အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၈။ ဘုရားသခင်၏ အလိုတော် နောက်လိုက်ခြင်းက မည်သည့်အရာဖြစ်ပြီး စစ်မှန်သော သက်သေခံခြင်းက မည်သည့်အရာနည်း။

၁) ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်းက အဘယ်နည်း။ လူတစ်ဦးသည် သခင်အတွက် တရားသာဟော၍ အလုပ်ကိုသာ လုပ်ဆောင်ပါက ယင်းသည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းလော။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” (မ ၂၂:၃၇-၃၉)

ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။” (ယော ၁၄:၂၃-၂၄)

သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။” (ယော ၈:၃၁)

သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (မ ၇:၂၁-၂၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်ကာလတိုင်း၌ ဘုရားသခင်သည် ကမ္ဘာမြေကြီး၌ အလုပ်လုပ်သောအခါ လူတို့အပေါ် နှုတ်ကပတ်တော် အချို့ကို ပေးအပ်ကာ သမ္မာတရား အချို့တို့ကို လူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာစောင့်ထိန်းရန်အတွက် လမ်းခရီးအဖြစ် အသုံးတော်ခံသည်၊ ထို လမ်းခရီးမှာ လူတို့ လျှောက်လှမ်းရမည့် လမ်းခရီး ဖြစ်ပြီး လူတို့အား ဘုရားသခင်ကို ကြောက်ရွံ့စေပြီး မကောင်းမှုကို ရှောင်စေသော လမ်းခရီး ဖြစ်သည် သာမက လူအများ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာထဲ နှင့် ၎င်းတို့၏ အသက်တာ ခရီးတစ်လျှောက်လုံး လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီး ဖြစ်သည်။ ဤ အကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူ့အပေါ် ဤနှုတ်ကပတ်တော်များကို ပေးအပ်ခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ လာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူရန်အကြောင်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်း မရှိပါက၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ ၎င်းတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နေထိုင်ခြင်း မရှိပါက ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း နှင့် မကောင်းမှုကို ၎င်းတို့ ရှောင်ခြင်းရှိမည် မဟုတ်သည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို မကျေနပ်စေနိုင်ပါက ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့ ရရှိနိုင်မည် မဟုတ်ပေ၊ ဤကဲ့သို့သော လူမျိုး၌ အဆုံးသတ် မရှိ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံ နည်းဥပဒေသများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက်၊ သင်သည် ကိစ္စရပ်တစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ၊ ၎င်းမှာ ဘုရားသခင် စီစဉ်ထားသော အခြေအနေ တစ်ခု၊ သင့်အား သူ ပေးအပ်ထားသော ဝတ္တရား တစ်ခု သို့မဟုတ် သင့်အား သူ ယုံမှတ်အပ်နှံထားသော အရာ တစ်စုံတစ်ခုအဖြစ် သင် မြင်ခြင်းကို ဆိုလိုသည့်အပြင် ဤကိစ္စရပ်ကို သင် ရင်ဆိုင်နေရပါက ၎င်းမှာ ဘုရားသခင်ထံမှ စမ်းသပ်မှု တစ်ခုအဖြစ်ပင်လျှင် မြင်သင့်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို သင် ရင်ဆိုင်နေရပါက သင်၌ စံနှုန်း တစ်ခု ရှိရမည်၊ ၎င်းသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်ကြောင်း သင် ဆင်ခြင်ရမည်။ သင်၏ ဝတ္တရား ကျေပွန်စေရန် နှင့် ဘုရားသခင်အပေါ် သစ္စာရှိရန်အလို့ငှာ ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့်အကြောင်း သင်ဆင်ခြင်ရမည်၊ ၎င်းကို မည်ကဲ့သို့ လုပ်ဆောင်မည့် အကြောင်း နှင့် ဘုရားသခင်ကို ဒေါသမထွက်စေမည့် အကြောင်း သို့မဟုတ် သူ၏ စိတ်သဘောထားကို မပြစ်မှားမိမည့် အကြောင်း ဆင်ခြင်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်သဘောထား နှင့် သူ့အမှုတော်၏ ရလဒ်ကို သိနားလည်ပုံ” မှ

