အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂။ လူတစ်ဦးသည် ဘုရားသခင်လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို သက်သေခံရမည်

၁။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို နားလည်လော့

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

နှစ်ပေါင်းခြောက်ထောင်ကျော်ကြာမြင့်သောအကြံအစည်တော်ဖြစ်သည့် ငါ၏စီမံခွဲခန့်တော်မူခြင်း အစီအစဉ်၌ အဆင့်သုံးခု (သို့) ကာလသုံးပိုင်းပါရှိသည်။ ယင်းတို့မှာ အစအဦး၌ဖြစ်သော ပညတ်တော် ကာလ၊ ကျေးဇူးတော်ကာလ(ရွေးနှုတ်ခြင်းကာလဟူ၍လည်းခေါ်ဆိုသည်။) နှင့် နောက်ဆုံးသောနေ့ ရက်များ၏နိုင်ငံတော်ကာလ တို့ဖြစ်ကြသည်။ အဆိုပါကာလသုံးပိုင်းရှိ ငါ၏အမှုတော်တွင် ပါဝင်သော အရာများသည် ကာလတစ်ခုချင်းစီ၏ သဘောသဘာဝများအရ ခြားနားမှုများရှိနေသည်။ သို့သော် အဆင့်တိုင်း၌လူသား၏ လိုအပ်မှုများအရ (သို့) ပိုမိုတိကျစွာဆိုရပါက စာတန်မာရ်နတ်အား ငါဆင်နွဲ သည့် စစ်ပွဲ၌ စာတန်ကျင့်သုံးသည့်လှည့်စားမှုများနှင့်လျော်ညီစွာ ဆောင်ရွက်ပြီးစီးလျက်ရှိသည်။ ငါလုပ်ဆောင်သော အလုပ်၏ရည်ရွယ်ချက်မှာ စာတန်မာရ်နတ်အား ချေမှုန်းရန်၊ ငါ၏ပညတ်တော်နှင့် အရာခပ်သိမ်းအားသိမြင်တော်မူခြင်းအား ထင်ရှားစွာမြင်တွေ့ကြစေရန်၊ စာတန်၏လှည့်စားမှုမှန်သမျှ အား ဖော်ထုတ်ရန်နှင့် ထိုသို့အားဖြင့် စာတန်၏ထိမ်းချုပ်မှုအောက်တွင် ရှိနေသည့် လူသားမျိုး နွယ်တစ်ရပ်လုံးအား ရွေးနှုတ်ကယ်တင်ရန်ဖြစ်သည်။ ၎င်းသည်ငါ၏ပညာတော်နှင့် အရာခပ်သိမ်း အား သိမြင်တော်မူခြင်းအား ဖော်ထုတ်ပြသရန်နှင့် စာတန်မာရ်နတ်၏ ဆိုးရွားသည့် သွင်ပြင် လက္ခဏာအား တချိန်တည်းဖော်ထုတ်ရန်ဖြစ်သည်။ ထို့အပြင် ကောင်းမြတ်ခြင်းနှင့်ဆိုးညစ်ခြင်းတို့ကို ငါဖန်ဆင်းတော် မူသောသူများခွဲခြားတတ်စေရန်သင်ကြားပေးခြင်း၊ငါသည်အရာခပ်သိမ်းတို့အား အုပ်စိုးတော်မူသောသူ ဖြစ်ကြောင်းသိစေရန်၊စာတန်သည်လူသားမျိုးနွယ်၏ရန်သူဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ စေနိုင်ရန်၊ အနိမ့်ဆုံးသောအရာထက် နိမ့်ကျသောသောသူဖြစ်ကြောင်း သိစေရန်၊ ဆိုးညစ်သောသူဖြစ်ကြောင်း သိစေရန်၊ကောင်းသောအရာနှင့်ဆိုးသောအရာတို့၏ခြားနားမှု၊ သမ္မာတရားနှင့် မှားယွင်းခြင်းတို့၏ ခြားနားမှု၊ သန့်ရှင်းခြင်းနှင့်ညစ်ညူးခြင်းတို့၏ခြားနားမှု၊ ကြီးမြတ်သောအရာနှင့်ဂုဏ်သိက္ခာကင်းမဲ့ခြင်း တို့၏ခြားနားမှုအားသေချာတိကျစွာပြောဆိုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းအားဖြင့် ဂရုမမူလျက် ရှိနေကြသော လူသားမျိုးနွယ်အား ငါသည်လူသားမျိုးနွယ်ကို ပျက်စီးစေသောသူမဟုတ်ကြောင်း၊ ဖန်ဆင်းခြင်း၏အရှင်သခင်ဖြစ်သောငါတစ်ပါးတည်းသာလျင် လူသားမျိုးနွယ်အားကယ်တင်နိုင်ကြောင်း၊ ငါသာလျင်လူသားများ၏ ပျော်ရွှင်ခြင်းအား ပေးအပ်နိုင်သောသူဖြစ်ကြောင်းနှင့် လူသားများသည် ငါ့အား အရာခပ်သိမ်းအားအုပ်စိုးသောသူအဖြစ် သိစေရန်နှင့် စာတန်မာရ်နတ်သည် ငါဖန်ဆင်းထားခဲ့သောသူ၊ နောက်ပိုင်းတွင်ငါ့အားပုန်ကန်၍ဆန့်ကျင်ဘက်ပြုသောသူဖြစ်ကြောင်း လူသားများ သက်သေခံနိုင် လာကြစေရန်ဖြစ်သည်။ နှစ်ပေါင်းခြောက်ထောင်ကြာမြင့်သော ငါ၏အစီအစဉ်အား အောက်ပါ အကျိုးရလဒ်များရရှိစေရန်အလို့ငှာ အဆင့်သုံးဆင့်ဖြင့်ခွဲခြားသတ်မှတ်ထားသည်။ ယင်းတို့မှာ ငါဖန်ဆင်းသောအရာများသည် ငါ၏သက်သေခံများဖြစ်လာကြစေရန်၊ ငါ၏အလိုတော်အား နားလည်စေရန်နှင့် ငါသည်သမ္မာတရားဖြစ်တော်မူကြောင်း သိလာကြစေရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ရွေးနှုတ်တော်မူခြင်း အမှုတော်နောက်ကွယ်မှ အဖြစ်မှန်" မှ

၎င်းအမှုအဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်း ဖြစ်သည်—ဆိုလိုသည်မှာ စာတန်၏ပိုင်နက်မှ လူသားကို လုံးဝကယ်တင်ခြင်းဖြစ်သည်။ အမှုအဆင့်သုံးဆင့်၏ အဆင့်တိုင်းတွင် ရည်မှန်းချက်နှင့် အရေးပါပုံတို့ ကွဲပြားသော်လည်း တစ်ဆင့်စီသည် လူသားကို ကယ်တင်ခြင်း အမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်၍ လူသား၏ လိုအပ်ချက်များနှင့်အညီ အကောင်အထည် ဖော်သည့် ကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။

