အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

“အမှုတော်နှင့် ဝင်ရောက်ခြင်း” နှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းဆယ်ပိုဒ်မှ လက်ရွေးစင်တစ်ခု

၁။ မှန်သော အသက်လမ်းကို လူတို့ စတင်လျှောက်လှမ်းသည့် အချိန်မှစ၍ ယနေ့တိုင် သူတို့ မရှင်းလင်းသေးသည့် အရာများစွာ ရှိနေသေးသည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍သော်လည်းကောင်း သူတို့ လုပ်သင့်သည့် မြောက်များစွာသော အလုပ်တို့နှင့် ပတ်သက်၍သော်လည်းကောင်း သူတို့သည် ရှုပ်ထွေးမှုအပြည့်ဖြင့် ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြစ်သည်မှာ တစ်ဖက်၌ သူတို့၏ အတွေ့အကြုံ၌ လမ်းလွဲသွေဖယ်မှုရှိနေသောကြောင့်နှင့် လက်ခံရန် သူတို့၏ စွမ်းရည်တွင် အကန့်အသတ်ရှိနေခြင်းကြောင့် ဖြစ်ပြီး တစ်ဖက်၌မူ ဘုရားသခင်၏အလုပ်သည် လူတို့ကို ထိုအဆင့်အထိရောက်အောင် မခေါ်ဆောင်ရသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် ဝိညာဉ်ရေးရာကိစ္စအများစုနှင့် ပတ်သက်၍ ဒွိဟဖြစ်နေခြင်း ဖြစ်သည်။ သင်တို့သည် သင်တို့ ဝင်ရောက်သင့်သည့် လမ်းကို ရှင်းရှင်းလင်းလင်း မသိသည့်အပြင် ဘုရားသခင်၏ အလုပ်ကို ပို၍ပင် မသိပေ။ ထိုသို့ ဖြစ်ခြင်းသည် သင်တို့၌ ရှိသည့် ချွတ်ယွင်းချက်များနှင့်ပတ်သက်သော သာမန်ကိစ္စတစ်ခုထက် ပိုလေသည်။ ၎င်းသည် ဘာသာရေးလောကမှ လူများအားလုံးနှင့် သက်ဆိုင်သော ကြီးမားသော ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ဤနေရာတွင်လူတို့ ဘုရားသခင်ကို မကြိုက်ရသည့် အကြောင်းရင်း၏ အဓိကသော့ချက်ရှိနေ၍၊ ထိုချွတ်ယွင်းချက်သည် ဘုရားသခင်ကို ရှာဖွေသူများအားလုံး၌ ရှိသည့် တူညီသည့် ချွတ်ယွင်းချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိကျွမ်းဖူးပေ၊ သို့မဟုတ် ဘုရားသခင်၏ မျက်နှာအစစ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မမြင်ဖူးသေးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်သည် တောင်ကို ရွှေ့ရသလို သို့မဟုတ် ပင်လယ်ကို ခန်းအောင်လုပ်ရသလို ခက်ခဲကြမ်းတမ်းသော အလုပ်ဖြစ်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် လူဘယ်နှစ်ယောက်က သူတို့၏ ဘဝကို စတေးခဲ့ကြသနည်း၊ ဘုရားသခင်၏ အလုပ်ကြောင့် ဘယ်နှစ်ယောက်က နှင်ထုတ်ခံခဲ့ရသနည်း၊ ဘုရားသခင်၏ အလုပ်အတွက် ဘယ်နှစ်ယောက်က သေသည်အထိ ညှဉ်းဆဲခံခဲ့ရသနည်း၊ ဘုရားသခင်ကို ချစ်သော အချစ်ကြောင့် မျက်လုံး၌ မျက်ရည်များနှင့် ပြည့်နေသူ ဘယ်နှစ်ယောက် တရားမျှတမှုမရှိဘဲ သေခဲ့ကြသနည်း၊ ရက်ရက်စက်စက် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည်ကို ဘယ်နှစ်ယောက်ခံခဲ့ရသနည်း ...။ ထိုသို့သော အဖြစ်ဆိုးများ ဖြစ်သည်မှာ လူတွေက ဘုရားသခင်အကြောင်း မသိသောကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို မသိကျွမ်းသော သူတစ်ဦးသည် ဘုရားသခင်၏ရှေ့သို့ အဘယ်သို့ လာရဲသနည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်သော သူတစ်ဦးသည် ဘုရားသခင်၏ရှေ့သို့ အဘယ်သို့ လာရဲသနည်း။ ထိုသို့ဖြစ်ခြင်းသည် ဘာသာရေးလောကမှ လူတို့၏ မပြည့်စုံမှုများသာ မဟုတ်ပေ၊ သူတို့၌သာမက သင်တို့၌လည်း ရှိသော အရာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို မသိကျွမ်းဘဲနှင့် ယုံကြည်ကြသည်။ ထိုအကြောင်းရင်း တစ်ခုတည်းကြောင့်သာ သူတို့သည် နှလုံးသားထဲ၌ ဘုရားသခင်ကို မလေးစား၊ မကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ဤရေစီးကြောင်းအတိုင်း သူတို့ ကိုယ်တိုင် မျှော်မှန်းထားသည့် အလုပ်ကို အလွန်ကိန်းကြီးခမ်းကြီးဖြင့် လုပ်ဆောင်ပြီး သူတို့၏ ကိုယ်ပိုင် တောင်းဆိုချက်များနှင့် လွန်ကြူးသော ဆန္ဒများအတိုင်း ဘုရားသခင်၏အလုပ်ကို လုပ်ကိုင်နေသူများပင် ရှိသည်။ လူတော်တော်များများသည် ဘုရားသခင်ကို မြတ်နိုးလေးစားခြင်း မရှိဘဲ ၄င်းတို့၏ ကိုယ်ပိုင်ဆန္ဒများနောက်သို့လိုက်ကာ သွေးရူးသွေးတန်း ပြုမူတတ်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူတို့၏ တကိုယ်ကောင်းဆန်သော နှလုံးသားတို့၏ ပြယုဂ်များပင် မဟုတ်လော။ ထိုအပြုအမူများသည် လူတို့၌ အလွန်အလျှံအပယ်ရှိနေသော စဉ်းလဲခြင်း၏ အရိပ်လက္ခဏာကို ဖော်ပြသည် မဟုတ်လော။ လူတို့သည် အမှန်တကယ်ပင် အလွန်ထူးကဲ ဉာဏ်ရည်ထက်မြက် သူများ ဖြစ်နိုင်သော်လည်း သူတို့၏ ပါရမီများသည် ဘုရားသခင်၏ အလုပ်ကို မည်သို့ အစားထိုးနိုင်မည်နည်း။ လူတို့သည် ဘုရားသခင်၏ ဝန်ကို အမှန်တကယ်ပင် ဂရုစိုက်ကောင်း စိုက်မည်ဖြစ်သော်လည်း သူတို့သည် အလွန်တကိုယ်ကောင်းဆန်စွာ ပြုမူလို့ မရပါ။ လူတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ လုပ်ရပ်များကဲ့သို့ အမှန်တကယ် ဖြစ်ပါသလား။ လူတစ်ယောက်သည် ထိုသို့ဖြစ်ကြောင်းကို ယုံကြည်စိတ်ချနိုင်ပါသလား။ ဘုရားသခင်အကြောင်းသက်သေခံရန်နှင့် ဘုရားသခင်၏ ဘုန်းတော်ကို အမွေခံရန် အခွင့်ပေးခြင်းသည် ဘုရားသခင်က ချွင်းချက်တစ်ခုအဖြစ်သတ်မှတ်ပြီး လူတို့ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ သူတို့သည် ထိုက်တန်သူများ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ယခုမှ စသည်၊ သူ၏စကားများကို ယခုမှသာ စတင်ပြောဆိုခြင်း ဖြစ်သည်။ ဤအခြေအနေ၌ လူတို့သည် သူတို့ကိုယ်သူတို့ ကျေနပ်နေကြသည်။ ထိုသို့ ဖြစ်ခြင်းသည် အရှက်ခွဲခံရအောင် လုပ်ဆောင်နေခြင်းပင် မဟုတ်လော။ သူတို့နားလည်သည့် အရာသည် အလွန်ပင် နည်းလှသည်။ အဟောအပြော အကောင်းဆုံး ပါရမီအထူးချွန်ဆုံး သီအိုရီပညာရှင်ပင်လျှင် ဘုရားသခင်၏ ကြွယ်ဝမှုအားလုံးကို ပြောပြနိုင်စွမ်း မရှိပေ၊ သို့ဖြစ်လျှင် သင်တို့သည် မည်မျှသာ၍နည်းစွာ ပြောပြနိုင်မည်နည်း။ သင်တို့သည် သင်တို့၏ တန်ဖိုးကို ကောင်းကင်ထက်မြင့်အောင် မသတ်မှတ်ဘဲ၊ ဘုရားသခင်ကို ကြိုးစားချစ်သော ဆင်ခြင်တုံတရားရှိသည့် လူများထဲတွင် အဆင့်အနိမ့်ဆုံးသူထက် နိမ့်ကျသူအဖြစ် ကိုယ့်ကိုယ်ကို မြင်လျှင် အကောင်းဆုံးဖြစ်သည်။ ထိုနည်းလမ်းသည် သင်တို့ ဝင်ရမည့် နည်းလမ်းဖြစ်သည်- အားလုံးထက် တစ်ထွာလောက် နိမ့်သည်ဟု ကိုယ့်ကိုယ်ကို မြင်ဖို့ ဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို အလွန်မြင့်သည်ဟု သတ်မှတ်ကြသနည်း။ အဘယ်ကြောင့် သင်တို့ကိုယ်သင်တို့ ထိုသို့မြင့်မားစွာ ထင်မြင်ယူဆကြသနည်း။ ရှည်လျားသော အသက်တာ ခရီးလမ်း၌ သင်တို့သည် ပထမဦးဆုံးခြေလှမ်း အနည်းငယ်ကိုသာ လှမ်းပြီးသေးသည်။ သင်တို့ မြင်သမျှသည် ဘုရားသခင်၏လက်မောင်းသာ ဖြစ်သည်၊ ဘုရားသခင်ကို အပြည့်အဝ သင်တို့ မမြင်သေးပေ။ ဘုရားသခင်၏ အလုပ်ကို ပိုမြင်နိုင်ဖို့နှင့် သင်တို့ဝင်ရောက်သင့်သည့် လမ်းကို ပိုမို ရှာဖွေတွေ့ရှိနိုင်ဖို့ သင့်တွင်တာဝန်ရှိသေည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ပြောင်းလဲမှုမှာ နည်းလွန်းသဖြင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁)” မှ

၂။ လူ ၌ အလုပ်လုပ်ပြီး လူ၏ စိတ်သဘောထားကို ပြောင်းလဲသည့် အလုပ်ကို လုပ်သောအခါ၌ ဘုရားသခင်၏အလုပ်သည် မည်သည့်အခါမျှ မရပ်စဲပေ။ အဘယ်ကြောင့်ဆိုသော် လူတို့၌ မရှိသော အရာများ အလွန်များပြီး သူသတ်မှတ်ထားသည့် စံချိန်စံနှုန်းများကို သူတို့ မမီကြသေောာကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ မျက်စိထဲတွင် သင်တို့သည် အစဉ်ထာဝရ မွေးကင်းစ ကလေးများ၊ သူ့ကို ကျေနပ်စေသော အရာအနည်းငယ်ကိုသာ ပိုင်ဆိုင်သူများ ဖြစ်နေလိမ့်မည်ဟု ပြောနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ လက်၌ရှိသော ဖန်ဆင်းခံသတ္တဝါများမှလွဲ၍ ဘာမှမဟုတ်သောကြောင့် ဖြစ်သည်။ လူသည် မိမိဘာသာအားရကျေနပ်နေလျှင် ဘုရားသခင် ရွံရှာသည်ကို ခံရမည် မဟုတ်လော။ ဘုရားသခင်ကို ယနေ့သင်တို့ ကျေနပစေ နိုင်သည်ဟု ပြောဆိုခြင်းသည် သင်တို့၏ ဇာတိပကတိ ခန္ဓာ၏ ကန့်သတ်မှုရှိသော ရှုထောင့်မှ ပြောဆိုပြောခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် အမှန်တကယ် ယှဉ်ဖိုဆိုလျှင် သင်တို့သည် ကြိုးဝိုင်းထဲတွင် ထာဝရရှုံးနိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိသည် တကြိမ်တခါမျှ အောင်မြင်မှုကို မရရှိသေးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုအားဖြင့်သာ လူ၌ အဖတ်ဆယ်နိုင်သော ကြန်အင်လက္ခဏာများ ရှိနိုင်ခြင်း ဖြစ်သည်။ အမှန်တရားမှာ၊ ဘုရားသခင် ဖန်ဆင်းထားသည့် မြောက်များလှစွာသော အရာများထဲတွင် လူသည် အဆင့်အနိမ့်ဆုံးဖြစ်သည်။ လူသည် အရာအားလုံး၏ အရှင်သခင်ဖြစ်သော်လည်း အားလုံးထဲတွင် လူသည်သာ စာတန်၏ လှည့်စားမှုကိုခံရသူ ဖြစ်သည်၊ အတောမသတ်နိုင်သော နည်းလမ်းအမျိုးမျိုးဖြင့် ၎င်း၏ဖျက်ဆီးမှုတွင် သားကောင်အဖြစ်ခံရသူမှာ လူသာဖြစ်သည်။ လူသည် တကြိမ်တခါမျှ ကိုယ့်ကိုယ်ကို မအုပ်စိုး၊ မထိန်းချုပ်နိုင်သေးပေ။ လူအများအပြားသည် စာတန်၏ ရွံရှာစရာကောင်းသော နေရာ၌ နေကြသည်။ သူတို့သည် စာတန်၏ ပြက်ရယ်ပြုမှုကို ခံရကြသည်၊ ဒုက္ခ၊ သုခ သံသရာတိုင်းနှင့် လူ့လောကရှိ အခက်အခဲတိုင်းကို သူတို့ ကြုံတွေ့ခံစားရပြီး မသေမရှင်ဖြစ်သည် အထိ စာတန်သည် သူတို့ကို ထိုသို့ ကျီစယ်လေ့ရှိသည်။ စာတန်သည် သူတို့ကို ကစားပြီးနောက် သူတို့၏ ကံကြမ္မာကို အဆုံးသတ်လိုက်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင် သူတို့အတွက် ပြင်ဆင်ပေးထားသော ကောင်းသောအရာများကို တစ်ကြိမ်တစ်ခါမျှပင် မခံစားရဘဲ တစ်ဘဝလုံး ယောင်ချာချာနှင့် စိတ်ရှုပ်ထွေးစွာ အသက်ရှင်ကြရသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး တစစီချိုးဖဲ့ထားခြင်း ခံရသည်။ ယနေ့ သူတို့သည် အလွန်ပင် အားအင်ကုန်ခမ်းပြီး တက်ကြွမှု မရှိသောကြောင့် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိပေ။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိလျှင် သူတို့၏ အတွေ့အကြုံသည် ကျိုးပဲ့ပြီး မပြည့်မစုံဖြစ်နေမည့် အစဉ်ထာဝရ ပျက်စီးမည့်ကိန်းရှိနေသည်။ သူတို့၏ ဝင်ရောက်မှုသည်လည်း ဘာမျှမရှိသော နေရာသို့ ဝင်ရောက်ခြင်းသာ အစဉ်ဖြစ်နေလိမ့်မည်။ ဘုရားသခင် လောကသို့ လာသည့် အချိန်မှစ၍ နှစ်ထောင်ချီသည့် ကာလအတောအတွင်းတွင် အလွန်မြင့်သော စံများထားရှိသူ များစွာကို ဘုရားသခင်သည် နှစ်ပေါင်းများစွာ သူ့အတွက်အလုပ်လုပ်စေဖို့အတွက် အသုံးပြုခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ အလုပ်အကြောင်းကို သိသောသူ အရေအတွက်မှာမူ အလွန်ပင် နည်းပါးပြီး မရှိသလောက်ပင်ဖြစ်သည်။ ထို့ကြောင့် မရေမတွက်နိုင်အောင် များပြားသော လူတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ကြသည့် အချိန်၌ပင် ဘုရားသခင်ကို မနာခံဘဲနေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ့်တကယ်တမ်းတွင် သူတို့သည် ဘုရားသခင်ပေးအပ်ထားသည့် နေရာ၌ ဘုရားသခင်၏ အလုပ်ထက် လူ၏အလုပ်ကို လုပ်နေကြသောကြောင့် ဖြစ်သည်။ ထိုသို့လုပ်ခြင်းကို အလုပ်ဟု ခေါ်နိုင်ပါသလား။ သူတို့သည် မည်သို့ ဝင်ရောက်နိုင်မည်နည်း။ လူသားတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံပြီးနောက် ကျေးဇူးတော်ကို မြေအောက်၌ မြှုပ်လိုက်ကြသည်။ ထိုသို့လုပ်ဆောင်သောကြောင့် အတိတ်ကမျိုးဆက်များစွာတွင် ဘုရားသခင်၏ အလုပ်ကို လုပ်သူတို့သည် ဝင်ရောက်မှု နည်းခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အလုပ်ကို သိခြင်းနှင့် ပတ်သက်သော အကြောင်းအရာကို မပြောဆိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ ဉာဏ်အမြော်အမြင်ကို အနည်းအကျဉ်းမျှသာ နားလည်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသူများစွာ ရှိသော်လည်း ထိုသူတို့သည် ဘုရားသခင် မည်မျှ ချီးမြှောက်ခြင်းခံရသည်ကို မမြင်ကြပေ၊ ထို့ကြောင့် အားလုံးက အခြားသူများ သူတို့ကို ကိုးကွယ်ဖို့အတွက် သူတို့ကိုယ်သူတို့ ဘုရားသခင်အဖြစ် သတ်မှတ်ကြသည်ဟု ပြောနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁)” မှ

၃။ အလုပ်ဟု ပြောသောအခါ၌ အလုပ်ဆိုသည်မှာ နေရာတိုင်း၌ တရားဟောပြီး ဘုရားသခင်အတွက် သုံးစွဲကာ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရန်ဖြစ်သည်ဟု လူက ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သက်ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ခရီးသွားဖို့သာ မဟုတ်ပေ၊ အမှုတော်လုပ်ငန်းနှင့် ဝိညာဉ်တော်၌ ထောက်ပံ့မှုတို့ကိုပါ လုပ်ဆောင်ဖို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီးသည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တခါမျှမစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လိုက်ဖက်သောအရာမဟုတ်ဟု လူက သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသည် အလုပ်နှင့်ပတ်သက်လျှင် ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူ၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ်ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက်သင့်သည်၊ ယင်းနှင့်ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားခြင်းကို မရည်ညွှန်းပါ၊ လူ၏ အသက်တာနှင့် လူအသက်ရှင်ခြင်းသည် ဘုရားသခင် နှစ်သက်ဖွယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူက ဘုရားသခင် အပေါ်၌ထားသော သူတို့၏ သစ္စာနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်၏အကြောင်း သက်သေခံရန်နှင့် လူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူ၏ တာဝန်၊ လူအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ တနည်းအားဖြင့် သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်သည်။ ဘုရားသခင်အတွက် သင်တို့ အလုပ်လုပ်နေစဉ်တွင် ဝင်ရောက်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်နိုင်ခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံနိုင်ရမည်၊ အစေခံနိုင်ရမည်၊ လူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်၊ လူကို ထောက်ပံ့ပေးနိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ လူတိုင်း ပြီးမြောက်အောင်လုပ်သင့်သည့် အရာ ဖြစ်သည်။ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားခြင်း၊ နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို မနာခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံသူများနှင့် လူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူတို့သည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှုအဖြစ် ရိုးရိုးလေး သတ်မှတ်ခဲ့ကြသည်။ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ကိုယ်ပိုင် အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ မသတ်မှတ်ဘဲ၊ သူတို့သည် အခြားသူများကို သင်ကြားပေးရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့် လုပ်ဆောင်မှုမှ အကျိုးအမြတ် ရအောင် လုပ်ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြသည်၊ ထိုသို့လက်ခံခြင်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏ အသံကိုထွက်လာစေသည်။ ထိုအချိန်၌ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင် ဝိညာဉ်ရေးရာ အတွေ့အကြုံဖြစ်သလို ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ၊ ကျေနပ်နေကြသည်။ ထိုအချိန်၌ သူတို့ ပြောသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်ဖြစ်တည်မှုအဖြစ် သူတို့ ခံစားရသည်။ သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် မည်သည့် အရာကို ပြောရမည်နည်းကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့၌ အလုပ်လုပ်သောအခါ သူတို့ထံမှ စကားများ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးအချိန်တွင် သင်၏ ဝိညာဉ်အသက်တာစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရတတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အလားတူ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခါ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အဆက်မပြတ် တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်။ ထို့နောက် သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်သည်၊ သင်၏ ကိုယ်ပိုင်ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝသဘောမထားဘဲ နေလာတတ်သည်။ ထို့ကြောင့် သင်သည် အခြားသူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းသောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည်၊ သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံအဖြစ် သတ်မှတ်ခြင်းသည် လူ၏ ဆုတ်ယုတ်မှု၏ အစဖြစ်သည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

၄။ ဘုရားသခင်၏ အလိုပြည့်စုံစေဖို့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန် လုပ်ဆောင်ခြင်း၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန် လုပ်ဆောင်ခြင်း၊ လူကိုသန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့ကို မိတ်ဆက်ပေးခြင်းတို့သည် ဘုရားသခင် လုပ်သော အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်အောင် ပြုလုပ်ပေးသည့် အရာများ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဝတ်ပြုကိုးကွယ်ခြင်း၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့် ဆိုသော် လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများဖြစ်သည်၊ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အရေးသည် အားလုံး၌ ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက်ရမည့် အချက်တစ်ချက်ရှိသည်။ လူသည် ဘုရားသခင်၏ အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုတာကို ခံရမည့် အခွင့်အရေး ရှိသည်။ သို့သော် လူပြောသည့်အရာနှင့် လူသိသည့် အရာအားလုံးသည် လူ၏ ဝိညာဉ်အသက်တာ မဟုတ်ပေ။ သင်တို့သည် သင်တို့၏ အလုပ်၌ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာခြင်းသာ ဖြစ်လာနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိကာ သင်တို့၏ အလုပ်၌ ပိုမို ကောင်းမွန်သော ဝင်ရောက်ခွင့်ကို ရရှိလာနိုင်သည်။ လူသည် ဘုရားသခင်၏ လမ်းပြမှုကို လူ၏အထဲ၌ မွေးကတည်းက ရှိသည့် အရာနှင့် လူ၏ ကိုယ်ပိုင် ဝင်ရောက်မှုအဖြစ် သတ်မှတ်လျှင် လူ၏ ဝိညာဉ်အသက်တာ ကြီးထွားဖို့ အလားအလာ မရှိပေ။ သူတို့ သာမန်အခြေအနေ၌ ရှိနေစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူကို ဉာဏ်အလင်းပေးသည်။ ထိုသို့သောအချိန်များ၌ လူသည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို လက်တွေ့တွင် သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအဖြစ် အများအားဖြင့် လွဲမှားစွာ ထင်မြင်ယူဆ တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏အထဲ၌ မွေးကတည်းက ရှိသည့် အရာကို အသုံးပြုပြီး သာမန်အဖြစ်ဆုံး နည်းလမ်းဖြင့် ဉာဏ်အလင်းပေးတတ်သောကြောင့် ဖြစ်သည်။ လူသည် အလုပ်လုပ်ခြင်း၊ စကားပြောခြင်းတို့ကို လုပ်ဆောင်သောအခါ၌ သို့မဟုတ် ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌ ဆုတောင်းသောအခါ အမှန်တရားကို ရုတ်တရက် ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်။ သို့သော် လက်တွေ့တွင် လူမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ ဖြစ်သည် (ဤအရာသည် သဘာဝအလျောက် လူ၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်)၊ လူ၏ ဝိညာဉ်အသက်တာစစ် မဟုတ်ပေ။ မြောက်များစွာသော အခက်အခဲစစ်များကို လူက ရင်ဆိုင်ကြုံတွေ့ပြီးသည့် အချိန်ကာလနောက်ပိုင်းတွင် လူ၏ ဝိညာဉ်အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာထင်ရှားလာတတ်သည်။ ထိုသို့သောအချိန်အခါ၌သာ မိမိ၏ ဝိညာဉ်အသက်တာသည် သိပ်မကြီးကြောင်း လူသည် ရှာဖွေတွေ့ရှိလာတတ်ပြီး လူ၏ တကိုယ်ကောင်းဆန်မှု၊ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများနှင့် လောဘတို့အားလုံး ပေါ်လာတတ်သည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ဝိညာဉ်နိုးထလာသည့် သူတော်တော်များများက ထိုအတွေ့အကြုံသည် အတိတ်ရှိ ၎င်းတို့၏ ကိုယ်ပိုင် ပကတိအရှိတရား မဟုတ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ ဖွင့်ပြမှုသာ ဖြစ်ကြောင်း၊ လူသည် အလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက်လာမည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အခြေအနေကို မဖော်ပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းကို အသုံးပြုပြီး ဉာဏ်အလင်းပေးလေ့ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ မပေါင်းစပ်ဘဲ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြလေ့ရှိသည်။ လူသည် ဝင်ရောက်မှု၌ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်တတ်ကြပြီး ယင်းသည် လူ၏ တကယ့်အတွေ့အကြုံ ဖြစ်လာတတ်သည်။...ထို့ကြောင့် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံသောအခါ၌ သင်တို့၏ ဝင်ရောက်မှုအပေါ်၌ ပိုမို အာရုံစိုက်သင့်ပြီး တချိန်တည်းမှာပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သင်တို့၏ဝင်ရောက်မှုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို တိတိကျကျ နားလည်အောင်လုပ်ပြီး၊ သင်တို့၏ဝင်ရောက်မှု၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုလည်း ပေါင်းစပ်သင့်သည်။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်သည် သင်တို့အား သာ၍ ကောင်းစွာ ပြီးပြည့်စုံအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်၏ အနှစ်သာရကို သင့်အထဲ၌ ဖန်တီးခွင့်ပေးနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့ ကြုံတွေ့နေသောအချိန်၌ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိုသာမက သင်တို့ကိုယ်သင်တို့ သိကျွမ်းလာကြသည်၊ အလွန်ပြင်းထန်၍ မရေမတွက်နိုင်အောင် များပြားသော ဒုက္ခအခက်အခဲများကြားတွင် သင်တို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်သွယ်လာကြသည်၊ ဘုရားသခင်နှင့် သင်တို့အကြားရှိ ရင်းနှီးမှုသည်သည် တစ်ရက်ပြီးတစ်ရက် ပိုမို ခိုင်မြဲလာတတ်သည်။ မရေမတွက်နိုင်အောင် ပြုပြင်ခြင်း၊ စစ်ဆေးခြင်းတို့ကို ခံပြီးသောအခါ သင်တို့သည် ဘုရားသခင်အား အမှန်တကယ် ချစ်လာသည်။ ထို့ကြောင့် ဝေဒနာ၊ ထိုးနှက်ချက်နှင့် ဒုက္ခအခက်အခဲများသည် ကြောက်စရာကောင်းသော အရာများ မဟုတ်ကြောင်း သင်တို့ နားလည်သဘောပေါက်ရမည်။ ကြောက်စရာကောင်းသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သာရှိပြီး သင်တို့၏ ဝင်ရောက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ် ပြီးမြောက်သည့် နေ့ရောက်သောအခါ သင်တို့သည် အကျိုးမဲ့ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့သလို ဖြစ်နေလိမ့်မည်၊ သင်တို့သည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခံစားခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း သိဦးမည် မဟုတ်၊ သင်တို့၏ ကိုယ်ပိုင် ဝင်ရောက်မှုလည်း ရှိဦးမည် မဟုတ်သေးပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို ဉာဏ်အလင်းပေးသည်မှာ လူ၏ ကိလေသာစိတ် ဆက်ရှိနေအောင် လုပ်ပေးဖို့ မဟုတ်ပေ၊ လူတို့ ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လူကသိလာစေဖို့အတွက် အခွင့်ပေးရန် ဖြစ်သည်။ ထိုမှတဆင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသား၊ နှစ်သက်မြတ်နိုးသည့် နှလုံးသား ရှိလာစေရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

၅။ ဘုရားသခင်သည် လူသားများကို များစွာ တာဝန်ပေးစေခိုင်းခဲ့ပြီးဖြစ်သည့်အပြင် မရေမတွက်နိုင်သော နည်းလမ်းများဖြင့် လူသားများ၏ ဝင်ရောက်မှုအတွက်လည်း လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် လူတို့၏ အစွမ်းအစမှာ အလွန်နည်းသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အများအပြားသည် သူတို့၌ အမြစ်တွယ်ခြင်း မရှိပေ။ ထိုကဲ့သို့ အစွမ်းအစအလွန်နည်းရသည့် အကြောင်းရင်း အမျိုးမျိုးရှိသည်။ ဥပမာအချို့မှာ လူသားတို့၏ အတွေးနှင့် အကျင့်စာရိတ္တ ယိုယွင်းပျက်စီးခြင်း၊ ကောင်းမွန်စွာ ပြုစုပျိုးထောင်မှု မခံခဲ့ရခြင်း၊ လူ၏နှလုံးသားထဲ၌ အလွန်စွဲမြဲစွာ အမြစ်တွယ်နေသော ရှေးရိုးစွဲ အယူစွဲမှုများ၊ လူတို့၏ အတွင်းနှလုံးသား နက်ရှိုင်းရာ၌ များစွာသော ဒုက္ခပြဿနာများ သိုထားစေခဲ့သည့် စာရိတ္တပျက်စီးယိုယွင်းနေသော အသက်ရှင်နေထိုင်ပုံများ၊ ယဉ်ကျေးမှုတစ်ခုကို အပေါ်ယံသာ နားလည်ခြင်း၊ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းနီးပါးခန့်ရှိသော လူများက ယဉ်ကျေးမှုကို နားလည်ခြင်းနှင့်ဆိုင်သော ပညာရေး မရရှိသည့်အပြင် အရေအတွက်အားဖြင့် အလွန်နည်းသော လူတချို့သာ ယဉ်ကျေးမှုနှင့်ဆိုင်သော အဆင့်မြင့်ပညာရေးကို ရရှိနေခြင်းစသည့် အကြောင်းအရင်းများကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင် သို့မဟုတ် ဝိညာဉ်တော်က အဘယ်အရာကို ဆိုလိုသည်ကို လုံးဝ မသိကြဘဲ ရှေးရိုးစွဲ အယူစွဲမှုများမှတစ်ဆင့် သိလာသည့် မရေရာ၊ မရှင်းလင်းသော ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုသာ သိကြသည်။ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် "မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်" ကြောင့် နှလုံးသားထဲရှိ ပျက်စီးစေတတ်သော လွှမ်းမိုးမှုများကြောင့် လူတို့၏ အစွမ်းအစအလွန်နည်းခြင်းဖြစ်သည်။ ထို့အပြင် လွတ်လပ်ခွင့် နည်းနည်းမျှမရှိ၊ ပြင်းပြသည့် ဆန္ဒ၊ ဇွဲလုံ့လနှင့် တိုးတက်အောင်လုပ်လိုသည့် ဆန္ဒလည်းမရှိဘဲ ကျွန်တစ်ဦးကဲ့သို့သော စိတ်ထားမျိုးစွဲကာ တက်ကြွစွာ စတင်လုပ်ဆောင်လိုခြင်းမရှိဘဲ၊ နောက်သို့ပြန်သွားလိုသည့် သူများအဖြစ်ဆက်နေပြီး ရှေးရိုးစွဲအတွေးအခေါ်များ၏ ချည်နှောင်မှုကို ခံရခြင်း စသည်တို့ကြောင့်လည်း လူတို့၏ အစွမ်းအစအလွန်နည်းခြင်း ဖြစ်သည်။ ဤမှန်သော အချက်အလက်များကြောင့် လူသားများ၏ အတွေးအမြင်၊ စံများ၊ ကျင့်ဝတ်နှင့် စိတ်သဘောထားတို့သည် ဖျောက်ဖျက်၍ မရသည့် ညစ်ညမ်းသော အသွင်သဏ္ဌာန်၊ အကျဉ်းတန်သော အသွင်သဏ္ဌာန်ဖြင့် ကျန်ရစ်ခဲ့သည်။ လူသားများသည် အကြမ်းဖက်သမားများ၏ အမှောင်ကမ္ဘာ၌ နေထိုင်နေသည်ဟု ထင်ရပြီး မည်သူကမျှ ထူးကဲသာလွန်ဖို့ မကြိုးစားကြသည့်အပြင် စံထားရလောက်သည့် ကမ္ဘာသို့ ပြောင်းရွှေ့နေထိုင်ဖို့ မစဉ်းစားကြ။ ထိုသို့မစဉ်းစားဘဲ အသက်တာ၌ မိမိတို့ရှိသည့် အခြေအနေနှင့် ကျေနပ်နေကြသည်။ အသက်တာ၌ သားသမီးများမွေး၍ ပြုစုပျိုးထောင်ဖို့၊ ကြိုးစားအားထုတ်ဖို့၊ ချွေးထွက်သည်အထိ အလုပ်လုပ်ဖို့၊ ဟိုဟိုဒီဒီ သွားလာအလုပ်လုပ်ဖို့၊ သက်သောင့်သက်သာရှိ၍ ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုကို ပိုင်ဆိုင်ဖို့၊ မိမိတို့၏ အိမ်ထောင်ဖက်ကို ချစ်ခင်နှစ်သက်ဖို့၊ နောင်လာနောင်သား သားသမီးများ ရရှိဖို့၊ အသက်တာ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုကို ရရှိဖို့ အိမ်မက်မက်ပြီး ငြိမ်ချမ်းစွာ အသက်ရှင်နေထိုင်ဖို့တို့ကို လုပ်ဆောင်ကာ သူတို့၏ နေ့ရက်များကို ကုန်လွန်စေဖို့ ကျေနပ်ကြသည်။ နှစ်ပေါင်းထောင်သောင်းချီသည့် အချိန်မှစပြီး ယနေ့ထိတိုင် လူတို့သည် ထိုအရာများကို လုပ်ဆောင်ပြီး ၎င်းတို့၏ အချိန်ကို ဖြုန်းတီးနေကြသည်။ မည်သူကမျှ စုံလင်သည့် အသက်တာကို မဖန်တီးကြ။ အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှုတို့ကို အပြိုင်အဆိုင်ရယူဖို့ကြိုးစားရင်း တစ်ဦးနှင့် တစ်ဦး ဒုက္ခပေးဖို့ ကြံစည်ကာ ဤအမှောင်ကမ္ဘာ၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ အားလုံးက စိတ်ပိုင်းဖြတ်ထားကြသည်။ ဘုရားသခင်၏ ဆန္ဒသည် မည်သည့်အရာဖြစ်သည်ကို မည်သူ ရှာဖွေဖူးပါသနည်း။ ဘုရားသခင်၏ အလုပ်ကို ဂရုစိုက်ဖူးသူ ရှိသလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားများ၌ ရှိသည့် အရာများအားလုံးသည် လူ့သဘာဝဖြစ်လာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ဘုရားသခင်၏ အလုပ်ကို လုပ်ရန် အလွန်ခက်ခဲလှသည်။ ယနေ့ ဘုရားသခင်က လူတို့ကို တာဝန်ပေးစေခိုင်းထားသည့်အရာများကို အရေးစိုက်ဖို့ လူတို့သည် အာရုံစိုက်လိုစိတ် သာ၍ပင် မရှိကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

