၂) လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ဖို့သာ သူ့ကို ယုံကြည်ပါက၊ ၎င်း၏ သက်သေခံချက်သည် မှန် မမှန်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ဘုရားသခင်သည် လူသားကို စုံလင်စေသော လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းတွင် မည်သည့်ရှုထောင့်များ ပါဝင်သနည်း။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် လိုလားလျက်ရှိသလော။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် သင် လိုလားလျက်ရှိသလော။ ဤမေးခွန်းများနှင့်သက်ဆိုင်၍ သင် မည်သည့်အရာကို သိသနည်း။ သင့်အနေဖြင့် ပြောစရာ အသိပညာမရှိပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ အမှုကို မသိသေးသည်ကို၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းကို လုံးဝမခံရသေးသည်ကို သက်သေပြပေသည်။ ထိုသို့သော လူမျိုးအတွက် စုံလင်စေခြင်း ခံရဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် ခဏတာ မွေ့လျော်ဖို့ ကျေးဇူးတော် ပမာဏအနည်းငယ်ကိုသာ ရရှိကာ ယင်းသည် ကြာရှည်ခံလိမ့်မည်မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက၊ ဘုရားသခင်၏ စုံလင်စေခြင်း မခံရနိုင်ပေ။ အချို့မှာ ၎င်းတို့၏ ဇာတိပကတိမှာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိသည့်အခါ၊ ၎င်းတို့၏ အသက်တာသည် သက်သာလွယ်ကူပြီး အခက်အခဲ သို့မဟုတ် ကံအကြောင်းမလှသည့်ဖြစ်ရပ် မရှိသည့်အခါ၊ ၎င်းတို့၏ တစ်မိသားစုလုံး ယှဉ်ပြိုင်မှု သို့မဟုတ် အငြင်းအခုံ မရှိဘဲ၊ စိတ်သဘောထားညီညွတ်ခြင်းဖြင့် အသက်ရှင်ကြသည့်အခါ၊ စိတ်ကျေနပ်ကြ၏- ပြီးလျှင် ဤအရာကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအဖြစ်ပင် ၎င်းတို့ ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ အမှန်တွင်၊ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်မျှသာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်ခြင်းမျှဖြင့် ကျေနပ်၍ မရပေ။ ထိုသို့သော တွေးခေါ်ခြင်းသည် အလွန်ပင် အောက်တန်းကျလှသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုပြီး၊ နေ့စဉ် ဆုတောင်းကာ သင်၏ စိတ်ဝိညာဉ်သည် ကြီးမားသော ပျော်ရွှင်မှု ခံစားရကာ အထူး အေးချမ်းလျှင်ပင်၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သူ၏အမှုနှင့်ဆိုင်သော အသိပညာနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ သင် ပြောဆိုဖို့မရှိသကဲ့သို့ မည်သည့်အရာမျှ မတွေ့ကြုံဖူးပါက၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်မျှ စားသောက်ပြီးသည်ဖြစ်စေ၊ သင် ခံစားရသမျှအားလုံးမှာ ဝိညာဉ်ရေးရာ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသာဖြစ်ပါက၊ သင့်အနေဖြင့် ကျေနပ်လောက်အောင် မမွေ့လျော်နိုင်သည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နှိုင်းဆမရအောင် ချိုမြိန်သည်ဟု ခံစားရသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော မည်သည့်အတွေ့အကြုံမျှမရှိသကဲ့သို့ သူ၏နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား လုံးဝ ကင်းမဲ့ပါက၊ ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ အနှစ်သာရကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိပါက၊ ဤနှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းနှင့် သင်၏ဆုတောင်းခြင်းများသည် ဘာသာရေးယုံကြည်မှုသာ ဖြစ်ပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ စုံလင်စေခြင်းမခံရနိုင်သကဲ့သို့၊ ဘုရားသခင်၏ ရယူခြင်းကို မခံရနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” မှ

ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ နာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်း- ဤသည်မှာ ဘုရားသခင်ကို သတိရှိစွာ နာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို မွေ့လျော်သည်မှအပ မည်သည့်အရာမျှ မလုပ်ဆောင်သည့် လူများသည် စုံလင်စေခြင်း မခံရနိုင်၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ နာခံမှု၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းများ အားလုံးသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ သိသည့်အခါတွင်ပင်၊ ၎င်းတို့၏အသိပညာသည် အပေါ်ယံဖြစ်ပြီး၊ “ဘုရားသခင်က လူသားကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာရှိသည်” ဆိုသကဲ့သို့သော အရာများကို ၎င်းတို့ပြောကြ၏။ ဤသည်မှာ လူသား၏ အသက်တာကို ကိုယ်စားမပြုသကဲ့သို့၊ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိသည်ကိုလည်း မပြပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများသည် ၎င်းတို့အပေါ် ကျရောက် သောအခါတွင်၊ လူတို့သည် ဘုရားသခင်ကို မနာခံနိုင်ပါက- ယင်းအစား ၎င်းတို့သည် သံသယဖြစ်လာပြီး ပြိုလဲကျပါက- ၎င်းတို့သည် အနည်းငယ်မှ နာခံခြင်းမရှိကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” မှ

သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ဘုရားသခင်၌ ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ယခု သင်တို့ နားလည်ပါသလော။ ဘုရားသခင်၌ ယုံကြည်မှုမှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ယင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းကို ဆိုလိုသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အနည်းငယ်မျှ မလွယ်ကူပေ။ ထိုဘာသာရေးအလေ့အထများကို သန့်စင်ပစ်သင့်သည်။ မကျန်းမာသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို တပ်မက်ခြင်း၊ ဇာတိပကတိ၏ အလားအလာများနှင့် သက်သောင့်သက်သာဖြစ်ခြင်းများကို လိုက်စားခြင်း- ဤအရာများသည် ဘာသာရေး အလေ့အထများဖြစ်ကြပြီး ထိုသို့သော ဘာသာရေး အလေ့အထများသည် မရေရာသော ယုံကြည်မှုမျိုးဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်၏ လက်တွေ့အရှိတရား အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ဖို့အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို နာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ နာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို နာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုပြုနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

အရှေ့သို့- ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်းက မည်သည့်အရာဖြစ်သည် နှင့် သခင့်အတွက် တရားဟောရုံမျှ ဟောခြင်းနှင့် အလုပ်လုပ်ရုံမျှ လုပ်ခြင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်း ဟုတ် မဟုတ်

နောက်တစ်ခုသို့- ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သောသူ တစ်ဦးဆိုသည်ကား အဘယ်နည်း။ ထို့နောက် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှုက အဘယ်နည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသည့် လူတို့အကြား ပဓာနကျသော ကွဲပြားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် နောက်ဆုံးသောကာလတွင် တရုတ်ပြည်၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအတွက် အခြေခံအကြောင်းရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံခြင်း ပြဿနာ၏ သဘောသဘာဝ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး...

ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သောသူ တစ်ဦးဆိုသည်ကား အဘယ်နည်း။ ထို့နောက် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှုက အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်