……

ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး ပြီးဆုံးခါနီးချိန်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းစားခွဲခြားမည်။ လူသားကို ဖန်ဆင်းရှင်၏ လက်များနှင့် ပြုလုပ်ခဲ့ကာ အဆုံးတွင် သူသည် လူသားကို သူ၏ စိုးမိုးမှုအောက် လုံးဝ ပြန်ပို့ရမည်ဖြစ်သည်။ ဤသည်မှာ အမှုအဆင့်သုံးဆင့်၏ အဆုံးဖြစ်သည်။…

… အမှုအဆင့် သုံးဆင့် အဆုံးသတ်သည့်အခါ ဘုရားသခင်အတွက် သက်သေခံသူများ၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စု ဖွဲ့လိမ့်မည်။ ထိုသူတို့အားလုံးသည် ဘုရားသခင်ကို သိ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင် ကြပေလိမ့်မည်။ ထိုသူတို့တွင် လူ့သဘောသဘာဝနှင့် အသိဉာဏ်တို့ ရှိမည်ဖြစ်ကာ အားလုံးသည် ဘုရား သခင်၏ ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင်ရရှိမည့် အမှုဖြစ်ကာ ထိုသူတို့သည် အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ ပုံဖော်ချက်ဖြစ်သည့်အပြင် စာတန်ကို အဆုံးတွင် အောင်နိုင်ခြင်းအတွက် အားအကောင်းဆုံးသော သက်သေခံချက်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်" မှ

ဒီနေ့ လူသားတွေကို ဖန်ဆင်းတဲ့အချိန်ကတည်းက ဘုရားသခင်ရဲ့ အတွေးတွေ၊ စိတ်ကူးတွေနဲ့ လှုပ်ရှားမှုတိုင်းကို ငါတို့ အရင် အနှစ်ချုပ်ကြည့်ကြပြီး ကမ္ဘာကိုဖန်ဆင်းခြင်းကနေ ကျေးဇူးတော်ခေတ် အမှန်တကယ်စတင်ခြင်းအထိ ဘာအလုပ်တွေကို သူဆောင်ရွက်ခဲ့သလဲဆိုတာကို ကြည့်မှာဖြစ်တယ်။ ဒါဆိုရင် ဘုရားသခင်ရဲ့ ဘယ်အတွေးတွေနဲ့ စိတ်ကူးတွေကို လူသားတို့ မသိရှိသလဲဆိုတာကို ငါတို့ ရှာဖွေသိရှိနိုင်ပြီး အဲဒီနေရာကနေ စီမံခန့်ခွဲမှုအတွက် ဘုရားသခင်ရဲ့ စီမံမှုရဲ့ အစီအစဉ်ကို ငါတို့ ရှင်းလင်းအောင်ပြုလုပ်နိုင်ပြီး ဘုရားသခင်က သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်ကို ဖန်ဆင်းခဲ့တဲ့ အကြောင်းအရာ၊ သူ့ရဲ့ အရင်းအမြစ်နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်စဉ်ကို သေသေချာချာ နားလည်နိုင်ပြီး သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်ကနေ ဘာရလဒ်တွေကို သူရရှိချင်တယ်ဆိုတာကို တစ်နည်းအားဖြင့် သူ့ရဲ့စီမံခန့်ခွဲမှုအလုပ်ရဲ့ အဓိကအချက်နဲ့ ရည်ရွယ်ချက်တွေကိုလည်း သေသေချာချာ နားလည်နိုင်ပါတယ်။ ဒီအရာတွေကို နားလည်ဖို့၊ လူသားတွေမရှိခဲ့တဲ့ ဝေးကွာတဲ့၊ တည်ငြိမ်ပြီး တိတ်ဆိတ်တဲ့ အချိန်ကို ငါတို့ ပြန်သွားဖို့လိုတယ် …

