အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ယနေ့လူသားများသည် အသွေးအသားဆိုင်ရာ အရာများကို မခွဲခွာနိုင်ကြချေ။ သူတို့သည် အသွေးအသား ပျော်ရွှင်မှုကို မစွန့်လွှတ်နိုင်ကြသကဲ့သို့၊ ကမ္ဘာလောက၊ ငွေ၊ သို့မဟုတ် သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုလည်း မစွန့်လွှတ်နိုင်ကြချေ။ လူအများစုတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် သူတို့၏လိုက်လျှောက်ခြင်းများကို လုပ်ဆောင်ကြသည်။ အမှန်တကယ်တွင် ထိုလူများသည် သူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်မရှိဘဲ၊ ပိုဆိုးသည်မှာ သူတို့သည် ဘုရားသခင်ကို မကြောက်ခြင်းဖြစ်သည်။ သူတို့သည် သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်မရှိသည်ဖြစ်ရာ သူတို့သည် ဘုရားသခင်လုပ်ဆောင်သောအရာအားလုံးကို မသိရှိနိုင်ကြဘဲ ဘုရားသခင်၏နှုတ်မှ သူပြောဆိုသော နှုတ်ကပတ်တော်တို့ကို ပို၍ပင် မယုံကြည်နိုင်ဘဲ ရှိကြသည်။ ဤသူတို့မှာ ဇာတိအလွန်ဆန်သောသူများဖြစ်ကြသည်။ သူတို့သည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေကြပြီး သမ္မာတရားဟူ၍ ဘာဆိုဘာမျှ မရှိကြပေ။ ပိုဆိုးသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံနိုင်သည်ကို သူတို့အနေဖြင့် မယုံကြည်ကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆို၊ ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင်၏ အမှုနှင့် စကားတို့ကို မယုံသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကိုမယုံကြည်ဘဲ မမြင်တွေ့နိုင်သော ကောင်းကင်ဘုံမှ ဘုရားသခင်ကို ကိုးကွယ်သူများသည် သူတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ သူတို့သည် ဘုရားသခင်ကို မနာခံ၍ ဆန့်ကျင်သောသူများဖြစ်ကြသည်။ ဤလူများ၌ သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် အသိစိတ်တို့ ချို့တဲ့ကြသည်။ ဤလူများအတွက်မူ မြင်တွေ့နိုင်ပြီး ကိုင်တွယ်နိုင်သော ဘုရားသခင်ကို အခြားအရာများထက်ပို၍ပင် မယုံကြည်နိုင်ကြသော်လည်း၊ မမြင်တွေ့နိုင်၍ မကိုင်တွယ်နိုင်သော ဘုရားသခင်ကမူ ယုံကြည်ရဆုံးနှင့် သူတို့၏စိတ်နှလုံးကို အချမ်းမြေ့စေနိုင်ဆုံးဖြစ်သည်။ သူတို့ရှာဖွေသည်မှာ လက်တွေ့အရှိတရား၏ သမ္မာတရားမဟုတ်သကဲ့သို့ အသက်တာ၏ မှန်ကန်သော အနှစ်သာရလည်းမဟုတ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များလည်း သာ၍ပင်မဟုတ်ဘဲ၊ ယင်းအစား သူတို့သည် စိတ်လှုပ်ရှားမှုနောက်ကိုသာ လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဆန္ဒများကို ကြိုးပမ်းရရှိနိုင်ခွင့် အပေးနိုင်ဆုံးသော မည်သည့်အရာမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ သူတို့၏ယုံကြည်ခြင်းများနှင့် လိုက်လျှောက်ခြင်းများဖြစ်သည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းသာဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ဤလူများသည် မကောင်းမှုကျူးလွန်သူများ မဟုတ်ပါလော။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံမှ ဘုရားသခင်သည် ဤ "လူကောင်းများ" ဖြစ်သော သူတို့အား ဖျက်ဆီးမည်ဆိုသည်ကို မယုံကြည်ကြပေ။ ထိုအစား သူတို့သည် ဘုရားသခင်က သူတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဟုယုံကြည်ကြပြီး၊ ထို့ထက်မက ဘုရားသခင်အတွက် အရာများစွာကို