အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၆

ငါ၏ အိမ်ထဲတွင် မည်သူကျိန်းဝပ်ခဲ့သနည်း။ ငါ့အတွက်နှင့် မည်သူသည် ရပ်တည်ပေးခဲ့သနည်း။ ငါ့ကိုယ်စား မည်သူသည် ဝေဒနာခံပေးခဲ့သနည်း။ ငါ့ရှေ့တွင် မည်သူသည် သူ၏စကားလုံးနှင့် ကတိသစ္စာ ထားခဲ့သနည်း။ ယနေ့ထိတိုင် ငါ့နောက်သို့ လိုက်လာခဲ့သော်လည်း လျစ်လျူရှုခြင်း မရှိလာသေးသည်မှာ မည်သူနည်း။ အဘယ့်ကြောင့်နှင့် သက်ရှိလူသား အားလုံးသည် အေးတိအေးစက်နိုင်ပြီး စာနာစိတ် ကင်းမဲ့ရ သနည်း။ အဘယ့်ကြောင့်နှင့် လူသားမျိုးနွယ်သည် ငါ့အား စွန့်ခွာရသနည်း။ အဘယ့်ကြောင့်နှင့် လူသား မျိုးနွယ်သည် ငါ့အား ငြီးငွေ့လာရသနည်း။ အဘယ့်ကြောင့်နှင့် လူ့လောကကြီးထဲတွင် နွေးထွေးမှု မရှိရ သနည်း။ ဇိအုန်၌ ရှိစဉ်အခါ၊ ငါသည် ကောင်းကင်ဘုံ၌ရှိသည့် နွေးထွေးမှုကို မြည်းစမ်းခဲ့ရပြီး၊ ဇိအုန်၌ ရှိစဉ်အခါ၊ ငါသည် ကောင်းကင်ဘုံ၌ရှိသည့် ကောင်းချီးများကို ပျော်မွေ့ခံစားခဲ့ရသည်။ တစ်ဖန်၊ ငါသည် လူသား မျိုးနွယ်၏ အလယ်၌ နေထိုင်ခဲ့သည်၊ ငါသည် လူ့လောက၏ ခါးသီးမှုကို မြည်းစမ်းခဲ့ရပြီး၊ လူများအကြားတွင် တည်ရှိနေသော ကွဲပြားခြားနားသည့် အခြေအနေများကို ငါသည် ငါ၏ပကတိ မျက်စိနှင့် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ သတိမမူမိပဲနှင့် လူသည် ငါ၏ ပြောင်းလဲမှုများနှင့်အတူ လိုက်၍ ပြောင်းလဲခဲ့ပြီး၊ ဤနည်းလမ်း ကြောင့်သာလျှင် သူသည် လက်ရှိနေ့ရက်သို့ ရောက်လာရခြင်း ဖြစ်သည်။ လူသည် ငါ့အတွက် မည်သည့် အရာကိုမဆို လုပ်ဆောင်နိုင်ရန် ငါမလိုအပ်၊ မတောင်းဆိုသကဲ့သို့၊ ငါ့အကြောင်းကိစ္စ၌ တိုးတက်မှုများ ရှိလာ စေရန် သူပြုဖို့လည်း ငါသည် မလိုအပ်၊ မတောင်းဆိုပါ။ ငါ့အား မနာခံခြင်းလည်း မရှိ၊ ငါ့အတွက် အရှက် ရခြင်း၏ အမှတ်အသားလည်း မဖြစ်လာပဲ ငါ့အစီအစဉ်နှင့် ကိုက်ညီနိုင်ရန်သာ သူ့အား ငါလိုအပ်သည်၊ ငါ့အား ထူးကဲသာလွန်သော သက်သေကို ထမ်းရန်သာ ငါလိုအပ်သည်။ လူများအကြားတွင်၊ ငါ့အား ကောင်းမွန်သော သက်သေကို ခံခဲ့ပြီး ငါ၏နာမကို ဘုန်းကြီးစေသော ထိုသူတို့ ရှိခဲ့ပေသည်၊ သို့သော်လည်း လူ၏ ဓလေ့ထုံးတမ်းများနှင့် အကျင့်အကြံများသည် ငါ၏ နှလုံးအား မည်သို့ကျေနပ်နိုင်စေ လိမ့်မည်နည်း။ အဘယ်သို့လျှင် သူသည် ငါ၏လိုအင်ဆန္ဒနှင့် အလျဉ်မီရန် သို့မဟုတ် ငါ၏အလိုအား ဖြည့်ဆည်းနိုင်ရန် တတ်နိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ တောင်တန်းများနှင့် ရေများ၊ ကမ္ဘာမြေကြီးပေါ်ရှိ သစ်ပင်များ၊ မြက်ပင်များနှင့် ပန်းမန်များ အားလုံးတို့ သည် ငါ့လက်များ၏ လုပ်ဆောင်ချက်မှလွဲ၍ မည်သည့်အရာကိုမျှ မပြသ၊ အားလုံးတို့သည် ငါ့နာမမှလွဲ၍ မည်သည့်အတွက်မျှ တည်ရှိမနေ။ သို့သော်ငြားလည်း ဘယ့်အတွက်ကြောင့်နှင့် လူသည် ငါတောင်းဆိုသော စံသတ်မှတ်ချက်များကို မရရှိနိုင်ကြသနည်း။ ဤသည်မှာ သူ၏ ကမ်းကုန်သော နိမ့်ကျမှု ကြောင့်များလော။ ဤသည်မှာ သူ့အား ငါ၏ မြှင့်တင်ပေးခြင်း ကြောင့်များလော။ ဤသည်မှာ ငါသည် သူ့အား လွန်ကျူးစွာ ရက်စက်၍များလော။ အဘယ့်သို့နှင့် လူသည် ငါ၏တောင်းဆိုချက်များကို အမြဲပင် ကြောက်ရွံ့နေရသနည်း။ ယနေ့၊ နိုင်ငံတော်ထဲရှိ လူအမြောက်အမြားတွင်၊ အဘယ့်ကြောင့်နှင့် သင်တို့သည် ငါ၏ အသံကိုသာ နားထောင်လိုကြပြီး ငါ၏ မျက်နှာကို ဖူးမြင်ရန် ဆန္ဒမရှိကြသနည်း။ သင်တို့သည် ငါ၏ နှုတ်ကပတ်များကို ငါ၏ ဝိညာဉ်တော်နှင့် တိုက်ဆိုင်ကြည့်ခြင်းမရှိပဲ အဘယ့်ကြောင့်နှင့် ငါ၏နှုတ်ကပတ်များကို ကြည့်ကြ သနည်း။ သင်တို့သည် အဘယ့်ကြောင့် ငါ့အား အထက်ကောင်းကင်ဘုံနှင့် အောက်အရပ် ကမ္ဘာမြေကြီးဟူ၍ ခွဲထားချင်ကြသနည်း။ ဤသည်မှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်က၊ ကောင်းကင်ဘုံမှ ငါနှင့် မတူခြင်း ကြောင့်များပင်လော။ ဤသည်မှာ ငါသည် ကောင်းကင်ဘုံ၌ ရှိစဉ်က၊ ကမ္ဘာမြေကြီးသို့ မဆင်းကြွနိုင်ခဲ့ခြင်း ကြောင့်များပင်လော။ ဤသည်မှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်က၊ ကောင်းကင်ဘုံအား ယူတင်ရန် မထိုက်တန်ခြင်း ကြောင့်များပင်လော။ ယင်းမှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်က၊ နိမ့်ကျသည့် ဖန်ဆင်းခံ သတ္တဝါတစ်ဦးလေအလား ဖြစ်ပြီး၊ ငါသည် ကောင်းကင်ဘုံ၌ ရှိစဉ်တွင်မူ ချီးမြှောက်ခံ ပုဂ္ဂိုလ်လေအလား ဖြစ်ကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအကြားတွင် တံတားထိုး၍မရနိုင်သော ချောက်ကြီး တည်ရှိနေသည့် အလားပင်ဖြစ်သည်။ သို့သော် လူ့လောကတွင်မူ သူတို့သည် ဤအရာများ၏ မူလရင်းမြစ်ကို ဘာမျှ သိကြသည့် ပုံမပေါ်၊ သို့သော်လည်း ငါ၏ နှုတ်ကပတ်များသည် အသံသာမြည်ပြီး အဓိပ္ပာယ်မရှိသည့်အလား သူတို့သည် တစ်လျှောက်လုံးတွင် ငါနှင့် ဆန့်ကျင်ရာကိုသာ သွားနေခဲ့ကြသည်။ လူများ အားလုံးသည် ငါ၏ နှုတ်ကပတ်များတွင် ကြိုးစိုက်ခဲ့ကြသည်၊ ငါ၏ အပြင်ပန်းသဏ္ဍာန်ကို သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်ကြသည်၊ သို့သော်ငြားလည်း သူတို့ အားလုံးသည် ပြသစရာ မည်သည့် ရလဒ်များမှ မရှိပဲ အရှုံးနှင့် ရင်ဆိုင်ကြရသည်၊ ထိုအစား ငါ့နှုတ်ကပတ်များ၏ ထိုးနှက်ခြင်းကို ခံကြရပြီး နောက်တစ်ဖန် ပြန်၍ထရန် မဝံ့ရဲကြ။

လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ငါသည် စမ်းသပ် စစ်ဆေးသောအခါ၊ မည်သည့် သက်ရှိလူသား တစ်ဦးတစ်ယောက်ကမျှ စစ်မှန်သော သက်သေကို ခံနိုင်ရန် အစွမ်းအစ မရှိကြ၊ မည်သူ တစ်ဦးတစ်ယောက် ကမျှ သူ၏ ရှိသမျှ အားလုံးကို ငါ့အား ဆက်သရန် မတတ်စွမ်းနိုင်ကြပေ။ ထိုအစား သူ၏ နှလုံးသားအား ငါသည် အဓမ္မ လုယူသွားလေမည့် အလားပင်၊ လူသည်ပုန်းကွယ်၍သာ နေနေပြီး သူ့ကိုယ်သူ ငါ့အား ဖွင့်ပြရန် ငြင်းဆိုလျက် ရှိသည်။ ယောဘပင်လျှင် စုံစမ်းနှောင့်ယှက်မှု အောက်တွင် မည်သည့်အခါမျှ အမှန်တကယ် မရပ်တည်ခဲ့သကဲ့သို့ ဒုက္ခဝေဒနာခံရမှု အလယ်၌လည်း သူသည် ချိုမြိန်ခြင်းကို ထုတ်မယူနိုင်ခဲ့ပေ။ လူသား မျိုးနွယ် လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာခပ်သိမ်းမှာ နွေဦးရာသီ၏ နွေးထွေးမှုထဲတွင် ဖျော့တော့သော အစိမ်းရောင်၏ အရိပ်အယောင်မျှကို ထုတ်လုပ်ခြင်းသာ ဖြစ်သည်။ သူသည် ဆောင်းရာသီ၏ ချမ်းအေးသော လေပြင်းများ အောက်တွင် ဘယ်သောအခါမျှ အစဉ်အမြဲ စိမ်းစို၍ မနေခဲ့ပေ။ ဝိညာဉ်အသက်တာ၌ အရိုးပေါ် အရေတင်ကာ ကြုံလှီနေသာ လူသည် ငါ၏ ရည်ရွယ်ချက်အား မဖြည့်ဆည်းနိုင်။ လူသားမျိုးနွယ် အားလုံးတွင် အခြားသူများအတွက် စံနမူနာအနေနှင့် အစေခံနိုင်သောသူ တစ်ယောက်မျှ မရှိ၊ အဘယ့်ကြောင့်ဆိုလျှင် လူများသည် အခြေခံအားဖြင့် အတူတူပင်ဖြစ်ကြ၍ တစ်ယောက်နှင့် တစ်ယောက် ကွဲပြားခြားနားခြင်းမရှိ၊ တစ်ယောက်နှင့် တစ်ယောက် ခွဲခြားသိမြင်ရန် မဆိုစလောက်မျှသာ ရှိသောကြောင့် ဖြစ်သည်။ ဤအချက် ကြောင့်၊ လူများသည် ယနေ့တွင်ပင်လျှင် ငါ၏ အလုပ်အား အပြည့်အဝ သိကျွမ်းရန် အလို့ငှာ မတတ်နိုင်ပဲ ရှိကြသေးသည်။ ငါ၏ ပြစ်တင်ဆုံးမခြင်းသည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ကျရောက်လာသော အခါမှ သာလျှင် လူများသည် မိမိတို့ကိုယ်မိမိ မသိလိုက်ပဲနှင့် ငါ၏ အလုပ်များအား သတိပြုမိလာကြကာ၊ ငါ၏ လုပ်ဆောင်ချက် မပါဘဲ သို့မဟုတ် မည်သူ့ကိုမျှ အတင်းအကျပ် မစေခိုင်းရပဲနှင့်၊ လူများသည် ငါ့အား သိကျွမ်း လာကြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့အားဖြင့် ငါ၏ အလုပ်အား မြင်လာကြမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ အစီအစဉ်ပင် ဖြစ်ပြီး၊ ယင်းမှာ ထင်ရှားပြသသော ငါ့အလုပ်၏ ရှုထောင့်ပင် ဖြစ်ကာ၊ ယင်းသည် လူမှ သိကျွမ်းသင့်သော အရာလည်း ဖြစ်သည်။ နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေလှစွာသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာ မြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ် များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီး ဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသော အခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများ အဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးအား ပြန်လည်တစ်ဖန် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာအား စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသော အခြေအနေအား အသစ်သို့ ပြောင်းလဲ စေမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏ အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများ အားလုံးသည် ငါ၏ ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်း ပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေ လိမ့်မည်။ သို့သော်လည်း ဟောင်းသော လောကကြီး ဆက်လက်တည်ရှိနေသရွေ့ ငါသည် ငါ၏ ဒေါသအား ၎င်း၏ တိုင်းနိုင်ငံများ အပေါ်သို့ စေလွှတ်မည် ဖြစ်ပြီး၊ ငါ၏ အုပ်ချုပ်စီမံရေး ထုံးဖွဲ့ချက်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ယင်းတို့အား ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏ မျက်နှာအား လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏ အသံကို ကြားပြီး၊ ထိုသို့အားဖြင့် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏ အလိုနှင့် ဆန့်ကျင်ဘက်ပြုသော ထိုသူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့အား လူ၏ အပြုအမူများနှင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင် ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့အား အသစ် ပြုပြင်မည်ဖြစ်သည်၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ နောက်တစ်ဖန် ဖြစ်လိမ့်မည် မဟုတ်။ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေလှ စွာသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏ နှုတ်ကပတ်များမှ တစ်ဆင့် ခပ်သိမ်းသော အရာတို့သည် ပြီးပြည့်စုံလင် လာကြလိမ့်မည်။ စကြာဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရ လိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီး အပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြာဝဠာအတွင်းရှိ သက်ရှိလူသားများတွင်၊ မာရ်နတ်နှင့် သက်ဆိုင် သော ထိုသူများ အားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်။ စာတန်အား ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏ လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ ရှိသော ထိုသူများမှ လွဲ၍၊ ကျန်သည့်သူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူပေါင်းများစွာတို့အား ငါသည် ပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ရှိသော ထိုသူတို့သည် ကွဲပြား ခြားနားသော အတိုင်းအတာများနှင့် ငါ၏ နိုင်ငံတော်သို့ ပြန်လာကြပြီး ငါ့အလုပ်များ၏ သိမ်းပိုက်အောင်နိုင် ခြင်းကို ခံကြရမည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် သန့်ရှင်းသည့် တစ်ပါးတည်းသော သူမှာ ဖြူသော မိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို မြင်ခဲ့ပြီး ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ် အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ထခဲ့ကြသော ထိုသူများ အားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ သူတို့၏ အပြုအမူများတွင် ငါမပါဝင် ခဲ့သော ထိုသူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ကိုမိမိ ကင်းလွတ်စေခဲ့ကြခြင်းကြောင့် ထိုသူတို့သည် ကမ္ဘာ မြေကြီးပေါ်၌ ငါ၏ သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေများထံသို့နှင့် တိုင်းနိုင်ငံ အသင်္ချေများထံသို့ ငါကိုယ်တိုင်အား ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ် အားလုံးအတွက် ငါ၏ ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ ပကတိမျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီး အပေါ်တွင် ငါ၏ ပကတိအသံနှင့် မြွက်ဆိုမည်။

ငါ၏ အသံသည် ပြင်းပြထက်သန်ခြင်း၌ နက်ရှိုင်းလာသည်နှင့်၊ စကြဝဠာ၏ အခြေအနေကိုလည်း ငါသည် အကဲခတ်နေသည်။ ငါ၏ နှုတ်ကပတ်များမှ တစ်ဆင့် ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများ အားလုံးသည် အသစ်ပြုပြင်ခြင်းကို ခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲမည်။ လူသားမျိုးနွယ်သည် တဖြည်းဖြည်းနှင့် အသီးသီး ၎င်းတို့၏ အမျိုးအစားအလိုက် ၎င်းတို့၏ မူလပုံသဏ္ဍာန်အတိုင်း ထုတ်ဖော်ခြင်း ခံရပြီး၊ လူများသည် သတိမပြုမိပဲ ၎င်းတို့မိသားစုများ၏ ရင်ခွင် အောက်သို့ ပြန်ရာလမ်းကို ရှာတွေ့ကြမည်။ ဤအချိန်တွင် ငါသည် ကြီးစွာ ကျေနပ်မည်။ ငါသည် ပြိုကွဲ ပျက်စီးခြင်းနှင့် ကင်းလွတ်ပြီး၊ မည်သူမျှ သတိမပြုမိပဲ ငါ၏ ကြီးမြတ်သော အလုပ်သည် ပြီးပြည့် စုံလင် လာကာ၊ မည်သူမျှ သတိမပြုမိလိုက်ပဲနှင့် ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများသည် အသွင်ပြောင်းခြင်း ခံကြရသည်။ လောကကြီးအား ငါဖန်ဆင်းခဲ့သောအခါ၊ အရာခပ်သိမ်းတို့အား ၎င်းတို့၏ အမျိုးစားအလိုက် အတူတကွစုစည်း၍ မြင်တွေ့နိုင်သော ပုံသဏ္ဍာန်တစ်ခုနှင့် ပြုပြင်ရင်း၊ အရာအားလုံးကို ငါသည် ၎င်းတို့၏ အမျိုးစားအလိုက် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ နိဂုံးအဆုံးသည် နီးကပ်လာသည်နှင့်၊ ငါသည် ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ပြန်လည်တည်ထောင်မည်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့ မူလ အခြေအနေများ ဆီသို့ ပြန်လည်ထူထောင်မည်၊ အရာခပ်သိမ်းကို ထူးကဲသာလွန်စွာ ပြောင်းလဲခြင်းအားဖြင့်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ ရင်ခွင်အောက်သို့ ပြန်လာကြလိမ့်မည်။ အချိန်ကျလာလေပြီ။ ငါ၏ အစီအစဉ်ထဲမှ နောက်ဆုံးအဆင့်သည် ပြီးမြောက်အောင်မြင်လု နီးပြီဖြစ်သည်။ အို… ဟောင်းနွမ်း၍ မသန့်စင်သော လောကကြီး၊ သင်သည် ငါ့နှုတ်ကပတ်များ အောက်တွင် ဧကန်အမှန်ပင် ကျရှုံးလိမ့်မည်။ ငါ၏ အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိအဖြစ်သို့ လျှော့ချခြင်း ဧကန်အမှန်ပင် ခံရလိမ့်မည်။ အိုး…ဖန်ဆင်းခြင်း၏ အသင်္ချေ လှစွာသော အရာများတို့၊ သင်တို့ အားလုံးသည် ငါ့နှုတ်ကပတ်များ အထဲ၌ အသစ်သော အသက်ကို ရလိမ့် မည်၊ သင့်တွင် ယခု၌ အကြွင်းမဲ့ ပိုင်သအုပ်စိုးသော သခင်ရှိပေပြီ။ အိုး…သန့်စင်၍ အပြစ် အနာအဆာမဲ့သော လောကသစ်ကြီး၊ သင်သည် ငါ့ဘုန်းအထဲတွင် ဧကန်အမှန်ပင် နှိုးထလိမ့်မည်။ အိုး… ဇိအုန်တောင်၊ ထပ်၍ တိတ်ဆိတ် မနေနှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခြင်း၏ အလယ်မှ၊ ကမ္ဘာမြေကြီး တစ်ခုလုံးအား ငါသည် စေ့စေ့စပ်စပ် စစ်ဆေး၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သော အသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်း အသစ်အား အောင်နိုင်လေပြီ။ အိုး… ငါ၏လူများတို့၊ အဘယ်သို့လျှင် သင်တို့သည် ငါ၏ အလင်းရောင်အထဲ၌ အသက်ထံသို့ လှမ်းမလာနိုင်ရသနည်း။ အဘယ်သို့လျှင် သင်တို့သည် ငါ၏ လမ်းပြ ပို့ဆောင်မှု အောက်၌ ရွှင်လန်းခြင်းနှင့် မကခုန်နိုင်ရသနည်း။ ကုန်းမြေတို့သည် ဝမ်းသာ ရွှင်လန်းခြင်းနှင့် အော်ဟစ်ကြ၏၊ ရေများတို့သည်လည်း အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ကျွတ်ကျွတ် ညံနေကြသည်။ အိုး… ရှင်ပြန်ထမြောက်သော ဣသရေလ၊ အဘယ်သို့နှင့် သင်သည် ငါ၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းအကြောင်းအား ဂုဏ်မယူနိုင်ရသနည်း။ မည်သူသည် ရှိုက်ကြီးတငင် ငိုကြွေး ခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေး မြည်တမ်း ခဲ့ပြီးသနည်း။ ဟောင်းနွမ်းသော ဣသရေလသည် မတည်ရှိတော့ပဲ၊ ယနေ့ကာလ၏ ဣသရေလသည် ထမြောက်ပြီ၊ လောကကြီးတွင် ယင်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားပင် လူသား မျိုးနွယ် အားလုံးတို့၏ နှလုံးသားများထဲတွင် တည်ထားလျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလသည် ငါ၏ လူများမှတစ်ဆင့် တည်ရှိဖြစ်တည်မှု၏ ရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး… မုန်းတီးခြင်းနှင့် ပြည့်သော အဲဂုတ္တု၊ သင်သည် ဧကန်အမှန်ပင် ငါ့တဘက်၌ ထ၍မနေတော့သည် မဟုတ်လော။ အဘယ်သို့လျှင် သင်သည် ငါ၏ဂရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် ကြိုးစားသနည်း။ အဘယ်သို့လျှင် သင်သည် ငါ၏ ပြစ်တင်ဆုံးမခြင်း အတွင်း၌ တည်ရှိမနေနိင်ရသနည်း။ ငါချစ်သော ထိုသူ အားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့တဘက်၌ ထကြသော ထိုသူ အားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သတိနှင့် စောင့်ရှောက် ကာကွယ်လျက်ရှိသော ဘုရားသခင်ဖြစ်၏၊ ငါသည် လူများ အားလုံးကို သူတို့ပြုခဲ့သော အရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီး တစ်ခုလုံး အပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါအား ထုတ်ဖော်ပြမည်။

မတ်လ ၂၉ရက်၊ ၁၉၉၂

ယခင်က:အခန်း ၂၅

နောက်တစ်ခုသို့:အခန်း ၂၇

သင်နှစ်သက်နိုင်သည့် အရာများ