၆။ လူ့ဘဝသည် ဝင်ရောက်နေသည့် ကာလ၌ အမြဲပင် ပျင်းစရာကောင်းတတ်သည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း သို့မဟုတ် စုဝေးခြင်း စသည်တို့ဖြင့် ဝိညာဉ်အသက်တာသည် ငြီးငွေ့ဖွယ်ရာများနှင့် အမြဲပြည့်နေတတ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကြီးကြီးမားမား ဝမ်းမြောက်ဖွယ်မရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ဝိညာဉ်ရေးရာနှင့်ဆိုင်သည့် ထိုသို့သော လုပ်ဆောင်မှုများသည် စာတန်ဖျက်ဆီးထားသည့် လူ့မူလစိတ်သဘောထားဖြင့် လူတို့ အမြဲလုပ်ဆောင်လေ့ရှိသော အရာများဖြစ်သည်။ လူတို့သည် တစ်ခါတစ်ရံ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို လက်ခံရရှိနိုင်သော်လည်း သူတို့၏ ပင်ကိုအတွေးအခေါ်၊ စိတ်သဘောထား၊ အသက်ရှင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အထဲ၌ အမြစ်တွယ်လျက် ရှိနေသေးသည်။ ထို့ကြောင့် သူတို့၏ စရိုက်သည် မပြောင်းလဲပေ။ လူတို့ လုပ်ဆောင်ကြသည့် အယူသီးသည့် လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံး အရာများဖြစ်သည်။ သို့သော် လူတော်တော်များများသည် ထိုအရာများကို စွန့်လွှတ်နိုင်စွမ်း မရှိသေးပေ။ အယူသီးသည့် အဆိုပါ လုပ်ဆောင်မှုများသည် ဘုရားသခင် စေခိုင်းသည့် အရာများဖြစ်သည်ဟု တွေးထင်ကြပြီး ယနေ့တိုင် ထိုအရာများကို လုံးလုံးလျားလျား မစွန့်လွှတ်နိုင်သေးပေ။ လူငယ်များ စီစဉ်ကြသည့် မင်္ဂလာဆောင်အတွက် စားသောက်ပွဲများ၊ သတို့သမီး အဆင်တန်ဆာများ စသည့်အရာများ၊ ငွေလက်ဆောင်များ၊ ညစာစားပွဲများ၊ ပျော်ရွှင်ဖွယ် အချိန်သမယများကို ကျင်းပသည့် အလားတူ လုပ်ဆောင်မှုများ၊ ဘိုးဘွားများက လက်ဆင့်ကမ်းပေးသည့် ပုံသေနည်းများ၊ သေသူကိုယ်စား လုပ်ဆောင်သည့် အဓိပ္ပာယ်မဲ့သည့် အယူသီးသော လုပ်ဆောင်မှုများနှင့် အသုဘအခမ်းအနားများ စသည့်အရာများသည် ဘုရားသခင်အတွက် သာ၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာများဖြစ်သည်။ ဝတ်ပြုရာနေ့သည်ပင်လျှင် (ဘာသာရေးလောကမှ စောင့်ထိန်းသည့် ဥပုသ်နေ့အပါအဝင်) ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးအကြားရှိ ဆက်ဆံရေးနှင့် လောကီဆန်သော အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုများအားလုံးသည် ဘုရားသခင် လုံးဝ မနှစ်သက်သောအရာများ၊ ဘုရားသခင်က လက်မခံသော အရာများ ဖြစ်သည်။ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့နှင့်ဆိုင်သော ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများ (ဆင်တူပစ္စည်းများ၊ နှစ်သစ်ကူးကိတ်မုန့်၊ မီးရှူးမီးပန်းများ၊ မီးပုံးများ၊ ခရစ်စမတ် လက်ဆောင်များ၊ ခရစ်စမတ်ပွဲများနှင့် သန့်ရှင်းသော ပွဲတော်စားပွဲ) အကြောင်းကို မဆိုထားနှင့် ထိုပွဲတော်များကို ကျင်းပဖို့သည်ပင်လျှင် ဘုရားသခင်က မစေခိုင်းခဲ့ပါ။ ဤအရာများသည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ မဟုတ်လော။ ဥပုသ်နေ့၌ ချိုးဖဲ့သော ပေါင်မုန့်၊ စပျစ်ရည်နှင့် အထည်အကောင်းစားတို့သည်လည်း လူတို့အတွက် ရုပ်တုဆင်းတုများကဲ့သို့ ဖြစ်သည်မှာ သာ၍ပင် ရှင်းလင်းပေါ်လွင်လှသည်။ တရုတ်နိုင်ငံ၌ လူသိများသော ရိုးရာပွဲတော်များဖြစ်သည့် နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေပွဲတော်၊ ဆောင်းဦးအလယ်ပွဲတော်၊ လားဘာပွဲတော်၊ နှစ်သစ်ကူးနေ့စသည့် ပွဲတော်များအားလုံးနှင့် ဘာသာရေးလောကမှ အခြားပွဲတော်များဖြစ်သည့် အီစတာပွဲတော်၊ ဗတ္တိဇံခံသည့်နေ့၊ ခရစ်စမတ်နေ့စသည့် မလျော်ကန်သော ပွဲတော်များအားလုံးသည် ရှေးကတည်းက ယနေ့ထိတိုင် လူတော်တော်များများက လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ပွဲတော်များဖြစ်သည်။ ထိုပွဲများအားလုံးသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်နှင့် လားလားမျှ သဟဇာတ မဖြစ်သော ပွဲများဖြစ်သည်။ လူသားများ၏ စိတ်ကူးစိတ်သန်း ကြွယ်ဝမှုနှင့် တီထွင်တတ်သော စိတ်ကူးများကြောင့် လူတို့သည် ထိုပွဲတော်များကို ယနေ့တိုင် လက်ဆင့်ကမ်း ကျင်းပနေကြခြင်းဖြစ်သည်။ ထိုအရာများအားလုံးသည် အပြစ်ကင်းသည့် အရာများဟု ထင်ရသော်လည်း အမှန်မှာ လူသားများအပေါ်၌ စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာတစ်နေရာ၌ စာတန်များ ပြည့်နှက်နေလေလေ၊ ထိုနေရာသည် သာ၍ ခေတ်နောက်ကျရုံသာမက ခေတ်နောက်ပြန်ဆွဲသောနေရာ ဖြစ်လေလေ၊ ထိုနေရာ၌ ခေတ်နောက်ကျသော ဓလေ့ထုံးစံများ သာ၍ နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ထိုအရာများသည် လူတို့ လုံးဝမလှုပ်ရှားနိုင်အောင် တင်းကျပ်စွာ ချည်နှောင်ထားသည်။ ဘာသာရေးလောကမှ ပွဲတော်အများအပြားသည် မူလအစပြုခဲ့သည့် အချိန်ကအတိုင်း ဖြစ်သည်ဟု ထင်ရသည်၊ ဘုရားသခင်၏ အလုပ်နှင့် ဆက်စပ်ပေးသည့် ပေါင်းကူးတံတားကို ဖန်တီးပေးသည်ဟု ထင်ရသည်။ သို့သော် အမှန်မှာ အဆိုပါပွဲတော်များသည် ဘုရားသခင်ကို လူများမသိအောင် စာတန်က ချည်နှောင်ထားသော မမြင်နိုင်သည့်ကြိုးများဖြစ်သည်။ ထိုပွဲတော်များအားလုံးသည် စာတန်၏ ကောက်ကျစ်သော မဟာဗျူဟာများ ဖြစ်သည်။ အမှန်မှာ ဘုရားသခင်၏ လုပ်ငန်းအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလ၌ အလုပ်လုပ်ပုံနှင့် ထိုကာလ၌ အသုံးပြုခဲ့သည့် အရာများကို ခြေရာ၊ လက်ရာတစ်ခုမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း "ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ" သည် ထိုရုပ်ဝတ္ထုပစ္စည်းများကို ဆက်လက် ကိုးကွယ်နေကြသည်။ ထိုအချိန်အတောအတွင်း၌ သူတို့သည် ဘုရားသခင်၌ ရှိသော အရာများအကြောင်း သိသော်လည်း အလေးထား ဆင်ခြင်ခြင်း မရှိ၊ ဆက်လက်၍လည်း မလေ့လာကြ။ သူတို့သည် ဘုရားသခင်၏ မေတ္တာတရားနှင့် ပြည့်ဝနေကြသည်ဟု ထင်ရသော်လည်း အမှန်မှာ သူတို့သည် ဘုရားသခင်ကို သူတို့၏အိမ်မှ နှင်ထုတ်ခဲ့ကြပြီး စာတန်ကို စားပွဲပေါ်တင် ကိုးကွယ်နေခဲ့ကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ ယေရှု၏ ရုပ်ပုံ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံးသော ညစာစားပွဲစသည့်အရာများကို လူတို့သည် ကောင်းကင်နိုင်ငံ၏သခင်အဖြစ် သဘောထားကာ အလေးအမြတ်ထားကြသည်။ ထိုသို့လုပ်နေစဉ်တလျှောက်လုံးတွင် "အဖဘုရား" ဟု အကြိမ်ကြိမ်အော်ခေါ်ကြသည်။ ဤအရာများအားလုံးသည် ရယ်ဖွယ်ရာကောင်းလှသည် မဟုတ်လော။ ယနေ့ထိတိုင် လူသားများအကြား မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းလာခဲ့ကြသည့် ခပ်ဆင်ဆင် ဆိုရိုးစကားများနှင့် ဓလေ့ထုံးစံများသည် ဘုရားသခင်အတွက် မုန်းတီးဖွယ်ကောင်းသည့် အရာများဖြစ်သည်။ ထိုအရာများသည့် ဘုရားသခင် ရှေ့ဆက်သွားမည့်လမ်း၌ ဆိုးဆိုးဝါးဝါး အဟန့်အတားဖြစ်စေသည့် အရာများ၊ လူတို့၏ ဝင်ရောက်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေသည့် အရာများဖြစ်သည်။ စာတန်က လူသားများကို မည်မျှ ဖျက်ဆီးထားသည်ကို ထည့်မစဉ်းစားလျှင်ပင် လူတို့၏ အတွင်း၌ သက်သေခံလီ၏ ပညတ်ကဲ့သို့သော အရာများ၊ လောရင့်စ်၏ အတွေ့အကြုံ၊ စောင့်ကြည့်သူနီ၏ ကွင်းဆင်းသုတေသနပြုမှုများ၊ ပေါလု၏ လုပ်ဆောင်မှုများတို့နှင့် လုံးဝပြည့်နှက်နေသည်။ လူသားများအပေါ်၌ ဘုရားသခင် အလုပ်လုပ်နိုင်ရန်အတွက် နည်းလမ်း လုံးဝမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အတွင်း၌ မိမိကိုယ်ကို အလွန်အားကိုးကြသောကြောင့်၊ ပညတ်တရားများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ဥပဒေများ၊ စနစ်များကဲ့သို့သော အရာများနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ လူတို့၏ ရှေးရိုးစွဲ အယူသီးမှုများအတိုင်း လုပ်ဆောင်လိုမှုအပြင် ထိုအရာများသည် လူသားများကို ဖမ်းဆီးချုပ်နှောင်ကာ ဝါးမျိုထားသောကြောင့် ဖြစ်သည်။ လူတို့၏ အတွေးများသည် အရောင်အသွေး စုံလင်စွာ မြင်ရပြီး တိမ်စီးသည့် ထူးထူးဆန်းဆန်း သက်ရှိသတ္တဝါများပါသည့် ဒဏ္ဍာရီနတ်သမီးပုံပြင် တစ်ပုဒ်ကို ပြနေသော စိတ်ဝင်စားစရာ ရုပ်ရှပ်ဇာတ်လမ်းတစ်ခုလို ဖြစ်သည်။ စိတ်ကူးစိတ်သန်း အလွန်ကောင်းသောကြောင့် လူများကို တအံ့တသြ ဆွံ့အ သွားစေသည့် ဇာတ်လမ်းတစ်ခုလို ဖြစ်သည်။ အမှန်ကို ပြောရမည်ဆိုလျှင် ဘုရားသခင် ယနေ့ လာလုပ်သည့် အလုပ်သည် အဓိကအားဖြင့် လူသားများ၏ အယူသီးသည့် ပင်ကိုစရိုက်လက္ခဏာများကို ကိုယ်တွယ်ဖြေရှင်း ပပျောက်စေပြီး ၎င်းတို့၏ စိတ်သဘောထားအမြင်ကို လုံးလုံးလျားလျား ပြောင်းလဲစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းကာ ယနေ့တိုင် လူသားများက ထိန်းသိမ်းလာခဲ့ကြသည့်အရာ မဟုတ်ပါ။ ဝိညာဉ်ရေးရာ၌ အလွန်အားကြီးသူတစ်ဦး၏ အမွေကိုရဖို့မလိုဘဲ သို့မဟုတ် ဘုရားသခင်က အခြားခေတ်ကာလတစ်ခု၌ လုပ်ဆောင်ခဲ့သည့် မည်သည့်ကိုယ်စားပြုအလုပ် တစ်ခုကိုမျှ ဆက်ခံရန်မလိုဘဲ ဘုရားသခင် ကိုယ်တိုင် အစပြုကာ ပြီးစီးအောင်လုပ်ခဲ့သည့် အလုပ်ဖြစ်သည်။ လူသားများသည် ထိုအရာများအကြောင်း လုံးဝ စိတ်ပူဖို့ မလိုပေ။ ယနေ့ ဘုရားသခင် စကားပြောသည့်ပုံနှင့် အလုပ်လုပ်သည့် ပုံသည် အရင်လိုမဟုတ်ဘဲ ကွဲပြားသော အသွင်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် လူသားများသည် အဘယ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသင့်သနည်း။ လူသားများသည် ၎င်းတို့၏ ဘိုးဘေးများ၏ အမွေကို ဆက်လက် ထိန်းသိမ်းရင်း လက်တလောရေစီးကြောင်းအတွင်း၌ ယနေ့ အသက်ရှင်လျှောက်လှမ်းကြလျှင် သူတို့သည် သူတို့၏ ပန်းတိုင်ကို ရောက်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ထိုသို့သော အပြုအမူကို အလွန်ပင် ရွံရှာသည်၊ လူ့လောက၏ နေ့၊ လ၊ နှစ်များကို စက်ဆုပ်ရွံရှာသလိုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

၇။ လူ့စိတ်သဘောထားကို ပြောင်းလဲဖို့အတွက် အကောင်းဆုံးနည်းမှာ သူတို့၏ အတွင်းနှလုံးသားထဲ၌ အကြီးအကျယ် အဆိပ်ခတ်ထားခြင်းခံရသည့် အစိတ်အပိုင်းများကို ပြန်ကောင်းအောင်လုပ်ပြီး လူတို့၏ အတွေးနှင့် အကျင့်သိက္ခာကို သူတို့ကိုယ်တိုင် စတင်ပြောင်းလဲနိုင်အောင် အခွင့်ပေးရန်ဖြစ်သည်။ ပထမဦးဆုံးအနေနှင့် ဘာသာရေးဓလေ့ထုံးစံများ၊ ဘာသာရေးလှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲများသည် ဘုရားသခင်အတွက် မုန်းတီးဖွယ်ကောင်းသည့် အရာများဖြစ်ကြောင်းကို လူတို့မြင်ဖို့ လိုအပ်သည်။ သူတို့သည် ထိုသို့ရှေးဆန်သော အတွေးအခေါ်များ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အရိုးစွဲနေသည့် အယူသီးမှုများအတိုင်း လုပ်ဆောင်လိုစိတ်တိုင်းကို လုံးလုံးလျားလျား ဖယ်ဖျောက်သင့်သည်။ ထိုအရာများအားလုံးသည် ဝင်ရောက်ရန်အတွက် လူသားများ လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ ဘုရားသခင်သည် လူသားများအား အဘယ်ကြောင့် လောကီကမ္ဘာမှ ဦးဆောင်ခေါ်ထုတ်သွားကြောင်း၊ အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ ဦးဆောင်ခေါ်ထုတ်သွားကြောင်းကို သင်တို့နားလည်ရမည်။ ထိုသို့နားလည်ခြင်းသည် ဂိတ်တံခါးတစ်ခုကဲ့သို့ဖြစ်ပြီး ထိုတံခါးအားဖြင့် သင်တို့ဝင်လိမ့်မည်ဖြစ်သည်။ ၎င်းသည် သင်တို့၏ ဝိညာဉ်ရေးနှင့်ဆိုင်သော အတွေ့အကြုံနှင့် မည်သို့မျှ မပတ်သက်သော်လည်း အထက်ဖော်ပြပါ အရာများသည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ပင်တားဆီးနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်ကာ ထိုအတားအဆီးများက သင်တို့ ဘုရားသခင်ကို မသိအောင် ဟန့်တားထားသည်။ ထိုအတားအဆီးများသည် လူတို့ကို ပိုက်ကွန်သဖွယ် ဖမ်းဆီးချုပ်နှောင်ထားသည့် အရာများဖြစ်သည်။ လူတော်တော်များများသည် ကျမ်းစာကို အလွန်အကျွံဖတ်ကြပြီး ကျမ်းစာထဲမှ ကျမ်းပိုဒ်အမြောက်အမြားကို အလွတ်ရွတ်ဆိုနိုင်ကြသည်။ ယနေ့ သူတို့၏ ဝင်ရောက်မှုထဲ၌ လူတို့သည် ဘုရားသခင်၏အလုပ်ကို တိုင်းတာဖို့အတွက် ၎င်းတို့ကိုယ်တိုင်သတိမထားမိဘဲ ကျမ်းစာကို အသုံးပြုကာ ဘုရားသခင်၏ အလုပ်၌ လက်ရှိအဆင့်၏ အခြေခံသည် ကျမ်းစာ ဖြစ်သည့်အလား၊ လက်ရှိအဆင့်၏ ဇာစ်မြစ်သည် ကျမ်းစာဖြစ်သည့်အလား ပြုမူကြသည်။ ဘုရားသခင်၏ အလုပ်သည် ကျမ်းစာနှင့် ကိုက်ညီသောအခါ လူတို့သည် ဘုရားသခင်၏ အလုပ်ကို အားရပါးရ ထောက်ခံကြပြီး လေးစားသဘောကျကြသည်။ ဘုရားသခင်၏ အလုပ်သည် ကျမ်းစာနှင့် မကိုက်ညီသောအခါ၌မူ လူတို့သည် ချွေးစေးပြန်သည်အထိ အလွန်စိုးရိမ်ပူပန်တတ်ကြသည်။ ဘုရားသခင် အဘယ်ကြောင့် ထိုသို့အလုပ်လုပ်ကြောင်းကို ကျမ်းစာထဲ၌ ရှာဖွေကြသည်။ ဘုရားသခင်လုပ်သည့် အလုပ်ကို ကျမ်းစာ၌ မဖော်ပြထားလျှင် လူတို့သည် ဘုရားသခင်ကို လျစ်လျူရှုကြလေ့ရှိသည်။ ယနေ့ခေတ်အချိန်၌ လုပ်ဆောင်နေသော ဘုရားသခင်၏ အလုပ်နှင့် ပတ်သက်၍ ပြောရလျှင် လူအများစုသည် ဘုရားသခင်၏ အလုပ်ကို သတိထားပြီး လက်ခံကြသည်၊ မိမိတို့ နာခံလိုသည့် အချက်ကိုသာ ရွေးပြီးနာခံကြသည်၊ ဘုရားသခင်၏ အလုပ်အကြောင်းကို သိဖို့ဆိုလျှင် စိတ်မဝင်စားကြ၊ အတိတ်က အကြောင်းအရာများနှင့် ပတ်သက်လျှင်မူ လူအများစုသည် တစ်ဝက်ကို ဖက်တွယ်ထားပြီး တစ်ဝက်ကိုတော့ စွန့်လွှတ်တတ်ကြသည်ဟု ပြောနိုင်သည်။ ဤသို့ဖြစ်နေကြခြင်းကို ဝင်ရောက်မှုဟု ခေါ်နိုင်ပါသလော။ အခြားသူများ၏ စာအုပ်များကို ရတနာသဖွယ် ဖက်တွယ်ထားကာ နိုင်ငံတော်တံခါးကို ဖွင့်နိုင်သည့် ရွှေသော့သဖွယ် သဘောထားကြသည်။ ယနေ့ခေတ်၌ လူတို့သည် သူတို့အား ဘုရားသခင် မည်သည့်အရာကို လုပ်စေလိုကြောင်းကို သိလိုစိတ် လုံးဝမပြကြ။ ထို့အပြင် "ထက်မြက်သောပညာရှင်" တော်တော်များများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်ဖက်လက်၌ ကိုင်ထားပြီး အခြားသူများ၏ "အပြောင်မြောက်ဆုံးလက်ရာများ" ကို ညာဖက်လက်၌ ကိုင်ထားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ကြောင်းကို အပြည့်အဝ သက်သေပြရန်အတွက် ထိုလက်ရာများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဇာစ်မြစ်ကို ရှာဖွေတွေ့ရှိလိုသည့်အလား ပြုမူကြသည်။ ထို့အပြင် အဆိုပါ အပြောင်မြောက်ဆုံးလက်ရာများက အလုပ်လုပ်နေသည့်အလား သူတို့သည် နှုတ်ကပတ်တော်များကို ထိုလက်ရာများနှင့်ပင် ပေါင်းစပ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားသူများအား ရှင်းပြကြသည်။ အမှန်ကို ပြောရလျှင် လူသားများအကြား၌ ယနေ့ခေတ် သိပ္ပံနယ်ပယ်မှ နောက်ဆုံးပေါ် အောင်မြင်မှုများ၊ တစ်နည်းအားဖြင့်ဆိုသော် ယခင်က မည်သူကမျှ မလုပ်နိုင်ခဲ့ဖူးသည့် သိပ္ပံနယ်ပယ်မှ အောင်မြင်မှုများကို (ဆိုလိုသည်မှာ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အသက်ကို ဝင်စားဖို့အတွက်လမ်း) တစ်ကြိမ်တစ်ခါမျှ အထင်မကြီးဖူးသည့် "သိပ္ပံနယ်ပယ်မှ သုတေသနပညာရှင်များ" အများအပြားရှိသည်။ သို့ဖြစ်၍ လူအားလုံးသည် "ကိုယ့်ကိုယ်ကိုယ် အားကိုးနေကြသော" သူများဖြစ်ပြီး မိမိတို့၏ ပြောဆိုနိုင်စွမ်းကို အသုံးပြု၍ အကြီးအကျယ် "တရားဟော" ကာ "ဘုရားသခင်၏ နာမည်ကောင်း" ကို ဝါကြွားနေကြသည်။ ထိုသို့ဖြစ်နေစဉ်တွင် သူတို့၏ ကိုယ်ပိုင်ဝင်ရောက်မှုသည် အန္တရာယ်နှင့် ကြုံနိုင်သည့် အခြေအနေ၌ ရှိနေပြီး လက်ရှိအချိန်၌ ဖန်ဆင်းခံအရာများသည် ဘုရားသခင်နှင့် ဝေးကွာနေသလို သူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဝေးကွာနေသည်ဟု ထင်ရသည်။ ဘုရားသခင်၏ အလုပ်ကို လုပ်ရန် မည်မျှလွယ်ကူပါသနည်း။ လူတို့သည် မိမိတို့အသက်တာ၏ တစ်ဝက်ကို လွန်ခဲ့သည့်နေ့တွင် ထားခဲ့ပြီး ကျန်တစ်ဝက်ကို ယနေ့သို့ ယူဆောင်လာရန်၊ တစ်ဝက်ကို စာတန်ထံသို့ ပေးပြီး ကျန်တစ်ဝက်ကို ဘုရားသခင်ထံ ဆက်သရန် စိတ်ပိုင်းဖြတ်ထားကြပြီးသားဖြစ်သည်ဟု ထင်ရသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သူတို့၏ ဩတ္တပ္ပစိတ်ကို ဖြေသိမ့်ပြီး စိတ်သက်သာမှုတစ်မျိုးမျိုးကို ခံစားရရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သကဲ့သို့ ပြုမူကြသည်။ လူတို့၏ အတွင်းစိတ်ထဲ၌ရှိသော ကမ္ဘာသည် တဖြည်းဖြည်း မသိမသာနှင့် အန္တရာယ်အလွန်ကြီးလာပြီး သူတို့သည် မနက်ဖြန်နေ့ကိုသာမက လွန်ခဲ့သည့်နေ့ကိုလည်း ဆုံးရှုံးမှာ ကြောက်ကြသည်၊ စာတန်နှင့် ယနေ့ကာလ၏ ဘုရားသခင်ကို စော်ကားမိမှာလည်း အလွန်အမင်းကြောက်ကြသည်။ ယနေ့ခေတ် ဘုရားသခင်သည် သူတို့၏ မျက်စိထဲ၌ ဘုရားသခင်လည်း ဖြစ်သည်၊ ဘုရားသခင်လည်း မဖြစ်သေးဟု ထင်ရသည်။ လူတို့သည် ၎င်းတို့၏ အတွေးအခေါ်နှင့် အကျင့်စာရိတ္တကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မရှိကြသောကြောင့် သူတို့၌ ထိုးထွင်းနားလည်နိုင်စွမ်း အထူးတလည် ကင်းမဲ့နေကြပြီး ယနေ့ခေတ်၌ တွေ့ရသော အလုပ်သည် ဘုရားသခင်၏ အလုပ် ဟုတ်၏၊ မဟုတ်၏ကို လုံးဝမပြောနိုင်ကြ။ ထိုသို့ဖြစ်သည်မှာ လူတို့၏ ရှေးကျပြီး အယူသီးသည့် အတွေးအခေါ်သည် အလွန်အရိုးစွဲနေသောကြောင့် သူတို့သည် အယူသီးမှုများနှင့် သမ္မာတရားကိုသာမက ဘုရားသခင်နှင့် ရုပ်တု၊ ဆင်းတုများကို အမျိုးအစားတစ်မျိုးတည်းအဖြစ် သတ်မှတ်လာခဲ့ကြပြီး ထိုအရာများကို ခွဲခွဲခြားခြား သတ်မှတ်ဖို့လည်း စိတ်မဝင်စားကြသောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် သူတို့သည့် သူတို့၏ ဦးနှောက်များ ပျက်သည်အထိ စဉ်းစားပြီးသည့်တိုင် ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်စွမ်းမရှိသေးဟု ထင်ရသည်။ ထို့ကြောင့် လူသားများသည် သူတို့သွားနေသည့် လမ်းပေါ်၌ ရပ်ကာ ရှေ့ဆက်မသွားကြတော့ခြင်းဖြစ်သည်။ ဤပြဿနာများအားလုံး ဖြစ်ပေါ်လာခြင်းမှာ လူတို့သည် အတွေးအခေါ် အယူဝါဒနှင့် ပတ်သက်လျှင် မှန်သော ပညာရေးအမျိုးအစားကို မရရှိခဲ့ကြသောကြောင့် ဖြစ်ပြီး ထိုသို့ဖြစ်ခြင်းကြောင့် သူတို့၏ ဝင်ရောက်မှု၌ ကြီးမားသော အခက်အခဲများနှင့် ကြုံရသည်။ အကျိုးဆက်အနေနှင့် လူတို့သည် စစ်မှန်သော ဘုရားသခင်၏ အလုပ်ကို မည်သည့်အခါ၌မျှ စိတ်မဝင်စားကြပေ၊ လူ့လုပ်ရပ်၏ (ထူးချွန်သော ပုဂ္ဂိုလ်များဟု သူတို့မြင်သည့်သူများ) တံဆိပ်ခတ်ခံထားရသလို ထိုအရာကိုသာ ဇွဲရှိရှိ ဖက်တွယ်ထားကြသည်။ ဤအကြောင်းအရာများသည် လူသားများ ဝင်ရောက်သင့်သည့် နောက်ဆုံးပေါ် အကြောင်းအရာများဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)” မှ

