အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅။ ဤသည်မှာ စစ်မှန်သော လူကောင်းတစ်ယောက် ဖြစ်သည်

မိုရန် လင်ယီမြို့၊ ရှန်ဒုံမြို့နယ်

ကျွန်မ ကလေးဘဝကတည်းက တစ်ခြားလူများက ကျွန်မကို မည်သို့မြင်သည်၊ ကျွန်မကို မည်သို့အကဲခတ်သည် ဆိုသည့် အပေါ်မှာ အမြဲတမ်း အလွန်အမင်း စွဲလမ်းခဲ့ပါသည်။ ဤသို့နှင့် ကျွန်မလုပ်သည့် အရာတိုင်းအတွက် အခြားသူများထံမှ ချီးမွမ်းခြင်းကို ရနိုင်ပေသည်၊ တစ်ခြားလူများက ကျွန်မအပေါ် အကောင်းမြင်ထားသည်ကို မဖျက်ဆီးမိစေရန်၊ တစ်ခုခုဖြစ်လာတိုင်း မည်သူနှင့်မှ ကျွန်မ မငြင်းခုံခဲ့ပါ။ နောက်ဆုံးသောနေ့ရက်များမှာ ဘုရားသခင်၏ အမှုတော်များကို ကျွန်မ လက်ခံပြီးသည့်နောက်မှာ ကျွန်မ၏ ညီအစ်ကို မောင်နှမများ ကျွန်မအပေါ် အကောင်းမြင်ထားသည်ကို တတ်နိုင်သလောက် ထိန်းသိမ်းထားရင်းနှင့် ဤနည်းလမ်းဖြင့် ဆက်သွားခဲ့သည်။ ယခင်က ကျွန်မက အလုပ်မှာ ဦးဆောင်သူဖြစ်စဉ်က ကျွန်မ၏ လုပ်ကိုင်မှုများ “လိုလိုလားလား ရှိသူ” တစ်ယောက်၏ အလုပ်များကဲ့သို့ဖြစ်ပြီး၊ အမှန်တရားကို လက်တွေ့ကျင့်သုံးသည့် သူ၏ လုပ်ကိုင်မှုမဟုတ်ကြောင်း ကျွန်မ၏ ခေါင်းဆောင်က ခဏခဏပြောတတ်သည်။ ကျွန်မက ဤသည်ကို လုံးဝ အလေးအနက်မထားခဲ့ပါ၊ သို့သော် ဆန့်ကျင်ဖက်အနေနှင့် အခြားလူများက ကျွန်မကို လူကောင်းတစ်ယောက်ဟု ထင်ပါက ကျွန်မ ကျေနပ်ခဲ့သည်။