သူတို့လုပ်ဆောင်ခဲ့ပြီး သူ့အပေါ် "သစ္စာစောင့်သိမှု" ကို အကြီးအကျယ် ပြသခဲ့ခြင်းတို့အတွက် သူတို့ကို ရက်ရက်ရောရော ဆုလာဘ်ပေးသနားမည်ဟု ယုံကြည်ကြသည်။ အကယ်၍သာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို လိုက်လျှောက်ကြမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် ဘုရားသခင်ကို ဆန့်ကျင်ကြလိမ့်မည် သို့မဟုတ် သူတို့၏ဆန္ဒများ ပျက်ပြားသွားသည်နှင့် ယမ်းပုံမီးကျဖြစ်ကြလိမ့်မည်။ ဤသူတို့သည် သူတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန် ကြိုးပမ်းကြသည့် ဆိုးညစ်သောသူများ ဖြစ်ကြသည်၊ သူတို့သည် သမ္မာတရားကို လိုက်လျှောက်ကြသည့် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုကဲ့သို့သောလူများသည် ခရစ်တော်နောက်ကိုလိုက်သည့် ကောက်ကျစ်စဉ်းလဲသော လူများဟုဆိုသည့် လူများဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို မယုံကြည်နိုင်ကြပေ။ မြင်တွေ့နိုင်သော ဘုရားသခင်၏အမှု သို့မဟုတ် စကားများကို မယုံကြည်ကြသောကြောင့် သူတို့သည် လူသား၏ အနာဂတ်ရလဒ်များကို သာ၍ပင် မသိမြင်နိုင်ကြပေ၊ ထို့အပြင် သူတို့သည် လူသား၏ အနာဂတ် ခရီးပန်းတိုင်ကိုလည်း မယုံကြည်နိုင်ကြပေ။ သို့ဖြစ်ရာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို လိုက်လျှောက်သည့်တိုင်အောင်ပင် သူတို့သည် မကောင်းမှုကို ကျူးလွန်ကြဆဲဖြစ်ပြီး သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ငါအလိုရှိသော သမ္မာတရားကိုလည်း သူတို့လက်တွေ့မကျင့်သုံးကြပေ။ မိမိတို့ကိုယ်ကို ဖျက်ဆီးခြင်းခံရမည်ဟု မယုံကြည်သော ထိုလူတို့သည် အပြန်အလှန်အားဖြင့် ဖျက်ဆီးခြင်းခံရမည့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။ သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန်ထက်မြက်သူများဟု ယုံကြည်ကြပြီး သူတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကို လက်တွေ့ကျင့်သုံးသူများဟု ယုံကြည်ကြသည်။ သူတို့၏ မကောင်းသော လုပ်ရပ်များကို သမ္မာတရားအဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယင်းကို တန်ဖိုးထားကြသည်။ ကောက်ကျစ်စဉ်းလဲသော ထိုသူများသည် ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ယုံကြည်စိတ်ချကြသည်၊ သူတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြသည်၊ ထို့ပြင် သူတို့၏ မကောင်းမှုလုပ်ရပ်များကို သမ္မာတရားဟု မှတ်ယူကြသည်။ နောက်ဆုံးတွင် သူတို့သည် မိမိတို့စိုက်ပျိုးထားသည်များကိုသာ ရိတ်သိမ်းနိုင်ကြသည်။ ကိုယ့်ကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချသည့်လူများဖြစ်ပြီး မာန်မာန လွန်စွာထောင်လွှားသူများဖြစ်လေ၊ သမ္မာတရားကို ပို၍မရနိုင်ဖြစ်လေဖြစ်ပြီး၊ ကောင်းကင်ဘုံမှ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ ဘုရားသခင်ကို သူတို့ပို၍ခုခံကြလေဖြစ်သည်။ ဤသူများသည် အပြစ်ဒဏ်ပေးခံရမည့်သူများ ဖြစ်သည်။ လူသားတို့ အနားယူခြင်းထဲသို့ မဝင်ရောက်မီ၊ မည်သည့်ပုဂ္ဂိုလ်မျိုးသည် အပြစ်ဒဏ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ရရှိမည်ဆိုသည်ကို သူတို့သည် သမ္မာတရားကို ရှာဖွေသလော၊ သူတို့သည် ဘုရားသခင်ကို သိသလော၊ သူတို့မြင်တွေ့နိုင်သော ဘုရားသခင်ကို နာခံနိုင်သလော ဆိုသည်တို့အပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံခဲ့သော်လည်း