၈။ ဘုရားသခင်သည် ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ တစ်နယ်တည်းသားများက ကုန်းတွင်းပိုင်းဟုခေါ်သော တရုတ်ပြည်မကြီးတွင် လူ့ဇာတိခံယူ၏။ ဘုရားသခင်သည် ကောင်းကင်မှ မြေကြီးသို့ ကြွလာခဲ့စဉ်က ကောင်းကင်နှင့် မြေကြီးမှ မည်သူမျှ မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်သည် ဖုံးကွယ်ထားသော ပုံစံဖြင့် ပြန်ကြွလာခြင်း၏ စစ်မှန်သောအဓိပ္ပာယ်ဖြစ်၍ဖြစ်သည်။ သူသည် ကာလကြာမြင့်စွာ ဇာတိပကတိ၏သဏ္ဌာန်ဖြင့် အလုပ်လုပ်ကာ အသက်ရှင်လျက်ရှိခဲ့သော်လည်း ဤအကြောင်းကို မည်သူမျှ မသိခဲ့ပေ။ ယနေ့ထိတိုင်အောင် မည်သူမျှ မသိပေ။ ဤသည်မှာ ထာဝရပုစ္ဆာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိကောင်း တည်ရှိလိမ့်မည်။ ယခုအကြိမ်၌ ဘုရားသခင်၏ ဇာတိအတွင်း လာရောက်ခြင်းသည် မည်သူမဆို သိရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဝိညာဉ်တော်၏အလုပ်သည် မည်မျှပင် ကြီးကျယ်ကာ သြဇာတိက္ကမကြီးမားသည်ဖြစ်စေ ဘုရားသခင်သည် အစဉ်တည်ငြိမ်အေးဆေးနေကာ မည်သည့်အခါမျှ သူ့ကိုယ်သူ ဖော်ပြခြင်းမရှိပေ။ သူ့အမှု၏ ဤအဆင့်သည် ကောင်းကင်လောက၌ ဖြစ်ပေါ်နေသည့်အလားဖြစ်သည်ဟု ဆိုနိုင်၏။ ၎င်းသည် လူတိုင်းအတွက် အလွန်ပင် သိသာထင်ရှားသော်လည်း ၎င်းကို မည်သူမျှမသိပေ။ ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်ကို ပြီးဆုံးစေပြီးသည့်အခါ လူတိုင်းသည် ၎င်းတို့၏ရှည်လျားသောအိပ်မက်မှ နိုးထကြကာ ၎င်းတို့၏ အတိတ်က သဘောထားကို ပြောင်းပြန်လှန်ကြလိမ့်မည်။ ဘုရားသခင်သည် တစ်ချိန်က "ဇာတိအတွင်း ဤတစ်ကြိမ်လာရသည်မှာ ကျား၏ သားရဲတွင်းအတွင်းသို့ ကျခြင်းနှင့်အလားတူသည်" ဟုပြောသည်ကို ငါမှတ်မိသည်။ ဤသည်မှာ ဘုရားသခင်၏အမှုသည် ဤအချီတွင် ဘုရားသခင် လူ့ဇာတိခံယူ၍ အဆင်းနီသော နဂါးကြီး၏ နေထိုင်ရာအရပ်တွင် မွေးဖွားခြင်းပါရှိသဖြင့် ဤအကြိမ် သူကမ္ဘာမြေကြီးသို့ လာခြင်းသည် ပြင်းထန်သောအန္တရာယ်များ သာ၍လိုက်ပါလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူရင်ဆိုင်ရသည့်အရာများမှာ ဓားများ၊ သေနတ်များနှင့် တင်းပုတ်များဖြစ်၏၊ သူရင်ဆိုင်ရသည့် အရာမှာ စုံစမ်းနှောင့်ယှက်ခြင်းဖြစ်၏၊ သူရင်ဆိုင်ရသည့်အရာမှာ သတ်ဖြတ်တော့မည့်ပုံပေါက်နေသော လူအုပ်များဖြစ်ကြ၏။ သူ့တွင် အချိန်မရွေး အသတ်ခံရမည့်အန္တရာယ်ရှိနေသည်။ ဘုရားသခင်သည် အမျက်ဒေါသနှင့် လာခဲ့၏။ သို့ရာတွင် သူသည် ရွေးနုတ်ခြင်းအမှုပြီးနောက် ဆက်လက်တည်ရှိသည့် သူ့အမှု၏ ဒုတိယအပိုင်းကို ဆောင်ရွက်ရန်ရည်ရွယ်၍ စုံလင်စေခြင်းအမှုကိုပြုရန် ရောက်လာခဲ့၏။ သူ့အမှု၏ ဤအဆင့်အတွက် ဘုရားသခင်သည် အစွမ်းကုန်တွေးခေါ်မှုနှင့် ဂရုစိုက်ခြင်းတို့ကို ပေးအပ်မြှုပ်နှံကာ နှိမ့်ချစွာ သူ့ကိုယ်သူ ကွယ်ဝှက်ထားလျက် သူ၏ပင်ကိုလက္ခဏာကို မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိဘဲ စုံစမ်းနှောင့်ယှက်ခြင်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် တွေးတောနိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုနေ၏။ လူသားကို လက်ဝါးကပ်တိုင်ပေါ်မှ ဖယ်ရှားကယ်တင်ရာတွင် ယေရှုသည် ရွေးနုတ်ခြင်းအမှုကို ပြီးဆုံးရန်သာပြုလုပ်နေခြင်းဖြစ်၏။ သူသည် စုံလင်စေခြင်းအမှုကို ပြုလုပ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမှု တစ်ဝက်သာ လုပ်ကိုင်နေခြင်းဖြစ်၍ ရွေးနုတ်ခြင်းအမှုကို ပြီးဆုံးအောင်ပြုလုပ်ခြင်းသည် သူ၏အစီအစဉ်တစ်ရပ်လုံး၏ တစ်ဝက်သာဖြစ်သည်။ ခေတ်သစ်စလာခါနီး၍ ခေတ်ဟောင်းသည် နောက်ဆုတ်ခါနီးတွင် ဘုရားသခင်တည်းဟူသော ခမည်းတော်သည် သူ့အမှု၏ ဒုတိယအပိုင်းကို စတင်ချင့်ချိန်သုံးသပ်၍ ၎င်းအတွက် စတင်ပြင်ဆင်၏။ အတိတ်က နောက်ဆုံးသောကာလ၏ ဤလူ့ဇာတိခံယူခြင်းကို ပရောဖက်ပြုခြင်း ရှိခဲ့ချင်မှ ရှိခဲ့လိမ့်မည်ဖြစ်သောကြောင့် ၎င်းသည် ယခုအကြိမ် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအပေါ် တိုး၍လျှို့ဝှက်ထားခြင်းအတွက် အခြေခံအုတ်မြစ်ချခဲ့၏။ မိုးလင်းသည့်အခါ မည်သူမျှမသိဘဲ ဘုရားသခင်သည် မြေကြီးပေါ်သို့လာ၍ သူ၏ဘဝကို လူ့ဇာတိ၌စတင်ခဲ့၏။ လူတို့သည် ဤအချိန်ကို မသိခဲ့ပေ။ ၎င်းတို့အားလုံး အိပ်မောကျချင် ကျနေခဲ့မည်၊ စောင့်ကြည့်လျက် နိုးနေသောသူအများအပြား စောင့်နေချင် စောင့်နေနိုင်ပြီး အများအပြားမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းလျက် ရှိချင်ရှိနိုင်သည်။ သို့ရာတွင် ဘုရားသခင် ကမ္ဘာမြေကြီးပေါ်သို့ ရောက်နှင့်ပြီးဖြစ်ကြောင်း ဤလူအများအပြားကြား၌ တစ်ဦးမျှ မသိပေ။ ဘုရားသခင်သည် သူ၏အမှုကို သာ၍ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်နှင့် သာ၍ကောင်းမွန်သောရလဒ်များကို ရရှိရန်အပြင် သာ၍များပြားသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း ရှောင်ရှားရန် ဤသို့ဆောင်ရွက်ခြင်းဖြစ်၏။ နွေဦးကာလ လူသားတို့အိပ်ပျော်နေရာမှ နိုးလာသည်နှင့် ဘုရားသခင်၏ အမှုပြီးဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့လိမ့်မည်ဖြစ်ကာ သူသည် ကမ္ဘာမြေကြီးပေါ် ခြေဦးတည့်ရာသွားခြင်းနှင့် တည်းခိုနေခြင်းတို့ကို အဆုံးသတ်လျက် ထွက်ခွာသွားလိမ့်မည်။ ဘုရားသခင်၏အမှုသည် ဘုရားသခင်ကိုယ်တိုင် ပြုမူလုပ်ကိုင်ရန်နှင့် ပြောဆိုရန်လိုအပ်သောကြောင့်နှင့် လူသားမှ မည်သည့်နည်းနှင့်မျှ မကူညီနိုင်သည့်အတွက် ဘုရားသခင်သည် ဤအမှုကို သူကိုယ်တိုင် လုပ်ဆောင်ရေးအတွက် မြေကြီးပေါ်သို့ကြွလာရန် ပြင်းထန်သောနာကျင်မှုကို ခံစားခဲ့၏။ ဘုရားသခင်၏ အမှုအတွက် လူသားက အစားထိုး၍မရပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို လုပ်ကိုင်ရေးအတွက် အဆင်းနီသောနဂါးကြီးရှိရာသို့ လာရန်၊ သူ၏စဉ်းစားတွေးခေါ်မှု အားလုံးနှင့် စောင့်ရှောက်မှုအားလုံးကို ဤဆင်းရဲသောလူတစ်စု၊ နွားချေးပုံတွင် နစ်နေသော ဤလူတစ်စုကို ရွေးနုတ်ရေးတွင် မြှုပ်နှံရန် ကျေးဇူးတော်ခေတ်အတွင်းမှ အန္တရာယ်များထက် ထောင်ပေါင်းများစွာ သာ၍ကြီးမားသော အန္တရာယ်များကို စွန့်စားခဲ့သည်။ ဘုရားသခင်ရှိကြောင်းကို မည်သူမျှမသိသော်လည်း ဤသည်မှာ ဘုရားသခင်၏အမှုအတွက် ကြီးမားသော အကျိုးကျေးဇူးများရှိသဖြင့် ဘုရားသခင်သည် စိတ်ဒုက္ခမဖြစ်ပေ။ လူတိုင်းသည် အလွန်ကြမ်းကြုတ်စွာ ဆိုးယုတ်သဖြင့် တစ်စုံတစ်ဦးသည် ဘုရားသခင်တည်ရှိခြင်းကို မည်သို့သည်းခံနိုင်မည်နည်း။ ထို့ကြောင့် မြေကြီးပေါ်တွင် ဘုရားသခင်သည် အစဉ်တိတ်ဆိတ်နေခြင်းဖြစ်သည်။ လူသားသည် မည်သို့ပင် လွန်ကဲစွာရက်စက်သော်လည်း ဘုရားသခင်သည် ၎င်းတစ်စုံတစ်ရာကို အလေးအနက်မထားဘဲ ကောင်းကင်ဘုံရှိ ခမည်းတော်မှပေးခဲ့သည့် သာ၍ကြီးမားသော တာဝန်ကို ဖြည့်ဆည်းရေးအတွက် သူလုပ်ရန်လိုအပ်သည့် အလုပ်ကို ဆက်လက်ဆောင်ရွက်နေ၏။ သင်တို့အကြား အဘယ်သူသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သိခဲ့သနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်အတွက် သူ၏သားထက် သာ၍ကြီးမားသောငဲ့ညှာမှုကို အဘယ်သူပြသနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်၏အလိုတော်ကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်၏ ကောင်းကင်ဘုံ၌ရှိသော ဝိညာဉ်တော်သည် မကြာခဏ စိတ်ဒုက္ခရောက်ကာ မြေကြီးပေါ်ရှိ သူ့သားသည် သူ့နှလုံးသားများ အစိတ်စိတ်အမွှာမွှာကွဲသည်အထိ ပူပင်သောကရောက်လျက် ဘုရားသခင်တည်းဟူသော ခမည်းတော်၏ အလိုတော်အတွက် မကြာခဏ ဆုတောင်း၏။ သူ၏သားအပေါ် ဘုရားသခင်တည်းဟူသော ခမည်းတော်၏ ချစ်ခြင်းမေတ္တာကို သိသောသူ တစ်စုံတစ်ဦး ရှိသလော။ ချစ်သားသည် ဘုရားသခင်တည်းဟူသော ခမည်းတော်ကို မည်သို့လွမ်းဆွတ်သည်ကို သိသူတစ်စုံတစ်ဦးရှိသလော။ ကောင်းကင်နှင့်မြေကြီးနှစ်ခုအကြား ခွဲခွာနေရလျက် နှစ်ဦးသားသည် ဝိညာဉ်၌ဘေးချင်းယှဉ်ကာ အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စဉ်ဆက်မပြတ် ငေးစိုက်ကြည့်နေကြသည်။ အို လူသားမျိုးနွယ်။ သင်မည်သည့်အခါ ဘုရားသခင်၏ နှလုံးသားကို ငဲ့ညှာမည်နည်း။ သင်မည်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်မည်နည်း။ ခမည်းတော်နှင့်သားတော်တို့သည် တစ်ဦးနှင့်တစ်ဦး အစဉ်မှီခိုလာခဲ့သည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့ကို အထက်ကောင်းကင်၌တစ်ဦး၊ အောက်အရပ်မြေကြီး၌တစ်ဦး အဘယ်ကြောင့် ခွဲခွာရမည်နည်း။ ခမည်းတော်သည် သူ့သားတော်ကိုချစ်သကဲ့သို့ သားတော်သည်လည်း ခမည်းတော်ကို ချစ်၏။ ထိုသို့ဖြစ်လျှင် သူသည် ဤကဲ့သို့သော တောင့်တမှုနှင့် ဤကဲ့သို့သောစိုးရိမ်မှုဖြင့် ကြာရှည်စွာ အဘယ်ကြောင့် စောင့်ရမည်နည်း။ ၎င်းတို့တစ်သီးတစ်ခြားနေသည်မှာ မကြာသေးသော်လည်း ခမည်းတော်သည် နေ့ပေါင်းညပေါင်းများစွာ စိုးရိမ်တကြီးတောင့်တလျက် သူ၏သားတော် လျင်မြန်စွာ ပြန်လာခြင်းကို မျှော်နေသည်ကို သိသူတစ်စုံတစ်ဦး ရှိသလော။ သူသည် စောင့်ကြည့်သည်၊ တိတ်ဆိတ်စွာ ထိုင်သည်၊ စောင့်သည်။ ဤသည်အားလုံးမှာ သူ၏ချစ်သား အလျင်အမြန် ပြန်လာရေးအတွက် ဖြစ်သည်။ မြေကြီးပေါ်တွင် လှည့်လည်သွားလာနေသော သားတော်နှင့် သူသည် မည်သည့်အခါတွင် တစ်ဖန်အတူရှိမည်နည်း။ တစ်ချိန်က အတူရှိခဲ့သော်လည်း ၎င်းတို့သည် ထာဝရ အတူရှိကြမည် ဖြစ်သော်လည်း အထက်ကောင်းကင်ဘုံတွင်တစ်ဦးနှင့် အောက်အရပ်မြေကြီးပေါ်တွင် တစ်ဦးရှိနေကာ ထောင်ပေါင်းများစွာသော သီးခြားစီနေရသည့် နေ့ညများကို သူအဘယ်သို့ ခံနိုင်မည်နည်း။ မြေကြီးပေါ်ရှိ အနှစ်ဆယ်ပေါင်းများစွာသည် ကောင်းကင်ဘုံ၌ အနှစ်ထောင်ပေါင်းများစွာကဲ့သို့ဖြစ်၏။ ဘုရားသခင်တည်းဟူသော ခမည်းတော်သည် မစိုးရိမ်ဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဘုရားသခင်သည် မြေကြီးသို့ကြွလာစဉ် လူသားကဲ့သို့ပင် လူ့လောက၏ များစွာသော လောကဓံတရားတို့ကို ကြုံတွေ့ခံစားရသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် အပြစ်ကင်းသောကြောင့် ဘုရားသခင်အား လူသားကဲ့သို့ တူညီသောနာကျင်မှုကို အဘယ်ကြောင့် ခံစားစေသနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်သည် သူ၏သားတော်ကို လွန်စွာအရေးတကြီးတောင့်တသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဘုရားသခင်၏ နှလုံးသားကို အဘယ်သူ နားလည်နိုင်သနည်း။ ဘုရားသခင်သည် လူသားကို ပေးသည်မှာ များလွန်း၏။ လူသားသည် ဘုရားသခင်၏နှလုံးသားကို အဘယ်သို့ အပြည့်အဝ ပြန်ပေးနိုင်မည်နည်း။ သို့သော် လူသားသည် ဘုရားသခင်ကိုပေးသည်မှာ နည်းလွန်း၏။ ထို့ကြောင့် ဘုရားသခင်သည် မစိုးရိမ်ဘဲ အဘယ်သို့နေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)” မှ

၉။ လူတို့၏အရည်အသွေးသည် နိမ့်ကျလွန်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာခံစားတတ်မှုသည် အတော်ထုံထိုင်းနေကာ ၎င်းတို့အားလုံးသည် ဘုရားသခင်လုပ်ဆောင်နေသည့်အရာကို သတိပြုခြင်းလည်းမရှိ၊ ဂရုစိုက်ခြင်းလည်း မရှိသောကြောင့် ဘုရားသခင်၏ အရေးတကြီးနှလုံးသားကို လူသားတို့အကြား နားလည်သူ တစ်ဦးမျှပင် မရှိပေ။ ထို့ကြောင့် လူသား၏ သားရဲသဘာဝသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ဘိသည့်အလား ဘုရားသခင်သည် လူသားအတွက် ဆက်၍စိုးရိမ်နေ၏။ ဤသည်မှာ ဘုရားသခင် မြေကြီးသို့ကြွလာခြင်းနှင့်အတူ ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်းများ လိုက်ပါလာခြင်းကို ဆက်လက်ပြသ၏။ သို့သော် လူတစ်စုအား စုံလင်စေခြင်းအတွက် ဘုန်းတော်နှင့် ပြည့်ဝနေသောဘုရားသခင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိဘဲ လူသားအား သူ၏ရည်မှန်းချက်တိုင်းကို ပြောပြခဲ့၏။ ဤလူတစ်စုကို စုံလင်စေရန် သူသည် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ခဲ့၏။ ထို့ကြောင့် အခက်အခဲဖြစ်စေ၊ စုံစမ်းနှောင့်ယှက်ခြင်းဖြစ်စေ လာသောအခါ သူသည် မျက်နှာလွှဲကာ အားလုံးကို လျစ်လျူရှု၏။ တစ်နေ့တွင် ဘုရားသခင်ဘုန်းပွင့်သည့်အခါ လူသားသည် ဘုရားသခင်ကိုသိမည်ဟု ခိုင်မာစွာ ယုံကြည်လျက်၊ လူသားသည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရသည့်အခါ ဘုရားသခင်၏နှလုံးသားကို အပြည့်အဝနားလည်မည်ဟု ယုံကြည်လျက် သူသည် သူ၏အလုပ်ကိုသာ တိတ်ဆိတ်စွာ လုပ်ကိုင်၏။ ယခု ဘုရားသခင်အား စုံစမ်းနှောင့်ယှက်နေသော သို့မဟုတ် ဘုရားသခင်အပေါ် နားလည်မှုလွဲနေသော သို့မဟုတ် ဘုရားသခင်အား အပြစ်တင်နေသောသူများစွာ ရှိနိုင်သည်။ ဘုရားသခင်သည် ဤအရာတစ်ခုကိုမျှ အလေးအနက်မထားပေ။ ဘုရားသခင်သည် ဘုန်းတော်ထဲသို့ဆင်းသက်သည့်အခါ ဘုရားသခင် ပြုသည့်အရာတိုင်းသည် လူသားမျိုးနွယ်ကောင်းကျိုးအတွက်ဖြစ်ကြောင်းကို လူတို့အားလုံး နားလည်ကြမည် ဖြစ်ကာ၊ ဘုရားသခင်ပြုသည့်အရာတိုင်းသည် လူသားမျိုးနွယ်မှ သာ၍ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ရန်ဖြစ်ကြောင်းကို လူတို့အားလုံးနားလည်ကြမည် ဖြစ်သည်။ ဘုရားသခင် ကြွလာခြင်းနှင့်အတူ စုံစမ်းနှောင့်ယှက်ခြင်းများ လိုက်ပါလာကာ၊ ဘုရားသခင်သည် ဘုန်းအာနုဘော်၊ ဒေါသအမျက်တို့နှင့်လည်း ကြွလာ၏။ လူသားကို ဘုရားသခင် စွန့်ခွာချိန်တွင် ဘုရားသခင်သည် ဘုန်းပွင့်ပြီးနှင့်ပြီးဖြစ်ကာ ဘုန်းတော်နှင့်ပြည့်ဝလျက် ပြန်ကြွသွားခြင်း၏ ဝမ်းမြောက်မှုတို့နှင့် ထွက်ခွာလိမ့်မည်။ လူတို့သည် သူ့အား မည်သို့ပင်ငြင်းပယ်စေကာမူ မြေကြီးပေါ်၌ လုပ်ကိုင်နေသည့်ဘုရားသခင်သည် အမှုအရာများကို အလေးအနက်မထားပေ။ သူသည် သူ၏အလုပ်ကိုသာ လုပ်နေခြင်းဖြစ်သည်။ ဘုရားသခင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်၊ သူသည် အတိုင်းမသိပမာဏရှိသည့် အမှုကိုလုပ်ရန် မြေကြီးသို့ကြွလာကာ လူ့လောက၏ငြင်းပယ်မှုနှင့် အသရေဖျက်မှုတို့ကို အပြည့်အဝ တွေ့ကြုံခံစားခဲ့ရသည်။ ဘုရားသခင်ရောက်ရှိလာခြင်းကို မည်သူမျှ မကြိုဆိုပေ၊ လူတိုင်း သူ့အား စိမ်းကားသောမျက်လုံးများဖြင့်ကြည့်ရုံ ကြည့်ကြ၏။ နှစ်ထောင်ပေါင်းများစွာကြာသည့် အခက်အခဲများကာလအတွင်း လူသား၏အမူအကျင့်များသည် ဘုရားသခင်၏နှလုံးသားကို ကွဲအက်စေခဲ့သည်မှာ ကာလကြာမြင့်ပြီးကတည်းက ဖြစ်သည်။ သူသည် လူတို့၏ပုန်ကန်မှုအပေါ် ဂရုမစိုက်တော့ပေ၊ ယင်းအစား လူသားအား ပြောင်းလဲရန်နှင့် သန့်စင်ရန် သီးခြား အစီအစဉ်တစ်ရပ် ပြုလုပ်လျက်ရှိ၏။ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကြီးစွာသောဆင်းရဲဒုက္ခခံရခြင်း၊ ကားစင်တင်သတ်ခံရသည့် ဒုက္ခခံရခြင်း၊ လူသား၏ အပယ်ခံရခြင်း စသည်ဖြင့် လူ့ဇာတိ၌ဘုရားသခင် ကြုံတွေ့ခံစားခဲ့ရသည့်အရာများ၊ ထိုအရာများကို ဘုရားသခင် အလုံအလောက် မြည်းစမ်းခဲ့ပြီးဖြစ်သည်။ ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော ဘုရားသခင်သည် လူ့လောက၏ ဒုက္ခဝေဒနာများကို လုံးလုံးလျားလျား ခံစားခဲ့ရပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်တည်းဟူသော ခမည်းတော်၏ဝိညာဉ်သည် ဤမြင်ကွင်းများကို မခံမရပ်နိုင်ဖြစ်ရင်း ခေါင်းမော့၍ မျက်လုံးမှိတ်လိုက်ကာ သူ၏ချစ်သားပြန်လာရန်စောင့်နေ၏။ သူလိုလားသမျှသည် လူတို့အားလုံးနားထောင်၍ နာခံရန်၊ သူ၏ဇာတိရှေ့မှောက်၌ ကြီးစွာရှက်နိုင်ခြင်းနှင့် သူ့အား ဆန့်ကျင်ပုန်ကန်မှုမပြုရန်သာဖြစ်၏။ သူလိုလားသမျှသည် လူတို့အားလုံးမှ ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ရန်သာဖြစ်၏။ ကာလကြာမြင့်သည့် အချိန်ကတည်းက သူသည် လူသားအပေါ် သာ၍ကြီးမားသော တောင်းဆိုမှုများပြုလုပ်မှုကို ရပ်တန့်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကြီးမားသောအဖိုးအခကို ပေးခဲ့သော်လည်း လူသားသည် စိတ်အေးသက်သာနေလျက် ဘုရားသခင်၏အမှုကို လုံးဝအလေးအနက်မထားပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)” မှ

၁၀။ ယနေ့ လူအယောက်စီတိုင်း လွတ်လပ်သောလောကတွင် နေထိုင်နိုင်ရေးအတွက် ဘုရားသခင်သည် လူတို့အား ဘဝ၏မှန်ကန်သောလမ်းကြောင်းပေါ်သို့ လမ်းပြနေကြောင်း၊ သူသည် လူသားကို နောက်ခေတ်တစ်ခေတ်အတွင်းသို့ နောက်ခြေတစ်လှမ်းလှမ်းရန် လမ်းပြနေကြောင်း၊ သူသည် လူသားအား ဤမှောင်သော ခေတ်ဟောင်းကို ကျော်လွန်၍ ဇာတိမှထွက်ကာ အမှောင်စွမ်းအား၏ ဖိနှိပ်မှုနှင့် စာတန်၏လွှမ်းမိုးမှုမှ ဝေးရာသို့ လမ်းပြနေကြောင်းကို သင်တို့အားလုံး သိကြ၏။ လှပသော နက်ဖြန်ခါအတွက်နှင့် လူတို့သည် နက်ဖြန်ခါ ၎င်းတို့၏ခြေလှမ်းများ၌ သာ၍ရဲရင့်စေရန် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားအတွက် အရာခပ်သိမ်းကို စီစဉ်၍၊ လူသားသည် သာ၍ပျော်မွေ့စေရန်အတွက် ဘုရားသခင်သည် သူ၏ဇာတိ၌အားထုတ်မှုအားလုံးကို လူသား၏အရှေ့မှ လမ်းကြောင်းကိုပြင်ဆင်ခြင်းတွင် မြှုပ်နှံ၍ လူသားတောင့်တသည့်နေ့ရက် လျင်မြန်စွာ ရောက်ရှိစေရန် ဆောင်ရွက်သည်။ သင်တို့အားလုံး ဤလှပသည့်အခါသမယကို မြတ်နိုးကြမည်လော။ ဘုရားသခင်နှင့်အတူ ပေါင်းစပ်ရန်မှာ လွယ်ကူသည့် စွမ်းဆောင်မှုမဟုတ်ပေ။ သင်သည် သူ့ကို သိခဲ့ဖူးခြင်းမရှိသော်လည်း ကာလကြာမြင့်စွာကတည်းက သူနှင့်အတူ ရှိနှင့်ပြီးဖြစ်သည်။ လူတိုင်းသည် လှပသော်လည်း တစ်ခဏသာဖြစ်သော ဤနေ့ရက်များကို အကယ်၍သာ ထာဝစဉ်မှတ်မိနိုင်၍ ၎င်းတို့အား မြေကြီးပေါ်ရှိ အမြတ်တနိုးထားသော ပိုင်ဆိုင်မှုများအဖြစ် ပြုလုပ်နိုင်လျှင်အကောင်းသား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)” မှ

၁၁။ တရုတ်လူမျိုးတို့သည် နှစ်ထောင်ပေါင်းများစွာ ကျွန်ဘဝတွင် နေထိုင်သက်ရှင်ခဲ့ကာ ဤသည်မှာ ၎င်းတို့၏ အတွေးများ၊ အယူအဆများ၊ ဘဝ၊ ဘာသာစကား၊ အပြုအမူနှင့် လုပ်ကိုင်မှုများအပေါ် ထိန်းချုပ်ထားလွန်းသဖြင့် ၎င်းတို့တွင် လွတ်လပ်မှု စိုးစဉ်းမျှပင် မကျန်ရစ်ပေ။ နှစ်ထောင်ပေါင်းများစွာသော သမိုင်းသည် ဝိညာဉ်ရှိသည့်အရေးပါသော လူများကိုယူ၍ ဝိညာဉ်ကင်းမဲ့သော အလောင်းကောင်များနှင့် ဆင်ဆင်တူသော အရာတစ်စုံတစ်ခုအဖြစ် ယိုယွင်းစေခဲ့၏။ စာတန်၏သားခုတ်ဓားအောက်တွင် နေသူများစွာရှိ၏။ သားရဲတွင်းများနှင့်တူသည့် အိမ်များတွင် နေထိုင်သူ များစွာရှိ၏၊ နွားထီးများ သို့မဟုတ် မြင်းများစားသည့်အစာများအတိုင်း စားသူ များစွာရှိကာ၊ "မြေအောက်ကမ္ဘာ" တွင် သတိလစ်လျက် ဖရိုဖရဲဖြစ်နေသူ များစွာရှိ၏။ ပြင်ပသဏ္ဌာန်အားဖြင့် လူတို့သည် ရှေးဦးလူသားနှင့် မည်သို့မျှမကွာခြားပေ၊ ထိုသူတို့ နားနေရာအရပ်သည် ငရဲကဲ့သို့ဖြစ်ကာ အဖော်များအဖြစ် ၎င်းတို့သည် ညစ်ပေနေသည့် နတ်ဆိုးများနှင့် ဆိုးသောဝိညာဉ်များ၏ ဝိုင်းရံခြင်းခံရ၏။ အပြင်ပန်းအားဖြင့် လူတို့သည် သာ၍မြင့်မားသော "တိရစ္ဆာန်များ" ဖြစ်ပုံရကြ၏၊ အကယ်စင်စစ် ထိုသူတို့သည် ညစ်ပေသော နတ်ဆိုးများနှင့်အတူ နေထိုင်ကြ၏၊ ၎င်းတို့အား စောင့်ရှောက်မည့်သူ တစ်စုံတစ်ဦးမျှမရှိဘဲ၊ ထွက်မြောက်ရာလမ်းမဲ့ကာ စာတန်၏ကျော့ကွင်းများတွင်မိလျက် လူတို့သည် စာတန်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းအတွင်း နေထိုင်ကြ၏။ ၎င်းတို့သည် နွေးထွေး၍ သက်သောင့်သက်သာရှိသော အိမ်များတွင် ၎င်းတို့ချစ်သောသူများနှင့်အတူ စုရုံးကြကာ ပျော်ရွှင်၍ ကျေနပ်ဖွယ်ကောင်းသော ဘဝများတွင် နေထိုင်လျက်ရှိသည်ဟု ပြောမည့်အစား လူတို့သည် မရဏနိုင်ငံတွင် နတ်ဆိုးများနှင့် ဆက်ဆံလျက် မာရ်နတ်တို့နှင့် ပေါင်းသင်းကာ နေထိုင်ကြ၏ဟု ပြောသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)” မှ

၁၂။ အမှုတော်နှင့် ဝင်ရောက်မှုသည် မူလအားဖြင့် လက်တွေ့လုပ်ဆောင်မှုဖြစ်ကာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ ဝင်ရောက်မှုကို ရည်ညွှန်းသည်။ လူသားဘက်မှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို နားလည်ခြင်း အစုံအလင် မရှိခြင်းနှင့် ဘုရားသခင်၏ အမှုတော်သည် သူ၏ ဝင်ရောက်မှုထဲသို့ ကြီးမားသော အခက်အခဲများကို ယူဆောင်ခဲ့သည်။ ယနေ့တိုင် လူအပေါင်းတို့သည် နောက်ဆုံးသော ကာလတွင် ဘုရားသခင် ပြီးမြောက်မည့် အမှုတော်၊ သို့မဟုတ် အဘယ်ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံယူရန် ပြင်းထန်သော အရှက်ကွဲခြင်းကို သည်းခံရသနည်းနှင့် လူသားနှင့်အတူ အကောင်းအဆိုးကြားတွင် ရပ်တည်ရသနည်း ဆိုသည်ကို မသိကြဆဲဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုတော် ပန်းတိုင်ကို သာမက နောက်ဆုံးသော ကာလအတွက် ဘုရားသခင် အစီအစဉ်၏ ရည်ရွယ်ချက်ကိုလည်း ဘာမျှမသိပေ။ အကြောင်းအမျိုးမျိုးကြောင့် လူများသည် အမြဲတမ်း နွေးရုံသာနွေးကာ ဘုရားသခင် တောင်းဆိုသည့် ဝင်ရောက်မှုအပေါ် မရှင်းမလင်း ဖြစ်ကြပြီး ယင်းက ဇာတိပကတိထဲရှိ ဘုရားသခင်၏ အမှုတော်အတွက် ကြီးမားသည့် အခက်အခဲများကို ယူဆောင်လာခဲ့သည်။ လူများက အရာအာလုံးမှာ အတားအဆီးများ ဖြစ်လာသည်ဟု မြင်ကြကာ ယနေ့အထိ သူတို့၌ ရှင်းလင်းသော နားလည်မှု မရှိကြဆဲ ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသားအပေါ် ဘုရားသခင် ပြုသည့် အမှုတော်နှင့် ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက်ကို ပြောပြမည်။ သို့မှသာ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်မည်ထက် အရှက်ကွဲမှုတိုင်းကို သည်းခံကာ အသေခံမည်ဖြစ်သော ယောဘသဖွယ်၊ ဘုရားသခင်ကို သူ၏ ဖြစ်ခြင်းအလုံးစုံ ဆက်ကပ်မည်ဖြစ်ကာ နောက်ဆုံးသောကာလတွင် ဘုရားသခင်နှင့် ချစ်ကျွမ်းဝင်မှုများ ရရှိမည်ဖြစ်သော ပေတရုသဖွယ် ဘုရားသခင်၏ သစ္စာရှိသော အစေခံများဖြစ်လာမည်။ ညီအစ်ကို မောင်နှမများ အားလုံးတို့သည် ဘုရားသခင်၏ ကောင်းကင် အလိုတော်ထံ သူတို့၏ ဖြစ်ခြင်းအလုံးစုံ ဆက်ကပ်ရန် သူတို့၏ အစွမ်းရှိသမျှနှင့် လုပ်ဆောင်ကြစေ။ ဘုရားသခင်၏ အိမ်တော်တွင် သန့်ရှင်းသော အစေခံများ ဖြစ်ကြစေ။ ဘုရားသခင် ပေးထားသော အဆုံးမရှိ ကတိတော်များတွင် ဝမ်းမြောက်ကြစေ။ သို့မှသာ ဘုရားသခင်၏ စိတ်တော်သည် မကြာခင် ငြိမ်သက်စွာ အနားယူနိုင်ပေမည်။ `ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ပြီးမြောက်ခြင်းသည် ဘုရားသခင်ကို ချစ်သော သူအပေါင်းတို့၏ ဆောင်ပုဒ်ဖြစ်သင့်သည်။ ဤစကားလုံးများကို ဝင်ရောက်ခြင်းငှာ လူသား၏ လမ်းပြမှုအဖြစ်နှင့် သူ၏ အပြုအမူကို လမ်းပြမည့် သံလိုက်အိမ်မြှောင်အဖြစ် အသုံးချသင့်သည်။ ဤအရာမှာ လူသားတွင် ရှိသင့်သည့် သန္နိဌာန်ဖြစ်သည်။ လောကတွင် ဘုရားသခင်၏ အမှုတော်ကို အကုန်အစင် ပြီးမြောက်ရန်နှင့် ဇာတိပကတိတွင် ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်မှာ လူသား၏ တာဝန်ဖြစ်သည်။ တစ်နေ့ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သောအခါ ကောင်းကင်က ဖမည်းတော်ထံ စောစောပြန်သွားသော သူ့ကို နှုတ်ဆက်ရလိမ့်မည်။ ဤအရာသည် လူသား ပြီးမြောက်သင့်သည် တာဝန် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

၁၃။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တွင် တတိယမြောက် ကောင်းကင်ကို ပြန်သွားစဉ်က ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်သော အမှုတော်သည် အဆုံးသတ်ပိုင်း အခန်းကို အမှန်အားဖြင့် ရွေ့ခဲ့ပြီးသားဖြစ်သည်။ လောကတွင် ကျန်ရစ်သော အရာအားလုံးသည် ယေရှု သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်စကောင်းနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ (ဤပစ္စည်းများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာများဖြစ်သည်) ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် အခိုက်အတန့်မျှ အုတ်အော် သောင်းနင်း ဖြစ်စေခဲ့ပြီးနောက်တွင် အေးဆေး တည်ငြိမ်သွားခဲ့သည်။ ထိုအချိန်မှစကာ ယေရှု၏ တပည့်တော်များသည် သူ၏ အမှုတော်ကို ရှေ့ဆက် လုပ်ဆောင်ကြကာ နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းကြ၊ ရေလောင်းကြသည်။ သူတို့ အမှုတော်၏ ရည်ရွယ်ချက်ဟူမူကား၊ လူသားအားလုံး နောင်တရရန်၊ သူတို့၏ အမြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် ဖြစ်သည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင် အသေခံခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အဘယ်အရာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ဖြန့်ဝေခဲ့ ကြသည်။ အယောက်တိုင်းသည် သူတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် လဲကျကြရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ကြချေ။ ထို့အပြင် တမန်တော်များသည် ယေရှု ဟောခဲ့သော နှုတ်ကပတ်တော်များနှင့် ယေရှု တည်ဆောက်ခဲ့သော နည်းဥပဒေသများနှင့် ပညတ်တရားများကို နေရာတိုင်းတွင် ဖြန့်ဝေခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်တွင် အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။ ယေရှုသည် ထိုခေတ်အတွင်း၌ ပြောခဲ့သည့် အကြောင်းအရာများသည်လည်း လူသား၏ အသက်တာနှင့် ကောင်းကင် ခမည်းတော်၏ အလိုတော်ကို အာရုံစိုက်ခဲ့သည်။ ခေတ်များသည် ခြားနားသောကြောင့်သာ ထိုပြောဆိုမှုများနှင့် လက်တွ့လုပ်ဆောင်မှုများထဲမှ များစွာသော အရာတို့သည် ယနေ့နှင့် ကြီးမားစွာ ခြားနားနေခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံး၏ အနှစ်သာရသည် တူညီသည်။ နှစ်ခုစလုံးသည် ဇာတိပကတိ၌ ဘုရားသခင် ဝိညာဉ်တော်၏ အမှုတော်ထက် မပိုသလို မလျော့ခဲ့ပေ။ ထိုသို့ အမှုတော်မျိုးနှင့် ထိုနှုတ်ကပတ်တော်များသည် ယနေ့တိုင် ဆက်လက်ဖြစ်နေသည်။ ထို့ကြောင့်ပင် ယနေ့ ဘာသာရေး အသင်းတော်များတွင် မျှဝဆဲအရာသည် ထိုအရားမျိုးဖြစ်ကာ လုံးဝကို ပြောင်းလဲခြင်းမရှိပေ။ ယေရှု၏ အမှုတော် အဆုံးသတ်ခဲ့စဉ်က ယေရှု ခရစ်တော်၏ လမ်းကြောင်းမှန်သည် လောကတွင် သက်ရောက်မှု ရှိနေဆဲဖြစ်သော်လည်း ဘုရားသခင်သည် သူ့အမှုတော်၏ နောက်တစ်ဆင့်ဖြစ်သော နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခြင်း ကိစ္စအတွက် အစီအစဉ်ကို စတင်ခဲ့သည်။ လူသားအဖို့ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုတော်ကို အဆုံးသတ်ခဲ့ခြင်း၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်တ်ခဲ့ခြင်းနှင့် မရဏာနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် ကိုယ်တော့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုတော်သည် အပြည့်အ၀ အဆုံးသတ်ခဲ့သည်ဟု တွေးကြသည်။ အမှန်တွင် ဘုရားသခင်အဖို့ သူ့အမှုတော်၏ အနည်းငယ်သော အပိုင်းသာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်တ်ခဲ့ရုံသာ ရှိသေးသည်၊ လူသားထဲရှိ စာတန်၏ အကျည်းတန်မှုကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်းပင် မရှိသေးပေ။ ထို့ကြောင့်ပင် ဘုရားသခင်မှ "ငါ၏ ခံယူထားသော လူ့ဇာတိသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း ထိုအရာကား ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်လှစွာသော သားတော်ဖြစ်ကာ ကားတိုင်တွင် ငါ့အဖို့ သံမှိုဆွဲနှက် ခံခဲ့ရသော်လည်း သူသည် ငါ၏ အမှုတော်ကို အပြည့်အ၀ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်းအမှုတော်၏ တစ်ပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်" ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်မှ ကယ်တင်ခဲ့သော အယောက်တိုင်းကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းငှာ အန္တရာယ်များ စွန့်စားရန် နောက်ထပ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

၁၄။ နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ့၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမည့် မြေနေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသော နဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည်ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံး လျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် နက်နဲစွာ နာကျင်မှုခံစားရသော ဤလူများကို နိုးထစေရန်၊ သူတို့ကို အကြွင်းမဲ့ နိုးထစေရန်နှင့် မြူထူရာမှ ထွက်ကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေရန် အလိုရှိသည်။ ဘုရားသခင်သည် သူတို့၏ အိပ်မက်မှ သူတို့ကို နိုးထရန်၊ သူတို့ကို အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိရန်၊ သူတို့၏ နှလုံးသားအားလုံးကို ဘုရားသခင်ထံ ပေးရန်၊ မှောင်မိုက်တန်ခိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ရန်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထကြွရန်နှင့် ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်ရန် အလိုရှိသည်။ သို့မှသာ ဘုရားသခင်သည် ဘုန်းတန်ခိုးရလိမ့်မည်။ ဤအကြောင်းပြချက် သက်သက်ကြောင့် ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်ခဲ့သော အမှုတော်ကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့သည်၊ ထွက်ခွာပြီးနောက် နှစ် ၂၀၀၀ နီးနီးတွင် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိကို တစ်ဖန်ခံယူသည်။ လူသား၏ ပကတိ မျက်လုံးအတွက် ဘုရားသခင်သည် ဇာတိပကတိတွင် အမှုတော်သစ်ကို အစပျိုးခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်အဖို့ သူသည် နှစ်ထောင်ပေါင်း အနည်းငယ်သာ ကာလခြားနားကာ အမှုတော်၏ တည်နေရာနှင့် အမှုတော်၏ စီမံကိန်းတွင် ပြောင်းလဲမှု တစ်ခုသာရှိသည့် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယနေ့ကာလ၏ အမှုတော်၌ ဘုရားသခင်မှ ခံယူသော ဇာတိပကတိ၏ ပုံသဏ္ဌာန်သည် ယေရှုနှင့် အတော်အတန် ခြားနားသော ပုဂ္ဂိုလ်ဖြစ်သော်လည်း သူတို့သည် တူညီသော အနှစ်သာရနှင့် ဇစ်မြစ်ကို မျှဝေကြကာ သူတို့သည် တူညီသော ရင်းမြစ်မှ လာသည်။ သူတို့၌ အပြင်ပိုင်း ခြားနားမှုများ အများအပြား ရှိကောင်းရှိမည် ဖြစ်သော်လည်း သူတို့၏ အတွင်းပိုင်း သမ္မာတရားများသည် အကြွင်းမဲ့ ထပ်တူကျသည်။ စင်စစ်အားဖြင့် ခေတ်များသည် နေ့နှင့်ညသဖွယ်သာ ခြားနားသည်။ ဘုရားသခင်၏ အမှုတော်သည် မပြောင်းလဲဘဲ မည်သို့ရှိနိုင်မည်နည်း။ သို့မဟုတ် အမှုတော်သည် တစ်ခုနှင့်တစ်ခု မည်သို့ ကြားဝင်နှောင့်ယှက်နိုင် မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

