ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် အဘယ့်ကြောင့် တရုတ်ပြည်တွင် ဆောင်ရွက်ပြီး၊ ဣသရေလတွင် မဆောင်ရွက်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။...ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (မာလခိအနာဂတ္တိကျမ်း ၁:၁၁)

လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇-၂၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအလုပ်၏ မည်သည့်အဆင့်ကမျှ ဣသရေလပြည်မှ ထွက်သွားခဲ့ခြင်း မရှိဘဲ အလုပ်တစ်ခုစီကို ပထမဆုံး ရွေးကောက်ခံထားရသော လူများအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ အကျိုးဆက်အနေဖြင့် ဣသရေလ လူမျိုးတို့က ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ယေရှုသည် ကားစင်တင်သတ်ခံရခြင်းဟူသည့် အလုပ်ကို ဆောင်ရွက်ခဲ့သည့် နေရာဖြစ်သော ယုဒပြည်၌ အလုပ်လုပ်ခဲ့သောကြောင့် ယုဒလူမျိုးတို့က သူ့ကို ယုဒလူမျိုးတို့၏ ရွေးနုတ်ရှင်အဖြစ် မြင်ကြသည်။ ယေရှုသည် ယုဒလူမျိုးတစ်မျိုးတည်း၏ ရှင်ဘုရင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ရှင်ဘုရင်မဟုတ်ဟု သူတို့ထင်မှတ်ကြသည်။ ယေရှုသည် အင်္ဂလိပ်လူမျိုးကို ရွေးနုတ်ပေးသည့် သခင်မဟုတ်သကဲ့သို့ အမေရိကန်လူမျိုးတို့ကို ရွေးနုတ်ပေးသည့် သခင်လည်း မဟုတ်ဘဲ ဣသရေလ အမျိုးသားတို့ကို ရွေးနုတ်ပေးသည့် သခင်ဖြစ်သည်၊ ထို့အပြင် သူကယ်နုတ်ခဲ့သူတို့သည် ဣသရေလပြည်ရှိ ယုဒလူမျိုးတို့ ဖြစ်သည်ဟု သူတို့ထင်မှတ်ကြလေ၏။ စင်စစ်အားဖြင့် ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်၏။ သူသည် ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်သည်။ သူသည် ဣသရေလအမျိုးသားနှင့် ယုဒလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည် သာမကဘဲ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်၏။ လူတို့ထံ၌ အယူအဆအချို့ကို ဖြစ်ပေါ်စေခဲ့သည့် သူ့အလုပ်၏ ယခင်အဆင့်နှစ်ဆင့်သည် ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် သူ၏အလုပ်ကို ဣသရေလပြည်၌ လုပ်ခဲ့သည်၊ ယေရှုကိုယ်တိုင်သည် ယုဒပြည်၌ သူ၏အလုပ်ကို ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် အလုပ်လုပ်ရန်အတွက် လူ့ဇာတိကို ယေရှုခံယူခဲ့ပြီး၊ မည်သို့ပင်ဖြစ်စေကာမူ ထိုအလုပ်သည် ဣသရေလပြည်ကို မကျော်လွန်ခဲ့ချေဟူ၍ သူတို့က ယုံကြည်ကြသည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုး၊ သို့မဟုတ် အိန္ဒိယလူမျိုးတို့ထံတွင် အလုပ်မလုပ်ခဲ့ပေ။ ဣသရေလအမျိုးသားတို့ထံ၌သာ သူအလုပ်လုပ် ခဲ့၏။ ထို့ကြောင့် လူတို့သည် အမျိုးမျိုးသော အယူအဆများကို ပုံဖော်ကြပြီး ဘုရားသခင်၏အလုပ်ကို အတိုင်းအတာတစ်ခုအတွင်း အသေးစိတ် ရုပ်လုံးဖော်ကြလေသည်။ ဘုရားသခင် အလုပ်လုပ်သောအခါ သူ့အနေဖြင့် ရွေးကောက်ခံထားရသော လူများအကြား၌နှင့် ဣသရေလပြည်၌ လုပ်ရမည်ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဣသရေလအမျိုးသားများမှလွဲ၍ ဘုရားသခင်သည် အခြားမည်သူ့အပေါ်၌မျှ အလုပ်မလုပ်သကဲ့သို့ သူ၏အလုပ်နှင့်ပတ်သက်ပြီး ပို၍ကြီးမားသော အတိုင်းအတာလည်း မရှိဟု သူတို့ပြောကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို ထိန်းချုပ်သည့်အရေးနှင့်ပတ်သက်လာလျှင် သူတို့သည် အထူးသဖြင့် တိကျကြပြီး