အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၇။ အစားထိုးခံရခြင်းအား ပြန်လည်သုံးသပ်ခြင်း

ယီရန် လိုင်ဝုမြို့၊ ရှန်ဒုံ စီရင်စု

လွန်ခဲ့သော အချိန်ကာလတစ်ခုတုန်းက အသင်းတော်၏ အမှုတော်ဆောင်များအား ပြန်လည် စစ်ဆေးခြင်း နောက်ကွယ်မှ စည်းမျဉ်းကို နားမလည်ခဲ့မှုကြောင့် အသင်းတော်တွင် ခေါင်းဆောင်အသစ်ခန့်အပ်သောအခါ ကျွန်မတွင် အယူအဆတစ်ခု ဖြစ်လာခဲ့သည်။ ကျွန်မအမြင်အရ အစားထိုး ခံလိုက်ရသော ညီအစ်မက သမ္မာတရားကို လက်ခံရာခြင်းမှာရော မိဿဟာရပြုခြင်းမှာပါ အလွန်ကောင်းမွန်ပြီး သူမကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ပြမှုနှင့်ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုနိုင်သည်။ ထို့ကြောင့် ကျွန်မသည် ဤမျှ သမ္မာတရားကို အလွန်ရှာဖွေသူအား အစားထိုးခြင်းကို လုံးဝနားမလည်နိုင်ခဲ့ပါ။ သူမဟာ သူမကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးခြင်း ဖော်ပြမှုကို လွန်စွာပြောကြား၍ သူမ၏ ခေါင်းဆောင်က သူမအား သမ္မာတရားနောက်လိုက်သူမဟုတ်ဟု သတ်မှတ်ကာ အစားထိုးခဲ့ခြင်းလား။ ဤသို့သာတကယ် ဖြစ်ခဲ့ခြင်းဆိုလျှင် သမ္မာတရားရှာဖွေသူတစ်ဦး၏ လေ့ကျင့်ခွင့် အခွင့်အရေးများကပျက်စီးသွား ခြင်း မဟုတ်ပါလား။

ကျွန်မ ဤကဲ့သို့ အလွန်ဇဝေဇဝါ ခံစားနေရချိန်တွင် အသင်းတော်မှ ထုတ်ဝေသော လုပ်ငန်းအစီအစဉ်ထဲမှ ဤစာပိုဒ်ကို ဖတ်မိခဲ့သည်။ “ဘုရားသခင်၏ မိသားစုသည် လူတို့၏ အနှစ်သာရနှင့်အညီ လေ့ကျင့်ပေးပြီး အသုံးပြုရန် ဆုံးဖြတ်ကြသည်။ အကယ်၍ လူတစ်ဦး တစ်ယောက်၏ အနှစ်သာရက သမ္မာတရားအား ရှာဖွေရန်ဖြစ်လျှင် ဘုရားသခင်၏ မိသားစုသည် ဤသူတို့ အပေါ်တွင် လုံးဝ လက်လျှော့မည်မဟုတ်။ အကယ်၍ တစ်ဦးတစ်ယောက်သည် သမ္မာတရားအား ရှာဖွေရန် ဆန္ဒရှိလျှင် ဤသူသည် ဧကန်မုချအပြောင်းအလဲကို ခံစားရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်၏ အနှစ်သာရသည် သမ္မာတရားအား မရှာဖွေပဲ ၎င်းတို့၏ တာဝန်များအား လစ်လျူရှုပြီး လမ်းမှန်ပေါ်တွင် လျှောက်လှမ်းခြင်းမရှိပါက ၎င်းတို့သည် လေ့ကျင့်ပေးခြင်းနှင့် မထိုက်တန်သကဲ့သို့ ဘုရားသခင်မှလည်း ဤကဲ့သို့သောသူအား စုံလင်အောင် လုပ်ဆောင်မပေးနိုင်ပါ။ ဘုရားသခင်မှ စုံလင်အောင်လုပ်ဆောင်ပေးရန် ဆန္ဒမရှိသောသူအတွက် ဘုရားခင်၏ မိသားစုမှလည်း ၎င်းတို့အား လေ့ကျင့်မပေးနိုင်ပါ။ ထို့ကြောင့် လူများအား ကိုင်တွယ်ရာတွင် ဘုရားသခင့် အမှုတော်၏ သတ်မှတ်ချက်များနှင့် နှင့် လူတို့၏ အနှစ်သာရအရ ချဉ်းကပ်ရမည်ဖြစ်သည်။ ဤနည်းလမ်းသာလျှင် ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်နှင့် ဘုရားသခင်ကို အမှန်တကယ် အစေခံရန် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။ အကယ်၍ ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်ဖြစ်သော ဤထိရောက်သောနည်းလမ်းကိုသာ အသုံးမပြုခဲ့လျှင် ဘုရားသခင်၏ အမှုတော်သည် အနှောင့်အယှက်ဖြစ်ကာ ဘုရားသခင်၏ အလိုတော်သည် လုံးဝ ချိုးဖောက်ခံရခြင်း ဖြစ်ပေသည်။ (အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော် လုပ်ငန်းအစီအစဉ်နှင့် သက်ဆိုင်သော သီးသန့်နှစ်စဉ်မှတ်တမ်းထဲက “မေးခွန်းများအကြောင်း မိဿဟာရပြုခြင်း”) ဤစကားများကို နားလည်သဘောပေါက်ဖို့ရန် အထပ်ထပ်အခါခါ ကြိုးစားရင်း အသင်းတော်အနေနှင့် တစ်ဦးတစ်ယောက်ကို ရာထူးတိုးသည်ပဲ ဖြစ်စေ အစားထိုးသည်ပဲ ဖြစ်စေ အသုံးပြုရသည့် စည်းမျဉ်းရှိသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ယင်းမှာ လူတွေကို ဆန္ဒရှိသလို ထင်ရာမြင်ရာအသုံးချတာ အစားထိုးတာမျိုးမဟုတ်ပဲ ဘုရားသခင့် အမှုတော်၏သတ်မှတ်ချက်များနှင့် လူတို့၏ အနှစ်သာရအရ ကိုင်တွယ်ခြင်း ဖြစ်သည်ကို ကျွန်မနားလည်ခဲ့ရပါသည်။ ထို့အပြင် အသင်းတော်က လူတို့ကို သူတို့၏ဖောက်ပြန်ပျက်ဆီးခြင်းအချို့ ဖော်ပြမှုအပေါ် အခြေခံပြီး အစားထိုးခြင်းမဟုတ်ပဲ လူတို့၏ အနှစ်သာရအပေါ် မူတည်ပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ အနှစ်သာရသည် သမ္မာတရားအားရှာဖွေရန်ဖြစ်လျှင် အသင်းတော်သည်ထိုသူအပေါ်တွင် လုံးဝလက်လျှော့မည်မဟုတ်၊ သမ္မာတရားကိုရှာဖွေနေသူအ ဂရုမစိုက်ပဲ အပျက်စီးခံလိမ့်မည် မဟုတ်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင် ရှေ့မှောက်သို့ သွား၍၊ “အို ဘုရားသခင် ကျွန်မသည် စာတန်အားဖြင့် အလွန် နက်ရှိုင်းစွာ ပျက်စီးနေပြီး ကျွန်မ၏ စိတ်တွင်းရှိ အယူအဆများစွာနှင့် ဘုရားသခင်နှင့် သဟဇာတမဖြစ်သော ရှုထောင့်များဖြင့် ကျွန်မသည် ကိုယ်တော်၏အမှုတော်ကို နားလည်ခြင်းမရှိပါ။ ယနေ့၊ လူတို့ကို ရွေးချယ်ခြင်း၊ လေ့ကျင့်ပေးခြင်း သို့မဟုတ် အစားထိုးခြင်းတို့တွင် အသင်းတော်သည် အားလုံးကို ကိုယ်တော့်အမှုတော်၏ သတ်မှတ်ချက်များနှင့် လူတို့၏ အနှစ်သာနှင့်အညီ ချဉ်းကပ်လုပ်ဆောင်သည်ကို ကိုယ်တော်၏ ဦးဆောင်လမ်းပြမှုအောက်မှာ ကျွန်မ အခု သိပါပြီ။ သို့သော် ကျွန်မသည် အစားထိုးခံလိုက်ရသော ညီအစ်မ၏ အနှစ်သာရကို ကောင်းစွာနားလည်ခြင်း မရှိသေးသောကြောင့် အသင်းတော်၏ စီမံမှုပေါ်တွင် ထင်မြင်ယူဆချက်တစ်ခု ရှိခဲ့ပါသည်။ အခုချိန်မှစပြီး ကျွန်မ၏ လမ်းလွဲခြင်းနှင့် အမှားများကြောင့် ဘုရားသခင်၏ အမှုတော်ကို ကျွန်မ အနှောင့်အယှက် မပြုစေရန် ရှင်းလင်းစွာမြင်နိုင်သော အခွင့်ကိုပေးလျက် ကျွန်မအား လမ်းပြဦးဆောင်ရန် တောင်းဆိုပါသည်ဟု ဆုတောင်းပြီး လမ်းမှန်ကိုညွှန်ပြပေးရန် တောင်းခံခဲ့ပါသည်။