၁၅။ ယေရှုသည် ယုဒအမျိုးသား တစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို ယူဆောင်ခဲ့ကာ ယုဒလူမျိုးများ၏ ဝတ်စားဆင်ယင်မှုနှင့် လိုက်လျောညီထွေစွာ ဝတ်ဆင်ခဲ့ကာ ယုဒအစားအစာကို စားကာ ကြီးပြင်းခဲ့သည်။ ဤသည်မှာ သူ၏ သာမန် လူသားကဏ္ဍ ဖြစ်သည်။ သို့သော်လည်း ယနေ့ လူ့ဇာတိခံ ဇာတိပကတိသည် အာရှလူထု၏ ပုံစံကို ယူဆောင်ကာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံက အစားအစာအားဖြင့် ကြီးပြင်းသည်။ ဤအရာမှာ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ ပန်းတိုင်နှင့် ဆန့်ကျင်ခြင်း မရှိပေ။ ယင်းအစား သူတို့သည် တစ်ခုကိုတစ်ခု ပံ့ပိုးကြကာ ဘုရားသခင် လူ့ဇာတိခံခြင်း၏ စစ်မှန်သော အရေးပါမှုကို သာ၍ပင် ပြည့်၀စွာ စုံလင်စေသည်။ လူ့ဇာတိခံ ဇာတိပကတိသည် "လူသား" သို့မဟုတ် "ခရစ်တော်" အဖြစ် ရည်ညွန်းခြင်း ခံရသောကြောင့် ယနေ့ခရစ်တော်၏ အပြင်ပိုင်းသည် ယေရှုခရစ်တော်နှင့် တန်းတူမဖြစ်နိုင်ပေ။ အဆုံးတွင်မူ ဇာတိပကတိသည် "လူသား" ဟု ခေါ်ခြင်းခံရကာ ဇာတိပကတိ၏ ပုံရိပ်၌ ရှိသည်။ ဘုရားသခင် အမှုတော်၏ အဆင့်တိုင်း၌ အတော်အတန်ပင် နက်နဲသော အဓိပ္ပါယ်ပါသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခဲ့ရခြင်း အကြောင်းရင်းမှာ သူသည် အပြစ်သားများကို ရွေးနှုတ်ရန်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အပြစ်မရှိဘဲ ရှိနေခဲ့ရမည် ဖြစ်သည်။ သို့သော်လည်း အဆုံး၌သာ သူသည် အပြစ်ရှိသော ဇာတိပကတိကဲ့သို့ ဖြစ်လာအောင် အနိုင်အထက်ပြုခြင်းခံရကာ အပြစ်သားများ၏ အပြစ်များကို ယူဆောင်ကာ သူသည် ဘုရားသခင်က လူများကို ပြစ်တင်ဆုံးမရန် အသုံးပြုခဲ့သော ကျိန်ခြင်းခံ ကားတိုင်မှ သူတို့ကို ကယ်ဆယ်ခဲ့သည် (ကားတိုင်သည် လူများကို ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆိုခြင်းငှာ ဘုရားသခင်၏ တန်ဆာပလာဖြစ်ကာ၊ ဖော်ပြထားသော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆိုခြင်းမှာ အထူးသဖြင့် အပြစ်သားများကို ကျိန်ဆိုခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်သည်)။ ပန်းတိုင်မှာ အပြစ်သားများအားလုံး နောင်တရခြင်းရှိရန်နှင့် သူတို့၏ အပြစ်များ သူတို့ ဝန်ခံလာအောင် ကားစင်တင် အသေခံခြင်းကို အသုံးပြုရန်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်ခြင်းအတွက် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခဲ့သော ဇာတိပကိ၌ သူကိုယ်တိုင် လူ့ဇာတိ ခံယူခဲ့ပြီး လူသားမျိုးနွယ် အားလုံး၏ အပြစ်များကို ခံယူခဲ့သည်။ ဤအရာကို ဖော်ပြရန် ယေဘုယျအကျဆုံး နည်းလမ်းမှာ အပြစ်သားများ အားလုံးအဖို့ အလဲအလှယ်အဖြစ် သန့်ရှင်းသော ဇာတိပကတိကို ပူဇော်ခြင်းဖြစ်ကာ စာတန်၏ နင်းချေခြင်း ခံထားရသော အပြစ်မဲ့သော လူသားမျိုးနွယ် အားလုံး ဘုရားသခင်ထံ ပြန်အပ်ရန် စာတန်ကို `အသနားခံ´ရန် ၎င်း၏ ရှေ့မှောက်တွင် အပြစ်ဖြေရာ ယဇ်အဖြစ် ထားခံရသော ယေရှု၏ ဖြစ်ခြင်းနှင့် တန်းတူညီသည်။ ထို့ကြောင့် ကယ်တင်ခြင်း အမှုတော်၏ ဤအဆင့်ကို ပြီးမြောက်ရန် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူရန် လိုအပ်ခဲ့သည်။ ဤသည်မှာ လိုအပ်သော အခြေအနေဖြစ်ခဲ့ကာ ခမည်းတော် ဘုရားသခင်နှင့် စာတန်အကြားရှိ စစ်ပွဲအတွင်း "သဘောတူညီမူစာချုပ်" ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် ယေရှုသည် စာတန်ထံ ပေးခြင်းခံခဲ့ရပြီး ထိုသို့ပြုပြီးနောက်မှသာ အမှုတော်၏ ဤအဆင့်သည် အဆုံးသတ်ခဲ့သည်။ သို့သော်လည်း ယနေ့ ဘုရားသခင်၏ ရွေးနှုတ်ခြင်း အမှုတော်သည် မကြုံစဖူးလှအောင် ကြီးကျယ်ခမ်းနားပြီးသားဖြစ်ကာ စာတန်၌ တောင်းဆိုမှု ပြုလုပ်ရန် အကြောင်းပြချက် ဘာမျှမရှိသဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူရန် မလိုအပ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် မူလအားဖြင့် သန့်ရှင်းကာ အပြစ်ကင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုအကြိမ် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ကျေးဇူးတော်ခေတ်က ယေရှု မဟုတ်တော့ပေ။ သို့သော်လည်း သူသည် ကောင်းကင်က ခမည်းတော် ဘုရားသခင်၏ အလိုတော်နှင့် ခမည်းတော် ဘုရားသခင်၏ ဆန္ဒများကို ပြီးမြောက်ရဆဲ ဖြစ်သည်။ ဤအရာကို ကျိုးကြောင်း ဆီလျော်မှုမရှိသော ပြောဆိုမှုဟု မည်သို့ မှတ်ယူနိုင်မည်နည်း။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းသည် ပြဋ္ဌာန်းထားသော စည်းမျဉ်းများကို လိုက်နာ ရမည်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

၁၆။ လူသားတို့ ချို့ယွင်းသည့်အရာမှာ ဝိညာဉ်ရေးရာ အသက်တာ၏ ထောက်မခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အတွေ့အကြုံသာ မကဘဲ ထို့ထက်ပိုအရေးကြီးသည်မှာ ၎င်းတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများပင် ဖြစ်ကြောင်းကို နားလည်သဘောပေါက်ရန် လူသားသည် ယနေ့ထိတိုင် အချိန်ယူခဲ့ရသည်။ လူသားမျိုးနွယ်၏ သမိုင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ကို လူသား၏ လုံးဝ မသိနားမလည်မှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ အသိပညာ စိုးစဉ်းမျှ မရှိကြ။ လူသားသည် ဘုရားသခင်နှင့် ဆက်သွယ်မှု ရှိနိုင်ရန် သူ၏စိတ်နှလုံးသား နက်ရှိုင်းရာ၌ မျှော်လင့်သော်လည်း လူ့ဇာတိပကတိ၏ လွန်ကဲသော ယိုယွင်းပျက်စီးမှု၊ ထုံထိုင်းမှုနှင့် အကင်းမပါးမှုတို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသည့် အဖြစ်သို့ ယုတ်လျော့သွားသည်။ လူသားတို့၏ အတွေးများနှင့် ဝိညာဉ်များ အပါအဝင် ၎င်းတို့ နှလုံးသားများထဲ၌ နှစ်ပေါင်းထောင်ချီ ရှိနေခဲ့သည့် ဘုရားသခင်၏ ပုံရိပ်ကိုပါ ပုံသဏ္ဌာန် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် လူသားအကြား ယနေ့ဆင်းကြွလာသည်။ ဤအခွင့်အရေးမှ တစ်ဆင့် ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းငှာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူသား၏ အသိပညာမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ သူ့ကို သိကျွမ်းလာသည့် နည်းလမ်းနှင့် ၎င်းတို့ သူ့အပေါ် ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် စင်ကြယ်သော အနေအထားမှ စတင်နိုင်ရန်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများသည် ဤနည်းနှင့် အသစ်ပြုပြင်ခြင်း ခံရ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ရန်ဖြစ်သည်။ ကိုင်တွယ် ဖြေရှင်- ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်ပြီး သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့မှာ ပန်းတိုင်များ ဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းမှာ ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီ အချိန်ကပင် သူ့အတွက် ထိုရည်ရွယ်ချက်သည် အလောသုံးဆယ် ကိစ္စဖြစ်လာခဲ့သည်။ လူတိုင်းသည် ဤကိစ္စကို တိုး၍ဆင်ခြင်ကြရန် ငါမျှော်လင့်သည်။ ဘုရားသခင်၏ ဤအရေးတကြီး ရည်ရွယ်ချက်သည် မကြာမီ ပြီးစီးနိုင်ရန်နှင့် ကမ္ဘာမြေကြီး ပေါ်ရှိ ဘုရားသခင် အမှု၏ နောက်ဆုံးအဆင့်သည် အသီးအပွင့်ဖြစ်ထွန်းသော နိဂုံးသို့ ရောက်ရှိနိုင်ရန် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တွေ့ကြုံခံစားပုံကို ပြောင်းလဲပါ။ သင်တို့ပြုသင့်သည့်အတိုင်း သင်တို့၏ သစ္စာ စောင့်သိခြင်းကို ပြပြီး နောက်ဆုံးအကြိမ်အနေနှင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ပါ။ ညီအစ်ကို မောင်နှမများထဲမှ မည်သူကမျှ ဤဝတ္တရားကို ခေါင်းရှောင်မည် မဟုတ် သို့မဟုတ် စိတ်မပါဘဲနှင့်လုပ်မည် မဟုတ်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် ဤအကြိမ်တွင် ဖိတ်ခေါ်ချက်အရနှင့် လူသား၏အခြေအနေကို ထောက်ရှု၍ လူ့ဇာတိထဲသို့ ဆင်းကြွလာသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သူသည် လူသားကို လိုအပ်သော အရာနှင့် ဖြည့်စွမ်းပေးရန် ကြွလာခြင်း ဖြစ်သည်။ သူသည် လူသားတိုင်းကို မည်သို့သော အရည်အသွေး သို့မဟုတ် မျိုးရိုးဖြစ်သည် ဖြစ်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြင်နိုင်စေမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ တည်ရှိမှုနှင့် ထင်ရှားမှုကို မြင်ပြီး ၎င်းတို့အတွက် ဘုရားသခင်၏ စုံလင်စေမှုကို လက်ခံနိုင်စေမည်။ သူ၏ နှုတ်ကပတ်တော်သည် လူသား၏ အတွေးများနှင့် အယူအဆ များကို ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်သည် လူ့နှလုံး၏ နက်ရှိုင်းရာ အရပ်များထဲ၌ ခိုင်မြဲစွာ အမြစ်တွယ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အလို ဖြစ်သည်။ လူသား၏ စရိုက်သဘာဝသည် မည်မျှပင် ကြီးမြတ်နေပါစေ၊ လူသား၏ အနှစ်သာရသည် မည်မျှပင် ညံ့ဖျင်းနေပါစေ သို့မဟုတ် လူသားသည် အတိတ်တွင် မည်ကဲ့သို့ပင် လုပ်ဆောင်ခဲ့ပါစေ ဘုရားသခင်သည် ထိုအရာများကို အလေးမထား။ လူသားကို ၎င်းတို့၏ နှလုံးသားများထဲရှိ ဘုရားသခင်၏ ပုံရိပ်ကို လုံးလုံးလျားလျား အသစ်ပြုပြင်စေရန်နှင့် လူသားမျိုးနွယ်၏ အနှစ်သာရကို သိကျွမ်း လာစေရန်သာ သူမျှော်လင့်သည်၊ ထိုသို့ဖြင့် လူသား၏ အတွေးအမြင် သဘောတရားဆိုင်ရာ အမြင်သည် ပြောင်းလဲသွားမည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို နက်ရှိုင်းစွာ တောင့်တနိုင်ရန် သူမျှော်လင့်ပြီး သူနှင့် ထာဝရတည်သော သံယောဇဉ် ရှိနိုင်ရန်သာ သူမျှော်လင့်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသော အရာအားလုံးပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

၁၇။ နှစ်ထောင်ပေါင်း အချို့၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့် ပတ်သက်သည့် အသိပညာသည် လူသား၏ အတွေးအခေါ်၊ အယူအဆများနှင့် စိတ်နေစိတ်ထားတို့ကို ထွင်းဖောက်၍ မရနိုင်အောင်နှင့် ဖြိုခွဲ၍ မရနိုင်အောင် တင်းကျပ်စွာ ပိတ်ဆီးထားခဲ့သည်။ နောက်တစ်ဖန် အလင်းကို မမြင်တွေ့စိမ့်သောငှာ မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ၎င်းတို့သည် ခံခဲ့ရသည့်အလား လူသားသည် ငရဲ၏ ဆယ့်ရှစ်ထပ်မြောက်ထဲ၌ နေထိုင်သည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူသားကို အသက် မနည်းရှူနေရပြီး မွန်းကျပ်စေသည်အထိ ဖိနှိပ်ထားသည်။ ၎င်းတို့တွင် ခုခံခြင်းငှာ ခွန်အား စိုးစဉ်းမျှပင် မရှိဘဲ ဆိတ်ငြိမ်စွာပင် သည်းခံပြီးရင်း သည်းခံနေရသည်။...မည်သူကမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုအတွက် ရပ်တည်ရန် သို့မဟုတ် တိုက်ခိုက်ရန် လုံးဝမဝံ့ရဲကြ၊ ၎င်းတို့သည် ကံကျွေးချစနစ်ဆိုင်ရာ အရှင်သခင်များ၏ မတရားဖိနှိပ်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့အောက်၌ တိရစ္ဆာန်တစ်ကောင်ထက်ပင် မသာသော အသက်တာကို တစ်နှစ်ပြီးတစ်နှစ်၊ တစ်နေ့ပြီးတစ်နေ့ ရှင်သန်နေကြသည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်မှုကို ခံစားနိုင်ရန် ဘုရားသခင်ကို ရှာဖွေခြင်းငှာ မည်သည့်အခါမှ မတွေးတောခဲ့ပေ။ လူသားသည် ညှိုးခြောက်ကာ ညိုတူးနေသော ဆောင်းဦး ရွက်ကြွေများကဲ့သို့ နေခြစ်ခြစ်တောက်ပူသည့်ဒဏ်ကို ခံခဲ့ရသည့် အလားပင်ဖြစ်သည်။ ကြာမြင့်စွာကတည်းက လူသားသည် ၎င်းတို့၏မှတ်ဉာဏ်ကို ဆုံးရှုံးသွားပြီး ငရဲနှင့်အတူ ပျက်စီးသွားစိမ့်သောငှာ နောက်ဆုံးသောကာလ၏ ကြွလာခြင်းကိုစောင့်ရင်းနှင့် လူ့လောကဟူသော အမည်နှင့် ငရဲထဲတွင် ခိုကိုးရာမဲ့စွာ နေထိုင်သည်မှာ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသောကာလသည် အေးလူသော ငြိမ်သက်ခြင်းကို ၎င်းတို့ခံစားရမည့် နေ့ဖြစ်လေသည့်အလား ဖြစ်တော့သည်။ လူသားသည် ခုခံရန် သာ၍ပင် မစွမ်းနိုင် ဖြစ်စေရန် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ အသက်တာကို “မရဏနိုင်ငံ” သို့ ယူဆောင်သွားခဲ့သည်။ အမျိုးမျိုးသော ဖိနှိပ်မှုများသည် လူသားကို မရဏထဲသို့ သာ၍ နက်ရှိုင်းစွာ တဖြည်းဖြည်းနှင့် ကျဆင်းသွားစေပြီး ဘုရားသခင်ထံမှ ဝေးကွာသွားစေသည်။ ယခုတွင်မူ ဘုရားသခင်သည် လူသားနှင့် သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီး သူတို့ဆုံတွေ့ကြသောအခါ လူသားသည် သူ့ကို လျင်မြန်စွာရှောင်ရှား၏။ လူသားသည် ဘုရားသခင်ကို တစ်ခါမှ မသိဖူး သို့မဟုတ် မတွေ့ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ ပယ်ထားသည်။ ဘုရားသခင်သည် လူသားအသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် စောင့်ဆိုင်းနေခဲ့သော်လည်း သူ၏မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားထံ ဦးတည်ထားခဲ့ခြင်း လုံးဝမရှိခဲ့။ လူသားသည် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန်သာ သူသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ရှေးကာလ၌ ဘုရားသခင်သည် လူ့လောကသို့ ကြွလာခဲ့ပြီး လူသားကဲ့သို့ တူညီသောဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့သည်။ လူသားနှင့်အတူ နှစ်ပေါင်းများစွာတိုင် သူနေထိုင်ခဲ့ပြီး မည်သူကမျှ သူ၏ တည်ရှိမှုကို မသိရှိခဲ့ကြ။ ဘုရားသခင်သည် သူနှင့်အတူ ယူဆောင်လာသည့် အလုပ်ကို လုပ်ဆောင်နေရင်းနှင့် လူ့လောက၏ ဝေဒနာကို ဆိတ်ငြိမ်စွာ ကြံ့ကြံ့ခံနေခဲ့သည်။ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် သူသည် လူသားတို့ ယခင်တစ်ခါမှ မကြုံတွေ့ မခံစားဖူးသည့် နာကျင်ခြင်းကို ခံစားရင်း ကြံ့ကြံ့ခံခဲ့သည်။ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် သူသည် လူသားရှေ့မှောက်တွင် တိတ်ဆိတ်စွာနှင့် လူသားတို့ကို အစေခံခဲ့ပြီး မိမိကိုယ်မိမိ နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးယူသွားခဲ့ပြီး လူသားကို မာရ်နတ်တို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်ခဲ့သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်း ငါးကျမ်းတို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီး ထိုစာအုပ်များနှင့် ဂန္တဝင်ကျမ်းတို့ကို ရေးခဲ့သော သူများကို တိုး၍ကိုးကွယ်စေကာ ဘုရားသခင်နှင့် ပတ်သက်သည့် လူသားတို့၏ အယူအဆများကို တိုးစေခဲ့သည်။ မာရ်နတ်တို့၏ ရှင်ဘုရင်သည် လူသား၏ နှလုံးသားကို အားရဝမ်းသာ သိမ်းပိုက်နေစဉ် ၎င်းသည် အကြင်နာမဲ့စွာဖြင့် ဘုရားသခင်ကို လူသား၏ နှလုံးသားထဲမှ လူသားတို့ သတိပြုမိခြင်း မရှိဘဲနှင့် ပထုတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ လူသားသည် မာရ်နတ်တို့ ရှင်ဘုရင်၏ မျက်နှာရှိသည့် အကျည်းတန်ကာ ကောက်ကျစ်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်းတို့၏ ရင်ဘတ်များကို ဖြည့်လေပြီး မာရ်နတ်တို့ ရှင်ဘုရင်၏ မလိုမုန်းထားမှုသည် လူသားအထဲ၌ တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့သည်မှာ လူသားသည် လုံးဝဥဿုံ ဝါးမြိုခံခဲ့ရသည်အထိ ဖြစ်သည်။ လူသားသည် လွတ်လပ်မှု မရှိတော့ဘဲ မာရ်နတ်တို့ ရှင်ဘုရင်၏ ကျော့ကွင်းမှ လွတ်မြောက်ရန် တတ်နိုင်ခြင်း မရှိတော့။ ထို့ကြောင့် လူသားသည် မရွေ့ဘဲရှိနေရုံသာ တတ်နိုင်ပြီး ဖမ်းဆီးခံရကာ မာရ်နတ်တို့၏ ရှင်ဘုရင်ကို အညံ့ခံ၍ ၎င်း၏ လက်အောက်ခံဘဝ ရောက်ရှိခဲ့ရသည်။ ၎င်းသည် ကြာမြင့်စွာကတည်းက လူသား၏ နုပျိုသော နှလုံးသား အတွင်းထဲ၌ ဘုရားမဲ့ဝါဒီဟူသော အကျိတ်၏ အစေ့ကို ပျိုးချခဲ့ပြီး လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူခြင်း၊ ခေတ်မီရေး လေးချက်ကို အကောင်အထည်ဖော်ခြင်း၊ လောကကြီး၌ ဘုရားသခင်ဟူသည် မရှိ” စသည်ကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်သည်။ ထိုမျှ သာမကဘဲ အားလုံးကို မိမိနိုင်ငံအတွက် အမှုထမ်းရန် ကလေးဘဝတည်းမှ အသင့်ရှိနေရန် တောင်းဆိုလျက် ၎င်းသည် “ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှု မှတစ်ဆင့် လှပသော ဇာတိမြေကို တည်ဆောက်ကြပါစို့” ဟုလည်း ထပ်ဖန်တလဲလဲ ကြွေးကြော်ခဲ့သည်။ လူသားသည် မရည်ရွယ်ပါဘဲနှင့် ၎င်း၏ရှေ့မှောက်သို့ ယူဆောင်ခြင်း ခံရပြီး (ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်တော်ထဲ၌ ကိုင်ထားခြင်းကို ရည်ညွှန်းလျက်) ၎င်းသည် မဆိုင်းမတွပင် မိမိကိုယ်ကိုယ် ဂုဏ်တင်ခဲ့လေသည်။ ၎င်းသည် တစ်ကြိမ်တစ်ခါမျှပင် မရှက်ခဲ့ဖူး သို့မဟုတ် အရှက်တရား မရှိခဲ့ပေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ လူတို့ကို ၎င်း၏အိမ်ထဲသို့ အရှက်မရှိ ဖမ်းသွားချုပ်ထားပြီး မိမိမှာမူ စားပွဲပေါ်သို့ ကြွက်တစ်ကောင်လေအလား ခုန်တက်ကာ မိမိအား ဘုရားသခင်အဖြစ် လူသားကို ကိုးကွယ် စေလေသည်။ ၎င်းသည် ထင်ရာစိုင်း ရမ်းကားသူပင် ဖြစ်တော့သည်။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများကြောင့် ဖြစ်သည်၊ မိုးသည် ရေငွေ့ဖွဲ့၍ မိုးစက်များအဖြစ် ကမ္ဘာမြေကြီးသို့ ကျလာသော အစက်များပင်ဖြစ်သည်၊ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများ ကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်း ဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်၌ အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ထိုအရာများမှာ သဘာဝဖြစ်စဉ်များ ဖြစ်သည်။ အဘယ်အပိုင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သနည်း၊” ဟူသည့် တုန်လှုပ်ဖွယ် မကောင်းသတင်းများကို ဟစ်ကြော်လေသည်။ ၎င်းသည် “လူသားမှာ ရှေးမျောက်ဝံများမှ ဆင်းသက်လာပြီး ယနေ့လောကကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ကုဋေတစ်ရာခန့်က ရှေးကျသော လူ့အဖွဲ့အစည်းတစ်ခုမှ အဆင့်ဆင့်ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားသည် သို့မဟုတ် ကျရှုံးသည် ဆိုခြင်းမှာ ထိုနိုင်ငံ၏ ပြည်သူများလက်ထဲတွင် မူတည်သည်၊” ဟူသော အရှက်မဲ့သည့် ထုတ်ပြန်ချက်များကိုပင် ကြွေးကြော်သည်က။ နောက်ဘက်တွင် ၎င်းသည်လူသားကို ၎င်းအား နံရံများပေါ်၌ ဇောက်ထိုး ချိတ်ဆွဲစေပြီး ဌာပနာထားရန်နှင့် ကိုးကွယ်ခြင်းခံရရန် စားပွဲများပေါ် တင်စေသည်။ “ဘုရားသခင် မရှိ”ဟု ၎င်းက ဟစ်အော် နေစဉ်၎င်းသည် ၎င်းကိုယ်၎င်း ဘုရားအဖြစ် မှတ်ယူပြီး ဘုရားသခင်ကို ကမ္ဘာ၏ ပြင်ပသို့ မဆုတ်မနစ် တွန်းထုတ်နေသည်။ ၎င်းသည် ဘုရားသခင်၏ နေရာ၌ အစားဝင်ပြီး မာရ်နတ်တို့၏ ရှင်ဘုရင်အဖြစ် ပြုမူသည်။ လုံးဝ ရယ်ဖွယ်ရာပင် ကောင်းတော့သည်။ ၎င်းသည် လူတစ်ယောက်ကို အဆိပ်ရှိသော အမုန်းတရား၏ ဝါးမျိုခြင်းကို ခံရစေသည်။ ဘုရားသခင်သည် ၎င်း၏ ထာ၀ရရန်သူဖြစ်ပြီး ဘုရားသခင်သည် ၎င်းနှင့် ကျေအေး၍မရနိုင်သည့် ပုံပေါ်သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိစဉ် ၎င်းသည် ဘုရားသခင်ကို နှင်ထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ ထိုသို့သော မာရ်နတ်တို့၏ ရှင်ဘုရင်ပင် ဖြစ်တော့သည်။ ငါတို့သည် ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး ထိုအလုပ်ကို ပျက်စီး၍ လုံးလုံး ဖရိုဖရဲ မဖြစ်မချင်း ၎င်းသည် အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်လိုသည့် အလားဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် ချဉ်းကပ်သည်။ ၎င်း၏ မသတီစရာ မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်း ခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက် ရှိပြီး ဆိုးရွားသည့် အတိဒုက္ခထဲ၌ ရှိနေသော်လည်း ၎င်းသည် ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကိုမူ စိတ်လျှော့ခြင်းမရှိသည်မှာ ၎င်းသည် မိမိ၏ နှလုံးသားထဲမှ မုန်းတီးခြင်းကို ဖြေလျှော့နိုင်ရန် ဘုရားသခင်ကို တစ်ကိုက်တည်းနှင့် လုံးလုံးလျားလျား ဝါးမျိုနိုင်ရန် အလိုရှိသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ ဤမုန်းတီးဖွယ် ရန်သူဖြစ်သည့် ၎င်းကို ငါတို့သည် မည်သို့လျှင် သည်းခံနိုင် မည်နည်း။ ၎င်းကို အမြစ်ဖြတ် ချေမှုန်းခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခြင်းသာလျှင် ငါတို့အသက်တာ၏ လိုအင်ကို အဆုံးသတ်စေလိမ့်မည်။ ၎င်းသည် မည်သို့လျှင် သောင်းကျန်းပြေးလွှားနေခွင့်ကို ရနေသနည်း။ လူသားမှာ ကောင်းကင်နေမင်းကိုပင် မသိတော့ဘဲ ထုံတေထိုင်းမှိုင်းလာသည့် အတိုင်းအတာအထိ ၎င်းသည် လူသားကို ယိုယွင်းဖျက်ဆီးခဲ့သည်။ လူသားသည် ပုံမှန် လူ့ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားလေပြီ။ ကျန်ရှိနေသော အန္တရာယ်ကို ကြောက်ရွံ့မှုအား ရှင်းရှင်းသုတ်သင်ရန်နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ သာ၍ဆောလျင်စွာ ရောက်ရှိစေခွင့်ပြုရန်အတွက် ၎င်းကို ဖျက်ဆီးရန်နှင့် မီးရှို့ရန် ငါတို့သည် ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် မစွန့်လွှတ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူသားတို့ အကြား ရောက်လာပြီး အကြွင်းမဲ့ ဆူပူမှုနှင့် ဝရုန်းသုန်းကား အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် လူသားအားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်လာခဲ့ပြီး လူသားတို့ကို အစိတ်စိတ် အမွှာမွှာကွဲသွား စိမ့်သောငှာ တွန်းချရန်နှင့် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုရန် တိတ်တဆိတ် ကြံစည်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် နိုင်ချေမရှိသည့် လောင်းကစားကို၁၀ ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အယုတ်မာဆုံးသော ပြစ်မှုများကို ကျူးလွန်သည့် မာရ်နတ်တို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် စင်စစ်ပင် ပြင်ဆင်ထားပြီး လေပြီ။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ဘဲ ထိုကားတိုင်ကို မာရ်နတ်အတွက်ံ ချန်ထားခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက အောင်ပွဲခံလျက် ထွက်ပေါ်ခဲ့ပြီး လူသားမျိုးနွယ်၏ အပြစ်များအတွက် ပူဆွေးခြင်းကို ခံစားခြင်း မရှိတော့။ သူသည် လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

၁၈။ ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ နိဂုံးအဆုံးအထိ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်နေခဲ့ပြီး ဘုရားသခင်နှင့် စိတ်သဘောထား ကွဲလွဲစွာ ပြုမူနေခဲ့သည််။ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နှင့် ပတ်သက်သည့် ပြောဆိုဆွေးနွေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု၏ အဖိုးထိုက်သော အသိပညာ၊ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ အဆုံးအမများနှင့် ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချ စနစ်ဆန်သော ထုံးတမ်းများ အားလုံးတို့သည် လူသားကို ငရဲထဲသို့ ဆွဲယူသွားသည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့သည်လည်း မည်သည့်နေရာမှာမှ ရှာမတွေ့နိုင်။ ယင်းအစား ဘုရားသခင်၏ အလုပ်ကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖျက်ဆီးရန်အလို့ငှာ ရှေး “မျောက်ဝံများ” မှ ပြန့်ပွားစေခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများ သက်သက်ကိုသာ အသားပေး သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် နှိပ်စက်ခဲ့သည်သာမကဘဲ ၎င်းသည် လူသားကို လုံးလုံးလျားလျား ဝါးမျိုခြင်းငှာ၁၁ ဆန္ဒရှိသည်။ ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို ကြာရှည်စွာ ကူးစက်စွဲကပ် နေခဲ့ပြီး လူသားကို မာရ်နတ် အကြီးနှင့် အသေးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဘုရားသခင်ကို မဆိုင်းမတွ လက်ခံပြီး ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရရွှင်လန်းစွာနှင့် ကြိုဆိုကြမည့် လူအနည်းငယ်သာ ရှိသည်။ လူသား၏ မျက်နှာသည် လူသတ်မှုနှင့် ပြည့်နှက်နေပြီး အရပ်ခပ်သိမ်း၌ မရဏ တရားသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤကုန်းမြေမှ နှင်ထုတ်ရန် ကြိုးစား ကြသည်၊ လက်ထဲတွင် ဓားမြောင်များနှင့် ဓားရှည်များနှင့်အတူ ၎င်းတို့သည် ဘုရားသခင်ကို သုတ်သင် ပယ်ရှင်းရန်အလို့ငှာ မိမိတို့ကိုယ်မိမိ စစ်ခင်းကျင်းရန် စီစဉ်လေသည်။ ဘုရားသခင်မရှိဟု အစဉ်တစိုက်ပင် သွန်သင်ခြင်းခံရသော လူသားတို့နေရာ အရပ်ဖြစ်သည့် မာရ်နတ်၏ ကုန်းမြေတစ်လျှောက်တွင် ရုပ်တု ဆင်းတုများ ပျံ့နှံ့နေသည်။ ဤကုန်းမြေ၏ အထက်တွင် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့သည် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အလွန်ပင် ထူထဲလှသည့်အတွက် မွန်းကျပ်စေ၏။ မြွေသည် ရစ်လိမ်လျက် ခွေခေါက်သည့်အခါ ထောင်းခနဲထွက်လာသော အနည်အနှစ်တို့၏ အနံ့ဖြစ်ပုံရပြီး ၎င်းအနံ့သည် လူသားမှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ပြင်းထန်လှသည်။ ၎င်းအပြင် ဆိုးညစ်သော နတ်ဆိုးများသည် ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည်ကို သဲ့သဲ့မျှကြားနိုင်ပေသည်။ ထိုအသံသည် ဝေးကွာလှသော ငရဲမှ လာသည့်ပုံရပြီး လူသားသည် ကျောရိုးတစ်လျှောက် မအေးစိမ့်သွားဘဲ မနေနိုင်ပါ။ ဤကုန်းမြေတစ်လျှောက်၌ သက်တံရောင်စုံနှင့် ရုပ်တုဆင်းတုများသည် ပြန့်ကျဲနေပြီး ယင်းသည် ကုန်းမြေတစ်ခုလုံးကို ပြိုးပြက်သော လောကကြီးအဖြစ် ပြောင်းလဲသွားစေကာ၊ ၎င်း၏ ဆိုးညစ်သော အကြံအစည်သည် အောင်မြင်သွားသည့် အလား မာရ်နတ်တို့၏ ရှင်ဘုရင်သည် ၎င်း၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုကို ဆင်ယင်ထားသည်။ ထိုအချိန်အတောအတွင်း လူသားသည် ထိုအရာကို လုံးဝ သတိမထားမိသကဲ့သို့၊ မာရ်နတ်သည် လူသားကို အသိတရားမဲ့ပြီး အရေးနိမ့်လာသည့် အတိုင်းအတာထိတိုင် ယိုယွင်းဖျက်ဆီးခဲ့ပြီး ဖြစ်သည်ကိုလည်း မသိချေ။ ၎င်းသည် ဘုရားသခင်၏ အရာခပ်သိမ်းကို တစ်ချက်တည်းနှင့် ရှင်းရှင်းသုတ်သင်ရန်၊ ဘုရားသခင်ကို နောက်တစ်ဖန် စော်ကားရန်နှင့် လုပ်ကြံသတ်ဖြတ်ရန် အလိုရှိပြီး၊ ဘုရားသခင်၏ အလုပ်ကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြိုးပမ်း၏။ ၎င်းသည် ဘုရားသခင်အား အဆင့်အတန်း တစ်တန်းတည်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်ခဲ့သနည်း။ လူသားတို့အကြား အလုပ်ကို ဘုရားသခင်၏ “ကြားဝင် စွပ်ဖက်ခြင်း” အား ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏မသတီစရာမျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်ရသနည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က နှောင့်ယှက်ရန် ၎င်းသည် အဘယ်သို့ နှင့် ခွင့်ပြုရသနည်း။ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေသာ ဤမာရ်နတ်သည် ကမ္ဘာမြေကြီး ပေါ်ရှိ ၎င်း၏ အာဏာလက်ကိုင်ကို ဘုရားသခင်က အစိုးရသွားစေရန် အဘယ်သို့နှင့် ခွင့်ပြုရသနည်း။ အဘယ်သို့နှင့် ၎င်းသည် အရှုံးကို လိုလိုလားလား ဝန်ခံသနည်း။ ၎င်း၏ မသတီစရာ အသွင်အပြင်သည် အဘယ်ရာဖြစ်သည်ကို ဖော်ထုတ်ခြင်းခံခဲ့ရသောကြောင့် ငိုရမလို ရယ်ရမလို ဖြစ်နေကာ ပြောဆိုဖို့ရန် ဧကန်ပင် အခက်တွေ့လှ၏။ ဤသည်မှာ ၎င်း၏ အနှစ်သာရပင် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ရှိသော်လည်း ၎င်းသည် မယုံနိုင်လောက်အောင်ပင် ချောမောလှပသည်ဟု ၎င်းယုံကြည်နေဆဲရှိ၏။ ကြံရာပါများ၏ ထိုအုပ်စုတို့။၁၂ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ကစဉ့်ကလျားဖြစ်စေရန် သေမျိုးဖြစ်သော လူသား အကြား ဆင်းသက်လာသည်။ ၎င်းတို့၏ နှောင့်ယှက်မှုသည် လောကကြီးထဲ၌ ပြောင်းလဲလွယ်မှုကို ဖြစ်ပေါ်စေပြီး လူသား၏ နှလုံးသားထဲသို့ အကြောက်တရားကို ယူဆောင်လာကာ လူသားသည် မူလက သန့်ရှင်းသော လူသား၏ လက္ခဏာ စိုးစဉ်းမျှ ပိုင်ဆိုင်ခြင်း မရှိတော့ဘဲ မခံမရပ်နိုင်အောင် အကျည်းတန်သော သားရဲများနှင့် သဏ္ဌာန်တူလာသည်အထိ ၎င်းသည် လူသားကို ဖောက်ပြန်ပျက်ပြားစေခဲ့လေသည်။ ၎င်းတို့ သည် ကမ္ဘာမြေကြီးပေါ်၌ မင်းဆိုးမင်းညစ်များအဖြစ် အာဏာယူကြရန်ပင် ဆန္ဒရှိကြ၏။ ဘုရားသခင် ၏ အလုပ်သည် အရှေ့သို့တိုးရန် အနိုင်နိုင် ဖြစ်သွားစေရန် ၎င်းသည် ဘုရားသခင်၏ အလုပ်ကို ဟန့်တားပြီး သံမဏိနှင့် ကြေးနီတံတိုင်းများ နောက်ကွယ်တွင် ရှိနေသည့်အလား လူသားကို ပိတ်ထား၏။ များစွာသော အပြစ်များကို ကျူးလွန်ခဲ့ပြီး များပြားလှသော ဒုက္ခ ဖြစ်ပွားစေခဲ့ပြီးနောက် ၎င်းတို့သည် ပြစ်တင် ဆုံးမခြင်းကို စောင့်မျှော်ရုံမှလွဲ၍ အခြားအဘယ်အရာကို မည်သို့လျှင် မျှော်လင့်နိုင်ပါမည်နည်း။ မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ကမ္ဘာမြေကြီးပေါ်၌ ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်း နိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ်စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။ ထိုမာရ်နတ်အကြီး အငယ်တို့သည်ပင် သာ၍တန်ခိုးကြီးသော မာရ်နတ်၏ ခွန်အားကို မှီ၍ မောက်မာလာကြပြီး ခလောက်ဆန်ရန် စတင်တော့သည်။ ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်သော်လည်း တမင်တကာ ခုခံကြ၏။ ပုန်ကန်ခြင်း၏ သားများပါတကား။ ၎င်းတို့၏ ငရဲဘုရင်သည် ယခု၌ မင်းမြောက်ပလ္လင်သို့ တက်ခဲ့ ပြီးဖြစ် သည့်အတွက် ၎င်းတို့သည် မာန်ဝင့်လာကြပြီး အခြားသူများ အားလုံးကို အထင်အမြင်သေးစွာ ဆက်ဆံသည့်အလား ဖြစ်သည်။ မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန်၁၃ နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့သည် အပုပ်အပျက်ပေါ်မှ ယင်ကောင်များထက် ဘာမှမပိုသည်ကို သဘောပေါက်ခြင်းမရှိဘဲနှင့် ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ယင်ကောင်များသည် ၎င်းတို့၏ မိဘများကို သွားပေါက်သော ဝေလငါး၁၄ သမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတိုကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ဤနည်းနှင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်သည် (ဤသည်မှာ ဘာသာရေးလောက၏ အတွင်းဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူး ခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ့ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို နှစ်ထောင်ပေါင်း အချို့မျှ ဆက်လက် သက်ဆိုး ရှည်စေရင်း မိမိတို့၏ ညှဉ်းပန်းနှိပ်စက်သော အလုပ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။ နှစ်ထောင်ပေါင်းအချို့အကြာတွင် မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားလာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လျှို့ဝှက်စွာ ယုတ်လျော့အောင်ပြုရန် နည်းလမ်းများကို အစဉ်တစိုက်ပင် တွေးတော သည်။ ၎င်းတို့သည် စဉ်းလဲပြီး ကလိမ်ကျတတ်ကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်တစ်ဖန် ဖြစ်လာစေရန် ဆန္ဒရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ကျယ်လောင်စွာ အော်ဟစ်ရန် စေ့ဆော်လုနီးပါး ဖြစ်ပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ တတိယ ကောင်းကင်ဘုံသို့ ပြန်ကြွသွားလိုခြင်းကို ဘုရားသခင်သည် မနည်းထိန်းနေရ၏။ လူသားက ဘုရားသခင်ကို ချစ်ရန်အလို့ငှာ သူသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို နားလည်ရမည်ဖြစ်သည့်အပြင် ဘုရားသခင် အဘယ်အရာကို စက်ဆုပ်သည်ဆိုခြင်းကိုလည်း နားလည်ရမည်။ ဤသည်မှာ လူသား၏ ရှေ့တိုး ဝင်ရောက်ခြင်းကို သာ၍ကောင်းမွန်စေလိမ့်မည်။ လူသား၏ ဝင်ရောက်မှုသည် သာ၍ မြန်လေလေ၊ ဘုရားသခင်၏ စိတ်နှလုံးသည် သာ၍ ကျေနပ်လေလေ ဖြစ်သည်၊ မာရ်နတ်တို့၏ ရှင်ဘုရင်ကို လူသားတို့၏ ထိုးထွင်းသိမြင်မှုသည် သာ၍ရှင်းလင်းလေလေ၊ လူသားသည် ဘုရားသခင်၏ အလိုဆန္ဒသည် ပြည့်စုံနိုင်ရန် ဘုရားသခင် အနီး သာ၍ချဉ်းကပ်လေလေ ဖြစ်သည်၊ ထိုသို့အားဖြင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