ဘုရားသခင်က သူ့အိပ်ယာကနေ ထလာတဲ့အခါမှာ သူပထမဆုံး စဉ်းစားတဲ့အရာက ဒါဖြစ်ပါတယ်။ သူနဲ့နေထိုင်ဖို့လူတစ်ယောက်၊ သူ့ရဲ့အမြဲတမ်း အဖော်ဖြစ်တဲ့ သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်ကို ဖန်ဆင်းဖို့၊ စစ်မှန်တဲ့ အသက်ရှင်တဲ့ လူသားတစ်ယောက်ကို ဖန်ဆင်းဖို့ဖြစ်တယ်။ ဒီလူဟာ သူ့ကို နားထောင်နိုင်တယ်။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချနိုင်ပြီး သူနဲ့စကားတွေ ပြောဆိုနိုင်တယ်။ အဲဒီနောက်မှာ ပထမဆုံးအကြိမ် ဘုရားသခင်ဟာ မြေမှုန့်အနည်းငယ်ကိုယူပြီး သူစိတ်ကူးထားတဲ့အတိုင်း ပထမဆုံးသော သက်ရှိလူသားတစ်ယောက်ကို ဖန်ဆင်းဖို့အသုံးပြုလိုက်တယ်။ အဲဒီနောက်မှာ ဒီသက်ရှိဖန်ဆင်းခံကို အာဒံဆိုတဲ့ နာမည်တစ်ခုပေးလိုက်တယ်။ ဒီအသက်ရှင်ပြီး အသက်ရှူတဲ့ လူကို ဘုရားသခင်ရပြီးတာနဲ့ သူဘယ်လိုခံစားခဲ့ရလဲ။ ပထမဆုံးအကြိမ် ချစ်ခင်သူတစ်ယောက်၊ အဖော်တစ်ယောက်ရှိခြင်းရဲ့ ပျော်ရွှင်မှုကို သူခံစားခဲ့ရတယ်။ ဖခင်ဖြစ်ရခြင်းရဲ့ တာဝန်ဝတ္တရားနဲ့ အဲဒါနဲ့အတူပါလာတဲ့ အလေးထားစရာတွေကိုလည်း ခံစားခဲ့ရတယ်။ ဒီအသက်ရှင်ပြီး အသက်ရှူသွင်းတဲ့ လူဟာ ဘုရားသခင်ကို ပျော်ရွှင်ခြင်းနဲ့ ဝမ်းမြောက်မှုကို သယ်ဆောင်လာပေးခဲ့တယ်။ သူဟာ ပထမဆုံးအကြိမ် စိတ်သက်သာရာရမှုကို ခံစားခဲ့ရတယ်။ ဒါဟာ သူ့ရဲ့အတွေးတွေ သို့မဟုတ် စကားလုံးတွေနဲ့တောင် ပြီးမြောက်စေခြင်းမဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင် လက်နှစ်ဖက်နဲ့ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ဘုရားသခင် လုပ်ဆောင်ခဲ့တဲ့အရာဖြစ်ပါတယ်။ ဒီသက်ရှိအမျိုးအစား၊ ကိုယ်ခန္ဓာနဲ့ ပုံသဏ္ဌာန်နဲ့၊ အသွေးအသားနဲ့ပြုလုပ်ထားတဲ့၊ ဘုရားသခင်နဲ့ စကားပြောနိုင်တဲ့ အသက်ရှင်တဲ့ အသက်ရှူတဲ့ လူတစ်ယောက်ဟာ ဘုရားသခင်ရှေ့မှာ ရပ်တဲ့အခါမှာ ဘုရားသခင်ဟာ သူအရင်က တစ်ခါမှ မခံစားရဖူးတဲ့ ဝမ်းမြောက်မှုမျိုးကို သူတွေ့ကြုံခံစားခဲ့ရတယ်။ သူ့ရဲ့တာဝန်ဝတ္တရားတွေကို တကယ်ပဲ ခံစားခဲ့ရပြီး ဒီသက်ရှိဟာ သူ့ရဲ့နှလုံးသားကို ဆောင့်ဆွဲလိုက်ရုံတင်မကဘဲ သူ့ရဲ့သေးငယ်တဲ့ လှုပ်ရှားမှုတိုင်းက သူ့ကို ထိတွေ့ခံစားစေပြီး သူ့ရဲ့နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။ ဒါကြောင့် ဒီသက်ရှိဟာ ဘုရားသခင်ရဲ့ရှေ့မှာ ရပ်တဲ့အခါမှာ ဒီလိုလူတွေ ထပ်ရအောင်လုပ်ဖို့ အတွေးကို ပထမဆုံးအကြိမ် သူရသွားတယ်။ ဒါဟာ ဘုရားသခင် ဖြစ်ပေါ်ခဲ့တဲ့ ထပမဆုံးအတွေးနဲ့ စတင်လာတဲ့ ဖြစ်ရပ်တွေပဲဖြစ်တယ်။ ဘုရားသခင်အတွက် ဒီဖြစ်ရပ်အားလုံးဟာ ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းပဲ။ ဒါပေမဲ့ ဒီပထမဆုံးဖြစ်ရပ်တွေမှာ အဲဒီအချိန်မှာ ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ စိုးရိမ်မှုတွေစသဖြင့် သူဘာကိုပဲ ခံစားနေခဲ့ရပါစေ၊ သူ့အတွက် ဒါတွေကို ဝေမျှစရာ တစ်ယောက်မှမရှိခဲ့ဘူး။ အဲဒီအချိန်ကနေစပြီးတော့ သူအရင်က တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းတို့ကို ဘုရားသခင်ဟာ အမှန်တကယ် ခံစားလိုက်ရတယ်။ လူသားတွေဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အလေးထားမှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ရည်ရွယ်ချက်တွေကို လက်မခံနိုင်ဘူး သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဘူးလို့ သူ ခံစားခဲ့ရတယ်။ ဒါကြောင့် သူ့နှလုံးသားမှာ ဝမ်းနည်းမှုနဲ့ နာကျင်မှုကို ခံစားရတုန်းပဲ။ လူသားအတွက် ဒီအရာတွေကို သူလုပ်ဆောင်ပေးခဲ့ပေမဲ့ လူသားဟာ ဒါကို သတိမပြုမိဘဲ နားမလည်ခဲ့ဘူး။ ပျော်ရွှင်ခြင်းကလွဲပြီး လူသားက သူ့ဆီကို သယ်ဆောင်လာပေးတဲ့ ဝမ်းမြောက်မှုနဲ့ စိတ်သက်သာရာရမှုဟာ သူ့ရဲ့ပထမဆုံးသော ဝမ်းနည်းခြင်းနဲ့ အထီးကျန်ခြင်းခံစားမှုတို့ကို အဲဒီအရာတွေက သူတို့နဲ့အတူ မြန်မြန်ပဲ သယ်ဆောင်လာတယ်။ ဒါတွေက အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ စိတ်ကူးတွေနဲ့ ခံစားချက်တွေဖြစ်တယ်။ ဘုရားသခင်က ဒါတွေအားလုံးကို လုပ်ဆောင်နေခဲ့စဉ်မှာ သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်းကနေ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းကနေ နာကျင်ခြင်းဆီကို ပြောင်းလဲသွားပြီး အားလုံးက စိုးရိမ်သောကတွေနဲ့ ရောထွေးနေခဲ့တယ်။ သူလုပ်ချင်ခဲ့တာက ဒီလူကို၊ ဒီလူသားမျိုးနွယ်ကို သူ့နှလုံးသားထဲမှာ ဘာတွေရှိတယ်ဆိုတာကို သိစေဖို့နဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို မြန်မြန်နားလည်ခွင့်ရအောင် အမြန်လုပ်ဖို့ပဲ။ ဒါဆိုရင် လူသားတွေဟာ သူ့ရဲ့နောက်လိုက်တွေဖြစ်လာနိုင်ပြီး သူနဲ့ လိုက်ဖက်ညီလာနိုင်တယ်။ သူတို့ဟာ ဘုရားသခင်စကားပြောတာကို နားထောင်ပြီး ဘာမှမပြောဘဲနေတာမျိုးဖြစ်မှာ မဟုတ်တော့ဘူး။ ဘုရားသခင်ကို သူ့ရဲ့အလုပ်မှာ ဘယ်လိုပူးပေါင်းပါဝင်ရမယ်ဆိုတာကို မသိတာမျိုး ဖြစ်မှာမဟုတ်တော့ဘူး။ ဒီအချက်တွေ အားလုံးထက်ပိုပြီးတော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို စိတ်ဝင်စားမှုမရှိတဲ့ သူတွေဖြစ်မှာ မဟုတ်တော့ဘူး။ ဘုရားသခင် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့တဲ့ ဒီပထမဆုံးအရာတွေဟာ သိပ်အဓိပ္ပာယ်ရှိပြီး သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ဒီနေ့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ တန်ဖိုးကို ကိုင်ဆောင်ထားတယ်။

အရာအားလုံးနဲ့ လူသားတွေကို ဖန်ဆင်းပြီးနောက်မှာ ဘုရားသခင်က အနားမယူခဲ့ဘူး။ သူ့ရဲ့ စီမံခန့်ခွဲမှုကို လုပ်ဆောင်ဖို့ သူမစောင့်နိုင်ခဲ့သလို လူသားမျိုးနွယ်တွေထဲမှာ သူသိပ်ချစ်တဲ့ လူတွေကို ရရှိဖို့ကိုလည်း သူမစောင့်နိုင်တော့ဘူး။

