အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်နှင့် သမ္မာကျမ်းစာ၊ အဘယ်အရာက ပိုကြီးမြတ်သနည်းကျူး

၁ ဘုရားသခင်၏ အလုပ်သည် လမ်းခရီး အသစ်ဖြင့် ခေါ်ဆောင်ရန်၊ သမ္မာကျမ်းစာကို ဆန့်ကျင်လျက် တိုက်ပွဲကို တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်း ကျမ်းကို မသုံးဘဲ ရှောင်ရှားရန် မဟုတ်ခဲ့ပါ။ ယေရှုသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့သက်သက် လာခဲ့ပြီး၊ ၎င်းကို မျှော်မှန်း ရှာကြံနေခဲ့ကြသူတို့ထံသို့ အလုပ်သစ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ၎င်းထဲက အလုပ်ကို ပြသပေးရန် လာခဲ့ခြင်း မဟုတ်ခဲ့ပါ။ ယေရှု၏ အလုပ်မှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ခဲ့ပါ၊ ၎င်း၏ အလုပ်ကို ကြည့်လျှင် သမ္မာကျမ်းစာကို အခြေခံထားပါသည်ဟု ပြောမရနိုင်ပါ၊ ယေရှုသည် ၎င်းအနေနှင့် လုပ်အပ်သည့် အလုပ်ကို လုပ်ဆောင်ဖို့ သက်သက် လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက် ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် အညီလည်း မလုပ်ဆောင်ခဲ့ပါ။ 

၂ ၎င်းသည် ဓမ္မဟောင်းကျမ်းထဲ ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ သူလုပ်ကိုင်ခဲ့သည်မှာ ထိုကျမ်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ယေရှုသည် ဂရုမစိုက်ခဲ့ဘဲ၊ အခြားသူများက ၎င်း၏ အလုပ်အကြောင်း ဘာများ သိရှိကြသနည်း၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြကြောင်းကိုလည်း ဂရုမစိုက်ခဲ့ပါ။ လူအများ အပြားတို့က ဓမ္မဟောင်းကျမ်းထဲက ဟောကြားချက်များကို အသုံးပြုပြီး ယေရှုကို ရှုတ်ချရန် ကြိုးစား ခဲ့ကြသည့် တိုင်အောင် ၎င်းသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီး လုပ်ဆောင်ခဲ့ပါသည်။ လူများအနေနှင့်၊ ယေရှု၏ အလုပ်မှာ အခြေခံအုတ်မြစ် မရှိသလို ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် ဆက်စပ်မရသည့် အချက်များ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်မှာ မမိုက်မဲပေဘူးလော။ ဘုရားသခင်၏ အလုပ်တွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ၎င်းသည် ပရောဖက်များ၏ ဟောကြားချက်များနှင့် ကိုက်ညီရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်နည်း။ 

၃ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိနိုင်ဘူးဆိုခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် အခြားအလုပ်ကို မလုပ်ဆောင်နိုင်ဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ခဲ့ကြသည်မှာ အဘယ့်ကြောင့်များနည်း။ ယေရှုသည် ဥပုသ်ကို စောင့်လျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လုပ်ဆောင်ရမည်ဟု ဆိုပါက၊ သူသည် ပေါ်လာလာချင်း ဥပုသ်ကို မစောင့်ခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ထိုအချက်များ အားလုံသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များမှ ကင်းကွာ မနေကြဘူးလော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ဖီဆန်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင်သည် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်သူသည် သမ္မာကျမ်းစာ၏ သခင်ရော မဖြစ်နိုင်ဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:လူသည် သမ္မာကျမ်းစာကို ဘုရားသခင်ထက် ပိုမြင့်မြတ်သည်ဟု မြင်၏ကျူး

နောက်တစ်ခုသို့:သမ္မာကျမ်းစာကို ချဉ်းကပ်နည်းကျူး

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