အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၈၄။ ကျရှုံးနေသည့် ယောက်ျားတစ်ယောက်၏ အသွင်ကူးပြောင်းခြင်း

တုံရှင်း၊ ဖူချန်ပြည်နယ်

ကျွန်တော့်ကို ကျေးလက်ဒေသမှာ မွေးဖွားခဲ့ပါသည်။ နိမ့်ကျသည့် လယ်သမားမျိုးရိုး မှနေလာပြီး ထို့ထက်ဆိုးသည်မှာ ကျွန်တော်တို့၏မိသားစုသည် လူဦးရေနည်းပါးပါသည်။ ထို့ကြောင့် ကျွန်တော်တိသည် မကြာခဏ အနိုင်ကျင့်ခံရပါသည်။ ကျွန်တော် အသက် ၁၃ နှစ် အရွယ်မှာ ကလေးတစ်ယောက်သည် ရွာအပြင်မှလူတစ်ဉီး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပါသည်။ ရွာသားများက ကျွန်တော့်အဖေကို ဤကိစ္စကို ဖြစ်မြောက်အောင် တိုက်တွန်းလှုံဆော်သည်ဟုဆိုကာ မှားယွင်းစွာ စွပ်စွဲခဲ့သည်။ သူတို့က ကျွန်တော်တို့အိမ်ကို ရှာမည်၊ ကျွန်တော်တို့ ပစ္စည်များကို သိမ်းဆည်းမည်၊ ကျွန်တော်တို့ဝက်များကို ယူမည် ပြီးလျှင် ကျွန်တော့် အဖေကိုပင် ရိုက်နှက်မည်ဟု ဆိုခဲ့ကြပါသည်။ တစ်ခြားရွာသားတစ်ယောက်က ကျွန်တော်တို့၏ ငါးဖမ်းပိုက်ကွန်ကို သူ့ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ယူထားသည် မျိုးလည်း ရှိခဲ့ပါသည်။ ကျွန်တော့်အဖေက ၎င်းကို ပြန်ယူရန် သွားသည့်အခါ ထိုရွာသားက သူ့ကိုယ်ပိုင်အင်အားနှင့် သြဇာကို မှီခိုပြီး ကျွန်တော့်အဖေကို တကယ်ကို ရိုက်ပါသည်။ ကျွန်တော့်အဖေသည် သူ့အနေဖြင့်ပိုက်ဆံရော သြဇာအာဏာရော မရှိကြောင်း သိသောကြောင့် သာမာန်ဘိန်းမုန့်ကိုသာ စားရသည်။ အနာဂတ်တွင် ကျွန်တော်တို့ မိမိဘာသာ ခုခံကာကွယ်ရမည် ဖြစ်ပြီး ယခုကဲ့သို့ ဖိနှိပ်ခံဘဝမျိုးကို မည်သည့်အခါမျှ မနေရန် ကျွန်တော့်အမေက အစ်ကိုနှင့် ကျွန်တော့်ကို ပြောပါသည်။ ငယ်ရွယ်ပြီး လူ့အဖွဲ့အစည်းမှာရှိသည့် တရားမမျှတမှုကို စက်ဆုပ်ရွံရှာသည့်အတွက် အနာဂတ်မှာ လူများကြားထဲ၌ ပေါ်လွင်ပြီး ၎င်းတို့၏ လေးစားမှုကို ရရန်နှင့် မည်သည့် အခါမျှ ဖိနှိပ်မခံရရန် ကျွန်တော်စိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် ကျွန်တော် စာကြိုးစားပြီး သင်ယူလေ့လာခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်သည် ထိုမျှ ဉာဏ်ထက်မြက်သူ မဟုတ်ပါ။ မည်သည့်တက္ကသိုလ်ကိုမှ မဝင်ရောက်နိုင်ခဲ့ပါ။ ထို့ကြောင့် စစ်တပ်ထဲတွင် တိုးတက်အောင် ကြိုးစားရန် လမ်းရွေးချယ်ခဲ့ပြီး အဆက်အသွယ်များမှတစ်ဆင့် အလွယ်တကူနှင့် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။

ကျွန်တော် ဝင်ရောက်ပြီး အစပိုင်းတွင် ကျွန်တော်၏ ခေါင်းဆောင်များကို အထင်ကြီးစေပြီး နောက်ပိုင်း၌ ရာထူးတိုးခံရရန်အတွက် ကျွန်တော့် တက်ကြွမှုကို ပြရန် ခက်ခဲပြီး မသန့်ရှင်းသည့်အလုပ်များကို အလုအယက်ကြိုးပမ်းလုပ်ဆောင်သည်။ သို့သော်လည်း ကျွန်တော် မည်မျှပင် ကြိုးစားပါစေ အဖွဲ့ခေါင်းဆောင်နေရာကိုပင် ကျွန်တော် မရယူနိုင်ခဲ့ပါ။ ကျွန်တော်၏ ဟောင်းနွမ်းစုတ်ပြတ်နေသည့်အဝတ်များနှင့် ခြိုးခြံချွေတာမှုတို့ကြောင့် ကျွန်တော်၏ ရဲဘော်ရဲဖက်များက လှောင်ပြောင်ခြင်း၊ အနိုင်ကျင့်ခြင်းများကိုလည်း အမြဲတမ်းခံရပြီး အများထက် ပေါ်လွင်ရန် ကျွန်တော့်ဆန္ဒကို ပိုပြီး ပြင်းထန်လာစေသည်။ နောက်ပိုင်းတွင် ကျွန်တော့် မိတ်ဆွေရွာသားများ၏ အကြံကို အခြေခံပြီး စစ်တပ်ထဲမှာ ချီးမြှောက်ခံရခြင်းနှင့် ရာထူးတိုးခြင်းက အလုပ်ကြိုးစားမှုအပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲနှင့် လာဘ်ထိုးသည့်အပေါ်တွင် မူတည်ကြောင်းကို သိလိုက်ရပါသည်။ ထိုသို့သော အရာမျိုးကို ကျွန်တော် ရွံရှာသော်လည်း ရာထူးတိုးရန် တစ်ခုတည်း သောလမ်းကို ကျွန်တော် ယူခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော့်ခေါင်းဆောင်များကို လက်ဆောင်ပေးပြီး အဆက်အသွယ်ရရန် ကျွန်တော့် စုငွေများအားလုံးကို ယူဖို့ရာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် စစ်ဘက်ဆိုင်ရာကျောင်း၌ နောက်ဆုံး၌ တက်ခွင့်ရသွားခဲ့ပါသည်။ သို့သော်လည်း ကျွန်တော် ဘွဲ့ရအပြီးမှာ လာဘ်ထိုးရန် ပိုက်ဆံမရှိသောကြောင့် ကန်တင်းမှာ ချက်ပြုတ်ရန် တာဝန်ပေးခံရပြီး ကျွန်တော် တပ်ထောက်ဖြစ်ခဲ့သည်။ သို့သော်လည်း တပ်ထောက် ဆိုသည်မှာ အမည်ခံသာဖြစ်ပါသည်။ စစ်တပ်၌ နှစ်အနည်းငယ်ကြာပြီးနောက် ဗြူရိုကရက်များက လာဘ်ထိုးသည့်သူများကို မည်သည့်အခါမျှ စည်းကမ်းပေးခြင်းမရှိကြောင်း၊ ၎င်းတို့၏ ဘွတ်ဖိနပ်များကို လျှာဖြင့် လျှက်မပေးဘဲ မည်သည့်အရာမျှ ဖြစ်မြောက်မည်မဟုတ်ကြောင်းတို့ကို နားလည်ခဲ့ပါသည်။ သင့်အနေဖြင့်ခြေကုပ်ယူထားလိုပါက၊ ပိုက်ဆံရအောင်လုပ၍ လက်ဆောင်များ ပေးရန် နည်းပေါင်းစုံကို အသုံးပြုရပါမည်။ ထိုသို့မဟုတ်ပါက သင့်စွမ်းဆောင်ရည်က မည်မျှကောင်းနေပါစေ သင်သည် မည်သည့်အရာကိုမျှရယူနိုင်မည်မဟုတ်ပါ။ ကျွန်တော့် ရည်ရွယ်ချက်ကို ရယူနိုင်ရန် ကျွန်တော် ပိုက်ဆံရအောင်လုပ်ပြီး နေရာတိုင်းမှာ ရံပုံငွေများ တိုးမြှင့်ခြင်းကို စတင်ပြုလုပ်ခဲ့ပါသည်။ အစားအစာများဝယ်သည့်အခါ၌ အရေအတွက်ကို တမင်သက်သက် ပိုမိုချဲ့ကားပြော၍ မသန့်ရှင်းတဲ့ပိုက်ဆံအပိုငွေများ ရရှိခဲ့ပါသည်။ အခြား တပ်ထောက်များက ဆန်များအား ရောင်းနေသည်ကို မြင်ရပြီး စစ်တပ်မှနေ ကုန်ကားတစ်စီး အပြည့်ဆန်များကို တိတ်တဆိတ်ရောင်းချကာ ယွမ် သုံးလေးထောင်ခန့် စသည်ဖြင့် ရရှိခဲ့ပါသည်။ ကလေးဘဝကတည်းက သခင်ယေရှုကို ယုံကြည်ခဲ့ပြီး ကျွန်တော်လုပ်နေသည့်အရာများက ပြစ်မှုများဖြစ်သည်ကို ရှင်းလင်းစွာ သိသည့်အပြင် လူသိသွားကာ ပြစ်ဒဏ်ချခံရမည်ကို အမြဲတမ်းစိုးရိမ်နေသော်ငြားလည်း ရာထူးတိုးခံရရန် ဆန္ဒက ကျွန်တော့် အသိတရားနှင့်ဆန့်ကျင်ကာ ဤအရာများကို လုပ်ရန် တွန်းအားပေးခဲ့ပါသည်။ ကျွန်တော် ပိုက်ဆံတစ်ချို့ကို စုဆောင်းပြီးသည်နှင့် ကျွန်တော့်ခေါင်းဆောင်များကို မြှောက်ပင့်၍ ၎င်းတို့ကြိုက်နှစ်သက်သည့်အရာများကို ဖြည့်ဆည်းပေးရင်း ၎င်းတို့ကို လက်ဆောင်များပေးရန် စတင်ပြုလုပ်ခဲ့ပါသည်။ ခေါင်းဆောင် တစ်ယောက်က ကျွန်တော့်ကို လာတွေ့သည့်အခါတိုင်း ၎င်းတို့နှင့် အရက်သွားသောက်ခြင်း၊ သီချင်းဆိုခြင်း၊ ပြည့်တန်ဆာများဖြင့် ပျော်ပါးခြင်း စသည်တို့ နှင့်အလုပ်ရှုပ်နေလိုက်သည်။ ၎င်းတို့ကို ရိုကျိုးစွာဖြင့် ကပ်ဖားလုပ်ရန် ဖြစ်နိုင်သည့် နည်းလမ်းတိုင်းကို ကျွန်တော်လုပ်ပါသည်။ ၎င်းတို့အား တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် မြှောက်ပင့်ပေးခဲ့သည်။ ခေါင်းဆောင်များက အကူအညီလို သည့်အခါတိုင်း၌ ကျွန်တော် ပျော်ရွှင်စွာဖြင့် ကူညီခဲ့သည်။ ခေါင်းဆောင်များနှင့် ဆက်ဆံရေး ကောင်းမွန်သည့် မည်သူ့ကိုမဆို ထောက်ခံချက်ကောင်းကောင်းရရန် ၎င်းနှင့် ရင်းနှီးအောင် လုပ်သည်။ ဤနှစ်များ၌ ထိုကဲ့သို့ လောကီဆိုင်ရာ ဒဿနကို ခံယူကျင့်သုံးခြင်းအားဖြင့် တပ်ရင်းအုပ်ချုပ်သူအရာရှိအဖြစ်သို့ လျင်မြန်စွာ တက်သွားပါသည်။ နောက်ဆုံးတွင် ကျွန်တော် သူများထက် သာလွန်ပြီး အိမ်ကို ဂုဏ်ကျက်သရေရှိစွာဖြင့် ပြန်လာနိုင်ပြီ။ နောက်ပိုင်း၌ ကျွန်တော် အိမ်ပြန်သည့်အခါတိုင်းမှာ ရွာသားများက ကျွန်တော့်ဘေးတွင် စုဝေးပြီး မြှောက်ပင့်ပြောဆိုကြရင်း၊ ချီးမွမ်းကြ၍ ကျွန်တော့် ဘဝင်စိတ်ကို များစွာ ကျေနပ်စေခဲ့ပါသည်။ ထို့နောက် ကျွန်တော့် ရည်မှန်းချက်များနှင့် ဆန္ဒများတို့သည် ကြီးထွားလာခဲ့ပါသည်။ လူများကဆိုကြသည့်အတိုင်း “အစိုးရအရာရှိတစ်ချို့ကနံပါတ်တစ်နေရာကလူကိုပဲ ဂရုစိုက်တယ်။ လူထုကို ဂရုစိုက်တာ မဟုတ်ဘူး။” “ကိုယ်ရနေတုန်းမှာ သြဇာအာဏာကို အသုံးပြုပါ။ ဘာဖြစ်လို့လဲဆိုတော့ ပျောက်သွားရင် မင်းသုံးလို့ မရတော့ဘူးလေ။” “အကျင့်မပျက်တဲ့ အစိုးရအရာရှိဆိုတာမျိုး မရှိဘူး။” ဟု ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရအရာရှိဖြစ်ခြင်း၏ အခွင့်ထူးများကို ကျွန်တော် စပြီး နှစ်ခြိုက်လာခဲ့ပါသည်။ ကျွန်တော် မည်သည့်နေရာသို့ သွားသွား ပစ္စည်းများအလကားရပြီး တစ်ယောက်ယောက်က ကျွန်တော့်ထံမှ အကူအညီတောင်းလျှင် ကျွန်တော်သူတို့ထံမှ လက်ဆောင်တောင်း၍ လက်ဆောင်က မကောင်းခဲ့ပါက၊ ကျွန်တော် ၎င်းတို့ကို မကူညီပါ။ ကျွန်တော် ဝတ်ကောင်းစားလှ များနောက် စတင်လိုက်လာခဲ့ပြီး ဘဝင်မြင့်လာခဲ့သည်။ တပ်မှူးနဲ့ နိုင်ငံရေးဆိုင်ရာ ကွန်မြူနစ်အရာရှိတို့ကဲ့သို့ အရေးကြီးတဲ့ ခေါင်းဆောင်များနှင့် ပတ်သက်ပါက ကျွန်တော်က “လူရည်ချွန်”ဖြစ်တာကို အမှီပြုပြီး ကျွန်တော့် စွမ်းအားကြီးသည့် အဆက်အသွယ်များကို ကြွားဝါပြခြင်း၊ ဤခေါင်းဆောင်များ၏ နာမည်ကိုသုံးကာ ကျွန်တော့်လက်အောက်ခံများထံမှ လက်ဆောင်များတောင်းခံခြင်းအားဖြင့် လူများကို အနိုင်ကျင့်လာသည့်အထိ ကျွန်တော် မာနထောင်လွှားလာခဲ့သည်။ ဤသည်မှာ ကျေးလက်ဒေသက ရိုးရှင်းသည့် ခရစ်ယာန်ကောင်လေးအဖြစ်မှနေ လောဘကြီးပြီး လှည့်စားတတ်သည့်အပြင် မာန်မာနထောင်လွှားသည့်လူတစ်ယောက်အဖြစ် ဆုတ်ယုတ်သွားသော ပုံစံပင်ဖြစ်ပါသည်။

အကျင့်ပျက်စီးပြီး ကျရှုံးသွား ရာတွင် မိမိ၏ ဆိုးဝါးသည့် အကျင့်များဖြင့် သူများကိုပါ မိမိစိတ်နှင့်နှိုင်း၍ ခဲ့ပါတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် ကျွန်တော လှပသည့် ဇနီးက ဖောက်ပြန်နေသည်ဟု အကြောင်းပြချက်မရှိဘဲနှင့် ကျွန်တော် မကြာခဏသံသယဖြစ်ပါသည်။ ဤအချက်က ကျွန်တော်တို့ နှစ်ယောက်ကြား၌ ပို၍ ပဋိပက္ခများဖြစ်စေပြီး ရင်းနှီးမှေများ ပို၍ လျော့လာစေခဲ့သည်။ ၂၀၀၆ မှာ ကျွန်တော့်မိန်းမက သည်းခံနိုင်စွမ်းကုန်ပြီး ကွာရှင်းရန် စတင် ပြုလုပ်ခဲ့သည်။ ဤသည်မှာ ကျွန်တော့်အတွက် အရှက်ရစေသည့်အရာဟု ကျွန်တော်ခံစားရ သောကြောင့် ကျွန်တော် သဘောမတူခဲ့ပါ။ ညဉ့်နက်ပိုင်းများမှာ ကျွန်တော့်မိန်းမနှင့်ပတ်သက်ပြီး ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ ကျွန်တော်က “ကလေးဘဝကတည်းက သူများထက်သာဖို့ ငါ စိတ်ပိုင်းဖြတ်ခဲ့ပြီး ငါ့အမျိုးသမီးနဲ့ ငါနဲ့က နှစ်ယောက်လုံး အလုပ်မှာ အောင်မြင်တယ်။ ငါတို့ အိမ်အခြေအနေတွေက ဘက်ပေါင်းစုံကနေ ကောင်းမွန်ပြီး လူတိုင်းက မနာလိုဖြစ်ကြတယ်။ ဒါဆို ဘာကြောင့် ဒီလို နာကျင်မှုမျိုးနဲ့ နေနေရပြီးတော့ ငါ့မိန်းမကတောင်မှ ငါ့ကိုကွာရှင်းလိုတဲ့အထိ ဖြစ်လာရတာလဲ။ ငါတို့ရဲ့ သားတောင်မှ ငါတို့နဲ့အတူ ဒုက္ခခံရတယ်။ ငါ့ဘဝက ငါလိုချင်တဲ့ပုံစံမျိုးဖြစ်သလား။ ငါ ဘာအတွက် အတိအကျ အသက်ရှင်နေတာလဲ။” ဟု မိမိဘာသာ စဉ်းစားမိပါသည်။ ကျွန်တော် လမ်းပျောက်သလိုခံစားရပြီး စိတ်ရှုပ်ထွေးနေစဉ်၌ ကျွန်တော့်အမျိုးသမီးက နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်း ကို လက်ခံခဲ့သည်။ ညီအစ်ကိုမောင်နှမ နှင့်အတူ မကြာခဏပြုလုပ်သည့် အစည်းအဝေးများနှင့် မိတ်သဟာယများမှတစ်ဆင့် သူပို၍ အကောင်းမြင်လာသည်။ ကျွန်တော်နှင့် ငြင်းခုံခြင်းကိုရပ်လာပြီး ကွာရှင်းမည့်ကိစ္စကို တစ်ခါမျှ ထပ်မပြောတော့ပါ။ ထိုအရာများအစား ၎င်းသည် ဧဝံဂေလိတရား ကိုဟောရင်း၊ ၎င်း၏တာဝန်များကို ထမ်းဆောင်ရင်းဖြင့် အလုပ်ရှုပ်နေသည်။ နောက်ပိုင်းတွင် ကျွန်တော့်အမေနှင့် မိန်းမ တို့၏တွန်းအားကြောင့် ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လာခဲ့သည်။

အသင်းတော်မှာရှိသည့် အသက်တာကြောင့် ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်ပြီး ဖြောင့်မတ်ခြင်းရှိသည်ကို ကျွန်တော် နားလည်ခဲ့ပြီးလျှင် ဘုရားသခင်သည် လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ညစ်ညမ်းမှုများကို အမုန်းဆုံးဆိုသည်ကို နားလည်ခဲ့သည်။ စစ်တပ်ထဲတွင် ကျွန်တော်လုပ်ဆောင်ခဲ့သည့် မသမာသည့် နည်းလမ်းများကို ပြန်စဉ်းစားပြီး ကျွန်တော့် စိတ်သဘောထားဟောင်းများကို မပြောင်းလဲခဲ့ပါက ဘုရားသခင်၏ကယ်တင်ခြင်းကိုခံရရန် မဖြစ်နိုင်ကြောင်းကို ကျွန်တော်စဉ်းစားမိသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငတ်မွတ်စွာနှင့် စတင်ဖတ်ရှုခဲ့ပြီး ဤနှုတ်ကပတ်တော်များထဲမှာ ဖြေရှင်းချက်တစ်ခု ရှာနိုင်ဟုမျှော်လင့်ခဲ့သည်။ တစ်နေ့တွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့သည်- “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်းခံရကာ ‘အဆင့်မြင့်ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ပျက်စီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော ဘဝ၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်”) ဘုရားသခင်၏ နှုတ်ပတ်တော်တို့သည် ကျွန်တော့်နှလုံးသားအောက်ခြေက လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြသခဲ့ပါသည်။ ကျွန်တော် ဆိုးဝါးစွာပင် တုန်လှုပ်သွားခဲ့ပါသည်။ စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေသည့် နှစ်များ၌ သူများထက်သာဖို့အတွက် လောက၏ “ထုတ်ပြောထားခြင်း မရှိတဲ့ စည်းမျဉ်း” များအတိုင်း လိုက်လျှောက်ခဲ့ပါသည်။ ကျွန်တော့်၏ အသိတရားကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အရာများစွာ ပြုလုပ်ခဲ့သည်။ ကျွန်တော် မသမာသည့်နည်းဖြင့် ရရှိခဲ့သည့် အကျိုးအမြတ်များမှ ချမ်းသာလာပြီး မှောင်မိုက်၍ ဖောက်ပြန်ပျက်စီးသည့် ဘဝ၌ နေထိုင်ခဲ့သည်။ကျွန်တော်သည် အမြဲတစေ အပြစ်ပြုလုပ်ရန် မိမိကိုယ်ကို အလိုလိုက်ခဲ့သော်လည်း အရှက်ရခြင်း မခံစားရပါ။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အဆိုးမှ အကောင်းကို ခွဲခြားသိရှိစေရုံမကဘဲ ကျွန်တော ကျဆုံးမှုနှင့် ဖောက်ပြန်ပျက်စီးခြင်း၏ ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်းမြင်စေခဲ့ပါသည်။ ဤ အဖျက်အဆီးများက စာတန်ထံမှလာခဲ့ခြင်း ဖြစ်သည်။ ဤနိုင်ငံကို သြဇာအာဏာမရှိသည့်နိုင်ငံ၊ ရိုးသားသည့်လူများက အသက်ရှင်နေထိုင်ရန်အတွက် ဖိနှိပ်ခံပြီး ရုန်းကန်လှုပ်ရှားကြရ သည့်အချိန်တွင် သြဇာအာဏာနှင့် လွှမ်းမိုးမှုရှိသည့် နိုင်လိုမင်းထက်ပြုမူသူများက ကြီးပွားအောင်မြင်နေသည့် ဆိုးယုတ်၍ ကြမ်းတမ်းရက်စက်သည့် သည့် နွံအိုင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်မှာ စာတန် ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းမှာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ပြီး၊ စာတန်က နောက်ကောက်ကျသူကို ခေါ်မှာပဲ။” “အစိုးရအရာရှိတွေလက်ဆောင်ပေးတဲ့သူတွေကို ပညာမပြဘူး။” “အချို့အရာရှိတွေက နံပါတ်တစ်ဖြစ်တဲ့သူကိုပဲ ဂရုစိုက်တယ်။ လူထုကို ဂရုမစိုက်ဘူး။” “သူတို့ဘွတ်ဖိနပ်တွေကို လျှာနဲ့မလျက်ပဲနဲ့ မင်းဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူး။ “သြဇာအာဏာကို ရှိတုန်းအသုံးချပါ။ ဘာဖြစ်လို့လဲဆိုတော့ မရှိတော့တဲ့အခါ အသုံးချလို့ မရတော့ဘူး။” စသည့် မိစ္ဆာဒိဌိအယူများနှင့် လွဲမှားသောအယူအဆများ ပြည့်နေပါသည်။ ဤဆိုးရွားသည့် စကားပုံ၏ ခေါ်ဆောင်ခြင်းကို ကျွန်တော်ခံခဲ့ရပြီး ကျွန်တော့်ဘေးပတ်လည်က ဖိနှိပ်မှုများကြောင့် လမ်းပျောက်ခဲ့ရကာ၊ လူသားများ၏ အခြေခံသဘောတရားများကို စွန့်လွှတ်ခဲ့ရပြီး မြင့်မားသည့် ရာထူးနေရာများကို မကောင်းသောနည်းလမ်းများဖြင့် အားထုတ် ရှာဖွေခဲ့၍ အပြစ်နွံထဲ၌အမြစ်တွယ်ခဲ့ရသည်။ ကျွန်တော်သည် တဖြည်းဖြည်းနှင့် ချမ်းသာခြင်းမှလွဲပြီး မည်သည့်အရာကိုမျှ ရှာဖွေခြင်းမရှိသည့်၊ ကိုယ်ကျိုးအတွက် သြဇာအာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့ရံပုံငွေကို ခိုးယူသည့် ဆိုးယုတ်သည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စီရင်ခြင်းကနေ ဘုရားသခင် ပြင်းထန်တဲ့ဒေါသနှင့် သန့်စင်ခြင်းကို မြင်ခဲ့ရပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထိခိုက်စော်ကားခြင်းအား ခွင့်မပြုဘူးကြောင်းကိုလည်း နားလည်ခဲ့ရပါသည်။ ကျွန်တော့်၏ ဆိုးယုတ်သည့် အပြုအမူများ အတွက် နောင်တရခဲ့ပြီး ကျွန်တော့်နှလုံးသားသည် ကြောက်ရွံ့မှုများနှင့် ပြည့်နေပါ သည်။ ဘုရားသခင်က ကျွန်တာ့်ကို အချိန်မှီကယ်တင်ပြီး ဆိုးယုတ်သည့်နွံထဲမှ ဆွဲမထုတ်ပါက ကျွန်တော်လုပ်ခဲ့သည့်အရာများ အတွက် ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ခတ်ခြင်းကို ခံနေရလိမ့်မယ်ဟု ကျွန်တော်ခံစားမိပါသည်။ ကျွန်တော့်ကိုအလင်းရောင် နောက်တစ်ခါ ထပ်၍မြင်စေပြီး လူသားများ၏ အခြေခံသဘောတရားများ ကို နားလည်စေသည့် အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုအချိန်မှစတင်ကာ ဘုရားသခင်၏ အမည်နာမကို အရှက်ရစေသည့်အရာများအား နောက်တစ်ခါ မည်သည့်အခါမျှ ထပ်မံပြုလုပ်ခြင်း မရှိတော့ပါ။

သမ္မာတရားကို ကျွန်တော် ပို၍ နားလည်လာသည်နှင့်အမျှ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပိုပြီး နက်နက်နဲနဲ ကြုံတွေ့လာရပါသည်။ စစ်တပ်ထဲတွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင် ခဲ့အပြီးတွင် ၂၀၀၉ ခုနှစ်၌ နိုင်ငံတော်စည်းမျဉ်းများအရ ကျွန်တော်အပြင်ထွက်ပြီး ကိုယ်ပိုင် အလုပ်လုပ်ရန် ခွင့်ပြုခဲ့ပါသည်။ မကောင်းမှုကို ရှောင်ကြဉ်ပြီး ကောင်းမှုကိုလုပ်ရန် ကျွန်တော် စိတ်ပိုင်းဖြတ်ထားသည်။ ဤသို့နှင့် ကျွန်တော် စစ်တပ်မှ နှုတ်ထွက်ခဲ့ပြီး အရပ်ဝတ်အလုပ်တစ်ခုကို ကူးပြောင်းဖို့ ရွေးချယ်ခဲ့ကာ ဘုရားသခင်အတွက် အလုပ်လုပ်ရန် ကျွန်တော့်နှလုံးသားနှင့် ဝိညာဉ်တို့ကို အပ်နှံခဲ့သည်။ သို့သော်လည်း ကျွန်တော့်ခေါင်းဆောင်က ဤနေရာမှာသာ နေဖို့ရာ ဖျောင်းဖျရန် ကြိုးစားပြီး သေချာစွာ စဉ်းစားဖို့အတွက် ပြောခဲ့သည့်အပြင် နောက်ထပ် ရာထူးမြင့် ပြီးပိုအသက်ကြီးသည့် ခေါင်းဆောင်တစ်ယောက်က ကျွန်တော်ဆက်ပြီး အလုပ်ကြိုးစားသွားပါက ကျွန်တော့်ကို လက်ထောက်တပ်ရင်းမှူးအဖြစ် ရာထူးတိုးပေး မည်ဟု ကတိပေးခဲ့ပါသည်။ ကျွန်တော် အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ ဤသည်မှာ ကျွန်တော် နေ့ ညမပြတ်တောင့်တနေခဲ့သည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ ထိုရာထူးအတွက် စိတ်ကူးကို ကျွန်တော် မစွန့်လွှတ်နိုင်ပါ။ ထို့ကြောင့် ဘုရားသခင်ထံမှ အကူညီတောင်းခံပြီး ဆုတောင်းခဲ့သည်။ “အိုး ဘုရားသခင် ရာထူးမြင့်မြင့်ရရှိခြင်းက အမြဲတမ်းပင် ကျွန်တော့်အိပ်မက်ဖြစ်ခဲ့ပါတယ်။ ယခု ထိုအခွင့်အရေး ကျွန်တော့်မှာရှိနေပြီး မည်သို့ ရွေးချယ်ရမည်ကိုလဲ မသိပါ။ ကိုယ်တော် ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး ဦးဆောင်ပါ။”ဟု ဖြစ်ပါသည်။ အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို ဉာဏ်အလင်းပေးခဲ့ပါသည်- “အကယ်၍ သင်သည် ရာထူးအဆင့်အတန်းကြီးမြင့်သူ၊ နာမည်ဂုဏ်သတင်း ကျော်စောသူ၊ အသိပညာကြွယ်ဝသူ၊ များလှစွာသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသောသူ ဖြစ်သော်လည်း ဘုရားသခင်၏ခေါ်တော်မူခြင်းနှင့် သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသမျှကို လုပ်ဆောင်ရန်အတွက် ဘုရားသခင်၏အထံတော်သို့ သင်ရောက်လာခြင်းကို ထိုအရာများက တားဆီးထားခြင်းမရှိလျှင် သင်လုပ်ဆောင်သမျှသည် ကမ္ဘာပေါ်တွင် အရေးအပါဆုံးနှင့် လူသားတို့တွင် အဖြောင့်မတ်ဆုံးအရာပင် ဖြစ်လိမ့်မည်။ ရာထူးအဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင်ရည်မှန်းချက်များကြောင့် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို သင်ငြင်းဆန်ပါက သင်လုပ်ဆောင်သမျှသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) “လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကိုတွေ့ဆုံရန်မူ ရှားပါးလှသည်။ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးရရန်လည်း ခက်ခဲရှားပါးလေသည်။ အဘယ်ကြောင့် သင်တို့သည် ဤလှပသည့်အချိန်ကို ယခုဘဝတွင် လိုက်ရှာရမည့် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အထူးတန်ဖိုးမထားကြသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူငယ်နှင့် လူကြီးတို့အတွက် နှုတ်ကပတ်တော်များ”) ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက ကျွန်တော့် အသိတရားကို ထိုးနှက်ခဲ့ပြီး ကျွန်တော့်၏ တွေဝေမှုမှ နှိုးထလာပါသည်။ လူ့ဇာတိခံယူသည့်ဘုရားသခင်၏ ကမ္ဘာမြေကြီးပေါ်က အလုပ်ကို တွေ့ကြုံရသည့် အထူးအခွင့်အရေး နှင့် သမ္မာတရားကိုရှာဖွေပြီး ဘုရားသခင်အတွက် အလုပ်လုပ်ရန် အဖိုးတန်သည့် အခွင့်အလမ်းကို ကျွန်တော်ရရှိခဲ့သည်။ မည်မျှကောင်းမွန်လိုက်သည့် ဘုရားသခင် ထံမှ လာသည့် ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ဖြစ်ပါသနည်း။ ကမ္ဘာပေါ်တွင် ဖန်ဆင်းရှင်အတွက် အလုပ်လုပ်ခြင်းထက် မည်သည့်အလုပ်က ပိုပြီး အဓိပ္ပါယ်ရှိနိုင်မည်နည်း။ သင်က အမြင့်ဆုံးရာထူးမှာရှိပြီး အမြင့်ဆုံး