အလုပ်ဟု ပြောသောအခါ၌ အလုပ်ဆိုသည်မှာ နေရာတိုင်း၌ တရားဟောပြီး ဘုရားသခင်အတွက် သုံးစွဲကာ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရန်ဖြစ်သည်ဟု လူက ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သက်ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ခရီးသွားဖို့သာ မဟုတ်ပေ၊ အမှုတော်လုပ်ငန်းနှင့် ဝိညာဉ်တော်၌ ထောက်ပံ့မှုတို့ကိုပါ လုပ်ဆောင်ဖို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီးသည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တခါမျှမစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လိုက်ဖက်သောအရာမဟုတ်ဟု လူက သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသည် အလုပ်နှင့်ပတ်သက်လျှင် ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူ၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ်ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက်သင့်သည်၊ ယင်းနှင့်ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားခြင်းကို မရည်ညွှန်းပါ၊ လူ၏ အသက်တာနှင့် လူအသက်ရှင်ခြင်းသည် ဘုရားသခင် နှစ်သက်ဖွယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူက ဘုရားသခင် အပေါ်၌ထားသော သူတို့၏ သစ္စာနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်၏အကြောင်း သက်သေခံရန်နှင့် လူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူ၏ တာဝန်၊ လူအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ တနည်းအားဖြင့် သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်သည်။ ဘုရားသခင်အတွက် သင်တို့ အလုပ်လုပ်နေစဉ်တွင် ဝင်ရောက်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်နိုင်ခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံနိုင်ရမည်၊ အစေခံနိုင်ရမည်၊ လူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်၊ လူကို ထောက်ပံ့ပေးနိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ လူတိုင်း ပြီးမြောက်အောင်လုပ်သင့်သည့် အရာ ဖြစ်သည်။ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားခြင်း၊ နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို မနာခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

သင်သည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်အား နာခံခြင်း မရှိပဲ၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ရှိသည်ဟု စိတ်ကူးကြည့်ပါ။ ဤသို့လျှင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းနိုင်သည် သာမက၊ ဘုရားသခင် ၏ ပြစ်တင်ရှုတ်ချခြင်းလည်း ခံရမည်ဖြစ်သည်၊ အကြောင်းမှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်ပြီး၊ ဘုရားသခင်အား နာခံခြင်းအား မတတ်စွမ်းနိုင်သော သူတစ်ယောက်ဖြစ်ကာ၊ ဘုရား သခင်အား နာခံခြင်း မရှိသော သူတစ်ယောက်လည်း ဖြစ်သည်။ ဘုရားသခင်အတွက် လုပ်ဆောင်ရန်သာ သင်သည် အလေးထားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းအား အလေးမထား၊ သို့မဟုတ် မိမိ ကိုယ်ကို သိခြင်းကိုလည်း အလေးမထားပေ။ သင်သည် ဖန်ဆင်းရှင်ကို မသိကျွမ်း၊ သို့မဟုတ် နားမလည်ပေ၊ ပြီးလျှင် ဖန်ဆင်းရှင်အား ချစ်ခြင်း သို့မဟုတ် နာခံခြင်း မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူ တစ်ယောက် ဖြစ်သည်၊ ထိုကဲ့သို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ဘုရားသခင်၏ နောက်တော်လိုက်သော လူအများအပြားသည် ကောင်းချီးမင်္ဂလာများ မည်သို့ရနိုင်ပုံ၊ သို့မဟုတ် ကပ်ဘေးမှ မည်သို့ရှောင်ရှားနိုင်ပုံတို့ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှုဟု ဆိုလိုက်သည်နှင့် ၎င်းတို့သည် အသံတိတ်သွားကြပြီး စိတ်ဝင်စားမှုအားလုံး ကုန်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်ကောင်းသည့် မေးခွန်းများကို သိခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားနိုင်စေခြင်းလည်းမရှိ၊ အကျိုးလည်းမရှိဟု ထင်မြင်ယူဆကြသောကြောင့် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း သတင်းစကားများကို ၎င်းတို့ကြားဖူးကြသော်လည်း ပေါ့ပေါ့တန်တန်ပင် သဘောထားကြသည်။ ထို့အပြင် ထိုအရာများကို ၎င်းတို့ဘဝ၏ အစိတ်အပိုင်းတစ်ရပ်ဟု လက်ခံဖို့မဆိုထားနှင့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ် လက်ခံရမည်ဟုပင် မမြင်ကြပေ။ ထိုသူတို့တွင် ဘုရားသခင်နောက်တော်သို့လိုက်သည်မှာ ကောင်းချီးမင်္ဂလာရရန်ဟူသော အလွန်ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး ၎င်းတို့သည် ဤရည်မှန်းချက်နှင့် မသက်ဆိုင်သော အရာများကို ဆောင်ရွက်ရန် အလွန်ပျင်းရိကြသည်။ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အသင့်တော်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ယုံကြည်မှု၏ တန်ဖိုးပင်ဖြစ်သည်။ ဤရည်မှန်းချက်ကို မရရှိနိုင်သည့်အရာများမှာ ၎င်းတို့အပေါ် မည်သို့မျှ သက်ရောက်မှုမရှိချေ။ ယနေ့ ဘုရားသခင်ကို ယုံကြည်သူအများစုမှာ ဤသို့ဖြစ်နေသည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်အတူ ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးခံကာ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့် ၎င်းတို့၏ရည်ရွယ်ချက်နှင့် အရင်းခံအကြောင်းရင်းတို့မှာ လက်ခံနိုင်ဖွယ်ရှိပုံပေါက်သည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကာ မိသားစုနှင့် အလုပ်တို့ကို စွန့်၍ အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် အလုပ်များနေကြသည်။ ၎င်းတို့၏ နောက်ဆုံးပန်းတိုင်အတွက် ၎င်းတို့၏စိတ်ဝင်စားမှုများကို ပြောင်းလဲကာ ဘဝအပေါ်ရှုမြင်ပုံကို ပြောင်းလဲ၍ ၎င်းတို့ရှာဖွေရာ ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်အပေါ် ၎င်းတို့ယုံကြည်ရခြင်း၏ ရည်ရွယ်ချက်ကိုမူ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့ကြိုက်နှစ်သက်ဆုံးအရာများကို စီမံခန့်ခွဲရန် အလုပ်ရှုပ်နေကြသည်။ လမ်းခရီးမည်မျှပင်ဝေးပါစေ၊ လမ်းခရီးတွင် အခက်အခဲများနှင့် အတားအဆီးများ မည်မျှပင်ရှိပါစေ၊ ၎င်းတို့သည် စွဲစွဲမြဲမြဲလုပ်ဆောင်ပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးကြောင့် ၎င်းတို့သည် ဤသို့ ဆက်လက်ဆက်ကပ်နိုင်ကြသနည်း။ ၎င်းတို့၏ အသိတရားကြောင့်လော။ ၎င်းတို့၏ကောင်းမွန်လွန်း၍ မြင့်မြတ်သော အကျင့်စာရိတ္တကြောင့်လော။ အဆုံးတိုင်အောင် မကောင်းမှုစွမ်းအားများကို တိုက်ထုတ်ရန်ဟူသည့် ၎င်းတို့၏ ကြံ့ခိုင်သည့် စိတ်ဓာတ်ကြောင့်လော။ ဆုရရန်မဟုတ်ဘဲ ဘုရားသခင်ကိုသက်သေခံသည့် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့်လော။ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် အရာအားလုံးကို စွန့်လွှတ်လိုသော ၎င်းတို့၏သစ္စာရှိမှုကြောင့်လော။ သို့မဟုတ် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာလိုအပ်ချက်များကို အမြဲစွန့်လွှတ်စေခဲ့သည့် ၎င်းတို့၏ ဆက်ကပ်မှုစိတ်ဓာတ်ကြောင့်လော။ ရှင်းရှင်းပြောရပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို တစ်ခါမျှမသိခဲ့သူများအတွက် ဤမျှပေးဆပ်ခြင်းမှာ ကြီးမားသောအံ့သြဖွယ်ရာတစ်ရပ်ပင် ဖြစ်တော့သည်။ ယခုအချိန်တွင် ထိုသူတို့ မည်မျှပေးဆပ်ခဲ့ကြောင်းကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့လွန်စွာသုံးသပ်ထိုက်ပေသည်။ ၎င်းတို့နှင့် လွန်စွာအနီးကပ် ဆက်စပ်လျက်ရှိသည့် အကျိုးကျေးဇူးများမှလွဲ၍ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်သော ထိုသူတို့တွင် ဘုရားသခင်အတွက် ဤမျှပေးဆပ်စေသည့် အခြားအကြောင်းရင်းများ ရှိနိုင်သလော။ ၎င်းတွင် ယခင်က မတွေ့ခဲ့သောပြဿနာတစ်ရပ်ကို ငါတို့တွေ့ရှိရသည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်၏ ဆက်ဆံရေးမှာ မိမိကိုယ်ကျိုးတစ်ခုတည်းကြောင့်သာဖြစ်သည် ဆိုခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြားရှိ ဆက်ဆံရေးဖြစ်သည်။ ရှင်းရှင်းပြောပါက အလုပ်သမားနှင့် အလုပ်ရှင်တို့အကြားရှိ ဆက်ဆံရေးကဲ့သို့ဖြစ်သည်။ အလုပ်သမားသည် အလုပ်ရှင်ချပေးသော ဆုလာဘ်များကို လက်ခံရရှိရေးအတွက်သာ အလုပ်လုပ်သည်။ ဤသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခြင်းမေတ္တာမရှိ၊ အပေးအယူတစ်ရပ်သာ ရှိသည်။ ချစ်ခြင်းနှင့် အချစ်ခံရခြင်းမရှိ။ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားညှာတာမှုသာ ရှိသည်။ နားလည်မှုမရှိခြင်း၊ ကြိတ်မှိတ်သည်းခံခြင်းနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ပေါင်းကူးခင်း၍မရနိုင်သော ကွာဟချက်သာ ရှိသည်။ ဤအနေအထားသို့ ရောက်ပြီဆိုပါက ဤသို့သောလမ်းကြောင်းကို မည်သူက ပြန်ပြောင်း၍ လှည့်လိုက်နိုင်မည်နည်း။ ဤဆက်ဆံရေးသည် မည်မျှဆိုးရွားလာပြီဖြစ်ကြောင်း လူဘယ်နှစ်ဦးသည် အမှန်တကယ် နားလည်နိုင်စွမ်း ရှိကြသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကို နှစ်မြုပ်ထားသည့်အခါ ဘုရားသခင်နှင့် ဤသို့သောဆက်ဆံရေးသည် မည်မျှရှက်ဖွယ်ကောင်းပြီး အမြင်မတော်သည်ကို မည်သူမျှစိတ်ကူးနိုင်မည် မဟုတ်ဟု ငါယုံကြည်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

