Myanmar Praise and Worship Song (ဘုရားရဲ့အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်)

1376 |02.06.2019

I

ဘုရားအမှုတော်၊ အမှုတော်၊ ဘယ်သူမှဘယ်တော့မှ မဟန့်တားနိုင်။

ဘုရားသည် အာဗြံဟံ

ကိုသားတစ်ယောက်ရမယ်လို့ ကတိပေးခဲ့တုန်းက

မဖြစ်နိုင်ဘူးလို့ သူထင်ခဲ့

လူတွေ ဘာလုပ်လုပ်

ဘယ်လို တွေးတွေး ဘုရားနဲ့မသက်ဆိုင်ပါ။

အားလုံးဟာ ဘုရားအချိန်နဲ့ အစီအစဉ်အတိုင်း

ရှေ့ဆက်သွားမှာပါ။ ဒါဟာသူ့အမှုတော်ရဲ့ နိယာမပါ။

လူနှင့်အရာခပ်သိမ်းသည်

ဘုရား၏ စီမံခန့်ခွဲမှုကို မထိပါးနိုင်။

အားလုံးဟာ အစီအစဉ်တိုင်း ပြီးမြောက်မယ်

အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်၊ ဘယ်တော့မှ မဟန့်တားနိုင်ပါ။

အမှုတော်ကို ဘယ်တော့မှမဟန့်တားနိုင်

II

ဘုရားဟာ လူသားတို့ရဲ့ အတွေးကိုမစွက်ဖက်ပါ

လူတွေနားမလည် မယုံကြည်လို့ဆိုပြီး

အမှုတော်နဲ့ အစီအစဉ်ကို ရပ်ဆိုင်းမှာမဟုတ်ပါ

ဘုရားရဲ့အတွေးတွေ အကြံအစည်တွေနဲ့အညီ အရာရာပြီးမြောက်မယ်

သမ္မာကျမ်းထဲမှာတွေ့ရှိရသလို ဘုရားက ဣဇတ်ကိုမွေးစေခဲ့တယ်

လူနှင့်အရာခပ်သိမ်းသည်

ဘုရား၏ စီမံခန့်ခွဲမှုကို မထိပါးနိုင်။

အားလုံးဟာ အစီအစဉ်တိုင်း ပြီးမြောက်မယ်

အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်၊ ဘယ်တော့မှ မဟန့်တားနိုင်ပါ။

အမှုတော်ကို ဘယ်တော့မှမဟန့်တားနိုင် ….( လာ လာ လာ )

III

လူသားတို့ရဲ့ ဘုရားအပေါ်နည်းပါးတဲ့ယုံကြည်မှုနဲ့

အတွေးအခေါ်တွေဟာ

အမှုတော်ကို ဟန့်တားစေခဲ့သလား။ နည်းနည်းမှမထိခိုက်စေခဲ့ပါ။

ဘုရားဟာ လူသားတို့ရဲ့မိုက်မဲခြင်း၊

အတိုက်အခံ၊ အယူအဆတို့ကို အရေးမလုပ်ပါ

သူလုပ်ရမယ့်အလုပ်ကိုပဲ လုပ်တယ်။

ဒါဟာဘုရားရဲ့ စိတ်သဘောထားနှင့်ကြီးစိုးမှုပါ။

လူနှင့်အရာခပ်သိမ်းသည်

ဘုရား၏ စီမံခန့်ခွဲမှုကို မထိပါးနိုင်။

အားလုံးဟာ အစီအစဉ်အတိုင်း ပြီးမြောက်မယ်။

ဘယ်သူမှ မဟန့်တားနိုင်…

လူနှင့်အရာခပ်သိမ်းသည်

ဘုရား၏ စီမံခန့်ခွဲမှုကို မထိပါးနိုင်။

အားလုံးဟာ အစီအစဉ်အတိုင်း ပြီးမြောက်မယ်

အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်၊ ဘယ်တော့မှ မဟန့်တားနိုင်ပါ။

အမှုတော်ကို ဘယ်သူမှမဟန့်တားနိုင်၊ ဘယ်တော့မှ မဟန့်တားနိုင်ပါ။

အမှုတော်ကို ဘယ်တော့မှမဟန့်တားနိုင်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

www.stockfootage.com

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်