစ်ခုခုကို ခံစားခဲ့ဖူးသနည်း။ ငါ့ထံမှမလာသော ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ် မည်သူ တွေ့ကြုံခဲ့ဖူးသနည်း။ ငါ့ကိုချစ်သောသူအားလုံးသည် ကောင်းချီးမင်္ဂလာသာ ရရှိကြသည်များ ဖြစ်နိုင်သလော။ ယောဘသည် ငါ့ကို ချစ်ရန်ပျက်ကွက်၍ ငါ့အားခုခံသည့်အတွက် သူ့အပေါ် ကံမကောင်းအကြောင်းမလှသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သလော။ ပေါလုသည် ငါ့အား စစ်မှန်စွာချစ်နိုင်ခဲ့သဖြင့် သူသည် ငါ့မျက်မှောက်တွင် သစ္စာဖြင့် ငါ့အားအစေခံနိုင်ခဲ့ခြင်း ဖြစ်နိုင်သလော။ သင်တို့သည် ငါ၏သက်သေခံချက်ကို မြဲမြံစွာ ကိုင်စွဲထားနိုင်သော်လည်း သင်တို့အကြားတွင် ရွှေစင်ကဲ့သို့ ညစ်ညမ်းမှုများဖြင့် ရောစပ်မထားသော သက်သေခံချက်ရှိသူ တစ်စုံတစ်ဦး ရှိနိုင်သလော။ လူသားသည် စစ်မှန်သော သစ္စာရှိနိုင်စွမ်း ရှိသလော။ သင်တို့၏သက်သေခံချက်သည် ငါ့အားမွေ့လျော်စေခြင်းမှာ သင်တို့၏ “သစ္စာရှိမှု” နှင့် ဝိရောဓိမဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် မည်သည့်အခါကမျှ မည်သူ့ထံမှ များစွာတောင်းဆိုခဲ့ဖူးခြင်း မရှိသောကြောင့်ဖြစ်သည်။ ငါ့အစီအစဉ်၏ မူလရည်ရွယ်ချက်အရ သင်တို့အားလုံးသည် “ကျေနပ်ဖွယ်မရှိသော အညံ့စားကုန်ပစ္စည်းများ” ဖြစ်ကြမည်။ ဤသည်မှာ ငါသင်တို့ကိုပြောခဲ့သည့် “ကြင်နာမှု အစေ့အဆန်များကြဲခြင်း” အကြောင်း နမူနာတစ်ရပ်မဟုတ်လော။ သင်တို့မြင်သည့်အရာသည် ငါ၏ကယ်တင်ခြင်း မဟုတ်သလော။