၁၉။ နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အလုပ်မှာ စိတ်ဒဏ်ရာ ကြီးမားစွာ ခံစားခဲ့ရသော ၎င်းတို့၏ နှလုံးသားသည် ပြန်လည် ပုံသွင်းခြင်း ခံရပြီး နတ်ဆိုး၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံခဲ့ရသော ၎င်းတို့၏ ဝိညာဥ်သည် ကယ်နှုတ်ခြင်း ခံခဲ့ရသည်အထိ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း၏ ဝိညာဥ်ကို ပြုပြင်ရန်၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း၏ ဝိညာဥ်ကို ပြောင်းလဲစေရန် ဖြစ်သည်ဟု ကြိမ်ဖန်များစွာ ငါပြော ခဲ့ပြီ၊ ယင်းအလုပ်မှာ လူတို့၏ ဝိညာဥ်များကို နိုးကြားစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော်ကျစေရန်နှင့် ၎င်းတို့အား ပြန်လည် နုပျိုခွင့် ပြုရန် အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလိုပင် ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများသည် မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ လေးနက်သိမ်မွေ့သည် ဆိုသည်အား ဘေးချိတ်ထားပါ။ လူတို့၏ နှလုံးသား များသည် နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးမှ ပြုလုပ်ဖြစ်ပေါ်စေသည့် အန္တရာယ်ကို ပြည့်စုံ ကောင်းမွန်စွာ သိလာသောအခါ ဘုရားသခင် အမှုတော်၏ အလုပ်သည်ပြီးစီးပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏အလုပ် ပြီးဆုံးသွားသော နေ့ရက်သည် လူသားမှာ ဘုရားသခင်အား မှန်ကန်စွာ ယုံကြည်ခြင်း၏ လမ်းကြောင်းပေါ်၌ တရားဝင် စတင်သောအချိန် လည်း ဖြစ်သည်။ ယခုအချိန်တွင်ူ ဘုရားသခင်၏ အမှုတော်မှာ အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ ဘုရား သခင်၏ လူ့ဇာတိခံယူသော အလုပ်သည် လုံးလုံး ပြီးဆုံးသွား ခဲ့ပြီး ဖြစ်ပြီး လူသားသည် သူထမ်းဆောင် သင့်သည့် တာဝန်ကို တရားဝင် စတင်ထမ်းဆောင် လိမ့်မည်— လူသားသည် သူ၏ အမှုတော်ကို ထမ်းဆောင် လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အလုပ်၏ အဆင့်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤအရာများ ကို သိခြင်းအပေါ် အခြေခံ၍ သင်တို့၏ ဝင်ရောက်ရန် လမ်းကြောင်းကို စမ်းတဝါးဝါး ရှာသင့်သည််။ ဤအရာအားလုံးသည် သင်တို့ နားလည်သင့်သည့် အရာများ ဖြစ်သည်။ လူသား၏ ဝင်ရောက်ခြင်းသည် သူ၏ နှလုံးသား နက်ရှိုင်းရာအတွင်း အပြောင်းအလဲများ ဖြစ်ပွားသောအခါမှသာလျှင် တိုးတက်ပေလိမ့်မည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည်- ရွေးနှုတ်ခံရပြီးသော်လည်း အမှောင် စွမ်းအားများ၏ အောက်တွင် နေထိုင်လျက်ရှိသေးပြီး မိမိကိုယ်ကိုယ်မိမိ လုံးဝနိုးထစေခြင်း မရှိသော မာရ်နတ်များ စုဝေးရာဤအရပ်မှ- လူသားအား ပြီးပြည့်စုံစွာ ကယ်တင်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ခြင်း ခံရပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်ဖြစ်သည်၊ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးကာ ဘုရားသခင်၏ နိုင်ငံ တော်ကို တည်ထောင်ပြီး ဘုရားသခင်၏ စိတ်နှလုံးသည် ဆောလျင်စွာ အနားယူနိုင်စေရန်ဖြစ်သည်၊ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို ခြွင်းချန်ခြင်း မရှိဘဲ ဖွင့်ချပြောဆိုရန်၊ ထိုမှိုတက် နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ကွာခြားခြင်းမရှိသည့် ဤအသက်တာကို သင်တို့ စွန့်ခွာနိုင်ရန်၊ ကျွန်အဖြစ် ထပ်ဖြစ်မနေတော့ရန်၊ အဆင်း နီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေးစေခိုင်းခြင်းကို မခံရတော့ရန် ဖြစ်သည်။ သင်တို့ သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ကောက်ကျစ်ယုတ်မာသည့် အဆင်းနီသော နဂါးနီကြီးနှင့်လည်း သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ၎င်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်။ မာရ်နတ်၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်တည်ရကြလိမ့်မည်— သင်တို့သည် ဘုရား သခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်သည် ကြာမြင့်စွာ ကတည်းက ဤအမိုက်မှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင်အောင် ရွံရှာနေခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်လျက် ဤဆိုးညစ်၍ ကောက်ကျစ်ယုတ်မာကာ အိုသော မြွေအပေါ် သူ၏ ခြေအား အင်မတန်မှပင် ချချင်နေလေသည်၊ ထိုသို့အားဖြင့် ယင်းမြွေသည် မည်သည့်အခါမျှ ပြန်လည် ထကြွခြင်း မပြုရန်နှင့် လူသားအား နောက်တစ်ဖန် မည်သည့်အခါမျှ နှိပ်စက်ညှဥ်းပန်းခြင်း မပြုရန် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းမြွေ၏ အတိတ်က လုပ်ရပ်များကို လွတ်ငြိမ်းခွင့် ပေးမည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်၊ ခေတ်ကာလများ တစ်လျှောက်မှ ၎င်း၏ အပြစ်များ တစ်ခုချင်းစီ တိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှု အားလုံး၏ ဤခေါင်သူကြီး အား၁၅ အနည်းငယ်မျှပင် သက်ညှာပေးလိမ့်မည် မဟုတ်၊ သူသည် ၎င်းကို ရှင်းရှင်း ဖျက်ဆီးပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

၂၀။ နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်းနေကြကာ လိမ်လှည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်၁၆ အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။၁၇ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုတ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်းနေခဲ့သည်။ ဤခြံစောင့်ခွေးအုပ်စုသည် ဘုရားသခင်သည် ၎င်းတို့ကို မသိလိုက်သည့်ချိန်မှာ ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို သုတ်သင်ပယ်ရှင်းကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း၏ နေရာမရှိဘဲ ဖြစ်စေ မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ နေကြလျက် စူးရဲသော မျက်လုံးများနှင့် စူးစိုက်ကြည့်နေသည်။ ဤတစ္ဆေ မြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့တွင် အဘယ်သုံးသပ်ချက်တို့ ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလို်ကို နားလည်နိုင်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လုံးလုံး ်ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်စိတစ်မှိတ်အတွင်း လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင် သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့် စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဥ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဥ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး ကြင်နာခြင်း အစအနမျှပင် မရှိဘဲ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေးများလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များ လော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့်အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ်ကို မည်သူ ပံ့ပိုး်ခဲ့ သနည်း။ ဘုရားသခင်၏ အလုပ်အတွက် မည်သူသည် ၎င်းတို့၏အသက်တာကို စွန့်လွှတ်ခဲ့သနည်း၊ သို့မဟုတ် သွေးမြေခခဲ့သနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုင်အောင်၊ မိဘများမှသည် သားသမီးများအထိ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား ခပ်ဆတ်ဆတ်ပင် ကျွန်ပြုခဲ့ကြသည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်း များစွာသော အမုန်းတရားသည် နှလုံးသားထဲတွင် အနယ်ထိုင်နေခဲ့သည်၊ နှစ်ပေါင်းထောင်ချီသော အပြစ်နှင့် ပြည့်နှက်မှုသည် နှလုံးသားထက် တွင် ရေးထွင်းထားလျက်ရှိသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆောဘဲဲ ရှိနိုင် မည်နည်း။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ လူသားသည် ကြာမြင့်စွာ ကတည်းကပင် သူ၏ ခွန်အား အလုံးစုံ ကို စုစည်းခဲ့လေပြီ၊ သူ၏ ကြိုးထုတ်မှု အားလုံးကို ပေးအပ်မြှုပ်နှံခဲ့ကာ အဖိုးအခတိုင်းကို ဤအရာအတွက် ပေးဆပ်ခဲ့လေပြီ။ မာရ်နတ်၏ အ ကျည်း တန်သော မျက်နှာကို ဆုတ်ဖြဲကာ၊ မျက်စိကွယ်စေခြင်း ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခနှင့် ဝေဒနာ အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ရသော လူများကို ၎င်းတို့၏ နာကျင်မှုမှ ထလာစေလျက် ဤဆိုးညစ်သော မာရ်နတ်အိုအား သူတို့ ကျောခိုင်းခွင့်ပြုပေးရန် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်း ခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့် မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့အကြား နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အကြား ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုကဲ့သို့ အလွန်အမင်း တောင့်တခြင်းကို အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ် ထပ် ခေါ်ခိုင်းအောင် လုပ်ရသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ်ပြုရသနည်း။ ဤအမိုက်မှောင် လူ့အဖွဲ့အစည်းနှင့် ၎င်း၏ ဝမ်းနည်းဖွယ် ခြံစောင့်ခွေးများတို့သည် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့်ကို အဘယ်ကြောင့် မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ နေနေရသော လူသား သည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက်နှင့် ဘုရားသခင်သည် ကြီးစွာသော ညှဥ်းဆဲခြင်း ကို ကြံ့ကြံ့ခံခဲ့ပြီ၊ ကြီးစွာသော နာကျင်မှုနှင့် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သူသည် သင်တို့အား နှင်းအပ်ခဲ့ပြီ— ထို့ကြောင့် သင်တို့သည် အဘယ်အတွက်နှင့် မမြင်ချင် ယောင်ဆောင်နေကြ သနည်း။ လူဘုံအလယ်တွင် သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်းကို ငြင်းပယ်ကြပြီး ဘုရားသခင် ၏ ခင်မင်ရင်းနှီးမှုကို ငြင်းဆိုခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန်တရာမှပင် ကျိုးကြောင်း မဆင်ခြင် နိုင်ရသနည်း။ သင်တို့သည် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းအတွင်းရှိ မတရားမှုများကို ကြံ့ကြံ့ခံရန် ဆန္ဒရှိနေကြသလော။ နှစ်ထောင်ချီသည့် မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့် အစား အဘယ်ကြောင့် သင်တို့သည် မိမိတို့ကိုယ်မိမိ မာရ်နတ်တို့ ရှင်ဘုရင်၏ “ချေး” နှင့် သိပ်ထည့်ကြ သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

၂၁။ ဘုရားသခင် အလုပ်အတွက် အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်စုံတစ်ယောက်မှ သိခဲ့ ဖူးလေသလော။ စွဲမြဲနေသည့် အယူသည်းသော အရောင်ဆိုးမှုများနှင့် ပိတ်လှောင်ခံထားရသည့် လူများတွင် အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သိကျွမ်းရန် တတ်စွမ်းနိုင်မည်နည်း။ ခေတ် နောက်ကျော့သော ယဥ်ကျေးမှုဆိုင်ရာ ဤအသိပညာသည် အလွန်ပင် တိမ်လှပြီး အဓိပ္ပာယ် မရှိသည့်အတွက် ၎င်းတို့သည် ဘုရားသခင်မှ ပြောကြားခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့လျှင် လုံးလုံးလျားလျား နားလည်နိုင်မည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင်၍၊ နှုတ်ချင်းဆိုင်၍ ပြောဆိုကာ ဖြည့်သွင်းပေးလျှင်ပင် ၎င်းတို့သည် အဘယ်သို့လျှင် နားလည်နိုင်မည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သည် ပင်းနေသော နားများအပေါ်သို့ ကျရောက်သွားလေသည့် အလားပင် ဖြစ်သည်။ လူများသည် စိုးစဥ်းမျှပင် တုံ့ပြန်ခြင်း မရှိ၊ သူတို့၏ ဦးခေါင်းများကို လှုပ်နေလျက် အဘယ်အရာကိုမျှ နားလည်ခြင်း မရှိ။ အဘယ်သို့လျှင် ဤအရာသည် စိတ်မပူစေဘဲ ရှိမည်နည်း။ ဤ “အလှမ်းဝေး၍၁၈ ရှေးကျသော ယဥ်ကျေးမှု ဆိုင်ရာ သမိုင်းနှင့် ယဥ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုကဲ့သို့သော အသုံးမကျသော လူအုပ်စုတစ်စုကို ပြုစုပျိုးထောင်ခဲ့လေပြီ။ ဤရှေးကျသော ယဥ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက် ပုံကြီးသာ ဖြစ်တော့သည်တကား။ ယင်းအရာသည် ပြောရက်စရာ မရှိအောင် ဆိုးရွားသော အရာ၊ ထာဝရ ပြက်ရယ်ပြုရာ ဖြစ်လာသည်မှာ ကြာလှပေပြီ။ ယင်းအရာသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်း၏ လှည့်ကွက်များနှင့် နည်းပရိယာယ်များကို သင်ပေးခဲ့ပြီး အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ ညင်သာ သော လမ်းညွှန်မှု”၁၉ သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံရန်အကြောင်း ဖြစ်စေခဲ့သည်။ ဘုရား သခင် အလုပ်၏ အစိတ်အပိုင်း အသီးသီးသည် အလွန်တရာမှပင် ခက်ခဲလှပြီး ကမ္ဘာပေါ်ရှိ သူ့အလုပ်၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေခဲ့သည်။ ကမ္ဘာပေါ်ရှိ သူ၏ အလုပ်သည် ခက်ခဲလှသည်တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်အလုပ်၏ အဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင် သည်— လူသား၏ အားနည်းမှု၊ ချို့ယွင်းမှု၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် ပတ်သက်၍ အရာ အားလုံး— တစ်ခုချင်းစီတိုင်းအား ဘုရားသခင်သည် စေ့စပ်သေချာစွာ စီစဥ်ခဲ့ပြီး တိကျမှန်ကန်စွာ ထည့်သွင်း စဥ်းစားပေးခဲ့သည်။ လူသားသည် မည်သူမျှ ထောင်ချောက်မဆင်ရဲသော သို့မဟုတ် ရန်မစရဲသော စက္ကူကျား ကဲ့သို့ပင် ဖြစ်သည်။ ထိလိုက်ရုံလေးနှင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး လမ်းပျောက် လေတော့သည်၊ ယင်းသို့ဖြစ်ခြင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်လေးမျှ ဆုံးသွားသည်နှင့် အကျင့်ဆိုးကို ပြန်၍ ကျင့်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ အဖဝက်နှင့် အမိခွေးတို့၏ ခန္ဓာ ကိုယ်များ၏ မသန့်ရှင်းသော အရာများ၌ မွေ့လျော်ရန် ၎င်းတို့ထံ ပြေးသွားလေသည့် အလားပင် ဖြစ်တော့သည်။ ကြီးစွာသော အဟန့်အတားပါတကား။ လက်တွေ့အရတွင် သူ၏ အဆင့်အသီးသီးတွင် ဘုရားသခင် သည် စမ်းသပ်ခံရကာ အဆင့်အားလုံး နီးပါးသည် ကြီးစွာသော အန္တရာယ်ကို ယူဆောင်လာသည်။ သူ၏ နှုတ်ကပတ်တော်များသည် စိတ်ရင်းမှန်၍ ရိုးသားကာ မလိုတမာစိတ်တို့ မပါသော် ငြားလည်း မည်သူသည် ယင်းတို့ကို လက်ခံလိုစိတ် ရှိသနည်း။ မည်သူသည် လုံးလုံးလျားလျား ဆက်ကပ် အပ်နှံလိုစိတ် ရှိသနည်း။ ၎င်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ကြိုးပမ်းဲသည်၊ လူသား၏ အသက်တာအတွက်နှင့် သူသည် သောကဗျာပါရနှင့် ဝိုင်းဝိုင်းလည် နေခဲ့ပြီး လူသား၏ အားနည်းမှုကို သူသည် စာနာလေသည်။ သူ့အလုပ်၏ အဆင့်အသီးသီးတွင် သူပြောသော နှုတ်ကပတ်တော်တိုင်း အတွက် သူသည် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် စုပ်လည်းဆူး စားလည်းရူးသော အခြေအနေတွင် အမြဲရောက်နေခဲ့ပြီး လူသား၏ အားနည်းမှု၊ နာမခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်စွမ်း မရှိမှုတို့ကို နှစ်ဆယ့်လေးနာရီပတ်လုံး ကြိမ်ဖန်တစ်လဲလဲ အမြဲတွေးတောသည်။ ဤသည်ကို မည်သူသည် သိခဲ့ဖူးသနည်း။ မည်သူ့ကို ဘုရားသခင်သည် ယုံကြည်စိတ်ချကာဖွင့်ပြောနိုင်သနည်း။ မည်သူသည် နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ အမြဲတစေပင် ဘုရားသခင်သည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှုနှင့် ကြောက်ချေးပါမှုကို စက်ဆုပ်ရွံရှာပြီး အမြဲတစေပင် သူသည် လူသား ၏ ခုခံနိုင်စွမ်း မရှိခြင်းအတွက် စိုးရိမ်ပူပန်ပြီး လူသား၏ အရှေ့တွင် တည်ရှိနေသည့် လမ်းကြောင်းအား ချင့်ချိန်စဥ်းစားပေးသည်။ အစဥ်အမြဲပင် ဘုရားသခင်သည် လူသား၏ လုပ်ရပ်များနှင့် စကားလုံးများကို လေ့လာစီစစ်သည့်အခါ ယင်းတို့သည် သူ့အား သနားဂရုဏာ၊ အမျက်ဒေါသနှင့် ပြည့်စေပြီး ဤအရာများကို မြင်တွေ့နေရခြင်းသည် သူ့နှလုံးသားအား အစဥ်အမြဲပင် နာကျင်မှုများ ယူဆောင်လာပေးသည်။ အပြစ်မဲ့သော သူတို့သည် အဆုံးတွင်တော့ အကြင်နာကင်းမဲ့လာလေပြီ၊ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင် အမြဲပင် လုပ်ရသနည်း။ ချည့်နဲ့သော လူသားတွင် ဇွဲလုံ့လတို့ လုံးဝဥဿုံ ကင်းမဲ့လေသည်၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားပေါ် ယင်းကဲ့သို့ မရပ်စဲသော အမျက်ဒေါသ အမြဲပင် ရှိရသနည်း။ အားနည်း၍ အစွမ်းမဲ့သော လူသားသည် ရှင်သန်မှုစွမ်းအင်များ စိုးစဥ်းမျှပင် မရှိကြ တော့၊ အဘယ်ကြောင့် ဘုရားသခင်သည် လူသားအား အမြဲပင် သူ၏ မနာခံမှုအတွက် ပြစ်တင်ကြိမ်းမောင်း ရသနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်မည်နည်း။ အဆုံးတွင် လူသားသည် ကျိုးပဲ့လွယ်၍ အကျဥ်းအကျပ်ထဲ ရောက်နေပြီး ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ၏ နှလုံးသားအထဲ နက်ရှိုင်းရာသို့ ဖိထားလေပြီ၊ သို့မှသာ လူသားသည် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခထဲ ကျရောက်နေသော လူသား သည် ဘုရားသခင်၏ အလိုတော်နှင့် ပတ်သက်၍ တန်ဖိုးထားလေးမြတ်မှု စိုးစဥ်းမျှ မရှိချေ။ သူသည် မာရ်နတ် တို့၏ အိုသော ရှင်ဘုရင်၏ နင်းခြေခြင်းကို ခံနေခဲ့ရသော်လည်း လုံးလုံးပင် သတိမူမိခြင်းမရှိ၊ သူသည် အမြဲပင် ဘုရားသခင်အား ဆန့်ကျင်သည်၊ သို့မဟုတ် သူသည် ဘုရားသခင် အား မပူမအေး သဘောထားမျိုး ထားရှိသည်။ ဘုရားသခင်သည် အလွန်များစွာသော နှုတ်ကပတ်တော်များ ကို ပြောကြားခဲ့သော်လည်း မည်သူသည် ယင်းတို့ကို လေးနက်စွာ ခံယူခဲ့ဖူးသနည်း။ လူသားသည် ဘုရား သခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းမရှိ၊ သို့သော်လည်း သူသည် စိတ်ဒုက္ခမရောက်၊ တောင့်တ ခြင်း မရှိဘဲ ရှိနေပြီး အိုသော မာရ်နတ်၏ အနှစ်သာရကိုလည်း စစ်မှန်စွာ သိရှိခဲ့ခြင်း လုံးဝ မရှိချေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲတွင် နေကြသော်လည်း မိမိတို့ကိုယ်မိမိ ပင်လယ်ကြမ်းပြင်မှ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်ကွပ်ခြင်းကို ခံရသော် လည်း မိမိတို့ကိုယ်မိမိ နဂါးတိုင်းပြည်၏ “ကျေးဇူးပြုခြင်း” ခံရသည်၂၀ ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မာရ်နတ်၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံရသော်လည်း မိမိတို့ကိုယ်မိမိ ဇာတိပကတိ၏ အသာလွန်ဆုံးသော ဖန်တီးကြံဆမှုကို ပျော်မွေ့နေရသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အလွန်ပင် ညစ်ပဲ့စုတ်ပြတ်လျက် အောက်တန်းကျသော စုတ်ချာချာလူ တစ်သိုက်တို့ ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သော်လည်း သူသည် ယင်းကို မသိ၊ ဤအမိုက်မှောင် လူ့အဖွဲ့အစည်း အတွင်း အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ၂၁ သော်လည်း သူသည် ယင်းကို လုံးဝသိရှိခြင်း မရှိသေး။ အဘယ်အချိန်မှ သူသည် ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်မိမိ ပထုတ်လိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန်မှပင် အလေးမထားဘဲ ရှိနေရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲအတွက် တိတ်တဆိတ်ပင် အပြစ်မယူ လျစ်လျူရှုထားလေ သလော။ အမှောင်မှ အလင်းသို့ သူပြောင်းနိုင်သည့် နေ့ရက်ကို သူသည် ဆန္ဒ မရှိလေသလော။ သမ္မာ တရားနှင့် ဖြောင့်မတ်ခြင်းတို့အပေါ် တရားမျှတမှု မရှိခြင်းကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒ မရှိလေသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်လျက် အမှန်တရားများကို မလိမ့်တပတ်လုပ်သည်ကို သူသည် ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေရန် ဆန္ဒရှိလေသလော။ ဤနှိပ်စက်ညှဥ်းဆဲမှုအား ဆက်လက်၍ ကြံ့ကြံ့ခံနေရသည်ကို သူသည် ပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် အလိုရှိလေသလော။ ဘုရားသခင်၏ လက်ထဲတွင် သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့်အတူ အတူတူ ပျက်စီးခြင်းသို့ ရောက်ရန် အလိုရှိလေသလော။ သင်၏ စိတ်ပိုင်းဖြတ်ချက်ကား အဘယ်မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာ နည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်း ကား အဘယ်မှာနည်း။ သင်သည် သင်၏ဘဝ၂၂ တစ်ခုလုံးကို မာရ်နတ်တို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးထံ စွန့်လွှတ်ရန် အလိုရှိလေသလော။ ၎င်းမှ သင့်အား သေသည်တိုင်အောင် နှိပ်စက်ကလူပြုသည်ကို သင်သည် ပျော်ရွှင်စွာခွင့်ပြုလေသလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်လျက် မှောင်မိုက်နေသည်၊ ထိုကဲ့သို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံထံသို့ ဟစ်ကြွေးကြကာ ကမ္ဘာ မြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင် မည်နည်း။ လူသားသည် အရိုးပေါ် အရေတင်နေ၍ ကြုံလှီလှသည်၊ သူသည် ဤရက်စက်၍ အာဏာရှင်ကဲ့သို့ ကြမ်းကြုတ်လှသော မာရ်နတ်အား အဘယ်သို့လျှင် ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် ချက်ချင်းပင် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ယိမ်းယိုင်လျက် ရှိနေသေးသနည်း၊ ဘုရားသခင်၏ အလုပ်ကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ဤသို့ ရောက်တတ်ရာရာ နှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရ၍ သူ၏ ဘဝ တစ်ခုလုံးသည် အဆုံးတွင် အချည်းနှီးသက်သက် ဖြုန်းပြီးဖြစ်သွားပေမည်။ အဘယ်ကြောင့် သူသည် ရောက် လာရန် ယင်းသို့ အလောတကြီး ဖြစ်နေရသနည်း၊ ထွက်ခွာသွားရန် ယင်းသို့ အလျင်လိုနေရသနည်း။ ဘုရား သခင်အား ပေးအပ်ရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို သိမ်းထားခြင်း မရှိရ သနည်း။ နှစ်ထောင်ချီတိုင် မုန်းတီးခြင်းကို သူသည် မေ့လျော့သွားလေပြီလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

