Myanmar Gospel Song 2022 - ဘုရား လူထံမှ နောက်ဆုံးတောင်းဆိုချက်

19.03.2022

တကယ်လို့သာ သင်သည် အစေခံသူတစ်ယောက်ဆိုရင်

စိတ်ရောကိုယ်ပါ ဘုရားအတွက် သစ္စာရှိစွာ အစေခံနိုင်မလား၊

ဘုရား သင့်အား ဘယ်တုန်းကမှ အသိအမှတ်မပြု မှန်း သိရ ရင်

သူနှင့် တစ်သက်လုံး နေပြီး၊ အစေခံနိုင်မလား။

လုံ့လများစွာ စိုက်ထုတ်ခဲ့လည်း သင့်အပေါ်

ဘုရားသခင် အကြင်နာခံစားမှု ကင်းမဲ့ နေတုန်းပဲဆိုရင်

လူမသိသူမသိ ဘုရားအတွက် ဆက်လုပ်နေဦးမလား။

တချို့ အရာတွေကို ဘုရားအတွက် ပေးခဲ့ပေမဲ့

သင့်တောင်းဆိုချက်ကလေးများ မရခဲ့ရင်

စိတ်ပျက်ကာ ဒေါသတကြီး ဘုရားကို အ ပြစ်တင်မလား။

အစဉ် သစ္စာရှိလွန်း၍ ဘုရားကို ချစ်မြတ်နိုးနေလည်း

နာကျင်မှုဝေဒနာ၊ ဘဝ၏ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစား၊

အပေါင်းအသင်းများပင် သင့်အား ပယ်ခွာကာ မိသားစုက ရှောင်ဖယ်၊

ကံကြမ္မာဆိုးများ ကျရောက်လို့လာရင် သင့်၏သစ္စာရှိမှု၊

ချစ်ခြင်းမေတ္တာ ရှိနေဦး မှာ လား။

သင် တောင့်တသော အရာတစ်ခုမှ

ဘုရားပြုသောအမှုနှင့် မကိုက်ညီ ရင်

သင့်အနာဂတ်လမ်း ဘယ်လိုလျှောက် မှာ လဲ။

ဘုရားထံမှ ရရှိရန် မျှော်လင့်ထားသော အရာတစ်ခုမှ မရခဲ့ရင်

ဘုရား၏နောက်လိုက်အဖြစ် ဆက်နေနိုင်မလား။

ဘုရားအမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှုကို မမြင် ခဲ့ ရင်

ဝေဖန်ပိုင်းခြားခြင်းမရှိဘဲ သူ့အား နာခံနိုင်မလား။

သူ ၏နှုတ်ကပတ်တော်အားလုံး၊ သူ မိန့်မြွှက်ခဲ့သောအရာများ၊

လူသားနှင့်အတူရှိချိန်က သူ လုပ်ဆောင်နေခဲ့သော

အမှုအားလုံးကို တန်ဖိုးထားနိုင်မလား။

ဘာတစ်ခုမှ ရမည်မဟုတ်လည်း တစ်ဘဝလုံး သူ့အတွက်

ဒုက္ခဝေဒနာခံစားလိုသော ဘုရား၏ သစ္စာရှိနောက်လိုက် ဖြစ်နိုင်မလား။

ဆင်ခြင်စဉ်းစားခြင်းမရှိ၊ စီမံကိန်းများမဆွဲ၊

အသက်ရှင် ရာ လွှတ်မြောက်ရာ အနာဂတ်လမ်းအတွက်

ပြင်ဆင်မထားဘဲ နေနိုင်မလား။

ထိုအရာများကို ဘုရားအတွက် လုပ်ပေးနိုင်မလား။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။