သူ့ကိုမသိသေးသောသူများ၌ သို့မဟုတ် မနာခံသေးသောသူများ၌ သမ္မာတရား မရှိကြပါ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများဖြစ်ပြီး မကောင်းမှုကျူးလွန်သူများသည် ဧကန်အမှန်ပင် အပြစ်ဒဏ်ပေးခံကြရမည်။ ထို့အပြင် သူတို့သည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်အတိုင်း အပြစ်ဒဏ်ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်အရာဖြစ်သည်၊ ထို့ပြင် သူသည် လူသား၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်ကို မနာခံနိုင်ကြပေ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ထိုသူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်သေးပါက၊ ထို့ပြင် လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ထိုမရေရာသောသူများသည် ဖျက်ဆီးခံကြရမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သင်တို့အကြားတွင် လက်ရှိအခြေအနေအတိုင်းသာဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသောသူမှန်သမျှသည် အဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရလိမ့်မည်၊ ထို့ပြင် မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်တွေ့နိုင်သော ဘုရားသခင်ဖော်ပြသည့် သမ္မာတရားကိုပါ စားသောက်သော်လည်း မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကို ရှာဖွေသောသူမှန်သမျှသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည်အထိ ထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိနိုင်မည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့် ထိုသူများနှင့်တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်းဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက်များ စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင့်တွင် သမ္မာတရား ရှိမရှိနှင့် သင်သည် ဘုရားသခင်ကို ခုခံခြင်းရှိမရှိတို့ကို သင်၏သွင်ပြင် သို့မဟုတ် သင်၏ အခါအားလျော်စွာ ပြောဆိုပြုမူမှုများအပေါ် မူတည်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သင်၏ အနှစ်သာရပေါ်တွင် ဆုံးဖြတ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်ဆီးခြင်း ခံရမည် မခံရမည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့် သူတို့၏ သမ္မာတရားအပေါ် လိုက်လျှောက်မှုအားဖြင့် ဖော်ထုတ်ခံရသည့် အနှစ်သာရအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ပုံစံတည်း အလုပ်လုပ်ပြီး တူညီသောအလုပ်ပမာဏများကိုလည်း လုပ်သည့် လူများအကြားတွင် လူသားအနှစ်သာရ ကောင်းမွန်သောလူများနှင့် သမ္မာတရားကို ပိုင်ဆိုင်သောလူများသည် ကျန်ရစ်မည့်သူများဖြစ်သော်လည်း လူသားအနှစ်သာရ မကောင်းသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ခရီးပန်းတိုင်ကို ရည်စူးထားသော ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍ လူသားတို့နှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသည်။ မတော်တဆဖြစ်ခြင်းများ ရှိမည်မဟုတ်ဘဲ အနည်းငယ် မှားယွင်းမှုလည်း လုံးဝရှိမည် မဟုတ်ပေ။ လူတစ်ဦးသည် အလုပ်ကို လုပ်ဆောင်သော အခါမှသာ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် အသင့်လျော်ဆုံးဖြစ်သည်။ သူသည် မည်သည့်ဖန်ဆင်းခံသတ္တဝါကိုမျှ မှားယွင်းစွာ တောင်းဆိုမည် မဟုတ်သည်မှာ သေချာပေသည်။ ယခုအခါတွင် လူသားတို့၏ အနာဂတ် ခရီးပန်းတိုင်ကို သိမြင်နိုင်ခြင်းမရှိသော လူများစွာရှိနေပြီး ငါပြောသော နှုတ်ကပတ်တော်များကိုလည်း မယုံကြည်ကြသောသူ များစွာရှိနေ၏။ မယုံကြည်သော လူအားလုံးတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိသော သူတို့နှင့်အတူ နတ်ဆိုးများ ဖြစ်ကြသည်။

ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ယခုအခါ မတူညီသော လူနှစ်မျိုးဖြစ်ကြပြီး သူတို့သည် မတူညီသော ခရီးပန်းတိုင်များနှင့် လူနှစ်မျိုးနှစ်စားဖြစ်ကြသည်။ သမ္မာတရား၏ အသိပညာကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတို့သည် ဘုရားသခင်ကယ်တင်မည့်သူများ ဖြစ်ကြသည်။ မှန်သောလမ်းကို မသိသောသူတို့သည် နတ်ဆိုးများနှင့် ရန်သူများဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများဖြစ်ပြီး ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ မရေရာသော ဘုရားသခင်၏ ဘာသာတရားကိုင်းရှိုင်းသော ယုံကြည်သူတို့ အားလုံးသည်ပင်လျှင် နတ်ဆိုးများဖြစ်သည် မဟုတ်လော။ ကောင်းသော အသိစိတ်တို့ကို ပိုင်ဆိုင်သော်လည်း မှန်သောလမ်းကို လက်မခံသူတို့သည် နတ်ဆိုးများဖြစ်ကြသည်။ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံသော အနှစ်သာရဖြစ်သည်။ မှန်သောလမ်းကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသူတို့သည် ဒုက္ခဆင်းရဲ အများအပြားကို ကြံ့ကြံ့ခံခဲ့သည့်တိုင် သူတို့သည် ဖျက်ဆီးခံရဆဲပင် ဖြစ်လိမ့်မည်။ လောကကို စွန့်ခွာခြင်းမပြုလိုသူ၊ မိမိတို့၏ မိဘများနှင့် ခွဲခွာခြင်းကို မခံစားနိုင်သူ၊ သူတို့၏ ကိုယ်ပိုင်အသွေးအသားပျော်ပါးမှုများကို ဖယ်ရှားရန် မဆောင်ရွက်နိုင်သူအားလုံးသည် ဘုရားသခင်ကို မနာခံသူများဖြစ်ကြပြီး၊ သူတို့အားလုံးသည် ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည် နတ်ဆိုးနှင့်ဆိုင်ကြပြီး ထို့ထက်ပို၍ ထိုသူတို့သည် ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မကျင့်သူများ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝမယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံကြရမည်။ ကျန်ရစ်နိုင်သည့် လူမှန်သမျှသည် စစ်ဆေးခြင်း၏ ခါးသည်းမှုကို ခံခဲ့ကြရပြီး ခိုင်မာစွာ ရပ်တည်သောသူများဖြစ်သည်၊ ထိုသူသည် စမ်းသပ်ခြင်းများကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ်မပြုသူမှန်သမျှသည် ရန်သူဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြုသော ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပမှ မည်သူမဆိုသည် အန္တိခရစ်ပင် ဖြစ်တော့သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းမရှိသော ခုခံသူများ မဟုတ်ပါက စာတန်မှာ မည်သူဖြစ်သနည်း၊ နတ်ဆိုးများမှာ မည်သူတို့ဖြစ်သနည်း၊ ထို့ပြင် ဘုရားသခင်၏ ရန်သူများမှာ မည်သူတို့ဖြစ်သနည်း။ ထိုသူတို့သည် ဘုရားသခင်ကို မနာခံသောသူများ မဟုတ်သလော။ သူတို့သည် နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာဆိုကြသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်သလော။ သူတို့သည် ကောင်းချီးမင်္ဂလာများ ရရန်သာ ကြိုးပမ်းကြပြီး ဘုရားသခင်ကို သက်သေမခံနိုင်သူများ မဟုတ်သလော။ သင်သည် ထိုနတ်ဆိုးများနှင့် ယနေ့တွင် တရင်းတနှီးနေနိုင်ဆဲ ဖြစ်ပြီး ဤနတ်ဆိုးများအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာကို ဇောင်းပေးနေနိုင်ဆဲဖြစ်သည်၊ ယင်းကို စာတန်ထံ ကောင်းသောရည်ရွယ်ချက်များအား လက်ကမ်းပေးနေခြင်းဟု မှတ်ယူထားသည် မဟုတ်လော။ ယင်းကို နတ်ဆိုးများနှင့် ပေါင်းဖော်ခြင်းဟု မှတ်ယူထားသည် မဟုတ်လော။ အကယ်၍ လူများသည် ယနေ့တွင် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးဘဲ ဘုရားသခင်၏အလိုကို ရှာဖွေရန် မျှော်လင့်ခြင်း တစ်စုံတစ်ခုမရှိဘဲ မျက်စိမှိတ်ကာ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကို ဇောင်းပေးနေဆဲဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးကို သူတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ မရှိနိုင်ပါက သူတို့၏အဆုံးသတ်များသည် အားလုံးထက်ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ရှိသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ရန်သူထံ အသိစိတ်နှင့် ချစ်ခြင်းမေတ္တာကို ဇောင်းပေးနိုင်ပါက သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါစက်ဆုပ်ရွံရှာပြီး သဘောမတူသူတို့နှင့် သင်သည် သဟဇာတဖြစ်နေပြီး ထိုသူတို့အပေါ် ချစ်ခြင်းမေတ္တာနှင့် ပုဂ္ဂိုလ်ရေး ခံစားချက်များကို ဇောင်းပေးနေပါက သင်သည် မနာခံသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူများသည် ရန်သူများအပေါ် အသိစိတ်ကို ဇောင်းပေးပြီး မကောင်းဆိုးဝါးများအပေါ် ချစ်ခြင်းမေတ္တာကို ဇောင်းပေးကာ စာတန်ကို သနားနေပါက ထိုသူတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည်ပင် မဟုတ်လော။ ဘုရားသခင်ကို မယုံကြည်သူများကိုမဆိုထားနှင့် သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို ယုံကြည်ခြင်းမရှိသော သူများနှင့် လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု ပြောဆိုသော်လည်း မကောင်းမှုကို လုပ်ဆောင်သူအားလုံးတို့သည် အန္တိခရစ်များဖြစ်ကြသည်။ ထိုသူတို့အားလုံးသည် ဖျက်ဆီးခြင်း ခံရကြလိမ့်မည်။ လူသားက လူသားကို စီရင်ဆုံးဖြတ်ခြင်း၏ စံချိန်စံညွှန်းမှာ သူ၏ အပြုအမူပေါ်တွင် အခြေခံသည်၊ အပြုအမူကောင်းသောလူသည် ဖြောင့်မတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး အပြုအမူ စက်ဆုပ်ဖွယ်ကောင်းသူသည် ကောက်ကျစ်စဉ်းလဲသူဖြစ်၏။ လူသားကို ဘုရားသခင် တရားစီရင်သော စံချိန်စံညွှန်းမှာ တစ်စုံတစ်ယောက်၏ အနှစ်သာရသည် သူ့ကိုနာခံမှု ရှိမရှိအပေါ် အခြေခံသည်၊ ဘုရားသခင်ကို နာခံသောသူသည် ဖြောင့်မတ်သူဖြစ်သည်၊ ဘုရားသခင်ကို မနာခံသောသူသည် ရန်သူဖြစ်ပြီး ကောက်ကျစ်စဉ်းလဲသူတစ်ဦး ဖြစ်သည်၊ ထိုပုဂ္ဂိုလ်၏ အမူအကျင့်တို့ ကောင်းသည် သို့မဟုတ် ဆိုးသည်နှင့် မသက်ဆိုင်ပေ။ ထိုသူပြောသော စကားမှန်သည် သို့မဟုတ် မှားသည်နှင့် မသက်ဆိုင်ပေ။ အချို့သော သူများသည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုလိုပြီး၊ အချို့သူများသည် ကောင်းသော ခရီးပန်းတိုင်ကို ဝယ်ယူရန် ကောင်းသော စကားများကို အသုံးပြုလိုကြသည်။ ဘုရားသခင်သည် လူသား၏ ရလဒ်ကို ဆုံးဖြတ်ရာတွင် သူ၏အပြုအမူ သို့မဟုတ် ပြောစကားတို့အရ ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်၊ ထို့ကြောင့်ပင် လူအများအပြားသည် လှည့်ဖြားမှုမှတစ်ဆင့် ယာယီမျက်နှာသာပေးခြင်းကို