အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်

လူသားကို ငါပြောချင်သည့် အရာများနှင့် ငါပြောရမည့် အရာများ များစွာရှိသည်။ သို့သော်လည်း လူသား၏ လက်ခံနိုင်သော စွမ်းရည်သည် အလွန်ပင် နည်းပါးလွန်းလှသည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို ငါသတ်မှတ်ထားသော အရာအတိုင်း ပြည့်ပြည့်ဝဝ သဘောမပေါက်သကဲ့သို့ ရှုထောင့် တစ်ခုတည်းကိုသာ နားလည်ပြီး အခြားသောအရာများကိုမူ မသိနားမလည်ကြ။ သို့သော် လူသား၏ အစွမ်းအစမဲ့ခြင်းကြောင့် သူ့ကိုသေခြင်းသို့ မပို့ဆောင်ခဲ့သလို လူသား၏ အားနည်းမှုကြောင့် ငါစိတ်မထိခိုက်ပါ။ ငါ၏အလိုကို လူသားသည် နားမလည်သော်လည်း ငါအမြဲ လုပ်ခဲ့သည့်အတိုင်းပင် ငါသည် လုပ်ဆောင်ပြောဆိုသည်။ အချိန်တန်သည့်အခါ လူသားတို့၏ နက်ရှိုင်းသော နှလုံးသားထဲ၌ ငါ့ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အတွေးများထဲ၌လည်း ငါ့ကို သတိရကြပါလိမ့်မည်။ ဤကမ္ဘာမြေကြီးမှ ငါထွက်ခွာသွားသည့် အချိန်သည် လူသား၏ နှလုံးသားပလ္လင်ထက်၌ နေရာရသောအချိန် ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ လူသားအားလုံး ငါ့ကို သိကျွမ်းသောအချိန်၌ ဖြစ်လိမ့်မည်။ ထိုနည်းတူစွာပင် ငါ၏သားများနှင့် ငါ့လူများသည် ကမ္ဘာမြေကြီးကို အုပ်ချုပ်သောအချိန်၌ ဖြစ်လိမ့်မည်။ ငါ့ကိုသိသော သူတို့သည် ငါ့နိုင်ငံတော်၌ အဓိကကျသောသူများ ဖြစ်လာကြလိမ့်မည်။ သူတို့သည် မပြည့်စုံသော်လည်း ငါ့နိုင်ငံတော်ထဲ၌ အုပ်ချုပ်ရန်နှင့် တန်ခိုးအာဏာကို စွဲကိုင်ဖို့ရန် အခွင့်အရေး ရရှိကြပါလိမ့်မည်။ ငါ့ကိုသိသော သူအားလုံးတို့သည် ငါ၏ ဖြစ်ခြင်းကို ပိုင်ဆိုင်ကြပြီး လူသားအားလုံးတို့ကြား၌ ကောင်းမွန်စွာ ရှင်သန်ကြလိမ့်မည်။ ငါ့ကို လူသားတို့ မည်သည့် အတိုင်းအတာထိ သိရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ ငါဂရုမပြုပေ။ ငါ၏အမှုကို မည်သူ တစ်ဦးတစ်ယောက်မျှ ဟန့်တားမထားနိုင်ပေ။ လူသားသည် ငါ့အတွက် အထောက်အကူပြုခြင်း၊ လုပ်ဆောင်ပေးနိုင်ခြင်း မရှိချေ။ လူသားသည် ငါ၏အလင်းထဲ၌ ငါ၏လမ်းပြမှုနှင့်သာ လျှောက်လှမ်းနိုင်ပြီး၊ အလင်းထဲ၌ ငါ၏အလိုကို ရှာဖွေနိုင်သည်။ ယနေ့ လူတို့သည် အရည်အချင်း ပြည့်မီလာကြပြီး သူတို့သည် ငါ၏ ရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနိုင်သော သူများဖြစ်ကြောင်း ယုံကြည်လျက် ရှိကြသည်။ သူတို့သည် ရှက်ကြောက်ခြင်း မရှိဘဲ ငါနှင့်အတူ ရယ်မော၊ ပြက်လုံးများကိုပြောပြီး ငါ့အား တန်းတူဆက်ဆံ ကြသည်။ လူသားသည် ငါ့ကို မသိရှိသေးပါ။ ငါနှင့်သူတို့သည် အနှစ်သာရအားဖြင့် တူညီသောသူများ၊ အသွေး၊ အသားရှိပြီး လူ့လောကထဲ၌ နေထိုင်သောသူများ ဖြစ်သည်ဟု ယုံကြည်နေပါသေးသည်။ ငါ့အပေါ်၌ထားသော သူ၏ရိုသေလေးမြတ်မှုသည် အလွန်အမင်း နည်းပါးလှသည်၊ သူသည် ငါ့ရှေ့မှောက်၌ ရှိသောအခါ ငါ့ကို ရိုသေလေးမြတ်သော်လည်း ဝိညာဉ်တော်၏ ရှေ့မှောက်၌ ငါ့ကိုအစေခံခြင်းငှာ မတတ်စွမ်းနိုင်ကြ။ လူသားအတွက်မူ ဝိညာဉ်တော်သည် ရှိမနေသကဲ့သို့ပင် ဖြစ်သည်။ ရလဒ်အနေဖြင့် မည်သူ တစ်ဦးတစ်ယောက်မှ ဝိညာဉ်တော်ကို သိရှိခဲ့ကြခြင်း မရှိပေ၊ ငါ၏ လူ့ဇာတိခံယူခြင်းတွင် လူများသည် ကိုယ်ခန္ဓာ၏ အသွေးနှင့် အသားကိုသာ မြင်တွေ့ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို သတိပြုမိခြင်း မရှိကြချေ။ ထိုသို့သော နည်းလမ်းအားဖြင့် ငါ၏အလိုသည် အမှန်တကယ် ပြည့်စုံနိုင်ပါမည်လား။ လူတို့သည် ငါ့ကို လှည့်စားနိုင်ဖို့ရန် အတွက် စာတန်၏ အထူးသင်ကြားခြင်းကို ခံနေရသော သူများသဖွယ် ငါ့ကို လိမ်လည် လှည့်ဖြားရာ၌ ထူးချွန်သူများ ဖြစ်ကြသည်။ သို့သော် ငါသည် စာတန်ကြောင့် စိတ်ညစ်ရခြင်း မရှိ။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်အောင်မြင်ဖို့ရန်နှင့် လူသားမျိုးနွယ် အားလုံး၏ ယိုယွင်းဖျက်ဆီးသူများကို အနိုင်ယူဖို့ရန်အတွက် ငါ့ဉာဏ်ပညာကို ငါအသုံးပြုဦးမည်ဖြစ်ပြီး ထိုသို့အားဖြင့် မြေကြီးပေါ်၌ ငါ၏ နိုင်ငံတော် တည်ထောင်ရန်အလို့ငှာ ဖြစ်သည်။

လူသားများကြား ကြယ်များ၏ အရွယ်အစားကို လေ့လာသောသူများ သို့မဟုတ် အာကာသ၏ အရွယ် အစားကို သိရှိဖို့ရန်အတွက် ကြိုးစားခဲ့သောသူများ ရှိကြသည်။ သို့သော်လည်း သူတို့၏ ရှာဖွေမှုများကို အောင်မြင်ဖြစ်ထွန်းအောင် သက်သေမပြနိုင်ခဲ့ကြချေ။ တုန်လှုပ်ချောက်ချားမှုထဲ သူတို့၏ ဦးခေါင်းကို ချိတ်ဆွဲထားကြပြီး ရှုံးနိမ့်ခြင်းထဲသို့ မိမိတို့ကိုယ်မိမိ ကြိတ်မှိတ် လက်ခံထားတတ်ကြသည်။ လူသားများ အားလုံးကို ကြည့်ရှုပြီး လူသား၏ အင်အားကို သူ၏ကျရှုံးများထဲတွင် လေ့လာရာ၌ လုံးလုံးလျားလျား ငါ့ကိုလက်ခံ ယုံကြည်သောသူ တစ်ယောက်မျှ မရှိကြချေ။ ငါ့စကားကိုနာခံပြီး ငါ့ထံသို့ ကျိုးနွံအပ်နှံသောသူ ဟူ၍လည်းမရှိချေ။ လူသား၏ ရည်မှန်းချက်များသည် ရိုင်းစိုင်းလိုက်လေခြင်းပါတကား။ နက်နဲရာအရပ် တစ်ခုလုံးသည် မှုန်ဝါးနေသောအခါ လူသားများကြားထဲ၌ ငါသည် လောကကြီး၏ ခါးသီးမှုကို စတင်မြည်းစမ်းမိသည်။ ငါ့ဝိညာဉ်သည် ကမ္ဘာတခွင် လှည့်လည်ပြီး လူသားများအားလုံး၏ နှလုံးသားများကို ကြည့်ရှုခဲ့သည်။ သို့တိုင် ငါသည် ငါ၏ခံယူထားသော လူ့ဇာတိထဲ၌ လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်၏။ လူသားသည် မျက်စိကန်းနေသောကြောင့် ငါ့ကိုမမြင်တွေ့ပေ။ လူသားသည် ထုံထိုင်းလာသောကြောင့် ငါ့ကိုမသိရှိပေ။ လူသားသည် မနာခံသောကြောင့် ငါ့ကိုဆန့်ကျင်၏။ လူသားသည် သိမ်းပိုက်ခြင်းကို ခံခဲ့ရသောကြောင့် ငါ၏ရှေ့မှောက်တွင် ဦးညွှတ်ရန် လာ၏။ ငါသည် လူသား၏ချစ်ခြင်းမေတ္တာကို ပင်ကိုယ်အားဖြင့် ထိုက်တန်သောကြောင့် လူသားသည် ငါ့ကိုချစ်လာရသည်။ လူသားသည် ငါ့အတွက် အသက်ရှင်ပြီး ငါ့အတွက် သိသာထင်ရှားသူဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏တန်ခိုးနှင့် ဉာဏ်ပညာသည် လူသားကို ငါ့စိတ်နှင့်တွေ့စေသောကြောင့် ဖြစ်သည်။ လူသား၏ နှလုံးထဲ၌ ငါ့အတွက် နေရာရှိသော်လည်း လူသား၏ ချစ်ခြင်းမေတ္တာကို သူ၏ စိတ်ဝိညာဉ်ထဲ၌ တစ်ခါမျှပင် ငါမရရှိခဲ့ပေ။ အရာအားလုံးထက် လူသား ချစ်မြတ်နိုးသော အရာများ လူသား၏ စိတ်ဝိညာဉ်ထဲ၌ အကယ်ပင် ရှိနေသည်။ သို့သော် ငါသည် ထိုအရာများထဲတွင်မပါ။ ထို့ကြောင့် လူသား၏ ချစ်ခြင်းမေတ္တာသည် ဆပ်ပြာပူဖောင်း ကဲ့သို့ပင် ဖြစ်သည်။ ထိုပူဖောင်းများသည် လေတိုက်သောအခါ ပျောက်ပျက်သွားပြီး နောက်တစ်ဖန် တွေ့မြင်ရခြင်း မရှိတော့ပေ။ ငါသည် လူသားအပေါ်၌ ထားသော ငါ၏ သဘောထားကို အမြဲတမ်း မပြောင်းမလဲ ထားခဲ့သည်။ လူသား တစ်ဦးတစ်ယောက်သည် ထိုကဲ့သို့ လုပ်ဆောင် နိုင်ပါရဲ့လား။ လူသား၏ မျက်စိထဲ၌ ငါသည် အကောင်အထည်မရှိ၍ လေကဲ့သို့ မျက်မြင်မရသောသူ ဖြစ်သည်။ ထိုအကြောင်းကြောင့် လူသားအများစုသည် အဆုံးအစမဲ့သော ကောင်းကင် သို့မဟုတ် တလိပ်လိပ်လှိမ့်နေသော ပင်လယ် သို့မဟုတ် တည်ငြိမ်သော ရေကန် သို့မဟုတ် အဓိပ္ပာယ်ကင်းမဲ့သော စာစောင်များနှင့် သြဝါဒများ အပေါ်တွင်သာ အာရုံစိုက်လျက် ရှိကြပါသည်။ ငါ့အထဲ၌ရှိသော နက်နဲရာများကို ပြောနိုင်သည့်သူ ရှိရန်ပင် မဆိုထားနှင့် လူသားမျိုးနွယ်၏ အနှစ်သာရကို သိသောသူပင် တစ်စုံတစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူ့ကို ငါတောင်းဆိုသည်ဟု လူသားစိတ်ကူးသည့် အမြင့်မားဆုံးသော အဆင့်အတန်း ရရှိဖို့ရန် ငါမတောင်းဆိုပေ။

