ဘုရားသခင့်အမှုကို ဘုရားကိုယ်စား မည်သည့်လူမျှ မလုပ်နိုင်ကျူ

08.07.2020

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့်

အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ

ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းဖြစ်၏။

လောကကြီးကို ဖန်ဆင်းခြင်းဖြစ်သည့် ပထမအဆင့်ကို

ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊

အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါလျှင်

လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ တတ်စွမ်းနိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ချေ၊

ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ဤအဆင့်ကိုလည်း

ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊

တတိယအဆင့်ကိုမူ ပြောရန်မလိုပေ၊

ဘုရားသခင်၏ အမှုခပ်သိမ်းနှင့်ဆိုင်သော အဆုံးသတ်ကို ဘုရားသခင်ကိုယ်တိုင်ပြုလုပ်ရန် သာ၍ပင် လိုအပ်၏။

လူသားမျိုးနွယ်တစ်ရပ်လုံးကို

ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့်

စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းဖြစ်၏။

စာတန်ကို အနိုင်ယူရန်အတွက်၊ လူသားမျိုးနွယ်ကို ရယူရန်အတွက်၊

ထို့ပြင် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် သာမန်အသက်တာတစ်ခု ပေးရန်အတွက်

သူကိုယ်တိုင် လူသားကို လမ်းပြဦးဆောင်၍ လူသားတို့အကြား ကိုယ်တိုင်အမှုဆောင်ရွက်၏။

သူ၏ စီမံခန့်ခွဲရေးအစီအစဉ် တစ်ရပ်လုံးအတွက်၊ ထို့ပြင် သူ၏အမှုအားလုံးအတွက်

သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်၏။

ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၍ တစ်ဦးစီကို အမျိုးအစားအလိုက် အတန်းစားခွဲခြားခဲ့ကာ၊

ပြီးဆုံးချိန်ရောက်သည့်အခါ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက်

သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်၊

ထို့အပြင် ဤသည်ကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

အမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်သည်

လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အဖြစ်မှန်ဖြစ်၍၊

မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသော အဖြစ်မှန်ဖြစ်၏။

အမှုအဆင့်သုံးဆင့်၏ အဆုံးတွင်

အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစားခွဲခြား ခံရပြီး

ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။

အမှုအဆင့် သုံးဆင့်ကို ဘုရားသခင် ကိုယ်တိုင်သာလျှင်

ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍ မည်သည့်လူသားမျှ သူ့ကိုယ်စား ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊

ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သာလျှင်

သူ၏အမှုကို အစမှ ယနေ့တိုင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလိုသည်။

ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို ကွဲပြားသည့်ခေတ်များ၊

ကွဲပြားသည့် တည်နေရာများတွင် လုပ်ဆောင်ခဲ့သော်လည်း၊

ထို့အပြင် တစ်ခုစီ၏ အမှုသည် ကွဲပြားသော်လည်း၊

ဤသည်မှာ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့သည့် အမှုအားလုံးဖြစ်၏။

ရူပါရုံ အားလုံးတွင် ဤသည်မှာ လူသားအနေဖြင့် သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံဖြစ်ကာ၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။