အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ပညတ်တော်ခေတ်တွင် ပရောဖက်များမှ ယူဆောင်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံ ဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြားတွင် မည်သည့်ကွဲပြားမှု ရှိသနည်း။

၃။ ပညတ်တော်ခေတ်တွင် ပရောဖက်များမှ ယူဆောင်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံ ဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြားတွင် မည်သည့်ကွဲပြားမှု ရှိသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်ကြောင်း အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့အကြားရှိ ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် စကားပြောသော လူသားများ ဖြစ်ကြပြီး ၎င်းတို့ပြောသော စကားများသည် လူတို့ ပြောသော စကားနှင့် အနည်းနှင့်အများ တူညီကြောင်း မြင်ရသည်။ ၎င်းတို့အားလုံးသည် စကားလည်းပြော အလုပ်လည်း လုပ်ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းထဲမှ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ဟောပြောခဲ့သည့်နည်းတူ ယေရှုသည်လည်း ပရောဖက်ပြုချက်များကို ဟောပြောနိုင်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်သည် ပြုသောအမှု၏သဘောသဘာဝအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သိမြင်နိုင်ရန်အတွက် သင်သည် ဇာတိခန္ဓာ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ မရသည့်အပြင် သင်သည် တစ်ယောက်သောသူပြောသော စကားများ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားခြင်းမပြုသင့်။ သူပြုသောအမှုနှင့် လူသားတို့ထဲတွင် ဖြစ်ထွန်းသော သူ့အမှု၏ အကျိုးသက်ရောက်မှုကို ဦးစွာပထမ အမြဲတမ်း သင်ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက် ဟောပြောသော ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို ထောက်ပံ့ပေးခြင်း မရှိပါ၊ ထို့အပြင် ဟေရှာယ နှင့် ဒံယေလ အစရှိသူများ ရရှိခဲ့သော သတင်းစကားများမှာ ပရောဖက်ပြုချက်များ သက်သက်သာဖြစ်ပြီး အသက်လမ်း မဟုတ်ပါ။ ယေဟောဝါ၏ တိုက်ရိုက် ဗျာဒိတ်တော်ဖွင့်ပြခြင်းကို မခံရပါက မည်သူမျှ ထိုအမှုကို ပြုနိုင်ခဲ့မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို သေမျိုးဖြစ်သော လူသားများ တတ်စွမ်းနိုင်ခြေမရှိ။ ယေရှုသည်လည်း စကားများစွာကို ပြောခဲ့သော်လည်း ယင်းစကားများမှာ အသက်လမ်းဖြစ်ပြီး ထိုအသက်လမ်းမှတစ်ဆင့် လူသားများ လက်တွေ့လိုက်လျှောက်ရန် ရှာတွေ့နိုင်သော လမ်းလည်းဖြစ်သည်။ အခြားတစ်နည်းအားဖြင့်ဆိုပါက၊ ပထမချက်အနေဖြင့် သူသည် လူသားများအား အသက်ကိုပေးနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူသားများ၏ လမ်းလွှဲဖေါက်ပြန်မှုများကို ပြန်လည် တည့်မတ်ပေးနိုင်သည်။ တတိယအချက်အနေဖြင့် ခေတ်ကို ရှေ့ဆက်စေရန်အတွက် သူပြုသောအမှုသည် ယေဟောဝါပြုသောအမှုထက် ကျော်လွန်နိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားတို့၏အတွင်းထဲမှ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လူသားတို့တွင် ကင်းမဲ့သည့်အရာများကို သိသည်။ ပဉ္စမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ကာလအဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့ကို ဘုရားသခင်ဟုလည်းကောင်း ခရစ်တော်ဟုလည်းကောင်း ခေါ်ခြင်းဖြစ်သည်။ သူသည် ဟေရှာယနှင့်သာမက အခြားသောပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များပြုသောအမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက်တစ်ခုအဖြစ် ကြည့်ပါ။ ပထမအချက်အနေဖြင့် သူသည် လူသားတို့အား အသက်ကို မပေးနိုင်။ ဒုတိယအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန် အမှုပြုခဲ့ခြင်းမဟုတ်။ တတိယအချက်အနေဖြင့် သူကိုယ်တိုင် ပြောခဲ့သောအရာများသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ ဗျာဒိတ်ဖွင့်ပြချက်များကို သူသည် တိုက်ရိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ထိုဖွင့်ပြချက်များကို အခြားသူများ နားထောင်လျှင်လည်း နားလည်နိုင်မည် မဟုတ်။ ထိုအနည်းငယ်မျှသော အရာများကိုသာ ကြည့်ခြင်းအားဖြင့် သူပြောသောစကားများမှာ ပရောဖက်ပြုချက်များထက် မပိုကြောင်း၊ ယေဟောဝါ၏ ကိုယ်စားပြုသော အမှု၏ရှုထောင့်တစ်ခုထက် မပိုကြောင်း သက်သေပြရန် လုံလောက်ပါသည်။ သို့သော်လည်း သူသည် ယေဟောဝါကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ အစေခံဖြစ်ပြီး ယေဟောဝါ၏ အမှုထဲမှ တန်ဆာပလာတစ်ခု ဖြစ်သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါပြုသောအမှု၏ အတိုင်းအတာအတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်ပြီး သူသည် ပညတ်တော်ခေတ်ထက်ကျော်လွန်၍ အမှုပြုခဲ့ခြင်းမရှိ။ ပြောင်းပြန်အနေဖြင့်ဆိုပါက ယေရှုပြုသောအမှုမှာ ကွာခြားသည်။ သူသည် ယေဟောဝါပြုသော အမှု၏ အတိုင်းအတာထက် ကျော်လွန်ခဲ့သည်၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ကယ်တင်ရန်အတွက် ကားစင်တင်သတ်ခြင်းကို ခံခဲ့သည်။ တစ်နည်းအားဖြင့်ဆိုပါက သူသည် ယေဟောဝါပြုခဲ့သော အမှုမှအပ အမှုအသစ်ကို ပြုခဲ့သည်။ ဤအရာမှာ ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ အခြားအခြေအနေတစ်ရပ်မှာ သူသည် လူသားများ မစွမ်းဆောင်နိုင်ခဲ့သည့်အရာကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သူပြုခဲ့သောအမှုမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိသော အမှုဖြစ်ပြီး ထိုအမှုမှာ လူသားမျိုးနွယ်တစ်စုလုံးနှင့် သက်ဆိုင်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုပြုခဲ့ခြင်း မဟုတ်သကဲ့သို့ သူ၏အမှုမှာ အရေအတွက် အကန့်အသတ်ရှိသော လူများကို ဦးဆောင်ရန်မဟုတ်ပါ။... လူဇာတိခံယူသော ဘုရားသခင်ပြုခဲ့သည့်အမှုမှာ အဓိကအားဖြင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုအသစ်ကို ဦးဆောင်ရန်နှင့် အခြေအနေအသစ်များကို ဖွင့်လှစ်ရန် ဖြစ်ခဲ့ပြီး ယင်းအခြေအနေ အနည်းငယ်ကိုသာ ကြည့်ခြင်းဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း အခိုင်အမာသက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များနှင့် ကွဲပြားခြားနားစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု" မှ

ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြပါသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအတွက် လမ်းညွှန် ချက်များကို ပေးခဲ့ကြပြီး၊ ယေဟောဝါမှ လုပ်ဆောင်ပေးရန် ရှိနေသည်များကို ကြိုပြီး ဟောကြားခဲ့ကြ ပါသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံကို မြင်နိုင်စွမ်း၊ ဘုရားသခင်၏ အသံကို ကြားနိုင်စွမ်းကို ရရှိခဲ့ကြပြီး ဘုရားသခင်၏ ကောင်းချီး မင်္ဂလာပေးမှုဖြင့် အနာဂတ္တိကျမ်းများကို ရေးခဲ့ကြပါသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် ယေဟောဝါ၏ အသံကို ထုတ်ဖေါ်ပြသမှု ဖြစ်ခဲ့ပြီး၊ သူတို့သည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်လျက် ထိုစဉ်တုန်းက ယေဟောဝါ၏ အလုပ်က ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်းပေးရုံမျှ ဖြစ်ခဲ့ပါသည်၊ ဘုရားသခင်သည် လူပကတိ ဖြစ်မလာခဲ့ဘဲ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပါ။ ယင်းကဲ့သို့သောနည်းဖြင့်၊ ဘုရားသခင်သည် ၎င်း၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက် များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် မျိုးရိုးစုတိုင်း ထံကို သွားရန် တာဝန်ပေးခဲ့ပါသည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်များကို ဟောကြားပေးရန် ဖြစ်ခဲ့ပြီး သူတို့ထဲက တစ်ချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ ပရောဖက်ပြုချက်များကို ဟောကြားရန်၊ အနာဂတ်တွင် လုပ်ဆောင်ပေးမည်ကို သို့မဟုတ် ထိုကာလအတွင်းမှာ လုပ်ဆောင်ပေးဖို့ ရှိနေသေးသည်ကို ကြိုပြီး ဟောကြားရန် ယေဟောဝါသည် ထိုသူများကို လေ့ကျင့်ပေးခဲ့ခြင်းဖြင့် လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် အမြော်အမြင် ကြီးမားမှုကို မြင်တွေ့စေလိုခဲ့ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)" မှ

