အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

(ဘုရားသခင်ကို သက်သေခံခြင်းနှင့် ဆိုင်သည့် သမ္မာတရားနှစ်ဆယ်ခု)

  • 1
  • 2
  • 3

အပိုင်း နှစ်

ဘုရားသခင်၏ အမှုတော်ကို အမီလိုက်ဖို့ရန် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည့် ဘာသာရေး အယူအဆများကို ဖြေရှင်းရမည်နည်း။

1မေးခွန်း ၁- သမ္မာကျမ်းစာထဲတွင်၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက် ၄:၁၇) ဟု ရေးထားသည့်အတွက် သခင့်၏ ပြန်ကြွလာခြင်းမှာ ယုံကြည်သူများ ကောင်းကင်နိုင်ငံထဲသို့ တိုက်ရိုက် ချီဆောင်ခံရမည်ကို ဆိုလိုသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်တွင် ယခုရှိကြပြီး ချီဆောင်မခံရသေးသနည်း။
2မေးခွန်း ၂- နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။” (ဗျာဒိတ် ၁:ရ) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။
3မေးခွန်း ၃- သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ပြောသည်၊ သို့ဆိုလျှင် သူ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မမြင်ရသေးသနည်း။ တွေ့မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်ပြီး တစ်ဆင့်စကားမှာ ယုံကြည်စိတ်ချ၍မရနိုင်ပါ။ ကျွန်ုပ်တို့ သူ့ကို မမြင်ရသေးလျှင်၊ ယင်းက သူ ပြန်မကြွလာသေးဟု ဆိုလိုပေမည်၊ သူ့ကို ကျွန်ုပ်မြင်သည့်အခါ ကျွန်ုပ်ယုံမည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင် ပြောကြသည်၊ သို့ဆိုလျှင် ယခု သူ အဘယ်မှာနည်း။ မည်သည့်အမှုကို သူ လုပ်ဆောင်နေသနည်း။ မည်သည့် နှုတ်ကပတ်တော်များကို သခင်က ပြောဆိုပြီးပြီနည်း။ ဤအရာများကို သက်သေခံခြင်းမှတဆင့် သင် ရှင်းလင်းစေနိုင်ပြီးနောက်တွင် ကျွန်ုပ်ယုံကြည်ပါမည်။
4မေးခွန်း ၄- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု လူ့ဇာတိ၌ ပြန်ကြွလာသည့်အကြောင်း မည်သည့် သက်သေခံချက်မဆို မှားယွင်းသည်ဟု ယုံကြည်သူများကို မကြာခဏ ဟောပြောကြ၏။ ဤအရာကို သမ္မာကျမ်းချက်များပေါ် ၎င်းတို့ အခြေခံကြလေသည်- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူ တို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာ တို့ကို ငါပြောနှင့်ပြီ။” (မ ၂၄:၂၃-၂၄) ယခု စစ်မှန်သော ခရစ်တော်ကို အယောင်ဆောင်သောသူများမှ မည်သို့ ခွဲခြားသိမြင်သင့်သည်ကို ကျွန်ုပ်တို့ မသိပါ။ ဤမေးခွန်းကို သင် ရှင်းပြ ပေးနိုင်မလား။
5မေးခွန်း ၅- သခင်ယေရှုသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်၏၊ ဤသည်မှာ ငြင်း၍မရနိုင်ပါ။ ယခု သင်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ့ဇာတိ၌ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သင် ယုံကြည်သည့်အရာမှာ လူသားသာဖြစ်သည်၊ သင် အလှည့်ဖြားခံရသည်ဟု ပြောကြသည်။ ဤအရာကို ကျွန်ုပ်တို့ သဘောမပေါက်နိုင်ပါ။ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ပြီး ရွေးနုတ်ခြင်း အမှုပြုဖို့ ကြွလာခဲ့သည့် ထိုအချိန်တုန်းက၊ ဂျူးလူမျိုး ဖာရိရှဲများသည်လည်း သူ့ကို ယုံကြည်သောသူ မည်သူမဆိုသည် လှည့်ဖြားခံရခြင်းဖြစ်သည်ဟု ဆိုရင်း သူသည် လူတစ်ဦးသာဖြစ်သည်ဟု ဆိုခဲ့ကြ၏။ ထို့ကြောင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် စပ်လျဉ်းသည့် ဤသမ္မာတရား ရှုထောင့်ကို ကျွန်ုပ်တို့ ရှာဖွေချင်ပါသည်။ လူ့ဇာတိခံယူခြင်းမှာ အတိအကျ မည်သည့်အရာနည်း၊ ပြီးလျှင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ကျေးဇူးပြု၍ ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပါ။
6မေးခွန်း ၆- သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။
7မေးခွန်း ၇- “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။
