ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” -ကောက်နုတ်ချက် ၁၄၉

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” -ကောက်နုတ်ချက် ၁၄၉

0 |30.07.2020

ဘုရားသခင်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာသည့်အခါ သူ၏ဝိညာဉ်တော်သည် လူသားတစ်ဦး အပေါ်ကို သက်ဆင်းသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်၌ သူ့၏လုပ်ဆောင်ချက်များကို လုပ်ပြီး ကန့်သတ်ထားသည့် အဆင့်များကို သူနှင့်ယူဆောင်လာဖို့ထက် ဤလုပ်ဆောင်ခြင်းသည် လုံးဝ အကန့်အသတ်မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များသည် သူ့အလုပ်၏ သက်ရောက်မှုများ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်သည်။ သူသည် ဇာတိပကတိထဲ ရှိနေစဉ်မှာ အလုပ်များကို လုပ်ဆောင်မည် ဖြစ်သည့်အတွက် ဤအရာများအား အချိန်ကြာရှည်မှုကို သတ်မှတ်ဖို့အတွက် အသုံးပြုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ လုပ်ဆောင်မှု အဆင့်တိုင်းကို တိုက်ရိုက်ဖော်ပြသည်။ သူလှုပ်ရှားနေစဉ်မှာ သူ့အလုပ်များကို ကြည့်ရှုစစ်ဆေးသည်။ လူ၏ စိတ်ကူးကန့်သတ်ချက်ထက်ပိုသည့် သဘာဝလွန်များ မဟုတ်ပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသည့် ယေဟောဝါ၏ လုပ်ဆောင်ချက်မျိုးပင် ဖြစ်သည်။ သူသည် ဆက်တိုက် စီစဉ်ပြီး လုပ်ဆောင်သည်။ သူသည် အလင်းကို အမှောင်မှ ခွဲထုတ်သည်။ မနက်နှင့် ညကို ဖြစ်ပေါ်စေသည်။ ဤလုပ်ဆောင်ချက်သည် တစ်ရက်ကြာသည်။ ဒုတိယနေ့မှာ မိုးကောင်းကင်ကို ဖန်ဆင်းသည်။ ဤအရာလည်း တစ်ရက်ကြာသည်။ ပြီးနောက်မှာ သူသည် ကမ္ဘာ၊ ပင်လယ်နှင့် ဤအရာများအပေါ်မှာ နေထိုင်သည့် အရာများကို ဖန်ဆင်းသည်။ ဤအရာသည်လည်း တစ်ရက်ကြာသွားသည်။ ဤကဲ့သို့မျိုး ခြောက်ရက်ကြာပြီးသည့်နောက် ခုနှစ်ရက်မြောက် မတိုင်ခင်မှာ ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီး ကမ္ဘာပေါ်က အရာအားလုံးကို စီမံစေပြီးသည့်အခါ၊ ဘုရားသခင်သည် အားလုံးကို ဖန်ဆင်းပြီးသည့်အခါ သူအနားယူခဲ့သည်။ ဘုရားသခင်သည် ခုနှစ်ရက်မြောက်နေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အရာအားလုံးကို ဖန်ဆင်းပြီးမှသာ ဤသန့်ရှင်းသည့်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အရာအားလုံးကို မဖန်ဆင်းခင်က စီစဉ်သတ်မှတ်ပြီး မဟုတ်ပေ။ ဤအလုပ်ကိုလည်း အလိုအလျောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ အရာခပ်သိမ်းကို သူမဖန်ဆင်းခင် သူသည် ကမ္ဘာကို ခြောက်ရက်နှင့် ဖန်ဆင်းပြီး ခုနှစ်ရက်မြောက် နေ့မှာ အနားယူမည်ဟု ဆုံးဖြတ်ထားခြင်းမဟုတ်ပေ။ အချက်အလက်များက လုံးဝ ဤကဲ့သို့မဟုတ်ပေ။ သူဤအရာကို မပြောခဲ့၊ မစီစဉ်ခဲ့ပေ။ အရာအားလုံးကို ဖန်ဆင်းခြင်းသည် ခြောက်ရက်မြောက်နေ့၌ ပြီးဆုံးမည်ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့မှာ သူအနားယူမည်ဟု သူအလျဥ်းမပြောခဲ့ပေ။ သူ့အနေနှင့် ကောင်းမည်ဟု ထင်မြင်သည့် အရာများအပေါ်မှာ မူတည်ပြီး ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ သူအားလုံးကို ဖန်ဆင်းပြီးချိန်မှာ ခြောက်ရက်မြောက်နေ့ ဖြစ်နေပေပြီ။ သူအရာအားလုံးကို ဖန်ဆင်းပြီးသည့်အချိန်မှာ ငါးရက်မြောက်နေ့ဖြစ်နေလျှင် သူသည် ခြောက်ရက်မြောက်နေ့ကို