……

… ဘုရားသခင်ဟာ ဒီလူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ကိစ္စ၊ လူသားတွေကို ကယ်တင်ခြင်းကိစ္စကို အရာအားလုံးထက် ပိုအရေးကြီးသလို မြင်ပါတယ်။ ဒီအရာတွေကို သူ့ရဲ့စိတ်နဲ့ပဲ လုပ်ဆောင်ရုံတင်မဟုတ်သလို သူ့ရဲ့နှုတ်ကပတ်တော်နဲ့သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပါဘူး။ သူဟာ ဒါတွေကို အထူးသဖြင့် ခပ်ပေါ့ပေါ့လုပ်ခြင်းမဟုတ်ပါဘူး။ ဒီအရာတွေအားလုံးကို အစီအစဉ်၊ ပန်းတိုင်၊ စံသတ်မှတ်ချက်တွေ၊ သူရဲ့အလိုတော် စတဲ့အရာတွေနဲ့ သူလုပ်ဆောင်ပါတယ်။ လူသားကိုကယ်တင်ဖို့ဖြစ်တဲ့ ဒီအလုပ်ဟာ ဘုရားသခင်နဲ့ လူသားနှစ်ယောက်လုံးအတွက် သိပ်ကို အရေးပါတယ်ဆိုတာ ရှင်းပါတယ်။ အလုပ်က ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အတားအဆီးတွေက ဘယ်လောက်ကြီးမားပါစေ၊ လူသားတွေက ဘယ်လောက်ပဲ အားနည်းပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်ရဲ့ ပုန်ကန်ခြင်းက ဘယ်လောက်ပဲ နက်ရှိုင်းပါစေ၊ ဒီအရာတွေထဲက ဘယ်အရာမှ ဘုရားသခင်အတွက် မခက်ခဲပါဘူး။ ဘုရားသခင်ဟာ သူ့ရဲ့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ အားထုတ်မှုကို အသုံးချရင်း၊ သူကိုယ်တိုင် ဆောင်ရွက်ချင်တဲ့ အလုပ်တွေကို စီမံခန့်ခွဲရင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ သူဟာ အရာအားလုံးကိုလည်း စီစဉ်နေတယ်။ သူပြီးဆုံးအောင်လုပ်ချင်တဲ့အလုပ်တွေနဲ့ လူတွေအားလုံးကို အုပ်ချုပ်နေတယ်။ ဒီအရာတွေကို အရင်က မလုပ်ဖူးပါဘူး။ ဘုရားသခင်က ဒီနည်းလမ်းတွေကိုအသုံးပြုပြီး ဒီကြီးမားတဲ့ စီမံခန့်ခွဲမှု စီမံကိန်းနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကြီးမားတဲ့ ပေးဆပ်မှုကို ပြုလုပ်ခဲ့တာက ပထမဆုံးအကြိမ်ပါပဲ။ ဘုရားသခင်က ဒီအလုပ်တွေကို ဆောင်ရွက်နေစဉ်မှာ သူဟာ လူသားကို ထိန်ချန်ထားခြင်းမရှိဘဲ နည်းနည်းချင်းစီ သူ့ရဲ့ အလုပ်ကြိုးစားမှု၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်း၊ သူ့ရဲ့ အသိဉာဏ်ပညာနဲ့ အနန္တတန်ခိုး၊ သူ့စိတ်သဘောထားရဲ့ အချက်အလက်တိုင်းကို ဖော်ပြနေပါတယ်။ အရင်က တစ်ခါမှမလုပ်ဖူးတဲ့အတိုင်း သူဟာ ဒီအရာတွေအားလုံးကို ဖော်ပြရင်း ထုတ်ဖော်ရင်းနဲ့ ဒီအရာတွေအားလုံးကို လူသားမျိုးနွယ်ကို ထိန်းချုပ်ခြင်းမရှိဘဲ ဖွင့်ပြပါတယ်။ ဒါကြောင့် စကြဝဠာတစ်ခုလုံးမှာ ဘုရားသခင်က စီမံဖို့နဲ့ ကယ်တင်ဖို့ ဦးတည်ထားတဲ့ လူတွေကလွဲပြီး သူနဲ့ ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့၊ ဘုရားသခင်နဲ့ သိပ်နီးကပ်တဲ့ ဖန်ဆင်းခံတစ်ခုမှ မရှိခဲ့ပါဘူး။ သူ့နှလုံးသားထဲမှာ သူစီမံခန့်ခွဲပြီး ကယ်တင်ချင်တဲ့ လူသားမျိုးနွယ်ဟာ အရေးကြီးဆုံးဖြစ်ပြီး အရာအားလုံးထက် ဒီလူသားမျိုးနွယ်ကို သူတန်ဖိုးထားတယ်။ သူတို့အတွက် ကြီးမားတဲ့အဖိုးအခကို ပေးဆပ်ခဲ့ပေမဲ့၊ သူတို့ကြောင့် သူဟာ အဆက်မပြတ်နာကျင်ရပြီး မနာခံခြင်းတွေကို ခံရပေမဲ့၊ သူတို့ကို လုံးဝ မစွန့်လွှတ်ဘဲ ညည်းတွားခြင်း သို့မဟုတ် နောင်တရခြင်းမရှိဘဲ သူ့ရဲ့အလုပ်ကို မမောမပန်းဘဲ ဆက်လက်လုပ်ဆောင်ခဲ့တယ်။ ဒါဟာ အနှေးနဲ့အမြန် လူသားတွဟာ တစ်နေ့မှာ သူ့ရဲ့ခေါ်ဆောင်ခြင်းမှာ နှိုးထလာပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေအားဖြင့် ထိတွေ့ခံစားရမယ်၊ သူဟာ ဖန်ဆင်းခြင်းရဲ့ အရှင်သခင် ဖြစ်တယ်ဆိုတာကို သိမြင်ပြီး သူ့ထံပါးကို ပြန်လာမယ်ဆိုတာကို သိတာကြောင့်ဖြစ်ပါတယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ

ဘုရားသခင်ဟူသည်ကိုမသိသော၊ ဖန်ဆင်းရှင်ဟူသည်ကို မသိသော၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်ရမည်ကို မသိသော၊ ဘုရားသခင်ကို အဘယ်ကြောင့် ကျိုးနွံနာခံရန်လိုအပ်သည်ကို မသိသော လူသားတို့ကို စာတန်လက်ထဲ လွှဲအပ်ပြီး စာတန်၏အကျင့်ပျက်မှုကို လွှတ်ထားပေးရန်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ထို့နောက် လူသားသည် ဘုရားသခင်ကို လုံးဝကိုးကွယ်၍ စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ကယ်နုတ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်တို့အားလုံးမှာ ဒဏ္ဍာရီပုံပြင်ဆန်ပြီး စိတ်ရှုပ်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် ဤစကြဝဠာအနှံ့တွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ခဲ့သည်ကို သိရန်မဆိုထားနှင့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အချို့အတွင်း လူသားအပေါ် မည်မျှဖြစ်ခဲ့သည်ကို လုံးဝမသိသဖြင့် ဤသည်ကို ဒဏ္ဍာရီကဲ့သို့ ထင်ရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏တာရှည်မခံသော မျက်လုံးများမှ မမြင်နိုင်အောင် တားဆီးထားသည့်အတွက် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာလောကထက် ကျော်လွန်၍တည်ရှိပြီး ပို၍ပင်အံ့သြစရာကောင်းကာ ပို၍ကြောက်စရာကောင်းသည့် ကမ္ဘာလောကကို ပြည့်စုံစွာ နားမလည်နိုင်ခြင်း ကြောင့်ဖြစ်သည်။ လူသားအတွက် ဤသည်မှာ နားမလည်နိုင်စရာဟု ထင်ရသည်။ ဤသည်မှာလည်း လူသားသည် လူသားတို့ကို ဘုရားသခင်ကယ်တင်ခြင်း၏ အရေးပါပုံနှင့် ဘုရားသခင်စီမံခန့်ခွဲမှုအမှုတော်၏ အရေးပါပုံတို့ကို နားမလည်ခြင်း၊ ဘုရားသခင်သည် လူသားတို့ကို အဆုံးတွင် မည်သို့ဖြစ်စေချင်သည်ကို နားမလည်ခြင်းတို့ကြောင့်ဖြစ်သည်။ လူသားတို့သည် အာဒံနှင့် ဧဝတို့နှင့် အမျိုးတော်ကာ စာတန်၏ ဖျက်ဆီးမှု မခံရသူများလား။ မဟုတ်ပါ။ ဘုရားသခင်၏စီမံခန့်ခွဲမှုသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျိုးနွံနာခံသည့်လူတစ်စု ရရှိရန်အတွက်ဖြစ်သည်။ ဤလူသားတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသော်လည်း စာတန်ကို ၎င်း၏ဖခင်ဟု မမြင်တော့ပါ။ စာတန်၏ အကျည်းတန်သည့် မျက်နှာကိုသိကာ ၎င်းကိုငြင်းပယ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရန် ဘုရားသခင်၏ ရှေ့တော်သို့ လာရောက်သည်။ မည်သည်က အကျည်းတန်ကြောင်း၊ ၎င်းသည် သန့်ရှင်းသည့် အရာနှင့် မည်သို့ကွာကြောင်းကို သူသိပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ဆိုးသွမ်းမှုတို့ကို သူသိသည်။ ဤသို့သော လူသားတို့သည် စာတန်အတွက် အလုပ်မလုပ်တော့ပါ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်တော့ပါ၊ သို့တည်းမဟုတ် စာတန်ကို အမြတ်တနိုး တန်ဖိုးမထားတော့ပါ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရရှိလိုက်သည့် လူတစ်စုဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လူသားများကို စီမံခန့်ခွဲမှု၏ အရေးပါသည့်အချက်ဖြစ်သည်။…

……

ဘုရားသခင်၏မေတ္တာနှင့် ကရုဏာသည် သူ၏စီမံခန့်ခွဲမှုအမှုတော်၏ အသေးစိတ် တစ်ခုစီအတွင်း စိမ့်ဝင်ပျံ့နှံ့သွားပြီး လူသားများ ဘုရားသခင်၏စေတနာကို နားလည်နိုင်ခြင်းရှိမရှိကို အမှုမပြုဘဲ သူသည် ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုတော်ကို မမောမပန်း ဆောင်ရွက်နေဆဲ ဖြစ်သည်။ ဘုရားသခင်၏အစီအမံကို လူသားတို့မည်မျှနားလည်သည်နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်အမှုတော်၏ အကျိုးကျေးဇူးများနှင့် အကူအညီကို လူတိုင်းနားလည်နိုင်ပါသည်။ ယနေ့ သင်သည် ဘုရားသခင်ကပေးသော မေတ္တာကိုသော်လည်းကောင်း၊ ဘုရားသခင်ကပေးသော အသက်ကိုသော်လည်းကောင်း၊ မခံစားရဘဲ ရှိကောင်းရှိနေပါမည်။ သို့သော် ဘုရားသခင်ကို သင်မစွန့်လွှတ်သရွေ့ သမ္မာတရားကို ရှာဖွေရန် သင်၏ဆုံးဖြတ်ချက်အပေါ် အရှုံးမပေးသရွေ့ ဘုရားသခင်၏အပြုံး သင့်အပေါ်ထင်ရှားသည့်တစ်နေ့ အမြဲ ရှိနေပါမည်။ အကြောင်းမှာ ဘုရားသခင်အမှုတော်စီမံခန့်ခွဲမှု၏ ရည်မှန်းချက်မှာ စာတန်၏ ပိုင်နက်အတွင်း ရောက်နေသောလူသားတို့ကို ကယ်တင်ရန်၊ စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ဘုရားသခင်ကိုဆန့်ကျင်သော လူသားတို့ကို ပစ်မထားရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်" မှ

ဘုရားသခင်သည် မည်သည့်အရာကို ပြုသည်ဖြစ်စေ မည်သည့်နည်းလမ်းဖြင့် သူပြုသည်ဖြစ်စေ၊ မည်မျှ ကုန်ကျသည် ဖြစ်စေ၊ သူ၏ရည်မှန်းချက်မှာ မည်သည့် ရည်မှန်းချက် ဖြစ်ပါစေ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအတွက် ဘုရားသခင်၏အလိုကို လူသားထဲ၌ ပုံသွင်းပေးရန် ဖြစ်သည်၊ တစ်နည်းဆိုသော် ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို လူသားထဲ၌ သူ၏ခြေလှမ်းများနှင့်အညီ ပုံသွင်းပေးကာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေပြီး ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ့အားနာခံစေသဖြင့် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ခြင်းကို ရရှိစေသည်၊ ထိုအရာ အားလုံးမှာ ဘုရားသခင်ပြုသမျှထဲ၌ သူ၏ရည်ရွယ်ချက်၏ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားသော ရှုထောင့်မှာ စာတန်သည် အဖြည့်ခံဖြစ်ပြီး ဘုရားသခင်၏ အလုပ်ထဲ၌ အစေခံသောအရာ ဖြစ်သောကြောင့် လူသားသည် စာတန်ထံ မကြာခဏပေးခြင်းကို ခံရခြင်း ဖြစ်သည်၊ ဤသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများအကြားတွင် စာတန်၏ ကောက်ကျစ်စဉ်းလဲမှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို လူတို့မြင်စေရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အနုတ်လက္ခဏာဖြစ်သောအရာကို သိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေရန် ဖြစ်သည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုနှင့် နာခံမှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းအပေါ် ကျေးဇူးတော်ချီးမွမ်း၍ စာတန်၏ တိုက်ခိုက်မှုများနှင့် စာတန်၏ စွဲစွပ်မှုများကို အောင်မြင်သည်အထိ ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စာတန်၏ စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ ၎င်းတို့ကိုယ်ကို တဖြည်းဖြည်း လွတ်မြောက်စေခြင်း ဖြစ်သည်၊ ထိုအခါမှသာလျှင် ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခြင်း ဆိုသည်မှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲမှ အစာ မဟုတ်တော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်၊ စာတန်သည် ၎င်းတို့အား မျိုချမည့်အစား စွန့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ လူများမှာ စုံလင်ခြင်း၊ ၎င်းတို့၌ ယုံကြည်ခြင်း၊ နာခံခြင်းရှိ၍ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်ဖြစ်စေပြီး အပြတ်အသတ် အနိုင်ယူကြသည်။ ဘုရားသခင် နောက်သို့ လိုက်ရာတွင် ၎င်းတို့၏ခံယူချက်အပြင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ရယူခြင်းကို အစစ်အမှန်ခံရပြီး ၎င်းသည် လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂" မှ

လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက် ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင် အပ်နှင်းပေးခဲ့သော အရာဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ငါသည် လူများကို အပြည့်အဝ သိမ်းပိုက်မည်ဆိုခြင်းကို လူတို့မသိလောက်သကဲ့သို့ လူသားမျိုးနွယ်ထဲမှ ပုန်ကန်သူများကို သိမ်းပိုက်ခြင်းသည် စာတန်အပေါ် ငါအနိုင်ရခြင်း၏အထောက်အထားဖြစ်သည် ဆိုခြင်းကိုလည်း သတိမပြုမိကြလောက်ပေ။ သို့သော် ငါ၏ရန်သူသည် ငါနှင့်စစ်ပွဲဖြစ်စဉ်က၊ စာတန်၏ ချုပ်နှောင်ဖမ်းသွားခြင်း ခံခဲ့ရပြီး ၎င်း၏သားသမီးများနှင့် ၎င်း၏အိမ်ကိုစောင့်ပေးရသော သစ္စာရှိ အစေခံကျွန်များအဖြစ် ပြောင်းလဲခြင်းခံလိုက်ရသော သူများအပေါ် ငါသိမ်းပိုက်သူ ဖြစ်မည်ဆိုခြင်းကို ငါမိန့်ခဲ့ပြီးသားပင်။… ရှေးကတည်းက စာတန်၏ ခြေအောက်၌ နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်။ ထို့ထက်ပို၍ပင် စာတန်ကို သိသာထင်ရှားစွာ သက်သေခံပေးသော စာတန်၏ ပြယုဂ်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ကျင့်တရားပျက်နေသော အညစ်အကြေးကောင်များ၊ ပျက်စီးနေသော လူမိသားစု၏ သားသမီးများသည် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ ဘုန်းအာနုဘော်သည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုဆန့်ကျင်သည့်ရန်သူသည် ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ကာ ငါ၏ဘုန်းအာနုဘော်၊ ငါ၏အသက်ရှင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို သိမ်းယူကာ ညစ်ပေစေခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ဘုန်းအာနုဘော်ကို လုယူသွားခဲ့ကာ စာတန်၏ အရုပ်ဆိုးအကျည်းတန်မှုများနှင့် အကြီးအကျယ်ဖွဲ့နှောင်ထားသော အဆိပ်များ၊ ကောင်း မကောင်းကို သိကျွမ်းစေသော အပင်၏အသီးမှ အရည်တို့နှင့် လူသားကို ပြည့်ဝစေခဲ့ပြီ။… ငါ၏ ဘုန်းအာနုဘော်ကို ငါပြန်သိမ်းမည်၊ လူသားများအကြားတွင် တည်ရှိသည့် ငါ၏သက်သေကို ပြန်သိမ်းမည်၊ ပြီးလျှင် တစ်ချိန်က ငါနှင့် သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို ကြာမြင့်စွာကတည်းက ပေးခဲ့သော အရာအားလုံးကို ပြန်သိမ်းမည်၊ လူသားမျိုးနွယ်ကို ငါသည် လုံးလုံးလျားလျား သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ဘုန်းအာနုဘော်ကို ခံယူထားသော သန့်ရှင်းမြင့်မြတ်သည့် လူများဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ သူတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းခံရဖို့လည်း မဟုတ်ခဲ့ဘဲ စာတန်၏ အဆိပ်အတောက်များ စိုးစဉ်းမျှပင် မပါသည့် ငါ၏ သရုပ်သကန်သက်သက်ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်နှင့် ဖန်ဆင်းခဲ့သော၊ အခြားအရာနှင့် မသက်ဆိုင်ဘဲ ငါချစ်မြတ်နိုးသည့် သန့်ရှင်းသောသူဖြစ်သော အရာကိုသာ ငါအလိုရှိကြောင်း လူသားမျိုးနွယ်ကို ငါသိစေမည်။ ထို့အပြင် ထိုသူများကို ငါကျေနပ်အားရပြီး သူတို့ကို ငါ၏ ဘုန်းအာနုဘော်အဖြစ် မှတ်ယူမည်။ သို့သော် ငါအလိုရှိသောအရာသည် စာတန်၏ဖျက်ဆီးခြင်း ခံရ၍ ယနေ့ စာတန်နှင့် သက်ဆိုင်ကာ ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ လူ့လောက၌ရှိနေသော ငါ၏ ဘုန်းအာနုဘော်ကို ပြန်သိမ်းရန် ငါရည်ရွယ်သောကြောင့် စာတန်ကို ငါအောင်နိုင်ခြင်း၏ သက်သေအဖြစ် လူသားမျိုးနွယ်ထဲက ရှင်ကျန်သူများကို ငါအပြည့်အဝ သိမ်းပိုက်မည်။ ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု အရာအဖြစ် ငါမှတ်ယူမည်။ ဤသည်မှာ ငါ၏အလိုဆန္ဒတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း" မှ

