နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ

(ဘုရားသခင်အတွက် သက်သေခံခြင်း၏ သမ္မာတရား အချက်နှစ်ဆယ်)

နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမျိုးမျိုးသော သမ္မာတရားများကို ဖော်ပြနေခဲ့သည်၊ သမ္မာကျမ်းစာထဲမှ သမ္မာတရား အားလုံးနှင့် နက်နဲမှုကို ဖွင့်ပြခဲ့ပြီး၊ ဘုရားသခင်၏ အလုပ်အဆင့် သုံးဆင့်ထဲမှ အတွင်းဇာတ်လမ်း၊ သူလူ့ဇာတိခံယူခြင်း၏ နက်နဲမှု၊ နောက်ဆုံးသောကာလထဲက သူ၏ တရားစီရင်ခြင်း အမှုတော်နှင့်ဆိုင်သော နက်နဲမှု၊ စသည်တို့ကို လူသားမျိုးနွယ်ထံသို့ ထုတ်ဖော်ပေးခဲ့သည်။ ဤအရာက အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ပြီး၊ ကိုယ်တော်သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်သည်ကို သက်သေခံပါသည်။