ကျွန်မ ဆုတောင်းပြီးနောက် အလုပ်အစီအစဉ်များကို ကျွန်မလုပ်ဆောင် ကာ ဘုရားသခင်၏ လမ်းပြမှုအောက်တွင် ကျွန်မ ဤ စကားများအား ဖတ်ရှုခဲ့ရသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် သမ္မာတရား ရှာဖွေသူတို့သည် သူတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးသော အခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် တိုင်းတာနိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မိဿဟာယပြုခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သိနားလည်ခြင်းကို ဆွေးနွေးရုံသက်သက်မဟုတ်ပဲ မိမိကိုယ်ကို သိနားလည်ခြင်းအား ဆွေးနွေးရန်လည်း ဖြစ်သည်။ မည်သည့် ဖောက်ပြန်ပျက်ဆီးခြင်းကို ဖော်ပြသည်ဖြစ်စေ ညီအစ်ကို မောင်နှမများအနေဖြင့် စစ်မှန်သောအရာတစ်စုံတစ်ရာကို ရရှိနိုင်ပြီး တစ်ဆက်တည်းမှာပင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်ကြပါသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ လူတို့ကို ပို့ဆောင်ရန် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်သည်။ တိုက်ရိုက်ဆိုလိုရင်းများကိုသာ ဆွေးနွေးပြောဆိုပြီး စစ်မှန်မှုကင်းမဲ့သောသူတို့သည် ဘုရားသခင်၏ မိသားစုတွင် ခေါင်းဆောင်ဖြစ်ရန် မထိုက်တန်ပါ။ ဤကဲ့သို့ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအား အစားထိုးသင့်သည်။” (မိတ်သဟာယနှင့်လုပ်ဆောင်မှု အစီအစဉ်များ၏ နှစ်စဉ်မှတ်တမ်းထဲမှ “ဘုရားသခင်ကို အစေခံရန်အတွက် လူအမျိုးမျိုးကို မည်သို့ထိုးထွင်းသိမြင်ရမည်ဆိုသည်ကို သင်ယူလေ့လာရမည်”) ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းဖြင့် သမ္မာတရားကို တကယ်ရှာဖွေသူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် တိုင်းတာနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကိုအမှန်တကယ် သိနားလည်မှုရှိသလို ၎င်းတို့ဖောက်ပြန်ပျက်ဆီးမှု များ၏ သဘောသဘာဝ များနှင့် အနှစ်သာရကို အမှန်တကယ် နားလည်နိုင်သည်ကို ကျွန်မအား သတိပြုမိစေပါသည်။ ၎င်းတို့၏ မိတ်သဟာယပြုခြင်းသည် လူတို့အတွက် စစ်မှန်သော လမ်းကို ပြသနိုင်ပြီး ဘုရားသခင် ရှေ့မှောက်သို့ လူတို့အား ခေါ်ဆောင်နိုင်သည်။ ထို့အပြင် အခြားသူတို့၏ ပြဿနာများကို ဖြေရှင်းပေးလျက်ဖြင့် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းနိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အသက်တာထဲသို့ ဝင်ရောက်ခြင်းနှင့် စိတ်သဘောထားပြောင်းလဲမှုများကို အာရုံစိုက်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ကျွန်မသည် အစားထိုးခံလိုက်ရသော ညီအစ်မ၏ဇွဲကောင်းသော ကျင့်ကြံမှု နှင့် လုပ်ဆောင်ချက်များအား အသေးစိတ် ပြန်လည်မြင်ယောင်မိသည်။ အခြားလူများ၏ ပြဿနာတို့ကို ဖြေရှင်းရာတွင် သူမသည် အကျိုးအကြောင်းသင့်ပြီး