Myanmar Christian Song - သင့်နှလုံးသား ဘုရားဆီ ဦးတည်ပြီလား

08.08.2022

ဘုရားသခင်ဆီ ဦးတည်သော နှလုံးသားမှာ ဘုရားကို အမြဲ ဗဟိုပြုပြီး

ဇာတိကို စွန့်ပစ်နိုင်သည့် ဘုရားကို အောက်မေ့သည့် နှလုံးသားဖြစ်၏။

သူတို့ လုပ်ဆောင်မှုနှင့် အပြောအဆိုတွင်၊

သူတို့အပြုအမူတစ်ခုစီတိုင်းတွင်၊

သူတို့ချစ်သော ဘုရားကို ကျေနပ်စေနိုင်သည်၊

သူတို့နှလုံးသားများ ဘုရားအလိုတော် သယ်ပိုးသည်။

သင့်စိတ်ကူးအတွေးများ မမှန်ကန်သည့်အခါ

ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ဖို့ သင့်ကြံရွယ်ချက်များ စွန့်ပစ်နိုင်သည်။

ဒီလို သင် တွေ့ကြုံရလေလေ သင့်နှလုံးသား ဘုရားဆီကို ဦးတည်နိုင်လေ

သင်သည် ဘုရားကိုကျေနပ်စေနိုင်လေ၊ သူ့ကို ချစ်တတ်လေ။

အကျဉ်းကျခြင်း၊ ဖျားနာခြင်း၊ လှောင်ပြောင်သရော်ခြင်း၊ အသရေဖျက်ခြင်း ကြုံရကြပါစေ၊

လွတ်လမ်းမရှိ ထင်ရပါစေ၊ ဘုရားကို သင် ချစ်နိုင်သေး၏။

စမ်းသပ်မှု ရောက်လာချိန် ဘုရားကို သင် ချစ်နိုင်သေး၏။

ဒါဟာသင့်နှလုံးသား ဘုရားထံသို့ ပြန်လှည့်ပြီဟု ဆိုလိုပေမည်။

သင့်စိတ်ကူးအတွေးများ မမှန်ကန်သည့်အခါ

ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ဖို့ သင့်ကြံရွယ်ချက်များ သင် စွန့်ပစ်နိုင်သည်။

ဒီလို သင် တွေ့ကြုံရလေလေ သင့်နှလုံးသား ဘုရားဆီကို ဦးတည်နိုင်လေ

သင်သည် ဘုရားကိုကျေနပ်စေနိုင်လေ၊ သူ့ကို ချစ်တတ်လေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။