သင်တို့အားလုံးသည် အတိတ်ကဖြစ်ရပ်ကို ပြန်စဉ်းစားသင့်သည်- ငါ၏အိမ်သို့ ပြန်ရောက်ပြီးကတည်းက မိမိ၏ အကျိုးအမြတ်ရရှိခြင်း သို့မဟုတ် ဆုံးရှုံးခြင်းကို မစဉ်းစားဘဲ ငါ့အား ပေတရုသိသည့်နည်းအတိုင်း သိလာသူ တစ်စုံတစ်ဦး ရှိသလော။ သင်တို့သည် သမ္မာကျမ်းစာ၏အပေါ်ယံကို စုံလင်စွာနားလည်ခဲ့ပြီးသော်လည်း ၎င်း၏အနှစ်သာရတစ်စုံတစ်ရာကို သင်တို့ နှလုံးသွင်းခဲ့သလော။ သို့ဖြစ်သော်မှ သင်တို့ကိုယ်သင်တို့ လက်လွှတ်ရန် ငြင်းပယ်နေလျက် သင်သည် သင်၏ “အရင်းအနှီး” ကို ကိုင်စွဲထားလျက်ရှိ၏။ ငါသည် မိန့်မြွက်ချက်တစ်ခုပြုလုပ်သည့်အခါ၊ သင်တို့ကို မျက်နှာချင်းဆိုင် ပြောဆိုသည့်အခါ၊ ငါထုတ်ပြောသည့် အသက်၏နှုတ်ကပတ်တော်များကို လက်ခံရန် သင်တို့အကြား မည်သူသည် ပိတ်ထားသော စာလိပ်ကို ချထားခဲ့ဖူးသနည်း။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို လုံးဝဂရုမပြုကြ၊ ချစ်ခင်မြတ်နိုးခြင်းလည်း မရှိကြပေ။ ထိုသို့ပြုမည့်အစား ငါ၏နှုတ်ကပတ်တော်ကို သင်၏အနေအထားကို ထိန်းသိမ်းထားရေးအတွက် သင်၏ရန်သူများကို ပစ်ခတ်ရန် စက်သေနတ်ကဲ့သို့ အသုံးပြု၏၊ ငါ့အားသိရန် ငါ၏တရားစီရင်ခြင်းကို လက်ခံရန် အနည်းငယ်မျှ ကြိုးပမ်းခြင်းမရှိပေ။ သင်တို့တစ်ဦးစီတိုင်းသည် အခြားသူတစ်ဦးအား လက်နက်ဖြင့် ချိန်ရွယ်၏၊ သင်တို့အားလုံးသည် “အတ္တကင်းမဲ့၏”၊ အခြေအနေတိုင်းတွင် အားလုံးသည် “အခြားသူများအတွက် စဉ်းစားနေကြ၏”၊ ဤသည်မှာ မနေ့က သင်တို့ပြုလုပ်နေသည့်အရာ အတိအကျပင် မဟုတ်သလော။ ယနေ့တွင်ကော။ သင်တို့၏ “သစ္စာရှိမှု” သည် အမှတ်အနည်းငယ် မြင့်တက်သွားခဲ့ပြီ၊ သင်တို့အားလုံးသည် အနည်းငယ် သာ၍အတွေ့အကြုံ ရှိသွားခဲ့ပြီ၊ အနည်းငယ်သာ၍ ရင့်ကျက်ပြီဖြစ်ကာ ထိုအတွက်ကြောင့် ငါ့အပေါ် သင်၏ “ကြောက်ရွံ့မှု” သည် အနည်းငယ် တိုးမြင့်သွား၍ မည်သူမျှ “ပေါ့ပေါ့တန်တန်ပြုမူရန် မဝံ့ရဲကြပေ။” သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မတုန်မလှုပ်သော အနေအထားတွင် ရှိကြသနည်း။ သင်တို့၌ အပြုသဘောဆောင်သည့် လက္ခဏာသွင်ပြင်များ မည်သည့်နေရာတွင်မျှ အစဉ်မတွေ့သည်မှာ အဘယ်ကြောင့်နည်း။ အို၊ ငါ၏လူတို့။ အတိတ်သည် ပြီးဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းကို တွယ်ဖက်ခြင်း မပြုရတော့ပေ။ မနေ့က သင်၏အနေအထားကို ထိန်းသိမ်းထားပြီးဖြစ်၍ ယနေ့ သင်သည် ငါ့ကို သင်၏ စစ်မှန်သည့် သစ္စာရှိမှုကို ပေးသင့်ကာ ထို့ထက်ပင် ပို၍ သင်သည် မနက်ဖြန်တွင် ငါ့အတွက် ကောင်းမွန်သော သက်သေခံချက် ပြုသင့်သည်။ ထို့အပြင် သင်သည် အနာဂတ်တွင် ငါ၏ကောင်းချီးမင်္ဂလာကို အမွေဆက်ခံရရှိလိမ့်မည်။ ဤသည်ကို သင်တို့အားလုံး နားလည်သင့်သည်။

ငါသည် သင်တို့၏ရှေ့မှောက်တွင် ရှိမနေသော်လည်း၊ ငါ့ဝိညာဉ်သည် သင်တို့အပေါ် ကျေးဇူးတော် ပေးအပ်လိမ့်မည်မှာ သေချာ၏။ သင်တို့သည် ငါ၏ကောင်းချီးမင်္ဂလာကို တန်ဖိုးထား၍ ဤသည်ကို အမှီပြုကာ သင်တို့ကိုယ်သင်တို့ သိနိုင်လိမ့်မည်ဟု ငါမျှော်လင့်၏။ ဤသည်ကို အရင်းအနှီးအဖြစ် သဘောမထားနှင့်။ သို့ပြုမည့်အစား ငါ၏ နှုတ်ကပတ်တော်များအတွင်းမှနေ၍ သင်တို့တွင် ကင်းမဲ့နေသည်ကို ဖြည့်လျက် ဤသည်မှ သင်တို့၏ အပြုသဘောဆောင်သော လိုအပ်ချက်များကို ရယူလော့။ ဤသည်မှာ သင်တို့ကို ငါ ထားရစ်ခဲ့သည့် မှာကြားချက်ဖြစ်၏။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်

ယခင်က:ငါးခုမြောက်သော မိန့်မြွက်ချက်

နောက်တစ်ခုသို့:ရှစ်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