အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်တစ်ခုမြောက် မိန့်မြွက်ချက်

လူသားသည် ငါ့အလင်း၏ အလယ်တွင် လဲကျပြီး၊ ငါ၏ ကယ်တင်ခြင်းကြောင့် မြဲမြံစွာ ရပ်တည်၏။ ကယ်တင်ခြင်းကို စကြဝဠာ တစ်ဝှမ်းလုံးသို့ ငါယူဆောင်လာသောအခါ၊ လူသားသည် ငါ၏ပြန်လည် ပြုပြင်ခြင်း ၏ စီးဆင်းမှုကြားတွင် ဝင်ရောက်နိုင်မည့် လမ်းခရီးများကို ရှာရန်ကြိုးစားသည်၊ သို့သော်လည်း များစွာသော လူတို့သည် ဤပြန်လည် ပြုပြင်ခြင်း၏ တဟုန်ထိုး စီးဆင်းမှုအားဖြင့် တစ်စိုးတစ်စဉ်းမျှ မကျန်ဘဲ မျောပါသွားကြ၏။ တဟုန်ထိုး စီးဆင်းသော ရေများကြောင့် နစ်မြုပ်သွားကြလျက် ဝါးမျိုခြင်းခံရသူများ များစွာရှိသည်။ ပြီးလျှင် တဟုန်ထိုး စီးဆင်းမှုအလယ်တွင် မြဲမြံစွာရပ်တည်လျက်၊ ဦးတည်ချက် မပျောက်ဘဲ၊ ယနေ့ထိတိုင် ဤသို့ တဟုန်ထိုး စီးဆင်းမှုနောက်သို့ လိုက်ကြသော သူများလည်း များစွာရှိသည်။ ငါသည် လူနှင့်အတူ ရင်ပေါင် တန်း၍ ချီတက်လျက်ရှိသည်၊ သို့သော်ငြားလည်း သူသည် ငါ့ကို လုံးဝ မသိကျွမ်းသေးပေ။ ငါသည် အပြင်ပန်းတွင် ဝတ်ဆင်ထားသော အဝတ်အစားများကိုသာ သူသိပြီး၊ ငါ၏အထဲ၌ ရှိသော ကြွယ်ဝခြင်းများ ကိုမူ သူသည် မသိလျက်ပင် ရှိသေးသည်။ ငါသည် လူသားအား ထောက်ပံ့ပြီး နေ့စဉ်ပင် သူ့အား ပေးနေပါသော်လည်း၊ သူသည် မှန်ကန်သော လက်ခံခြင်းအရာကို မတတ်စွမ်းနိုင်၊ ငါပေးသော ကြွယ်ဝခြင်း ခပ်သိမ်းကို လက်ခံရရှိရန် မတတ်စွမ်းနိုင်။ လူသား၏ ယိုယွင်းပျက်စီးမှု၏ မည်သည့်အရာမှ ငါ၏ သတိပြုမိခြင်းမှ လွတ်မြောက်ခြင်း မရှိပေ။ ငါ့အတွက် ဆိုလျှင် သူ၏ အတွင်းကမ္ဘာသည် ရေပြင်ပေါ်တွင် ထိန်ထိန်သာနေသည့် လကဲ့သို့ပင် ဖြစ်သည်။ ငါသည် လူနှင့် ပေါက်တတ်ကရများ လျှောက်လုပ်မနေ သကဲ့သို့၊ သူနှင့်အတူ ဝတ်ကျေ တမ်းကျေလည်း မလုပ်ပေ။ လူသားသည် မိမိကိုယ်ကိုယ်မိမိ တာဝန်ယူခြင်းငှာ မတတ်စွမ်းနိုင်သော ကြောင့်သာ ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးသည် အစဉ်ပင် စာရိတ္တ ပျက်ပြားနေခဲ့ကြပြီး၊ ယနေ့တွင်ပင် ထိုကဲ့သို့သော စာရိတ္တ ပျက်ပြားမှုမှ ၎င်းကိုယ်၎င်း ရုန်းထွက်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိနေသည်။ ညံ့ဖျင်းလျက် သနားစဖွယ် လူသားမျိုးနွယ် ပါတကား။ လူသားသည် ငါ့အား ချစ်သော်လည်း၊ ငါ့ ဝိညာဉ်၏ ရည်ရွယ်ချက် များကို လိုက်နာခြင်းငှာ မတတ်စွမ်းနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် ငါ့ကိုယ်ငါ လူသားမျိုးနွယ်ထံ ဧကန်အမှန် မဖွင့်ပြခဲ့သလော။ လူသားမျိုးနွယ်သည် ဧကန်အမှန်ပင် ငါ၏ မျက်နှာအား တစ်ခါမျှ မမြင်ဖူး သလော။ ယင်းအရာမှာ ငါသည် လူသားမျိုးနွယ်အား အလွန်နည်းသော ကရုဏာကိုသာ ပြသခဲ့၍ များလော။ အို၊ လူသားမျိုးနွယ် အားလုံး၏ ပုန်ကန်သူများ။ သူတို့သည် ငါ၏ ခြေအောက်တွင် ဖျက်ဆီးခြင်း ခံရမည်၊ သူတို့သည် ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် ပျောက်ကွယ်ရမည်၊ ပြီးလျှင် သူတို့သည် ငါ၏ ကြီးမြတ်သော လုပ်ငန်းကြီး ပြည့်စုံသွားသည့် နေ့ရက်တွင် လူသားမျိုးနွယ် အကြားမှ နှင်ထုတ်ခြင်း ခံရမည်၊ ထိုသို့အားဖြင့် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သူတို့၏ အကျည်းတန်သော မျက်နှာကို သိကြမည်။ လူသားသည် ငါ၏ မျက်နှာကို တွေ့ရခဲခြင်းမှာ သို့မဟုတ် ငါ၏ အသံကို ကြားရခဲခြင်းမှာ လောကကြီး တစ်ခုလုံးသည် နောက်ကျိနေ၍ ဖြစ်ပြီး၊ ၎င်း၏ အော်ဟစ် ဆူညံနေမှုသည် အလွန်ပင် ကြီးလှသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ငါ၏ မျက်နှာကို ဖွေရှာရန်နှင့် ငါ၏ စိတ်နှလုံးကို နားလည်ခြင်းငှာ ကြိုးစားရန် အလွန်ပင် ပျင်းရိသည်။ ဤသည်မှာ လူသားယိုယွင်းပျက်စီးခြင်း၏ အကြောင်းတရားပင် မဟုတ်ပေလော။ ဤသည် ကြောင့်ပင် လူသားသည် လိုအပ်ရခြင်း မဟုတ်ပေလော။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ၏ ထောက်ပံ့ပေးမှု အလယ်တွင် အစဉ်အမြဲပင် ရှိလာခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ခဲ့ပါက၊ ငါသည် ကရုဏာနှင့် မပြည့်ဝခဲ့ပါက၊ မည်သူသည် ယနေ့အထိ ရှင်သန်နေနိုင် မည်နည်း။ ငါ၌ ရှိသော ကြွယ်ဝမှုသည် အနှိုင်းမဲ့ ဖြစ်သည်၊ သို့သော်လည်း ဘေးအန္တရာယ် အားလုံးကို ငါ၏ လက်များအထဲတွင် ဆုပ်ကိုင်ထားပြီး၊ မည်သူသည် သူတို့ စိတ်ကျေနပ်သော မည်သည့်အချိန်မဆို ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်းငှာ တတ်စွမ်းနိုင်သနည်း။ လူသား၏ ဆုတောင်းခြင်းများက သူ့အား ထိုသို့လုပ်ခွင့် ပြုသလော။ သို့မဟုတ် လူသား၏ နှလုံးသားအထဲမှ မျက်ရည်များ လော။ လူသားသည် မည်သည့်အခါမျှ ငါ့ထံ စစ်မှန်စွာ ဆုမတောင်းခဲ့ဖူးပေ၊ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံး တွင် မည်သူ တစ်ဦးတစ်ယောက်ကမျှ သူတို့၏ ဘဝတစ်ခုလုံးကို သမ္မာတရား၏ အလင်းအလယ်တွင် အသက် မရှင်ခဲ့ဖူးဘဲ၊ လူတို့သည် အလင်း၏ ပြတ်တောင်းပြတ်တောင်း ပေါ်လာမှုအလယ်၌သာ အသက်ရှင်ကြသည်။ ယင်းအရာသည် ယနေ့ လူသားမျိုးနွယ်၏ လိုအပ်မှုဆီသို့ ဦးဆောင်သွားခဲ့သည့်အရာ ဖြစ်သည်။

