အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်ရှစ်ခုမြောက် မိန့်မြွက်ချက်

ငါသည် ဇိအုန်မှလာစဉ်က အရာခပ်သိမ်းသည် ငါ့ကိုစောင့်ကြိုခဲ့ကြပြီး ငါသည် ဇိအုန်သို့ပြန်စဉ် လူသားအားလုံး ငါ့ကိုနှုတ်ဆက်ကြ၏။ ငါလာ၍ ပြန်သည့်အခါ ငါ့ကိုရန်လိုသည့် အရာများက ငါ၏ခြေလှမ်းများကို မည်သည့်အခါမျှ နှောင့်နှေးစေခြင်း မရှိခဲ့သဖြင့် ငါ၏အမှုတော်သည် ချောမွေ့စွာ တိုးတက်ခဲ့၏။ ယနေ့ သက်ရှိသတ္တဝါအားလုံးအကြားသို့ ငါလာသောအခါ ငါနောက်တစ်ကြိမ် ထွက်ခွာပြီး ၎င်းတို့ကိုပေးထားသည့် ပံ့ပိုးမှုကို ဖယ်ရှားမည်ကို လွန်စွာစိုးရိမ်သဖြင့် အရာခပ်သိမ်းသည် ငါ့အား ဆိတ်ငြိမ်မှုဖြင့် နှုတ်ဆက်ကြ၏။ အရာခပ်သိမ်းသည် ငါ၏လမ်းပြမှုနောက် လိုက်ကြပြီး ငါ၏လက်ညွှန်ပြရာသို့ အားလုံးကြည့်ကြ၏။ ငါ့နှုတ်မှစကားများသည် သက်ရှိသတ္တဝါအများအပြားကို စုံလင်စေခဲ့ပြီး မနာခံသောသား အများအပြားကို ဆုံးမခဲ့၏။ ထို့ကြောင့် လူသားခပ်သိမ်းသည် ငါ၏စကားများအပေါ် စေ့စေ့ကြည့်ရှုလျက် ငါ့နှုတ်မှ မြွက်ဆိုချက်များကို အနီးကပ်နားထောင်ကြပြီး ၎င်းတို့၏ ဤအခွင့်ကောင်း လွတ်သွားမည်ကို လွန်စွာစိုးရိမ်နေကြသည်။ ဤအကြောင်းရင်းကြောင့် ငါ၏အမှုတော်ကို ပို၍လျင်မြန်စွာ ဆောင်ရွက်နိုင်ကာ မြေကြီးပေါ်တွင် ကျေနပ်ဖွယ်ရာ အခြေအနေများ ပို၍ဆောလျင်စွာ ပေါ်ပေါက်လာ၍ မြေကြီးပေါ်ရှိ ပျက်စီးခြောက်ကပ်နေသည့် မြင်ကွင်းများကို ပြုပြင်နိုင်ရေးအတွက် ငါသည် ဆက်၍ စကားပြောခဲ့၏။ ငါကောင်းကင်သို့ ကြည့်ချိန်သည် လူသားတို့ဘက်သို့ တစ်ဖန်ပြန်လှည့်ချိန် ဖြစ်သည်။ နိုင်ငံခပ်သိမ်းသည် ချက်ချင်း အသက်ဝင်လျက် လေထဲတွင် ဖုန်မှုန့်မရှိတော့ဘဲ မြေပြင်တွင် ရွှံ့နွံများဖုံးအုပ်ထားခြင်း မရှိတော့ပါ။ ငါ၏မျက်လုံးများ ချက်ချင်းတောက်ပလာ၍ တိုင်းပြည်အားလုံးမှလူများ ငါ့ကိုမော်ကြည့်လျက် ငါ့ထံတွင် ခိုလှုံကြ၏။ ငါ၏အိမ်ထောင်စုတွင် ရှိသောသူခပ်သိမ်းအပါအဝင် ယနေ့ကမ္ဘာပေါ်ရှိ လူများအကြားတွင် မည်သူသည် အမှန်စင်စစ် ငါ့ထံခိုလှုံသနည်း။ ငါပေးဆပ်ခဲ့သည့် တန်ဖိုးအတွက် မည်သူသည် သူ၏နှလုံးသားကို ပြန်ပေးသနည်း။ ငါ့အိမ်ထောင်စုတွင် မည်သူနေထိုင်ခဲ့ဖူးသနည်း။ ငါ့ထံတော်ရှေ့ မည်သူသည် အမှန်စင်စစ် မိမိကိုယ်ကိုယ် ဆက်ကပ်ဖူးသနည်း။ ငါသည် လူသားအပေါ် လိုအပ်ချက်များ တောင်းဆိုသောအခါ သူသည် သူ၏ “သိုလှောင်ရုံငယ်ကလေး” ကို ချက်ချင်းပိတ်လိုက်၏။ ငါသည် လူသားထံသို့ ပေးအပ်သောအခါ သူသည် ငါ၏ချမ်းသာမှုများကို ခိုးကြောင်ခိုးဝှက်ယူရန် သူ၏ပါးစပ်ကို လျင်မြန်စွာဖွင့်ပြီး ငါသည် သူ့ကို ပြန်၍ဒဏ်ခတ်မည်ကို လွန်စွာစိုးရိမ်သဖြင့် သူ၏နှလုံးသည် မကြာခဏ တုန်လှုပ်၏။ ထို့ကြောင့် လူသား၏ပါးစပ်သည် တစ်ဝက်ဟလျက် တစ်ဝက်ပိတ်နေပြီး သူသည် ငါပေးသည့် ချမ်းသာမှုများကို အမှန်စင်စစ် မခံစားနိုင်ပေ။ ငါသည် လူသားကို အလွယ်တကူ မရှုတ်ချသော်လည်း သူသည် ငါ့လက်ကို အမြဲကိုင်၍ သူ့အပေါ် ကြင်နာသနားရန် ငါ့ကိုအမြဲတောင်းဆို၏။ လူသားသည် ငါ့ကို အသနားခံသည့်အခါမှသာ ငါသည် သူ့အပေါ် နောက်ထပ်တစ်ကြိမ် “ကြင်နာမှု”ပေးသည်၊ ပြီးနောက် ငါ့နှုတ်မှ အကြမ်းတမ်းဆုံးစကားများ သူ့ကို ပြောသဖြင့် သူသည် ချက်ချင်းအရှက်ရ၍ ငါ၏ “ကြင်နာမှု"ကို တိုက်ရိုက် ရနိုင်စွမ်းမရှိသဖြင့် အခြားသူများမှတဆင့် သူ့ထံသို့ရောက်အောင် လုပ်ဆောင်သည်။ ငါ၏ခပ်သိမ်းသောစကားကို သေချာစွာ ဆုပ်ကိုင်ပြီးသည့်အခါတွင် လူသား၏ အနေအထားသည် ငါ၏အလိုတော်နှင့်ညီပြီး သူ၏တောင်းပန်ချက်များသည် အချည်းအနှီး သို့မဟုတ် အလဟဿ မဖြစ်ဘဲ အကျိုးရှိပေသည်။ ငါသည် လူသား၏ ဟန်ဆောင်ခြင်းမဟုတ်ဘဲ စစ်မှန်သော တောင်းပန်ချက်များကို ကောင်းကြီးပေး၏။

ငါသည် ကာလပေါင်းများစွာ ပြုမူပြောဆိုနေခဲ့သော်လည်း ယနေ့ ငါ၏မြွက်ဆိုချက်များကို လူသားသည် တစ်ခါမျှ မကြားဖူးချေ။ ၎င်းအပြင် သူသည် ငါ၏တန်ခိုးအာနုဘော်နှင့် စီရင်ခြင်းတို့ကို မကြုံဖူးချေ။ အတိတ်ကမ္ဘာကလူများသည် ငါ့အကြောင်းပုံပြင်များ ကြားဖူးသော်လည်း မည်သူမျှ ငါ၏ချမ်းသာကြွယ်ဝမှု အတိုင်းအတာကို အမှန်စင်စစ် မသိရှိသေးပါ။ ယနေ့လူများသည် ငါ့နှုတ်မှစကားများကို ကြားသော်လည်း ငါ့နှုတ်တွင် နက်နဲသောအရာများ မည်မျှရှိသည်ကို မသိသေးသဖြင့် အလွန်များပြားသည်ဟု ယူဆကြသည်။ လူအားလုံးသည် ငါ့နှုတ်မှ တစ်ခုခု ရလိုကြ၏။ နိုင်ငံတော်၏ လျှို့ဝှက်ချက်များဖြစ်စေ၊ ကောင်းကင်၏ နက်နဲမှုများဖြစ်စေ၊ ဝိညာဉ်လောက၏ လှုပ်ရှားများဖြစ်စေ၊ လူသား၏ လမ်းဆုံးပန်းတိုင်ဖြစ်စေ၊ လူအားလုံး ထိုအရာများကို ရလိုကြ၏။ ထို့ကြောင့် ငါသည် လူတို့ကို အတူတကွစုရုံးပြီး “ပုံပြင်များ”ပြောရမည်ဆိုပါက ငါ၏လမ်းခရီးအကြောင်းကို ကြားနာရန် သူတို့၏ “လူမမာအိပ်ရာများ”မှ ချက်ချင်း ထကြလိမ့်မည်။ လူသားအထဲတွင် ကင်းမဲ့မှု များလွန်းနေ၏၊ သူသည် “အာဟာရဖြည့်ဆည်းမှုများ” လိုအပ်သည့်အပြင် “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု”နှင့် “ဝိညာဉ်ရေးရာထောက်ပံ့ရေး”တို့ကို ပို၍လိုအပ်သည်။ ဤသည်မှာ လူအားလုံးတွင် ကင်းမဲ့နေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူသားအားလုံး၏ “အနာရောဂါ” ဖြစ်သည်။ ပိုမိုထိရောက်မှုရှိစေရန်အတွက် လူသားတို့၏ အနာရောဂါများကို ငါကုသပေးသည်။ သို့နှင့် သူတို့အားလုံး ပြန်လည်ကျန်းမာလာနိုင်ပြီး ငါ့ကျေးဇူးကိုသိလျက် ပုံမှန်အနေအထားသို့ ပြန်ရောက်ပေမည်။ သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား။ သင်တို့သည် အမှန်စင်စစ် မုန်းပါသလား။ ငါသည် အဘယ်ကြောင့် သင်တို့ကို ကြိမ်ဖန်များစွာ မေးခဲ့သနည်း။ ငါသည် အဘယ်ကြောင့် သင်တို့ကို ဤမေးခွန်း ထပ်တလဲလဲ မေးနေသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ၎င်းကို တကယ်ပင် ဖယ်ရှားပြီးပြီလား။ ၎င်းကို သင်တို့၏ဖခင်ဟု အမှန်ပင် မမှတ်ယူပေဘူးလား။ ငါ၏မေးခွန်းများတွင် ငါ့ရည်ရွယ်ချက်ကို လူအားလုံး သတိမူမိသင့်သည်။ ဤသည်မှာ လူတို့၏ ဒေါသအမျက်ကို နှိုးဆော်ရန်မဟုတ်၊ လူသားတို့အကြား ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ထွက်ရပ်လမ်းကို ရှာတွေ့စေရန်မဟုတ်ပါ။ သို့သော် ဤသည်မှာ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မစိုးရိမ်သင့်ပါ။ ငါ၏စကားများဖြင့် အရာခပ်သိမ်း ဖြစ်မြောက်အောင်မြင်လိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်ရ၊ မည်သည့်လူသားမျှလည်း ငါလုပ်ဆောင်မည့်အမှုကို မလုပ်နိုင်ပါ။ ငါသည် နိုင်ငံအားလုံး၏ လေထုကို လုံးဝသန့်စင်ပြီး ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးတို့ကို အစအနမကျန် အားလုံး ပပျောက်စေမည်။ ငါသည် စတင်လိုက်ပြီဖြစ်ပြီး အဆင်းနီသောနဂါးကြီး နေသည့်နေရာတွင် ငါ၏ဆုံးမသည့်အလုပ် ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် ခပ်သိမ်းသော နိုင်ငံများကို ကြည့်သဖြင့် စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏အဆုံးအမ ကျရောက်ကြောင်းနှင့် အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသောနတ်မျိုးစုံတို့ ငါ၏အဆုံးအမမှ လွတ်မြောက်နိုင်စွမ်း မရှိကြောင်းကို တွေ့နိုင်သည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါ၊ ငါသည် အဆင်းနီသောနဂါးကြီးကို စနစ်တကျ ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ဆုံးမမှုကို တွေ့လိမ့်မည်။ ငါ၏ဖြောင့်မတ်မှုကြောင့် ထိုသူတို့သည် ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖော်ချီးမွမ်းပြီး ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏သန့်ရှင်းသော နာမတော်ကို အစဉ်ချီးကျူးထောမနာပြုလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို စနစ်တကျ ထမ်းဆောင်ပြီး အတိုင်းတိုင်းအပြည်ပြည်တွင် ငါ့ကို အစဉ်အမြဲ တရားဝင် ချီးမွမ်းလိမ့်မည်။

တရားစီရင်သောကာလသည် အထွတ်အထိပ်သို့ ရောက်သောအခါ ငါ၏အလုပ်ကို အဆောတလျင် အဆုံးမသတ်ဘဲ ဆုံးမရာကာလ၏ အထောက်အထားနှင့် ပေါင်းစပ်ကာ ဤအထောက်အထားကို ငါ၏လူခပ်သိမ်းကို မြင်စေမည်။ ဤသည်မှ သာ၍ကြီးမားသော အကျိုးအမြတ်ရရှိမည်။ ဤအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ဆုံးမနည်းဖြစ်ပြီး ငါ၏လူများ ငါ့စိတ်သဘောကို ပို၍သိစေရန် ၎င်းတို့၏မျက်စိဖြင့် ကြည့်မြင်စေမည်။ အဆင်းနီသောနဂါးကြီး အဆုံးအမခံရသည့်အချိန်သည် ငါ၏လူများ ငါ၌မွေ့ပျော်ချိန်ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွတော်လှန်အောင် ပြုလုပ်ရေးမှာ ငါ၏အစီအစဉ်ဖြစ်ပြီး ငါ၏လူများကို စုံလင်စေသည့်နည်းဖြစ်ကာ ငါ့လူခပ်သိမ်းအနေဖြင့် ဘဝတွင် တိုးတက်မြင့်မားလာရေးအတွက် အခွင့်အရေးကြီးတစ်ရပ် ဖြစ်သည်။ တောက်ပသည့်လရောင် တက်လာသောအခါ ငြိမ်းချမ်းနေသောညသည် ရုတ်တရက် အက်ကွဲသွား၏။ လသည် စုတ်ပြတ်နေသော်လည်း လူသား၏စိတ်သည် ကောင်းမွန်နေပြီး အလင်းရောင်အောက်တွင် လှပသော မြင်ကွင်းကို ချီးမွမ်းလျက် လရောင်အောက်တွင် ငြိမ်းချမ်းစွာ ထိုင်နေ၏။ လူသားသည် သူ၏ခံစားချက်များကို မဖော်ပြနိုင်ပါ။ သူ၏အတွေးများကို အတိတ်သို့ ပြန်ပြောင်းစဉ်းစားလိုသကဲ့သို့၊ အနာဂတ်သို့ ရှေ့ရှုလိုသကဲ့သို့၊ ပစ္စုပ္ပန်ကာလတွင် မွေ့လျော်နေသကဲ့သို့ ဖြစ်နေ၏။ သူ၏မျက်နှာတွင် အပြုံးပေါ်လာပြီး သာယာသည့် လေအကြားတွင် လတ်ဆတ်သည့်ရနံ့တစ်ခု လွှမ်းမိုးပျံ့နှံ့သွား၏၊ လေပြေလေညင်းတစ်ခု စတင်တိုက်ခတ် လာသကဲ့သို့ လူသားသည် ထူးကဲသောမွှေးရနံ့ကို သတိပြုမိပြီး ဤရနံ့တွင် ယစ်မူးနေကာ၊ မိမိကိုယ်ကို နိုးထစေခြင်းငှာ မစွမ်းသာ ဖြစ်နေပုံရသည်။ ဤသည်မှာ လူသားများအကြား ငါကိုယ်တိုင် အမှန်တကယ်ရောက်လာချိန်ဖြစ်ပြီး လူသားသည် ဤထူးကဲသည့် အမွှေးနံ့သာကို အထူးခံစားနိုင်သဖြင့် လူသားအားလုံးသည် ဤအမွှေးနံ့သာအကြား