Myanmar Christian Music 2019 (ဘုရားသည် အောင်မြင်စွာပြန်လာပြီ)

2029 |22.06.2019

ဘုရားကိုယ်တိုင် လောကကို မျက်နှာမူနေပြီ။

အရှေ့အရပ်တွင် သူ့ဇာတိအဖြစ်တော် ပေါ်လာပြီ

ဒူးထောက် ၍ မရှိခိုးဘဲ ဘယ်သူနေရဲလဲ။

စစ်မှန်သောဘုရားလို့မခေါ်ဘဲ ဘယ်သူနေရဲလဲ။

နှလုံးသားထဲချစ်ကြောက်စိတ်နဲ့ ဘယ်သူမကြည့်ဘဲနေရဲလဲ

မချီးမွမ်း၊ မဝမ်းမြောက်ဘဲ ဘယ်သူနေရဲလဲ။

ဘုရား ၏ လူတို့ သူ့အသံကိုကြားရသည်။

အို ဇိအုန်။ ဝမ်းမြောက်ပြီး သီဆိုပါ။

ဘုရားရှင်သည် အောင်မြင်စွာ ပြန်လာပြီ

လူတွေအားလုံး တန်းစီကြ။ သတ္တဝါတွေအားလုံး ငြိမ်သက်ကြ။

သူသည် အားလုံး ၏ ချစ်ကြောက်ခြင်းနဲ့

အားလုံး၏ ချီးမွမ်းခြင်းကို ရယူလိုသည်။

သူ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရဲ့

နောက်ဆုံး ရည်ရွယ်ချက်ပါ။

ဒါဟာသူ့ရဲ့ စီမံချက်ပါ

ဘုရားလူတို့ ဘုရား၏တောင်တော် ကိုပြန်ရောက်ပြီး

သူ့ကိုအရှုံးပေးမည်။

ဘုန်းတန်ခိုးအာနုဘော်တော် နှင့်

တရားစီရင်သူ အာဏာရှင် ဘုရားသခင်ဖြစ်သောကြောင့်

အို ဇိအုန်။ ဝမ်းမြောက်ပြီး သီဆိုပါ။

ဘုရားရှင်သည် အောင်မြင်စွာ ပြန်လာပြီ

လူတွေအားလုံး တန်းစီကြ။ သတ္တဝါတွေအားလုံး ငြိမ်သက်ကြ။

အရာအားလုံး သူ့အတွက်လွယ်ကူ သည်

သူ့ စကားနဲ့ အားလုံးကိုပျက်စီးစေ၊ ပြည့်စုံစေနိုင် သည်

ဒါဟာဘုရားရဲ့ တန်ခိုးနဲ့ အာဏာ။ သူ့ ကိုဘယ်သူမှ မတားရဲပါ။

ဘုရားကအရာအားလုံးကို ကျော်လွှားပြီး

ပုန်ကန်သူတို့ကို ချေမှုန်းခဲ့ပြီ။

ရေမြေတောတောင်တို့ ဝမ်းမြောက်သြဘာပေးသည်။

ဘယ်သူမှမဆုတ်ခွာရဲပါ။

သက်ရှိသက်မဲ့အားလုံး မဆန့်ကျင်ရဲပါ။

ဒါဟာဘုရားရဲ့ အံ့ဖွယ်စွမ်းအား။

အို ဇိအုန်။ ဝမ်းမြောက်ပြီး သီဆိုပါ။

ဘုရားရှင်သည် အောင်မြင်စွာ ပြန်လာပြီ

လူတွေအားလုံး တန်းစီကြ။ သတ္တဝါတွေအားလုံး ငြိမ်သက်ကြ။

ဘုရားရှင်သည် အောင်မြင်စွာပြန်လာပြီ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

နောက်ထပ်ပြပါ။
သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်