အလုပ်၏ ဤနောက်ဆုံး အဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် ရယူသည်။ နှုတ်ကပတ် တော်အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင် ၏ အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ် အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ယခင် မျိုးဆက်များတွင် မည်သည့်အခါမျှ မဖော်ထုတ်ရသေးသော နက်နဲရာအချက်များကို သာမက အတိတ်အချိန်များမှ ပရောဖက်များနှင့် တမန်တော်များ ၏ အလုပ်နှင့် သူတို့ အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်မှ တစ်ဆင့် လူသည် ဘုရားသခင် ကိုယ်တိုင်၏ စိတ်သဘောထားကို သာမက လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး သူတို့ ကိုယ်တိုင်၏ အချင်းအရာများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ်အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံးမှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ လူ့ဇာတိကို ခံယူသော ဘုရားသခင်၏ အလုပ်နှင့် ထို့ထက်မက သူ၏ စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏ သိနားလည်မှုသည် နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏ သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရန် အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှ တစ်ဆင့် ရသည်မဟုတ်ပါလား။ ယခင်အဆင့်တွင် ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများကို လုပ်ခဲ့သော်လည်း ယခုအဆင့်တွင် ယင်းကဲ့သို့ မဟုတ်တော့ပေ။ သူသည် အဘယ်ကြောင့် ထိုသို့ မလုပ်တော့သည်ကို သင်၏ နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှသာလျှင် ရရှိသည် မဟုတ်ပါလား။ ထို့ကြောင့် ဤအဆင့်တွင် ပြောကြားသော နှုတ်ကပတ်တော်တို့သည် အတိတ် မျိုးဆက် များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်သော အလုပ်ကို ကျော်လွန်သွားသည်။ ပရောဖက်များ၏ ပရောဖက်ပြုချက်များသည်ပင်လျှင် ယင်းသို့သော ရလဒ်များကို မရရှိနိုင်ခဲ့ပေ။ ပရောဖက်များသည် အနာဂတ် တွင် မည်သည့်အရာများ ဖြစ်မည်ဆိုသည့် ပရောဖက်ပြုချက်များကိုသာ ပြောခဲ့သော်လည်း ထိုအချိန်တွင် ဘုရားသခင်က မည်သည့်အရာ လုပ်ခဲ့မည်ကို မပြောခဲ့ပေ။ သူတို့သည် လူကို သူတို့အသက်တာတွင် ဦးဆောင်ရန်၊ လူအပေါ် သမ္မာတရားများပေးရန် သို့မဟုတ် လူအား နက်နဲရာများကို ဖော်ထုတ်ရန်နှင့် ထိုမျှပင်မဟုတ်ပဲ သူတို့သည် အသက်ကို ပေးရန် မပြောခဲ့ပေ။ ဤအဆင့်တွင် ပြောကြားခဲ့သော စကားလုံးများမှ ပရောဖက် ပြုချက်နှင့် သမ္မာတရားများ ဖြစ်သော်လည်း သူတို့အနေဖြင့် လူအပေါ်တွင် အသက်ကို ပေးရန် အစေခခံခဲ့ ကြသည်။ ယနေ့မျက်မှောက် စကားလုံးများမှာမူ ပရောဖက်များ၏ ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့် မတူပေ။ ဤအလုပ်အဆင့်သည် ပရောဖက်ပြုချက်များအတွက် မဟုတ်ဘဲ လူ၏ အသက်တာအတွက် ဖြစ်သည်၊ လူ၏ အသက်တာ စိတ်သဘောထား ပြောင်းလဲရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ

ဘုရားသခင်က လူ့ဇာတိ မဖြစ်ခင်တုန်းက သူပြောတဲ့အရာအများစုကို လူတွေ နားမလည်ခဲ့ကြဘူး။ အဲဒါတွေက လုံးဝ ဘုရားရဲ့သဘောသဘာဝကနေ လာတဲ့အတွက်ကြောင့်ပါ။ သူပြောတာရဲ့ ရှုထောင့်နဲ့ အကြောင်းအရာက လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ဘူး။ အဲဒါတွေကို လူတွေမမြင်နိုင်တဲ့ ဝိညာဉ်နယ်ပယ်ကနေ ဖော်ပြတာပါ။ လူ့ဇာတိမှာနေထိုင်တဲ့ လူတွေအတွက်က ဝိညာဉ်နယ်ပယ်ကို ဖြတ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်မှာ သူဟာ လူသားမျိုးနွယ်ကို လူသားရဲ့ ရှုထောင့်ကနေ စကားပြောခဲ့တယ်။ သူထွက်ပေါ်လာပြီး ဝိညာဉ်နယ်ပယ်ရဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့တယ်။ သူဟာ လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ဖို့၊ သူတို့ရဲ့ တတ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်းကနေ သူလိုအပ်တဲ့ စံသတ်မှတ်ချက်တွေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို သူတို့တတ်နိုင်တဲ့အဆင့်အထိ နားလည်သဘောပေါက်ဖို့ လူသားတို့လက်ခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုရင်း လူသားတွေ စိတ်ကူးထင်မြင်လို့ရတဲ့အရာတွေ၊ သူတို့မြင်တဲ့အရာတွေ၊ သူတို့ဘဝမှာ ကြုံတွေ့ရတဲ့အရာတွေ၊ သူတို့နားလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့၊ သူတို့နားလည်နိုင်တဲ့ အသိပညာတို့ကနေတစ်ဆင့် သူ့ရဲ့ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နဲ့ သဘောထားတို့ကို သူဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက အလုပ်ရဲ့ နည်းလမ်းနဲ့ စည်းမျဉ်းတွေဖြစ်တယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ

ဒါဟာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်းရဲ့ အားသာချက်ပဲ။ သူဟာ လူသားမျိုးနွယ်ရဲ့ အသိပညာရဲ့ အားသာချက်ကို ယူပြီး လူတွေကို စကားပြောဖို့၊ သူ့အလိုတော်ကို ဖော်ပြဖို့ လူသားရဲ့ဘာသာစကားကို အသုံးပြုနိုင်ခဲ့တယ်။ သူဟာ လူသားရဲ့ ဘာသာစကားနဲ့ လူတွေ နားလည်ဖို့ခက်ခဲတဲ့ သူ့ရဲ့ အလွန်ကြီးမြတ်ပြီး၊ ဘုရားသဘောသဘာဝနဲ့သက်ဆိုင်တဲ့ ဘာသာစကားကို လူသားရဲ့နည်းလမ်းနဲ့ လူသားတို့ကိုရှင်းပြခဲ့တယ်၊ သို့မဟုတ် "ဘာသာပြန်ခဲ့တယ်။" ဒါက သူ့ရဲ့အလိုတော်ကို လူတွေနားလည်ပြီး သူလုပ်ချင်တဲ့အရာကို လူတွေ သိစေဖို့ ကူညီခဲ့တယ်။ သူဟာ လူသားရဲ့ရှုထောင့်ကနေ၊ လူသားဘာသာစကားကိုအသုံးပြုရင်း လူတွေနဲ့ စကားပြောဆိုနိုင်ပြီး သူတို့နားလည်တဲ့ နည်းလမ်းနဲ့ လူတွေကို ဆက်သွယ်ပြောဆိုခဲ့တယ်။ လူတွေက ဘုရားသခင်ရဲ့ ကြင်နာခြင်းနဲ့ နီးစပ်ခြင်းကို ခံစားနိုင်ဖို့အတွက်၊ သူ့နှလုံးသားကို သူတို့ မြင်နိုင်ဖို့အတွက် သူဟာ လူသားရဲ့ဘာသာစကားနဲ့ အသိပညာကိုအသုံးချပြီး ပြောဆိုလုပ်ကိုင်နိုင်ပါသေးတယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃" မှ

ယခင်က:တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အသံတော်ကို မည်ကဲ့သို့ မှန်ကန်စွာ သိမြင်သင့်သနည်း။ လူတစ်ဦးသည် အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှု အမှန်တကယ် ပြန်ကြွလာခြင်းဖြစ်ကြောင်း မည်သို့အတည်ပြုနိုင်သနည်း။

နောက်တစ်ခုသို့:ချီဆောင်ခြင်းသည် လူ၏အယူအဆများနှင့် စိတ်ကူးအပေါ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