
Myanmar Praise Song with Lyrics 2020 - ဘုရားသခင်၏နှိမ့်ချ မှုသည် အလွန် ချစ်စဖွယ် ကောင်းသည်
568 |19.04.2020
၁
ဘုရားသခင်သည် သူ့ကိုယ်သူ နှိမ့်ချကာ
ညစ်ညူးပြီးရွံစရာကောင်းတဲ့
လူသားတွေကို ပြည့်စုံလာအောင်
သူတို့အတွက် အမှုဆောင်သည်
ဘုရား လူ့ဇာတိကို ခံယူကာ
လူသားတွေကို ထိန်းကျောင်းပေးသည်
ညစ်ညူးသူတို့ကို ကယ်တင် ရယူဖို့
ဘုရားဟာအဆင်းနီသောနဂါးကြီးရဲ့
နှလုံးသားဆီသို့လာတယ်
သူတို့ကိုပြုပြင် ပြောင်းလဲကာ
အသစ်ဖြစ်စေရန် ဆောင်ရွက်
လူ့ဇာတိခံဖို့ ကိုယ်တော်နှိမ့်ချကာ
ကြုံတွေ့ရတဲ့အခက်အခဲကို ကြံ့ကြံ့ခံသည်
ဒါဟာအကြီးမြတ်ဆုံးဖြစ်သော ဝိညာဉ်တော်အတွက်
အလွန် အောက်ကျဖွယ်ဖြစ်သည်
ဘုရားဟာ ကြီးမြတ်ပြီး မြင့်မြတ်တယ်
လူသားဟာ ဆိုး သွမ်းပြီး နိမ့်ကျတယ်
သို့သော် ဘုရားလူနှင့် စကားပြောတယ်၊ လူကို
ထောက်ပံ့ပေးကာ လူတွေကြားမှာနေထိုင်တယ်၊
ဘုရားဟာအလွန် နှိမ့်ချတတ်တယ်၊
အလွန် ချစ်ဖွယ် ကောင်းတယ်။
၂
ဘုရားသည် သာမန်အသွေးအသားလိုအပ်ချက်နှင့်
နေထိုင်သူဖြစ်သည်
အတိုင်းအတာတစ်ခုထိ
နှိမ့်ချကြောင်းသက်သေပြသည်
ဘုရားရဲ့ မြင့်မြတ် ကြီးမြတ်တဲ့ ဝိညာဉ်တော်ဟာ
သူရဲ့အမှုတော်ကိုဆောင်ရွက်ဖို့
သာမန်လူသားအနေနှင့် ဆင်းသက်လာသည်
ဘုရား ရဲ့အမှုတော် နှင့်သူခံစားခဲ့တဲ့
ကြမ်းတမ်းမှု များဟာ သင်တို့နှင့် မထိုက်တန်ပါ
ထို မထိုက် တန်မှုကို သင်တို့ အသိနှင့်
စိတ်ထားတို့က ဖေါ်ပြနေသည်
ဘုရား ရဲ့အမှုတော် နှင့်သူခံစားခဲ့တဲ့
ကြမ်းတမ်းမှု များဟာ သင်တို့နှင့် မထိုက်တန်ပါ
ထို မထိုက်တန်မှုကိုသင်တို့ ဘဝနှင့်
ကိုယ်ကျင့်တရား တို့က ပြနေသည်
ဘုရားဟာ ကြီးမြတ်ပြီး မြင့်မြတ်တယ်
လူသားဟာ ဆိုးသွမ်းပြီး နိမ့်ကျတယ်
သို့သော် ဘုရားလူနှင့် စကားပြောတယ်၊ လူကို
ထောက်ပံ့ပေးကာ လူတွေကြားမှာနေ ထိုင်တယ်၊
ဘုရားဟာအလွန် နှိမ့်ချတတ်တယ်၊
အလွန် ချစ်ဖွယ် ကောင်းတယ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
အခြား ဗီဒီယိုအမျိုးအစားများ