ဣသရေလပြည်၏ နယ်နိမိတ်ကိုလွန်၍ သူ့အား လှုပ်ရှားခွင့် မပြုကြပေ။ ဤအရာအားလုံးမှာ လူသားတို့၏ အယူအဆများသာ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူ၏အလုပ်ကို မည်သို့လျှင် ဣသရေလပြည်၌သာ ကန့်သတ်ထား၍ ရနိုင်မည်နည်း။ ထိုအတိုင်းသာဖြစ်နေပါက ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခြင်းမှာ အဘယ်အကျိုးရှိ လိမ့်မည်နည်း။ တစ်လောကလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့ပြင် သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ဣသရေလပြည်၌ သာ မဟုတ်ဘဲ စကြဝဠာရှိ လူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအပေါ်၌ သူဆောင်ရွက်ခဲ့လေ၏။ ထိုသူတို့အနေဖြင့် တရုတ်ပြည်၌ နေကြသည်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု၌ နေကြသည်ဖြစ်စေ၊ ဗြိတိသျှ၊ သို့မဟုတ် ရုရှားနိုင်ငံ၌ နေကြသည်ဖြစ်စေ လူတိုင်းသည် အာဒံ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သူတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းခြင်း၏နယ်နိမိတ်များကို မရှောင်တိမ်းနိုင်ကြ၊ ထို့ပြင် သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ “အာဒံ၏ သားစဉ်မြေးဆက်” ဟူသည့် အမှတ်သညာမှ မိမိတို့ကိုယ်ကို မခွဲနိုင်ကြ။ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့ အားလုံးသည် အာဒံ၏ ဆွေစဉ်မျိုးဆက်ဖြစ်ကြသည်၊ ထို့အပြင် သူတို့အားလုံးသည် အာဒံနှင့် ဧဝတို့၏ ဖောက်ပြန်ပျက်စီးနေသော သားစဉ်မြေးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်၏ ဖန်ဆင်းရာမှာ ဣသရေလတစ်မျိုးတည်းသာ မဟုတ်ဘဲ လူမျိုးအားလုံးဖြစ်သည်။ အချို့က ကျိန်ဆဲခံထားရပြီး အချို့က ကောင်းချီးပေးခံထားရခြင်းသာ ဖြစ်၏။ ဣသရေလအမျိုးသားနှင့် ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသော အရာများ များစွာရှိသည်၊ သူတို့သည် အနည်းဆုံး ဖောက်ပြန်သောလူများ ဖြစ်ကြသောကြောင့် ဘုရားသခင်က အစအဦး၌ သူတို့အပေါ်တွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်လူမျိုးတို့ကို သူတို့နှင့် သွားယှဉ်၍မရပေ၊ တရုတ်လူမျိုးတို့က များစွာ ပို၍နိမ့်ကျ၏။ ထို့ကြောင့် ဘုရားသခင်သည် ကနဦးတွင် ဣသရေလပြည်ရှိ လူတို့အကြား၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့အလုပ်၏ ဒုတိယအဆင့်ကို ယုဒပြည်၌သာ ဆောင်ရွက်ခဲ့၏၊ ယင်းက လူတို့အကြား၌ အယူအဆ များစွာနှင့် စည်းမျဉ်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စင်စစ်အားဖြင့် ဘုရားသခင်သည် လူသားတို့၏အယူအဆများအတိုင်း လုပ်မည် ဆိုပါက သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်၍ သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ချဲ့ထွင်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ချေ၊ အကြောင်းမှာ သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်နေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ “ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြားရှိ သူ့အလုပ်၏ ပထမအဆင့်မှာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၌ သူလုပ်သော အလုပ်ဖြစ်သည့် ဤအလုပ်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏” မှ