အစိုးရအရာရှိဖြစ်နေလျှင်ပင် သင်သည် ဘုရားသခင်ကိုမသိခဲ့ဘဲ သင့်စိတ်သဘောထားမှာ မည်သည့် ပြောင်းလဲမှုမှ မပြုလုပ်ခဲ့ဘူးဆိုပါက သင်သည် တဖြည်းဖြည်းနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။ ဂုဏ်ရှိသည့်ရာထူးနေရာများမှာရှိသည့် လူများစွာတို့ ဘေးဒုက္ခကျရောက်ပြီး စောစောစီးစီး သေဆုံးသွားခဲ့ကြပြီးလျှင်၊ အဆင့်မြင့်သည့် အစိုးရအရာရှိ များစွာ အရှက်ရစရာကျဆုံးမှုများဖြစ်ပြီး ဆိုးရွားသည့် အဆုံးသတ်မှုများကို ကြုံခဲ့ကြ ပါသည်။ ကျွန်တော့်အတွက် မှာမူ အစိုးအရအရာရှိတစ်ယောက်အဖြစ် ထင်ပေါ်စေရန် အပူတပြင်းကို ကြိုးစားယှဉ်ပြိုင်ရင်း အရှိန်အဝါမှေးမှိန်ပြီး ရွံစရာကောင်းသည့် အတိုင်းအတာအထိ မိမိကိုယ်ကို ဖျက်ဆီးခဲ့ပြီး လူသားဖြစ်ရုံသာသာ လူတစ်ယောက်၏ဘဝကို နေထိုင်ခဲ့ရသည်။ ၎င်းမှာ ဘုရားသခင်က ကျွန်တော့်ကို မှားယွင်းသည့်လမ်းကြောင်းများမှ ခေါ်ဆောင်ခဲ့ပြီး လူသား ဘဝအတွက် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းပြသခဲ့ခြင်း ဖြစ်ပါ သည်။ ယခုကဲ့သို့ စိုးရိမ်ဖွယ်ရာများကို ရွေးချယ်ပြီး ကျွန်တော့်ယခင်က လမ်းကြောင်းများကို ပြန်သွားရန် ကျွန်တော် မည်သို့ ရွေးချယ်နိုင်နေဦးမည်နည်း။ ကျွန်တော့်ဘဝ၏ ပထမတစ်ဝက်က စာတန်၏နှိပ်စက်မှုနှင့် လှည့်စားမှုကို ခံရပြီး ကျွန်တော့်ကို အလွန်ပင် နာကျင်စေခဲ့သည်။ ကျန်သည့်ဘဝတစ်ဝက်မှာ စာတန်၏ ကျွန်ပြုခြင်း၊ အသုံးချခြင်း၊ အကျင့်ဖျက်ဆီးခြင်းတို့ကို ကျွန်တော် ခံ၍မဖြစ်ပါ။ ကျွန်တော်၏ အသက်ရှင်နေထိုင်ခြင်း နည်းလမ်းကို ပြောင်းခဲ့ရပြီး၊ ဘုရားသခင်နောက်ကို မြဲမြံစွာလိုက်လျှောက်၍၊ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်တွင် လျှောက်ကာ၊ အနှစ်သာရရှိသည့်အသက်တာဖြင့် နေထိုင်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကိုယ်ပိုင် အလုပ်ရှိရန် နှင့် စစ်တပ်မှ အပြီးအပိုင်နှုတ်ထွက်ရန် တို့အတွက် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။သို့သော်လည်း စာတန်ဆီကလာသည့် ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးခြင်းက အလွန် နက်နဲသောကြောင့် ၎င်း၏ အဆိပ်အတောက်ရှိသည့် အကြံဉာဏ်ဖြစ်သည့် လူပုံအလယ်ပေါ်လွင်စေရန် နှင့် အရေးကြီးသော လူတစ်ယောက် ဖြစ်ရန် တို့သည် ကျွန်တော့်နှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေခဲ့ပြီးလျှင်၊ မကြာခဏ ဆိုသကဲ့သို့ ကျွန်တော့်ကို မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် လျှောက်ခြင်းမှ ဟန့်တားထားပါသည်။ ဘုရားသခင်က ဘဝ၏ စစ်မှန်သည့်လမ်းကြောင်း ကို ကျွန်တော့်ကို ခေါ်ဆောင်သွားရန် ကျွန်တော့်အပေါ်မှာ တရားစီရင်ခြင်းနှင့် ဆေးကြောသန့်စင်ခြင်းအလုပ်များကို ပို၍ပင် လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်ဆီကနေ ပို၍ပင် ကြီးမြတ်သည့် ကယ်တင်ခြင်းကို လက်ခံရရှိခဲ့သည်။

အသင်းတော်မှာ အချိန်အနည်းလောက် ကျွန်တော့်တာဝန်များကို ထမ်းဆောင်ပြီးနောက်မှာ အသင်းတော်ခေါင်းဆောင်တစ်ချို့က အလွန်ငယ်ရွယ်ပြီး တစ်ယောက်က ကျွန်တော့်မိတ်ဆွေ ဖြစ်နေသည်ကို တွေ့ရ၍ ဤအချက်က ကျွန်တော့်ကို စိတ်မသက်မသာဖြစ်စေသည်။ “လောကီရေးရာမှာ မင်းတို့ရဲ့ဘယ်နေရာကမှ ငါ့လောက် မမြင့်ပါ။ သို့သော်လည်း အသင်းတော်မှာ မင်းရဲ့ လက်ရှိနေရာက ငါ့ထက်မြင့်နေတယ်” ဟု ကျွန်တော် တွေးမိသည်။ “မင်းက ခေါင်းဆောင်တစ်ယောက်အဖြစ် လုပ်နိုင်ရင် ငါက ပိုပြီးတော့တောင် လုပ်နိုင်တာပေါ့။” ထို့ကြောင့် ဤအတွက် ကျွန်တော် အလုပ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် မနက်တိုင်း ငါးနာရီမှာထ၍ တရားဟောခြင်းကို အနည်းဆုံး နှစ်နာရီ နေ့စဉ်နားထောင်ပြီး အသက်တာသို့ ဝင်ရောက်ခြင်းကို မိဿဟာယပြုလုပ်ရန် မိမိဘာသာ ပန်းတိုင်များ ထားထားသည်။ သီချင်းအသစ်သုံးပုဒ်ကို သီတင်းပတ်တိုင်းသင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သီချင်း အားလုံးကို သင်ယူလေ့လာရန် စီစဉ်ထားသည်။ အသင်းတော်မှာ ကျွန်တော့်တာဝန်ကို လုပ်ဆောင်ရာမှာ ပို၍ပင် ကြိုးစားခဲ့သည်။ အသင်းတော်မှာ ကျွန်တော်လုပ်နိုင်သည့် အရာတစ်ခုခုဖြစ်နေသရွေ့ မည်မျှ ခက်ခဲပါစေ သို့မဟုတ် ပင်ပန်းပါစေ ကျွန်တော် အမြန်လုပ်သည်။ ဤအချိန်မှာပင် ညီအစ်ကို မောင်နှမများရှေ့မှာ စစ်တပ်တုန်းက ကျွန်တော့်၏ အတွေ့အကြုံ များနှင့် အရည်အချင်းများကို ကြွားဝါခဲ့သည်။ အသင်းတော်ခေါင်းဆောင်များ၏ ဆွေးနွေးချက်များကို လက်မခံခြင်း သို့မဟုတ် ကိစ္စရပ်များကို ၎င်းတို့၏ချဉ်းကပ်ပုံ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ပုံများနှင့်ပတ်သက်ပြီး ပါးနပ်စွာဖြင့် နှိမ့်ချခဲ့သည်။ ဤသို့ဖြင့်ကျွန်တော် ရှေ့ကို တည့်တည့်ထိုးတက်ခဲ့ပြီး ကိုယ့်အတွက် နာမည်တစ်ခုရယူရန် ရုန်းကန်လှုပ်ရှားရင်း၊ အသင်းတော်မှာ တရားဝင်ရာထူး တစ်နေရာကို ရရန် မျှော်လင့်ခဲ့သည်။ နောက်ဆုံးတွင် ၂၀၁၁ခုနှစ်၌ ကျွန်တော် မျှော်လင့်ထားသည့်အတိုင်း အသင်းတော်၌ ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခဲ့သည်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပြီး မိမိကိုကိုယ် ကို ထင်ပေါ်လာအောင် ပြုလုပ်ရန်၊ တစ်ခြားလူများက မိမိကို အထင်ကြီးအောင်လုပ်ရန် ကြီးကျယ်သည့်အရာများစွာ ပြီးမြောက်အောင်လုပ်ရန် ပြင်ဆင်ထားပါသည်။ သို့သော်လည်း ကျွန်တော့်၏ဇနီးက ကျွန်တော်သည် တစ်ခြားလူများကို ဦးဆောင်ရန်မသင့်တော်ပါဟုဆိုကာ အကြိမ်ပေါင်းများစွာ သတိပေးခဲ့ကာ အလုပ်ထွက်ရန် အကြံပေးခဲ့သည်။ ကျွန်တော် ရွေးစရာလမ်းမရှိတော့ဘဲ အလုပ်ထွက်ခဲ့ပြီး အစ်မတစ်ယောက်ကို ခေါင်းဆောင်အဖြစ်ထားရန် အကြံပေးခဲ့သည်။ သို့သော်လည်း ကျွန်တော့်နှလုံးသားထဲမှာ မကျေလည်နေပါ။ အချိန်အနည်းငယ်ကြာပြီးနောက်မှာ ထိုခေါင်းဆောင် သည် ပြဿနာများကို ကိုင်တွယ်သည့်အပေါ်မှာ ချွတ်ယွင်းချက်တစ်ချို့ရှိသည်ကို တွေ့ရပြီး ကျွန်တော့်၏ ရည်မှန်းချက်များက နောက်တစ်ခါ ဦးမော့လာပြန်သည်။ နောက်တစ်ကြိမ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရရန် အခွင့်အရေးရစေရန်အတွက် သူ့ကို အမှားကိုဝန်ခံပြီး အလုပ်ထွက်ရန် ကျွန်တော် သွယ်ဝိုက်ပြီး အကြံပေးလိုက်သည်။ သို့သော်လည်း ၎င်းကို ကြားသည့် ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို သုံးသပ်ပြီး ကျွန်တော့်ကို အလွန်ဉာဏ်များလွန်းပြီး ရည်မှန်းချက်ကြီးလွန်းသည်၊ အသင်းတော်ကို အမြဲတမ်း ထိန်းချုပ်လိုသည်ဟုပြောသည်။ ထို့ကြောင့် ကျွန်တော့်၏ အုပ်စုခေါင်းဆောင်နေရာမှ ကျွန်တော့်ကို ထုတ်လိုက်ပါသည်။ ကျွန်တော် ၎င်းကို အလွယ်တကူနှင့် လက်မခံနိုင်ပါ။ ကျွန်တော်က အမှန်ပင် စွမ်းဆောင်ရည် ရှိသည့်သူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်က အုပ်စုခေါင်းဆောင် လုပ်လို့မရပါဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ လပေါင်းများစွာအထိ ကျွန်တော့်နှလုံးသားထဲမှာ တော်တော်ကို မကျေမနပ်ဖြစ်ခဲ့ပြီး ကျွန်တော့်၏ ညီအစ်ကိုမောင်နှမတို့အပေါ်ကို ကျေနပ်အားရခြင်း မရှိခဲ့ပါ။ ထို့ကြောင့် အစည်းအဝေးမှာ ကျွန်တော် စကားသိပ်မပြောပါ။ ကျွန်တော့်၏ ဝိညာဉ်က မှောင်မိုက်ခြင်းများနှင့် ပြည့်နေပြီး ဘုရားသခင်ကို ကျွန်တော် ရှာမတွေ့နိုင်ပါ။ ဤနာကျင်မှုများ၏အလယ်တွင် အမှောင်ထဲကနေ ခေါ်ဆောင်ရန် ဘုရားသခင်ကို ကျွန်တော် တောင်းဆိုခဲ့သည်။ တစ်နေ့မှာ ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်- “ယနေ့လူသား၏အတွေ့အကြုံတွင် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီတိုင်းသည် သူ၏အယူအဆများကို တန်ပြန်တိုက်ခိုက်ပြီး၊ အဆင့်တိုင်းသည် လူသား၏ဉာဏ်ရည်ထက် သာလွန်ပြီး သူ၏မျှော်မှန်းချက်များကို ကျော်လွန်နေသည်။ ဘုရားသခင်သည် လူသားလိုအပ်သော အရာအားလုံးကို ထောက်ပံ့ပေးပြီး ယင်းသည် လူသား၏ အယူအဆများနှင့် အဖက်ဖက်မှ ကွဲလွဲနေသည်။... ဤနည်းအားဖြင့်သာ သူသည် သင့်အသက်တာကို ထောက်ပံ့ပေးနိုင်သည်။ သင်၏အယူအဆများကို တန်ပြန်တိုက်ခိုက်ခြင်းအားဖြင့် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုကို သင်လက်ခံအောင် သူပြုပြီး၊ ဤနည်းအားဖြင့်သာ သင်၏ဖောက်ပြန်ပျက်စီးမှုကို သင်ဖယ်ရှားနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်”) “အကယ်၍ သင်ယခု နာခံခြင်းမရှိပါက အဆုံးတွင် ကျိန်ဆဲခြင်းကို သင်ခံရမည်၊ ထိုအခါ သင်ပျော်ရွှင်လိမ့်မည်လော။ အသက်လမ်းကို သင်ဂရုမစိုက်ဘဲ သင်၏ရာထူးအဆင့်အတန်းနှင့် နာမည်ဂုဏ်ပုဒ်အပေါ်သာ သင်အာရုံပြုသည်၊ သင်၏ အသက်တာမှာ မည်သည့်အရာနှင့် တူသနည်း။... အသက်ကို မလိုက်စားသောသူများကို သဏ္ဌာန်ပြောင်းလဲ၍ မရနိုင်ပါ၊ သမ္မာတရားကို မဆာငတ်သော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ တစ်ကိုယ်ရေ သဏ္ဌာန်ပြောင်းလဲခြင်းကို လိုက်စားရန်နှင့် ထိုထဲ ဝင်ရောက်ရန် သင်အာရုံမစိုက်ပေ၊ သင်သည် လွန်ကဲသော ထိုတပ်မက်မှုအလိုဆန္ဒများ နှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်စေပြီး သူနှင့် နီးကပ်စေရန် ချုပ်တည်းထားသော အရာများအပေါ် အမြဲတစေ အာရုံစိုက်လျက်ရှိသည်။ ထိုအရာများသည် သင့်အား သဏ္ဌာန်ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ”) “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် အလိုမရှိသနည်း") ဘုရားသခင်၏ စီရင်မှုဖြင့် ပြင်းထန်သည့် နှုတ်ကပတ်တော်တို့သည် ကျွန်တော့်နှလုံးသားကို ထိုးဖောက်ကာ၊ အာခံပုန်ကန်နေသည့် ကျွန်တော့်ကို အရှက်ရပြီး အနေရခက်အောင်ပြုလုပ်နေပါသည်။ ထိုအချိန်မတိုင်ခင်အထိ ကျွန်တော်မလိုချင်သည့် အရာများဖြစ်ပြီး ကျွန်တော့်အပေါ်မှာ ယခုတစ်လောဖြစ်ပျက်နေသည့် အရာအားလုံးက လူများက ကျွန်တော့်ကို ပညာပြနေခြင်း မဟုတ်ကြောင်းကို ကျွန်တော် မသိမြင်မိပါ။ ဤသို့မဟုတ်ပဲနှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည့် တရားမျှတသည့် စီရင်မှုများဖြစ်ပြီး ကျွန်တော့်အပေါ် အချိန်ကိုက် ကယ်တင်ခြင်းသာဖြစ်ပါသည်။ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည့်အချိန်သည် လူများ၏ အတွေးဟောင်းများနှင့် အယူအဆများကို ပြောင်းလဲရန်၊ စာတန်၏လွှမ်းမိုးခြင်းမှ ၎င်းတို့ကို ကယ်တင်ရန်၊ ၎င်းတို့အတွက် လင်းလက် တောက်ပသည့်ဘဝကို ရှင်သန်ရန် ဘုရားသခင်ထံမှ သမ္မာတရားနှင့်အသက်ကို ရရန်အတွက် ရည်ရွယ်ပါသည်။ ကျွန်တော် မှန်ကန်သည့်လမ်းကို မလျှောက်လှမ်းခဲ့ပါ။ သမ္မာတရားကို ကျွန်တော်၏အသက်အနေနှင့် မရှာဖွေခဲ့ဘဲ ဂုဏ်ဒြပ် နဲ့ ကျော်ကြားမှုနောက်ကိုလိုက်ခဲ့သည်။ လှည့်ကွက်များနှင့် စီမံထားသည့် အကြံအစည်များကိုပင် အသုံးပြုခဲ့သည်။ အရာရှိတစ်ယောက်နှင့် အရေးပါသည့်လူတစ်ယောက်ဖြစ်ရန် အားထုတ်ကြိုးစားခြင်းနှင့် မည်မျှ ကွာခြားခြင်း မရှိပါ။ ၎င်းမှာ ဘုရားသခင်၏လုပ်ဆောင်မှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရား၏အလိုတော်ကို ဆန့်ကျင်နေခြင်းမဟုတ်ပါလား။ ဤအရာများနောက်ကိုဆက်လိုက်နေပါက သမ္မာတရားကိုရပြီး အနှစ်သာရရှိသည့်ဘဝကို မည်သို့ ရရှိနိုင်မည်နည်း။ ကျွန်တော်သာ နောက်ပြန်မလှည့်ခဲ့ပါက ဤအရာက ကျွန်တော့်ကိုဖျက်ဆီးပြီး ဘုရားသခင်က သူ၏လုပ်ဆောင်မှု ပြီးဆုံးသည့်အခါမှာ ကျွန်တော့်ကို ပြစ်ဒဏ်ခတ်ရန်အတွက် ပစ်မှတ်တစ်ခု မဖြစ်စေပါလား။ ကျွန်တော့်ဘေး၌ရှိသည့် ဤလူများမှတစ်ဆင့် ဘုရားသခင်က ကျွန်တော့်အကျင့်များကို ဖြတ်တောက်ပစ်ပြီး ကျွန်တော့်ကို “ရက်ရက်စက်စက်” ကို ကိုင်တွယ်ပါသည်။ ကျွန်တော်လမ်းမှားလျှောက်နေခြင်းကို ဟန့်တားရန်၊ ကျွန်တော့် လိုက်စားမှုများ၏ အားနည်းသည့် ထင်မြင်ယူဆချက်များကို အမှားပြင်ဆင်ပေးရန်၊ ကျွန်တော် နောက်ကြောင်းပြန်လှည့်စေရန် စသည်တို့အတွက် ကျွန်တော့် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြိုခွဲချေမွလိုက်ကာ၊ ကျွန်တော့် ဂုဏ်ဒြပ်များကိုလည်း ဖယ်ရှားလိုက်ပါသည်။ ထိုနောက်တွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းမြင့်မြတ်သည့် စိတ်သဘောထားကို နားလည်ခဲ့သည်။ ကျွန်တော့်၏ ရည်ရွယ်ချက်များ၊ နှိုးဆော်ချက်များ၊ အတွေးတစ်ချင်းစီတိုင်းနဲ့ လုပ်ရပ်တစ်ခုချင်းစီတိုင်းပင်လျှင် ဘုရားသခင်၏ ကြည့်ရှုမှုအောက်တွင် ရှိနေသည်ကိုလည်း နားလည်ခဲ့ပါသည်။ ကိုယ်တော်၏ ဘုန်းအာနုဘော်ကိုထုတ်ဖော်ပြသရင်း တစ်ချိန်တည်းမှာပင် ကျွန်တော့်အပေါ်မှာ အစစ်မှန်ဆုံး ကယ်တင်ခြင်းကို ဘုရားသခင် လုပ်ဆောင်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို သိမြင်ပြီးနောက်တွင် ရာထူးနေရာ ဆုံးရှုံးရခြင်းအပေါ်မှာ မိမိကိုကိုယ် ရှုပ်ထွေးမနေစေတော့ဘဲ သမ္မာတရားနောက်ကိုလိုက်လျှောက်ရန် ဆန္ဒကို ကျွန်တော် ရရှိခဲ့ပါသည်။ ဘုရားသခင်က ကျွန်တော့်ကို အရမ်း ချစ်သည့်အတွက် ကျွန်တော့်ကို ကယ်တင်ရန်ကြိုးစားပါသည်။ ထို့ကြောင့် ကျွန်တော် ဘုရားသခင်ကို စိတ်မပျက်စေချင်ပါ။ ဘုရားသခင်၏ အစီအစဉ်များကို ကျွန်တော် နာခံခဲ့ရပါသည်။ ကျွန်တော်က ခေါင်းဆောင်ဖြစ်စေ သို့မဟုတ် သာမန်လူဖြစ်စေ မည်သို့ပင် ဖြစ်စေကာမူ ကျွန်တော် သမ္မာတရားနောက်ကိုလိုက်သင့်ပြီး ကျွန်တော့်တာဝန်များကို တတ်နိုင်သမျှလုပ်သင့်ပါသည်။