ဘုရားသခင်သည် ကိုယ်တော်တိုင် ယနေ့နေ့ရက်သို့ ဦးဆောင်ခဲ့ရသည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ကိုယ်တော်သည် ထို့နောက်တွင် လူသားတို့ကို ကယ်တင်ခဲ့ပြီး လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့သည်။ အဆုံးတွင် ကိုယ်တော်သည် လူသားတို့ကို အောင်နိုင်ရမည်၊ လူသား အလုံးစုံကို ကယ်တင်ရမည်၊ သူတို့၏ မူလရုပ်ဆင်းသဏ္ဍာန်သို့ သူတို့ကို ပြန်လည် ရယူရလိမ့်မည်။ ယင်းအလုပ်သည် ကိုယ်တော် အစမှ အဆုံးထိ လူသားအား သူ၏ မူရင်း ရုပ်သွင်နှင့် သူ၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြန်လည်ရယူခြင်းအလုပ်ကို ထိတွေ့လုပ်ဆောင်ခဲ့သော အလုပ်ဖြစ်သည်။ ကိုယ်တော်သည် ကိုယ်တော်၏ နိုင်ငံတော်ကို တည်ထောင်လိမ့်မည်ဖြစ်ပြီး လူ၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြန်လည် ရယူလိမ့်မည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်၏ အခွင့်အာဏာကို ပြန်လည်ရယူလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများအားလုံးအကြားတွင် သူ့အခွင့်အာဏာကို ပြန်လည် ရယူလိမ့်မည်။ လူသည် စာတန်၏ ဖျက်စီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပျောက်ဆုံးခဲ့ပြီး ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတွင် ရှိသင့်သည့် အလုပ် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူ ဖြစ်လာခဲ့သည်။ စာတန်၏ လွှမ်းမိုးမှုအောက်တွင် လူသည် နေထိုင်ခဲ့ပြီး စာတန်၏ အမိန့်များကို လိုက်လျှောက်ခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်တွင် သူဖန်ဆင်းသော သတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ကာ ထိုထက်ပို၍ ကိုယ်တော် ဖန်ဆင်းသော သတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသည် ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူ၏ စိတ်နှလုံးအတွက် စံပြဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူ၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏။ ဆိုလိုသည်မှာ ကိုယ်တော်သည် လူသားကို ဖန်ဆင်းခြင်း အဓိပ္ဗာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားကို ကိုယ်တော်ဖန်ဆင်းခြင်း၏ အဓိပ္ဗာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြန်လည်ရယူပြီး လူ၏ ပျက်စီးသော သဘောထားကို ပယ်ဖျက်ပစ်ရမည်။ လူကို စာတန်ထံမှ ပြန်လည် ရယူရန် ကိုယ်တော်သည် လူကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ ကိုယ်တော်သည် လူသား၏ မူလ ရုပ်ဆင်းသဏ္ဍာန်ကို တဖြည်းဖြည်း ပြန်လည် ရယူနိုင်ပြီး လူ၏ မူလ လုပ်ငန်းကို ပြန်လည်ရယူနိုင်ကာ နောက်ဆုံးတွင် ကိုယ်တော်၏ နိုင်ငံတော်ကို ပြန်လည် ရယူနိုင်လိမ့်မည်။ လူ သားသည်ဘုရားသခင်အား ပိုမို ကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်း မရှိသော သူများ၏ အဆုံးစွန်သော ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့သည် ဖြစ်ရာ ကိုယ်တော်သည် လူကို ကိုယ်တော့်အား ကိုးကွယ်ရန် လုပ်လိမ့်မည်၊ ကိုယ်တော်သည် လူ၏ မူလ အလုပ်ကို ပြန်လည် ရယူလိုသည်ဖြစ်ရာ ကိုယ်တော်သည် ယင်းကို ပြီးပြည့်စုံစွာ ပြန်လည်ရယူပြီး မည်သည့် အစွန်းအထင်းမှ ရှိစေမည်မဟုတ်ပေ။ ကိုယ်တော်၏ အခွင့်အာဏာကို ပြန်လည်ရယူခြင်း ဆိုသည်မှာ လူကို ကိုယ်တော်အားကိုးကွယ်စေပြီး လူကို ကိုယ်တော်အား နာခံအောင် လုပ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် လူကို ကိုယ်တော်အားဖြင့် ရှင်သန်အောင် လုပ်ပြီး ကိုယ်တော်၏ အခွင့်အာဏာကြောင့် ကိုယ်တော်၏ ရန်သူများ ပျက်စီးအောင် လုပ်လိမ့်မည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် ကိုယ်တော်၏ နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင်ဆက်လက်လုပ်ဆောင်ကာ လူသား၏ မည်သည့် ဆန့်ကျင်မှုမှ မရှိဘဲ လုပ်ဆောင်လိမ့်မည်။ ကိုယ်တော် တည်ထောင်လိုသော နိုင်ငံတော်သည် ကိုယ်တော်၏ ကိုယ်ပိုင် နိုင်ငံတော်ဖြစ်သည်။ ကိုယ်တော်ဖြစ်စေလိုသောလူသားသည်ကိုယ်တော့်ကို ကိုးကွယ်သူများ၊ ကိုယ်တော်ကို အကြွင်းမဲ့ နာခံသူများ၊ ကိုယ်တော်၏ ဘုန်းထင်ရှားသူများ ဖြစ်သည်။ ကိုယ်တော်သည် ပျက်စီးနေသော လူသားတို့ကို ကယ်တင်ခြင်း မပြုပါက လူသားကို ကိုယ်တော်ဖန်ဆင်းခြင်း၏ အနှစ်သာရမှာ ဘာမှ ရှိမည်မဟုတ်၊ ကိုယ်တော်သည် လူတို့အကြား အာဏာဆက်လက် တည်ရှိတော့မည်မဟုတ်ဘဲ ကိုယ်တော်၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ ကိုယ်တော်ကို နာခံခြင်း မရှိသော ရန်သူများကို ကိုယ်တော် မဖျက်စီးပါက ကိုယ်တော်သည် ကိုယ်တော်၏ ပြီးပြည့်စုံသော ဘုန်းတန်ခိုး အာနုဘော်ကို ရယူနိုင်တော့မည် မဟုတ်သလို ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်၏ နိုင်ငံတော်ကိုလည်း တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။ ယင်းသည်ကိုယ်တော်၏အလုပ် ပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ ကိုယ်တော့်ကို နာခံခြင်း မရှိသောသူတို့အား လုံးဝ ဖျက်စီးရန်၊ နှင့် နာခံသူတို့အား အနားယူခြင်းသို့ရောက်ရန်ပြီးပြည့်စုံအောင်ပြုခြင်းခံရသောသူများကို ဆောင်ယူရန်အစရှိသော ကိုယ်တော်၏ ကြီးမြတ်သော အောင်မြင်တော်မူခြင်း၏ ပြည့်စုံခြင်း၏ သင်္ကေတများ ဖြစ်သည်။ လူသားတို့ကို သူတို့၏ မူလ ရုပ်ဆင်းသဏ္ဍာန်သို့ ပြန်လည် ရယူပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ ဘုရားသခင်သည် ကမ္ဘာမြေကြီး ပေါ်တွင် ကိုယ်တော့်ကို ကိုးကွယ်သူ လူအုပ်စုကို လက်ခံပြီး ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော့်ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီး ဖြစ်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို ကိုယ်တော်ရရှိလိမ့်မည်ဖြစ်ပြီး ကိုယ်တော့်ကို ဆန့်ကျင်သူတို့ကို ကိုယ်တော်သည် အဆုံးစွန်အလုံးစုံ ဖယ်ရှားလိမ့်မည်။ ယင်းသည် ကိုယ်တော်၏ လူသားကို ဖန်ဆင်းခြင်း၏ မူလ ရည်မှန်းချက်ကို ပြန်လည် ရရှိစေလိမ့်မည်။ ယင်းသည် အရာအလုံးစုံကို ဖန်ဆင်းခြင်း၏ မူလ ကိုယ်တော်၏ မူလရည်မှန်းချက်ကို ပြန်လည် ရရှိစေလိမ့်မည်ဖြစ်ပြိး ယင်းသည် ကမ္ဘာမြေကြီးပေါ်တွင် အရာအလုံးစုံ အကြား ကိုယ်တော်၏ အာဏာနှင့် ကိုယ်တော်၏ ရန်သူများအကြား ကိုယ်တော်၏ အာဏာကိုလည်း ပြန်လည်ရရှိစေလိမ့်မည်။ ယင်းတို့သည် ကိုယ်တော်၏ လုံးဝ ဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် အနားယူခြင်းသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းသို့ လူသားနှင့် အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့သည် အတူတကွ မျှဝေသောအဆုံးမရှိသော အသက်တာသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်အား ဆန့်ကျင်မှုအားလုံး ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် ကိုယ်တော် ကယ်တင်တော်မူသော လူများသာလျှင် ကျန်ရှိလိမ့်မည်။ ကိုယ်တော်၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်" မှ