၂၂။ ခိုင်မာစွာအမြစ်တွယ်နေသော လူမျိုးစုရိုးရာများနှင့် စိတ်နေသဘောထားအမြင်တို့သည် ကာလကြာမြင့်သည့် အချိန်ကတည်းက ဖြူစင်၍အပြစ်ကင်းစင်သော လူသား၏စိတ်ဓာတ်ပေါ်သို့ အမှောင်ရိပ် လွှမ်းမိုးခဲ့၏၊ စိတ်ခံစားမှု သို့မဟုတ် အတ္တစိတ် လုံးဝမရှိသည့်အလား ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းမျှမရှိဘဲ လူသား၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ခဲ့၏။ ဤနတ်ဆိုးတို့၏ နည်းလမ်းများသည် လွန်ကဲစွာရက်စက်၍ “ပညာပေး” နှင့် “ပြုစုပျိုးထောင်ခြင်း” တို့သည် နတ်ဆိုးတို့၏မင်းမှ လူသားအား သတ်ဖြတ်သည့်နည်းလမ်းဖြစ်သွားခဲ့သည့်အလား ဖြစ်သည်၊ ၎င်း၏ “လေးနက်သည့် အဆုံးအမ” ကို အသုံးပြု၍ ၎င်းသည် ၎င်း၏အကျည်းတန်သောဝိညာဉ်ကို အပြည့်အဝ ဖုံးအုပ်ထား၍၊ လူသား၏ ယုံကြည်စိတ်ချမှုကို ရရှိရန် သိုးရေကိုခြုံလျက် လူသားအိပ်စက်နေသည့်အခါ သူ့အားလုံးဝ ဝါးမျိုရန် အခွင့်ကောင်းယူ၏။ သနားစဖွယ် လူသားမျိုးနွယ်ပေတည်း။ ၎င်းတို့ကို ကျွေးမွေးပြုစုသည့် နိုင်ငံသည် နတ်ဆိုး၏နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွေးမွေးပြုစုသူသည် အကယ်စင်စစ် ၎င်းတို့ကို ထိခိုက်သော ရန်သူဖြစ်ကြောင်းကို ၎င်းတို့ မည်သို့သိနိုင်ခဲ့မည်နည်း။ သို့ရာတွင် လူသားသည် လုံးဝ နိုးထခြင်း မရှိပေ၊ အဆာပြေ၊ ရေငတ်ပြေပြီးနောက် သူသည် သူ့အားကျွေးမွေးပြုစုသည့် “မိဘများ” ၏ “ကြင်နာမှု” အတွက် ကျေးဇူးပြန်ဆပ်ရန် ပြင်ဆင်၏။ ယင်းမှာ လူသား ဘယ်လိုဘယ်ပုံဟူသည်ပင် ဖြစ်၏။ သူ့အား ကျွေးမွေးပြုစုခဲ့သော ဘုရင်မင်းသည် သူ၏ရန်သူဖြစ်ကြောင်းကို ယနေ့ သူမသိသေးပေ။ ကမ္ဘာမြေကြီးသည် သေဆုံးသူတို့၏အရိုးများ ပြန့်ကျဲလျက်ရှိသည်၊ နတ်ဆိုးသည် အလွန်အမင်း စိတ်လှုပ်ရှားမှု၊ စိတ်တက်ကြွမှုဖြင့် မရပ်မနား ပျော်မြူးကာ “မြေအောက်ကမ္ဘာ” တွင် လူသား၏အသားကို ဆက်လက်ဝါးမျို၍ လူ့အရိုးစုများနှင့် သင်္ချိုင်းတွင် အတူနေကာ လူသား၏စုတ်ပြတ်နေသော ကိုယ်ခန္ဓာမှ နောက်ဆုံးအကြွင်းအကျန်များကို စားရန် အချည်းနှီး ကြိုးစား၏။ သို့ရာတွင် လူသားသည် အစဉ်ပင် အသိဉာဏ်မဲ့လျက်ရှိ၍ မာရ်နတ်အား သူ၏ရန်သူအဖြစ် မည်သည့်အခါမျှ သဘောထားခဲ့ခြင်းမရှိဘဲ ယင်းအစား သူ၏နှလုံးသားတစ်ခုလုံးဖြင့် အစေခံ၏။ ဤကဲ့သို့သော အကျင့်စာရိတ္တပျက်စီးသော လူမျိုးများသည် ဘုရားသခင်ကို သိနိုင်စွမ်း ရှိကိုမရှိနိုင်ကြပေ။ လူ့ဇာတိခံယူ၍ ၎င်းတို့အကြားလာကာ သူ၏ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နေခြင်းသည် ဘုရားသခင်အတွက် လွယ်ကူသလော။ မရဏနိုင်ငံအတွင်း ထိုးကျနှင့်ပြီးဖြစ်သော လူသားသည် ဘုရားသခင်၏သတ်မှတ်ချက်များကို မည်သို့ဖြည့်ဆည်းနိုင်မည်နည်း။ လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန် လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ လူသားအား ၎င်း၏နာခံမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ သူ၏အမှုကို သူကိုယ်တိုင်ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို အောင့်ခံ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့သက်ဆိုင်နိုင်သနည်း။ သူ၏အသက်တာကို ငရဲ၌ အဘယ်သို့ကုန်ဆုံးနိုင်သနည်း။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ သက်သာခြင်းသို့ရောက်ရန် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့လာရန် အရှက်ကွဲခြင်းကို အောင့်ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင် လူသားကိုကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်း ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အားဆန့်ကျင်ရန် အဘယ်သို့အရည်အချင်းမီသနည်း။ ဘုရားသခင်အကြောင်း နောက်ထပ်တစ်ကြိမ် ညည်းညူရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို နောက်ထပ်ကြည့်ရန် သူသည် အဘယ်သို့ အတင့်ရဲနိုင်မည်နည်း။ ကောင်းကင်ဘုံ၏ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့လာရောက်ခဲ့ပြီး သူ၏မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များ၂၃ နှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သောတောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ မည်သည့်အခါမျှ လူသားအပေါ် တောင်းဆိုမှုများ လွန်ကဲစွာ မပြုခဲ့ဖူးဘဲ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက်တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသားလိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ လုပ်ဆောင်ရုံသာရှိ၏။ သူ၏အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ဘဝအတွက် မဟုတ်သနည်း။ သူသည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ညတမျှမည်းနက်သော အမှောင်စွမ်းအား၏ ဒုက္ခဝေဒနာနှင့် ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသောမိခင်ကဲ့သို့ဖြစ်သည့် ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ စိတ်အားထက်သန်သော ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ပြင်းပြသောနှလုံးသားနှင့် အလွန်တက်ကြွသော မျှော်လင့်ချက်များသည် အေးစက်သောနှလုံးသားများ၊ အကြင်နာတရားမဲ့သော ဂရုမစိုက်သည့် မျက်လုံးများ၊ လူသား၏ ကြိမ်ဖန်တလဲ အပြစ်ဖော်ဆုံးမခြင်းများနှင့် စော်ကားမှုများ၊ နာကျည်းစေသောဝေဖန်ချက်များ၊ ထေ့လုံးငေါ့လုံးနှင့် သိမ်ငယ်စေမှုတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ လူသား၏လှောင်ပြောင်မှု၊ သူ၏ စော်ကားမှုနှင့် ငြင်းပယ်မှု၊ သူ၏နားလည်သဘောပေါက်မှုလွဲခြင်းနှင့် ညည်းတွားခြင်းနှင့် ကွဲကွာခြင်းနှင့် ရှောင်ရှားခြင်းတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရကာ လှည့်ဖြားမှု၊ တိုက်ခိုက်မှုများနှင့် ခါးသီးမှုတို့မှလွဲ၍ မည်သည့်အရာမျှမပါရှိပေ။ နွေးထွေးသောစကားများသည် ရက်စက်ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်းတစ်ထောင်တို့၏ လှိုက်လှဲပျူငှာမှုကင်းသော အာခံမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ခေါင်းငုံ့လျက် လူတို့အား လိုလားမှုရှိသည့် နွားထီးကဲ့သို့ အစေခံကာ သည်းခံရုံသာတတ်နိုင်၏။၂၄ သူသည် သူ၏ဖခင်ထံမှ ထွက်ခွာခြင်း၏နာကျင်မှုထက် အဆတစ်ထောင် မချိမဆန့်ဝေဒနာကို အောင့်ခံရင်း၊ လူသား၏တိုက်ခိုက်မှုများနှင့် ချိုးဖဲ့မှုများကို အောင့်ခံရင်း၊ လူသား၏ ကိုင်တွယ်မှုနှင့် ပြုပြင်ခြင်းတို့ကိုအောင့်ခံရင်း၊ နေပေါင်း၊ လပေါင်းမည်မျှ၊ ကြယ်များနှင့်ရင်ဆိုင်ခဲ့သည့် အကြိမ်ရေမည်မျှ၊ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည့်အကြိမ်ရေမည်မျှ ရှိသနည်း။ ဘုရားသခင်၏နှိမ့်ချမှုနှင့် မမြင်ရမှုသည် လူသား၏ အခြေအမြစ်မရှိသော အစွဲအလမ်း၊၂၅ လူသား၏ မတရားသောအမြင်များ၊ ဆက်ဆံမှုများနှင့် ကျေးဇူးဆပ်ခံရကာ သူ၏ မထင်မရှား သိုသိပ်နေခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့သည် လူသား၏လောဘကြီးသော အကြည့်ဖြင့် ကျေးဇူးဆပ်ခံခဲ့ရသည်၊ လူသားသည် စိတ်မသန့်ခြင်း မဖြစ်ဘဲ ဘုရားသခင်သေသည်အထိ ခြေနှင့်ဆောင့်နင်းရန် ကြိုးစားကာ ဘုရားသခင်အား မြေကြီးအတွင်းသို့ နင်းခြေရန် ကြိုးစား၏။ ဘုရားသခင်အပေါ် ဆက်ဆံခြင်း၌ လူသား၏စိတ်သဘောထားသည် “ရှားပါးသောကျွမ်းကျင်မှု” တစ်ရပ်ဖြစ်ပြီး လူသား၏အနိုင်ကျင့်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံရသော ဘုရားသခင်သည် သောင်းပေါင်းများစွာသောလူတို့၏ ခြေများအောက်တွင် ပြားနေအောင် အဖိခံရချိန်၌ လူသားသည် ရဲတိုက်၏ဘုရင်ဖြစ်မည့်အလား၊ အကြွင်းမဲ့အာဏာကို ရယူလိုသည့်အလား၊၂၆ ခန်းဆီးနောက်ကွယ်မှ လူအများ၏အလေးဂရုပြုမှုကိုရရှိရန်၊ တန်ပြန်တိုက်ခိုက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်း ပြုခွင့်မရှိသော တာဝန်သိ၍ စည်းကမ်းလိုက်နာသည့် ညွှန်ကြားရေးမှူးအဖြစ် ဘုရားသခင်ကိုပြုလုပ်ရန် မြင့်မားစွာ ရပ်လျက်ရှိ၏။ ဘုရားသခင်သည် နောက်ဆုံးသောဧကရာဇ်မင်း၏ အခန်းမှ ပါဝင်ရမည်၊ သူသည် လွတ်လပ်မှု လုံးဝကင်းမဲ့သည့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ရမည်ဖြစ်သည်။၂၇ လူသား၏လုပ်ဆောင်ချက်များသည် ပြောပြ၍မရသဖြင့် သူသည် ဘုရားသခင်အား ဤအရာ၊ ထိုအရာ တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ၎င်းသည် ဘုရားသခင်အား အကြံပြုချက်များ အဆိုပြုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ဘုရားသခင်သည် သူ၏အားနည်းချက်များကို ထောက်ထားရေးအတွက် တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ သူသည် ဘုရားသခင်၏ကြင်နာမှုကို လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ ဘုရားသခင်၏ သဘောထားကြီးမှုကို ထပ်ခါတလဲရရှိရန် မည်သို့သင့်တော်သနည်း။ သူသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲ လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ သူ၏ သြတပ္ပစိတ်သည် အဘယ်မှာနည်း။ ၎င်းသည် ရှေးမဆွက ဘုရားသခင်၏အသည်းခွဲခဲ့သည်၊ ထိုကြာမြင့်သည့် အချိန်ကတည်းက ဘုရားသခင်၏နှလုံးကို အပိုင်းပိုင်းအစစ ထားခဲ့သည်။ နွေးထွေးမှုနည်းပါးသော်လည်း လူသားသူ့အပေါ် စိတ်စေတနာရှိရန် မျှော်လင့်လျက် ဘုရားသခင်သည် လူသားအကြားသို့ နိုးကြားတက်ကြွစွာ လာရောက်ခဲ့၏။ သို့ရာတွင် ဘုရားသခင်၏ နှလုံးသားသည် လူသားအားဖြင့် နှစ်သိမ့်ခံရရန် နှေးကွေး၏၊ သူလက်ခံရရှိသမျှမှာ တမဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့်၂၈ တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုသာဖြစ်၏၊ လူသား၏နှလုံးသားသည် လောဘရမ္မက်ကြီးလွန်း၏၊ သူ၏အလိုဆန္ဒသည် ကြီးမားလွန်း၍ သူသည် မည်သည့်အခါမျှ အာသာပြေနိုင်မည် မဟုတ်ပေ၊ သူသည် အစဉ်ထိခိုက်နစ်နာစေ၍ မိုက်ရူးရဲ၏၊ သူသည် ဘုရားသခင်အား မည်သည့်အခါမျှ လွတ်လပ်ခွင့် သို့မဟုတ် ပြောဆိုခွင့် မပေး၊ ဘုရားသခင်အား အရှက်ခွဲခြင်းခံရသည်မှတစ်ပါး အခြားရွေးချယ်စရာမပေးဘဲ လူသားကို ၎င်းဆန္ဒရှိသည့်အတိုင်း သူ့အားခြယ်လှယ်ခွင့်ပေး၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)” မှ

၂၃။ ဖန်ဆင်းချိန်မှ ယခုတိုင် ဘုရားသခင်သည် နာကျင်မှုများစွာကို အောင့်ခံခဲ့ကာ တိုက်ခိုက်မှုများစွာ ခံစားခဲ့ရ၏။ သို့သော် ယနေ့တွင်ပင် လူသားသည် ဘုရားသခင်အပေါ် ၎င်း၏တောင်းဆိုမှုများကို လျှော့ပေါ့ခြင်းမရှိဘဲ ဘုရားသခင်အား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဆဲ၊ သူ့အပေါ် သည်းခံမှုလုံးဝမရှိဆဲဖြစ်ကာ၊ ဘုရားသခင်လမ်းမှားသွားမည်၊ မြေကြီးပေါ်ရှိ ဘုရားသခင်သည် ရက်စက်ကာ လျော်ကန်ခြင်းမရှိ သို့မဟုတ် အထိန်းအချုပ်မဲ့သောင်းကျန်းခြင်း သို့မဟုတ် ဖြစ်ဖြစ်မြောက်မြောက် မရှိမည်ကို လွန်စွာကြောက်ရွံ့သည့်အလား သူ့အားအကြံပြုခြင်း၊ ဝေဖန်ခြင်းနှင့် အပြစ်ပေးခြင်းမှတစ်ပါး မည်သည့်အရာမျှ ပြုလုပ်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်အပေါ် ဤသို့သော သဘောထားမျိုး အမြဲရှိ၏။ ၎င်းမှာ ဘုရားသခင်အား ဝမ်းမနည်းစေဘဲ အဘယ်သို့ရှိနိုင်မည်နည်း။ လူ့ဇာတိခံယူရာတွင် ဘုရားသခင်သည် ကြီးစွာသောနာကျင်မှုနှင့် အရှက်ကွဲမှုကို အောင့်ခံခဲ့ရသည်၊ သို့ဖြစ်လျှင် လူသား၏ပို့ချချက်များကို ဘုရားသခင်အားလက်ခံစေခြင်းမှာ မည်မျှသာ၍ ဆိုးရွားသနည်း။ လူသားအကြား သူ၏ရောက်ရှိခြင်းသည် မရဏနိုင်ငံတွင် ထောင်ကျနေသည့်အလား သူ့အား လွတ်လပ်မှုအားလုံး ကင်းမဲ့စေကာ သူသည် ခုခံမှုစိုးစဉ်းမျှမရှိဘဲ လူသား၏ ခွဲစိတ်စစ်ဆေးခြင်းကို လက်ခံခဲ့၏။ ဤသည်မှာ ရှက်ဖွယ်မကောင်းပေဘူးလော။ သာမန်လူသားတစ်ဦး၏ မိသားစုအကြားလာရောက်ခဲ့ရာတွင် ယေရှုသည် အကြီးဆုံးသော မတရားမှုကို ခံခဲ့ရ၏။ သာ၍ရှက်ဖွယ်ကောင်းသည်မှာ သူသည် ဖုန်ထူသော ဤလောကသို့လာခဲ့၍ အနိမ့်ကျဆုံးသော အနက်သို့ မိမိကိုယ်ကို နှိမ့်ချခဲ့ကာ သာမန်အဖြစ်ဆုံး၏ ဇာတိခန္ဓာကို ခံယူခဲ့၏။ နုံချာသော လူသားတစ်ဦးဖြစ်လာခြင်း၌ အမြင့်ဆုံးသော ဘုရားသခင်သည် ဒုက္ခအခက်အခဲ မခံရပေဘူးလော။ ထို့အပြင် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် မဟုတ်လော။ သူကိုယ်တိုင်အတွက် သူစဉ်းစားသော အချိန်များ ရှိခဲ့ဖူးသလော။ သူသည် ယုဒလူတို့၏ငြင်းပယ်ခံရကာ အသတ်ခံရပြီးနောက်၊ လူတို့၏ ပြက်ရယ်ပြုခံရ၍ သရော်ခံရပြီးနောက် သူသည် ကောင်းကင်ဘုံသို့ ညည်းညူခြင်း သို့မဟုတ် မြေကြီးသို့ ကန့်ကွက်ခဲ့ခြင်းများ မည်သည့်အခါကမျှ မပြုခဲ့ပေ။ ယနေ့ နှစ်ထောင်ချီကြာ ဤအဖြစ်ဆိုးသည် ယူဒလူတို့နှင့်ဆင်သည့် လူတို့အကြား ပြန်၍ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် ဤအပြစ်များကိုပင် ကျူးလွန်သည် မဟုတ်လော။ ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိရန် မည်သည့်အရာသည် လူသားအား အရည်အချင်းမီစေသနည်း။ ၎င်းသည် ဘုရားသခင်အားဆန့်ကျင်ပြီးနောက် သူ၏ကောင်းချီးမင်္ဂလာတို့ကို လက်ခံသည် မဟုတ်လော။ လူသားသည် မည်သည့်အခါမျှ တရားစီရင်ခြင်းကို မရင်ဆိုင်ရသည်မှာ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းမပြုသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်ပြုလုပ်သည့်အရာကို သူသည် မည်သည့်အခါမျှ စိတ်မဝင်စားသည်မှာ အဘယ်ကြောင့်နည်း။ သူ၏ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ သူ၏တရားမျှတခြင်းသည် အဘယ်မှာနည်း။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုရန် အတင့်ရဲသလော။ သူ၏တရားမျှတမှုစိတ်သည် အဘယ်မှာနည်း။ လူသားချစ်မြတ်နိုးသည့်အရာ မည်မျှသည် ဘုရားသခင်ချစ်မြတ်နိုးသည့်အရာ ဖြစ်သနည်း။ လူသားသည် အရေးကြီးသည့် ကွဲပြားမှုများကို ခွဲခြားနိုင်ခြင်း မရှိပေ၊၂၉ သူသည် အစဉ်ပင် အနက်နှင့်အဖြူကို ရောထွေး၏၊၃၀ သူသည် တရားမျှတမှုနှင့် သမ္မာတရားတို့ကို ဖိနှိပ်ကာ မတရားမှုနှင့် မဖြောင့်မတ်မှုတို့ကို လေထဲ မြှောက်ထား၏။ သူသည် အလင်းကို နှင်ထုတ်၍ အမှောင်ထုအလယ်၌ ခုန်ပေါက်မြူးတူးသည်။ သမ္မာတရားနှင့် တရားမျှတမှုတို့ကို ရှာဖွေသူတို့သည် ရှာဖွေမည့်အစား အလင်းကို မောင်းနှင်ထုတ်ကြ၏၊ ဘုရားသခင်ကို ရှာဖွေသူတို့သည် ၎င်းတို့၏ခြေအောက်၌ သူ့ကိုနင်းခြေကြကာ မိမိတို့ကိုယ်ကို မိမိတို့ ကောင်းကင်သို့ မြှင့်တင်ကြ၏။ လူသားသည် ဓားပြတစ်ဦးနှင့်၃၁ ခြားနားခြင်းမရှိပေ။ သူ၏ဆင်ခြင်တုံတရားကား အဘယ်မှာနည်း။ အဘယ်သူသည် အမှားအမှန်ခွဲခြားနိုင်သနည်း။ မည်သူသည် တရားမျှတမှုကို စွဲကိုင်ထားနိုင်သနည်း။ သမ္မာတရားအတွက် ဒုက္ခခံရန် အဘယ်သူသည် လိုလိုလားလား ရှိသနည်း။ လူတို့သည် ရက်စက်၍ ဆိုးယုတ်၏။ ဘုရားသခင်ကို လက်ဝါးကပ်တိုင်၌ရိုက်ပြီးနောက် ၎င်းတို့သည် လက်ခုပ်တီးသြဘာပေးကြပြီး ၎င်းတို့၏ အထိန်းကွပ်မဲ့အော်ဟစ်သံများသည် ရပ်စဲခြင်း မရှိပေ။ ထိုသူတို့သည် ကြက်များ၊ ခွေးများကဲ့သို့ဖြစ်၏၊ လိမ်လည်လှည့်ဖြားရန် ပေါင်းကြံကြ၍ မကောင်းမှုပြုလုပ်ရန် ပူးပေါင်းကြံစည်ကြ၏၊ ထိုသူတို့သည် ၎င်းတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးကြ၍ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုများသည် မည်သည့်နေရာကိုမျှ နှောင့်ယှက်ခံရခဲ့မှုမရှိဘဲ မထားပေ၊ ၎င်းတို့၏မျက်စိများပိတ်လျက် မရပ်မနား အရူးအမူး အူကြ၏၊ ၎င်းတို့အားလုံးသည် ကျဉ်းကျပ်စွာ အတူတကွနေကြလျက် မရှင်းလင်းသော ဝန်းကျင်စရိုက်သွင်ပြင် ပျံ့နှံ့နေ၏၊ ၎င်းသည် ပျားပန်းခပ်မျှ လှုပ်ရှားနေကာ ဖျတ်လတ်တက်ကြွနေ၏၊ ထို့အပြင် မိမိကိုယ်ကို သူတပါးနှင့် ဆင်ကန်းတောတိုး တွယ်ကပ်သောသူများ ပေါ်ထွက်ပြီးရင်းပေါ်ထွက်နေလျက် ရှိ၏၊ ၎င်းတို့အားလုံးသည် ၎င်းတို့ဘိုးဘေးဘီဘင်များ၏ “အဓိကရ” အမည်များကို အခိုင်အမာစွဲကိုင်ထား၏။ ဤခွေးများနှင့်ကြက်များသည် ဘုရားသခင်အား ရှေးမဆွကပင် ၎င်းတို့၏နိုးကြားသောအသိတွင် မထားဘဲ ဘုရားသခင်၏နှလုံးသား၏ အခြေအနေကို မည်သည့်အခါကမျှ မကြာခဏစဉ်းစားခဲ့ခြင်း မရှိပေ။ လူသားသည် ခွေးတစ်ကောင် သို့မဟုတ် ကြက်တစ်ကောင်အလား၊ အခြားခွေးတစ်ရာကို အူစေလိုက်သည့် ဟောင်နေသောခွေးတစ်ကောင်အလား ဖြစ်သည်ဟု ဘုရားသခင်ပြောသည်မှာ အံ့သြဖွယ်ရာ သိပ်မကောင်းပေ၊ ဤနည်းဖြင့် သူသည် ဝက်ဝက်ကွဲဆူညံခြင်းဖြင့် ဘုရားသခင်၏အမှုကို လက်ရှိနေ့ရက်သို့ ယူဆောင်ခဲ့ကာ ဘုရားသခင်၏အမှုသည် မည်သို့ရှိသည်၊ တရားမျှတမှု ရှိမရှိ၊ ဘုရားသခင်သည် ခြေချစရာနေရာတစ်ခု ရှိမရှိ၊ နက်ဖြန်သည် မည်သို့ရှိမည်၊ ၎င်းကိုယ်တိုင်၏နိမ့်ကျမှုနှင့် ၎င်းကိုယ်တိုင်၏ ညစ်ညမ်းမှုတို့ကို ဂရုမပြုပေ။ လူသားသည် အမှုအရာများကို မည်သည့်အခါကမျှ ဤမျှမစဉ်းစားခဲ့ဖူးပေ၊ သူသည် နက်ဖြန်အတွက် မည်သည့်အခါကမျှ သူ့ကိုယ်သူ စိုးရိမ်ခဲ့ဖူးခြင်း မရှိပေ၊ ထို့အပြင် အကျိုးရှိသောအရာအားလုံးနှင့် အဖိုးတန်သောအရာအားလုံးကို သူကိုယ်တိုင်၏ရင်ခွင်အတွင်း စုရုံးထွေးပိုက်ခဲ့ကာ ဘုရားသခင်အတွက် စားကြွင်းစားကျန်များမှလွဲ၍ မည်သည့်အရာမျှ ချန်မထားပေ။၃၂ လူသားမျိုးနွယ်သည် ရက်စက်လှပေတကား။ သူသည် ဘုရားသခင်အတွက် မည်သည့်ခံစားမှုမျှမပေးဘဲ ဘုရားသခင်၏အရာအားလုံးကို လျှို့ဝှက်စွာ ဝါးမျိုပြီးနောက် သူသည် ဘုရားသခင်အား သူ၏နောက်ဝေးရာသို့ ပစ်လိုက်ကာ ဘုရားသခင်၏တည်ရှိမှုအပေါ် ဆက်၍ဂရုမပြုတော့ပေ။ သူသည် ဘုရားသခင်၌မွေ့လျော်သော်လည်း ဘုရားသခင်ကို ဆန့်ကျင်ကာ ခြေအောက်နင်းခြေ၍ ထိုသို့ပြုလုပ်စဉ် သူ၏နှုတ်ကမူ ဘုရားသခင်အား ကျေးဇူးတင်လျက် ချီးမွမ်း၏၊ ဘုရားသခင်ထံဆုတောင်းကာ ဘုရားသခင်အပေါ် မှီခိုစဉ်တွင် ဘုရားသခင်ကို လှည့်ဖြားခြင်းလည်းပြု၏၊ သူသည် ဘုရားသခင်၏နာမကို “ချီးမြှောက်” ၍ ဘုရားသခင်၏မျက်နှာတော်ကို မော်ကြည့်သော်လည်း သူသည် ဘုရားသခင်၏ပလ္လင်တော်အပေါ်၌ မျက်နှာပြောင်ဖြင့် အရှက်ကင်းမဲ့စွာထိုင်၍ ဘုရားသခင်၏ “မဖြောင့်မတ်မှု” ကို တရားစီရင်၏၊ သူ၏နှုတ်မှ ဘုရားသခင်၏ကျေးဇူး သူ့အပေါ်တင်ရှိနေကြောင်း စကားများထွက်လာကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူကြည့်သော်လည်း သူ၏နှလုံးသား၌ သူသည် ဘုရားသခင်အား ဆဲရေးခြင်းများ ပစ်ပေါက်၏၊ သူသည် ဘုရားသခင်ကို “သည်းခံ” သော်လည်း ဘုရားသခင်အား ဖိနှိပ်ကာ ဤသည်မှာ ဘုရားသခင်အတွက်ဟု သူ၏နှုတ်မှပြောသည်၊ သူ၏လက်ထဲတွင် သူသည် ဘုရားသခင်၏ ဥစ္စာပစ္စည်းများကို ကိုင်ထား၍ သူ၏ပါးစပ်ထဲတွင် ဘုရားသခင် သူ့ကိုပေးခဲ့သည့်အစာကို သူဝါးသော်လည်း သူ၏မျက်လုံးများသည် ဘုရားသခင်အပေါ် စိမ်းကား၍ ခံစားမှုကင်းမဲ့သောအကြည့်ဖြင့် ငေးစိုက်ကြည့်နေသည်မှာ ဘုရားသခင်တစ်ပါးလုံးကို လောဘတကြီးစားပစ်လိုသည့်အလားဖြစ်၏၊ သူသည် သမ္မာတရားကို ကြည့်သော်လည်း ၎င်းသည် စာတန်၏လှည့်စားမှုဟု မရမကပြော၏၊ သူသည် တရားမျှတမှုကို ကြည့်သော်လည်း ၎င်းကို မိမိကိုယ်ကိုငြင်းပယ်ချက်ဖြစ်စေရန် အတင်းအကျပ်ပြုလုပ်၏၊ သူသည် လူသား၏လုပ်ဆောင်ချက်များကို ကြည့်သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ဖြစ်ခြင်းဟု ခိုင်ခိုင်မာမာပြော၏၊ သူသည် လူသား၏ သဘာဝဆုကျေးဇူးများကို ကြည့်သော်လည်း ၎င်းတို့သည် သမ္မာတရားဟု အခိုင်အမာပြော၏၊ သူသည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို ကြည့်သော်လည်း ၎င်းတို့သည် ဝင့်ဝါမှုနှင့် စိတ်ကြီးဝင်မှု၊ သင်္ကြန်အမြောက်နှင့် မိမိကိုယ်ကို သူတပါးထက်ဖြောင့်မတ်သည်ဟူသောစိတ်ဟု အခိုင်အမာပြော၏၊ လူသားသည် ဘုရားသခင်ကို ကြည့်သောအခါ သူ့ကို လူဟုအမည်တပ်ရန် အတင်းအကျပ်ပြုလုပ်၍ သူ့အား စာတန်နှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းရှိသော ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ထိုင်စရာနေရာတွင် ထားရန် ကြိုးစား၏၊ ၎င်းတို့သည် ဘုရားသခင်၏မိန့်မြွက်ချက်များဖြစ်ကြောင်းကို သူသည်အပြည့်အဝ ကောင်းမွန်စွာသိသော်လည်း ၎င်းတို့အား လူသားတစ်ဦး၏ရေးသားချက်များမှလွဲ၍ အခြားမည်သည့်အရာဟုမျှ မခေါ်ပေ၊ ဝိညာဉ်တော်သည် ဇာတိ၌ ဖြစ်ပေါ်သည်၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို သူအပြည့်အဝ ကောင်းမွန်စွာသိသော်လည်း ဤဇာတိသည် စာတန်မှ ဆင်းသက်လာသူဟုသာပြော၏၊ ဘုရားသခင်သည် နှိမ့်ချ၍ မထင်မရှားရှိကြောင်းကို သူအပြည့်အဝ ကောင်းမွန်စွာသိသော်လည်း စာတန်သည် အရှက်ခွဲခံရ၍ ဘုရားသခင်သည် အနိုင်ရခဲ့ကြောင်းကိုသာ ပြော၏။ အသုံးမကျသော လူများပေတည်း။ လူသားသည် အစောင့်ခွေးများကဲ့သို့ အစေခံရန်ပင် မထိုက်တန်ပေ။ သူသည် အမည်းနှင့်အဖြူခွဲခြားခြင်း မရှိဘဲ အဖြူကို အမည်းအဖြစ် တမင်ပင် မလိမ့်တစ်ပတ်လုပ်၏။ ဘုရားသခင်၏ လွတ်မြောက်ခြင်းနေ့ရက်ကို လူသား၏အင်အားစုများနှင့် လူသား၏ ဝန်းရံတပ်ချခြင်းသည် သည်းခံနိုင်မည်လော။ ဘုရားသခင်ကို တမင်ဆန့်ကျင်ပြီးနောက် လူသားသည် အနည်းငယ်မျှဂရုမစိုက်ပေ၊ သို့မဟုတ် ဘုရားသခင်အား သတ်သည်အထိပြုလုပ်၍ ဘုရားသခင်သူ့ကိုယ်သူ ပြသရန်အခွင့်ပင် မပေးပေ။ ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ချစ်ခြင်းမေတ္တာသည် အဘယ်မှာနည်း။ သူသည် ဘုရားသခင်ဘေးတွင်ထိုင်ကာ ခွင့်လွှတ်ခြင်းကို ဒူးထောက်၍ တောင်းခံစေရန်၊ သူ၏အစီအမံအားလုံးကို နာခံရန်၊ သူ၏ အကွက်ဆင်မှုအားလုံးကို သဘောတူလိုက်လျောရန် ဘုရားသခင်အား တွန်းအားပေး၏၊ ထို့အပြင် သူသည် ဘုရားသခင်အား သူလုပ်သမျှမှ သူ၏အရိပ်အခြေကိုကြည့်စေ၏၊ သို့မဟုတ်ပါက သူသည် ဒေါသအလွန်ထွက်ကာ၃၃ ယမ်းပုံမီးကျဖြစ်၏။ အမည်းကို အဖြူအဖြစ်လိမ်သည့် ဤသို့သော အမှောင်ထုလွှမ်းမိုးမှုအောက်တွင် ဘုရားသခင်သည် သောကမရောက်ဘဲ အဘယ်သို့နေနိုင်မည်နည်း။ သူသည် မစိုးရိမ်ဘဲ အဘယ်သို့နေနိုင်မည်နည်း။ ဘုရားသခင်သည် သူ၏နောက်ဆုံးအလုပ်ကို စတင်သည့်အခါ ခေတ်သစ်တစ်ရပ်၏ အရုဏ်ဦးကဲ့သို့ဖြစ်သည်ဟု အဘယ်ကြောင့် ပြောကြသနည်း။ လူသားတို့၏လုပ်ရပ်များသည် “ကြွယ်ဝလွန်း” ၏၊ “အစဉ်စီးဆင်းနေသော သက်စမ်းရေတွင်း” သည် လူသားနှလုံးသား၏စိုက်ကွင်းကို စဉ်ဆက်မပြတ် “ဖြည့်တင်း” စဉ် လူသား၏ “သက်စမ်းရေတွင်း” သည် ကိုယ်ကျင့်သိက္ခာစောင့်စည်းမှု မရှိဘဲ၃၄ ဘုရားသခင်နှင့် ယှဉ်ပြိုင်၏၊ ဤအရာနှစ်ခုသည် ညှိနှိုင်း၍မရပေ၊ ထို့အပြင် ၎င်းသည် ဘုရားသခင်ကိုယ်စား လူတို့ကို ပြစ်ဒဏ်မခံရဘဲ ထောက်ပံ့ပေးစဉ် လူသားသည် ပါဝင်ပတ်သက်သော အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ၎င်းနှင့်ပူးပေါင်းဆောင်ရွက်၏။ မည်သည့်သက်ရောက်မှု ရှိသနည်း။ ဘုရားသခင်သည် လူတို့၏ အထူးဂရုပြုမှုကို ဆွဲဆောင်မည်ကို နက်ရှိုင်းစွာကြောက်ရွံ့ကာ ဘုရားသခင်၏ သက်စမ်းရေတွင်းသည် လူသားအား ဖြားယောင်းသွေးဆောင်ကာ လူသားအား ရရှိမည်ကို ကြီးလေးစွာကြောက်ရွံ့သဖြင့် သူသည် ဘုရားသခင်အား စိမ်းကားစွာ ဘေးဖယ်လိုက်၍ သူ့အား လူတို့ ဂရုစိုက်ခြင်းမရှိသည့် အဝေးတွင်ထား၏။ ထို့ကြောင့် လောကနှင့်သက်ဆိုင်သည့်အရာများနှင့် နှစ်ပေါင်းများစွာ ကြုံတွေ့ပြီးနောက် သူသည် ဘုရားသခင်ကိုဆန့်ကျင်၍ မသိကျိုးကျွန်ပြုကာ လျှို့ဝှက်ကြံစည်၍ ခြေပုန်းခုတ်သည့်အပြင် ဘုရားသခင်အား သူ၏ပြင်းထန်စွာဝေဖန်ခြင်းအတွက် ပစ်မှတ်ထား၏။ ယင်းမှာ သူ၏မျက်လုံးတွင် ဘုရားသခင်သည် သစ်တုံးတစ်တုံးကဲ့သို့ ဖြစ်သွားသည့်အလားဖြစ်၍ သူသည် ဘုရားသခင်အား ဆုပ်ကိုင်ကာ စစ်ဆေးခြင်းနှင့် သန့်စင်ခြင်းခံယူစေခြင်းငှာ မီးထဲသို့ပစ်ချရန် အရူးအမူးဖြစ်နေ၏။ ဘုရားသခင်၏ ကသိကအောက်ဖြစ်ခြင်းကို မြင်လျက် လူသားသည် သူ၏ရင်ကိုတီးကာ ရယ်မော၏၊ သူသည် ဝမ်းမြောက်၍ကခုန်ကာ ဘုရားသခင်သည်လည်း စစ်ဆေးခြင်းအတွင်းသို့ တွန်းချခံရသည်ဟုပြောပြီး ဘုရားသခင်၏ မသန့်စင်မှုများကို မီးမြိုက်သန့်စင်မည်ဟုပြော၍ ဤသည်သာလျှင် မူမှန်ကာ သင့်တင့်လျောက်ပတ်သည့်အလား၊ ဤသည်တို့သာလျှင် ကောင်းကင်ဘုံ၏ တရားမျှတ၍ ထိုက်သင့်သော နည်းနာများဖြစ်သည့်အလား ဖြစ်သည်။ လူသား၏ ဤကြမ်းတမ်းသည့် အပြုအမူသည် တမင်ရည်ရွယ်ပုံရော သတိမမူမိပုံပါရ၏။ လူသားသည် သူ၏အကျည်းတန်သော မျက်နှာရော ကြောက်မက်ဖွယ်ကောင်းလျက် ညစ်ပေနေသောဝိညာဉ်ကိုပါ ထုတ်ဖော်သည့်အပြင် သူတောင်းစားတစ်ဦး၏ သနားစဖွယ်ကောင်းသောပုံပန်းကိုပါ ထုတ်ဖော်၏၊ အနှံ့အပြား သောင်းကျန်းပြီးနောက် ၎င်းသည် အလွန့်အလွန် သနားစဖွယ်ကောင်းသော ပတ်ဂ်ခွေးနှင့်ဆင်လျက် သနားစဖွယ် ရုပ်သွင်ဆောင်ကာ ကောင်းကင်ဘုံ၏ ခွင့်လွှတ်ခြင်းကို တောင်းခံ၏။ လူသားသည် အစဉ်ပင် မျှော်လင့်မထားသည့် နည်းလမ်းများနှင့် ပြုမူ၏၊ သူသည် အစဉ် “အခြားသူများကို ခြောက်လှန့်ရန် ကျား၏ကျောကိုစီး၏” သူသည် အမြဲပင် ဟန်ဆောင်နေ၏၊ သူသည် ဘုရားသခင်၏နှလုံးသားကို စိုးစဉ်းမျှပင် ထည့်သွင်းစဉ်းစားခြင်း မရှိသကဲ့သို့ သူ၏အနေအထားနှင့်လည်း မည်သည့်နှိုင်းယှဉ်မှုမျှ မပြုလုပ်ပေ။ ဘုရားသခင်မှ သူ့အပေါ် အမှားကျူးလွန်ခဲ့ကာ သူ့ကို ထိုကဲ့သို့ မဆက်ဆံသင့်သည့်အလား၊ ကောင်းကင်ဘုံသည် မျက်လုံးများ မရှိဘဲ သူ့အတွက် အမှုအရာများကို တမင်ခက်ခဲအောင်ပြုလုပ်နေသည့်အလား၊ သူသည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆန့်ကျင်ခြင်းသာပြု၏။ ထို့ကြောင့် လူသားသည် ဆိုးယုတ်သည့် ကြံစည်မှုများကို အစဉ်ပင် လျှို့ဝှက်စွာ ဆောင်ရွက်ကာ ဘုရားသခင်အပေါ် သူ၏တောင်းဆိုမှုများကို စိုးစဉ်းမျှပင် လျှော့ပေးခြင်းမရှိဘဲ သရဲမရဲစီးနေသည့် မျက်လုံးများဖြင့် ကြည့်နေလျက်၊ ဘုရားသခင်၏ လှုပ်ရှားမှုတိုင်းကို ဒေါသဖြင့် စိန်းစိန်းဝါးဝါးကြည့်ကာ သူသည် ဘုရားသခင်၏ရန်သူဖြစ်သည်ဟု တစ်ခါမျှ မစဉ်းစားဘဲ ဘုရားသခင်သည် မြူကိုခွင်း၍ အမှုအရာများကို ရှင်းလင်းစေကာ သူ့အား “ကျား၏ခံတွင်းမှ” ကယ်တင်ပြီး သူ့ကိုယ်စား ကလဲ့စားချေသည့် နေ့ရက် ရောက်လာမည်ကို မျှော်လင့်လျက်ရှိသည်။ ယနေ့ပင်လျှင် လူတို့သည် ခေတ်များတစ်လျှောက် များစွာတို့ပါဝင်ခဲ့သည့် ဘုရားသခင်ကိုဆန့်ကျင်သော အခန်းကဏ္ဍတွင် ပါဝင်နေကြသည်ဟု မထင်ဆဲရှိကြ၏၊ ၎င်းတို့လုပ်သမျှတိုင်းတွင် ၎င်းတို့သည် လမ်းလွဲသွားခဲ့သည်မှာ ကာလာကြာမြင့်စွာကတည်းက ဖြစ်ကြောင်း၊ ၎င်းတို့ နားလည်ခဲ့သမျှသည် ကာလာကြာမြင့်စွာကတည်းက ပင်လယ်များ၏ ဝါးမျိုခြင်း ခံခဲ့ရပြီး ဖြစ်ကြောင်းကို ၎င်းတို့ မည်သို့နားလည်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)” မှ