တစ်နေ့မှာ ဤစာပိုဒ်ကို ဖတ်မိသည်၊ “ဘုရားသခင်အပေါ် သင့်ရဲ့ ယုံကြည်ခြင်းမှာ သင်ဟာ သမ္မာတရားကို မရှာဖွေရင်၊ သင်က ချိုးဖောက်ခြင်း မရှိဘူးလို့ ထင်ရရင်တောင်မှ၊ စစ်မှန်တဲ့ လူကောင်းတစ်ယောက် မဟုတ်သေးပါဘူး။ အမှန်တရားကို မရှာဖွေတဲ့သူတွေဟာ သေချာပေါက် ဖြောင့်မတ်ခြင်း အသိစိတ် မရှိသလို ဘုရားသခင်ချစ်တဲ့အရာကို မချစ်နိုင်ပါဘူး၊ သို့မဟုတ် ဘုရားသခင် မုန်းတဲ့အရာကို မမုန်းနိုင်ဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ဘက်မှာ လုံးဝ မရပ်တည်နိုင်ဘူး။ ဘုရားသခင်နဲ့ သဟဇာတဖြစ်ဖို့ဆိုတာ ပိုပြီးတော့ မဖြစ်နိုင်ဘူး။ ဒါဆိုရင် ဖြောင့်မတ်ခြင်းအသိစိတ်မရှိတဲ့သူတွေကို လူကောင်းတွေလို့ ဘယ်လိုခေါ်လို့ရမလဲ။ သာမန်လူတွေက “လိုလိုလားလားရှိသူ”လို့ သတ်မှတ်ခံရတဲ့ သူတွေက ဖြောင့်မတ်ခြင်း အသိစိတ်မရှိရုံတင်မကဘဲ သူတို့မှာ ဘဝပန်းတိုင်လဲ မရှိပါဘူး။ သူတို့ဟာ ဘယ်သူ့ကိုမှ ဘယ်တော့မှ မထိခိုက်ချင်တဲ့ လူတွေ သက်သက်သာဖြစ်တယ်။ ဒါဆိုရင် သူတို့က ဘာတန်ဖိုးရှိပါသလဲ။ စစ်မှန်တဲ့ လူကောင်းတစ်ယောက်က အပြုသဘောဆောင်တဲ့အရာတွေကို ချစ်တဲ့သူ၊ သမ္မာတရားကို ရှာဖွေပြီး၊ အလင်းကို တောင့်တတဲ့သူ၊ အမှန်နဲ့အမှားကို သိမြင်နိုင်တဲ့သူ၊ ဘဝမှာ မှန်ကန်တဲ့ ပန်းတိုင်တွေရှိတဲ့သူကို ရည်ညွှန်းပါတယ်၊ ဒီလိုလူမျိုးကိုသာ ဘုရားသခင် ချစ်ပါတယ်။” (မိတ်သဟာယနှင့်လုပ်ဆောင်မှု အစီအစဉ်များ၏ နှစ်စဉ်မှတ်တမ်းထဲမှ “ဘုရားသခင်ကို အစေခံရန်အတွက် လူအမျိုးမျိုးကို မည်သို့ထိုးထွင်းသိမြင်ရမည်ဆိုသည်ကို သင်ယူလေ့လာရမည်”) ဤ စကားလုံးများကို ဖတ်ပြီးသည့်နောက်တွင် ရုတ်တရက် ကျွန်မ ဉာဏ်အလင်းပွင့်သွားသည်။ လူကောင်းတစ်ယောက်ဆိုသည်မှာ သာမန်လူများနှင့် ရင်းရင်းနှီးနှီးစကားပြောသည့်သူ၊ သူတိုနှင့် မငြင်းခုံ သို့မဟုတ် စကားမများသည့်သူ သို့မဟုတ် သူတို့၏ ညီအစ်ကို မောင်နှမများကို ကောင်းမွန်သည့် ထင်မြင်ချက်များ ပေးနိုင်ပြီး၊ သူတို့ဆီကနေ အကောင်းမြင်မှုကို ရရှိသူမဟုတ်ကြောင်းကို သိခဲ့သည်။ စစ်မှန်သည့် လူကောင်းတစ်ယောက်က အပြုသဘောဆောင်သည့်အရာများကို ချစ်ပြီး၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ရှာဖွေသည့်သူ၊ ဘဝတွင် စစ်မှန်သည့် ပန်းတိုင်များ ရှိသည့်သူ၊ ဖြောင့်မတ်ခြင်း အသိစိတ်ရှိသည့်သူ၊ အကောင်းနှင့်အဆိုးကို ထိုးထွင်းသိမြင်နိုင်သည့်သူ၊ ဘုရားသခင်ချစ်သည့်အရာကို ချစ်ပြီး၊ ဘုရားသခင် မုန်းသည့်အရာကို မုန်းသည့်သူ၊ သူတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် သူတို့တွင်ရှိသမျှကို ပေးအပ်ဖို့ ဆန္ဒရှိသည့်သူ၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း အတွက် သူတို့ဘဝကို အပ်နှံဖို့ စိတ်စွမ်းအားနှင့် ရဲရင့်မှုတို့ ရှိသည့်သူ ဖြစ်ပါသည်။ ကျွန်မ၏ ကိုယ်ပိုင် အပြုအမူများတွင် ဖြောင့်မတ်ခြင်းအသိစိတ်က အဘယ်မှာနည်း။ အစ်ကို သို့မဟုတ် အစ်မတစ်ယောက် ဧဝံဂေလိ ဖြန့်ဝေခြင်းကနေ ပြန်လာပြီး၊ ဤသည်မှာမည်မျှခက်ခဲကြောင်းကို ပြောသည့်အချိန်တိုင်းတွင် မနေနိုင်ဘဲ အမြင်ကွဲလွဲမှုများခံစားရပြီး စတင်ညဉ်းတွားကာ၊ ဧဝံဂေလိ ဖြန့်ဝေခြင်းက မလွယ်ကြောင်းကို ခံစား၍၊ အမှန်တကယ်ကို သိပ်ခက်ခဲပြီး ကိုယ်တိုင်မသိလိုက်ဘဲ လူ့ဇာတိဘက်ကို ခံယူပြီး မိတ်သဟာယကို ထပ်မလုပ်လိုခြင်းများဖြစ်လာခဲ့သည်။ ဤကဲ့သို့အရာများကို ဘုရားသခင်နှင့်သက်ဆိုင်သည့် အမြင်ရှုထောင့်များ ဝါဒဖြန့်ဖြူးခြင်းအနေနှင့် ပါဝင်သည့် ဆူပူလှုပ်ရှားမှုများကို ဘုရားကျောင်းတွင် ကျွန်မမြင်ရသည့်အခါ၊ သူတို့က အမှန်တကယ်လေးနက်သည်ဆိုလျှင် ထိုပြဿနာကို ဖြေရှင်းဖို့အတွက် ပညာသားပါသည့် စကားလုံးများကို သုံးပြီး ကျွန်မ မိတ်သဟာယပြုလုပ်ပါသည်။ သူတို့က မလေးနက်ပါက ကျွန်မက ကောင်းကောင်း မပြောမိလျှင် အခြားလူက ကျွန်မကို တစ်မျိုးထင်မည်ကို ကြောက်၍ မျက်နှာလွှဲပြီး ဤအတိုင်းကျော်သွားလိုက်ပါသည်။ ကျွန်မ၏ အဖော်တစ်ယောက်က သမ္မာတရားနှင့်မည်သို့မျှ မသက်ဆိုင်သည့် အရာများကိုလုပ်ဆောင်နေကြောင်း သို့မဟုတ် သူ့ပတ်ဝန်းကျင်ကို ထည့်မစဉ်းစားပဲလုပ်ဆောင်နေကြောင်းကို ကျွန်မမြင်သည့်အခါတွင် ဤသည်ကို သူ့ကို ထောက်ပြချင်ခဲ့သည်။ သို့သော် “ငါက ဒီကိစ္စကို ထောက်ပြရင် သူ ခံနိုင်ပါ့မလား။ ဒီလိုအသေးအဖွဲကိစ္စတစ်ခုနဲ့ ငါတို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိခိုက်ဖို့ မတန်ပါဘူး။ နောက်တစ်ကြိမ်စောင့် ပြီးတော့မှ ထောက်ပြတော့မယ်” လို့ တွေးမိသည်။ ဤကဲ့သို့နည်းလမ်းနှင့် ကျွန်မ ရောထွေးနေနိုင်သွားဖို့အတွက် မိမိကိုယ်ကိုအကြောင်းပြချက်များရှာခဲ့ပါသည်။