သူ၏နှစ်ပေါင်း ၆၀၀၀ လုပ်ငန်းများကို လက်ရှိအချိန်အထိ လုပ်ဆောင်ပြီးနောက်မှာ ဘုရားသခင်သည် သူ၏ ပြုမူလုပ်ဆောင်မှု အများအပြားကို ဖွင့်ပြပြီး ဖြစ်သည်။ အဓိကမှာ စာတန်ကို ချေမှုန်းဖို့နှင့် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ဖို့ဖြစ်သည်။ သူသည် ဤအခွင့်အရေးကို အသုံးပြုပြီး ကောင်းကင်ဘုံ၌ရှိသည့် အရာအားလုံး၊ မြေကြီးပေါ်မှာ ရှိသည့်အရာအားလုံး၊ ပင်လယ်ထဲမှာရှိသည့် အရာအားလုံးနှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် ဘုရားသခင်၏ ပြုမူဆောင်ရွက်မှုများ အားလုံးကို မြင်စေဖို့ အခွင့်ပေးခဲ့သည်။ သူသည် စာတန်ကို ချေမှုန်းဖို့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး လူများက စာတန်ကိုအောင်နိုင်သည့် သူ၏ဉာဏ်ပညာကို ချီးမြှောက်ဖို့၊ သူ့ကို ချီးမွမ်းနိုင်စေရန် ခွင့်ပြုဖို့နှင့် လူသားမျိုးနွယ် အပေါ်မှာ သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့ ပြုလုပ်ခဲ့သည်။ ကမ္ဘာပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်အတွင်းရှိသည့်အရာအားလုံးသည် သူ၏ဘုန်းကို သယ်ဆောင်လာပြီး သူ၏အနန္တတန်ခိုးနှင့် ပြည့်စုံခြင်းနှင့် သူ၏ပြုမူဆောင်ရွက်မှုများကို ချီးမွမ်းပြီး သူ၏ သန့်ရှင်းသည့် အမည်နာမကို ဟစ်အော်ကြသည်။ ဤအရာသည် စာတန်ကို သူချေမှုန်းနိုင်ခြင်း၏ သက်သေဖြစ်သည်။ စာတန်ကို သိမ်းပိုက်အောင်နိုင်ခြင်း၏ သက်သေ ဖြစ်သည်။ ပိုပြီးအရေးကြီးသည့်အရာက ၎င်းသည် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း သက်သေပင် ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းမှု အားလုံးသည် သူ၏ဘုန်းကို သယ်ဆောင်လာသည်။ သူ၏ရန်သူကို ချေမှုန်းပြီး အနိုင်ရကာ ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြသည်။ ကြီးကျယ်သည့် အောင်နိုင်သူ ရှင်ဘုရင် အနေနှင့် ချီးမြှောက်ကြသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းဖို့သက်သက်ပင် မဟုတ်ချေ။ ထို့ကြောင့် သူသည် နှစ်ပေါင်း ၆၀၀၀ ကြာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် စာတန်ကို အောင်နိုင်ခြင်းကို အသုံးပြုခဲ့သည်။ သူသည် သူ၏ပြုမူဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းတော် အားလုံးတို့ကို ဖွင့်ပြဖို့အတွက် စာတန်ကိုအောင်နိုင်ခြင်းကို အသုံးပြုသည်။ သူသည် ဘုန်းကို ရရှိမည်ဖြစ်ပြီး ကောင်းကင်တမန်အားလုံးသည် သူ၏ ဘုန်းအားလုံးကို မြင်ကြရမှာဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသည့် တမန်များ၊ ကမ္ဘာမှာရှိသည့် လူသားများနှင့် ကမ္ဘာမှာ ရှိသည့် ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းကို မြင်ကြရမည်ဖြစ်သည်။ ဤအရာသည် သူလုပ်ဆောင်သည့် အလုပ်ပင် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးမှာရှိသည့် သူ၏ ဖန်ဆင်းထားသော အရာများသည် သူ၏ဘုန်းအားလုံးကို မြင်ရမှာ ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အောင်နိုင်ပြီးနောက်မှာ အောင်နိုင်သူအဖြစ် ပြန်လာပြီး လူသား မျိုးနွယ်ကို သူ့ကို ချီးမွမ်းစေမှာ ဖြစ်သည်။ ထို့ကြောင့်သူသည် ဤရှုထောင့်နှစ်ခုလုံးကို အောင်မြင်စွာ ရရှိမည်ဖြစ်သည်။ အဆုံးမှာ လူသားမျိုးနွယ် အားလုံးကို သူသည် သိမ်းပိုက်အောင်နိုင်မည် ဖြစ်ပြီး ခုခံပုန်ကန်သည့် သူအားလုံးကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်နှင့် သက်ဆိုင်သည့်သူအားလုံးကို ဖယ်ရှားပစ်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်" မှ

လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အတိုင်း ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ မည်သည့် အတိုင်းအတာအထိ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း လူသားအားလုံး သိဖို့လိုသည်။ လူတို့သည် အသက်တာ၌ ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလျက် နေကြသော်လည်း ငါလုပ်ဆောင်သည့် အလုပ်၏ အဓိက ရည်ရွယ်ချက်ကို နားမလည်လျှင် အသက်တာ၌ ငါနှင့်အတူ လျှောက်လှမ်းခြင်းသည် အလဟဿ ဖြစ်သည် မဟုတ်လော။ ငါ့နောက်သို့ လိုက်သောသူများသည် ငါ့အလိုကို သိသင့်သည်။ ငါသည် လောက၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်နေသေးသည်။ ငါ့အလုပ်ထဲတွင် ပါဝင်သည့်အရာများမှာ အထူးတလည် များပြားလှသော်လည်း ငါ့အလုပ်၏ ရည်ရွယ်ချက်သည် ယနေ့တိုင် မပြောင်းလဲသေးပါ။ ဥပမာ- ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း လူသားကို စုံလင်စေပြီးသောအခါ၌ ငါသည် သူ့ကို ကယ်တင်ဖို့၊ ငါ၏ သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏ လုပ်ငန်းကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး အကြား၌ ချဲ့ထွင်ဖို့အတွက် ထိုသို့ လုပ်ဆောင်လိုခြင်း ဖြစ်သည်။… နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်" မှ

ယခင်က:လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