ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၂၈” | ကောက်နုတ်ချက် ၂၂၈

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၂၈” | ကောက်နုတ်ချက် ၂၂၈

0 |08.08.2020

တောက်ပသည့်လရောင် တက်လာသောအခါ ငြိမ်းချမ်းနေသောညသည် ရုတ်တရက် အက်ကွဲသွား၏။ လသည် စုတ်ပြတ်နေသော်လည်း လူသား၏စိတ်သည် ကောင်းမွန်နေပြီး အလင်းရောင်အောက်တွင် လှပသော မြင်ကွင်းကို ချီးမွမ်းလျက် လရောင်အောက်တွင် ငြိမ်းချမ်းစွာ ထိုင်နေ၏။ လူသားသည် သူ၏ခံစားချက်များကို မဖော်ပြနိုင်ပါ။ သူ၏အတွေးများကို အတိတ်သို့ ပြန်ပြောင်းစဉ်းစားလိုသကဲ့သို့၊ အနာဂတ်သို့ ရှေ့ရှုလိုသကဲ့သို့၊ ပစ္စုပ္ပန်ကာလတွင် မွေ့လျော်နေသကဲ့သို့ ဖြစ်နေ၏။ သူ၏မျက်နှာတွင် အပြုံးပေါ်လာပြီး သာယာသည့် လေအကြားတွင် လတ်ဆတ်သည့်ရနံ့တစ်ခု လွှမ်းမိုးပျံ့နှံ့သွား၏၊ လေပြေလေညင်းတစ်ခု စတင်တိုက်ခတ် လာသကဲ့သို့ လူသားသည် ထူးကဲသောမွှေးရနံ့ကို သတိပြုမိပြီး ဤရနံ့တွင် ယစ်မူးနေကာ၊ မိမိကိုယ်ကို နိုးထစေခြင်းငှာ မစွမ်းသာ ဖြစ်နေပုံရသည်။ ဤသည်မှာ လူသားများအကြား ငါကိုယ်တိုင် အမှန်တကယ်ရောက်လာချိန်ဖြစ်ပြီး လူသားသည် ဤထူးကဲသည့် အမွှေးနံ့သာကို အထူးခံစားနိုင်သဖြင့် လူသားအားလုံးသည် ဤအမွှေးနံ့သာအကြား နေထိုင်ကြသည်။ ငါသည် လူသားနှင့်ပြေလည်ပြီး လူသားသည် ငါနှင့် လိုက်လျောညီထွေနေ၏၊ ငါ့အပေါ် သူ၏သဘောထားသည် သွေဖီခြင်းမရှိတော့ဘဲ ငါသည်လည်း လူသား၏ အားနည်းချက်များကို စိစစ်လျှော့ချရခြင်း မရှိတော့ပါ၊ လူသား၏မျက်နှာတွင် ဒုက္ခရောက်နေသည့်အသွင် မရှိတော့ပါ၊ ထို့အပြင် သေခြင်းသည်လည်း လူသားတစ်ရပ်လုံးအပေါ် ခြိမ်းခြောက်ခြင်း မရှိတော့ပါ။ ယနေ့ ငါသည် လူသားနှင့်အတူ ဆုံးမခြင်းကာလအတွင်းသို့ တက်လှမ်းသည်၊ သူနှင့်ယှဉ်လျှက် ရှေ့သို့သွားသည်။ ငါသည် ငါ၏အမှုကို လုပ်ဆောင်လျက်ရှိ၏၊ ဆိုလိုသည်မှာ ငါ၏လှံတံတော်ကို လူသားများအကြား ငါပစ်ချပြီး လှံတံတော်သည် ပုန်ကန်သည့်လူသားအပေါ်သို့ ကျရောက်၏။ လူသား၏ မျက်စိထဲတွင် ငါ၏လှံတံသည် တန်ခိုးထူးများ ရှိပုံရနေသည်။ ယင်းသည် ငါ့ရန်သူအားလုံးအပေါ်သို့ ကျရောက်ပြီး အလွယ်တကူ ချမ်းသာမပေး၊ ငါ့ကို ဆန့်ကျင်သူခပ်သိမ်းအကြား လှံတံတော်သည် ၎င်း၏မူရင်းအလုပ်ကို လုပ်၏၊ ငါ့လက်ထဲတွင် ရှိသူအားလုံး ငါ၏မူလရည်ရွယ်ချက်နှင့်အညီ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ကြ၏၊ ထို့အပြင် ငါ၏အလိုများကို ဖီဆန်ခဲ့ခြင်းမရှိ၊ ၎င်းတို့၏အနှစ်သာရကို တစ်ခါမျှ ပြောင်းလဲခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ရေများသည် ဟုန်းဟုန်းမြည်၍၊ တောင်များ လဲပြိုကာ မြစ်ကြီးများပြိုကွဲမည်၊ လူသားသည် အစဉ် ပြောင်းလဲလိမ့်မည်၊ နေသည် မှိန်သွားပြီး လသည်မှောင်သွားမည်၊ လူသားတွင် အေးချမ်းစွာနေနိုင်သည့် နေ့ရက်များ မရှိတော့ပါ၊ မြေကြီးပေါ်တွင် ငြိမ်သက်အေးချမ်းသည့်အချိန်များ ရှိတော့မည် မဟုတ်ပါ၊ ကောင်းကင်တို့သည် နောင်တွင် မည်သည့်အခါမျှ ပြန်၍ ငြိမ်သက်မည် မဟုတ်ပါ၊ ပြန်၍ တိတ်ဆိတ်မည် မဟုတ်ပါ၊ ထို့အပြင် ပြန်၍ အဓွန့်ရှည်မည် မဟုတ်ပါ။ အရာခပ်သိမ်းသည် အသစ်တစ်ဖန်ဖြစ်၍ မိမိတို့၏ မူလအသွင်ကို ပြန်ရလိမ့်မည်။ မြေကြီးပေါ်ရှိ အိမ်ထောင်စုအပေါင်း တကွဲတပြားစီဖြစ်ပြီး မြေကြီးပေါ်ရှိ နိုင်ငံအားလုံး ပြိုကွဲလိမ့်မည်၊ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစပ်သည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးလည်း မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ်တွင် ရှိခဲ့သော အရာခပ်သိမ်းတို့ကို ငါကြေမွစေမည်။ ငါသည် ခံစားချက်မရှိ၍ လူများကို ၎င်းတို့၏ခံစားချက်များ ထုတ်လွှတ်ခွင့် ငါမပေး၊ ထို့အပြင် အတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို မုန်းတီးလာပြီဖြစ်သည်။ လူသားတို့အကြား ခံစားချက်များကြောင့် ငါသည် ဘေးဖယ်ခံခဲ့ရသည်၊ ထို့ကြောင့် ထိုသူတို့၏မျက်စိထဲတွင် ငါသည် “အခြားတစ်ပါး” ဖြစ်သွားခဲ့သည်၊ အကြောင်းမှာ ငါ့ကိုမေ့လျော့နေခဲ့သော လူသားတို့အကြားရှိ ခံစားချက်များကြောင့်ဖြစ်သည်၊ သူ၏ “အသိစိတ်” ကိုရယူရန် အခွင့်ကောင်းကို မလွတ်တမ်းအသုံးချသော လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်၊ ငါ၏ဆိုဆုံးမမှုကို အစဉ်ငြီးငွေ့နေသော လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်၊ ငါ့ကို မျှတမှုမရှိ၊ မတရားဟု ဆိုပြီး ငါသည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ဂရုမပြုဟု ဆိုသော လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ မြေကြီးပေါ်တွင် ငါ၏ဆွေမျိုးသားချင်းရော ရှိပါသလား။ စားသောက်ရန်၊ အိပ်စက်ရန် မစဉ်းစားဘဲ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်လုံးအတွက် နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးခဲ့သနည်း။ လူသားနှင့် ဘုရားသခင် အဘယ်သို့ နှိုင်းယှဉ်နိုင်မည်နည်း။ သူသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။ ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်သည် ဖန်ဆင်းခံရသူ လူသားနှင့် အဘယ်သို့ အမျိုးအစား တူနိုင်မည်နည်း။ ငါသည် မြေကြီးပေါ်ရှိလူသားနှင့် မည်သို့ အစဉ်နေ၍ အတူတကွ ဆောင်ရွက်နိုင်မည်နည်း။ ငါ၏နှလုံးအတွက် အဘယ်သူစိုးရိမ်သနည်း။ ဤသည်မှာ လူသား၏ ဆုတောင်းချက်များလား။ တစ်ချိန်က ငါသည် လူသားနှင့်လက်တွဲ၍ အတူလမ်းလျှောက်ရန် သဘောတူခဲ့သည်။ ဟုတ်ပေသည်၊ ယနေ့တိုင် လူသားသည် ငါ၏စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် နေခဲ့သည်၊ သို့သော် မည်သည့်နေ့တွင် လူသားသည် ငါ၏စောင့်ရှောက်မှုမှ ခွဲထွက်နိုင်မည်နည်း။ လူသားသည် ငါ၏နှလုံးအတွက် မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့သော်လည်း မည်သူသည် အလင်းမဲ့သော တိုင်းပြည်တွင် ဆက်လက်နေနိုင်မည်နည်း။ ငါ၏ကောင်းကြီးမင်္ဂလာများဖြင့်သာ လူသားသည် ယနေ့တိုင် အသက်ရှင်ခြင်းဖြစ်၏။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်