8မေးခွန်း ၈- ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ရန် မောရှေကို အသုံးပြုခဲ့၏၊ သို့ဆိုလျှင် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အသုံးမပြုပါသနည်း။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ လူ့ဇာတိဖြစ်လာဖို့ရန် အမှန်တကယ်လိုအပ်ပါသလား။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း။
9မေးခွန်း ၉- ကျေးဇူးတော်ခေတ်တွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်လျက် ၎င်းတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံဖို့ လူ့ဇာတိဖြစ်လာခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးလုံးလျားလျား သန့်စင်ပြီး ကယ်တင်ဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြရန်နှင့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် တစ်ဖန် လူ့ဇာတိဖြစ်လာပြီဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုအား လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် နှစ်ကြိမ် လူ့ဇာတိခံဖို့ လိုအပ်ပါသနည်း။ ထို့အပြင် ဘုရားသခင် နှစ်ကြိမ် လူ့ဇာတိခံယူခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်မှာ အဘယ်နည်း။
10မေးခွန်း ၁၀- သခင်ယေရှုက ဘုရားသခင်၏ သားတော်၊ ခရစ်တော် ဖြစ်သည်ကို ကျမ်းစာထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားပြီး၊ သခင့်ကို ယုံကြည်သူအားလုံးကလည်း သခင်ယေရှုသည် ဘုရားသခင်၏ သားတော်၊ ခရစ်တော် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် သင်တို့က လူ့ဇာတိခံ ခရစ်တော်သည် ဘုရားသခင်၏ သရုပ်သကန်ဖြစ်သည်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ဟု သက်သေခံသည်။ သို့ဆိုလျှင် လူ့ဇာတိခံ ခရစ်တော်သည် အမှန်တကယ် ဘုရားသခင်၏ သားတော်လား၊ သို့မဟုတ် သူသည် ဘုရားသခင် ကိုယ်တော်တိုင်လား။
11မေးခွန်း ၁၁- အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လက်ခံခြင်းဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ကျွန်ုပ်တို့ ကြုံရပြီးဖြစ်သည်ကို ဆိုလိုသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သက်သေအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များမှာ ဤသို့ဖြစ်၏- “အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” (ယော ၁၆:၇-၈) သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကို ပြုခဲ့သော်လည်း၊ သူကောင်းကင်သို့ တက်ကြွသွားပြီးနောက် ပင်တေကုတ္တေနေ့တွင်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခဲ့ပြီး လူတို့အထဲတွင် အလုပ်လုပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်- “ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” ယင်းမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် ဖြစ်သင့်ပေသည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေလိုသည့်အရာမှာ၊ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် တရားစီရင်ခြင်း အမှုတော်နှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်များမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။
12မေးခွန်း ၁၂- သခင် ပြန်ကြွလာပြီဖြစ်ပြီး နောက်ဆုံးသောကာလတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်။ ဤသည်မှာ ဗျာဒိတ်ကျမ်းထဲက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်းနှင့် မတူကွဲပြားပုံရလေသည်။ ဘာသာရေးအသိုင်းအဝိုင်းထဲက လူအများစုက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်းသည် နတ်ဆိုး စာတန်နှင့် သက်ဆိုင်သည့် မယုံကြည်သူများကို ပစ်မှတ်ထားသည်ဟု ယုံကြည်ကြသည်။ သခင် ကြွလာသည့်အခါ၊ ယုံကြည်သူများသည် ကောင်းကင်သို့ ချီဆောင်ူခံရမည်ဖြစ်ပြီးနောက်၊ မယုံကြည်သူများကို ဖျက်ဆီးရန် ကပ်ဘေးများကို သူ စေလွှတ်ပါလိမ့်မည်။ ယင်းမှာ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်း ဖြစ်သည်။ သင်တို့က ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အစပြုသည်ကို သက်သေခံသည်၊ သို့သော်၊ ဘုရားသခင်က မယုံကြည်သူများကို ဖျက်ဆီးဖို့ ကပ်ဘေးများတစ်ခုတစ်လေ ယူဆောင်လာသည်ကို ကျွန်ုပ်တို့ မမြင်ရသေးပါ။ သို့ဆိုလျှင်၊ ယင်းက ကြီးမြတ်သော ပလ္လင်ဖြူ တရားစီရင်ခြင်း မည်သို့ဖြစ်နိုင်မည်နည်း။