ယခုအခါတွင် ကျွန်မက လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သာမန်လူများ၏ အမြင်တွင် “လိုလိုလားလားရှိသူ” ဆိုသည်မှာ လောကီဆိုင်ရာ မှတ်ကျောက်နှင့် ညီနေရုံသက်သက် ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ မည်သူ့ကိုမှ မထိခိုက်ချင်သည့် အပြုသဘောဆောင်သည့် အရာများကို ချစ်သည့်၊ သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းအသိစိတ်ရှိသည့်၊ ဘုရားသခင်နှစ်သက်သည့် လူကောင်းနှင့် လုံးဝမတူသည့်သူပင် ဖြစ်သည်။ ကျွန်မ အပေါ် တစ်ခြားလူများ၏ ထင်မြင်ချက်က အမှန်တရားကို လက်ခံရယူခြင်းထက် ပိုအရေးကြီးသကဲ့သို့ မြင်ခဲ့ပြီး၊ တစ်ခြားလူများ ကျွန်မကို ချီးမွမ်းဖို့ ကျွန်မလုပ်ဆောင်နေရင်းနှင့် ကျေနပ်နေခဲ့သည်။ ကျွန်မက ဘဝတွင် မှန်ကန်သည့် ပန်းတိုင်ရှိသည့်သူ မည်သို့ဖြစ်နိုင်မည်နည်း။ တစ်ခြားလူများ၏ ချီးမွမ်းခြင်းက သမ္မာတရားကို ကျွန်မ ရယူခြင်းအား ကိုယ်စားပြုနိုင်ပါ့မလား။ တစ်ခြားလူများ၏ အကဲခတ်မှုက ကျွန်မ ဘဝတွင်ရှိသည့်အရာကို ကိုယ်စားပြုနိုင်ပါ့မလား။ ကျွန်မက ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သမ္မာတရား သို့မဟုတ် ဖြောင့်မတ်ခြင်းကို မရှာဖွေပါက၊ ကျွန်မ၏ စိတ်သဘောထား ပြောင်းလဲခြင်း အတွက် မကြိုးစားဘဲ၊ ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် မျက်နှာရဖို့အတွက် အမြဲတမ်း ကြိုးစားအားထုတ်နေလျှင် ၊ ဘုရားသခင်၏ နောက်ကိုလိုက်သည့်အခါတွင် ဤသည်မှာ မည်သည့်တန်ဖိုးရှိသနည်း။ ဤလမ်းနောက်လိုက်လျှင် အဆုံးတွင် ကျွန်မက မည်သည့်အရာကို ရနိုင်မည်နည်း။ ကျွန်မက တကယ့်ကို အကျင့်ပျက်စီးနေသည့် ဖန်ဆင်းခံ သတ္တဝါ တစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်မက အားလုံး၏ အထင်ကြီးမှုကို ရပြီး သူတို့စိတ်ထဲတွင် အဆင့်အတန်းမြင့်သည်ဟု ခံယူထားလျှင်၊ ကျွန်မက ဘုရားသခင်၏ အနေအထားအတွက် ကြိုးစားအားထုတ်ခဲ့သည့် ကောင်းကင်တမန်မင်း ဖြစ်မသွားပါလား။ ကျွန်မက ဘုရားသခင်၏ စစ်မှန်သော ရန်သူဖြစ်မသွားပါလား။ ဘုရားသခင်၏ အမြင်တွင် သေစေသည့် အပြစ်ကို ကျူးလွန်သည့် လူမျိုးမဟုတ်ပါလား။ ဘုရားသခင်က ကယ်တင်ပြီး ပြည့်စုံစေသည့် သူများသည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ရှာဖွေသည့် စစ်မှန်သည့် လူကောင်းများဖြစ်ပါသည်။ သူတို့က အကောင်းနှင့်အဆိုးကို မသိနိုင်သည့်သူ၊ အချစ်နှင့်အမုန်းကို ရှင်းရှင်းလင်းလင်း မသိသည့်သူ၊ ဖြောင့်မတ်ခြင်း အသိစိတ်မရှိသည့် သူများ မဟုတ်ပါ။ သူတို့၏ ကိုယ်ပိုင် နာမည်အတွက်သာ ဂရုစိုက်ပြီး ဘုရားသခင်ကို မလိုလားသည့် ဆိုးယုတ်သည့်လူများကဲ့သို့ ပို၍ မဟုတ်ပါ။ ကျွန်မသည် သာမန်လူများက လူကောင်းတစ်ယောက်ကို မည်သို့ထင်မြင်ကြောင်းကို ကျွန်မ၏ ကိုယ်ပိုင် အနေအထိုင် အပြုအမူအတွက် စံသတ်မှတ်ချက်အဖြစ် ဆက်ပြီး ခံယူနေမည်ဆိုလျှင် ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းခံရသည့် အရာဖြစ်ပြီး ဒုက္ခအကြီးအကျယ်ရောက်မည်ပင် ဖြစ်ပါသည်။