ငါ၏နှုတ်ကပတ်တော်များအလယ်၌ တောင်များပြိုလဲခြင်း၊ မြစ်ရေများ နောက်ပြန်စီးဆင်းခြင်း၊ လူသားသည် ကျိုးနွံနှိမ့်ချသူ ဖြစ်လာခြင်းနှင့် ကန်ရေများသည် ရပ်တန့်ခြင်းမရှိပဲ စတင်စီးဆင်းလာသည်။ လှိုင်းလေပြင်းထန်နေသော ပင်လယ်များသည် ဒေါသတကြီးဖြင့် မိုးကောင်းကင်ဆီသို့ တလိပ်လိပ် တစ်ရှိန်ထိုး စီးဆင်းနေသော်လည်း ငါ၏နှုတ်ကပတ်တော်များအကြား ထိုပင်လယ်များသည် ရေကန်၏ မျက်နှာပြင်ကဲ့သို့ ငြိမ်သက်သွားကြသည်။ ငါ့လက်ကို အနည်းငယ်မျှ ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သည့် လေပြင်းမုန်တိုင်းသည် ချက်ခြင်း ကွယ်ပျောက်သွားပြီး ငါ့ထံမှ ထွက်ခွာသွားကြသည်။ လူ့လောကသည်လည်း ချက်ခြင်းပင် ပြန်လည်၍ တည်ငြိမ်အေးချမ်းသွားခဲ့သည်။ သို့သော် ငါသည် ငါ၏အမျက်ကို ထုတ်လွှတ်သောအခါ တောင်တို့သည် ချက်ခြင်း အစိတ်စိတ် အမြွာမြွာကွဲခြင်း၊ မြေကြီးတို့သည် အပြင်းအထန် လှုပ်ရှားခြင်း၊ ရေတို့သည် ချက်ခြင်း ခမ်းခြောက်ခြင်းနှင့် လူသားသည် သဘာဝ ဘေးဒဏ်၏ ဒုက္ခကိုချက်ခြင်း ခံစားကြရသည်။ ငါ၏ဒေါသအမျက်ကြောင့် လူသား၏ ဟစ်ကြွေးသံကို ဂရုစိုက်ခြင်း၊ လူသား၏ ဟစ်ကြွေးနေမှုကိုကြား၍ အကူအညီပေးခြင်းမျိုးမရှိဘဲ ငါ၏ဒေါသအမျက်သည် ပေါ်ထွက် လာခဲ့ပြီ။ ငါသည် ကောင်းကင်ဘဝဂ် အလယ်၌ရှိစဉ်အခါ ငါ့မျက်မှောက်၌ ကြယ်တို့သည် တုန်လှုပ် ချောက်ချားခြင်း ဘယ်သောအခါမျှ မရှိခဲ့ကြ။ ထိုအစား ကြယ်တို့သည် ငါ့အတွက် သူတို့၏ လုပ်ဆောင်နေသော အရာထဲ၌ သူတို့၏ နှလုံးသားကို ထည့်ထားကြသောကြောင့် ငါသည် သူတို့၏ အပေါ်သို့ အလင်းကို သာ၍အပ်နှင်းကာ ပိုမိုတောက်ပစွာဖြင့် ထွန်းလင်းစေသည်။ ထိုသို့အားဖြင့် သူတို့သည် ငါ့အတွက်ကြီးမားသော ဘုန်းတော်ကို ဖြစ်ပေါ်စေကြသည်။ ကောင်းကင် ထွန်းလင်းသည်နှင့်အမျှ မြေကြီးသည် မှောင်မိုက်အတိ ဖြစ်လေသည်။ ငါ၏အစီအစဉ်များသည် အကျိုးမရှိသော အရာများအဖြစ် လူများစွာ စောဒကတက်လျက် ရှိကြပြီး ငါ့ကိုသစ္စာဖောက်ရန်အတွက် မှောင်မိုက်နယ်ပယ်ကို ပြောင်းလဲခြင်းနှင့် မိမိတို့၏နိုင်ငံကို တည်ထောင်ရန် ငါ့ကို စွန့်ခွာသွားခဲ့ကြသည်။ မိမိတို့၏ ဆုံးဖြတ်ချက်အားဖြင့် ထိုအရာကို မည်သူအောင်မြင်ခဲ့ ပါသနည်း။ မိမိတို့၏ ဖြေရှင်းချက်များထဲ၌ မည်သူ အောင်မြင်ခဲ့ပါသနည်း။ ငါ၏လက်အားဖြင့် စီရင်ပြုပြင်ထားသော အရာကို မည်သူပြောင်းလဲ နိုင်ပါသနည်း။ နွေဦးရာသီ မြေတစ်ပြင်လုံးသို့ ပျံ့နှံ့လာသည့်အခါ ငါသည်ကမ္ဘာကြီးထဲသို့ အလင်းကို လျှို့ဝှက်စွာနှင့် တိုးညှင်းစွာ စေလွှတ်ခဲ့သည်။ ထိုသို့အားဖြင့် မြေကြီးပေါ်၌ ရှိသော လူသားသည် လေထဲ၌ လန်းဆန်းသော ခံစားမှုကို တခဏခံစားရသည်။ သို့သော် ထိုအချိန် ခဏတာလေး၌ လူသား၏ မျက်စိကို ငါကာဆီးထားသည်။ ထိုသို့အားဖြင့် လူသားသည် မြေပြင်တစ်ခုလုံး မြူမှိုင်းနေသည်ကိုသာ မြင်တွေ့ရမည် ဖြစ်သည်။ လူအားလုံးနှင့် အရာဝတ္ထုများသည် မရေရာ၊ မပီပြင်ဝိုးတဝါး ဖြစ်လျက်ရှိသည်။ လူတို့သာ မိမိတို့ဘာသာ သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။ အလင်းသည် အဘယ့်ကြောင့် ခဏတာလေးသာ တည်ရပါသနည်း။ ဘုရားသခင်သည် လူသားအား အဘယ့်ကြောင့် မြူမှိုင်းနှင့် ဝိုးတိုးဝါးတားဖြစ်မှုကိုသာ ပေးပါသနည်း။ လူသားတို့၏ စိတ်ပျက်ခြင်း အလယ်၌ မြူမှိုင်းသည် ချက်ခြင်းလွင့်ပြယ်သွားသော်လည်း မှုန်ဝါးဝါးအလင်းကို လူသားတို့ စူးစမ်းမိကြသောအခါ၌ လူသားတို့အပေါ်သို့ ငါသည် မိုးများဒလဟော ကျဆင်းလာစေပြီး လူသားတို့ အိပ်ပျော်နေစဉ်တွင် သူတို့၏ နားစည်များသည် မိုးသက်မုန်တိုင်းကြောင့် ကွဲပျက်သွားကြသည်။ တုန်လှုပ်ချောက်ချားခြင်းတွင် ဖမ်းစားသွားမိခြင်းကြောင့် လူသားတို့သည် ခိုနားစရာနေရာ ရှာဖွေဖို့ရန် အချိန်မရကြတော့ဘဲ ရုတ်တရက် သည်းထန်စွာရွာသော မိုး၏ ဝါးမျိုခြင်း ခံရကြတော့သည်။ တစ်ခဏအတွင်း ကောင်းကင်အောက်တွင်ရှိသော အရာအားလုံးသည် ငါ၏ အမျက်ဒေါသများ အလယ်၌ ဆေးကြောခြင်း ခံရကြသည်။ လူတို့သည် မိုးသည်းထန်စွာရွာသော ဘေးဒုက္ခနှင့် ပတ်သက်၍ ညည်းညူခြင်း မရှိတော့ဘဲ လူသားတို့အထဲ၌ ရိုသေလေးမြတ်ခြင်းများ ဖြစ်ပေါ်လာသည်။ ရုတ်တရက် ပြင်းထန်စွာ ရွာသွန်းသော မိုးကြောင့် ကြီးမားသော လူအများစုသည် ကောင်းကင်မှ ကျဆင်းလာသော မိုးရေအားဖြင့် ရေနှစ်သေဆုံးကြကာ ရေထဲတွင် လူသေအလောင်းများ ဖြစ်ပေါ်လာသည်။ မြေကြီးတစ်ပြင်လုံးကို ငါကြည့်၍ လူများစွာသည် နိုးထခြင်း၊ နောင်တရခြင်း၊ လှေငယ်များထဲ၌ ရေ၏ အရင်းအမြစ်များကို ရှာဖွေခြင်း၊ ငါ၏ခွင့်လွတ်မှုကို ငါ့ထံမှရရှိရန် ပျပ်ဝပ်နေကြခြင်း၊ အလင်းကို မြင်တွေ့ရခြင်း၊ ငါ၏ မျက်နှာကို မြင်တွေ့ရခြင်း၊ အသက်ရှင်ဖို့ရန် ခွန်အားများရရှိကြခြင်း စသောအရာများ ဖြစ်ပျက်လျက်ရှိပြီး ကမ္ဘာကြီးတစ်ခုလုံး အသွင်သဏ္ဌာန်ပြောင်းလဲသည်ကို ငါတွေ့ရ၏။ ဤပြင်းထန်သော မိုးရွာခြင်း၏ နောက်၌ အရာအားလုံးသည် ငါ့စိတ်ထဲ၌တွေးထားသည့် ရုပ်ပုံအတိုင်း ပြန်ဖြစ်လာခဲ့ပြီး မနာခံခြင်း မရှိကြတော့ပေ။ များမကြာမီတွင် မြေကြီးတစ်ပြင်လုံးသည် ရယ်မောပျော်ရွှင်သော အသံများနှင့် ပြည့်နေပြီး မြေကြီး၏ နေရာအရပ်ရပ်တို့၌ ချီးမွမ်းခြင်း၏ ဝန်းကျင်အခြေအနေတစ်ခု တည်ရှိနေပြီး ငါ၏ ဘုန်းတော်မရှိသော နေရာတစ်ခုမျှမရှိ။ ငါ၏ဉာဏ်ပညာသည် မြေတစ်ပြင်လုံးနှင့် စကြဝဠာတစ်ဝှမ်းလုံးတွင် တည်ရှိနေသည်။ အရာအားလုံးအပေါ်တွင် ငါ၏ဉာဏ်ပညာ အသီးအပွင့်တို့ တည်ရှိနေပြီး လူအားလုံးတို့၏ အကြားတွင် ငါ့ဉာဏ်ပညာ၏ အပြောင်မြောက်ဆုံးသော အရာများ ပေါက်ဖွားသည်။ အရာခပ်သိမ်းသည် ငါ၏ နိုင်ငံတော်ထဲ၌ ရှိနေသော အရာအားလုံးကဲ့သို့ ဖြစ်ကြပြီး လူအားလုံးသည် ငါ၏စားကျက်၌ရှိသော သိုးများကဲ့သို့ ငါ၏ ကောင်းကင်အောက်၌ ငြိမ်းချမ်းစွာဖြင့် နေထိုင်ကြသည်။ လူသားအားလုံး အပေါ်၌ ငါသည် ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေပါသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်ကမှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ စိုးစံပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိသည်။ ငါသည် လုံးလုံးလျားလျား စိတ်ကျေနပ်ပါသည်။ အကြောင်းမှာ အရာအားလုံးသည် မိမိတို့၏ သန့်ရှင်းခြင်းကို ပြန်လည်ရရှိခဲ့ကြကာ ငါသည် ဇိအုံအထဲတွင် အသစ်တဖန် ငြိမ်သက်စွာဖြင့် နေထိုင်နိုင်ပြီး မြေကြီးပေါ်၌ရှိသော လူတို့သည် ငါ၏ လမ်းပြမှုအောက်၌ ငြိမ်ချမ်းစွာ နေထိုင်၍ ကျေနပ်ရောင့်ရဲမှုနှင့် အသက်ရှင်ကြသောကြောင့်ပင် ဖြစ်သည်။ လူသားအားလုံးသည် ငါ၏လက်ထဲ၌ အရာအားလုံးကို စီမံနေကြသည်၊ လူအားအားလုံးသည် သူတို့၌ အရင်ကရှိခဲ့သော အသိဉာဏ်နှင့် မူလပုံပန်း သဏ္ဌာန်ကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် မြေမှုန့်အားဖြင့် ဖုံးအုပ်ခြင်း မခံရတော့ဘဲ ငါ၏ နိုင်ငံတော်ထဲ၌ သူတို့သည် ကျောက်စိမ်းကဲ့သို့ သန့်စင်ခဲ့ကြသည်။ တစ်ယောက်စီတို့၏ မျက်နှာသည် လူသား၏နှလုံးထဲ၌ ရှိနေသော သန့်ရှင်းသောသူနှင့် တူကြသည်။ အကြောင်းမှာ ငါ၏ နိုင်ငံတော်သည် လူသားတို့၏အကြား၌ တည်ထောင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

မတ်လ ၁၄၊ ၁၉၉၂။

ယခင်က:ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:ဆယ့်ခုနစ်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