13မေးခွန်း ၁၃- ဘာသာရေး လောကထဲက လူအများစုက ကားတိုင်ပေါ်တွင် သခင်ယေရှုက “အမှုပြီးပြီ” (ရှင်ယောဟန် ၁၉:၃၀) ဟု ဆိုခြင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းအမှု လုံးဝ ပြီးစီးနှင့်ပြီးဖြစ်သည့် သက်သေဖြစ်သည်ဟု ယုံကြည်ကြသည်၊ သို့သော် သင်တို့က သခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ရန်အလို့ငှာ သမ္မာတရားကို ဖော်ပြဖို့ရန်နှင့် ဘုရားသခင်၏အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိ၌ ပြန်ကြွလာပြီဟု သက်သေခံသည်။ ထို့သို့ဆိုလျှင်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သော ဘုရားသခင်၏ အမှုတော်ကို မည်သို့ နားလည်သင့်ပါသနည်း။ ဤသမ္မာတရား ရှုထောင့်အပေါ် ကျွန်ုပ်တို့ မရှင်းလင်းပါ၊ ထို့ကြောင့် ကျေးဇူးပြု၍ ဤအရာကို ကျွန်ုပ်တို့အတွက် ဆွေးနွေးပေးပါ။
14မေးခွန်း ၁၄- သမ္မာကျမ်းစာက၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ယူဆောင်လာခြင်းမခံရနိုင်ခင် နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဟု သင်တို့သည် အဘယ်ကြောင့် သက်သေခံကြပါသနည်း။
15မေးခွန်း ၁၅- ရှင်ပေါလု၏ ပုံသက်သေနောက် ကျွန်ုပ်တို့ လိုက်ကြပြီး ဧဝံဂေလိတရား ဖြန့်ဝေရင်း၊ သခင့်ကို သက်သေခံရင်းနှင့် သခင်၏ အသင်းတော်များကို ထိန်းကျောင်းပေးရင်း၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:၇) ဟု ရှင်ပေါလု လုပ်ဆောင်ခဲ့သကဲ့သို့ပင် သခင့်အတွက် လွန်စွာ အလုပ်ကြိုးစားကြပါသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နောက် လိုက်လျှောက်ခြင်း မဟုတ်ဘူးလော။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးသည် ကျွန်ုပ်တို့ ချီဆောင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီကြသည်ဟု အဓိပ္ပါယ်ရသင့်ပေသည်၊ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဆောင်ယူခြင်းမခံရမီ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို အဘယ်ကြောင့် လက်ခံရမည်နည်း။
16မေးခွန်း ၁၆- ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရနိုင်ကာ ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်သည်ဟု သင်တို့ ဆိုကြသည်။ သို့သော်၊ သခင့်၏ သတ်မှတ်ချက်များနှင့်အညီ၊ စိတ်နှိမ့်ချမှုနှင့် သည်းခံခြင်းတို့ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကြသည်၊ ကျွန်ုပ်တို့၏ ရန်သူများကို ကျွန်ုပ်တို့ ချစ်ကြသည်၊ ကျွန်ုပ်တို့၏ ကားတိုင်များကို ထမ်းကြသည်၊ လောကီအမှုအရာများကို စွန့်လွှတ်ကြသည်၊ သခင့်အတွက် အလုပ်လုပ်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေကြသည်၊ စသည်ဖြင့် လုပ်ဆောင်ကြသည်။ ထိုသို့ဆိုလျှင် ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၏ ပြောင်းလဲမှုများ ဖြစ်သည် မဟုတ်ပါလား။ ဤနည်းဖြင့် ကျွန်ုပ်တို့ အမြဲ ရှာဖွေခဲ့ကြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း သန့်စင်ခြင်းကို ရရှိပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်မခံရနိုင်သလော။
17မေးခွန်း ၁၇- သခင်က နောက်ဆုံးသော ကာလမှာ သမ္မာတရားကို ဖော်ပြရန်နှင့် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် လုပ်ဆောင်ရန် ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်များနှင့် အကြီးအကဲများက သူသည် မိုးတိမ်များဖြင့် ပြန်ကြွလာလိမ့်မည်ဖြစ်ပြီး၊ ယုံကြည်သူအားလုံး တမဟုတ်ချင်း အသွင်ပြောင်းလဲကာ သခင်နှင့်အတူ ဆုံဖို့ မိုးတိမ်များအတွင်း ချီဆောင်ခံရလိမ့်မည်ဟု ယုံကြည်ကြပါသည်။ ရှင်ပေါလုက၊ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ် စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလိပ္ပိ ၃:၂၀-၂၁) ဟု ပြောသကဲ့သို့ ဖြစ်သည်။ သခင်သည် အနန္တတန်ခိုးရှင် ဖြစ်ပြီး သူ မလုပ်နိုင်သည့်အရာ တစ်ခုမျှမရှိပါ။ ဘုရားသခင်သည် စကားတစ်ခွန်းဖြင့် ကျွန်ုပ်တို့ကို ပြောင်းလဲစေနိုင်ပြီး သန့်စင်စေနိုင်သည်၊ ထို့ကြောင့် သမ္မာတရားကို ဖော်ပြဖို့ရန်နှင့် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်တစ်ဆင့်ကို ဆောင်ရွက်ဖို့ သူ လူ့ဇာတိဖြစ်လာရန် အဘယ်ကြောင့် လိုအပ်လိမ့်ဦးမည်နည်း။