နှစ်တစ်ဝက်ကြာပြီးနောက်မှာ အသင်းတော်၌ရှိသည့် ခေါင်းဆောင်က ကျွန်တော်၏ အသင်းတော်အသက်တာကို တစ်ခြား အသင်းတော်မှာ ဆက်သွားရန် ကျွန်တော့်အတွက် စီစဉ်ခဲ့သည်။ ထိုအချိန်တွင် ထိုအသင်းတော်မှ ခေါင်းဆောင်များကို ရွေးချယ်နေချိန် ဖြစ်ပါသည်။ ညီအစ်ကို မောင်နှမအားလုံးထက် ကျွန်တော်က ဘုရားသခင်ကို ပို၍ အချိန်ကြာကြာယုံကြည်ခဲ့ ကြောင်းကို ကျွန်တော် သိရသည့်အခါမှာ ကျွန်တော် အလွန်ပျော်ရွှင်ကာ တွေးမိသည်။ “အခု ငါ့၏အခွင့်အရေး ရောက်လာပြီ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ အရည်အချင်းကို နောက်ဆုံးမှာ ပြလို့ရပြီ။” ဟု ဖြစ်ပါသည်။ အမှန်မှာမူ ကျွန်တော့်မှာ ဘဝအတွေ့အကြုံပိုရှိပြီး ၎င်းတို့ယုံကြည်ခဲ့သည်ထက် ပိုစော၍ ကျွန်တော် ဘုရားသခင်ကို ယုံကြည်ခဲ့ပါသည်။ ဤရာထူးအတွက် ကျွန်တော်က အကောင်းဆုံးလူသာဖြစ်ပါသည်။ ၎င်းတို့အပေါ် ကျွန်တော် ကောင်းစွာတင်ပြရန်အတွက် ပြင်ဆင်နေစဉ် ယခင်အသင်းတော်မှ အစ်မတစ်ယောက်က ရွေးကောက်ပွဲကို ပါဝင်ရန်အတွက် ကူးပြောင်းလာသည်။ ကျွန်တော့် ယခင်က ရာထူးနေရာအတွက် အလုအယက်ကြိုးပမ်းသည့် မကောင်းသတင်းကို သူ ထုတ်ဖော်ပြောပြီး ကျွန်တော်အရှက်ရမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့် ကနဦး အစီအစဉ်ကို လက်လွှတ်လိုက်ရသည်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနှင့် ရွေးချယ်ခံရရန်အတွက် ကြိုးစားပြီး ကျွန်တော် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ကျွန်တော်သည့် ခေါင်းဆောင်အဖြစ် အရွေးခံရမည့်အစား ညီအစ်ကိုမောင်နှမများထံသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ ပို့ဆောင့်ရန်လိုအပ်သည့် အသေးစားအလုပ်တစ်ချို့ကို ကျွန်တော်ကိုပြုလုပ်စေမည်ဟု စိတ်ပင်မကူးခဲ့မိပါ။ ကျွန်တော့်ကဲ့သို့ ဂုဏ်သိက္ခာရှိသည့် တပ်ရင်းမှူးတစ်ယောက်က ကျွန်တော်က ဟိုသည်ပြေးကာ တောက်တိုမည်ရလေးများလုပ်နေခဲ့ရပါသည်။ ဤအရာကို လက်ခံရန် ကျွန်တော့်မှာ ခက်ခဲလှသည်။ သို့သော်လည်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဖြတ်သန်ပြီးနောက်မှာ ဤအရာသည် ဘုရားသခင်၏ စည်းမျဉ်းဖြစ်ပြီး ကိုယ်တော်၏ အစီအစဉ်များဖြစ်သည်ဆိုသည်ကို ကျွန်တော် နားလည်ခဲ့သည်။ ဂုဏ်ဒြပ် နောက်ကိုလိုက်သည့် ကျွန်တော့်၏ ဆန္ဒကို ဘုရားသခင်က ရိုက်နှက်ဆုံးမ နေခဲ့ခြင်းဖြစ်သောကြောင့် ကျွန်တော် မိမိကိုကိုယ် စွန့်လွှတ်ပြီး နာခံခဲ့ပါသည်။ သို့သော်လည်း မကြာမီမှာ ကျွန်တော် အစည်းအဝေး တက်သည့်နေရာကို ရဲများ ရှာတွေ့သွားသည်။ ထို့ကြောင့် တစ်ခြား အသက်ကြီးကြီး အစ်မနှစ်ယောက်နှင့် အခြားနေရာမှာတွေ့ရန် အသင်းတော်က ကျွန်တော့်အတွက် စီစဉ်ခဲ့သည်။ အသင်းတော်၏ ခေါင်းဆောင်ကမူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသောကြောင့် ကျွန်တော်တို့အား သူ၏ရေလောင်းခြင်းတာဝန်ကို ဆောင်ရွက်ရန်ပင် မကြာခဏ မလာရောက်နိုင်ခဲ့ပါ။ ထိုအချိန်မှာ ကျွန်တော် ဆက်ပြီး သည်းမခံနိုင်တော့ပါ။ အရေးမပါသည့် အလုပ်များကို ကျွန်တော်လုပ်ရသည့်အပြင် အဆင့်နိမ့်သည့် ဤအကြီးအကဲများကို ကျွန်တော် တွေ့ဆုံရသည်။ ဤနေရာကို ကျွန်တော် မည်သို့ရောက်လာသနည်း။ ကျွန်တော် စဉ်းစားကြည့်လေ၊ ခံစားရလေသာ ဖြစ်ပါသည်။။ ဘဝမှာ ရှင်သန်ရတာ မတန်ပါဟုပင် ကျွန်တော် ခံစားရသည်။ နာကျင်မှုများနှင့် ကျွန်တော် ဘုရားသခင်ကို လေးလေးနက်နက် ဆုတောင်းပြီး ကိုယ်တော်၏ ဉာဏ်အလင်းပေးခြင်းကို တောင်းလျှောက်ခဲ့သည်။ တစ်နေ့တွင် ဤသို့ဆိုထားသည့် ဘုရားသခင၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ရပါသည်။ သည်- “ယနေ့၏ လမ်းကြောင်းပေါ်တွင် အသင့်လျော်ဆုံး ရှာဖွေမှုနည်းလမ်းမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်၏ ရှာဖွေမှု၌ မည်သည့် ပုံသဏ္ဌာန်မျိုးဖြင့် သင့်ကိုယ်သင် မြင်သင့်သနည်း။ စမ်းသပ်မှုများ သို့မဟုတ် ဒုက္ခဆင်းရဲ၊ ငဲ့ညှာခြင်းကင်းမဲ့သော ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ကျိန်ဆဲခြင်းအမင်္ဂလာများ ဖြစ်ပါစေ၊ သင့်အပေါ် ယခု ကျရောက်နေသည့် အရာမှန်သမျှကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သင် သိသင့်သည်၊ သင်သည် ဤအရာအားလုံးကို သတိရှိစွာ ဆင်ခြင်သုံးသပ်သင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လေ့လာသင်ယူခြင်း မရှိသောသူများ နှင့် မည်သည့်အရာကိုမျှ မသိသောသူများ- ထိုသူတို့သည် သားရဲများပင် ဖြစ်သည် မဟုတ်လော။”) ကျွန်တော်သည် စာတန်ကဲ့သို့ သဘာဝမျိုးရှိသည့် ကျွန်တော့်၏ မာန်မာနထောင်လွှားခြင်းဖြင့် တွန်းအားပေးခံရကာ၊ ဘုရားသခင်၏ အလိုတော်မှနေပြီး လမ်းလွှဲ၍ ကျော်ကြားမှုနှင့် ရာထူးများကို လိုက်စားသည့် လမ်းကြောင်းအမှားပေါ်တွင် လျှောက်ခဲ့မိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ခဲ့ပါသည်။ အကျိုးရလဒ်အနေနှင့် “တရားဝင်ရာထူးများ” ပါသည့် တာဝန်များကိုသာ အရေးကြီးသည်ဟု ကျွန်တော် သတ်မှတ်ပြီး တစ်ခြားတာဝန်များကို အထင်အမြင်သေးခဲ့သည်။ ထို့နောက် ကျွန်တော့်၏အဆင့်က သူတို့နှင့် ရှိနေသည့်အတွက် နိမ့်ကျသည်ဟုခံစားရပြီး ဤ အဆင့်နိမ့်သည့် ညီအစ်ကို မောင်နှမများကိုပင် အလွန် မုန်းတီးခဲ့သည်။ ဂုဏ်ဒြပ်၊ ကျော်ကြားမှု နှင့် ချမ်းသာကြွယ်ဝမှုများသည် ကျွန်တော့် ဉီးခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ အိမ်တော်မှာ တာဝန်အားလုံးသည် တန်းတူညီမျှသာဖြစ်သည်ကို လည်းကောင်း၊ ကျွန်တော်အပါအဝင် ကျွန်တော့်၏ ညီအစ်ကို မောင်နှမများဟာ ညီမျှသည့် ဂုဏ်ဒြပ်များရှိသည့် ဖန်ဆင်းခံများသာဖြစ်ကြောင်းကိုလည်းကောင်း ကျွန်တော် မသိခဲ့ပါ။ လောကီရေးရာမှ ကျွန်တော့်၏ မြင့်မားသည့် ဂုဏ်ဒြပ်က ဤအချက်ကို လုံးဝ မပြောင်းလဲနိုင်ပါ။ ၎င်းကို စဉ်းစားပြီး ကျွန်တော် အလွန်ပင် စိတ်သက်သာရာရသွားသည်။ သို့သော်လည်း ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်တို့က ကျွန်တော်၏ သေစေနိုင်သည့် အားနည်းချက်သာ ဆိုတာကိုသိသည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ပိုပြီး ရှာဖွေရန် ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ နောက်ပိုင်းတွင် အသက်တာကို ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး မိတ်သဟာယပြုလုပ်ရင်း တရားဟောနေသည်ကို ကျွန်တော် ကြားရသည်။ “မင်းရဲ့ အမြင်မှာ လူတွေအတွက် ရာထူးနေရာများကို စွဲကိုင်ပြီး ဒါတွေကို ချစ်မြတ်နိုးခြင်းက အဓိပ္ပါယ်ရှိပါသလား။ ဂုဏ်ဒြပ်နဲ့ ကျော်ကြားမှုတွေကို ရှင်းလင်းစွာ သိမြင်သင့်ပြီး၊ အဲဒီအရာတွေနဲ့ ကွဲပြားအောင် နေသင့်ပါသည်။ ဤအရာတွေက အနှစ်သာမရှိတဲ့အပြင် အဓိပ္ပါယ်လည်း မရှိပါ။ ရာထူးမြင့်ခြင်းက ကောင်းကြီးရမယ်လို့ အာမမခံပါ။ မင်းမှာ ကောင်းမွန်သည့် စိတ်သဘောထားမရှိရင် မြင်မားတဲ့ရာထူးက မင်းကို ကံဆိုးခြင်းတွေ သယ်ဆောင်လာလိမ့်မယ်။ မင်းက သမ္မာတရား နောက်ကို မလိုက်ဘူးဆိုရင် အဲဒီရာထူးက မင်းအတွက် သိပ်ကြီးတဲ့ မကောင်းမှု အရင်းအမြစ် ဖြစ်လိမ့်မယ်။ သမ္မာတရားမရှိဘဲ မင်းဟာ သေချာမမြင်နိုင်ဘဲ ရာထူးနေရာတွေရဲ့ ဖျက်ဆီးခြင်းကို လွယ်လွယ်ကူကူနဲ့ ခံရနိုင်ပါတယ်။ သမ္မာတရားနောက်ကိုမလိုက်ဘဲ မင်းခေါင်းဆောင် တစ်ယောက်မဖြစ်နိုင်ပါဘူး။ မင်းကို ဖျက်ဆီးခြင်းသာ ဖြစ်စေပါတယ်။ သမ္မာတရားနောက်ကို မင်းလိုက်ရင် ခေါင်းဆောင်ခြင်းက မင်းကို ပြည့်စုံစေပါလိမ့်မယ်။” (အသက်တာသို့ ဝင်ရောက်ခြင်းအကြောင်း မိဿဟာရပြုလုပ်ခြင်းနှင့် တရားဟောခြင်း ထဲမှ “မှားယွင်းသည့် ခေါင်းဆောင်များ၊ အန္တိခရစ်များနဲ့ ဆိုးယုတ်သောသူများအား ခွဲခြားခြင်းနှင့် ဖြေရှင်းချက်များ”) “လူတွေက အခွင့်အာဏာမရှိရင် ကောင်းနေသည်ဟု ထင်ရသည်။ သို့သော်လည်း ရှိလာတာနဲ့တပြိုက်နက် သူတို့၏စိတ်ရင်းအမှန်တွေကို သိလာရတာပဲ။ အခွင့်အာဏာက လူတသည့်ကို ဘယ်လို ဖော်ထုတ်နိုင်တာလဲ။ လူတစ်ယောက်က သာမန်ပုဂ္ဂိုလ်ဆိုရင် သူတို့ကြည့်ရတာ ကောင်းမွန်ကာ သိက္ခာရှိပြီး ရိုးသားသည်ဟု ထင်ရသည်။ အခွင့်အာဏာ နည်းနည်း ရလိုက်တာနဲ့ သူတို့ဆိုးဝါးလာကြတော့တာပဲ။” (အသက်တာဝင်ရောက်မှု နှင့်ပတ်သက်ပြီး မိဿဟာရပြုခြင်းနှင့် တရားဟောခြင်း ထဲမှ “ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း၌ လူများ ပူးပေါင်းဆောင်ရွက်သင့်သည့်နည်းလမ်း”) ဤ စကားလုံးများက ကျွန်တော့်၏မျက်လုံးကို ရုတ်တရက်ပွင့်သွားစေပြီး ဂုဏ်ဒြပ်နောက်ကိုလိုက်ခြင်း၏ အဓိပ္ပါယ်မရှိသည့် လေဟာပြင်ကို ကျွန်တော် မြင်ခဲ့ပါသည်။ ဂုဏ်ဒြပ်ကို တန်ဖိုးထားခြင်းနှင့် သမ္မာတရားနောက်ကိုမလိုက်ခြင်းသည် လူများကို ပျက်စီးခြင်းကိုသာ ခေါ်ဆောင်သွားနိုင်ပါသည်။ စစ်တပ်ထဲမှ ကျွန်တော့်၏ အတွေ့အကြုံကို ဥပမာအနေဖြင့် ကြည့်ကြည့်ပါ။ ကျွန်တော် စစ်သားတစ်ယောက်ဖြစ်စဉ်က ထို အကျင့်ပျက်စီးသည့် အရာရှိများကို မုန်းခဲ့သည်။ သို့သော်လည်း ကျွန်တော့်၏ ဂုဏ်ဒြပ်က ကြီးထွားလာသည်နှင့်အမျှ ကျွန်တော် သည်လည်း အမှန်ပင် အကျင့်ပျက်စီးသည့် အရာရှိတစ်ယောက် ဖြစ်လာခဲ့သည်။ ရာထူးမြင့်သည့်သူများက ၎င်းတို့ မြင့်မားသည့်ရာထူးများ မရှိစဉ်က ရိုးသားပြီး ကောင်းမွန်သည်ဟု ထင်ရသည်။ သို့သော်လည်း သြဇာအာဏာကို ၎င်းတို့ ရသည်နှင့် တပြိုက်နက် နိုင်လိုမင်းထက် ပြုမူလာပြီး ပြစ်မှုများ မရေတွက်နိုင်အောင် ကျူးလွန်ကြသည်။ လူများက စာတန်အားဖြင့် ဖောက်ပြန်ပျက်ဆီး လာပြီးနောက်တွင် ၎င်းတို့သည် စာတန်၏ ဖျက်ဆီးမှု နှင့် လှည့်စားမှုတို့ကို ချွင်းချက်မရှိ ခံကြရမည်ဖြစ်ကြောင်းကို ပြရန်အတွက် ဤအချက်များက လုံလောက်ပါသည်။ ၎င်းတို့သည် သမ္မာတရားနောက်ကိုမလိုက်ဘဲ စိတ်သဘောထားမပြောင်းလဲပါက လောကီမှာဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်မှာသာဖြစ်စေ ၎င်းတို့သည် အခွင့်အာဏာနှင့် ဂုဏ်ဒြပ်များကို ကိုင်ဆောင်လာသည့်အခါ ၎င်းတို့သည် ဆိုးရွားလာပြီး မကောင်းမှုများကိုလုပ်နိုင်၍ အဆုံးတွင် ရလဒ်မှာမူ ဘုရားသခင်၏ တရားမျှတစွာ အပြစ်ပေးခြင်းကို ခံကြရခြင်း ဖြစ်ပါသည်။ ဤသည်ကို စဉ်းစားပြီးနောက်မှာ ကျွန်တော် ကြောက်ရွံ့ခြင်းနှင့် ကျေးဇူးတင်ရှိခြင်း နှစ်ခုလုံးကို ခံစားရသည်။ ကျွန်တော်၏ ထပ်ခါထပ်ခါ စိတ်ရှုပ်ထွေးမှုက ကျွန်တော့်အတွက် ချစ်ခြင်းမေတ္တာနှင့် ပြုလုပ်ထားသည့် ကျွန်တော်၏ ကယ်တင်ခြင်းသာ ဖြစ်နေပါသည်။ အရာရှိလောက၌ ကျွန်တော် တိုးတက်ရန်အတွက် နှစ်ပေါင်းများစွာ ရုန်းကန်လှုပ်ရှားခဲ့ သောကြောင့် စာတန်၏အဆိပ်များဖြင့် ကျွန်တော် စွန်းထင်းသွားခဲ့သည်။ ကျွန်တော်သည် မာနကြီးခြင်း၊ ဉာဏ်နီဉာဏ်နက်များခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း နှင့် လောဘကြီးခြင်းတို့ ပေါင်းထားသည့်အရာဟု ဆိုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကျွန်တော် ဂုဏ်ဒြပ်ကို သိပ်တန်ဖိုးထားခဲ့ပြီး သမ္မာတရား နောက်ကို အမှန်တကယ် လိုက်မလျှောက်ခဲ့ပါ။ အကျိုးရလဒ်အနေနှင့် ထိုအချိန်မှာပင် သမ္မာတရားအနည်းငယ်ကို ရခဲ့ပြီး ဘုရားသခင်ကို အနည်းငယ် ကြောက်ရွံ့ခဲ့သည်။ ကျွန်တော်က အမှန်တကယ်ပင် မြင့်မားသည့်ရာထူးမှာရှိခဲ့ပါက၊ ရည်မှန်းချက်များကြီးပြီး စစ်တပ်ထဲ၌ ကျွန်တော်ပြုခဲ့သကဲ့သို့ နိုင်လိုမင်းထက် ပြုမူခြင်းများဖြစ်လာမည်။ ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်စော်ကားခြင်း အတွက် အပြစ်ဒဏ်ခံရခြင်းနှင့် ကျွန်တော် အဆုံးသတ်သွားပါလိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း ကို ကျေးဇူးတင်သည်။ ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်နောက်ကိုလိုက်ခြင်း၏ အနှစ်သာရနှင့် ရလဒ်ကို ကျွန်တော် ရှင်းလင်းစွာ မြင်နိုင်ပြီး ထို့ထက်ပို၍ ကျွန်တော် သမ္မာတရားနောက်ကို လိုက်ခြင်း၏ အရေးကြီးမှုကို မြင်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ကျွန်တော့်၏ အားထုတ်မှုကို အာရုံစူးစိုက်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော့်၏ဘဝဖြစ်ရန်အတွက် လေးလေးနက်နက် တောင့်တခဲ့ပြီး “တရားဝင် ရာထူး ဂုဏ်ပုဒ်များ” နှင့် တာဝန်များကို အာရုံမစိုက်တော့ဘဲ အခြားတာဝန်များကို မည်သည့်အခါမျှ မနှိမ်တော့ပါ။ တာဝန်တိုင်းက အဓိပ္ပါယ် ရှိသည်ဟု ကျွန်တော် ခံစားရသည်။ တာဝန်တိုင်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ကြောင်း နှင့် ကျွန်တော့်တာဝန်သည် ကျွန်တော်ထမ်းဆောင် ရမည့် ဝတ္တရားများသာ ဖြစ်ကြောင်း ခံစားခဲ့ရပါသည်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို ကျွန်တော့်၏နှလုံးသားတစ်ခုလုံးနဲ့ တောင့်တပြီး ကျွန်တော့်၏တာဝန်များကို ပြီးဆုံးအောင် ကြိုးစားသည့်အခါမှာ ယခင်က ကျွန်တော် နားမလည်ခဲ့သည့် သမ္မာတရားများ များစွာကို နားလည်ခဲ့ရုံသာမက ဘုရားသခင်၏ မျက်မှောက်တော်ကိုလည်း မကြာခဏ ခံစားခဲ့ရပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်မှုကို ကျွန်တော်လက်ခံရရှိပြီး တည်ငြိမ်ရင့်ကျက်မှုနှင့် ပြောပြ၍မရနိုင်သည့် ပျော်ရွှင်မှုကို ခံစားရစေပါသည်။ အချိန်အနည်းငယ်ကြာပြီးနောက်မှာ တစ်ခြားလူများ နှင့် ဆက်ဆံသည့်အခါမှာ ကျွန်တော် ငြိမ်ငြိမ်ဆိမ်ဆိမ်သာ ဆက်ဆံခဲ့ပြီး စစ်တပ်တုန်းက ကျွန်တော်၏ ရာထူးနေရာဟောင်းများကို မကြွားတော့ပါ သို့မဟုတ် ကြွားလုံးထုတ်ရန် အသုံးမပြုတော့ပါ။ ကျွန်တော့် ချို့ယွင်းချက်များကို မည်သူကမဆို ထောက်ပြသည့်အခါတွင် ကျွန်တော်သည် အလျင်ဦးစွာ လိုက်နာပြီး နောက်ပိုင်းတွင် မိမိဘာသာ ပြန်လည်သုံးသပ်ပါသည်။ အသင်းတော်၌ရှိပြီး ပညာအရည်အချင်းနိမ့်၍ အဆင့်နိမ့်သည့် ညီအစ်ကို မောင်နှမများကိုလည်း ကျွန်တော် ညီတူညီမျှ ဆက်ဆံနိုင်ကာ ၎င်းတို့အပေါ် မိမိကိုယ်ကို သာလွန်သူတစ်ယောက်အနေနှင့် မမှတ်ယူတော့ပါ။ ကျွန်တော် သတိမထားမိစဉ်တွင်ပင် ကြိုးပမ်းအားထုတ်မှုအပေါ်မှာ ကျွန်တော့် အမြင်များစွာ ပြောင်းလဲခဲ့သည်။ ဂုဏ်ဒြပ်နှင့် ကျော်ကြားမှုကို စိတ်မဝင်စားတော့ဘဲ ဤအရာများ၏ ဘောင်ခတ်ခြင်း၊ ထိန်းချုပ်ခြင်းကိုလည်း မခံရတော့ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကျွန်တော့်ထက်ဝါနုသူ ညီအစ်ကိုမောင်နှမများသည် အသင်းတော် ၏ ခေါင်းဆောင်အဖြစ်ရွေးချယ်ခံရသည်ကို ကျွန်တော်မြင်သည့်အခါ၌ ကျွန်တော် မနာလိုမှု အနည်းငယ် ခံစားခဲ့ရပါသည်။ သို့သော်လည်း ဆုတောင်းခြင်းမှတစ်ဆင့် ကျွန်တော် လက်လွှတ်နိုင်ခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကျွန်တော်ရုန်းကန် လှုပ်ရှား လေ့ရှိခဲ့သည့် အချက်ကိုတွေးပြီး ကျွန်တော် အရှက်ရခြင်းကို ခံစားခဲ့ရပါသည်။ လွန်စွာအကျည်းတန်ပြီး လူမဆန်သကဲ့သို့ ခံစားခဲ့ရပါသည်။ ယခု ကျွန်တော့်ဇနီးနှင့် ကျွန်တော်တို့သည် အိမ်တွင် ကျွန်တော်တို့တာဝန်များကို အတူတကွ ထမ်းဆောင်ကြသည်။ ဤအရာများက အရေးပါခြင်းမရှိသော်ငြားလည်း ကျွန်တော်သည် ကျေနပ်မှုကိုခံစားရပြီး ပျော်ရွှင်မှုကို ကြုံတွေ့ရပါသည်။ ယခု ကျွန်တော့်သားလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်တော်တို့၏မိသားစုကို ဘုရားသခင်၏ နှုတ်ကပတ်တော်က အုပ်စိုးသည့် ခရစ်ယာန်မိသားစုဖြစ်လာစေပါသည်။ မည်သူမဆို သမ္မာတရားနှင့်အညီ စကားပြောပါစေ၊ ထိုလူကို ကျွန်တော်တို့ နားထောင်ကြသည်။ အကျင့်ပျက်စီးသည့်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်လျှင်မူ ကျွန်တော်တို့ နားလည်သည်းခံနိုင်ပြီး အချင်းချင်းခွင့်လွှတ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ မိမိကိုကိုယ် စစ်ဆေးကြပြီး ကျွန်တော်တို့၏မိသားစုကို ပို၍ ပျော်ရွှင်စေပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီးကို ပြောင်းလဲပေးသည့်သူ၊ ကျွန်တော်၏ အိမ်ထောင်နှင့် မိသားစုကို ကယ်တင်ခဲ့သည့်သူ၊ နောက်ပြီး လွန်ကျူးစွာ အကျင့်ပျက်စီးခြင်းမှနေ ကျွန်တော့်ကို ကယ်တင်ခဲ့ပြီး မာနကြီး၊ ဆိုးယုတ်ပြီး ကျော်ကြားမှုကို ရှာဖွေသည့် ရွံစရာကောင်းသည့်သူ အဖြစ်မှနေပြီး အလင်းနှင့် တရားမျှတခြင်းနောက်ကို လိုက်သည့်သူ၊ စစ်မှန်သည့် ဘဝပန်းတိုင်များရှိသည့်သူအဖြစ်ကို ပြောင်းလဲပေးခဲ့သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်သာ ဖြစ်ပါသည်။ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် စိတ်ခံစားချက်မျိုးစုံ ကျွန်တော့် ကိုယ်ထဲတွင် ပြည့်နှက်လာခဲ့ပါသည်- “ကမ္ဘာကို ဖန်ဆင်းသည့်အချိန်မှ အစပြုပြီး ယနေ့ထက်ထိတိုင် ဘုရားသခင်၏ အလုပ်၌ သူလုပ်ဆောင်ခဲ့သမျှသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ လူကို မုန်းတီးသည့်စိတ် နည်းနည်းမျှ မရှိပေ။ သင်မြင်တွေ့ခဲ့သည့် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုပင်လျှင် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ သာ၍ စစ်သော၊ မှန်သော မေတ္တာဖြစ်သည်၊ ဤ ချစ်ခြင်းမေတ္တာသည် လူ့အသက်တာအတွက် မှန်သောလမ်းထဲသို့ လူတို့ကို လမ်းပြပေးသည်။... သူလုပ်ခဲ့သော အလုပ်အားလုံးသည် လူ့အသက်တာအတွက် မှန်သောလမ်းထဲသို့ လူတို့ကို လမ်းပြရန်အတွက် ရည်ရွယ်ပြီး လုပ်သည့် အလုပ်များ ဖြစ်သည်။ လူသားမျိုးနွယ်၏ ပုံမှန်ဘဝကို သူတို့ ရရှိနိုင်ဖို့အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် မည်သို့ အသက်ရှင်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ ထိုသို့ မည်သို့ အသက်ရှင်ရမည်ကို မသိလျှင် သင်သည် အတွင်း၌ လစ်ဟာနေသော အသက်တာ၊ တန်ဖိုး မရှိသော၊ အဓိပ္ပါယ်ကင်းမဲ့သော အသက်တာကိုသာ ရှင်သန်နိုင်လိမ့်မည်။ ပုံမှန်လူတစ်ဦး ဖြစ်အောင် မည်သို့ လုပ်ရမည်ကို သင်သိမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)”) မှန်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းမပါဘဲ ကျွန်တော် အသက်တာတွင် မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းမည်မဟုတ်ပါ။ ကျွန်တော်သည် ပို၍ ဆုတ်ယုတ်လာမည်ဖြစ်ပြီး အဆုံး၌ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရသည့် ရွံစရာကောင်းသည့် ဆန်ကုန်မြေလေးသာ ဖြစ်လာပါမည်။ ကျွန်တော့်ကို ကယ်တင်ခဲ့သည်မှာ ဘုရားသခင်၏ တရားမျှတသည့် တရားစီရင်မှုနှင့် ကျွန်တော့်ကိုပြောင်းလဲစေခဲ့သည့် ရက်စက်သည့် အပြစ် ဆေးကြောသန့်စင်မှုပဲဖြစ်ပါသည်။ ဤအရာက ကျွန်တော့်ကို မည်သည့်အရာက အကျည်းတန်၍ မည်သည့်အရာက သန့်ရှင်းမြင့်မြတ် ကြောင်း၊ ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ လှပခြင်းနှင့် ကောင်းမွန်ခြင်း၊ စာတန်၏ ရက်စက်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကို နားလည်ရန် အခွင့်ပေးပါသည်။ ကျွန်တော်သည် စာတန်ကို တစ်ဖန် လုံးဝ အခွင့်ပေးမှာမဟုတ်တော့ဘဲ သမ္မာတရားနောက်ကိုသာ စိတ်ပါလက်ပါနှင့် လိုက်လျှောက်မည်။ စာတန်၏ အကျင့်ဖျက်ဆီးခြင်းကို ဖယ်ရှင်းပြီး စစ်မှန်သည့် လူသား အသက်တာကို ရှင်သန်နေထိုင်ပါမည်။ များပြားလှသည့် ပြစ်တင်ဆုံးမခြင်းများနှင့် အပြစ်ဆေးကြောခြင်းများကို တွေ့ကြုံခံစားရသော်လည်း အသက်တာ၏ တန်ဖိုးအရှိဆုံး လမ်းကြောင်းကို ကျွန်တော်ရရှိခဲ့ပြီး ဒုတိယအကြိမ်မွေးဖွားခွင့နှင့် အသက်တာ၏ မှန်ကန်သည့် လမ်းကြောင်းကို ဝင်ရောက်ခွင့်တို့ကို ရရှိခဲ့ပါသည်။

ဤနှစ်တွင် လုပ်ထုံးလုပ်နည်း ကိစ္စရပ်တစ်ချို့ကို ကြည့်ရှုရန် ကျွန်တော်၏ ယခင် အလုပ်အဖွဲ့ကို ပြန်သွားခဲ့သည်။ ကျွန်တော့်၏ ယခင်က အလုပ်ဖော်များနှင့် ယခင်က ခေါင်းဆောင်များအားလုံးသည် ရာထူးတိုးမြှင့်ခြင်းခံထားရသည်ကို တွေ့ရပါသည်။ ကျွန်တော်၏ ယခင်က လုပ်ဖော်ကိုင်ဖက်များက ကျွန်တော့်ကို မြင်သည့်အခါမှာ ပြောပါသည်။ “စစ်တပ်ကနေ မင်း မထွက်ခဲ့ရင် မင်းအခုဆိုရင် ရာထူးတိုးနေလောက်ပြီ။” ကျွန်တော် ဘာမှမဖြစ်ဘဲ နေခဲ့ပြီး တွေးမိလိုက်သည်။ “ရာထူးမြင့်တာက ဘာအသုံးကျမှာလဲ။ လူတစ်ယောက်အနေနဲ့ ပန်းတိုင်၊ ဦးတည်ချက် သို့မဟုတ် အဓိပ္ပါယ်မရှိဘဲ အသက်ရှင်နေထိုင်ပြီး မကောင်းမှုနွံထဲမှာ လှုပ်ခတ်နေရင် ဒါက ရှက်စရာအကောင်းဆုံး ဘဝမျိုးမဟုတ်ဘူးလား။ မင်းတို့က စာတန်ရဲ့ ကျွန်တွေ၊ သူ့ရဲ့ ကစားစရာအရုပ်တွေပဲ မဟုတ်ဘူးလား။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ တရားမျှတတဲ့ အပြစ်ပေးခြင်းနဲ့ ဒဏ်ခတ်ခံရခြင်းကို မင်းတို့ ခံစားရမယ်။ ငါ ရာထူးမြင့်မြင့်မရှိပေမဲ့ ငါရဲ့ ရွေးချယ်မှုကို လုံးဝ နောင်တမရဘူး။ ငါ့ရဲ့နှလုံးသားမှာ စစ်မှန်တဲ့ပျော်ရွှင်ခြင်းဖြစ်တဲ့ ငြိမ်းချမ်းခြင်းနဲ့ သက်သာရာရခြင်းတို့ကို အမှန်တကယ် တွေ့ကြုံခံစားရတဲ့ အတွက်ကြောင့်ပဲ။ မင်းဖြစ်သင့်တဲ့ ဖန်ဆင်းခံအနေနဲ့ပဲ ဖြစ်ရင်းနဲ့ ဘုရားသခင်ကို နာခံခြင်းနဲ့ ကိုးကွယ်ခြင်းဟာ စစ်မှန်တဲ့ လူသား အသက်တာဖြစ်ပြီး ဒီကနေတစ်ဆင့်သာ မင်းတို့မှာ တောက်ပတဲ့ အနာဂတ်ရှိနိုင်ပါတယ်။”

ယခင်က:ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းခရီးကို ဦးဆောင်သည်

နောက်တစ်ခုသို့:ကျွန်မ၏ ညံ့ဖျင်းသော အရည်အချင်းကို ဆင်ခြေတစ်ခုအဖြစ် ကျွန်မ မသုံးတော့ပါ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