နောက်ဆုံးသောကာလအတွင်း ကယ်တင်ရှင် ကြွလာသည့်အခါ၊ အကယ်၍ သူသည် ယေရှုဟု ခေါ်ဆိုခြင်းခံနေရဆဲဖြစ်ကာ၊ ယုဒပြည်တွင် ထပ်မံမွေးဖွားပြီး၊ ယုဒပြည်တွင်ပင် အမှုပြုမည်ဆိုပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နှုတ်ခဲ့၍ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်ကြောင်း သက်သေပြနေလိမ့်မည် မဟုတ်လော။ ဤသည်က “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်နေမည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ သတ္တဝါ အားလုံးတို့၏ ဘုရားသခင်ဖြစ်သောကြောင့် ယုဒပြည်မှထွက်ခွာ ခဲ့ပြီး တစ်ပါးအမျိုးသားတို့အကြားတွင် ငါ့အမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း တစ်ပါးအမျိုးသားတို့အကြားတွင် ငါပေါ်လာခြင်းက ငါသည် ယေဟောဝါသာမဟုတ်၊ ဣသရေလ အမျိုးတို့၏ ဘုရားသခင်သာ မဟုတ်ဘဲ တစ်ပါးအမျိုးသားတို့ အကြားတွင် ငါရွေးကောက်သောသူများ အားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကိုသာ ငါဖန်ဆင်းခဲ့သည် မဟုတ်ဘဲ ဣသရေလကို ကျော်လွန်လျက် တစ်ပါးအမျိုးသား နိုင်ငံများ အားလုံးတို့ကိုလည်း ငါဖန်ဆင်းခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ငါသည် ခပ်သိမ်းသော သက်ရှိသတ္တဝါများ၏ ဘုရားသခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုသည့် နေရာအဖြစ်သာ အသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနှုတ်ခြင်း လုပ်ငန်းအတွက် အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့သည်၊ ထို့နောက် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ်ရန်အတွက် အခြေပြုရာနေရာအဖြစ် တစ်ပါးသော တိုင်းပြည်များအား အသုံးပြုသည်။ ငါသည် ဣသရေလပြည်၌ အမှု၏ အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ခဲ့သည် (ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်၏ အမှုအဆင့်နှစ်ဆင့်)၊ ဣသရေလပြည်ကို ကျော်လွန်၍ တိုင်းပြည်များ တစ်လျှောက် နောက်ထပ်အမှု၏ (ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်) အဆင့်နှစ်ဆင့်ကိုလည်း ငါလုပ်ဆောင်လျက်ရှိသည်။ တစ်ပါးအမျိုးသား ပြည်များတွင် ငါသည် သိမ်းပိုက်သည့်အမှုကို ဆောင်ရွက်မည်ဖြစ်ကာ ထိုခေတ်ကာလကို နိဂုံးချုပ်ပေးမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြာဝဠတစ်ခုလုံး၌ အောင်မြင်သည့်သဘောနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ဤလူများအထဲ၌ ပုန်ကန်မှု၊ ဆန့်ကျင်မှု၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း အားလုံးတို့ကို မြင်တွေ့ရပြီး၊ လူသားမျိုးနွယ်၏ ပုန်ကန်လိုစိတ်ရှိသမျှကို သူတို့အထဲတွင် ကိုယ်စားပြုထားလေသည်။ သူတို့သည် အမှန်ပင် မှတ်သားလောက်ပေသည်။ ဤအကြောင်းကြောင့် သူတို့ကို့ သိမ်းပိုက်ခြင်း၏ နမူနာအဖြစ် စံပြုထားပြီး၊ သူတို့ကို သိမ်းပိုက်လိုက်သည်နှင့် သူတို့သည် အခြားသောသူများအတွက် အလိုအလျောက် စံပြနမူနာ ဖြစ်လာလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလ လူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။ ဘုရားသခင်အား ဆန့်ကျင်သည့် နယ်မြေတွင် ဤအမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏ အမှုအားလုံးသည် လွန်ကဲသည့် အတားအဆီးများနှင့် တွေ့ကြုံရကာ သူ၏နှုတ်ကပတ်တော် များစွာသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံနိုင်ခြင်း မရှိပေ၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းခံကြရသည်။ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ လွန်စွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား စုံလင်စေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်း အမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့အားဆန့်ကျင်သော သူများ အားဖြင့်သာ သိမ်းပိုက်အောင်မြင်ခြင်းအမှုကို ပြုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် သာလျှင် ဘုရားသခင်၏ ကြီးမားသောတန်ခိုးအား ထင်ရှားစေနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရပါမူ မသန့်ရှင်းသော နယ်မြေတွင်ရှိနေသည့် သူများတို့သည်သာ ဘုရားသခင်၏ ဘုန်းတော်အား အမွေခံထိုက်သူများဖြစ်ကာ ၎င်းအရာကသာလျှင် ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော်အား ထင်ရှားစေနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဘုန်းတော်သည် မသန့်ရှင်းသည့် နယ်မြေနှင့် ထိုနယ်မြေ၌နေသော သူများထံမှ ရရှိသည်ဟု ငါဆိုရခြင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ၎င်းသည် ယေရှု၏အမှု၏ အဆင့်တစ်ဆင့်မှာကဲ့သို့ပင် ဖြစ်သည်၊ သူ့အား နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖာရိရှဲများကြား၌သာ သူသည် ဘုန်းတော်ထင်ရှားနိုင်သည်။ အကယ်၍ ထိုနှိပ်စက် ညှဉ်းပန်းခံရခြင်းနှင့် ယုဒ၏ သစ္စာဖောက်ခြင်းတို့ မရှိခဲ့ပါက ယေရှုသည် ကားတိုင်တွင်တင်၍ သတ်ခြင်းကိုမဆိုထားနှင့် လှောင်ပြောင် သရော်ခြင်းများနှင့် ကဲ့ရဲ့ခြင်းများအား ခံခဲ့ရမည် မဟုတ်ပေ၊ ထို့ကြောင့် ဘုန်းတော်သည်လည်း ထင်ရှားခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ခေတ်ကာလအသီးသီး၌ သော်လည်းကောင်း၊ သူ၏လူ့ဇာတိ၌ သော်လည်းကောင်း၊ မည်သည့်အရပ်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရပ်၌ ဘုန်းပွင့်ကာ ထိုအရပ်၌ သူရည်ရွယ်ထားသည့် သူများအားလည်း ရရှိသည်။ ဤအရာသည် ဘုရားသခင်အမှု၏ အစီအစဉ်ဖြစ်ကာ၊ ဤအရာသည် သူ၏စီမံခန့်ခွဲခြင်းလည်း ဖြစ်သည်။