နေထိုင်ကြသည်။ ငါသည် လူသားနှင့်ပြေလည်ပြီး လူသားသည် ငါနှင့် လိုက်လျောညီထွေနေ၏၊ ငါ့အပေါ် သူ၏သဘောထားသည် သွေဖီခြင်းမရှိတော့ဘဲ ငါသည်လည်း လူသား၏ အားနည်းချက်များကို စိစစ်လျှော့ချရခြင်း မရှိတော့ပါ၊ လူသား၏မျက်နှာတွင် ဒုက္ခရောက်နေသည့်အသွင် မရှိတော့ပါ၊ ထို့အပြင် သေခြင်းသည်လည်း လူသားတစ်ရပ်လုံးအပေါ် ခြိမ်းခြောက်ခြင်း မရှိတော့ပါ။ ယနေ့ ငါသည် လူသားနှင့်အတူ ဆုံးမခြင်းကာလအတွင်းသို့ တက်လှမ်းသည်၊ သူနှင့်ယှဉ်လျှက် ရှေ့သို့သွားသည်။ ငါသည် ငါ၏အမှုကို လုပ်ဆောင်လျက်ရှိ၏၊ ဆိုလိုသည်မှာ ငါ၏လှံတံတော်ကို လူသားများအကြား ငါပစ်ချပြီး လှံတံတော်သည် ပုန်ကန်သည့်လူသားအပေါ်သို့ ကျရောက်၏။ လူသား၏ မျက်စိထဲတွင် ငါ၏လှံတံသည် တန်ခိုးထူးများ ရှိပုံရနေသည်။ ယင်းသည် ငါ့ရန်သူအားလုံးအပေါ်သို့ ကျရောက်ပြီး အလွယ်တကူ ချမ်းသာမပေး၊ ငါ့ကို ဆန့်ကျင်သူခပ်သိမ်းအကြား လှံတံတော်သည် ၎င်း၏မူရင်းအလုပ်ကို လုပ်၏၊ ငါ့လက်ထဲတွင် ရှိသူအားလုံး ငါ၏မူလရည်ရွယ်ချက်နှင့်အညီ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ကြ၏၊ ထို့အပြင် ငါ၏အလိုများကို ဖီဆန်ခဲ့ခြင်းမရှိ၊ ၎င်းတို့၏အနှစ်သာရကို တစ်ခါမျှ ပြောင်းလဲခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ရေများသည် ဟုန်းဟုန်းမြည်၍၊ တောင်များ လဲပြိုကာ မြစ်ကြီးများပြိုကွဲမည်၊ လူသားသည် အစဉ် ပြောင်းလဲလိမ့်မည်၊ နေသည် မှိန်သွားပြီး လသည်မှောင်သွားမည်၊ လူသားတွင် အေးချမ်းစွာနေနိုင်သည့် နေ့ရက်များ မရှိတော့ပါ၊ မြေကြီးပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်ပါ၊ ကောင်းကင်တို့သည် နောင်တွင် မည်သည့်အခါမျှ ပြန်၍ ငြိမ်သက်မည် မဟုတ်ပါ၊ ပြန်၍ တိတ်ဆိတ်မည် မဟုတ်ပါ၊ ထို့အပြင် ပြန်၍ အဓွန့်ရှည်မည် မဟုတ်ပါ။ အရာခပ်သိမ်းသည် အသစ်တစ်ဖန်ဖြစ်၍ မိမိတို့၏ မူလအသွင်ကို ပြန်ရလိမ့်မည်။ မြေကြီးပေါ်ရှိ အိမ်ထောင်စုအပေါင်း တကွဲတပြားစီဖြစ်ပြီး မြေကြီးပေါ်ရှိ နိုင်ငံအားလုံး ပြိုကွဲလိမ့်မည်၊ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစပ်သည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးလည်း မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပါ။ မြေကြီးပေါ်တွင် ရှိခဲ့သော အရာခပ်သိမ်းတို့ကို ငါကြေမွစေမည်။ ငါသည် ခံစားချက်မရှိ၍ လူများကို ၎င်းတို့၏ခံစားချက်များ ထုတ်လွှတ်ခွင့် ငါမပေး၊ ထို့အပြင် အတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို မုန်းတီးလာပြီဖြစ်သည်။ လူသားတို့အကြား ခံစားချက်များကြောင့် ငါသည် ဘေးဖယ်ခံခဲ့ရသည်၊ ထို့ကြောင့် ထိုသူတို့၏မျက်စိထဲတွင် ငါသည် “အခြားတစ်ပါး” ဖြစ်သွားခဲ့သည်၊ အကြောင်းမှာ ငါကိုမေ့လျော့နေခဲ့သော လူသားတို့အကြားရှိ ခံစားချက်များကြောင့်ဖြစ်သည်၊ သူ၏ “အသိစိတ်” ကိုရယူရန် အခွင့်ကောင်းကို မလွတ်တမ်းအသုံးချသော လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်၊ ငါ၏ဆိုဆုံးမမှုကို အစဉ်ငြီးငွေ့နေသော လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်၊ ငါ့ကို မျှတမှုမရှိ၊ မတရားဟု ဆိုပြီး ငါသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ဂရုမပြုဟု ဆိုသော လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ မြေကြီးပေါ်တွင် ငါ၏ဆွေမျိုးသားချင်းရော ရှိပါသလား။ စားသောက်ရန်၊ အိပ်စက်ရန် မစဉ်းစားဘဲ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်လုံးအတွက် နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးခဲ့သနည်း။ လူသားနှင့် ဘုရားသခင် အဘယ်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ သူသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်သည် ဖန်ဆင်းခံရသူ လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်ရှိလူသားနှင့် မည်သို့ အစဉ်နေ၍ အတူတကွ ဆောင်ရွက်နိုင်မည်နည်း။ ငါ၏နှလုံးအတွက် အဘယ်သူစိုးရိမ်သနည်း။ ဤသည်မှာ လူသား၏ ဆုတောင်းချက်များလား။ တစ်ချိန်က ငါသည် လူသားနှင့်လက်တွဲ၍ အတူလမ်းလျှောက်ရန် သဘောတူခဲ့သည်။ ဟုတ်ပေသည်၊ ယနေ့တိုင် လူသားသည် ငါ၏စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် နေခဲ့သည်၊ သို့သော် မည်သည့်နေ့တွင် လူသားသည် ငါ၏စောင့်ရှောက်မှုမှ ခွဲထွက်နိုင်မည်နည်း။ လူသားသည် ငါ၏နှလုံးအတွက် မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့သော်လည်း မည်သူသည် အလင်းမဲ့သော တိုင်းပြည်တွင် ဆက်လက်နေနိုင်မည်နည်း။ ငါ၏ကောင်းကြီးမင်္ဂလာများဖြင့်သာ လူသားသည် ယနေ့တိုင် အသက်ရှင်ခြင်းဖြစ်၏။

၁၉၉၂ ဧပြီလ ၄ ရက်

ယခင်က:နှစ်ဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:နှစ်ဆယ့်ကိုးခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