လူတိုင်းသည် စိတ်လှုပ်ရှားလျက် ရှိကြပြီး၊ ငါ့ထံမှ တစ်စုံတစ်ရာကို ရယူရန် အလို့ငှာ ငါ့အတွက် အစွမ်းကုန် လုပ်ဆောင် လိုနေကြသည်၊ ထို့ကြောင့် လူ၏ စိတ်သဘောနှင့် လျော်ညီစွာ ငါသည် သူ၏အထဲ၌ စစ်မှန်သည့် ချစ်ခြင်းကို စေ့ဆော်ပေးရန် သူ့အား ကတိများပေးခဲ့သည်။ လူသားအား ခွန်အားပေးသည်မှာ သူ၏ စစ်မှန်သော ချစ်ခြင်း အမှန်တကယ် ဖြစ်သလော။ ကောင်းကင်ဘုံမှ ငါ၏ ဝိညာဉ်တော်ကို လှုပ်ရှားစေခဲ့သော အရာမှာ လူသား၏ ငါ့ကို သစ္စာစောင့်သိခြင်းလော။ ကောင်းကင်ဘုံသည် မည်သည့်အခါမျှပင် လူ၏ လုပ်ရပ်များ ကြောင့် စဉ်းမျှပင် အကျိုးသက်ရောက်ခြင်း မရှိခဲ့၊ ထို့အပြင် အကယ်၍သာ လူသားအပေါ် ငါ၏ ဆက်ဆံမှုသည် သူ၏ လုပ်ရပ် ခပ်သိမ်းပေါ်တွင် အခြေခံခဲ့မည် ဆိုပါလျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် အသက်ရှင်ပေလိမ့်မည်။ သူတို့၏ ပါးပြင်များပေါ်တွင် မျက်ရည်များ စီးနေကြသည့် များစွာသော လူတို့ကို ငါမြင်ခဲ့ပြီးပြီ၊ ငါ၏ကြွယ်ဝမှုများနှင့် အလဲအလှယ်ပြုရန် သူတို့၏ နှလုံးသားများကို ဆက်သကြသည့် များစွာသော လူများကိုလည်း ငါမြင်ခဲ့ပြီးပြီ။ ထိုကဲ့သို့သော “ဘာသာတရား ကိုင်းရှိုင်းမှု” ရှိသော်ငြားလည်း၊ လူသား၏ ရုတ်ခြည်းဖြစ်သည့် ပြင်းပြသော ဆန္ဒများ၏ ရလဒ်အနေနှင့် သူ့အား ဘယ်သောအခါမျှ ငါသည် ငါ၏အားလုံးကို လွတ်လပ်စွာ မပေးဖူးပေ၊ အကြောင်းမှာ လူသားသည် မည်သည့်အခါမျှပင် မိမိကိုယ်မိမိ ငါ့ရှေ့မှောက်သို့ ရွှင်လန်းစွာ ဆည်းကပ်လိုခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ငါသည် လူများအားလုံး၏ မျက်နှာဖုံးများကို ဆွဲနှုတ်ပစ်ခဲ့ပြီး ဤမျက်နှာဖုံးများကို မီးအိုင်ထဲသို့ ပစ်ချခဲ့သည်၊ ရလဒ်အနေနှင့် လူသား၏ သစ္စာစောင့် သိမှုနှင့် အသနားခံမှုဟု ယူဆရသော အရာများသည် ငါ၏ရှေ့တွင် မည်သည့်အခါမျှ မတည်ကြည်ခဲ့ကြပေ။ လူသားသည် မိုးကောင်းကင် မှ တိမ်တိုက်တစ်ခုနှင့် တူသည်။ လေသည် တဟူးဟူး တိုက်ခတ်သောအခါ၊ သူသည် ၎င်းအင်အား၏ ကြီးမား မှုကို ကြောက်ရွံ့ပြီး၊ သူ၏ မနာခံမှုအတွက် ထိုးနှက်ခံရမည်ကို သူသည် အလွန်အမင်း ကြောက်ရွံ့သဖြင့် ၎င်းနောက်သို့ ကမန်းကတန်းပင် လွင့်မျောသွားသည်။ ဤသည်မှာ လူသား၏ အကျည်းတန်သော မျက်နှာ ပင် ဖြစ် သည် မဟုတ်လော။ ဤသည်မှာ လူသား၏ နာခံမှုဟု ခေါ်တွင်သော အရာပင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသား၏ “မှန်ကန်သော ခံစားချက်” နှင့် အယောင်ပြ စေတနာ ပင် မဟုတ်ပေလော။ များစွာသော လူတို့သည် ငါ၏ နှုတ်မှထွက်သော ပြောဆိုခြင်းများ အားလုံးကို လက်ခံယုံကြည်ရန် ငြင်းဆိုကြပြီး၊ များစွာသော လူတို့သည် ငါ၏ အကဲဖြတ်မှုအား လက်မခံကြပေ၊ ထို့ကြောင့် သူတို့၏ စကားများနှင့် လုပ်ရပ်များသည် သူတို့၏ ပုန်ကန် တတ်သော ရည်ရွယ်ချက်များကို ဖော်ထုတ်၏။ ငါပြောသည့်အရာမှာ လူသား၏ သဘာဝဟောင်းနှင့် ဆန့်ကျင်ဘက်ကျသလော။ ငါသည် လူသားအား ‘’သဘာဝ၏ နိယာမများ’’နှင့်အညီ သင့်လျော်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပေးခဲ့ပြီး မဟုတ်လော။ လူသားသည် ငါ့အား စစ်မှန်စွာ မနာခံပေ။ အကယ်၍ သူသည် ငါ့အား စစ်မှန်စွာ ရှာဖွေခဲ့ပါက၊ ငါသည် များစွာပြောရန် လိုမည်မဟုတ်။ လူသားသည် တန်ဖိုးမရှိသော အမှိုက်သာ ဖြစ်ပြီး၊ သူ့အား ရှေ့သို့ အတင်းအကျပ် ရွေ့စေရန် ငါသည် ငါ၏ ပြစ်တင်ဆုံးမခြင်းကို အသုံးပြုရသည်။ ငါသည် ထိုကဲ့သို့ မပြုခဲ့ဘူးဆိုပါက၊ သူ့အား ငါပေးသော ကတိများသည် သူ၏ ပျော်မွေ့ ခံစားမှုအတွက် လုံလောက်သော်ငြားလည်း၊ သူ၏ နှလုံးသားသည် မည်ကဲ့သို့ တုန်လှုပ်နိုင်မည်နည်း။ လူသားသည် နာကျင်သော ရုန်းကန်မှုအလယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ သူသည် စိတ်ပျက်ခြင်းထဲတွင် အစဉ်အမြဲပင် နေထိုင် လာခဲ့သည်ဟု ဆိုနိုင်သည်။ ရလဒ်အနေနှင့်၊ သူသည် စိတ်ပျက်လက်လျှော့လျက် ကျန်ခဲ့ပြီး၊ စိတ်ရော ကိုယ်ပါ ဖတ်ဖတ်မောခဲ့သည်၊ ထို့ကြောင့် သူသည် သူ့အားငါပေးသော ကြွယ်ဝခြင်းများကို ရွှင်လန်းစွာနှင့် လက်မခံပေ။ ယနေ့ပင်လျှင် ဝိညာဉ်၏ချိုမြိန်မှုအားလုံးကို ငါ့ထံမှ မည်သူမျှ လက်ခံနိုင်ခြင်း မရှိပေ။ လူတို့သည် နွမ်းပါးလျက်သာ ရှိနေနိုင်ပြီး၊ နောက်ဆုံးသောကလကို စောင့်စားလျက်သာ နေနိုင်သည်။

များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် သူတို့၏ နှလုံသားများမှာ သူတို့ကိုယ်တိုင်၏နှလုံးသားများ မဟုတ်သည့်အတွက်၊ သူတို့သည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ များစွာ သော လူတို့သည် ငါပေးသော စမ်းသပ်မှုများ အကြား၌ ငါ့အား အမှန်တကယ် ချစ်ကြသည်၊ သို့သော် ငြားလည်း သူတို့မှာ ငါသည် အမှန်စင်စစ်ပင် တည်ရှိသည် ဆိုခြင်းအား နားလည်နိုင်ရန် မတတ်စွမ်း နိုင်ဘဲ၊ ငါ့အား