2021 Myanmar Praise Song - ဘုရားအတွက် သစ္စာရှိသော နှလုံးသား

26.06.2021

အိုး ဘုရား၊ ကျွန်ုပ်ဘဝသည် သခင့်အဖို့ သိပ်အရေးမပါသော်လည်း

သခင့်ကိုသာ ကျွန်ုပ်ဘဝ ပုံအပ်ထားချင်သည်

လူသားသည် သခင့်ကိုချစ်ရန် မထိုက်တန်သော်လည်း

သူတို့ချစ်ခြင်းနှင့်နှလုံးသားများ မှာ အဆုံးစွန်ထိ တန်ဖိုးမဲ့သော်လည်း

သူတို့ရည်ရွယ်ချက်ကောင်းကို သခင် မြင်နိုင်သည်

လူ၏အသွေးအသားဇာတိစိတ်ကို သခင်လက်မခံနိုင်သော်လည်း

ကျွန်ုပ်နှလုံးသားကို သခင်လက်ခံရန် ဆန္ဒရှိသည်

ကျွန်ုပ်သည် မြေမှုန်ထက်ပို၍ပို၍ နိမ့်ပါးသောကြောင့်

သခင့်အား ဒီသစ္စာရှိသော နှလုံးသားကို

ဆပ်ကပ်ထားရန်မှအပ အခြားမရှိပါ... အိုး ဘုရား...သခင့်ထံသာ

အိုး ဘုရား၊ ကျွန်ုပ်ဘဝသည် သခင့်အတွက် သိပ်အရေးမပါသော်လည်း

သခင့်ကိုသာ ကျွန်ုပ်နှလုံးသားတစ်ခုလုံးကို ပုံအပ်ထားချင်ပါသည်

သခင့်အတွက် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်သော်လည်း

သခင်ကျေနပ်စေရန် ကိုယ့်ကိုကိုယ် သခင့်ထံသစ္စာရှိစွာ ပုံအပ်ထားပါမည်

သခင် ကျွန်ုပ်နှလုံးသားကို ကြည့်မှာကို ကျွန်ုပ် သိပါသည်

ကျွန်ုပ်၏နှလုံးသားထဲရှိ ဆန္ဒနှင့် သခင့်အပေါ်

ချစ်ခြင်း စိတ်သဘောကိုသာ လက်ခံဖို့ တောင်းဆိုပါသည်

ကျွန်ုပ်သည် မြေမှုန်ထက်ပို၍ပို၍ နိမ့်ပါးသော ကြောင့်

သခင့်အား ဒီသစ္စာရှိသော နှလုံးသားကို

ဆပ်ကပ်ထားရန်မှအပ အခြားမရှိပါ... အိုး ဘုရား...သခင့်ထံသာ

အိုး ဘုရား၊ ကျွန်ုပ်ဘဝသည် သခင့်အတွက် သိပ်အရေးမပါသော်လည်း

သခင့်ကိုသာ ကျွန်ုပ်ဘဝတစ်ခုလုံးကို ပုံအပ်ထားချင်ပါသည်

သခင်နှင့်အတူရှိတာကြာခဲ့သော်လည်း သခင့်ကို မသိခဲ့ပါ

သခင့်အား ကျွန်ုပ် မချစ်ခဲ့တာဟာ ကျွန်ုပ်၏အကြီးမားဆုံး အကြွေးတစ်ခုဖြစ်ပါသည်

သခင့်ရဲ့နောက်ကွယ်မှာတောင် တစ်ခုခုပြောခဲ့သည်

အိုး ဘုရား၊ ဘယ်တော့မှ မပြောသင့်တဲ့စကားများပါ

ဒီလိုအရာများက ကျွန်ုပ်အား သခင့်အပေါ် ထာဝရအကြွေးတင်စေသည်...

ကျွန်ုပ်သည် မြေမှုန်ထက်ပို၍ပို၍ နိမ့်ပါးသော ကြောင့်

သခင့်အား ဒီသစ္စာရှိသော နှလုံးသားကို

ဆပ်ကပ်ထားရန်မှအပ အခြားမရှိပါ... အိုး ဘုရား...သခင့်ထံသာ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။