အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၈။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြား ကွဲပြားမှုများ

၃) လူ့ဇာတိခံယူသည့် ခရစ်တော်နှင့် ခရစ်တော်အယောင်ဆောင်များနှင့် ပရောဖက်အယောင်ဆောင်များ အကြား ကွဲပြားမှုများကို သတိပြုကြလော့

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားကိုလည်းဖြစ်၏။အသက်သည်လည်းဖြစ်၏။” (ယော ၁၄:၆)

ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။” (ယော ၁၄:၁၀)

ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁၀:၃၀)

အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မ ၂၄:၂၄)

ထိုအခါ၊ နဂါး၏ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည် ကို ငါမြင်၏။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီ တနိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးစေကြ၏။” (ဗျာ ၁၆:၁၃-၁၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ခရစ်တော်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ကိုယ်တိုင်ဆောင်ရွက်သော်ငြားလည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းဆိုသကဲ့သို့ သူ၏ဆောင်ရွက်မှုများကိုလည်း အဖျားတပ်လျက် မကြွေးကြော်ခဲ့ပါ။ ထိုအစား သူ၏ဇာတိခန္ဓာထဲ၌ နှိမ့်ချစွာ သိုဝှက်နေသည်။ ခရစ်တော်မှလွဲ၍ မိမိကိုယ်မိမိ ခရစ်တော်ဖြစ်ကြောင်း အယောင်ဆောင်လျက် ကြွေးကြော်နေသူတို့၌ ခရစ်တော်၏ အရည်အချင်းမျိုး မတွေ့ရပါ။ ခရစ်တော်ယောင်ဆောင်သော ထိုသူများ၏ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်မှုစသည့် စိတ်သဘောထားတို့ကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့်ဇာတိခန္ဓာ၏ လုပ်ဆောင်မှုပုံစံသည် ခရစ်တော်အစစ်အမှန်ဖြစ်သည်မှာ သိသာထင်ရှားလာပါသည်။ ၎င်းတို့မှာ အယောင်ဆောင်များဖြစ်လေလေ၊ ခရစ်တော်အယောင်ဆောင်များမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး လူသားတို့ကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍လုပ်ကိုင်လာနိုင်လေဖြစ်သည်။ ခရစ်တော်အယောင်ဆောင်များတွင် ဘုရားသခင်၏ အရည်အချင်းများ မရှိကြပါ၊ ခရစ်တော်သည် အခြားခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာနှင့်မျှ စွန်းထင်းနေခြင်း မရှိပါ။ ဇာတိခန္ဓာ၏အလုပ်ကို ပြီးပြည့်စုံစေရန်အတွက်သာလျှင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းဖြစ်ပြီး လူသားတို့က သူ့ကို မြင်နိုင်ခွင့် ရနိုင်ရန်အတွက် သက်သက်သာ မဟုတ်ပါ။ အမှန်အားဖြင့်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏အလုပ်အားဖြင့် အတည်ပြုစေပြီး သူဖွင့်ပြသောအရာသည် သူ၏ဂုဏ်ဒြပ်ကို မှန်ကန်ကြောင်း ထောက်ခံနိုင်ရန် ခွင့်ပြုသည်။ သူ၏ဂုဏ်ဒြပ်မှာ အခြေအမြစ် မရှိသည်မဟုတ်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားခြင်းမျိုးလည်း မဟုတ်ပါ၊ ဤအရာအားလုံးတို့ကို သူ၏အလုပ်နှင့် သူ၏ဂုဏ်ဒြပ်တို့အားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။...

ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်သည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက်အားလုံးတို့ကို သူ၏ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာနှင့် သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ စင်စစ်အားဖြင့် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် မကိုက်ညီသော အမှုဖြစ်သည်။ ဥပမာအားဖြင့် မေရှိယတစ်ဦး လောကသို့ ကြွလာမည့်အကြောင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ပြောထားသည်၊ ဖြစ်သွားသည်မှာက ယေရှုကြွလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားနေပေလိမ့်မည်။ ယေရှုသည် တစ်ကြိမ်ကြွဆင်းလာပြီးပြီ ဖြစ်သောကြောင့် ဤအကြိမ်၌ ယေရှုနောက်တစ်ကြိမ် ထပ်လာရန်မှာ မှားနေပေလိမ့်မည်။ ခေတ်တိုင်းအတွက် အမည်နာမတစ်ခုရှိပြီး အမည်နာမအသီးသီးကလည်း ခေတ်ကာလ၏ ထူးခြားသော သွင်ပြင်လက္ခဏာကို ဆောင်ပါသည်။ လူသား၏ အယူအဆများထဲ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို အမြဲပြရမည်၊ မကျန်းမာသောသူများကို အစဉ်ကျန်းမာစေရမည်၊ နတ်ဆိုးများကို အစဉ်နှင်ထုတ်ရမည်၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည်ဟု ယူဆကြသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် ထိုကဲ့သို့ လုံးဝမဟုတ်ပါ။ အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

အချို့သောလူတို့သည် နတ်ဆိုးများ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်စားပြုသည့်အရာ၌ မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် စွဲစွဲမြဲမြဲ ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ချစ်ဖွယ်ကောင်းသော ဘုရားသခင်၏ သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပါ။ သို့သော် ငါလုပ်သည့်အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ရန် မလိုအပ်ပါ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို ဂုဏ်ဒြပ်များ နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ရာထူးဂုဏ်များ ပေးရန် မလိုအပ်ဘဲ၊ သူ့အလုပ်က သူ၏အမည်နာမနှင့် အဆင့်အတန်းကို ကိုယ်စားပြုရန် လုံလောက်ပါသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ပင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေပြုခြင်း ခံရပြီးမှ ဘုရားသခင်၏ တစ်ဦးတည်းသောသားတော် ဖြစ်လာသည်ဟု မပြောနိုင်သည်မှာ သေချာသည် မဟုတ်လော။ သူသည် မိမိ၏အလုပ်ကို မစတင်မီ လွန်လေပြီးသည့် အချိန်ကတည်းက ယေရှုဟု အမည်တွင်သည့် ယောက်ျားတစ်ဦး မရှိခဲ့လေသလော။ သင်သည် အသစ်သော လမ်းကြောင်းများကို မထုတ်ဆောင်နိုင်ပါ၊ သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပါ။ ဝိညာဉ်တော်၏ အလုပ်ကို၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်ကို၊ သို့မဟုတ် ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် ဉာဏ်မမီနိုင်မှုများ၊ ထို့အပြင် ဘုရားသခင်က လူသားကို ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ စသည့်အရာအားလုံးမှာ သင်၏ ဖော်ပြနိုင်စွမ်းထက် ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုခြင်းက အချည်းနှီးပင် ဖြစ်လိမ့်မည်၊ သင့်တွင် နာမည်သာရှိပြီး အနှစ်သာရတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာခဲ့သော်လည်း မည်သူမျှ သူ့ကိုမမှတ်မိပါ၊ သို့ရာတွင် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုသို့လုပ်ဆောင်ရာ၌ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင် သို့မဟုတ် ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပါ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော် အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် နာမည်ကို သူဂရုမစိုက်ပါ။ ထိုနာမည်က သူ့အလုပ်ကို အဆုံးအဖြတ် ပေးနိုင်သလော။ သင်သူ့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင်၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်က လူဇာတိကို ခံယူထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်၊ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းမဖောက်နိုင်၊ သို့မဟုတ် ခေတ်ဟောင်းကို အဆုံးမသတ်နိုင်သည့်အပြင်၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ သို့မဟုတ် အသစ်သော အလုပ်ကို မပြုလုပ်နိုင်ပါက သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

ယခင်က:ဘုရားသခင်မှ အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်ကြားတွင် မည်သည့်ကွဲပြားမှု ရှိသနည်း။

နောက်တစ်ခုသို့:ယုံကြည်သူများသည် ဘာသာရေးမှ ခွဲထွက်ဖို့နှင့် ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်အတွက် သိုးထိန်း အယောင်ဆောင်သောသူများနှင့် အန္တိခရစ်များကို ခွဲခြားသိမြင်ရမည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