18မေးခွန်း ၁၈- နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်ကို လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ ထိုသို့ဆိုလျှင် လူသားကို ဘုရားသခင်က မည်သို့ အတိအကျ တရားစရင်ပြီး၊ သန့်စင်စေကာ ကယ်တင်ပါသနည်း။
19မေးခွန်း ၁၉- နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးဝ သန့်စင်ပြီး ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ၎င်းတို့ထဲမှ အချို့မှာ လူသားကို ရှုတ်ချပြီး ကျိန်ဆဲသည်ကို ကျွန်ုပ်တွေ့ရသည်။ အကယ်၍ လူသားကို ဘုရားသခင်က ရှုတ်ချပြီး ကျိန်ဆဲလျှင်၊ လူသားသည် ပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် မဟုတ်ပါလား။ ထိုသို့သော တရားစီရင်ခြင်းမျိုးက လူသားကို သန့်စင်ပြီး ကယ်တင်သည်ဟု သင် အဘယ်ကြောင့် ပြောနိုင်ရသေးသနည်း။
20မေးခွန်း ၂၀- သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော် ရှုထောင့်တစ်ခုမှာ ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ခွင့်လွတ်ပြီး ဖြေလွှတ်ဖို့ ဖြစ်လင့်ကစား၊ အခြားရှုထောင့် တစ်ခုမှာ ကျွန်ုပ်တို့အပေါ် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အလျှံပယ် ကျေးဇူးတော်တို့ကို အပ်နှင်းရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ကရုဏာစိတ်ရှိ၍ မေတ္တာရှိသော ဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြခဲ့သည်။ သို့သော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်၊ သမ္မာတရားကို သူဖော်ပြပြီး လူသားကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည်၊ လူသားကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်ေသဘောထားက မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံကြောင်း လူတို့ကို မြင်တွေ့ခွင့်ပေးလျက် လူသားကို ဖော်ထုတ်ပြီး ဆိုးညစ်သော လူတို့၊ နတ်ဆိုးများနှင့် အန္တိခရစ်တို့ကို ပယ်ရှင်းသည်ဟု သင်တို့ သက်သေခံကြသည်။ အဘယ်ကြောင့် သခင်ယေရှု၏ အမှုတော်ထဲတွင် ထုတ်ဖော်ပြသည့် စိတ်သဘောထားသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ထဲတွင် ထုတ်ဖော်ပြသည့် စိတ်သဘောထားနှင့် လုံးဝ ကွဲပြားခြားနားပါသနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်ုပ်တို့ မည်သို့ အတိအကျ နားလည်သင့်ပါသနည်း။
21မေးခွန်း ၂၁- “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။” (ဟေဗြဲ ၁၃:၈) ဟု သမ္မာကျမ်းစာထဲတွင် ရေးသားထားပါသည်။ ထို့ကြောင့် သခင်၏ နာမသည် ဘယ်သောအခါမျှ မပြောင်းလဲပါ။ သို့သော် သခင်သည် နောက်ဆုံးသော ကာလတွင် အမည်နာမသစ်ဖြင့် ကြွလာပြီဖြစ်ပြီး သူ၏ အမည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်သည်ဟု သင်တို့ ပြော၏။ ယင်းသည် အဘယ်သို့ ဖြစ်နိုင်မည်နည်း။
22မေးခွန်း ၂၂- သခင်ယေရှုသည် ကားတိုင်တွင် လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် သံမှိုရိုက်ခံခဲ့ရပြီး၊ ထိုသို့ဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ရွေးနုတ်ခဲ့သည်။ သခင်ယေရှုမှ ကျွန်ုပ်တို့ လမ်းလွဲပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လျှင်၊ ဤသည်မှာ သခင်ယေရှုကို သစ္စာဖောက်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤသည်မှာ ယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်ခြင်း ဖြစ်လိမ့်မည်မဟုတ်ပါလား။
