အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၃။ စာတန်၏ ချည်နှောင်ခြင်းများကို လွှတ်ချခြင်းသည် လွတ်မြောက်ခြင်းဖြစ်သည်

မိုမို ဟီပိန်းမြို့၊ အန်ဟွိုင်ဒေသ

ကျွန်မ ဘုရားသခင်ကို မယုံကြည်မီက မည်သည့်အရာကိုပြုသည်ဖြစ်စေ နောက်မှာကျန်ခဲ့ခြင်း မျိုး မည်သည့်အခါမျှ မဖြစ်လိုပါ။ ကျွန်မက အားလုံးထက်သာနေသရွေ့ မည်သည့် အခက်အခဲမျိုးကိုမဆို လက်ခံရန် ဆန္ဒရှိပါသည်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင် ကျွန်မ၏ သဘောထားက ထိုအတိုင်းသာဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်"အနာမခံရင် အသာမစံရ ဘူး"ဆိုသည့် စကားပုံကို ကျွန်မ ခိုင်မာစွာယုံကြည်ခဲ့ပြီးလျှင် ကျွန်မ၏ ထိုစိတ်သဘောထားကို ကျွန်မ၏ တွန်းအားအတွက် သက်သေအနေဖြင့် မြင်ခဲ့သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်မအား သမ္မာတရားကိုဖွင့်ပြသည့်အခါတွင် နောက်ဆုံး၌ ကျွန်မသည် စာတန်ချည်နှောင်မှု အောက်တွင် အသက်ရှင်နေထိုင်နေကြောင်း၊ သူ့၏ အုပ်စိုးမှု အောက်တွင် နေထိုင်နေကြောင်း ကျွန်မ သိမြင်ခဲ့ရသည်။

များမကြာမီအချိန်က ကျွန်မနှင့် တွဲပြီးအလုပ်လုပ်နေသည့် အစ်မတစ်ယောက်ကို ခေါင်းဆောင် နေရာတွင် တာဝန်ထမ်းဆောင့်ရန် စေလွှတ်ဖို့အတွက် အသင်းတော်က အစီအစဉ်ရေးဆွဲခဲ့သည်။ ထိုသတင်းကို ကျွန်မကြားရသည့်အချိန်တွင် ကျွန်မ၏နှလုံးသားသည် ဝမ်းနည်းခဲ့ရပါသည်။ ကျွန်မတို့ကို အယ်ဒီတာများအနေဖြင့် ပြန်ပြီးနေရာမချပေးမီက ကျွန်မတို့နှစ်ယောက်လုံးသည် ခေါင်းဆောင် တာဝန်များကို ထမ်းဆောင်ခဲ့ရပါသည်။ ယခုအခါတွင် ကျွန်မ၏ အစ်မသည် ခေါင်းဆောင်နေရာကို ပြန်သွားပြီး အကန့်အသတ်မရှိသည့် တိုးတက်နိုင်ခြေ အလားအလာ့များဖြင့် ဘုရားသခင်ကို အစေခံတော့မည်ဖြစ်သော်လည်း ကျွန်မမှာမူ ကျွန်မ၏ တာဝန်များကို မထင်မရှားဖြင့် ထမ်းဆောင်ရင်း စားပွဲတစ်ခုတွင် ကပ်ကျန်နေဆဲသာဖြစ်ပါသည်။ ထိုနေရာတွင် မည်သို့သော အနာဂတ်ရှိမည်နည်း။ ပြန်စဉ်းစားကြည့်သည့်အခါတွင် ကျွန်မသည် ထိုရှေးစကားပုံတစ်ခုကို သတိရမိပါသည်။ "အောင်မြင်မှုဆီသို့သွားရာ မတူညီတဲ့လမ်းကြောင်း သန်းပေါင်းများစွာရှိတယ်။" ဟု ဖြစ်ပါသည်။ ကျွန်မ၏တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်သရွေ့ ကျွန်မလည်း အောင်မြင်နိုင်ပါသည်။ သမ္မာတရားနောက်ကိုလိုက်ရာတွင် ကျွန်မ၏ အားထုတ်မှုများကို နှစ်ဆမြှင့်တင်ဖို့သာ လိုအပ်ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်သွယ် ပြောဆိုနိုင်ရန် ကျွန်မက တရားဒေသနာများကို တည်းဖြတ်ရာ၌ အာရုံစိုက်လျှင်၊ ခေါင်းဆောင်များ က ကျွန်မသည် သမ္မာတရားကို နားလည်ကြောင်း သိကောင်းသိလာနိုင်ပါသည်။ ထို့နောက်တွင် ၎င်းတို့သည် ကျွန်မကို ရာထူးတိုးမြှင့် ပေးပြီးလျှင် ကျွန်မ၏ အနာဂတ်သည်လည်း တောက်ပလာလိမ့်မယ်။ ဤကဲ့သို့ သိမြင်ပြီးနောက်တွင် တိမ်ညိုတိမ်မည်းသည် ပြန်လည်သစ်လွင်လာသည့် စိတ်ပိုင်းဖြတ်ချက်များ ဝင်ရောက်နေရာယူရန် စတင်ဆုတ်ခွာလာသကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်မ အလုပ်ထဲတွင် နှစ်မြုပ်ပြီး အလုပ်မရှုပ်သည့်အချိန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကာ ခဏတာပင် မပျင်းရိဝံ့ခဲ့ပါ။

တစ်နေ့တွင် အောက်ပါစာပိုဒ်ကို ဒေသနာတစ်ခုတွင် တွေ့ရှိခဲ့ရပါသည်။ "ဘုရားသခင်နောက် ကိုလိုက်ခြင်းနဲ့ သမ္မာတရားကို ကြိုးစားအားထုတ် ခြင်းကနေ သင့်ကို ကန့်သတ်တဲ့ အရာရာတိုင်းဟာ စာတန်ရဲ့ နှောင်ကြိုးတွေထဲက တစ်ခုဖြစ်တယ်။ သင်ဟာ စာတန်ရဲ့ နှောင်ကြိုးတွေထဲက တစ်ခုထဲနဲ့ ချည်နှောင်ခံရရင်ပဲ သင်ဟာ စာတန်ရဲ့အုပ်စိုးမှုအောက်မှာ သင့်အသက်တာကို ရှင်သန်နေထိုင်နေတာ ဖြစ်ပါတယ်။" (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ (၃) ထဲမှ "ဘုရားသခင်၏ အစေခံများ ပြီးဆုံးအောင် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်တာဝန်များ") ဤအချက်ကို ကျွန်မ ကြားပြီးနောက်တွင် "စာတန်ရဲ့ ဘယ်နှောင်ကြိုးအောက်မှာ ကျွန်မ အသက်ရှင်နေထိုင်နေတာလဲ။ သူ့ရဲ့ ဘယ်အဆိပ်က သမ္မာတရားနောက်ကို ကျွန်မလိုက်ရာမှာ အနှောင့်အယှက် ဖြစ်နေစေတာလဲ။" ဟု မနေနိုင်ပဲ မိမိကိုယ်ကို မေးမြန်းမိပါသည်။ ဤမေးခွန်းကို ကျွန်မ ဆင်ခြင်တွေးတောလိုက်သည့် အချိန်တွင် ကျွန်မ၏ လတ်တလောအခြေအနေကို ကျွန်မ သတိရမိပါသည်။ ကျွန်မအစ်မသည် သူ၏ နေရာအသစ်သို့ စေလွှတ်ခြင်း ခံရပြီးနောက်တွင် ကျွန်မသည် မလှုပ်မယှက်ရှိနေခဲ့ခြင်း မဟုတ်ပါ။ အမှန်မှာမူ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၊ ဘုရားသခင်ကို ဆုတောင်းခြင်းတို့တွင် ပိုပြီး ကိုင်းရှိုင်းလာကာ ကျွန်မ၏ တာဝန်ကိုလည်း တက်ကြွစွာဖြင့် ထမ်းဆောင်ခဲ့ပါသည်။ အပေါ်ယံ မျက်နှာပြင်တွင် ကျွန်မသည် ယခင်ကထက် သမ္မတရားကို ပိုမိုဇွဲကောင်းစွာဖြင့် လိုက်ရှာဖွေသည်ဟု ထင်မြင်ရသော်လည်း၊ ကန့်လန့်ကာကို ခွာထုတ်ပြီး၊ သေချာစွာစီစစ်မည်ဆိုပါက ကျွန်မသည် နောက်ကျကျန်ခဲ့ခြင်းကို လက်ခံနိုင်စွမ်း ရှိရခြင်းမှာ တစ်နေ့တွင် ကျွန်မသည် ကျော်ကြားထင်ရှားကာ၊ လူတိုင်းအပေါ်တွင် ရပ်တည်နိုင်ရမည်ဆိုသည့် ရည်မှန်းချက်တစ်ခုကို ထားရှိသောကြောင့် ဖြစ်ပါသည်။ အကောင်းတကာ့ အကောင်းဆုံးဖြစ့် ကျွန်မ၏ လောင်မြိုက်နေသည့် ဆန္ဒသည်သာလျှင် ကျွန်မသည် မတုန်မလှုပ်မဖြစ်ပဲ သမ္မာတရားနောက်ကို ပို၍ တက်ကြွစွာဖြင့် လိုက်လျှောက်ရသည့် အကြောင်းရင်း ပင်ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မ၏ အမည်ခံ သမ္မာတရား နောက်သို့လိုက်ခြင်းဆိုသည်မှာ မရှိကို အရှိလုပ်ထားသည့် ထင်ယောင်ထင်မှားမှု သက်သက်၊ မသန့်စင်သည့် ကြိုးပမ်းမှု သက်သက်သာ ဖြစ်ပါတယ်။ ကျွန်မသည် ကျွန်မကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သည့် အဆုံးသတ် ရလဒ်များကို ပြည့်စုံစေ့ရန် သမ္မာတရားနောက်ကို တစ်ခဏတာလိုက်လျှောက်နေခြင်း သာဖြစ်ပါသည်။ ဘုရားသခင်နောက်ကိုလိုက်ရင်းဖြင့် ကုန်ဆုံးခဲ့သည့် ကျွန်မ၏ အချိန်များကို ပြန်စဉ်းစား ကြည့်သည့်အခါတွင် စာတန်၏အဆိပ်ဖြစ်သည့် "အနာမခံရင် အသာမစံရဘူး"ဆိုသည်အတွက် ကျွန်မ၏ စတေးမှုများကို ပေးဆပ်ခဲ့ရတယ်ဆိုကြောင်း ကျွန်မ သိမြင်ခဲ့ရပါသည်။ ၎င်းသည် ထိုအရာက မမြင်နိုင်တဲ့ချည်နှောင်မှုတစ်ခုကဲ့သို့ ကျွန်မကို ချည်နှောင်ပြီး အကောင်းဆုံးအတွက် ကြိုးစားအားထုတ်ရန် တွန်းအားပေးခဲ့ပါသည်။ ကျွန်မသည် နေရာတစ်နေရာကို ရပြီးသည့်အခါမှာ ပို၍မြင့်သည့် တစ်နေရာကိုရောက်ကာ လူအုပ်ထဲတွင်ထင်ရှားရန် နှင့် ထိပ်ဆုံးမှလူတစ်ယောက်ဖြစ်ရန် ကြိုးပမ်း နေဆဲဖြစ်ပါသည်။ ကျွန်မသည် ရာထူးနေရရှိထားသော်လည်း၊ ပို၍မြင့်မားသည့် နေရာကို ရောက်ရန် ကြိုးစားနေဆဲဖြစ်ပါသည်။ ကျွန်မ၏ ရာထူးနေရာကို ဆုံးရှုံးရသည့်အခါ သို့မဟုတ် ရှေ့ဆက်ပြီး မတက်နိုင်သည့်အခါတွင် ကျွန်မသည် အငြိမ်မနေခဲ့ပါ။ ကျွန်မသည် သမ္မာတရားကို ဆက်လက် ရှာဖွေရန် စတေးခံရန် လိုလားသည့်ပုံပေါ်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မသည် သမ္မာတရားကို နားလည်ပြီး၊ ထိုသမ္မာတရားအတွက် လိုလားစွာ ပေးဆပ်လိုသောကြောင့် မဟုတ်ပါ။ ကျွန်မသည် အောင်မြင့်ရန် ကြိုးပမ်းအားထုတ်ရာမှာ စွန့်လွှတ်သည့် အသွင်အပြင်ကိုသာ အလွယ်တက့ နှင့် အသုံးပြုလိုခြင်း ဖြစ်ပါသည်။ ထိုအချိန်တွင် နောက်ဆုံး၌ ကျွန်မနားလည်သဘောပေါက် လာသည် မှာ"အနာမခံရင် အသာ မစံရဘူး။" ဆိုသည့် ရပ်တည်ချက်သည် အမှန်တကယ်တော့ ကျွန်မ သွေးကြောထဲမှာစီးဆင်းနေသည့် စာတန်ရဲ့ အဆိပ်တွေထဲက တစ်ခုဖြစ် ကြောင်းပင် ဖြစ်ပါသည်။ အဆိပ်သည် ကျွန်မ၏လူသားဆန်မှုအားလုံးကို စုပ်ယူသွားခဲ့ပါသည်။ ကျွန်မသည် မာနထောင်လွှားကာ၊ မည်သည့်အမြင်ရှုထောင့်မှ မပါပဲနှင့် ရည်မှန်းချက်လည်း ကြီးမားခဲ့ပါသည်။ အရာအားလုံးက ကျွန်မရှေ့တွင်ပင်ဖြစ်ပျက်ခဲ့သည်။ ကျွန်မရဲ့ ရည်မှန်းချက်များသည် ကျွန်မ၏ ပြင်းပြသည့်ဆန္ဒအတွက် သက်သေခံခြင်း တစ်ခုဖြစ်သည်ဟု ကျွန်မ အမှန်တကယ်ပင် ထင်မြင်ခဲ့ပါသည်။ နောက်မှာကျန်ပြီး မနေလိုသည့် ကျွန်မ၏ မာနကြီးသည့် စိတ်သဘောထားဟာ ကျွန်မအတွက် နှိုးဆော်ချက်တစ်ခုဟု ကျွန်မ ထင်ခဲ့သည်။ ကျွန်မသည် စာတန်၏ မှားယွင်းသည့် အယူအဆများကို ကိုးကွယ်ခဲ့ပြီး၊ ထိုအယူအဆများ ကို ဖောက်ပြန်သည့်အယူအဆများအနေဖြင့် သတ်မှတ်ရမည့်အစား ဂုဏ်ယူဖွယ် အမှတ်တံဆိပ်တစ်ခု အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုကဲ့သို့ စာတန်၏ လှည့်စားခြင်းကိုခံရခြင်း၊ အဆိုးနဲ့အကောင်းကို မခွဲခြားနိုင်ခြင်းတို့သည် ကျွန်မ အလွန်ကို ညံ့ဖျင်းလှပါသည်။ ကျွန်မသည် မည်မျှ သနားစရာဖွယ်ကောင်းကြောင်းကို နောက်ဆုံး၌ မြင်ခဲ့ရပါသည်။ စာတန်သည်မည်မျှ အန္တရာယ် များပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကိုလည်း ကျွန်မ သိခဲ့ရပါသည်။ စာတန်သည် ကျွန်မတို့ကို လှည့်စားပြီး ဖောက်ပြန်ပျက်စီးအောင် လုပ်ရန်အတွက် ဟုတ်မှန်သယောင်ထင်ရသည့် လွဲမှားသည့်အယူအဆများကို အသုံးပြုပါသည်။ ဤအရာသည် ကျွန်မတို့ကို လမ်းလွဲစေပြီး သူ့၏ လှည့်စားသည့် အစီအစဉ်များအပေါ် ကျွန်မတို့ သစ္စာခံ ခဲ့ကြပါသည်။ ဤအရာများအားလုံးသည် ကျွန်မတို့၏ သိရှိမှု မပါဘဲ ပြီးမြောက်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မတို့သည် သမ္မာတရား နောက်ကိုလိုက်ပြီး သမ္မာတရားအတွက် စွန့်လွှတ်အနစ်နာခံနေသည်ဟု ထင်ကြသော်ငြားလည်း ကျွန်မတို့သည် အမှန်တကယ်တွင် ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး အသက်ရှင်နေထိုင်နေကြခြင်းသာဖြစ်ပါသည်။ စာတန်၏ အဆိပ်များသည် အမှန်တကယ်ပင် ပြင်းထန်လှပါသည်။ ဘုရားသခင်၏ အလင်းဖွင့်ပြမှုကြောင့်သာမဟုတ်ပါက ကျွန်မသည် စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီး သမ္မာတရားကို မည်သည့်အခါမျှ မြင်မည်မဟုတ်ပါ။ စာတန်၏ လှည့်စားတတ်သည့် အစီအစဉ်များကို ကျွန်မ သေချာပေါက် သိမြင်မည်မဟုတ်ပါ။ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်း ကြောင့်သာမဟုတ်ပါက စာတန်၏ချည်နှောင်မှုတွင်သာ ကျွန်မ ဆက်ပြီး အသက်ရှင် နေထိုင်နေဦးမည်မှာ စာတန်သည် ကျွန်မ၏ စိတ်ရောကိုယ်ပါ အားလုံးကို တဖြည်းဖြည်း ဝါးမျိုပြီးသည်အထိပင် ဖြစ်ပါသည်။