၂၄။ လူသားအနေဖြင့် ဤမျှတိုးတက်လာခြင်းသည် အစဉ်အလာမရှိသော အခြေအနေတစ်ရပ်ဖြစ်၏။ ဘုရားသခင်၏အမှုနှင့် လူသား၏ဝင်ရောက်မှုတို့သည် ပခုံးချင်းယှဉ်လျက်တိုးတက်သဖြင့် ဘုရားသခင်၏အမှုသည်လည်း ပြိုင်ဘက်ကင်းသည့် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယနေ့ထိတိုင် လူသား၏ဝင်ရောက်မှုသည် လူသားမှ ယခင် မည်သည့်အခါကမျှ စိတ်မကူးခဲ့ဖူးသော အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏အမှုသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် နောက်ပိုင်းတွင် လူသား၏ “ဝင်ရောက်မှု”၃၅ သည်လည်း ၎င်း၏အခေါင်အဖျားသို့ ရောက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကိုယ်သူ တတ်နိုင်သမျှ နှိမ့်ချခဲ့ပြီး သူသည် လူသားမျိုးနွယ်ကိုဖြစ်စေ၊ စကြဝဠာရှိ အရာခပ်သိမ်းကိုဖြစ်စေ မည်သည့်အခါမျှ ကန့်ကွက်ဖူးခြင်း မရှိပေ။ ထိုအတောအတွင်း လူသားသည် ဘုရားသခင်၏ဦးခေါင်းပေါ်တွင် ရပ်လျက် သူ့အား အထွတ်အထိပ်တိုင်အောင် ဖိနှိပ်၏၊ အရာခပ်သိမ်းသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်၏၊ ဖြောင့်မတ်ခြင်း ပေါ်ထွန်းသောနေ့ရက်အတွက် အချိန်ကျပြီဖြစ်သည်။ နိုင်ငံအား အဘယ်ကြောင့် မှုန်မှိုင်းနေမှု ဆက်၍ဖုံးလွှမ်းခွင့်ပြု၍ လူမျိုးအားလုံးအား အမှောင်ဆက်၍လွှမ်းခြုံခွင့် ပြုသနည်း။ ဘုရားသခင်သည် နှစ်ပေါင်းထောင်ပေါင်းအချို့၊ နှစ်ပေါင်းသောင်းပေါင်းများစွာပင်၊ စောင့်ကြည့်ခဲ့ပြီးဖြစ်ကာ သူ၏သည်းခံမှုသည် ကာလကြာမြင့်ချိန်ကတည်းက ကန့်သတ်ချက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူသည် လူသား၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့၏၊ လူသား၏ မဖြောင့်မတ်မှုသည် မည်မျှကြာအောင် သောင်းကျန်းမွှေ့ယမ်းမည်ကို စောင့်ကြည့်နေခဲ့၏၊ သို့သော် ကာလကြာမြင့်စွာကတည်းက ထုံသွားပြီဖြစ်သော လူသားသည် မည်သည်ကိုမျှ မခံစားရပေ။ ထို့အပြင် ဘုရားသခင်၏လုပ်ဆောင်ချက်များကို ကြည့်ရှုခဲ့ဖူးသူ မည်သူရှိသနည်း။ ၎င်းတို့၏မျက်လုံးများကိုပင့်လျက် အဝေးသို့ကြည့်ဖူးသူ မည်သူရှိသနည်း။ သေချာစွာနားထောင်ခဲ့ဖူးသူ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ လက်များတွင် မည်သူရှိခဲ့ဖူးသနည်း။ လူတို့အားလုံးသည် စိတ်ကူးသက်သက် ကြောက်ရွံ့မှုများ၏ ဒုက္ခပေးခြင်းကို ခံကြရသည်။၃၆ မြက်ခြောက်နှင့် ကောက်ရိုးပုံသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ၎င်းတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အသက်ရှင်သော လူ့ဇာတိခံဘုရားကို သေသည်အထိ နှိပ်စက်ခြင်းသာဖြစ်သည်။ ၎င်းတို့သည် မြက်ခြောက်နှင့် ကောက်ရိုးပုံမျှသာဖြစ်သော်လည်း ထိုသူတို့ “အကောင်းဆုံး”-၃၇ လုပ်ဆောင်သည့် အရာတစ်ခု ရှိသေး၏။ ၎င်းမှာ ဘုရားသခင်အား ရှင်လျက် သေသည်အထိနှိပ်စက်ကာ “ယင်းမှာ လူတို့၏ နှလုံးသားများကို ဝမ်းမြောက်စေ၏” ဟု အော်ဟစ်ခြင်းဖြစ်၏။ ပုစွန်ဆိတ်စစ်သားများနှင့် ဂဏန်းဗိုလ်ချုပ်တစ်စုပေတည်း။ အံ့သြဖွယ်ကောင်းသည်မှာ မရပ်မစဲစီးဆင်းနေသော လူတို့အကြားတွင် ၎င်းတို့သည် ဘုရားသခင်ကို အလေးဂရုပြု၍ သူ့အား ထိုးဖောက်၍မရသော ပိတ်ဆို့မှုဖြင့် ဝိုင်းရံထား၏။ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် သာ၍ပူစွာလောင်မြိုက်နေ၏၊၃၈ ထိုသူတို့သည် ဘုရားသခင်အား တစ်လက်မပင် လှုပ်၍မရအောင် လူစုလူဝေးလိုက် ဝိုင်းရံထား၏။ ၎င်းတို့၏လက်များထဲတွင် ၎င်းတို့သည် လက်နက်အမျိုးစုံ ကိုင်ထား၍ ဘုရားသခင်အား ရန်သူတစ်ဦးကို ကြည့်သကဲ့သို့ ၎င်းတို့၏မျက်လုံးများသည် ဒေါသအပြည့်ဖြင့်ကြည့်ကြ၏၊ ၎င်းတို့သည် “ဘုရားသခင်အား ကြမ်းကြုတ်စွာ တိုက်ခိုက်သတ်ဖြတ်” ရန် တရွရွဖြစ်နေကြ၏။ မည်မျှစိတ်ရှုပ်စေလိုက်သနည်း၊ လူသားနှင့်ဘုရားသခင်သည် ဤသို့ ပြန်၍ညှိနှိုင်းမရသောရန်သူများ အဘယ်ကြောင့် ဖြစ်သွားခဲ့ကြသနည်း။ ချစ်မြတ်နိုးဖွယ်အကောင်းဆုံး ဘုရားသခင်နှင့် လူသားအကြား အမျက်သိုခြင်း ရှိနေ၍များ ဖြစ်နိုင်သလော။ ဘုရားသခင်၏ လုပ်ဆောင်မှုများသည် လူသားအတွက် အကျိုးမရှိ၍များ ဖြစ်နိုင်သလော။ ၎င်းတို့သည် လူသားအပေါ် အန္တရာယ်ပြုသလော။ ဘုရားသခင်မှ လူသား၏ပိတ်ဆို့မှုကို ချိုးဖောက်သွား၍ တတိယကောင်းကင်ဘုံသို့ပြန်သွားကာ နောက်တစ်ဖန် လူသားအား မြေအောက်အကျဉ်းတိုက်အတွင်း ပစ်ထားမည်ကို လူသားသည် နက်ရှိုင်းစွာ ကြောက်ရွံ့သဖြင့် ဘုရားသခင်အပေါ် မမှိတ်မသုန် စိုက်ကြည့်၏။ လူသားသည် ဘုရားသခင်ကို သတိထား၏၊ သူသည် ရင်တမမဖြစ်နေကာ၊ “စက်သေနတ်” တစ်ခုကို ကိုင်ပြီး လူသားတို့အကြား ဘုရားသခင်ကို ချိန်ရွယ်ထားကာ အလှမ်းဝေးသော တစ်နေရာ၌ မြေပြင်ပေါ်တွင် တစ်ဘက်မှတစ်ဘက်သို့ လူးလွန့်လျက်ရှိ၏။ ယင်းမှာ ဘုရားသခင် စိုးစဉ်းမျှလှုပ်ရှားလိုက်သည်နှင့် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးနှင့် သူဝတ်ဆင်သမျှအားလုံး၊ သူ၏အရာအားလုံးကို လူသားမှ ဖယ်ရှားပစ်လိုက်ကာ မည်သည့်အရာမျှ ချန်မထားမည့်အလား ဖြစ်၏။ ဘုရားသခင်နှင့် လူသားအကြားဆက်ဆံရေးသည် ပြုပြင်မရနိုင်လောက်အောင် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို နားမလည်နိုင်ပေ၊ ထိုအတောအတွင်း လူသားသည် သူ၏မျက်လုံးများကို တမင်မှိတ်ထားကာ ပေါ့တန်စွာ အချိန်ဖြုန်း၍ ငါ၏တည်ရှိမှုကို မြင်ရန် လိုလိုလားလား လုံးဝမရှိဘဲ ငါ၏တရားစီရင်ခြင်းကို သည်းမခံပေ။ ထို့ကြောင့် လူသားမျှော်လင့်မထားသည့်အခါတွင် ငါသည် တိတ်ဆိတ်စွာ အဝေးသို့လွင့်မျောသွား၍ မည်သူသည် မြင့်သည်၊ မည်သူသည် နိမ့်သည်ဟု လူသားနှင့် နှိုင်းယှဉ်တော့မည် မဟုတ်ပေ။ လူသားသည် အားလုံးအနက် အနိမ့်ကျဆုံးသော “တိရစ္ဆာန်” ဖြစ်ပြီး ငါသည် သူ့အား ဂရုစိုက်လိုစိတ် မရှိတော့ပေ။ ငါ၏ကျေးဇူးတော်တစ်ခုလုံးကို ငါငြိမ်းချမ်းစွာ နေထိုင်ရာအရပ်သို့ ကာလကြာမြင့်စွာကတည်းက ငါပြန်ယူသွားခဲ့ပြီးဖြစ်သည်၊ လူသားသည် နာခံမှုမရှိလွန်းသဖြင့် ငါ၏အဖိုးတန်သော ကျေးဇူးတော်ကို ထပ်မံမွေ့လျော်ရန် မည်သည့်အကြောင်းရင်း သူ့တွင်ရှိသနည်း။ ငါ့ကို ရန်လိုသော အင်အားစုများအပေါ် ငါ၏ကျေးဇူးတော်ကို အချည်းနှီး ချပေးရန် ငါလိုလိုလားလား မရှိပေ။ ငါသည် ငါ၏အဖိုးတန်သောအသီးတို့ကို စိတ်အားထက်သန်၍ ငါ၏ပြန်လာခြင်းကို အလေးအနက်ထား၍ ကြိုဆိုသော ခါနာန်ပြည်မှ လယ်သမားများကို အပ်နှင်းမည်။ ကောင်းကင် ထာဝရဆက်လက်တည်ရှိနေရန်သာ ငါဆန္ဒရှိပြီး ထိုထက်ပို၍ လူသားသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိရန်၊ ကောင်းကင်နှင့်လူသား ထာဝရသက်သာရန်နှင့် အမြဲစိမ်း “ထိုထင်ရှူးနှင့် ကျောက်ပန်းပင်များ” ကို ဘုရားသခင်အား အစဉ်အဖော်ပြုရန်နှင့် စံနမူနာအကျဆုံးခေတ်ကို ဝင်ရောက်ရာ၌ ကောင်းကင်ကို ထာဝရအဖော်ပြုရန်သာ ဆန္ဒရှိ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)” မှ

၂၅။ ဘုရားသခင်၏အမှုသည် ကြွယ်ဝ၍များပြားသော်လည်း လူသား၏ဝင်ရောက်မှုသည် အလွန်တရာ ချို့တဲ့လျက်ရှိ၏။ လူသားနှင့်ဘုရားသခင်တို့အကြား ဖက်စပ် “စီးပွားရေးလုပ်ငန်း” တွင် အားလုံးနီးပါးသည် ဘုရားသခင်၏လက်ရာ ဖြစ်သည်၊ လူသား မည်မျှဝင်ရောက်ခဲ့ပြီးခြင်းအတွက်မူ သူသည် ပြစရာဘာမျှမရှိသည့်နီးပါး ဖြစ်၏။ ဆင်းရဲမွဲတေလွန်း၍ မျက်စိကန်းနေသောလူသားသည် လက်ထဲတွင် “ရှေးဟောင်းလက်နက်များ” ဖြင့် သူ၏စွမ်းအားကို ယနေ့ ဘုရားသခင်နှင့် နှိုင်းယှဉ်၏။ ဤ “ရှေးဦးမျောက်ဝံများ” သည် မတ်မတ်လမ်းလျှောက်နိုင်ရုံတမယ်သာရှိ၍ ၎င်းတို့၏ “ဝတ်လစ်စလစ်” ကိုယ်ခန္ဓာများကို ရှက်ရမည်ဟု မထင်ပေ။ ဘုရားသခင်၏အမှုကို တန်ဖိုးဖြတ်ရန် မည်သည့်အရာသည် ၎င်းတို့အား အရည်အချင်းပြည့်မီစေသနည်း။ ဤခြေလေးချောင်း မျောက်ဝံများစွာတို့၏ မျက်လုံးများသည် ဒေါသနှင့်ပြည့်လာ၍ လောကမှ ယခင်တစ်ခါမျှ မမြင်ဖူးသော လူဝံပြိုင်ပွဲတစ်ရပ် စတင်ရန်ကြိုးစားလျက်၊ တစ်တိုင်းပြည်လုံး ကျော်ကြားသွားမည့် လူဝံနှင့် ဘုရားသခင်အကြား နောက်ဆုံးသောကာလ ပြိုင်ပွဲကျင်းပရန် ၎င်းတို့၏လက်ထဲတွင် ရှေးဟောင်း ကျောက်လက်နက်များဖြင့် ၎င်းတို့ကိုယ်ကို ဘုရားသခင်နှင့် ဖက်ပြိုင်အံတုကြသည်။ ထို့အပြင် ဤမတ်တတ်တစ်ဝက်ရပ်သည့် ရှေးဟောင်းလူဝံ အများအပြားသည် မိမိဘာသာ ကျေနပ်အားရမှုနှင့် ပြည့်နေကြသည်။ ၎င်းတို့၏မျက်နှာကို ဖုံးအုပ်နေသော အမွေးများသည် ကျပ်ခဲနေလျက်၊ ၎င်းတို့သည် လူသတ်ရန်ရည်ရွယ်ချက်များပြည့်နေကာ ၎င်းတို့၏ရှေ့ခြေများကို မြှောက်ကြ၏။ ၎င်းတို့သည် ခေတ်သစ်လူသားအဖြစ် အပြည့်အဝ မပြောင်းလဲရသေးသဖြင့် ပြွတ်သိပ်နေသော မြူနှင်းစက်များကဲ့သို့ ချွေးသီးများ ၎င်းတို့၏နဖူးကို ဖုံးအုပ်ကာ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် သက်သေပြစရာမလိုဘဲ ၎င်းတို့သည် တစ်ခါတစ်ရံတွင် မတ်မတ်ရပ်၍ တစ်ခါတစ်ရံ တွားသွားကြ၏။ ၎င်းတို့၏အဖော်ဖြစ်သည့် ဤသန့်ပြန့်လျက် ကြီးမား၍နှေးကွေးသော၊ ၎င်း၏ခြေလက်အင်္ဂါလေးဘက်ထောက်ကာရပ်နေပြီး ထိုးနှက်ချက်များကို တားဆီးရန်အနိုင်နိုင်ဖြစ်၍ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသော ရှေးဟောင်းလူဝံကို ကြည့်လျက်၊ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းနိုင်ရုံမျှသာ ရှိနေကြသည်။ မည်သည့်အရာဖြစ်သွားသည်ကို ကြည့်ရန် အချိန်မရှိလိုက်မီ မျက်စိတစ်မှိတ်အတွင်း စည်းဝိုင်းထဲရှိ “လူစွမ်းကောင်း” သည် မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေးကျကာ ခြေလက်အင်္ဂါများသည် လေထဲတွင် ရှိနေ၏။ ယင်းနှစ်အားလုံးတစ်လျှောက် မြေပြင်ပေါ်သို့ မှားယွင်းစွာ နေရာယူထားခဲ့သော ထိုခြေလက်အင်္ဂါများသည် ရုတ်တရက် ဇောက်ထိုး ပြန်လှန်ခဲ့ကာ ထိုလူဝံသည် ခုခံရန်ဆန္ဒ မရှိတော့ပေ။ ထိုအချိန်မှရှေ့ဆက်၍ ရှေးအကျဆုံးလူဝံသည် ကမ္ဘာ့မျက်နှာပြင်မှ ဖယ်ရှားခံရ၍ ယင်းမှာ စစ်မှန်စွာပင် “အလွန်ကြေကွဲဖွယ်ရာ ကောင်း၏”။ ဤရှေးဟောင်းလူဝံသည် ရုတ်တရက်အဆုံးသတ်သွား၏။ လူသား၏ အံ့သြဖွယ်ရာကောင်းသော လောကမှ ၎င်းသည် အဘယ်ကြောင့် ဤမျှ အဆောတလျင် အလျင်စလို အဆုံးသတ်ခဲ့ရသနည်း။ ၎င်း၏မဟာဗျူဟာ နောက်အဆင့်ကို ၎င်း၏အပေါင်းအဖော်များနှင့် အဘယ်ကြောင့် မဆွေးနွေးခဲ့သနည်း။ မိမိ၏ခွန်အားကို ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်း၏ လျှို့ဝှက်ချက်ကို ချန်မထားခဲ့ဘဲ လောကကို ၎င်းနှုတ်ဆက်သွားသည်မှာ အဖြစ်ဆိုးလိုက်လေခြင်း။ တီးတိုးစကား တစ်ခွန်းမျှမဆိုဘဲ သေဆုံးသွားခြင်း၊ “ရှေးဟောင်းယဉ်ကျေးမှုနှင့် အနုပညာ” တို့ကို ၎င်း၏ သားစဉ်မြေးဆက်များအတွက် လက်ဆင့်ကမ်းမသွားဘဲ ထွက်ခွာသွားသည်မှာ ထောက်ထားစာနာမှု မရှိလိုက်လေတကား။ ၎င်းနှင့်အရင်းနှီးဆုံးသူများကို ၎င်း၏နံဘေးသို့ခေါ်၍ ၎င်း၏ချစ်ခြင်းမေတ္တာကို ထိုသူတို့အား ပြောပြချိန် မရှိခဲ့၊ ၎င်းသည် ကျောက်ပြားတစ်ချပ်ပေါ်တွင် မှာကြားချက်များ မထားရစ်ခဲ့၊ ကောင်းကင်နေကို မသိမြင်ခဲ့သည့်အပြင် ပြောမထွက်နိုင်အောင် ဆိုးရွားသော ၎င်း၏အခက်အခဲများအကြောင်း ဘာမျှမပြောခဲ့ပေ။ တောင့်တင်းနေသော ခြေလက်အင်္ဂါများသည် ကောင်းကင်ဘက်သို့ ညွှန်ပြနေသော သစ်ကိုင်းများကဲ့သို့ အထက်သို့ ထာဝရထိုးထွက်နေလျက် ၎င်း၏မျက်လုံးများကို မပိတ်မီ ၎င်း၏နောက်ဆုံးထွက်သက်ဝင်သက်ကို ရှူရင်း ၎င်း၏သေဆုံးခါနီးကိုယ်ခန္ဓာနံဘေးသို့ ၎င်း၏သားစဉ်မြေးဆက်တို့ကို “ဘုရားသခင်ကို စိန်ခေါ်ရန် စည်းဝိုင်းအတွင်းသို့ မတက်နှင့်” ဟု ပြောရန် မခေါ်ပေ။ ကြည့်ရသည်မှာ ၎င်းသည် ခါးသီးသော သေဆုံးခြင်းနှင့် သေခဲ့ပုံရသည်။...ရုတ်တရက် ကျယ်လောင်သော ရယ်မောခြင်းတစ်ရပ် စည်းဝိုင်းအောက်မှ ပေါက်ကွဲထွက်ပေါ်လာ၏၊ မတ်တတ်တစ်ဝက်ရပ်နေသော လူဝံတစ်ကောင်သည် ထိန်းမနိုင်သိမ်းမရဖြစ်နေ၏၊ လူဝံအိုထက် ပို၍တိုးတက်သော တောဆိတ်များ သို့မဟုတ် အခြားသားရိုင်းကောင်ကို သားလိုက်ရန် “ကျောက်တင်းပုတ်” တစ်ခုကို ကိုင်လျက် စိတ်ထဲတွင် ကောင်းစွာတွေးတောထားသော အကြံအစည်တစ်ရပ်ရှိလျက် ၎င်းသည် ဒေါသအပြည့်ဖြင့် စည်းဝိုင်းအတွင်းသို့ ခုန်ဝင်လိုက်၏။၃၉ ယင်းမှာ ၎င်းသည် ချီးမွမ်းထိုက်သော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပြီးသည့်အလား ဖြစ်၏။ ၎င်း၏ ကျောက်တင်းပုတ်၏ “အင်အား” ကို အသုံးပြုလျက် ၎င်းသည် “သုံးမိနစ်” ကြာ မတ်တတ်ရပ်နိုင်၏။ ဤတတိယ “ခြေ” ၏ “ခွန်အား” သည် ကြီးမားလှပေ၏။ ယင်းသည် ကြီးမား၍ကိုးယိုးကားယားနိုင်ကာ မိုက်မဲသော မတ်တတ်တစ်ဝက်ရပ်သည့် လူဝံကို သုံးမိနစ် ကြာရပ်နေရန် ထိန်းထားခဲ့၏။ ဤကြည်ညိုကိုင်းရှိုင်းဖွယ်ရာ၄၀ လူဝံအိုကြီး ကြီးစိုးလွန်းလှခြင်းမှာ အံ့သြဖွယ်မကောင်းပေ။ ရှေးဟောင်း ကျောက်ကိရိယာသည် “၎င်း၏ဂုဏ်သတင်းအနှင့် ကိုက်ညီသည်” မှာ ထင်သည့်အတိုင်းပင်ဖြစ်၏။ ဓားရိုး၊ ဓားသွားနှင့် ဓားဖျားတို့ရှိကာ တစ်ခုတည်းသော အပြစ်အနာအဆာမှာ ထိုဓားသွားအနေဖြင့် အရောင်စိုမှု ကင်းမဲ့ခြင်းသာဖြစ်၏၊ ဤသည်မှာ မည်မျှကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလိုက်သနည်း။ စည်းဝိုင်းအတွင်းရပ်လျက်၊ အောက်၌ရှိနေသူများကို ထိရောက်စွာ မစွမ်းဆောင်နိုင်သော လက်အောက်ငယ်သားများဖြစ်၍ ၎င်းမှာမူရဲရင့်သော လူစွမ်းကောင်းအလား ၎င်းတို့ကို အထင်သေးသော အကြည့်ဖြင့် ငေးစိုက်ကြည့်သော ရှေးခေတ်ကာလများမှ “လူစွမ်းကောင်းငယ်လေး” ကို ထပ်၍ကြည့်လော။ သူ၏နှလုံးသားတွင် သူသည် စင်မြင့်ရှေ့၌ရှိနေသူများကို တိတ်တဆိတ် စက်ဆုပ်ရွံရှာ၏။ “နိုင်ငံသည် ဒုက္ခရောက်နေပြီး ငါတို့တစ်ဦးစီတိုင်းတွင် တာဝန်ရှိ၏၊ သင်တို့သည် အဘယ်ကြောင့် ရှောင်ရှားနေသနည်း။ နိုင်ငံသည် ကပ်ဘေးနှင့်ရင်ဆိုင်ရသည်ကို သင်တို့မြင်သော်လည်း သွေးထွက်သံယိုတိုက်ပွဲတွင် သင်တို့မပါဝင်ခြင်း ဖြစ်နိုင်သလော။ နိုင်ငံသည် ကပ်ဘေးဆိုက်လုနီးဖြစ်နေ၏၊ သင်တို့သည် စိုးရိမ်စိတ်အရင်ဆုံးပြ၍ သင်တို့ကိုယ်သင်တို့ ပျော်မွေ့ဖို့ နောက်ဆုံးလူများ အဘယ်ကြောင့် မဟုတ်ကြသနည်း။ နိုင်ငံကျရှုံး၍ ပြည်သူပြည်သားများ ယိုယွင်းပျက်စီးခြင်းသို့ ကျရောက်သည်ကို သင်တို့ မည်သို့ရပ်၍ကြည့်နိုင်ကြသနည်း။ နိုင်ငံတော်ကို လက်အောက်ခံဘဝ သွတ်သွင်းခြင်း၏ အရှက်ရခြင်းကို သင်တို့ခံရန် လိုလိုလားလားရှိသလော။ အသုံးမကျသော လူတစ်စုပေတည်း။” ၎င်းသည် ဤသည်ကို စဉ်းစားရင်း စင်အရှေ့တွင် ရန်ပွဲများဖြစ်ပွားကာ ၎င်း၏မျက်လုံးများသည် မီးတောက်များထိုးတက်တော့မည့်အလား၄၁ ဒေါသသာ၍ပင်ထွက်လာ၏။ ၎င်းသည် လူတို့ပျော်စေရေးအတွက် ဘုရားသခင်အားသတ်ရန် အရူးအမူးဖြစ်နေကာ ရန်ပွဲမစမီ ဘုရားသခင် ကျရှုံးစေရေးအတွက် တရွရွဖြစ်နေ၏။ ၎င်း၏ကျောက်ကိရိယာများသည် ကျော်ကြားထိုက်နိုင်သော်လည်း ယင်းသည် ဘုရားသခင်အား မည်သည့်အခါမျှ ရန်မူနိုင်ခြင်းမပြုနိုင်ကြောင်းကို ၎င်းမသိပေ။ ၎င်းသည် မိမိကိုယ်ကို ကာကွယ်ရန် အချိန်မရမီ၊ ၎င်းသည် လဲလျောင်း၍ ခြေပေါ်ရပ်ရန် အချိန်မရလိုက်မီ၊ ၎င်းသည် မျက်စိနှစ်လုံးစလုံး အမြင်အာရုံဆုံးရှုံး၍ ရှေ့ထိုးနောက်ငင်ယိမ်းထိုးနေ၏။ ၎င်းသည် ၎င်း၏အိုမင်းသော ဘိုးဘေးဘီဘင်ထံသို့ တလိမ့်ခေါက်ကွေးကျကာ ပြန်မထပေ၊ ရှေးဟောင်းလူဝံကို တင်းကျပ်စွာဆုပ်ကိုင်၍၊ ၎င်းသည် အော်ဟစ်ခြင်း မပြုတော့ဘဲ ၎င်း၏သာ၍နိမ့်ကျမှုကို ဝန်ခံကာ ခုခံလိုသည့်ဆန္ဒ မရှိတော့ပေ။ ထိုသနားစဖွယ် လူဝံနှစ်ကောင်တို့သည် စည်းဝိုင်းရှေ့တွင် သေဆုံးကြ၏။ မျက်မှောက်နေ့ရက်အထိ အသက်ရှင်သန်ခဲ့သော လူသားမျိုးနွယ်၏ ဘိုးဘေးများသည် ဖြောင့်မတ်ခြင်း၏နေပေါ်ထွက်လာသည့် နေ့ရက်တွင် အသိဉာဏ်ကင်းမဲ့မှု၌ သေဆုံးရသည်မှာ ကံဆိုးလေစွ။ ၎င်းတို့သည် ဤကဲ့သို့ကြီးမြတ်လှသော ကောင်းချီးမင်္ဂလာတစ်ရပ်ကို ၎င်းတို့အား ကျော်လွန်သွားစေခြင်းနှင့် ၎င်းတို့၏ ကောင်းချီးမင်္ဂလာနေ့ရက်တွင် နှစ်ပေါင်းထောင်ပေါင်းများစွာ စောင့်နေခဲ့သော လူဝံများသည် ထိုကောင်းချီးမင်္ဂလာများကို နတ်ဆိုးတို့၏မင်းနှင့်အတူ “မွေ့လျော်ရန်” မရဏနိုင်ငံသို့ ယူသွားခဲ့ခြင်းတို့မှာ မိုက်မဲလေစွ။ ဤကောင်းချီးမင်္ဂလာတို့ကို သက်ရှိတို့၏လောကတွင် ၎င်းတို့၏သားသမီးများနှင့် အတူမွေ့လျော်ရန် အဘယ်ကြောင့်မထားသနည်း။ ၎င်းတို့သည် ဒုက္ခသာရှာနေကြသည်။ ဂုဏ်ဒြပ်၊ ဂုဏ်သတင်းနှင့် ပကာသနအနည်းငယ်အတွက် ၎င်းတို့သည် ငရဲ၏တံခါးပေါက်များကို ဦးဆုံးဖွင့်သည့်သူဖြစ်၍ ငရဲ၏သားများဖြစ်ရန်အတွက် ကစင့်ကလျားသွားကာ အသတ်ခံရသည့် ကံဆိုးခြင်းကို ခံစားကြသည်မှာ ဖြုန်းတီးခြင်းပေတကား။ ထိုကဲ့သို့သောအဖိုးအခသည် အလွန့်အလွန်ပင် မလိုအပ်ပေ။ “အမျိုးသားစိတ်ဓာတ်ပြည့်ဝ” လွန်းသော ဘိုးဘေးအိုတို့သည် “မိမိတို့ကိုယ်တိုင်အပေါ် တင်းကျပ်လွန်းသော်လည်း သူတစ်ပါးအပေါ် သည်းခံ” လွန်း၍ မိမိတို့ကိုယ်ကို ငရဲတွင်ပိတ်ထားလျက်၊ ထိရောက်စွာမစွမ်းဆောင်နိုင်သော လက်အောက်ငယ်သားများကို ပြင်ပတွင် ဖယ်ထားသည်မှာ သနားစဖွယ်ကောင်းလှပေသည်။ ဤကဲ့သို့သော “ပြည်သူတို့၏ ကိုယ်စားလှယ်များ” ကို မည်သည့်နေရာတွင် တွေ့နိုင်သနည်း။ “၎င်းတို့၏သားသမီးများ ကောင်းကျိုး” အတွက်နှင့် “အနာဂတ်မျိုးဆက်များ၏ ငြိမ်းချမ်းသောဘဝများ” အတွက် ၎င်းတို့သည် ဘုရားသခင်ကို ဝင်ရောက်နှောင့်ယှက်ခွင့် မပြုပေ၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ဘဝများကို ဂရုမစိုက်ကြပေ။ အထိန်းအချုပ်မရှိဘဲ ထိုသူတို့သည် ၎င်းတို့ကိုယ်ကို “အမျိုးသားအရေး” အတွက် မြှုပ်နှံကာ မရဏနိုင်ငံကို စကားတစ်လုံးမျှ မပြောဘဲ ဝင်ရောက်၏။ ထိုကဲ့သို့သော အမျိုးသားရေးစိတ်ဓာတ်ကို မည်သည့်နေရာတွင် တွေ့နိုင်မည်နည်း။ ဘုရားသခင်နှင့်တိုက်ပွဲဝင်လျက်၊ ၎င်းတို့သည် သေခြင်းတရားကို မကြောက်၊ သွေးထွက်သံယိုမှုကိုလည်း မကြောက်ပေ၊ ၎င်းတို့သည် နက်ဖြန်အကြောင်း သာ၍ပင် မစိုးရိမ်ပေ။ ၎င်းတို့သည် စစ်မြေပြင်နှင့် နေသားတကျရှိကြသည်။ ၎င်းတို့၏ “မြှုပ်နှံထားမှုစိတ်ဓာတ်” အတွက် ရရှိသည့် တစ်ခုတည်းသောအရာသည် ထာဝရနောင်တနှင့် အစဉ်တောက်လောင်နေသော ငရဲမီးတောက်များအားဖြင့် လောင်မြိုက်ခံရခြင်း ဖြစ်သည်မှာ သနားစဖွယ်ကောင်းလှသည်။

အဘယ်မျှ စိတ်ဝင်စားဖွယ်ကောင်းလိုက်လေသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အစဉ်ပင် လူတို့၏ ငြင်းပယ်ခြင်းကိုခံရ၍ ဝေဖန်ပုတ်ခတ်ခြင်းကို ခံရသည်မှာ အဘယ်ကြောင့်နည်း။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို တစ်စုံတစ်ရာ နားလည်မှုမရှိဖူးသနည်း။ ဘုရားသခင်သည် အချိန်မှား၍ လာခဲ့ခြင်းများဖြစ်နိုင်သလော။ ဘုရားသခင်သည် နေရာမှားသို့ လာခဲ့ခြင်းများ ဖြစ်နိုင်သလော။ ဘုရားသခင်သည် လူသား၏ “ထိုးမြဲလက်မှတ်” မပါဘဲ တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းကြောင့် ဤအရာဖြစ်ခဲ့ခြင်းများ ဖြစ်နိုင်သလော။ လူသား၏ခွင့်ပြုချက် မပါဘဲ ဘုရားသခင်သည် သူ၏စိတ်ကို သူဆုံးဖြတ်ခဲ့သောကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် ကြိုတင်အသိပေးသည်ဟု ဖြစ်ရပ်မှန်အချက်အလက်များက ဖော်ပြသည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၌ အမှား မပြုခဲ့ပေ၊ သူသည် လူသား၏ခွင့်ပြုချက်ကို တောင်းခံရမည်လော။ ထို့အပြင် ဘုရားသခင်သည် ရှေးမဆွကပင် လူသားအား သတိပေးခဲ့သော်လည်း လူတို့မေ့လျော့သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့ကို အပြစ်တင်ရမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ကာလကြာမြင့်စွာကတည်းကပင် စာတန်၏ လွန်စွာဖျက်ဆီးမှုကို ခံခဲ့ရသဖြင့် သူသည် ဝိညာဉ်လောကတွင် ဖြစ်ပျက်နေသည့် အရာများကို မဆိုနှင့် ကောင်းကင်ဘုံအောက် ဖြစ်ပျက်နေသည့်အရာ တစ်ခုမျှ နားမလည်ပေ။ လူသား၏ဘိုးဘေးဘီဘင်များဖြစ်သော လူဝံတို့သည် စည်းဝိုင်းအတွင်း သေဆုံးခဲ့ကြသည်မှာ ဆိုးရွားလှသော်လည်း ဤသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ၊ ကောင်းကင်နှင့်မြေကြီးသည် မည်သည့်အခါကမျှ သဟဇာတမဖြစ်ခဲ့ပေ၊ ထို့အပြင် ကျောက်တုံးနှင့်ပြုလုပ်ထားသည့် စိတ်များရှိသော လူဝံတို့သည် ဘုရားသခင်အနေဖြင့် လူ့ဇာတိတစ်ဖန်ခံယူနိုင်သည်ကို အဘယ်သို့ စိတ်ကူး၍ရနိုင်မည်နည်း။ “၎င်း၏အနှစ်ခြောက်ဆယ်” တွင်ရှိသည့် ဤသို့သော အဖိုးအိုသည် ဘုရားသခင်ပေါ်ထွန်းခြင်းနေ့ရက်တွင်၊ ဤကဲ့သို့သောကြီးမားသည့် ကောင်းချီးမင်္ဂလာ ပေါ်ထွန်းရာနေ့တွင်သေဆုံးကာ၊ ကောင်းချီးမင်္ဂလာ ခံစားရခြင်းမရှိဘဲ လောကမှစွန့်ခွာသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှ၏၊ ယင်းမှာ အံ့ဖွယ်တစ်ပါး မဟုတ်ပေလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)” မှ

