ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သုံးပါးတစ်ဆူ တည်ရှိပါသလော” | ကောက်နုတ်ချက် ၂၉၈

0 |07.07.2020

ဤအရာသည် လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ နှုတ်ကပတ်များကို အမှတ်ရစေပေမည်၊ “ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။” ဘုရားသခင်သည် “ငါတို့” ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်း ကြစို့ဟု ပြောသည်ကို ထည့်တွက်ရလျှင်၊ “ငါတို့” သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုနေခြင်းကို ညွှန်ပြနေသည်၊ သူသည် “ငါတို့” ဟု ပြောဆိုခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ မဟုတ်တော့ပေ။ ဤနည်းလမ်းအားဖြင့်၊ လူသည် အကောင်အထည်မဲ့သော ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင်တွေးခေါ်လာခဲ့ပြီး၊ ဤနှုတ်ကပတ်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် စိတ်ကူးအကြံ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် မည်သည်နှင့် သဏ္ဍာန်တူသနည်း။ သားတော်သည် မည်သည်နှင့် သဏ္ဍာန်တူသနည်း။ သန့်ရှင်းသော ဝိညာဥ်တော်သည် မည်သည်နှင့် သဏ္ဍာန်တူသနည်း။ ယနေ့ခေတ် လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဍာန် တစ်ခုတည်းနှင့်အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်နိုင်ခဲ့သလော။ ဤသို့ဆိုလျှင် လူ၏ ပုံသဏ္ဍာန်သည် ခမည်းတော်၏ ပုံသဏ္ဍာန်လော၊ သားတော်၏ ပုံသဏ္ဍာန်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော်၏ ပုံသဏ္ဍာန်လော။ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တစ်ပါးနှင့် လူသား၏ ပုံသဏ္ဍာန် ညီနေသနည်း။ လူသား၏ ဤစိတ်ကူးအကြံမှာ တကယ်ပင် မှန်ကန်မှုမရှိဘဲ၊ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါး တည်းအား ဘုရားသခင် အပါးပါးအဖြစ်သာ ခွဲခွာနိုင်သည်။ မောရှေ ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်သည်၊ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လိုက်လာသည့် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်း မှ ဖြစ်သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပါ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ပြောသည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သူမည်ကဲ့သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးအား မည်ကဲ့သို့ ဖန်ဆင်းခဲ့ပုံနှင့် ပတ်သက်၍ သူ့တွင် အရိပ်အမြွက်မျှပင် မရှိခဲ့။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလ ပြည်တွင် သူ၏ အလုပ်အား ဆောင်ရွက်ပုံကိုသာ ဖော်ပြထားသည်။ ခေတ်ကာလများ ပြောင်းသွားသည်နှင့် သူသည်လည်း ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဆိုခံသည်၊ သို့သော် ဤအချက်က အမည်တစ်ခုချင်း စီတိုင်းသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပါ။ ဤသို့သာဆိုပါက၊ ဘုရားသခင်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ အပါးပါး ရှိနေလိမ့်မည် မဟုတ်ပေလော။ ဓမ္မဟောင်း ကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အလုပ်အကြောင်း၊ ပညတ်တော်ခေတ်၌ စတင်ခဲ့သည့် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်အဆင့် အကြောင်းပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလုပ်ဖြစ်ခဲ့ပြီး သူပြောသည့် နေရာတွင် ၎င်းရှိခဲ့ကာ၊ သူမိန့်မှာသည့်နေရာတွင် ၎င်းရပ်တည်ခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါမှာ သူသည် အလုပ်လုပ်ဆောင်ရန် ကြွဆင်းလာသော ခမည်းတော်ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် သားတော်ကြွလာမည့် အကြောင်းကိုလည်း