နှစ်ပေါင်းထောင်ပေါင်းများစွာရှိခဲ့သည့် ဘုရားသခင်၏အစီအစဉ်ထဲတွင် ဇာတိပကတိ၌ ပြုသောအမှု ဆိုင်ရာ ကဏ္ဍနှစ်ရပ်ရှိသည်။ ပထမတစ်ရပ်မှာ သူ၏ဘုန်းတော် ထင်ရှားစေသည့် လက်ဝါးကပ်တိုင်၌ အသေခံခြင်းအမှုနှင့် အခြားတစ်ရပ်မှာ သူ၏ဘုန်းတော် ထင်ရှားစေမည့် နောက်ဆုံးသောကာလရှိ သိမ်းပိုက်အောင်မြင်ခြင်းနှင့် စုံလင်စေခြင်း အမှုတို့ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုကိုသော်လည်းကောင်း၊ သင့်အား ဘုရားသခင် စေခိုင်းချက်ကို သော်လည်းကောင်း ရိုးရှင်းလွန်းသည်ဟု မမှတ်ယူလေနှင့်။ သင်တို့အားလုံးသည် အတိုင်းအထက်အလွန် ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေ၏ အမွေခံများ ဖြစ်ကြပြီး၊ ၎င်းသည် ဘုရားသခင်က အထူးဘိသိက်ထားသော အရာဖြစ်သည်။ သူ၏ ဘုန်းတော်နှင့်ဆိုင်သည့် ကဏ္ဍနှစ်ရပ်၌ တစ်ရပ်သည် သင်တို့အထဲ၌ ထုတ်ဖော်ထားသည်၊ ဘုရားသခင်၏ဘုန်းတော် ကဏ္ဍတစ်ရပ်၏ အလုံးစုံကို သင်အမွေခံရရန် သင့်အား ပေးအပ်ထားသည်။ ၎င်းသည် ဘုရားသခင့်ထံမှ ချီးမွမ်းခြင်းဖြစ်ပြီး ရှေးမဆွကပင် ဆုံးဖြတ်ထားပြီးသော သူ၏အကြံအစည် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး ကိန်းဝပ်ရာနယ်မြေ၌ ပြုခဲ့သည့် ဘုရားသခင်၏ အမှု၏ ကြီးမားမှုကို ထည့်သွင်း စဉ်းစားပါက၊ အဆိုပါ အမှုအား အခြားသော နေရာတစ်ခုခုသို့ ရွှေ့ပြောင်းခဲ့ပါက အသီးအပွင့်များအား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရရှိခဲ့ပြီးဖြစ်မည်သာမက လူသားသည်လည်း လွယ်လင့်တကူ လက်ခံနှင့်ပြီး ဖြစ်နိုင်သည်။ ထို့အပြင် ယေရှုမှ သာဓကအဖြစ် အစေခံသွားခဲ့သည့်အမှု၏ အဆင့်အတွက် ဤကဲ့သို့သောအမှုကို ဘုရားသခင်အား ယုံကြည်ကြသည့် အနောက်တိုင်းမှ ခရစ်ယာန် ဘုန်းကြီးများက အလွန်ပင်လွယ်ကူစွာ လက်ခံနိုင်ခဲ့ပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူသည် ဘုန်းတော်ထင်ရှားခြင်းဆိုင်ရာအမှု၏ ဤအဆင့်အား အခြားတစ်နေရာရာ၌ အထမမြောက်နိုင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအားလုံး၏ ကူညီထောက်မခြင်းနှင့် တိုင်းနိုင်ငံအားလုံး၏ အသိအမှတ် ပြုခြင်းရှိသော အရပ်၌ ဘုရားသခင်၏ ဘုန်းတော်အတွက် နေရာရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤအရာသည် ဤမြေရှိအမှု၏ ဤအဆင့်၌ရှိသော သာမန်ထက် ထူးကဲသည့် ရည်ရွယ်ချက်ပင် မုချဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော” မှ

နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ခြေချသည့် နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေ ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသောနဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည် ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံးလျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် နက်နဲစွာ နာကျင်မှု ခံစားရသော ဤလူများကို နိုးထစေရန်၊ သူတို့ကို အကြွင်းမဲ့ နိုးထစေရန်နှင့် မြူထူရာမှ ထွက်ကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေရန် အလိုရှိသည်။ ဘုရားသခင်သည် သူတို့၏ အိပ်မက်မှ သူတို့ကို နိုးထရန်၊ သူတို့ကို အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိရန်၊ သူတို့၏ နှလုံးသားအားလုံးကို ဘုရားသခင်ထံ ပေးရန်၊ မှောင်မိုက်တန်ခိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ရန်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထကြွရန်နှင့် ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်ရန် အလိုရှိသည်။ သို့မှသာ ဘုရားသခင်သည် ဘုန်းတန်ခိုးရလိမ့်မည်။ ဤအကြောင်းပြချက် သက်သက်ကြောင့် ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်ခဲ့သော အမှုတော်ကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့သည်၊ ထွက်ခွာပြီးနောက် နှစ် ၂၀၀၀ နီးနီးတွင် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိကို တစ်ဖန်ခံယူသည်။ လူသား၏ ပကတိ မျက်လုံးအတွက် ဘုရားသခင်သည် ဇာတိပကတိတွင် အမှုတော်သစ်ကို အစပျိုးခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်အဖို့ သူသည် နှစ်ထောင်ပေါင်း အနည်းငယ်သာ ကာလခြားနားကာ အမှုတော်၏ တည်နေရာနှင့် အမှုတော်၏ စီမံကိန်းတွင် ပြောင်းလဲမှု တစ်ခုသာရှိသည့် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

