2021 Myanmar Praise Song - ဘုရားအမှုအား တွေ့ကြုံနည်းကို သင်သိရမည်ကျူး

18.10.2021

ယခုအချိန်တွင်မူ လူအများစုသည် မည်သို့တွေ့ကြုံရမည်ကို မသိကြဘဲ၊

ပြဿနာတစ်ခုကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိကြပေ။

၎င်းတို့သည် ဝိညာဉ်ရေးပြည့်ဝသော အသက်တာဖြင့် အသက်မရှင်နိုင်ကြချေ။

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို သင်၏ လက်တွေ့အသက်တာထဲ၌ ကျင့်သုံးရမည်။

အကယ်၍ သင်သည် ဘုရားသခင်၏အမှုကို မတွေ့ကြုံရပါက

မည်သည့်အခါမျှ စုံလင်အောင်ပြုခြင်း ခံရနိုင်မည် မဟုတ်ပေ။

ဘုရားအမှုကို အချိန်နေရာမရွေး သင်တွေ့ကြုံကာ ဆင်ခြင်၍ တွေးဆနိုင်

သိုးထိန်းများကို စွန့်ခွာပြီး သီးခြားအသက်ရှင်နိုင်၍

ဘုရားလုပ်ရပ်များ မြင်ပြီး ဘုရားကို ကိုးစားနိုင်

ထိုအခါမှ ဘုရားအလိုတော် ပြည့်စုံလိမ့်မည်။

ဘုရားသခင်သည် တစ်ခါတစ်ရံ တစ်စုံတစ်ခုသော ခံစားချက်မျိုး၊

သင်၏အတွင်းထဲက ဝမ်းမြောက်မှုကို ဆုံးရှုံးစေပြီး ဘုရားသခင်ရှိနေခြင်းကို ဆုံးရှုံးစေသည့် ခံစားချက်မျိုး၊

သင့်ကို မှောင်မိုက်ထဲသို့ ထိုးကျသွားစေသည့် ခံစားချက်မျိုးကို

ပေးတတ်သည်။ ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုး ဖြစ်သည်။

တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါတိုင်း၊ ယင်းက အမြဲတမ်း လွဲချော်တတ်သည်။

ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် သင်သည် ဘုရားသခင်အား နာခံမှုမရှိဘဲ ပုန်ကန်တတ်သော အရာတစ်ခုခုကို ပြုလုပ်သည့်အခါ၊

အခြားမည်သူမျှ မသိနိုင်သော်လည်း ဘုရားသခင်သိ၏။

သူသည် သင့်ကို အလွတ်မပေးဘဲ၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။

သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမှာ အလွန်အသေးစိတ်ကျသည်။

သူသည် လူတို့၏ စကားလုံး၊ လှုပ်ရှားမှုတိုင်းနှင့် အကြံအစည်တိုင်းကို အလွန်သေချာစွာ စောင့်ကြည့်သည်၊

သို့မှသာ လူတို့သည် ဤအရာများအပေါ် အတွင်းပိုင်း အမြင်ပွင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။

အကယ်၍ သင်သည် ဘုရားသခင်၏အမှုကို မတွေ့ကြုံရပါက

မည်သည့်အခါမျှ စုံလင်အောင်ပြုခြင်း ခံရနိုင်မည် မဟုတ်ပေ။

ဘုရားအမှုကို အချိန်နေရာမရွေး သင်တွေ့ကြုံကာ ဆင်ခြင်၍ တွေးဆနိုင်

သိုးထိန်းများကို စွန့်ခွာပြီး သီးခြားအသက်ရှင်နိုင်၍

ဘုရားလုပ်ရပ်များ မြင်ပြီး ဘုရားကို ကိုးစားနိုင်

ထိုအခါမှ ဘုရားအလိုတော် ပြည့်စုံလိမ့်မည်။

တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်ပြီး ယင်းက လွဲချော်သွားသည်၊

တစ်စုံတစ်ရာကို သင် ထပ်လုပ်ပြီး လွဲချော်နေသေးသည်၊

ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို သင် တဖြည်းဖြည်း နားလည်လာမည်။

ကြိမ်ဖန်များစွာ ဆုံးမပဲ့ပြင်ခံရခြင်းအားဖြင့်

သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည့်အရာကို လုပ်ရမည်ကို သိလိမ့်မည်။

အဆုံးတွင် သင်သည် သင့်အထဲမှနေ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအတွက်

မှန်ကန်တိကျသော တုံ့ပြန်မှုများ ရှိလိမ့်မည်။

တစ်ခါတစ်ရံ သင်သည် ဆန့်ကျင်ပုန်ကန်တတ်ပြီး

အထဲမှနေ၍ ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို သင်ခံရလိမ့်မည်။

ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။

အကယ်၍ သင်သည် ဘုရားသခင်၏အမှုကို မတွေ့ကြုံရပါက

မည်သည့်အခါမျှ စုံလင်အောင်ပြုခြင်း ခံရနိုင်မည် မဟုတ်ပေ။

ဘုရားအမှုကို အချိန်နေရာမရွေး သင်တွေ့ကြုံကာ ဆင်ခြင်၍ တွေးဆနိုင်

သိုးထိန်းများကို စွန့်ခွာပြီး သီးခြားအသက်ရှင်နိုင်၍

ဘုရားလုပ်ရပ်များ မြင်ပြီး ဘုရားကို ကိုးစားနိုင်

ထိုအခါမှ ဘုရားအလိုတော် ပြည့်စုံလိမ့်မည်။

အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို ပေါ့ပေါ့တန်တန် သဘောထားပါက၊

သူသည် သင့်ကို အရေးစိုက်တော့မည် မဟုတ်ပေ။

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးအနက်ထားလေလေ၊

သင့်ကို သူ ဉာဏ်အလင်းပေးလေလေ ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။