ပရောဖက်မပြုခဲ့ပါ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်မူ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ခြင်းဟုသာ ပြောခဲ့ပြီး၊ ကြွဆင်းလာသူမှာ သားတော်ဖြစ်ကြောင်း မပြောခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြဘဲ၊ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သော အလုပ်သည်လည်း ကွဲပြားသည့် အတွက်၊ သူသည် သူ၏ အလုပ်အား ကွဲပြားခြားနားသော နယ်ပယ်များအတွင်း လုပ်ဆောင်ရန် လိုသည်။ ဤနည်းလမ်းအားဖြင့်၊ သူကိုယ်စားပြုသော သွင်ပြင်လက္ခဏာမှာလည်း ကွဲပြားသွားသည်။ လူသည် ယေဟောဝါမှာ ယေရှု၏ ခမည်းတော်ဟု ယုံကြည်သည်၊ သို့သော် အမှန်တွင်မူ ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ သူဆိုသည်ကား၊ “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ၊ ငါနှင့် ကောင်းကင်ဘုံမှ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ခမည်းတော်ကို မြင်၏။” ဟုပြောခဲ့သည့် ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ အရာအားလုံး ပြောပြီးသွားသောအခါတွင်၊ ခမည်းတော်ပင်ဖြစ်စေ၊ သားတော်ပင်ဖြစ်စေ၊ သူတို့သည် ဝိညာဥ်တော် တစ်ပါး တည်းသာဖြစ်၍ ခြားနားသော ပုဂ္ဂိုလ်နှစ်ပါးအဖြစ်သို့ ခွဲခွာမနေပါ။ လူမှ ရှင်းပြရန် ကြိုးစားသည်နှင့် ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးဟူသည့် စိတ်ကူးအကြံ၊ ထို့အတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဥ်တော်တို့ အကြားရှိ ဆက်နွှယ်မှု စသည်တို့နှင့် ရှုပ်ထွေးကုန်၏။ လူသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါး အကြောင်းပြောသောအခါတွင်၊ ဤအရာသည် ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်ခြင်းပင် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်အပါးပါးအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် ခွဲကြသည်၊ ဤအရာ အားလုံးသည် လူ၏ အယူအဆများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းဖော်ပြရန်ပင် မထိုက်တန်၊ လုံးဝ လက်တွေ့ မကျသောအရာပင် ဖြစ်သည်။ သင်သည် အကယ်၍သာ ထိုသူအား “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း” ဟု မေးမည်ဆိုပါက၊ ထိုသူက ဘုရားသခင်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် သုံးပါးတစ်ဆူဖြစ်ကြောင်း၊ စစ်မှန်သော ဘုရားတစ်ဆူဖြစ်ကြောင်း ပြောပေလိမ့်မည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း” ဟု ထပ်၍ မေးမည်ဆိုလျှင်၊ ထိုသူက “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဥ်တော်ဖြစ်သည်၊ သူသည် အရာအားလုံး၏ တာဝန်ခံဦးစီးဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ အရှင်သခင်လည်း ဖြစ်သည်” ဟုပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေဟောဝါသည် ဝိညာဥ်တော် ဖြစ်သလော” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း” ဟု ထိုသူအား မေးမည်ဆိုပါက၊ ယေရှုမှာ သားတော်ပင်ဖြစ်သည်ဟု ထိုသူက ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေရှု၏ အကြောင်းကား မည်သို့ရှိသနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိမှ မွေးဖွားခဲ့သည်” ဟု ပြန်ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် သူ၏ အနှစ်သာရသည် ဝိညာဥ်တော်ဖြစ်သည်ပင် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဥ်တော်အား ကိုယ်စားပြုခြင်းပင် ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဥ်တော်ဖြစ်သည်၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဥ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ ဝိညာဥ်တော် အလုပ်လုပ်နေသေးသည်မှာ ပြောစရာပင်မလိုပေ၊ ထိုသူတို့သည် မည်သည့်နည်းနှင့် ကွဲပြားခြားနားသော ပုဂ္ဂိုလ်အပါးပါး ဖြစ်နိုင်မည်နည်း။ ယင်းသည် ကွဲပြား ခြားနားသော ရှုထောင့်ပေါင်းစုံမှ ဝိညာဥ်တော်၏ အလုပ်အား ဆောင်ရွက်နေသည့် ဘုရားသခင်၏ ဝိညာဥ်တော်ပင် ဖြစ်သည် မဟုတ်လော။” ထိုကဲ့သို့လျှင်၊ ပုဂ္ဂိုလ်အပါးပါး အကြားတွင် ကွဲပြားချက် မရှိပါ။ ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ ထို့ကြောင့် မလွဲဧကန်ပင်၊ သူ၏ အလုပ်မှာ သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ် အတိအကျပင် ဖြစ်သည်။ ယေဟောဝါမှ ဆောင်ရွက်ခဲ့သည့် အလုပ်၏ ပထမအဆင့်တွင် သူသည် လူ့ဇာတိ မခံယူခဲ့သလို လူ့ထံသို့လည်း မပေါ်လာခဲ့ပါ။ ထို့ကြောင့် လူသည် သူ၏ ရုပ်သွင်အား မည်သည့်အခါမျှ မတွေ့ခဲ့ချေ။ သူသည် မည်မျှပင် မြင့်မြတ်၍၊ မည်မျှပင် ကြီးမား နေသော်လည်း၊ သူသည် ဝိညာဥ်တော် ဖြစ်နေခဲ့တုန်းပင် ဖြစ်ပြီး၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေတုန်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်၏ ဝိညာဥ်တော်ပင် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များ အကြားမှ လူအား စကားပြောခဲ့သောအခါ သူသည် ဝိညာဥ်တော်မျှသာ ဖြစ်သည်။ သူ၏ ရုပ်သွင်အား မည်သူကမျှ မျက်မြင် မတွေ့ခဲ့ကြရပေ၊ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဥ်တော်သည် ဇာတိပကတိ အထဲသို့ ကြွဆင်းလာပြီး၊ ယုဒနယ်တွင် လူ့ဇာတိခံယူခဲ့သည့် အခါတွင်မှ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ရုပ်သွင်ကို ယုဒလူမျိုး တစ်ယောက်အဖြစ် တွေ့မြင် ခဲ့ကြခြင်းဖြစ်သည်။ ယေဟောဝါ၏ ခံစားချက်အား အာရုံခံ၍ မရနိုင်ခဲ့ပါ။ သို့သော်ငြားလည်း၊ သူသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တိုင်၏ ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဥ်တော်၏ ပြယုဂ်အဖြစ် မွေးဖွား လာခဲ့သည်။ လူသည် အဦးဆုံးတွင် မြင်ခဲ့ရသော အရာမှာ သန့်ရှင်းသော ဝိညာဥ်တော်သည် ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ ယေရှု၏ သီးသန့်ဝိညာဥ်တော် မဟုတ်သော်လည်း၊ တကယ်တမ်းတော့ သန့်ရှင်းသော ဝိညာဥ်တော်သာ ဖြစ်သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဥ်တော်သည် သန့်ရှင်းသော ဝိညာဥ်တော်မှ ခွဲခွာ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဥ်တော်သည် သန့်ရှင်းသော ဝိညာဥ်တော်သာ ဖြစ်မည်ဆိုပါက သူတို့သည် မည်ကဲ့သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သာ ဆိုပါက၊ အလုပ်သည် ပြီးမြောက်ခဲ့မည်ပင် မဟုတ်ပါ။ ယေရှု အထဲရှိ ဝိညာဥ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော်နှင့် ယေဟောဝါ၏ ဝိညာဥ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဥ်တော်၊ ဘုရားသခင်၏ ဝိညာဥ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဥ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဥ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဥ်တော် တစ်ပါးတည်းပင်လျှင် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနှုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆာင်၍မရနိုင်ပါ။ သူ၏ဝိညာဥ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဥ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဥ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဥ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ် အားလုံးမှာလည်း သူ့ဝိညာဥ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနှုတ်ခြင်းမှာလည်း သူ့ဝိညာဥ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

Some of Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်