ထိုအချိန်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားမိပါသည်- "အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး အမြဲပေးဆပ်ကာ ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သတိပေးချက် သုံးချက်") ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မအား ကျင့်သုံးခြင်းနည်းလမ်းကို ပြသပါသည်။ ကျွန်မသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံ သတ္တဝါများထဲမှ တစ်ယောက် ဖြစ်သည့် အားလျော်စွာ ဘုရားသခင်ကို အကြွင်းမဲ့ ချစ်မြတ်နိုးရန်နှင့် ကျေနပ်နှစ်သိမ့်စေရန် ကိုလည်းကောင်း၊ မိမိတာဝန်ကို ကိုင်းရှိုင်းစွာ ထမ်းဆောင်ရန် ကိုလည်းကောင်း ဆောင်ရွက်သင့်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှတစ်ယောက်အနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်ပါသည်။ ဤသည်မှာ ကိုယ်တော်၏အလိုတော့်အတိုင်း ကိုက်ညီသည့် ကြိုးပမ်းအားထုတ်မှုဖြစ်ပါသည်။ ယနေ့မှစ၍ သမ္မာတရားနောက်ကိုလိုက့်ရန် ကျွန်မ အစွမ်းကုန်ကြိုးစားမည် ဖြစ်ပါသည်။ စာတန်၏လှည့်စားမှုကို ထိုးဖောက်ရန် သမ္မာတရားကို ကျွန်မ အမှီပြုပြီး စာတန်၏ချည်နှောင်မှုကို လွှတ်ချပါမည်။ လူ့ဇာတိနှင့် ပတ်သက်သည့်အရာမှန်သမျှ ကျွန်မ မကြိုးပမ်းတော့ပါ။ ထိုသို့ကြိုးပမ်းမည့်အစား ကျွန်မသည် မထင်မရှားနှင့်သာ အလုပ်ကို ကြိုးစားပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကျွန်မ၏ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပါမည်။ အဆုံးတွင် ကျွန်မ၌ မည်သည့်အရာမျှ မရှိလျှင်ပင် နောင်တတစ်ခုမှ မရှိဘဲ ကျွန်မ ရှေ့ဆက်ပါမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မသည် ဘုရားသခင်၏ အရေးမပါသည့် ဖန်ဆင်းခံများထဲမှ တစ်ယောက်ပင် ဖြစ်သောကြောင့်ပင်တည်း။ ဖန်ဆင်းရှင်ကို စိတ်ကျေနပ်စေခြင်းသည် အသက်တာ၌ ကျွန်မ၏ မှန်ကန်သည့် ရည်ရွယ်ချက်တစ်ခုပင် ဖြစ်ပါတော့သည်။

ယခင်က:ကြီးကြပ်ကွပ်ကဲခြင်းအားလုံးခံယူရန် ကျွန်မဆန္ဒထားရှိသည်

နောက်တစ်ခုသို့:မနာလိုစိတ်— ဝိညာဉ်ရေးရာ နာတာရှည် ရောဂါ

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