အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၁၈ လမ်းခရီး၏ နောက်ဆုံးခရီးတစ်ထောက်ကို ကောင်းမွန်စွာ လျှောက်လှမ်းလော့ကျူး ၇၁၈ လမ်းခရီး၏ နောက်ဆုံးခရီးတစ်ထောက်ကို ကောင်းမွန်စွာ လျှောက်လှမ်းလော့ကျူး

ပြီးခဲ့သည့်အချိန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အလွန်ရိုးစင်းလှသည်ဟု သင်တို့သည် တွေးထင်ခဲ့သည်ဖြစ်ပြီး ထိုသို့ဖြစ်ရသည်မှာ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သိပ်ပြီးအလေးအနက်မထားခဲ့သောကြောင့်ဖြစ်သည်။ ယခုတွင် မည်သို့ရှိပါသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ရိုးစင်းလွယ်ကူသည်ဟု သင်တို့ထင်မြင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကလေးသူငယ်များ လမ်းထဲတွင် ကစားနေသကဲ့သို့ ပျော်စရာကောင်းပြီး အပူအပင်ကင်းသည်ဟု သင်တို့ခံစားနေရဆဲ ဖြစ်သလော။ သင်တို့သည် သိုးဖြစ်သည်မှာ မှန်သော်လည်း သင်တို့အနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ဖို့နှင့် သင်တို့ယုံကြည်သော ဘုရားသခင်ကို လုံးလုံးလျားလျား ရရှိဖို့အလို့ငှာ မိမိတို့လျှောက်လှမ်းသင့်သော လမ်းခရီးကို သင်တို့သည် လျှောက်လှမ်းနိုင်ရမည်ဖြစ်သည်။ သင်တို့သည် မိမိကိုယ်ကိုယ် မလှည့်ဖြားကြနှင့်။ မိမိကိုယ်ကိုယ် အရူးမလုပ်ကြနှင့်။ သင့်အနေဖြင့် လမ်းခရီး၏ ဤနောက်ဆုံးခရီးတစ်ထောက်ကို ပြုနိုင်မည်ဆိုလျှင် သင်သည် မကြုံစဖူးသောအရာကို မြင်တွေ့လာနိုင်မည်ဖြစ်ပြီး စကြဝဠာတစ်ခုလုံးတွင် ဖြန့်ကျက်နေသာ ငါ့ဧဝံဂေလိအမှု၏ ကြီးကျယ်ခမ်းနားသောမြင်ကွင်းကို မြင်တွေ့လာနိုင်ကာ သင်သည် ငါ့လူရင်းအဖြစ် ကံကြမ္မာကောင်းများကို ရရှိလာပြီး စကြဝဠာ တစ်နှံတစ်လျား ငါ့အမှုကို ချဲ့ထွင်ဖြန့်ကားရာတွင် သင်သည် မိမိအခန်းကဏ္ဍကို ကပြနိုင်မည်ဖြစ်သည်။ ထိုအခါ သင့်အနေဖြင့် မိမိလျှောက်လှမ်းသင့်သော လမ်းခရီးကို အလွန်ဝမ်းမြောက်စွာဖြင့် ဆက်လျှောက်နိုင်ပေလိမ့်မည်။ အနာဂတ်သည် အတိုင်းမသိ တောက်ပနေလိမ့်မည်ဖြစ်သော်လည်း ယခုပဓာနကျသောအရာမှာ လမ်းခရီး၏ နောက်ဆုံးခရီးတစ်ထောက်ကို ကောင်းမွန်စွာ လျှောက်လှမ်းဖို့ဖြစ်သည်။ ဤကိစ္စကို မည်သို့လုပ်ဆောင်ရမည်ကို သင့်အနေဖြင့် နည်းလမ်းရှာဖွေ၍ ပြင်ဆင်ရမည်ဖြစ်သည်။ ဤသည်မှာ ယခုလက်ငင်းတွင် သင်လုပ်ဆောင်ရမည့်အရာဖြစ်သည်။ ဤကိစ္စသည် ယခု အရေးတကြီးကိစ္စတစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းခရီး၏နောက်ဆုံးခရီးတစ်ထောက်ကို မည်ကဲ့သို့ သင်လျှောက်လှမ်းသင့်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး

နောက်တစ်ခုသို့:အဖြည့်ခံအဖြစ် အစေခံခြင်းသည် ရာသက်ပန်ကောင်းချီးတည်းကျူး

သင်နှစ်သက်နိုင်သည့် အရာများ

  • လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

    ၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့ အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊ …

  • လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

    I ဘယ်အခြေခံလမ်းစဉ်များ လမ်းမှန်ကို ညွှန်ပြလဲ ဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပါမပါ၊ အမှန်တရား ဖော်ပြခြင်းရှိမရှိ ကြည့်ရှုပါ သက်သေပြခံရသူနဲ့ ယူဆောင်လာသောအ…

  • သခင် ယေရှုကို အတုယူကြစေ

    ၁ ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊ လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊ ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊ တစ်ကိုယ်ခေါင်းဆ…

  • လူသားကို ကယ်တင်ဖို့ ဘုရားရဲ့ပြင်းပြဆန္ဒကို ဘယ်သူမှ နားမလည်

    I ဘုရားသခင် ဖန်ဆင်းခဲ့သော ဒီကမ္ဘာကြီးမှာ လူသားကို ဘုရားသခင် ပုံဖော်ကာ အသက်သွင်းခဲ့တယ်။ ထို့နောက် လူသားမှာ မိဘဆွေမျိုးများရှိလာ၍ တစ်ဦးတည်းမဟုတ်တော့ပေ…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