23မေးခွန်း ၂၃- သခင်ယေရှုက၊ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန် ၄:၁၄) ဟု ဆိုခဲ့သည်။ လူအများစုက သခင်ယေရှုသည် ကျွန်ုပ်တို့အပေါ် ထာဝရအသက်လမ်းကို ပေးနှင့်ပြီးဖြစ်သည်ဟု ထင်ကြသည်၊ သို့သော် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ခဲ့ရ၏။ ဤအရာအားလုံးမှာ အဘယ်နည်း။ ယင်းက နောက်ဆုံးသောကာလ ခရစ်တော်ကသာ ထာဝရအသက်လမ်းကို လူသားအား ပေးနိုင်သည်ဟု အဘယ်ကြောင့် ဆိုပါသနည်း။
24မေးခွန်း ၂၄- အနန္တတန်ခိုးရှင် ဘုရားသခင်သည် လက်ရှိ သူ၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည့် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှာ အမှန်တကယ် လူသား၏ အလုပ်ဖြစ်ပြီး၊ ယင်း့အပြင်၊ သခင်ယေရှုကို မယုံကြည်သူ များစွာကလည်း ခရစ်ယာန်ဘာသာမှာ လူသားတစ်ဦးကို ယုံကြည်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်မှာ မည်သည့်အရာ အတိအကျဖြစ်သည်ကို ကျွန်ုပ်တို့ မပိုင်းခြားမသိမြင်နိုင်သေးပါ၊ ထို့ကြောင့် ကျေးဇူးပြုပြီး ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပေးပါ။
25မေးခွန်း ၂၅- သခင်ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူတို့ကို သန့်စင်ခြင်း ရရှိဖို့နှင့် ကယ်တင်ခံရဖို့ အခွင့်ပေးမည့် သမ္မာတရား အလုံးစုံကို ဖော်ပြပြီး၊ လက်ရှိတွင် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ကျွန်ုပ်တို့ ဤအရာကို လက်မခံဝံ့ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သမ္မာကျမ်းစာထဲတွင် ရေးမှတ်ထားပြီး၊ သမ္မာကျမ်းစာ ပြင်ပတွင် ဘုရားသခင်၏ အခြားသော နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတော် မရှိသလို၊ သမ္မာကျမ်းစာကို ဆန့်ကျင်သည့် သို့မဟုတ် ကျော်လွန်သည့်အရာတိုင်းသည် မိစ္ဆာအယူဝါဒဖြစ်သည်ဟု ကျွန်ုပ်တို့ကို သွန်သင်ကြသောကြောင့် ဖြစ်သည်။ ဤကိစ္စရပ်အပေါ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မရှိပါ။ ကျွန်ုပ်တို့အတွက် ထိုအရာကို ရှင်းပြပေးနိုင်ပါမည်လား။
26မေးခွန်း ၂၆- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာထဲ ရှိသမျှအရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု ယုံကြည်လျက်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၏။” (၂ တိ ၃:၁၆) ဟူသော သမ္မာကျမ်းစာထဲက ရှင်ပေါလု၏ စကားများကို စွဲကိုင်ထားကြသည်။ သို့သော် သင်တို့က သမ္မာကျမ်းစာသည် လုံးဝ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မပြုလုပ်ထားပါဟု ဆိုသည်၊ ထိုသို့ဆိုလျှင် ဤအရာအားလုံးမှာ အဘယ်နည်း။
27မေးခွန်း ၂၇- သမ္မာကျမ်းစာသည် ခရစ်ယာန်ဘာသာ၏ စံဖြစ်ပြီး ယုံကြည်သူများ၏ သခင့်ကို ယုံကြည်ခြင်းသည် နှစ်နှစ်ထောင်ကြာ သမ္မာကျမ်းစာပေါ် အခြေပြုခဲ့သည်။ ထို့အပြင်၊ ဘာသာရေးလောကထဲက လူအများစုက သမ္မာကျမ်းစာသည် သခင့်ကို ကိုယ်စားပြုသည်၊ သခင့်ကို ယုံကြည်ခြင်းသည် ကျမ်းစာကို ယုံကြည်ခြင်းဖြစ်ပြီး အပြန်အလှန် ဖြစ်ကာ၊ လူတစ်ဦးသည် ကျမ်းစာမှ သွေဖည်လျှင် သူတို့ကို ယုံကြည်သူဟု ခေါ်၍မရနိုင်ဟူ၍ ယုံကြည်ကြသည်။ သခင့်ကို ဤနည်းဖြင့် ယုံကြည်ခြင်းသည် ကိုယ်တော်၏ အလိုတော်နှင့် ကိုက်ညီသည်၊ မကိုက်ညီသည်ကို ကျွန်ုပ် သိချင်ပါသည်။
28မေးခွန်း ၂၈- သမ္မာကျမ်းစာသည် ဘုရားသခင်၏အမှုတော်ကို သက်သေခံချက်ဖြစ်၏၊ သခင့်ကို ယုံကြည်သူများသည် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ကို သတိပြုလာကြပြီး ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များ၊ သူ၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုရှိခြင်းတို့ကို မြင်နိုင်ကြသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းမှတဆင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာအပြင် လူသား၏ အတွေ့အကြုံ သက်သေခံချက်များလည်း ပါရှိပါသည်၊ ၎င်းတို့က လူတို့၏ အသက်တာများအတွက် အာဟာရအပြင် ကြီးမားသည့် စိတ်ဓာတ်မြှင့်တင်ခြင်းကိုလည်း ပေးနိုင်သည်၊ ထို့ကြောင့် ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ သမ္မာကျမ်းစာကို ဖတ်ခြင်းမှတဆင့် ထာဝရအသက်ကို ကျွန်ုပ်တို့ အမှန်တကယ် ရရှိနိုင်ပါသလား။ သမ္မာကျမ်းစာထဲတွင် ထာဝရအသက်လမ်း မရှိသည်မှာ ဖြစ်နိုင်ပါသလား။
