တရားစီရင်ခြင်းသည် ကောင်းကင်နိုင်ငံသို့ ဝင်ရန် သော့ချက်ဖြစ်၏

06.10.2020

အဓိကဇာတ်ကောင်သည် ခရစ်ယာန်မိသားစုတစ်ခု၌ မွေးဖွားကာ၊ နောက်ပိုင်းတွင် အိမ်တွင်းအသင်းတော်တစ်ခု၏ တရားဟောဆရာ ဖြစ်လာသည်။ ယုံကြည်ခြင်းအားဖြင့် မှန်ကန်ခြင်းသည် လူတို့အား ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်စေသည်ဟု သူက ယုံကြည်သည်။ သို့သော် သူသည် နောက်ပိုင်းတွင် ကျမ်းစာထဲမှ ဘုရားသခင်၏ ယခု နှုတ်ကပတ်တော်တို့ကို ဖတ်မိသည်၊ “သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်” (ရှင်မဿဲခရစ်ဝင် ၇:၂၁)၊ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်” (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)။ သူက ဤစကားတို့ကို နားမလည်နိုင်ဖြစ်ရသည်။ မသန့်ရှင်းသောလူတို့သည် သခင့်ကို မမြင်မတွေ့နိုင်ကြဟုဆိုသည်။ သူသည်လည်း သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့သည့်တိုင်၊ အပြစ်လုပ်လိုက် ဝန်ခံလိုက် ဖြစ်နေသေးကာ၊ သန့်ရှင်းခြင်းကို မရနိုင်ဘဲရှိသည်။ သူ့အနေဖြင့် ကောင်းကင်ဘုံသို့ ရောက်နိုင်ပါ့မလားဟု စဉ်းစားမိပြန်သည်။ ကျမ်းစာကိုလည်း လေ့လာမိသည်။ ဤအကြောင်းကို မေးမြန်းရန်အတွက် ပြည်တွင်းပြည်ပမှ သင်းအုပ်များ၊ အကြီးအကဲများဆီသို့လည်း သွားရောက်သည်။ သို့သော် မည်သည့်အဖြေမှ မတွေ့ချေ။ ရှာဖွေရင်း စိတ်ဓာတ်ကျလာမိသည့်အချိန်လောက်တွင်မူ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားကို သူ ကြားမိသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်မှုကို ကြုံရခြင်းနှင့် အကျင့်ပျက် စိတ်သဘောထားများ သန့်စင်ခံရခြင်းတို့ဖြင့်သာ သူ့အနေဖြင့် ကောင်းကင်ဘုံသို့ ရောက်နိုင်ကြောင်းကို၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်မိသည့်အခါတွင်မှ သူလည်း နောက်ဆုံး နားလည်လာသည်။ သို့ဖြင့် နောက်ဆုံး၌ ကောင်းကင်နိုင်ငံသို့ ဝင်ရာလမ်းကို ရှာတွေ့လေတော့သည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။