သင်သည် အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူမျိုးပင် ဖြစ်နေပါစေ သင်၏ကိုယ်ပိုင်လူမျိုး အကန့်အသတ်ဘောင်ထဲက ထွက်လာသင့်သည်၊ သင်၏အတ္တကိုယ်ကို ကျော်လွန်လျက် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍ ဘုရားသခင်၏ အလုပ်ကို ရှုမြင်သင့်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ခြေရာများအပေါ် ကန့်သတ်ချက်များ မထားလိမ့်မည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယနေ့ခေတ်၌ ဘုရားသခင်သည် တစ်စုံတစ်ရာသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်စုံတစ်ရာသော လူမျိုးအကြား၌ ပေါ်ထွန်းလာမည်ကို များစွာသောလူတို့က မဖြစ်နိုင်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် အလွန်ပင် လေးနက်လှသည်တကား၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည်လည်း အလွန်ပင် အရေးပါလှသည် တကား။ လူ၏ အယူအဆများနှင့် အတွေးအခေါ်တို့ဖြင့် ၎င်းတို့ကို မည်သို့လျှင် ချင့်တွက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေရန်အလို့ငှာ သင့်အနေဖြင့် မိမိ၏လူမျိုး သို့မဟုတ် မိမိလူမျိုးစု၏ အယူအဆများမှ ထိုးဖောက်ထွက်သင့်သည်ဟု ငါပြောသည်။ ထိုသို့အားဖြင့်သာ သင်သည် သင့်အယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရဘဲ ရှိလိမ့်မည်၊ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့ရန် သင်သည် အရည်အချင်းပြည့်မီလိမ့်မည်။ သို့မဟုတ်ပါက သင်သည် ထာဝရအမှောင်ထုထဲ၌ ကျန်ရစ်နေမည်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံခြင်းကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ပေ။

ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ သီးသန့်ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ် နိုင်သည်။ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ် ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက် ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် တစ်စိတ်တဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်။ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါက ကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို ဘေးဖယ်ထားလော့။ တိတ်တိတ်နေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန်နှင့် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ။ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်။ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားဖြစ်သကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်။ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်မည်ဟု ငါမျှော်လင့်သည်။ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ ခြေလှမ်းများ နောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြ လိမ့်မည်ဟု ငါမျှော်လင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

အရှေ့သို့- နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှုများမှာ အဘယ်နည်း။

နောက်တစ်ခုသို့- ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက ယင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှု ဖြစ်ပါသလော။

၂) လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက ယင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှု ဖြစ်ပါသလော။ ဆက်စပ်သော...

နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြသော သမ္မာတရားများသည် ထာဝရအသက်လမ်း ဖြစ်သည်

၂) နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြသော သမ္မာတရားများသည် ထာဝရအသက်လမ်း ဖြစ်သည် ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သင်တို့အား ငါပြောစရာ...

ယုံကြည်သူများသည် ဘာသာရေးမှ ခွဲထွက်ဖို့နှင့် ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်အတွက် သိုးထိန်း အယောင်ဆောင်သောသူများနှင့် အန္တိခရစ်များကို ခွဲခြားသိမြင်ရမည်

၄) ယုံကြည်သူများသည် ဘာသာရေးမှ ခွဲထွက်ဖို့နှင့် ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်အတွက် သိုးထိန်း အယောင်ဆောင်သောသူများနှင့် အန္တိခရစ်များကို...

သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

၁) သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်