29မေးခွန်း ၂၉- ပြီးခဲ့သည့် အနှစ်နှစ်ထောင်ကြာ လူသား၏ သခင့်အပေါ် ယုံကြည်မှုသည် ကျမ်းစာပေါ် အခြေပြုခဲ့ပြီး၊ သခင်ယေရှု၏ ကြွလာခြင်းက ဓမ္မဟောင်းကျမ်းကို ငြင်းဆိုခြင်း မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြသူတိုင်းသည် သူ၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး သမ္မာကျမ်းစာကို ဖတ်ခဲကြလိမ့်မည်။ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်တွင်၊ လူတစ်ဦး၌ ရှိသင့်သည့် သမ္မာကျမ်းစာကို မှန်ကန်သည့် ချည်းကပ်မှု အတိအကျမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းကို မည်သို့ အသုံးပြုသင့်သနည်း။ ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ရန်အလို့ငှာ လူတစ်ဦးသည် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို မည်သည့်အရာအပေါ် အခြေပြုသင့်သနည်း။
30မေးခွန်း ၃၀- သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားအားလုံးကို သူဖော်ပြပြီး ဘုရားအိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ ထိုသို့ဆိုလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ သိမြင်သင့်သနည်း၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု အမှန်ပင်ဖြစ်သည်ကို ကျွန်ုပ်တို့ မည်သို့ အတည်ပြုသင့်သနည်း။
31မေးခွန်း ၃၁- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ တကယ့်နှုတ်တော်မှ မိန့်မြွက်ချက်များဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ထိုအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရသည့် တစ်စုံတစ်ဦး၏ စကားများဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ်ရှာဖွေချင်သည့်အရာမှာ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အတူ တစ်စုံတစ်ဦး ပြောဆိုသည့် စကားများကြားက ကွဲပြားခြားနားချက်မှာ အတိအကျ မည်သည့်အရာနည်း။
32မေးခွန်း ၃၂- ဖာရိရှဲတို့သည် တရားဇရပ်၌ လူတို့ကို မကြာခဏ ကျမ်းစာ အသေးစိတ် ရှင်းပြခဲ့ကြသည်။ အပြင်ပန်းမှ၊ ၎င်းတို့သည် ဘာသာတရားကိုင်းရှိုင်းပြီး သနားကြင်နာမှုရှိပုံပေါ်ပြီး ပညတ်တရား၏ ချိုးဖောက်မှု တစ်ခုခု ရှင်းရှင်းလင်းလင်း မလုပ်ခဲ့ကြသည့်ပုံပေါ်ကြသည်။ ထို့သို့ဆိုလျှင် အဘယ်ကြောင့် ဖာရိရှဲတို့သည် သခင်ယေရှု၏ ကျိန်ဆဲခြင်းကို ခံခဲ့ကြရပါသနည်း။ ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်မှုကို မည်သို့ ပြသခဲ့ပါသနည်း။ ယနေ့ခေတ်၏ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းအတိုင်း လိုက်လျှောက်နေကြသည်ဟု အဘယ်ကြောင့် ဆိုရပါသနည်း။
33မေးခွန်း ၃၃- သခင်ယေရှုက သူ၏ အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာသည့်အချိန်တွင်၊ ဂျုးလူမျိုး ဖာရိရှဲတို့က သူ့ကို ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချခဲ့ကြသလို၊ ကားတိုင်တွင် သူ့ကို သံမှိုရိုက်ခဲ့ကြသည်။ ယခုတွင် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာပြီဖြစ်သည့်အတွက် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည်လည်း ဘုရားသခင်ကို ကားတိုင်တွင် တဖန် သံမှိုရိုက်လျက် ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချကြသည်။ အဘယ်ကြောင့် ဂျူးလူမျိုး ဖာရိရှဲများနှင့် ဘာသာရေး သင်းအုပ်ဆရာ၊ အကြီးအကဲများသည် သမ္မာတရားကို ထိုသို့ မုန်းတီးပြီး၊ မိမိကိုယ်ကိုယ် ခရစ်တော်ကို ထိုသို့နည်းဖြင့် ဆန့်ကျင်စကြသနည်း။ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရမှာ တိတိကျကျ အဘယ်အရာနည်း။
