သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်ပြီ - Myanmar Gospel Testimony

06.01.2022

အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကျန်းလင်းက ညီအစ်ကို မောင်နှမတချို့ကို ဘုရားသခင်၏ နောက်ဆုံး တရားဒေသနာများ ပေးဖို့ ငြင်းဆန်ခြင်းအားဖြင့် ၎င်းတို့အား ထင်ရာမြင်ရာ နှိပ်ကွပ်နေသည်ကို အဓိကဇာတ်ဆောင်က မြင်ခဲ့ချိန်တွင်၊ သူ့ကို တိုင်ကြားဖို့ စာတစ်စောင်ရေးခဲ့သည်၊ ညီအစ်ကို မောင်နှမများထံ ဘုရားသခင်၏ နောက်ဆုံး တရားဒေသနာများကို ပေးပို့ပြီး ၎င်းတို့နှင့်အတူ မိတ်သဟာယပြု စုဝေးခဲ့လေသည်။ ကျန်းလင်းက သိသွားသည့်အခါ၊ သူသည် သူမကို သူမ၏တာဝန်များမှ ပိတ်ပင်ထားလိုက်ကာ သူမအပေါ် မမှန်ကန်သည့် စွပ်စွဲချက်များ ပြုလုပ်လေသည်။ ဤသည်မှာ သူမအတွက် အလွန် စိတ်ဆင်းရဲစရာဖြစ်ခဲ့ပြီး၊ တဖန် နှိပ်ကွပ်ခံရမည်ကို ကြောက်သောကြောင့်၊ နှိပ်ကွပ်ခံနေရသည့် အခြား ညီအစ်ကို မောင်နှမများကို ကူညီခြင်းအား သူမ ရပ်လိုက်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအကြောင်းကို သိနားလည်မှု ရရှိခဲ့ပြီး၊ သူမသည် အလွန် တစ်ကိုယ်ကောင်းဆန်ကာ ကောက်ကျစ်ခဲ့ကြောင်း သဘောပေါက်သွားသည်။ သူမ တကယ် နောင်တရခဲ့ပြီး အပြစ်ရှိသကဲ့သို့ ခံစားရသောကြောင့်၊ ဘုရားသခင်၏ နောက်ဆုံး တရားဒေသနာများကို ညီအစ်ကို မောင်နှမများထံ သူမ ပေးပို့ခဲ့ပြီး သူတို့နှင့် တစ်ဖန် စတင်စုဝေးခဲ့သည်။ သမ္မာတရားကို သူမ စတင်လက်တွေ့လုပ်ဆောင်သည်နှင့်၊ သာ၍ များစွာ တည်ငြိမ်အေးချမ်းသွားပြီး တည်ကြည်ခိုင်မာလာခဲ့သည်။ ထို့နောက် သိပ်မကြာမီတွင်၊ ကျန်းလင်းသည် သူ၏ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး နောက်ဆုံးတွင် နှင်ထုတ်ခံခဲ့ရသည်။ ဘုရားသခင်၏ အိမ်တော်ကို သမ္မာတရားက အုပ်စိုးသည်ကို သူမ အမှန်တကယ် မျက်မြင်ကြုံတွေ့ခဲ့ရပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ချီးမွမ်းခဲ့လေသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။