သန့်ရှင်းသည့်နေ့အဖြစ် သတ်မှတ်ခဲ့ပါလိမ့်မည်။ သို့သော်လည်း သူသည် အရာအားလုံးကို ခြောက်ရက်မြောက်နေ့မှာ ဖန်ဆင်းပြီးမြောက်ခဲ့သည့်အတွက် ခုနှစ်ရက်မြောက်နေ့သည် ယနေ့ အထိ သတ်မှတ်ပြဌာန်းထားသည့် သန့်ရှင်းသည့် နေ့တစ်နေ့ ဖြစ်လာသည်။ ထို့ကြောင့် သူ၏ လက်ရှိအမှုများသည် ဤနည်းအတိုင်းပင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် သင်တို့၏ အခြေအနေပေါ်မှာ မူတည်ပြီး သင်တို့၏ လိုအပ်ချက်များကို ပြောဆိုပံ့ပိုးပေးသည်။ ဤအရာသည် ဝိညာဉ်တော်မှ လူများ၏ အခြေအနေများအရ ပြောဆို လုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်သည် အားလုံးကို စောင့်ကြည့်နေပြီး အချိန်တိုင်း နေရာတိုင်းမှာ အလုပ်လုပ်သည်။ ပြောမည်ဆိုလျှင်၊ သင်တို့အပေါ် ငါနေရာချပေးသည်နှင့် သင်တို့အပေါ် ငါအပ်နှင်းခြင်းများသည် ခြွင်းချက်မရှိ သင်တို့ လိုအပ်သည့်အရာပင် ဖြစ်သည်။ ထို့ကြောင့် ငါ၏အလုပ်များသည် လက်တွေ့သဘောနှင့် ကင်းကွာသည့်အရာ တစ်ခုမှမရှိဟု ပြောခြင်းဖြစ်သည်။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာခပ်သိမ်းကို စောင့်ကြည့်လျက်ရှိ၏” ဆိုသည်ကို သင်တို့လည်း သိသည့်အတွက် အားလုံးသည် အမှန်တကယ်များဖြစ်သည်။ ဤအရာများ အားလုံးသည် ကြိုတင် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်ခဲ့လျှင်၊ အားလုံးသည် ကြိုတင်ခင်းကျင်းပြီးသား ဖြစ်မနေပေလော။ ဘုရားသခင်သည် နှစ်ပေါင်း ၆၀၀၀ မျှ အလုပ်လုပ်ပြီးလျှင်ပင် လူသားများကို ပုန်ကန်ခြင်း၊ ခုခံခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားတတ်ခြင်း၊ ဇာတိပကတိ၌ တည်ရှိခြင်း၊ အကျင့်ပျက်ဆီးနေသည့် စာတန်၏ စိတ်သဘောထား၊ မျက်လုံး၏တပ်မက်ခြင်းနှင့် သူတို့၏ကျူးလွန်ခြင်းတို့ ဖြစ်စေဖို့ ကြိုတင်ခွဲခန့် မှတ်သားထားလိမ့်မည်ဟု သင်ထင်သည်။ ဤအရာသည် ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးမှုကြောင့်သာ ဖြစ်သည်။ အချို့က “စာတန်ကလည်း ဘုရားသခင်၏ လက်အောက်မှာ ရှိသည်မဟုတ်လော။ စာတန်သည် လူသားများကို ဤနည်းနှင့် ဖျက်ဆီးမည်ဖြစ်ပြီး ထို့နောက်မှာ ဘုရားသခင်သည် လူသားများကြားထဲမှာ သူ၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားခဲ့ခြင်းပင်” ဟု ပြောကြပါလိမ့်မည်။ စာတန်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ ဘုရားသခင်က အကယ်ပင် ကြိုတင်ခွဲခန့် မှတ်သားပြီးဖြစ်ပါ့မည်လော။ ဘုရားသခင်သည် လူသားများကို သာမန်လူသား သဘောသဘာဝမှာ နေထိုင်ခွင့်ပြုဖို့သာ အလွန် စိတ်ထက်သန်သည်။ သူသည် လူသားမျိုးနွယ်၏ ဘဝများကို နှောင့်ယှက်ပါမည်လော။ ဤကဲ့သို့သာဆိုလျှင် စာတန်ကို ချေမှုန်းပြီး လူသားများကို ကယ်တင်ခြင်းသည် အလဟဿ အဓိပ္ပာယ်မရှိ ဖြစ်မနေပေလော။ လူသားများ၏ ပုန်ကန်ခြင်းသည် မည်ကဲ့သို့ ကြိုတင်ခွဲခန့် မှတ်သားပြီးသား ဖြစ်နိုင်ပါ့မည်နည်း။ အမှန်တွင် စာတန်၏ နှောင့်ယှက်မှုကြောင့်သာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားသည်ဆိုသည်မှာ မည်ကဲ့သို့ဖြစ်နိုင်ပါ့မည်နည်း။ ဘုရားသခင် လက်အောက်၌ စာတန်ရှိသည်ဆိုခြင်းကို သင်တို့ နားလည်သည်နှင့် စာတန်သည် ဘုရားသခင်၏ လက်အောက်မှာရှိသည်ဟု ငါပြောသည့် အချက်နှစ်ခုသည် အလွန်ကွဲပြားသည်။ သင်တို့၏ ပြောဆိုချက် ဖြစ်သည့် “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံပြီး စာတန်သည် သူ့လက်ထဲမှာ ရှိသည်” ဆိုလျှင် စာတန်သည် သူ့ကို သစ္စာဖောက်မည် မဟုတ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်ဟု သင်ပြောခဲ့သည်မဟုတ်လား။ သင်တို့၏ အသိပညာသည် အပေါ်ယံသက်သက်ဖြစ်ပြီး လက်တွေ့သမ္မာတရားနှင့် မတူညီချေ။ မှန်ကန်ခြင်းမရှိ၊ အလုပ်မဖြစ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံသည်။ ဤအရာက လုံးဝ မမှားပေ။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည့် အကြောင်းက အစအဦးပိုင်းမှာ ဘုရားသခင်က သူ့ကို အခွင့်အာဏာတစ်ချို့ ပေးခဲ့၍ ဖြစ်သည်။ ဤအရာက ဧဝသည် မြွေ၏ သွေးဆောင်မှုကို အရှုံးပေးလိုက်ရ သကဲ့သို့ပင် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း စာတန်သည် မည်မျှပင် ပုန်ကန်နေပါစေ ဘုရားသခင်ကဲ့သို့ အနန္တတန်ခိုးနှင့် ပြည့်စုံခြင်း မရှိပေ။ သင်တို့ ပြောခဲ့သကဲ့သို့ပင် စာတန်သည် တန်ခိုးကြီးသည်။ စာတန်က မည်သည့်အရာ လုပ်သည်ဖြစ်စေ ဘုရားသခင်၏ အခွင့်အာဏာသည် အမြဲတမ်း စာတန်ကို ချေမှုန်းပစ်မည်ဖြစ်သည်။ ဤအရာမှာ “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံ၍ စာတန်သည် သူ၏လက်ထဲတွင်ရှိ၏” ဟူသည့် စကား၏ မှန်ကန်သည့် အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် သူစစ်ခင်းရာမှာ တစ်ဆင့်ချင်းသွားရသည်။ ဘုရားသခင်သည် စာတန်၏ လှည့်ကွက်များကို ကြည့်ပြီး သူ၏လုပ်ဆောင်ချက်များကို စီစဉ်သည်။ ဆိုလိုသည်မှာ ခေတ်ကာလများအပေါ် မူတည်ပြီး လူများကို ကယ်တင်ကာ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးနှင့် ပြည့်စုံခြင်းကို လူများကို ဖော်ပြသည်။ ဤကဲ့သို့ပင် နောက်ဆုံးသောကာလ၏ လုပ်ငန်းများသည်လည်း ကျေးဇူးတော်ခေတ်မတိုင်ခင်မှာ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိချေ။ ဤတစ်ခုကဲ့သို့ အစီအစဉ်တကျ ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မရှိပေ။ ပထမဆုံး လူသား၏ ပြင်ပ စိတ်သဘောထားများကို ပြောင်းလဲစေမည်။ ဒုတိယအနေနှင့် လူသားကို သူ၏ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်ခြင်းကို လက်ခံစေမည်။ တတိယအနေနှင့် လူသားအား သေခြင်းကို ကြုံတွေ့စေမည်။ စတုတ္ထအနေနှင့် လူသားကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကာလကို ကြုံတွေ့စေပြီး ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အဓိဋ္ဌာန်ပြုချက်ကို ဖော်ပြမည်။ ပဉ္စမအနေနှင့် လူသားအား ဘုရားသခင်၏ အလိုကိုမြင်စေပြီး ဘုရားသခင်ကို အလုံးစုံ သိကျွမ်းစေမည်။ ပြီးနောက် လူသားကို ပြည့်စုံစေမည်။ ဤအရာများအားလုံးကို ကျေးဇူးတော်ခေတ်မှာ သူစီစဉ်ခဲ့ခြင်း မရှိချေ။ ဤကဲ့သို့မဟုတ်ဘဲ လက်ရှိခေတ်မှာ ဤအရာများကို သူစီစဉ်နေခြင်းသာ ဖြစ်သည်။ စာတန်သည် အလုပ်လုပ်နေသကဲ့သို့ ဘုရားသခင်သည်လည်း အလုပ်လုပ်နေသည်။ စာတန်က သူ၏ ပျက်စီးသည့် စိတ်သဘောထားကို ဖော်ပြပြီး ဘုရားသခင်မူကား တိုက်ရိုက်ပြောဆိုကာ ထိရောက်သည့် အရာတစ်ချို့ကို ဖွင့်ပြသည်။ ဤအရာသည် လက်ရှိ လုပ်ဆောင်နေသည့် အလုပ်ဖြစ်ပြီး လောကကြီးကို ဖန်ဆင်းပြီးနောက်ဖြစ်သည့် ရှေးတုန်းက အချိန်များ၌လည်း ဤကဲ့သို့ပုံစံမျိုးကိုသာ အသုံးပြုခဲ့သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်