34မေးခွန်း ၃၄- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အားကောင်းသည့် ကျမ်းစာအသိပညာ ရှိကြသည်၊ အခြားသူများအတွက် ကျမ်းစာကို ၎င်းတို့ မကြာခဏ အနက်ပြန်ပေးကြပြီး ကျမ်းစာကို လိုက်နာစေကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာပေါ် အသေးစိတ်ရှင်းပြခြင်းနှင့် သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းသည် အမှန်တကယ် သခင့်ကို သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်း ဟုတ်ပါသလား။ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရပါသနည်း။ ဤကိစ္စရပ်အပေါ် ကျွန်ုပ်တို့ မရှင်းလင်းသေးပါ။ ကျွန်ုပ်တို့အတွက် ဤအရာကို ဖြေပေးနိုင်ပါမည်လား။
35မေးခွန်း ၃၅- ဘာသာရေး အသိုင်းအဝိုင်းထဲက လူအများစုက သင်းအုပ်ဆရာနှင့် အကြီးအကဲများကို သခင်က ရွေးချယ်ကာ ခန့်အပ်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အသင်းတော်အတွင်း သခင့်ကို အစေခံကြသည့် လူများဖြစ်သည်ဟု ယုံကြည်ကြသည်၊ အကယ်၍ ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက် ကျွန်ုပ်တို့ လိုက်ပြီး နာခံလျှင်၊ သခင့်ကို အမှန်တကယ် ကျွန်ုပ်တို့ နာခံပြီး နောက်လိုက်ခြင်းဖြစ်သည်။ လူသားကို နာခံခြင်းနှင့် လူနောက်လိုက်ခြင်းမှာ မည်သည့်အရာ အတိအကျ ဆိုလိုသည်ဆိုသည်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် နောက်လိုက်ခြင်းမှာ မည်သည့်အရာကို အတိအကျဆိုလိုသည်နှင့် ပတ်သက်၍၊ လူအများစုက သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြပါ။ ကျေးဇူးပြုပြီး ဤအရာပေါ် ဆွေးနွေးပေးပါ။
36မေးခွန်း ၃၆- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် သြဇာအာဏာ ကိုင်စွဲကြပြီး လူအများစုက သူတို့ကို နာခံကာ နောက်လိုက်ကြသည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ သင်တို့က ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုကြ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရားကို သူတို့ မယုံကြည်ကြသလို၊ ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်နေကြသည်ဟု ဆိုသည်၊ ဤအချက်အပေါ် ကျွန်ုပ်တို့ လက်ခံပါသည်။ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ၊ နောက်ဆုံးသော ကာလတွင် ဖော်ထုတ်ခံရသည့် အန္တိခရစ်များအားလုံးဖြစ်ကြပြီး၊ သူတို့၏ နောက်ဆုံး ရလဒ်မှာ ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ နှစ်မြှုပ်ဖို့ရန် ဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ပြောဆိုရပါသနည်း။ ဤသည်မှာ ယခုအချိန်တွင် ကျွန်ုပ်တို့ လက်မခံနိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဤလူတို့ ကယ်တင်မခံရနိုင်သလို ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ သူတို့အားလုံး နှစ်မြှုပ်လိမ့်မည်ဟူသည့် ဤအခိုင်အမာ ပြောဆိုချက်အတွက် သင်တို့၏ အခြေပြုချက်အပေါ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ။
37မေးခွန်း ၃၇- သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးအသိုင်းအဝိုင်းထဲတွင် သြဇာအာဏာကိုင်စွဲကြပြီး သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်ကြသော်လည်း၊ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြပြီး သူတို့ကို မယုံကြည်ကြပါ၊ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်ကြသည်ဟု သင်တို့ အဘယ်ကြောင့် ဆိုနိုင်သနည်း။ ဘာသာတရားအတွင်းရှိ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ အမှန်တကယ် ကယ်တင်မခံရနိုင်ပါသလား။
38မေးခွန်း ၃၈- လတ်တလော နှစ်များတွင်၊ ဘာသာရေးလောကထဲရှိ ဂိုဏ်းဂဏအမျိုးမျိုးက ခြောက်ကပ်မှု ပို၍တိုးလာကြသည်၊ လူတို့သည် သူတို့ တစ်ချိန်က ရှိခဲ့ကြသည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမျိုး ဆုံးရှုံးခဲ့ကြပြီး အရင်ထက် ပို၍ အပျက်သဘောဆောင်ပြီး အားနည်းလာနေကြသည်။ ကျွန်ုပ်တို့အားလုံးသည်လည်း စိတ်ဝိညာဉ် ညိုးနွမ်းမှုကို ခံစားခဲ့ရသည်၊ ဟောပြောဖို့ မည်သည့်အရာမျှ မကျန်ရှိသလို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ်တို့အားလုံး ဆုံးရှုံးခဲ့ကြသည်ဟု ခံစားခဲ့ရသည်။ ဘာသာရေး လောကတစ်ခုလုံးသည် အဘယ်ကြောင့် မျှော်လင့်အားရဖွယ်မရှိ ဖြစ်ရပါသနည်းဟု ကျွန်ုပ်တို့ မေးချင်ပါသည်။ ယင်းသည် ဘုရားသခင်၏ စက်ဆုပ်မှုကို အမှန်တကယ် ခံရပါသလား၊ ယင်းသည် အမှန်တကယ် ဘုရားသခင်၏ ဘေးဖယ်ထားခြင်း ခံရပါသလား။ ဘာသာရေး လောကအတွက် ဗျာဒိတ်ကျမ်းထဲရှိ ဘုရားသခင်၏ စီရင်ခြင်း နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မည်သို့ နားလည် သင့်ပါသနည်း။
