Myanmar Gospel Music 2020 - လူသားအပေါ် ဘုရားသခင်၏ဒဏ်ခတ်ခြင်းနေ့ရက်သည် ယခုရောက်ရှိလို့လာပြီ

22.04.2020

လူအများအပြားသည်ဆိုးရွားလွန်းသော အမှားများကို ကျူးလွန်မိခဲ့၍

ဂနာမငြိမ်ဖြစ်ပြီး သက်သောင့် သက်သာ မရှိပေ။

ထို့အပြင် အများအပြားသည် ကောင်းမှုတစ်ခုမျှ မပြုခဲ့ဖူးသဖြင့်

မိမိကိုယ်ကိုယ် ရှက်ကြ၏။

သို့သော် မိမိတို့၏အပြစ်များကြောင့်သိက္ခာကျသည်ဟု ခံစားဖို့ ဝေလာဝေး၊

ဆိုးရာမှ ပိုဆိုးသွားပြီး အပြည့်အဝ ထုတ်ဖော်မပြရသေးသည့်

မိမိတို့၏ အကျည်းတန် ရုပ်အင်္ဂါရပ်များကို

ဖုံးထားသည့် မျက်နှာဖုံးကို လုံးဝချွတ်ကာ

ငါ၏စိတ်သဘောကို စမ်းလိုသူများလည်းအများအပြား ရှိပေသည်။

ငါသည် မည်သူ၏ လုပ်ဆောင်ချက်များကိုမျှ ဂရုမစိုက်ပါ၊

သတိလည်းမပြုပါ။

ထိုသို့ ပြုမည့်အစားငါသည် သတင်းအချက်အလက် စုစည်းခြင်းဖြစ်စေ၊

မြေကြီးပေါ် အနှံ့လျှောက် သွားခြင်းဖြစ်စေ၊

ငါစိတ်ဝင်စားရာကို လုပ်သည် ဖြစ်စေ၊

ငါလုပ်သင့်သည့်အလုပ်ကို လုပ်သည်။

အဓိကကျသည့် အချိန်များတွင်

ငါသည် မူလက ကြံရွယ်ထားသည့်အတိုင်းငါ၏အမှုကို လူသားများအကြား ရှေ့ဆက် ဆောင်ရွက်မည်။

တစ်စက္ကန့်မျှ နောက်ကျလွန်းခြင်း၊ စောလွန်းခြင်း မရှိပါ။

သက်သောင့်သက်သာရှိစွာနှင့် ထိရောက်စွာပါ ဆောင်ရွက်မည်။

သို့ရာတွင် ငါ့အမှု၏ အဆင့်တိုင်းတွင်အချို့လူများကို ဘေးသို့ဖယ်ရှားသည်။

ထိုသူတို့၏ မြှောက်ပင့်ခြင်းများနှင့် ဟန်ဆောင်၍နာခံခြင်းများကို ငါစက်ဆုပ်၍ ဖြစ်သည်။

ငါစက်ဆုပ်ရွံရှာသူများကို တမင်ရည်ရွယ်၍ ဖြစ်စေ၊

မရည်ရွယ်ဘဲဖြစ်စေ၊ စွန့်ပစ်မည်မှာ သေချာသည်။

အချုပ် ပြောရလျှင် ငါစက်ဆုပ်ရွံရှာသူ ခပ်သိမ်းကို

ငါနှင့်ဝေးရာတွင် ရှိနေစေချင်သည်။

ငါ၏အိမ်တော်တွင် ကျန်ရှိနေသည့်ကောက်ကျစ် စဉ်းလဲသူများကို

ငါချမ်းသာပေးမည် မဟုတ်သည်မှာ ပြောစရာမလိုပါ။

လူသား အပြစ်ဒဏ်ခံရမည့် နေ့သည် နီးကပ်ပြီဖြစ်၍ ငါသည်

စက်ဆုပ်ဖွယ်သော ဝိညာဉ်များကို စွန့်ပစ်ရန် အလျင်မလိုပါ။

ငါ့တွင် ကိုယ်ပိုင် အစီအစဉ်ရှိ၍ ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။