အနှစ်သာရမဲ့ခြင်း၌သာ ချစ်ကြပြီး၊ ငါ၏ လက်တွေ့ တည်ရှိခြင်းကြောင့် မဟုတ်ပေ။ များစွာ သော လူတို့သည် ငါ၏ရှေ့တွင် သူတို့၏ နှလုံးသားများကို ချထားပြီးနောက်တွင်၊ ယင်းတို့အား အမှုမထား တော့၊ ထို့ကြောင့် သူတို့၏ နှလုံးသားများသည် အခွင့်အရေးရတိုင်း စာတန်၏ ဆတ်ခနဲ လုယူသွားခြင်းကို ခံကြရပြီး၊ ထို့နောက်တွင်မူ သူတို့သည် ငါ့ကို စွန့်သွားကြသည်။ များစွာသော လူတို့သည် သူတို့အား ငါသည် ငါ၏ နှုတ်ကပတ်များကို ထောက်ပံ့ပေးသောအခါ ငါ့အား စစ်မှန်စွာ ချစ်ကြသည်၊ သို့သော်ငြားလည်း သူတို့၏ ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်များကို အမြတ်တနိုး မထားကြဘဲ၊ ထိုအစား ထိုအရာများအား အများ ပြည်သူပိုင်သည့် ဥစ္စာလေအလား သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ထိုအရာများကို သူတို့လာသည့် နေရာများသို့ သူတို့ စိတ်ထင်လျှင် ထင်သကဲ့သို့ ပြန်ပစ်ပေးကြသည်။ လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများ အကြားတွင် ငါ့ကို မျှော်ကြည့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်း သူသည် ငါ့ကို ပျော်မွေ့ခံစားပြီး၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင်မူ ငါ့ကို ငြင်းပယ်သည်၊ သူသည် အလုပ်ရှုပ် နေသောအခါ ငါ့ကို မေ့လျော့ပြီး၊ သူသည် အလုပ်မရှိ သောအခါ၌ ငါ့ကို ဝတ်ကျေတမ်းကျေ ပြုလေသည်၊ သို့သော်ငြားလည်း မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်ကမှ သူတို့၏ အသက်တာ တစ်လျှောက် လုံး၌ ငါ့အား မချစ်ခဲ့ကြပေ။ လူသာသည် ငါ့ရှေ့တွင် အလွန်ပင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါသည် သူ့ကို ငါ့အား တစ်စုံတစ်ခုပေးရန် မတောင်းဆို၊ သို့သော် လူများ အားလုံးသည် ငါ့အား အလေးအနက် မှတ်ယူ ကြရန်နှင့်၊ ငါ့အား လှည့်စားကြမည့်အစား၊ လူသား၏ရိုးဖြောင့်မှုအား ငါပြန်ယူလာရန် သူတို့သည် ငါ့အား ခွင့်ပြုရန် သာ တောင်းဆိုသည်။ ငါ၏ ဉာဏ်အလင်း ဖွင့်ပြခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးတို့ အကြားတွင် ထွင်းဖောက်သည်၊ သို့သော် လူသား၏လုပ်ရပ် ခပ်သိမ်း၏ စစ်မှန်သော အချက်သည် လည်း ငါ့အပေါ် သူတို့၏ လှည့်ဖြားမှုကို ထွင်းဖောက်ရင်း လူအားလုံးတို့ အကြားတွင် ထွင်းဖောက် သည်။ လူသား၏ လှည့်ဖြားမှုတွင် ပါဝင်သောအရာများသည် အမိဝမ်းထဲမှပင် သူနှင့်အတူ ရှိနေပြီးသည့်အလား၊ သူသည် ဤကလိမ်ဉာဏ်၏ အထူးကျွမ်းကျင်မှုများကို မွေးကတည်းကပင် ပိုင်ဆိုင်နေသည့်အလား ဖြစ်သည်။ ထို့ထက် ပိုသေးသည်မှာ၊ သူသည် မည်သည့်အခါမျှပင် သူ၏လျှို့ဝှက်ချက်အား မလှစ်ဟပြခဲ့ပေ။ မည်သူ တစ်ဦး တစ်ယောက်ကမျှ ဤလှည့်ဖြားမှု အတတ်များ၏ ရင်းမြစ်ကို ဖောက်ထွင်း၍ မမြင်ဖူးပေ။ ရလဒ်အနေနှင့်၊ လူသားသည် မသိလိုက်ဘဲနှင့် လှည့်ဖြားမှုအလယ်တွင် နေထိုင်ပြီး၊ ယင်းမှာ သူသည် မိမိကိုယ်မိမိ ခွင့်လွှတ်လေပြီး သည့်အလား၊ ယင်းမှာ ငါ့အပေါ် သူ၏ တမင်တကာ လှည့်ဖြားမှုအစား ဘုရားသခင်၏ စီစဉ်ခြင်းများ အလားပင် ဖြစ်သည်။ ဤသည်မှာ ငါ့အား လူသား၏လှည့်ဖြားမှု၏ ပကတိရင်းမြစ်ပင် မဟုတ်ပေလော။ ဤသည်မှာ သူ၏ စဉ်းလဲသော အကြံအစည်ပင် မဟုတ်ပေလော။ မည်သည့်အခါမျှပင် ငါသည် လူသား၏ မြှောက်လုံးများနှင့် လှည့်စား ပြောဆိုမှုကြောင့် စိတ်မရှုပ်ထွေးခဲ့ဖူးပေ၊ အကြောင်းမှာ ငါသည် သူ၏ အနှစ်သာရကို ကြာမြင့်စွာ ကတည်းကပင် သဘောပေါက်ခဲ့ပြီး သောကြောင့်ဖြစ်သည်။ သူ၏ အသွေးထဲတွင် မသန့်စင်မှုတို့ မည်မျှ ရှိသည်ကို မည်သူ သိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ်သည် မည်မျှရှိနေသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် နေ့ရက်တစ်ရက် ကုန်လွန်သွားလေ ယင်းအရာကို သာ၍ ကျင့်သားရလာလေ ဖြစ်သည့်အတွက် သူသည် စာတန်၏ ဘေးဒုက္ခကို မသိနိုင်တော့ပေ၊ ထို့ကြောင့် “ကျန်းမာစွာ တည်ရှိ မှုအတတ်ပညာ”ကို ရှာဖွေရန် စိတ်ဝင်စားခြင်း မရှိပေ။

လူသားသည် ငါနှင့် ဝေးကွာသောအခါနှင့် ငါ့ကို သူသည် စမ်းသပ်သောအခါ၊ ငါသည် ငါ့ကိုယ်ငါ တိမ်စိုင်များ အကြားတွင် ကွယ်ဝှက်ထား၏။ ရလဒ်အနေနှင့် သူသည် ငါ့အား တစ်စိုးတစ်စဉ်းမျှ ရှာတွေ့ရန် မတတ်စွမ်းနိုင်ဘဲ ဆိုးသွမ်းသောသူတို့ တောင်းဆိုသမျှ လုပ်ဆောင်ရင်းနှင့် ၎င်းတို့၏ လက်အားဖြင့်သာလျှင် ရှင်သန်ရသည်။ လူသားသည် ငါနှင့် နီးကပ်သောအခါ၊ ငါသည် သူ့ထံ ပေါ်လာပြီး ငါ၏မျက်နှာကို သူ့ထံမှ ဝှက်မထားပေ၊ ဤအချိန်တွင် လူသားသည် ငါ၏ ကြင်နာသော မျက်နှာကို မြင်ရလေသည်။ သူသည် ရုတ်ခြည်း ပင် သူ၏ အသိတရားများ ဝင်လာပြီး၊ သူသည် မသိလိုက် သော်ငြားလည်း၊ သူ၏အထဲတွင် ငါ့အား ချစ်ခြင်းသည် မွေးဖွားလာသည်။ သူ၏ နှလုံးသားထဲတွင်၊ သူသည် ရုတ်ခြည်းပင် နှိုင်းယှဉ်၍ မရသော ချိုမြိန် ခြင်းကို ခံစားရပြီး၊ အဘယ်သို့လျှင် စကြဝဠာ၌ ငါ၏တည်ရှိမှုကို သူမသိခဲ့ရသည်ကို စဉ်းစားလေ သည်။ ဤသို့လျှင် လူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းအပြင် ငါ၏ အဖိုးတန်မှုနှင့် ပတ်သက် ၍ သာ၍ ကြီးမြတ်သော အသိတရားကို ရလေသည်။ ရလဒ်အနေနှင့်၊ သူသည် ငါ့ကို နောက်တစ်ဖန် မည်သည့် အခါမျှ မစွန့်ပယ်ရန် ဆန္ဒရှိပြီး၊ သူသည် ငါ့ကို သူ့ရှင်သန်မှု၏ အလင်းအဖြစ် မြင်ကာ၊ ငါသည် သူ့အား စွန့်ပယ်မည်ကို လွန်မင်းစွာ ကြောက်ရွံ့ပြီး၊ ငါ့အား တင်းကျပ်စွာ ဖက်ထားလေသည်။ ငါသည် လူသား၏ စိတ်အား ထက်သန်မှုကြောင့် တုန်လှုပ်ခြင်း မရှိ။ သူ၏ ချစ်ခြင်းကြောင့်သာ သူ့အပေါ် ကရုဏာရှိခြင်း ဖြစ်သည်။ ဤအချိန်တွင် လူသားသည် ငါ၏ စမ်းသပ်မှုများ အလယ်တွင် ချက်ချင်း အသက်ရှင်လျက် ရှိသည်။ ငါ၏ မျက်နှာသည် သူ၏ နှလုံးသား အတွင်းမှ ပျောက်ကွယ်သွားပြီး၊ သူသည် သူ့ဘဝမှာ အနှစ်သာရကင်းမဲ့ကြောင်းကို ရုတ်ခြည်းပင် ခံစားရပြီး၊ လွတ်မြောက်ရန် တွေးတောလေသည်။ ဤအခိုက်အတန့်တွင်၊ လူ၏ နှလုံးသားသည် ဖွင့်လှစ် ထင်ပေါ်လျက် ရှိသည်။ ငါ၏ စိတ်သဘောထားကြောင့် သူသည် ငါ့အား ဖက်ယမ်းခြင်း မဟုတ်ဘဲ၊ ငါ၏ ချစ်ခြင်းကြောင့် သူ့အား ငါ ကွယ်ကာပေးရန် တောင်းခံလေသည်။ သို့သော် ငြားလည်း ငါ၏ချစ်ခြင်းသည် လူသားအား ပြန်ရိုက်လေသောအခါ၊ သူသည် ရုတ်ခြည်းပင် သူ့စိတ်ထားကို ပြောင်း လေသည်။ သူသည် ငါနှင့်ထားသော ပဋိညာဉ်ကို ဆုတ်ဖြဲပြီး ငါ၏ တရားစီရင်မှုမှ ခွဲထွက်ကာ၊ ငါ၏ ကရုဏာနှင့်ပြည့်သော မျက်နှာကို နောက်တစ်ဖန် မျှော်ကြည့်လိုခြင်း မရှိဘဲနေသည်၊ ထို့ကြောင့် သူသည် ငါ့အပေါ် သူ၏ အမြင်ကို ပြောင်းလဲလိုက်ပြီး၊ ငါသည် လူသားအား မည်သည့်အခါမျှပင် မကယ်တင်ခဲ့ဟု ပြောလေတော့သည်။ စစ်မှန်သော ချစ်ခြင်းတွင် ကရုဏာမှလွဲ၍ မည်သည့်အရာမှ မပါဝင် သလော။ လူသားသည် ငါ၏ ထွန်းတောက်သာ အလင်းအောက်တွင် နေထိုင်မှသာ ငါ့အား ချစ်ကြသလော။ သူသည် မနေ့ကို ပြန်ကြည့်သော်လည်း ယနေ့တွင် အသက်ရှင်နေ၏၊ ဤသည်မှာ လူသား၏ အခြေအနေများပင် မဟုတ်လေလော။ သင်တို့သည် မနက်ဖြန်၌လည်း အကယ်ပင် ဤကဲ့သို့ ဖြစ်နေဦးမည်လော။ ငါအလိုရှိသည့် အရာမှာ လူသားသည် ၎င်း၏ ပကတိ နက်ရှိုင်းသော နေရာ၌ ငါ့အား တောင့်တသော နှလုံးသား ရှိဖို့ရန် ဖြစ်ပြီး၊ အပေါ်ယံ အရာများနှင့် ကျေနပ်နေသည့် နှလုံးသား ရှိရန် မဟုတ်ပေ။

၁၉၉၂ ခုနှစ် မတ်လ ၂၁ ရက်

ယခင်က:ဆယ့်ကိုးခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:နှစ်ဆယ့်နှစ်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