အချက်အလက်ကျသည့် စကားလုံးများကို သုံးလျက် စကားပြောကောင်းမွန်စွာ၊ အသေးစိတ်ပြောဆိုနိုင်သော်လည်း သူမသည် သူမကိုယ်တိုင်၏ အသက်တာဝင်ရောက်မှု အခက်အခဲကို မဖြေရှင်းရသေးဘဲ အလုပ်တိုင်းအား ကောင်းစွာ လုပ်ကိုင်ခဲ့သည်ဟု ယုံကြည်လျက်၊ အလွန်ပင် ဘဝင်မြင့်လျက်ဖြင့် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု ထင်မြင်နေသော အခြေအနေတွင် အစဉ်သဖြင့် နေထိုင်ခဲ့သည်။ အမှန်တော့ သူမ၏လုပ်ဆောင်မှုများကပရမ်းပတာဖြစ်ခဲ့သည်။ အကယ်၍ သူမရရှိပြီး မိဿဟာယပြုခဲ့သော အရာသည် အမှန်တကယ်ပင် သမ္မာတရား၏ အနှစ်သာရအပေါ် နားလည်ခြင်းတစ်ခုဖြစ်ခဲ့လျှင် အဘယ့်ကြောင့် သူမ၏ ကိုယ်ပိုင်သိနားလည်ခြင်းကို အသုံးပြုပြီး သူမကိုယ်သူမ မကူညီနိုင်ခဲ့ပါသနည်း။ ခေါင်းဆောင်သည် သူမ၏အမှားပြုမိသောအခြေအနေကို ထောက်ပြပြီး အလေးအနက်ထားကာ သူမအလုပ်တွင်ရှိသော အရေးကြီးသည့် ပြဿနာများအား ခွဲခြမ်းစိတ်ဖြာပြီး သူမနှင့် မိတ်သဟာယပြုလုပ်ချိန်တွင် သူမသည် အပြင်ပန်းတွင် အထပ်ထပ်အခါခါ ခေါင်းညိမ့်၍ အခြေခံစည်းမျဉ်းအရလုပ်ဆောင်ရန် လှိုက်လှိုက်လှဲလှဲ လက်ခံကြောင်း ပြောကြားသော်လည်းပဲ သူမသည် အလုပ်ကိုထိခိုက်စေသည့် သူမဖြစ်ချင်သည့်ပုံစံအတိုင်း နောက်တဖန်ပြုလုပ်လျက် စည်းမျဉ်းကို ဖောက်ဖျက်ပြီး သူမ၏ နည်းလမ်းဟောင်းများအတိုင်း တိတ်တဆိတ် ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူမသည် ကိုင်တွယ်ဖြေရှင်းခြင်းခံရသော အခါတွင် အပြင်ပန်းတွင် လွန်စွာနောင်တရသည့် အသွင်ရှိပေမယ့် နောက်ပိုင်းတွင် သူမသည် ဘာမျှပြောင်းလဲခြင်း မလုပ်ခဲ့ပါ။ သူမသည် မိမိကိုယ်ကို သိနားလည်မှုအကြောင်း ဆွေးနွေးပြီး သူမ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးခြင်းကို ပွင့်ပွင့်လင်းလင်း ချပြသော်လည်း ရလဒ်မှာ သူမသည် အခြားသူများမှ သူမကို ကြည်ညိုအောင်၊ အထင်ကြီးအောင် နှင့် သူမရှေ့မှောက် ရောက်ရှိလာအောင် လုပ်ဆောင်နေခဲ့ခြင်းပင် ဖြစ်သည်။ သူမ၏ အကြောင်းအရာများကို အပြင်သို့ချပြသော နည်းလမ်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ အကျိုးမရှိစေခဲ့ပါ။ လူတွေကို ပျက်စီးစေခဲ့ပြီး လှည့်ဖြားခြင်းသာဖြစ်စေ နိုင်ခဲ့ပါသည်။ သူမသည် နှစ်အကြာကြီး အလုပ်လုပ်ခဲ့ပြီး မိမိကိုယ်ကို တိုက်ရိုက်သိနားလည်မှုများစွာဖြင့် ပြင်ဆင်ထားခဲ့သော်လည်း အသက်တာ၌ သူမ၏ စိတ်သဘောထားများသည် မည်သည့် ပြောင်းလဲခြင်းမျှ မကြုံခဲ့ရ သည်ကို သူမ၏ တစ်စိုက်မတ်မတ် လုပ်ဆောင်မှုမှ ကျွန်မ တွေ့မြင်နိုင်ခဲ့ပါသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူမသည် ပို၍ ပို၍သာ မောက်မာပြီး မာနထောင်လွှားလာခဲ့သည်။ အခုခါကျမှပင် သူမသည် သမ္မာတရားကို ရှာဖွေသူ နှင့် သမ္မာတရားစစ်စစ်ကို ရရှိသူ သို့မဟုတ် ပြတ်သားစွာ မိတ်သဟာယပြုသောသူ မဟုတ်ကြောင်းကို ကျွန်မသိရှိလာခဲ့သည်။ သူမသည် လေ့ကျင့်ပေးရန် မုချမထိုက်တန်သူဖြစ်ပြီး အကယ်၍သူမကိုသာ ဤရာထူး တွင် ဆက်လက် ထားရှိမည်ဆိုလျှင် အသင်းတော်၏ လုပ်ငန်းများကို နှောင့်နှေးစေပြီး ညီအစ်ကို မောင်နှမများအား ထိခိုက်စေမည်ဖြစ်သည်။ သူမကို အစားထိုးလိုက်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး သူမကို ကယ်တင်ရန် ဘုရားသခင်၏ ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်သည်။ ဤသို့မဟုတ်လျှင် သူမသည် သူမ၏ အပြင်ပန်း ပုံသဏ္ဍန်ဖြင့် လှည့်ဖြားခံနေရဦးမည်ဖြစ်ပြီး သူမ၏ အမှားများကို မတွေ့ရှိပဲ နောက်ဆုံးတွင် ဘုရားသခင်၏ ပြစ်ဒါဏ်ပေးခြင်းကို ခံရမည်ဖြစ်သည်။

ဤအကြောင်းအရာမှတစ်ဆင့်ဖြင့်သာ ကျွန်မသည် လုပ်ငန်းအစီအစဉ်များနှင့် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပါယ်များကိုသာ အာရုံစိုက်ရင်း၊သီအိုရီပိုင်းဆိုင်ရာ အသိပညာကိုသာ ရှိထားလျက်နှင့် သမ္မာတရား အကြောင်း သိနားလည်မှု မည်မျှနည်းပါးသည်ကို သိလိုက်ရပါသည်။ ကျွန်မသည် အလုပ် အစီအစဉ်များတွင် ဘုရားသခင်၏ အလိုတော်များကို နားလည်သဘောပေါက်ခြင်းအပေါ် အသေအချာ အာရုံမစိုက်ခဲ့သလို သမ္မာတရား၏ ပဓါနကျသော သိနားလည်ခြင်းလည်း မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်မသည် လူတို့၏ အနှစ်သာရများကို ကောင်းစွာ နားလည်ခြင်း မရှိခဲ့ဘဲ ဆန့်ကျင်ဖက်အနေဖြင့် သမ္မာတရားကို ရှာဖွေသူ တစ်ဦးသည် မှားယွင်းစွာဖြင့် အစားထိုးခံရသည်ဟု မာနထောင်လွှားစွာ စိုးရိမ်ပူပန်မိခဲ့သည်။

အို ဘုရားသခင် ကျွန်မ၏ ခိုကိုးရာမဲ့ခြင်း၊ မမြင်နိုင်ခြင်း၊ ကျွန်မသည် ဘယ်လောက် သနားစရာကောင်းသည်ဆိုသည်တို့ကို မြင်စေသော၊ သမ္မာတရားမပါလျှင် အကြောင်းအရာတစ်ခုရဲ့ အနှစ်သာရကို သေသေချာချာ နားမလည်နိုင်ဘဲ အပြင်ပန်းအသွင်အပြင်တွေရဲ့ လှည့်စားခြင်းကိုသာ ခံရကြောင်းတို့ကို ကျွန်မကို မြင်စေသော ကိုယ်တော်၏ ထုတ်ဖော်ပြသခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ သမ္မာတရားကို နားလည်းခြင်းဖြင့်သာ အရေးပါသော အလုပ်များကို ကောင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အို ဘုရားသခင်။ ယနေ့မှစ၍ ကျွန်မသည် သမ္မာတရားကို ရှာဖွေခြင်းတွင် ပို၍အားစိုက်နိုင်ရန်၊ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကို ရှာဖွေရန်၊ ကိုယ်တော် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရန် နှင့် မကြာခင် ကိုယ်တော်၏ အသုံးပြုခြင်းခံရန်အတွက် ကျွန်မ ဆုတောင်းပါသည်။

ယခင်က:ဟန်ဆောင်မှုကင်းတိုင်း လူရိုးဖြစ်ဖို့မသေချာ

နောက်တစ်ခုသို့:မကျရှုံးမီ မာနထောင်လွှားသောဝိညာဉ်လေး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