Myanmar Gospel Testimony - ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်၏- လူကို အဘယ်ကြောင့် ကိုးကွယ်ရမည်နည်း
03.06.2022
သူမနှင့် ဝူပင်သည် အသင်းတော်၏ ဧဝံဂေလိအလုပ်အတွက် တာဝန်ကို ခွဲဝေယူရသောအခါ ဝူပင်သည် ဆယ်စုနှစ်နှစ်ခုကျော်အထိ ယုံကြည်သူဖြစ်ခဲ့သည်ကိုလည်းကောင်း၊ စွန့်လွှတ်မှုများပြုလုပ်နိုင်သည်ကိုလည်းကောင်း၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်သည်ကိုလည်းကောင်း သူမ တွေ့ရှိရသည်။ သူမသည် ဝူပင်အား အလွန်အထင်ကြီးလေးစားပြီး ကိုးကွယ်သည်။ သို့သော် အချိန်အနည်းငယ်ကြာပြီးနောက်တွင် ဝူပင်သည် အလွန်မာနထောင်လွှားသည်ကိုလည်းကောင်း၊ ကြွားဝါခြင်းကိုနှစ်သက်ပြီး သူမ၏ တာဝန်တွင် အာဏာရှင်ဆန်သည်ကိုလည်းကောင်း သူမ သတိထားမိသည်။ ဝူပင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါတွင် မိမိကိုယ်မိမိအကြောင်းကို မသင်ယူဘဲ တာဝန်ကို ရှောင်ဖယ်သည်။ သူမသည် ဝူပင်ကို စတင်ရိပ်စားမိလာသည်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့် အဓိကဇာတ်ဆောင်သည် ဝူပင်နှင့်ပတ်သက်၍ မည်သည့်အရာကို သင်ယူရသနည်း။ လူတစ်ယောက်ကို နာခံပြီး ကိုးကွယ်ခြင်း၏ အကျိုးဆက်များနှင့်ပတ်သက်၍ မည်သည့်အရာကို သူမ သင်ယူရသနည်း။ ကျေးဇူးပြု၍ ဤဗီဒီယိုကို ကြည့်ရှုပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