အိုး ဘုရားသခင် စစ်မှန်သည့် လူကောင်းတစ်ယောက်ဖြစ်ဖို့ မည်သည့်အရာကို လိုအပ်ကြောင်း သတိပြုမိဖို့ အခွင့်ပေးပြီး၊ ကျွန်မ၏ ကိုယ်ပိုင် မှားယွင်းသည့် ခံယူမှုများနှင့် မသိမြင်ခြင်းကို မြင်စေဖို့၊ ကျွန်မ၏ ကိုယ်ပိုင် ပုန်ကန်မှုနှင့် ခုခံတွန်းလှန်မှုကို သတိပြုမိစေဖို့ ထပ်ပြီး အခွင်ပေးသည့် ကိုယ်တော်၏ လမ်းညွှန်မှုနှင့် အလင်းပြမှုတို့အတွက် ကျေးဇူးတင်ပါသည်။ အိုး ဘုရားသခင် ယနေ့မှစပြီး “သမ္မာတရားကို ကြိုးစားရှာဖွေပြီး ဖြောင့်မတ်ခြင်း အသိစိတ် ရှိပါ” ဆိုသည့်စကားစုကို ကျွန်မ၏ အနေအထိုင်အပြုအမူအတွက် စံနှုန်းအနေနှင့် ခံယူဖို့၊ သမ္မာတရားအတွင်းကို နက်ရှိုင်းစွာ ဝင်ရောက်ဖို့အတွက် ကြိုးစားရှာဖွေဖို့၊ ကျွန်မ၏ စိတ်သဘောပြောင်းလဲခြင်းကို ရှာဖွေဖို့နှင့် ချစ်ခြင်းနှင့် မုန်းခြင်းကို ရှင်းရှင်းလင်းလင်း သိပြီး ဖြောင့်မတ်ခြင်းအသိစိတ်ရှိသည့် စစ်မှန်သည့် လူကောင်းတစ်ယောက် မကြာခင်တွင် ဖြစ်ဖို့၊ ကြိုးပမ်းဖို့ ဆန္ဒရှိပါသည်။

ယခင်က:ကျွန်တော့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်

နောက်တစ်ခုသို့:အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