၂၆။ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဘာသာတရားအားလုံးနှင့် ကဏ္ဍအားလုံးတစ်လျှောက် ပြင်းထန်သည့် ဂယက်လှိုင်းများ ရိုက်ခတ်စေခဲ့၏၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ မူလထုံးစံကို “ဖရိုဖရဲ” ဖြစ်စေခဲ့ကာ ဘုရားသခင်ပေါ်ထွန်းလာမှုကို တောင့်တကြသူများ၏ နှလုံးသားများကို တုန်လှုပ်စေခဲ့၏။ အဘယ်သူသည် ချစ်ခင်ကြင်နာမှုမရှိသနည်း။ အဘယ်သူသည် ဘုရားသခင်ကိုတွေ့ရန် တမ်းတခြင်းမရှိသနည်း။ ဘုရားသခင်သည် လူသားအကြား ကိုယ်တိုင်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သော်လည်း လူသားသည် ယင်းကို မည်သည့်အခါကမျှ မသိခဲ့ပေ။ ယနေ့ ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းခဲ့၍ သူ၏ကိုယ်ပိုင်လက္ခဏာကို လူထုများအား ပြသခဲ့ပြီးဖြစ်၏၊ ဤသည်မှာ လူသား၏နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်စေခြင်းမဖြစ်ဘဲ အဘယ်သို့ရှိနိုင်မည်နည်း။ တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူဝမ်းမြောက်ခဲ့ကာ အတူဝမ်းနည်းခဲ့ပြီး ယနေ့ သူသည် လူသားနှင့် ပြန်လည်ပေါင်းစပ်ခဲ့၍ အတိတ်ကဇာတ်ကြောင်းများကို သူနှင့်အတူ အပြန်အလှန်ပြောဆိုခဲ့၏။ သူသည် ယုဒပြည်မှထွက်သွားပြီးနောက် လူတို့သည် သူ၏အစအနကို ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့သည် ယနေ့ သူနှင့်တစ်ဖန်ပြန်တွေ့ပြီးကြောင်းနှင့် သူနှင့်ပြန်လည်ပေါင်းစပ်ပြီးကြောင်းကို မသိကြဘဲ၊ ဘုရားသခင်အား နောက်တစ်ကြိမ်တွေ့ရန် တောင့်တကြ၏။ ဤသည်မှာ အတိတ်အကြောင်း အတွေးများကို မလှုံ့ဆော်ဘဲ အဘယ်သို့ရှိမည်နည်း။ ယနေ့မှ လွန်ခဲ့သောအနှစ်နှစ်ထောင်က ယုဒလူတို့မှ ဆင်းသက်လာသော ရှိမုန်ဗာယောနသည် ကယ်တင်ရှင်ယေရှုကိုတွေ့ခဲ့၏၊ သူနှင့်တစ်စားပွဲတည်းတွင် စားခဲ့၍ သူ့နောက်နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ့အပေါ်လေးနက်သော ချစ်ခင်စိတ်ပေါ်ခဲ့၏၊ သူ့အား နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိ ချစ်ခဲ့၏၊ သူသည် သခင်ယေရှုကို လေးနက်စွာ ချစ်ခဲ့၏။ အေးစိမ့်သောနွားစားခွက်တွင်မွေးဖွားခဲ့သည့် ရွှေဝါရောင်ဆံပင်ရှိသော ဤကလေးသည် လူ့ဇာတိခံဘုရားသခင်၏ ပထမဆုံးပုံရိပ်ဖြစ်ကြောင်းကို ယုဒလူတို့သည် လုံးဝမသိခဲ့ကြပေ။ သူသည်လည်း ၎င်းတို့ကဲ့သို့ပင်ဖြစ်သည်ဟု ၎င်းတို့အားလုံးထင်ခဲ့ကြသည်၊ သူသည် တစ်စုံတစ်ရာ ကွဲပြားသည်ဟု မည်သူမျှ မထင်ခဲ့ကြပေ၊ လူတို့သည် ဤသာမန်၊ ရိုးရိုး ယေရှုကို အဘယ်သို့ သိနိုင်မည်နည်း။ ယုဒလူတို့သည် သူ့အား ထိုကာလက ယုဒသားတစ်ဦးဟု ထင်မှတ်ခဲ့ကြသည်။ သူ့အား ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဟု မမြင်ခဲ့ကြ၊ ထို့အပြင် လူတို့သည် သူ့အား ကြွယ်ဝ၍ များပြားသော ကျေးဇူးတော်များ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ပေးရန် သူ့အပေါ် ဆင်ကန်းတောတိုး တောင်းဆိုချက်များပြုသည်မှလွဲ၍ အခြား မည်သည်ကိုမျှ မပြုလုပ်ခဲ့ကြပေ။ သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့ လူတစ်ဦးအနေဖြင့် အလိုရှိနိုင်ရာကို ရရှိခဲ့သူတစ်ဦးဟုသာ သူ့ကို သိခဲ့ကြသည်။ သို့ရာတွင် လူတို့သည် သူ့အား ချစ်ခင်မြတ်နိုးသူတစ်ဦးအဖြစ် မည်သည့်အခါကမျှ မဆက်ဆံခဲ့ပေ၊ ထိုကာလက လူတို့သည် သူ့ကို မချစ်ခဲ့ကြပေ၊ ထို့အပြင် သူ့ကို ဆန့်ကျင်ကန့်ကွက်ခြင်းကိုသာ ပြုခဲ့ကြ၍ အကြောင်းမဲ့တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကာ လူသားသည် သူ့ကိုမသိသော်လည်း သူသည် မည်သည့်အခါမျှ ခုခံခဲ့ခြင်းမရှိ၊ လူသားကို ကျေးဇူးတော်များ အစဉ်ပေးခဲ့၏။ သူသည် လူသားအား နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် အကြင်နာတို့ကို တိတ်ဆိတ်စွာပေးသည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဘဲ ထိုထက်သာ၍ လူသားအား ပညတ်တရား၏ ချုပ်နှောင်မှုများမှ လွတ်မြောက်စေကာ သူသည် လူသားကို အလေ့အထနည်းလမ်းတစ်ရပ်ပေးခဲ့၏။ လူသားသည် သူ့ကို မချစ်ပေ၊ သူ့အား အားကျရုံသာဖြစ်၍ သူ၏ထူးကဲသော ပါရမီတို့ကို အသိအမှတ်ပြုခဲ့ရုံသာ ဖြစ်၏။ ချစ်မြတ်နိုးဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှု လူသားမျိုးနွယ်အကြား လာခဲ့စဉ်က ခံစားရသည့် အရှက်ကွဲမှုမှာ အဘယ်မျှ ကြီးမားသည်ကို မျက်မမြင် လူသားမျိုးနွယ်သည် အဘယ်သို့သိနိုင်မည်နည်း။ သူ၏ စိတ်သောကကို မည်သူမျှ စဉ်းစားခဲ့ခြင်းမရှိ၊ ခမည်းတော်တည်းဟူသော ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းမေတ္တာကို မည်သူမျှ မသိခဲ့ပေ၊ ထို့အပြင် သူ၏အထီးကျန်မှုကို မည်သူမျှ မသိနိုင်ခဲ့ပေ၊ မာရိသည် သူ၏မွေးမိခင်ဖြစ်သော်လည်း သူမသည် ကရုဏာရှင် သခင်ယေရှု၏ နှလုံးသားတွင်ရှိသော အတွေးများကို မည်သို့သိနိုင်မည်နည်း။ လူသားမှ အောင့်ခံခဲ့သော ပြောမပြနိုင်သည့် ဒုက္ခအကြောင်း မည်သူသိခဲ့သနည်း။ သူ့အပေါ်တောင်းဆိုချက်များ ပြုလုပ်ပြီးနောက် ထိုကာလမှလူတို့သည် သူ့အား စိမ်းကားစွာ ဂရုမပြုတော့ဘဲ ပြင်ပသို့ ပစ်လိုက်၏။ ထို့ကြောင့် သူသည် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် လမ်းများပေါ်တွင် ဟိုဟိုသည်သည် သွားလာကာ၊ ကြာရှည်ခြင်းရော တိုတောင်းခြင်းပါဖြစ်သည့် ခက်ခဲသော သုံးဆယ့်သုံးနှစ်နေပြီးသည့်တိုင် နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့သည်။ လူတို့သည် သူ့အားလိုအပ်ခဲ့သည့်အခါ ပြုံးနေသောမျက်နှာများဖြင့် ၎င်းတို့၏ အိမ်အတွင်းသို့ သူ့အားဖိတ်ခေါ်ခဲ့ကြပြီး သူ့အပေါ် တောင်းဆိုမှုများပြုရန် ကြိုးစားကြ၏၊ သူသည် ၎င်းတို့ကို သူ၏ကူညီထောက်ပံ့မှု ပြုလုပ်ပြီးသောအခါ ၎င်းတို့သည် သူ့အား တံခါးပြင်ပသို့ ချက်ချင်း တွန်းထုတ်လိုက်ကြ၏။ သူ၏နှုတ်မှထောက်ပံ့ပေးခဲ့သည်ကို လူတို့သည်စားခဲ့၏၊ သူ၏သွေးကိုသောက်ခဲ့ကြ၏၊ ၎င်းတို့အပေါ် ချပေးသော ကျေးဇူးတော်များကို မွေ့လျော်ကြ၏၊ သို့သော် ထိုသူတို့သည် သူ့အား ဆန့်ကျင်ခြင်းလည်း ပြုခဲ့ကြ၏၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ၎င်းတို့အား ၎င်းတို့၏ဘဝများကို မည်သူပေးခဲ့သည်ကို မသိခဲ့ကြပေ။ နောက်ဆုံးတွင် ထိုသူတို့သည် သူ့အား လက်ဝါးကပ်တိုင်၌ ရိုက်ထားခဲ့ကြသော်လည်း သူသည် အသံမထွက်ဘဲနေဆဲ ဖြစ်ခဲ့သည်။ ယနေ့၌ပင် သူသည် တိတ်ဆိတ်စွာနေဆဲဖြစ်၏။ လူတို့သည် သူ၏အသားကို စားကြ၏၊ ၎င်းတို့အတွက် သူလုပ်ပေးသည့်အစာကို သူတို့စားကြ၏၊ ၎င်းတို့အတွက် သူဖွင့်ပေးခဲ့သည့်လမ်းကို သူတို့လျှောက်ကြကာ သူ့သွေးကို ၎င်းတို့သောက်ကြ၏၊ သို့သော် ၎င်းတို့သည် သူ့အားငြင်းပယ်ရန် ရည်ရွယ်ဆဲဖြစ်၏၊ အကယ်စင်စစ် ၎င်းတို့အား ၎င်းတို့၏ဘဝများကိုပေးခဲ့သည့် ဘုရားသခင်ကို ၎င်းတို့သည် ရန်သူကဲ့သို့ ဆက်ဆံကာ ၎င်းတို့ကဲ့သို့ ကျွန်များအား ကောင်းကင်ဘုံ၌ရှိတော်မူသော အဘကဲ့သို့ ဆက်ဆံကြ၏။ ဤသည်၌ ၎င်းတို့သည် သူ့အား တမင်ဆန့်ကျင်သည် မဟုတ်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေခံရန် အဘယ်သို့ လာခဲ့သနည်း။ သင်တို့သိသလော။ သူသည် သူနှင့် အရင်းနှီးဆုံးဖြစ်၍ သူ့အားစားခဲ့၊ သောက်ခဲ့ပြီး သူ့အား မွေ့လျော်ခဲ့သူဖြစ်သော ယုဒ၏သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ယုဒသစ္စာဖောက်ရခြင်း အကြောင်းရင်းမှာ ယေရှုသည် သာမန်ဆရာကလေးတစ်ပါးထက် မပိုသောကြောင့် မဟုတ်သလော။ ယေရှုသည် သာမန်ထက်ထူးကဲကြောင်းနှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်ကြောင်းကို လူတို့သည် အမှန်တကယ်မြင်တွေ့ခဲ့ပါက ၎င်းတို့သည် သူ၏ခန္ဓာကိုယ်တွင် ထွက်သက်ဝင်သက် မရှိတော့သည်အထိ နှစ်ဆယ့်လေးနာရီကြာ အသက်ရှင်လျက် လက်ဝါးကပ်တိုင်ပေါ်၌ အဘယ်သို့ရိုက်နှက်နိုင်ခဲ့ကြသနည်း။ ဘုရားသခင်အား မည်သူသိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အား မရောင့်ရဲနိုင်သောလောဘဖြင့် မွေ့လျော်ခြင်းမှလွဲ၍ မည်သည့်အရာမျှ ပြုလုပ်ခြင်းမရှိသော်လည်း ထိုသူတို့သည် သူ့အား မည်သည့်အခါမျှ မသိခဲ့ကြပေ။ ထိုသူတို့ကို တစ်လက်မ ပေးခဲ့သော်လည်း ထိုသူတို့သည် တစ်မိုင်ယူခဲ့၍ ယေရှုရှင်အား ၎င်းတို့၏အမိန့်များ၊ ၎င်းတို့၏ညွှန်ကြားချက်များကို လုံးဝ နာခံစေ၏။ ခေါင်းချစရာ မည်သည့်နေရာမျှမရှိသော ဤလူသားအပေါ် အကြင်နာတစ်စုံတစ်ရာမျိုး မည်သူပြခဲ့ဖူးသနည်း။ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန် မည်သူသည် သူနှင့်အင်အား ပေါင်းစည်းရန် စဉ်းစားခဲ့ဖူးသနည်း။ မည်သူသည် သူ့အတွက် စဉ်းစားခဲ့ဖူးသနည်း။ သူ၏အခက်အခဲများကို မည်သူသည် စာနာထောက်ထားခဲ့ဖူးသနည်း။ ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိဘဲ လူသားသည် သူ့အား ခေါက်တုံ့ခေါက်ပြန် လိမ်ချိုး၏၊ လူသားသည် သူ၏အလင်းနှင့်အသက် မည်သည့်နေရာမှ လာသည်ကို မသိပေ၊ ထို့အပြင် လူသားတို့အကြားတွင် နာကျင်မှုကို တွေ့ကြုံခံစားခဲ့သည့် လွန်ခဲ့သော အနှစ်နှစ်ထောင်က ယေရှုကို တစ်ဖန်ပြန်၍ မည်သို့ကားစင်တင်ရမည်ကို လျှို့ဝှက်စွာ ကြံစည်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မပြုပေ။ ယေရှုသည် ဤကဲ့သို့သောမုန်းတီးမှုကို အကယ်ပင် လှုံ့ဆော်သလော။ သူလုပ်ဆောင်ခဲ့သမျှအားလုံးကို မေ့သွားခဲ့ကြသည်မှာ ကြာပြီလော။ နှစ်ပေါင်းထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့သောမုန်းတီးမှုသည် အဆုံး၌ ပြင်ပသို့ ထိုးထွက်မည်လော။ အသင်တို့၊ ယုဒလူတို့နှင့် အတန်းစားတူသူတို့။ သင်တို့သည် ယေရှုအား ဤမျှမုန်းရအောင် သူသည် သင်တို့ကို မည်သည့်အချိန်က ရန်လိုခဲ့ဖူးသနည်း။ သူသည် များစွာဆောင်ရွက်ခဲ့ပြီး၍ များစွာ ပြောဆိုခဲ့ပြီးဖြစ်၏၊ ၎င်းတို့တစ်ခုမျှ သင်တို့၏အကျိုးအတွက် မဟုတ်သလော။ သင်တို့ထံမှ မည်သည့်အရာမျှ ပြန်လည်တောင်းခံခြင်းမရှိဘဲ သူသည် သင်တို့ကို သူ၏အသက်ပေးခဲ့၏၊ သူ၏ အလုံးစုံကို ပေးခဲ့၏၊ သင်တို့သည် အကယ်ပင် သူ့အား လွှမ်းမိုးချုပ်ကိုင်လိုသေးသလော။ သူသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊ လောကီဘုန်းအာနုဘော်၊ လူသားအကြား နွေးထွေးမှုနှင့် လူသားအကြား ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားတို့အကြား ကောင်းချီးမင်္ဂလာများကို တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးခဲ့ပြီးဖြစ်သည်။ လူတို့သည် သူ့အပေါ် လွန်စွာဆိုးသွမ်းကြ၏၊ သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ၊ သူသည် သူ၏စိတ်ရင်းအမှန်အတိုင်းရှိ၍ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအတွက် မြှုပ်နှံထား၏၊ သူ၏အလုံးစုံကို လူသားအတွက် မြှုပ်နှံထားခဲ့၏၊ မည်သူသည် သူ့အား နွေးထွေးမှုပေးခဲ့ဖူးသနည်း။ မည်သူသည် သူ့အားနှစ်သိမ့်မှုပေးခဲ့ဖူးသနည်း။ လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချခဲ့၏၊ ၎င်း၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးခဲ့၏၊ လူသားအကြား အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အား အတင်းအကျပ်ပေးခဲ့၏၊ မတရားမှုအားလုံးအတွက် သူ့အားအပြစ်တင်ပြီး ယင်းကို သူသည် ဘာမျှမပြောဘဲ လက်ခံခဲ့သည်။ သူသည် တစ်စုံတစ်ဦးအား ကန့်ကွက်ခဲ့ဖူးသလော။ သူသည် တစ်စုံတစ်ဦးထံမှ နစ်နာကြေးအနည်းငယ် တောင်းခံခဲ့ဖူးသလော။ မည်သူသည် သူ့အပေါ် သနားကြင်နာမှု တစ်စုံတစ်ရာပြခဲ့ဖူးသနည်း။ သာမန်လူတို့အနေဖြင့် သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝမရှိခဲ့ဖူးသနည်း။ အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိခဲ့ဖူးသနည်း။ ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မရသူ အဘယ်သူရှိသနည်း။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာမရှိသူ အဘယ်သူရှိသနည်း။ အခြားသူများ၏လေးစားမှု မရှိသူ အဘယ်သူရှိသနည်း။ နွေးထွေးသည့်မိသားစု မရှိသူ အဘယ်သူရှိသနည်း။ ၎င်းတို့ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု မရှိသူ အဘယ်သူရှိသနည်း။ ထို့အပြင် သူသည် ဤအရာတစ်စုံတစ်ရာကို မွေ့လျော်ဖူးသလော။ အဘယ်သူသည် သူ့အား နွေးထွေးမှု အနည်းငယ် ပေးခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အား နှစ်သိမ့်မှု အနည်းငယ်မျှ ပေးခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အား လူသား၏ ကိုယ်ကျင့်သိက္ခာပြခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အပေါ် သည်းခံခဲ့ဖူးသနည်း။ ခဲယဉ်းသည့်ကာလများအတွင်း အဘယ်သူသည် သူနှင့်အတူ ရှိခဲ့ဖူးသနည်း။ အဘယ်သူသည် ခက်ခဲသောဘဝကို သူနှင့်အတူ ဖြတ်သန်းခဲ့ဖူးသနည်း။ လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ခဲ့ခြင်း မရှိခဲ့ပေ၊ သိက္ခာစောင့်စည်းမှု မရှိဘဲ သူ့အပေါ်တောင်းဆိုမှုများ ပြုလုပ်ရုံသာရှိ၏၊ ယင်းမှာ လူသား၏လောကသို့ လာခဲ့သည့်အတွက် သူ၏နွားထီး သို့မဟုတ် မြင်းဖြစ်ရသည့်အလား၊ သူ၏အကျဉ်းသား ဖြစ်ရသည့်အလားနှင့် သူ၏အလုံးစုံကို လူသားအား ပေးရသည့်အလားဖြစ်၏၊ ထိုသို့မပြုပါက လူသားသည် သူ့အား မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်၊ သူ့အပေါ် မည်သည့်အခါမျှ သက်ညှာမှုမရှိဘဲ သူ့အား ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်လိမ့်မည်မဟုတ်သည့်အပြင် မြင့်မားသည့် ရိုသေကြည်ညိုမှုလည်း မည်သည့်အခါမျှ ရှိလိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်အပေါ် ၎င်း၏သဘောထားနှင့်ပတ်သက်၍ ပြင်းထန်လွန်း၏၊ ယင်းမှာ သူသည် ဘုရားသခင်အား သေဆုံးသည်အထိ နှိပ်စက်ရန်နှင့် သေဆုံးပြီးမှသာ ဘုရားသခင်အပေါ် သတ်မှတ်ချက်များကို လျှော့ပေးရန် ဆုံးဖြတ်ထားသည့်အလား ဖြစ်၏၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် ၎င်း၏တောင်းဆိုချက်များကို မည်သည့်အခါမျှ လျှော့ပေါ့ပေးမည် မဟုတ်ပေ။ ဤကဲ့သို့သော လူသားသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို မခံရဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ယင်းသည် ယနေ့ခေတ်၏ အဖြစ်ဆိုး မဟုတ်ပေဘူးလော။ လူသား၏ အသိတရားကို မည်သည့်နေရာတွင်မျှ မမြင်ရပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သူသည် ကျေးဇူးဆပ်မည်ဟု ပြောနေသော်လည်း သူသည် ဘုရားသခင်အား ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကာ သေသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်၏။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်း၏ယုံကြည်ခြင်းအတွက် ၎င်း၏ဘိုးဘေးဘီဘင်တို့မှ လက်ဆင့်ကမ်းလိုက်သည့် “လျှို့ဝှက်နည်းနာ” မဟုတ်သလော။ “ယုဒလူတို့” အား မတွေ့သည့်နေရာ မရှိဘဲ ယနေ့တွင် ၎င်းတို့သည် တစ်မျိုးတည်းသော အလုပ်ကိုပင် လုပ်ကိုင်ဆဲဖြစ်၏၊ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်မျိုးတည်းသော အလုပ်ကို ဆက်၍ လုပ်ကိုင်နေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်အား အမြင့်တွင် မြှင့်တင်ထားသည်ဟု ယုံကြည်ကြသည်။ လူသား၏ကိုယ်ပိုင်မျက်လုံးများသည် ဘုရားသခင်အား မည်သို့သိနိုင်မည်နည်း။ ဇာတိပကတိ၌နေသော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင်မည်နည်း။ လူသားအကြား မည်သူသည် သူ့ကိုသိနိုင်မည်နည်း။ လူသားအကြား သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူသိနိုင်သနည်း။ ကောင်းကင်ဘုံရှိဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအကြား လာခဲ့စဉ်က ဘုရားသခင်ကို မည်သူမျှမသိဘဲ သူသည် ငြင်းပယ်ခြင်းခံရသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်တည်ရှိမှုကို လူသားသည် အဘယ်သို့သည်းခံနိုင်သနည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်သနည်း။ ဤသည်အားလုံးမှာ လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ်သလော။ ထို့အပြင် ဘုရားသခင်၏အမှုသည် လူသား ဝင်ရောက်မှု အနီးတဝိုက်ကို ဗဟိုပြုထားသည် မဟုတ်လော။ ငါသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစပ်စေလိုသည်၊ ထို့အပြင် လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်စေလိုကာ လူသားအနေဖြင့် ၎င်း၏အကောင်းဆုံး စွမ်းရည်များအတိုင်း လုပ်ဆောင်သင့်သည့်တာဝန်ကို လုပ်ဆောင်စေလိုသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏အမှုသည် နောက်ပိုင်းတွင် အဆုံးသတ်သွားပြီး သူ၏ ဘုန်းအာနုဘော်နှင့် ပြည့်စုံစေခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်သည်။။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)” မှ

အောက်ခြေမှတ်စု(များ)-

၁။ “လူ၌ အလုပ်လုပ်သည်” မှာ လူကို ကယ်တင်ခြင်းကို ဆိုလိုသည်။

၂။ “ဇွဲရှိရှိ ဖက်တွယ်ထားကြသည်” ဟူသည့်စကားကို သရော်သည့် ပုံစံဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဤစကားစုက “လူတို့သည် ခေါင်းမာပြီး ထိန်းဖို့ခက်သည်၊ ခေတ်နောက်ကျနေသည့် အရာများကို စွဲကိုင်ထားကြပြီး လက်မလွှတ်လိုကြ” ဟူသည့် အဓိပ္ပာယ်ကို ရည်ညွှန်းသည်။

၃။ “၎င်းတို့၏ အတိတ်က သဘောထားကို ပြောင်းပြန်လှန်” သည် လူတို့၏ ဘုရားသခင်အပေါ် အယူအဆများနှင့် အမြင်များသည် ၎င်းတို့ဘုရားသခင်ကို သိလိုက်သည်နှင့်ပြောင်းလဲသွားပုံအကြောင်းကို ရည်ညွှန်း၏။

၄။ “စိတ်အေးသက်သာနေလျက်” သည် လူတို့သည် ဘုရားသခင်၏အမှုအကြောင်း ဂရုမစိုက်ဘဲ ၎င်းကို အရေးကြီးသည်ဟု မမြင်ကြောင်း ညွှန်ပြ၏။

၅။ “မရှင်းမလင်း” ဆိုသည်ကား လူများသည် ဘုရားသခင်၏ အမှုတော်တွင် ရှင်းလင်းသော အမြင်မရှိခြင်းကို ရည်ညွှန်းသည်။

၆။ “ဖြိုခွဲ၍ မရနိုင်အောင်” ကို ဤနေရာတွင် သရော်သည့်စကား ရည်ရွယ်သည်။ လူတို့သည် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုသည်။

၇။ “အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိ” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၈။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် သည်းမခံနိုင်လောက်အောင်ပင် ဖြစ်ပုံကို ရည်ညွှန်းသည်။

၉။ “ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက်” ဆိုသည်မှာ မာရ်နတ်တို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၁၀။ “နိုင်ချေမရှိသည့် လောင်းကစား” ဆိုသည်မှာ မာရ်နတ်၏ စဉ်းလဲ၍ မကောင်းသော အကြံ အစည်များကို တင်စားပြောဆိုခြင်း ဖြစ်သည်။ ဤစကားစုကို သရော်သည့်သဘောနှင့် သုံးထားသည်။

၁၁။ “ဝါးမျိုခြင်း” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မလုယူသော မာရ်နတ်တို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၁၂။ “ကြံရာပါများ” ဆိုသည်မှာ “လူရမ်းကာတစ်သိုက်” နှင့် အမျိုးအစားတူသည်။

၁၃။ “ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် မည်သို့ သောင်းကျန်းကြမ်းတမ်းပုံ၊ ဘုရားသခင်၏ အမှုကို ဟန့်တား၍ ဆန့်ကျင်ကြပုံကို ရည်ညွှန်းသည်။

၁၄။ “သွားပေါက်သော ဝေလငါး” ဆိုသည်မှာ သရော်သည့် သဘောနှင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှပုံမှာ ဝက်များနှင့် ခွေးများပင် ၎င်းတို့အတွက် သွားပေါက်သော ဝေလငါးတမျှ ကြီးသည်ဟု မြင်ရပုံကို တင်စားဆိုထားခြင်း ဖြစ်သည်။

၁၅။ “ဆိုးညစ်မှု အားလုံး၏ ဤခေါင်သူကြီး” သည် အိုသော မာရ်နတ်ကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။

၁၆။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်” သည် မာရ်နတ်မှ လူတို့အား ဘေးပြုရာတွင် သုံးသော နည်းလမ်းများကို ရည်ညွှန်းသည်။

၁၇။ “တင်းကျပ်စွာ စောင့်ကြပ်ခြင်း ခံနေရ၏” သည် မာရ်နတ်သည် လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းလမ်းများသည် အထူးသဖြင့် ရက်စက်လှပြီး လူတို့ကို အလွန်တရာမှပင် ထိန်းချုပ်သည့် အတွက် ၎င်းတို့မှာ ရွေ့လျားရန်ပင် နေရာလွတ် မကျန်တော့ကြောင်းကို ညွှန်ပြသည်။

၁၈။ “အလှမ်းဝေး” အား ပြောင်လှောင်သရော်သည့် သဘောနှင့် သုံးထားသည်။

၁၉။ “နည်းစနစ်ကျ၍ ညင်သာသော လမ်းညွှန်မှု” ကို လှောင်ပြောင်သရော်စွာ သုံးထားခြင်း ဖြစ်သည်။

၂၀။ “ကျေးဇူးပြုခြင်း ခံရသည်” ကို ထုံထိုင်းပုံရ၍ ကိုယ့်ကိုယ်ကိုယ် သိခြင်း မရှိသော လူများကို သရော် လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

၂၁။ “အဖြစ်ဆိုး တစ်ခုနောက်တစ်ခု ခံစားရ” သည် လူများမှာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် မွေးဖွားလာကြပြီး ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို မမော့နိုင်ကြခြင်းကို ညွှန်ပြသည်။

၂၂။ “သင်၏ဘဝတစ်ခုလုံးကို စွန့်လွှတ်ရန်” ဆိုသည်မှာ ယုတ်ညံ့သော အဓိပ္ပါယ်ဖြင့် ဆိုလိုသည်။

၂၃။ “ဒဏ်ရာဒဏ်ချက်များ” ကို လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် အသုံးပြုထား၏။

၂၄။ “ရက်စက်ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်းတစ်ထောင်တို့၏ လှိုက်လှဲပျူငှာမှုကင်းသော အာခံမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ခေါင်းငုံ့လျက် လူတို့အား လိုလားမှုရှိသည့် နွားထီးကဲ့သို့ အစေခံသည်” သည် မူလက ဝါကျတစ်ကြောင်းသာဖြစ်သော်လည်း ဤနေရာတွင် ပိုရှင်းသွားရန် နှစ်ခုခွဲထားခြင်းဖြစ်သည်။ ပထမဝါကျသည် လူသား၏ပြုမူချက်များကို ရည်ညွှန်း၍ ဒုတိယဝါကျသည် ဘုရားသခင် ကြုံရသည့် ဒုက္ခခံစားမှုကို ညွှန်ပြကာ ဘုရားသခင်သည် နှိမ့်ချ၍ မမြင်ရကြောင်းကို ညွှန်ပြ၏။

၂၅။ “အခြေအမြစ်မရှိသော အစွဲအလမ်း” သည် လူသားတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။

၂၆။ “အကြွင်းမဲ့အာဏာကို ရယူ” သည် လူတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။ ၎င်းတို့သည် မိမိကိုယ်ကို မြှင့်တင်၏၊ အခြားသူများကို ထိပ်တုံးခတ်၏၊ ထိုသူတို့အား ၎င်းတို့နောက်သို့လိုက်စေ၍ ၎င်းတို့အတွက် ဒုက္ခခံစားစေ၏။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရန်လိုသည့် အင်အားစုများဖြစ်၏။

၂၇။ “ရုပ်သေး” ကို ဘုရားသခင်ကို မသိသူများကို လှောင်ပြန်ရန် အသုံးပြုထား၏။

၂၈။ “တမဟုတ်ချင်း ကြီးထွားပြင်းထန်လာသည်” ကို လူတို့၏နိမ့်ကျသောအပြုအမူကို မီးမောင်းထိုးပြရန် အသုံးပြုထား၏။

၂၉။ “အရေးကြီးသည့် ကွဲပြားမှုများကို ခွဲခြားနိုင်ခြင်း မရှိ” သည် ဘုရားသခင်၏အလိုတော်ကို လူတို့သည် စာတန်ဆန်သောအရာ တစ်စုံတစ်ရာအဖြစ် လိမ်သည့်အခါကို ညွှန်ပြ၏။ ယေဘုယျအားဖြင့် လူတို့ ဘုရားသခင်အား ငြင်းပယ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၃၀။ “အနက်နှင့်အဖြူကို ရောထွေး၏” သည် သမ္မာတရားနှင့် ထင်ယောင်ထင်မှားမှုများ၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးယုတ်မှုကို ရောထွေးပစ်ခြင်းအား ရည်ညွှန်းသည်။

၃၁။ “ဓားပြ” ကို လူတို့သည် အသိဉာဏ်ကင်းမဲ့လျက် ထိုးထွင်းသိမြင်မှု ချို့တဲ့နေသည်ကို ညွှန်ပြရန် အသုံးပြုထာသည်။

၃၂။ “စားကြွင်းစားကျန်များ” ကို လူတို့ ဘုရားသခင်အား ဖိနှိပ်သည့် အပြုအမူကို ညွှန်ပြရန် အသုံးပြုထား၏။

၃၃။ “ဒေါသအလွန်ထွက်သည်” သည် ဒေါသထွက်၍ စိတ်အနှောင့်အယှက်ဖြစ်နေသော လူသား၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်း၏။

၃၄။ “ကိုယ်ကျင့်သိက္ခာစောင့်စည်းမှု မရှိ” သည် လူတို့ မဆင်မခြင်ပြုမူ၍ ဘုရားသခင်အပေါ် စိုးစဉ်းမျှ ကြည်ညိုလေးစားမှု မရှိသည့်အခါကို ရည်ညွှန်းသည်။

၃၅။ ဤနေရာရှိ “လူသား၏ဝင်ရောက်မှု” သည် လူသား၏နာခံမှုမရှိသော အပြုအမူကို ညွှန်ပြသည်။ အပြုသဘောဆောင်သော လူတို့၏ အသက်တာဝင်ရောက်မှုကို ရည်ညွှန်းမည့်အစား ယင်းသည် ၎င်းတို့၏ အဖျက်သဘောဆောင်သော အပြုအမူနှင့် လုပ်ဆောင်ချက်များကို ရည်ညွှန်းသည်။ ယင်းသည် ဘုရားသခင်ကို လူသားမှ ဆန့်ကျင်သောလုပ်ဆောင်ချက်အားလုံးကို ယေဘုယျအားဖြင့် ရည်ညွှန်းသည်။

၃၆။ “စိတ်ကူးသက်သက် ကြောက်ရွံ့မှုများ၏ ဒုက္ခပေးခြင်းခံကြရမည်” ကို လူသား၏ ဆုံးဖြတ်ချက်လွဲမှားသော လူ့သဘာဝ၏အသက်တာကို သရော်ရန် အသုံးပြုထား၏။ ယင်းသည် လူတို့ နတ်ဆိုးများနှင့် အတူနေသည့် လူသားမျိုးနွယ်၏ အကျည်းတန်သော အသက်တာအခြေအနေကို ရည်ညွှန်း၏။

၃၇။ “အကောင်းဆုံး” သည် သရော်သောအနေဖြင့် ပြောထားခြင်းဖြစ်သည်။

၃၈။ “စိတ်အားထက်သန်မှုသည် သာ၍ပူစွာလောင်မြိုက်နေ၏” ကို သရော်သည့်အနေဖြင့် ပြောဆိုထားခြင်းဖြစ်၍ ယင်းသည် လူသား၏အကျည်းတန်သော အခြေအနေကို ရည်ညွှန်းသည်။

၃၉။ “စိတ်ထဲတွင် ကောင်းစွာတွေးတောထားသော အကြံအစည်တစ်ရပ်” သည် သရော်သောအနေဖြင့် ပြောဆိုထားခြင်းဖြစ်၍ ဤသည်မှာ လူတို့သည် မိမိကိုယ်ကို မသိပုံနှင့် ၎င်းတို့၏ ဝိညာဉ်အသက်တာအစစ်အမှန်ကို မသိပုံကို ရည်ညွှန်း၏။ ဤသည်မှာ ကဲ့ရဲ့ရှုတ်ချသည့် ပြောဆိုရေးသားပုံဖြစ်သည်။

၄၀။ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ” သည် သရော်သောအနေဖြင့် ပြောထားခြင်းဖြစ်သည်။

၄၁။ “ထိုးတက်” သည် ဘုရားသခင်၏ရှုံးနိမ့်စေခြင်းကို ခံရသည့်အခါ ဒေါသအခိုးထွက်နေသော သူများ၏ အကျည်းတန်သော အနေအထားကို ညွှန်ပြ၏။ ယင်းသည် ဘုရားသခင်အပေါ် ၎င်းတို့ ဆန့်ကျင်သည့် အတိုင်းအတာကို ညွှန်ပြ၏။

က။ မူရင်းစာ၌ “အချို့တို့သည် ကြွေးကြော်ကြသည်။” ဟု ရေးသားထားသည်။

ခ။ ဤသည်မှာ တရုတ် ဥပစာစကားတစ်ရပ်ဖြစ်သည်။

ယခင်က:ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

နောက်တစ်ခုသို့:“ဘုရားသခင့် အမှုတော်၏ ရူပါရုံ” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းသုံးပိုဒ်မှ လက်ရွေးစင်တစ်ခု

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