39မေးခွန်း ၃၉- ပြီးခဲ့သည့် ထောင်စုနှစ် နှစ်ခုကြာ၊ ဘာသာရေးလောကတစ်ခုလုံးက ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သုံးပါးတစ်ဆူသည် ခရစ်ယာန် အယူဝါဒတစ်ခုလုံး၏ ဂန္တာဝင် သီအိုရီတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် သုံးပါးတစ်ဆူနှင့်ဆိုင်သော အနက်ပြန်ခြင်းသည် အမှန်တကယ် ခိုင်မြဲပါသလား။ သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိပါသလား။ သုံးပါးတစ်ဆူသည် ဘာသာရေး လောက၏ အကြီးမားဆုံး အတွေးမှားဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ဆိုပါသနည်း။
40"မေးခွန် ၄၀- နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်။ သို့သော် သူသည် ဘာသာရေး လောကနှင့် တရုတ်ကွန်မြူနစ် အစိုးရ နှစ်ခုလုံး၏ ရူးသွပ်သော ဆန့်ကျင်ခြင်းနှင့် လူမဆန်သော နှိမ်နင်းမှုများကို ခံစားရလေသည်။ စီစီပီအစိုးရသည် ခရစ်တော်ကို ရှုတ်ချဖို့၊ သူ့ကို ပြစ်မှားစော်ကားဖို့နှင့် ဖမ်းဆီး၍ မျိုးဖြုတ်ဖို့ရန် ၎င်း၏ မီဒီယာတစ်ခုလုံးနှင့် လက်နက်ကိုင် အင်အားစုများကိုပင် ဆော်သြစည်းရုံးလေသည်။ သခင်ယေရှု မွေးဖွားလာခဲ့သည့်အချိန်က၊ “ဣသရေလ၏ ရှင်ဘုရင်” မွေးဖွားပြီဟု ဟေရုဒ်မင်းက ကြားခဲ့ပြီး ဗက်လင်မြို့ရှိ နှစ်နှစ်အောက် ကလေးသူငယ် ယောက်ျားလေးများအားလုံးကို သူ သတ်ဖြတ်စေခဲ့သည်၊ ခရစ်တော်ကို အသက်ရှင်ခွင့်ပေးသည်ထက် ကလေးငယ် တစ်သောင်းကို မှားယွင်းစွာ သတ်ဖြတ်ဖို့ သူပိုနှစ်သက်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် လူ့ဇာတိဖြစ်လာပြီဖြစ်သည်၊ ထို့ကြောင့် ဘာသာရေး လောကနှင့် ဘုရားမဲ့ တရုတ်အစိုးရက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူတို့သည် ခရစ်တော်ကို ကားတိုင်တွင် သံမှိုရိုက်ဖို့ တစ်နိုင်ငံလုံး၏ သြဇာအာဏာကို အသုံးချပြီး မခြွင်းမချန် အားထုတ်ကြိုးပမ်းကြသနည်း။ လူသားမျိုးနွယ်သည် အဘယ်ကြောင့် အလွန် ဆိုးညစ်ရပါသနည်း။ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် အလွန်မုန်းတီးပြီး ကိုယ်တော့်ကို ဆန့်ကျင်ရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပါသနည်း။ "
41မေးခွန်း ၄၁- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချသည့်၊ အသရေပျက်အောင်ပြောဆိုပြီး တိုက်ခိုက်ကာ သိက္ခာချသည့် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကတို့ထံမှ (ရှန်ဒုံပြည်နယ်၊ ချောင်းယွမ်ရှိ “မေလ ၂၈ ရက်” အဖြစ်အပျက်ကဲ့သို့သော) အွန်လိုင်းပေါ်က စကားများစွာကို ကျွန်ုပ်တို့ မြင်ကြပြီးဖြစ်သည်။ စီစီပီသည် အလိမ်အညာများ ပြောဆိုရာတွင်၊ အမှုအရာများကို လုပ်ကြံဖန်တီးရခြင်းနှင့် လူတို့ကို လှည့်ဖြားဖို့ အချက်အလက်များကို တလွဲတချော်ပြောဆိုရာတွင် အလွန် ကျွမ်းကျင်သည်ကိုလည်း ကျွန်ုပ်တို့ သိကြသည်။ ၎င်းက ရန်လိုသည့် တိုင်းနိုင်ငံများကို အပုပ်ချခြင်း၊ တိုက်ခိုက်ခြင်း နှင့် ဝေဖန်ခြင်းတို့တွင်လည်း ၎င်းသည် အလွန်တော်လေသည်၊ ထို့ကြောင့် စီစီပီ ပြောဆိုသမျှတိုင်းသည် လုံးဝ ယုံကြည်လောက်ဖွယ်မရှိပါ။ သို့သော်၊ ဘာသာရေး လောကအတွင်းရှိ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောဆိုသည့် အရာများစွာသည် စီစီပြောဆိုသည့်အရာနှင့် ဆင်တူနေသည်၊ ထိုသို့ဆိုလျှင် စီစီပီနှင့် ဘာသာရေးလောကက ဖြန့်သည့် ကောလဟလများနှင့် အသရေဖျက်မှုအပေါ် အမှန်တကယ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မည်သို့ ရှိနိုင်မည်နည်း။
  • 1
  • 2
  • 3