တစ်ချို့သော လူများက “ပေါလုသည် ကြီးစွာ ပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အတွက် များစွာ ပံ့ပိုးကူညီ ပေးခဲ့သည်။ ပေါလု၏ သြဝါဒစာစောင် ဆယ့်သုံးစောင်သည် ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း ၂၀၀၀ ကို ထောက်မပေးခဲ့ပြီး၊ ခရစ်ဝင်ကျမ်း လေးကျမ်းနောက်တွင်သာ ဒုတိယနေရာကျသည်။ သူနှင့် မည်သူသည် နှိုင်းယှဉ်နိုင်မည်နည်း။ ယောဟန်၏ ဗျာဒိတ်ကျမ်းကို မည်သူကမျှ အနက်မဖွင့်နိုင်ပေ၊ ပေါလု၏ သြဝါဒ စာစောင်များမှာမူ အသက်တာကို ထောက်ပံ့ပေးပြီး၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အသင်းတော်များကို အကျိုးဖြစ်ထွန်းစေသည်။ ထိုကဲ့သို့သော အရာများကို မည်သူက ပြီးမြောက် အောင်မြင်နိုင်ခဲ့မည်နည်း။ ပြီးလျှင် ပေတရုမှာ မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း” ဟူ၍ ပြောကြသည်။ လူမှ အခြားသူများအား တိုင်းထွာရာတွင်၊ ၎င်းတို့၏ ပံ့ပိုးကူညီမှုများ အရသာလျှင် ဖြစ်သည်။ ဘုရားသခင်မှ လူအား တိုင်းထွာသော အခါတွင်မူ၊ သူ၏ သဘာဝအရဖြစ်သည်။ အသက်တာအား ဖွေရှာသော ထိုသူများအကြားတွင်၊ ပေါလုသည် မိမိ၏ အနှစ်သာရကို မသိသော သူတစ်ယောက် ဖြစ်သည်။ သူသည် မည်သို့မျှပင် နှိမ့်ချခြင်း သို့မဟုတ် နာခံခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အခြင်းအရာကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မခံယူခဲ့သော သူတစ်ယောက် ဖြစ်ခဲ့ပြီး၊ သမ္မာတရားအား လက်တွေ့မကျင့်သုံးခဲ့သော သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနား သည်။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ့တွင် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်မည့် ကျင့်ဆောင်ခြင်း လမ်းကြောင်းရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိပြီး လက်တွေ့သဘောကို မပိုင်ဆိုင်သော ထိုသူများကဲ့သို့ မဟုတ်ချေ။ ပြောင်းလဲသော ထိုသူတို့သည် ကယ်တင်ခြင်း ခံရပြီးသည့် အသစ်သော လူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရား မီအောင်လိုက်ရာတွင် အရည်အချင်းမီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော သူတို့သည် သဘာဝအရ ခေတ်ကုန်သွားသော ထိုသူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံပြီးသေးသော ထိုသူများပင် ဖြစ်ကြသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ရွံ့ရှာခြင်းနှင့် ငြင်းပယ်ခြင်း ခံရသော ထိုသူများပင် ဖြစ်ကြသည်။ ၎င်းတို့၏ အလုပ်မည်မျှပင် ကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ၎င်းတို့ ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်သည် သင်၏ ကိုယ်ပိုင် လိုက်ခြင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ၊ အဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေး ပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ ထောင်လွှားပြီး မောက်မာဆဲ ဖြစ်ပါက၊ သူကဲ့သို့ပင် မိမိဂုဏ်အသရေအား ရွှန်းရွှန်းဝေအောင် ပြောဆိုဆဲ ဆိုပါက၊ သင်သည် ရှုံးနိမ့်သည့် ဆုတ်ယုတ် ပျက်စီးသူတစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ပင် ဖွေရှာပြီး၊ သင်သည် ကျင့်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ဖွေရှာလျှင်၊ လိုအင်မကြီး သို့မဟုတ် မထောင်လွှားပဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာလျှင်၊ သင်သည် အောင်နိုင်ခြင်းကို ပြီးမြောက်သော ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး ဖြစ်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သင်တို့အထဲမှ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး ကြိုးစားလုပ်ပြီး ပြသစရာ မည်သည့်အရာမျှ မရှိသော ထိုသူများအတွက် သနားသောစိတ် ငါ့တွင် ရှိလိမ့်မည်မဟုတ်။ ပြောင်းပြန်အနေဖြင့်၊ ငါ၏ တောင်းဆိုချက်များကို ပြည့်မီခြင်း မရှိသော ထိုသူတို့အား အပြစ်ဒဏ်ခတ်ခြင်း၊ မည်သည့် ဆုလာဘ်မျှ မပေးခြင်းနှင့် ဆက်ဆံမည် ဖြစ်ပြီး မည်သည့် သနားခြင်းကရုဏာမျှ ရှိလိမ့်မည်မဟုတ်။ သင်တို့သည် နှစ်ပေါင်းများစွာ နောက်လိုက် တစ်ယောက်ဖြစ်ပြီး မည်သည့်ကိစ္စရပ်တွင်မဆို ကြိုးစားလုပ်ဆောင်ခဲ့သည့် အတွက် မည်သို့ပင်ဖြစ်စေ အစေခံသူတစ်ယောက် ဖြစ်သည့်အတွက် ဘုရားသခင်၏ အိမ်တော်တွင် ထမင်းတစ်ပန်းကန်တော့ ရရှိလိမ့်မည်ဟု တွေးထင်ကောင်း တွေးထင်ကြပေမည်။ သင်တို့ထဲမှ အများစုသည် ထိုကဲ့သို့ တွေးတောကြခြင်းမှာ သင်တို့သည် ယခုချိန်အထိ တစ်စုံတစ်ရာမှ မည်ကဲ့သို့ အခွင့်ကောင်း ယူနိုင်မည်နည်းနှင့် မည်သို့လျှင် အခွင့်ကောင်းယူခြင်း မခံရစေနိုင်မည်နည်းဟူသည့် နိယာမများကိုသာ အစဉ်အမြဲ ကြိုးထုတ်ခဲ့ကြခြင်း ကြောင့်သာဖြစ်ကြောင်း ငါပြောမည်။ ထို့ကြောင့် ယခုတွင် သင်တို့ကို ငါလေးနက်စွာ ပြောမည်- သင်၏ အလုပ်သည် မည်မျှပင် မွန်မြတ်လှသည်၊ သင်၏ အရည်အချင်းများသည် မည်မျှအထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှလောက် ဂုဏ်သတင်းကျော်ကြားသည်၊ သင်၏ အကျင့်စာရိတ္တသည် မည်မျှတိုးတက် မှုရှိသည်ကို ငါဂရုမစိုက်ပါ။ သင့်အား ငါတောင်းဆိုသည့် အရာကို သင်မလုပ်ဆောင်သရွေ့၊ သင်သည် ငါ၏ချီးမွမ်းခြင်းကို လုံးဝရရှိနိုင်မည် မဟုတ်ပေ။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများကို စောနိုင်သမျှစောစော ပယ်ဖျက်ပြီး ငါ၏ တောင်းဆိုမှုကို လေးလေးနက်နက် စတင်လုပ်ဆောင်ပါ။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးသတ်စေရန်အတွက် လူအားလုံးတို့ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်ပြီး၊ ငါ၏နှစ်ပေါင်းများစွာ လုပ်ဆောင်ချက်နှင့် ဒုက္ခဝေဒနာ ခံစားမူတို့အား ဗလာအဖြစ်သို့ ပြောင်းလဲ ပစ်မည် ဖြစ်သည်။ အကြောင်းမှာ ငါ၏ ရန်သူများနှင့် စာတန်၏ ပုံစံပေါ်တွင် ဆိုးသွမ်းမှု၏ အနံ့အသက် ထွက်နေသည့် လူများကို ငါ၏နိုင်ငံထဲသို့၊ နောက်လာမည့် ခေတ်ထဲသို့ မခေါ်ဆောင်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဒုစရိုက်အပြစ်များက လူကိုငရဲသို့ ပို့ဆောင်လိမ့်မည်” မှ

အဆုံးတွင် အချို့သော လူများသည် “အကျွန်ုပ်သည် ကိုယ်တော့်အတွက် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပါပြီ၊ တခမ်းတနား အောင်မြင်မှုတို့ မရှိကောင်း မရှိနိုင် သော်ငြားလည်း၊ အကျွန်ုပ် သည် အကျွန်ုပ်၏ အားထုတ်ခြင်း၌ လုံ့လစိုက်ခဲ့ပါ၏။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်ပေး၍ မရသလော” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်တာ စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုး စားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူတို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

ယခင်က:နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြခဲ့သည့် သမ္မာတရားက အဘယ်ကြောင့် လူသားကို သန့်စင်စေနိုင်ပြီး စုံလင်စေကာ လူသား၏အသက် ဖြစ်လာနိုင်သနည်း။

နောက်တစ်ခုသို့:လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက ယင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှု ဖြစ်ပါသလော။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