ရရှိစိမ့်သောငှာ ယင်းကို အသုံးပြုရန် ကြိုးပမ်းကြလိမ့်မည်။ အနားယူခြင်းအားဖြင့် နောက်ပိုင်းရှင်သန်မည့် သူအားလုံးတို့သည် ကြီးစွာဆင်းရဲဒုက္ခခံရမည့်နေ့ကို သည်းခံပြီး ဘုရားသခင်အတွက် သက်သေခံကြသည်၊ သူတို့အားလုံးသည် သူတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဘုရားသခင်ကို နာခံလိုသူများဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုအား ရှောင်ရှားရန် အစေခံခြင်း အခွင့်အရေးကို အသုံးပြုရုံမျှသာ ပြုလိုသူတို့သည် ကျန်ရစ်နိုင်ကြမည်မဟုတ်ပေ။ ဘုရားသခင်၌ လူအားလုံးတို့၏ ရလဒ်များအပေါ် စီမံခန့်ခွဲမှုအတွက် သင့်လျော်သော စံချိန်စံညွှန်းများရှိသည်။ သူသည် လူတစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် လုပ်ဆောင်မှုအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်မဟုတ်သကဲ့သို့ အချိန်တစ်ခုအတောအတွင်းရှိ သူတို့၏ အပြုအမူအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်လည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်က ဘုရားသခင်အတွက် အတိတ်တွင် တစ်ကြိမ်တစ်ခါ အစေခံခဲ့သောကြောင့် သူ၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုအားလုံးကို ဘုရားသခင်အနေဖြင့် သက်ညှာပေးမည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါ အသုံးခံခဲ့မှုအတွက်လည်း သူသည် တစ်စုံတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ မိမိတို့၏ စဉ်းလဲခြင်းအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို ရှောင်လွဲနိုင်မည်မဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်မျှလည်း သူတို့၏ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို ဖုံးကွယ်၍ မထားနိုင်သောကြောင့် ဖျက်ဆီးခံရခြင်း၏ အကြီးအကျယ်ဒုက္ခရောက်ရခြင်းကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန်ကို အမှန်တကယ် လုပ်ဆောင်နိုင်ပါက ဤသည်မှာ သူတို့သည် ကောင်းချီးမင်္ဂလာ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ ဘုရားသခင်ကို အဆုံးအစမရှိ သစ္စာရှိပြီး ဆုလာဘ်များကို မမျှော်ကိုးဟု အဓိပ္ပာယ်ရသည်။ လူများသည် ကောင်းချီးမင်္ဂလာကို တွေ့ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း သူတို့သည် ကောင်းချီးမင်္ဂလာကို မတွေ့မြင်ရသည့်အခါ သူတို့၏ သစ္စာရှိမှု လျော့နည်းပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေခံခြင်းကို မထမ်းဆောင်နိုင်သေးပါက၊ သူတို့ထမ်းဆောင်သင့်သည့် တာဝန်များကို မထမ်းဆောင်နိုင်ပါက၊ တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိစွာ အစေခံခဲ့သော ထိုသူတို့သည် ဖျက်ဆီးခြင်းကို ခံကြရဆဲဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ကောက်ကျစ်စဉ်းလဲသူတို့သည် အစဉ်ထာဝရ ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့ အနားယူခြင်းထဲသို့လည်း ဝင်ရောက်နိုင်မည်မဟုတ်ပေ၊ ဖြောင့်မတ်သော သူတို့သည်သာ အနားယူခြင်း၏ အရှင်သခင်များဖြစ်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးသောအခါ၊ လူများသည် ပုံမှန်လူသားဘဝများကို ရကြလိမ့်မည်။ သူတို့အားလုံးသည် မိမိတို့၏ သက်ဆိုင်ရာတာဝန်ကို ထမ်းရွက်ကြပြီး ဘုရားသခင်ကို အကြွင်းမဲ့သစ္စာရှိကြလိမ့်မည်။ သူတို့သည် သူတို့၏ မနာခံမှုနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလုံးစုံပစ်ပယ်ကြမည်ဖြစ်သည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက်၊ ဘုရားသခင်ကြောင့် အသက်ရှင်ကြလိမ့်မည်။ သူတို့၌ မနာခံမှုနှင့် ခုခံမှုတို့ ရှိမည်မဟုတ်။ သူတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ နာခံနိုင်ကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်နှင့် လူသား၏ အသက်တာဖြစ်ပြီး နိုင်ငံတော်၏ အသက်တာဖြစ်ကာ အနားယူခြင်း၏ အသက်တာဖြစ်သည်။

ယုံကြည်မှု လုံးဝမရှိသော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းအတွင်းသို့ ခေါ်လာသူများသည် အလွန်အတ္တကြီးပြီး မိမိတို့၏ကြင်နာမှုကို ပြသသည်။ ဤလူများသည် ချစ်ခြင်းမေတ္တာကိုသာ အရေးပေးပြီး သူတို့ ယုံကြည်ခြင်း၊ မယုံကြည်ခြင်း သို့မဟုတ် ယင်းမှာ ဘုရားသခင်၏ အလိုဟုတ်မဟုတ်ကို ဂရုမစိုက်ကြချေ။ အချို့မှာ မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ အမှုပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ သူတို့သည် မျက်စိစုံမှိတ်၍ ဘုရားသခင်အတွက် "ပင်ကိုယ်စွမ်းရည်ရှိသူများကို မွေးစားသည်။" ထိုမယုံကြည်သူများအပေါ် ဤကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူးများ ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ဤမယုံကြည်သူများသည် ဘုရားသခင်နောက်လိုက်ရန် ကြိုးစားရုန်းကန်ငြားပင်လျှင်၊ တစ်ဦးတစ်ယောက်အနေဖြင့် ထိုသူတို့သည် ကယ်တင်ခြင်း ခံရနိုင်သည်ဟု ယုံကြည်တတ်သော်လည်း ထိုသူတို့သည် ကယ်တင်ခြင်းမရနိုင်ပေ။ ကယ်တင်ခြင်း ရရှိသူတို့သည် အမှန်တကယ်အားဖြင့် ဤမျှလွယ်လွယ်ကူကူ ရရှိသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို တွေ့ကြုံခြင်းမရှိဘဲ လူ့ဇာတိခံယူသော ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို မခံရသော သူတို့သည် စုံလင်ခြင်း လုံးဝမရှိနိုင်ပေ။ သို့ဖြစ်ရာ ဤသူများသည် ဘုရားသခင်ကို အမည်ခံအဖြစ်သာ စတင်လိုက်လျှောက်သည့် အချိန်မှစကာ သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့နေတော့သည်။ သူတို့၏ အခြေအနေများနှင့် အမှန်တကယ် အနေအထားများအရ သူတို့သည် စုံလင်အောင်ပြုခြင်းခံရရန် အကယ်ပင် မတတ်နိုင်ပေ။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ် အားအင်များစွာ စိုက်ထုတ်ရန် ဆုံးဖြတ်ခြင်း မရှိသကဲ့သို့ သူတို့ကို မည်သည့်ဉာဏ်အလင်းမျှ ထောက်ပံ့မပေးပေ၊ သို့မဟုတ် မည်သို့မျှပင် လမ်းညွှန်မပေးပေ၊ သူတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ သူခွင့်ပြုပြီး သူတို့၏ရလဒ်ကို နောက်ဆုံးတွင် ဖော်ပြသည်၊ ယင်းမှာ လုံလောက်ပေပြီ။ လူသား၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ တစ်စုံတစ်ယောက်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ ထိုသူတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုရှိရမည်၊ လူပုဂ္ဂိုလ်တစ်ဦးသည် အခြားလူပုဂ္ဂိုလ်တစ်ဦးကို ပြည့်စုံစေနိုင်သလော။ လင်ယောက်ျားသည် ဇနီးမယားကို အဘယ်ကြောင့်ချစ်သနည်း။ ထို့ပြင် ဇနီးမယားသည် လင်ယောက်ျားကို အဘယ်ကြောင့်ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် တာဝန်ကျေကြသနည်း။ မိဘများက သားသမီးများကို အဘယ်ကြောင့် အလွန်အမင်း ချစ်မြတ်နိုးသနည်း။ လူများသည် အမှန်တကယ်အားဖြင့် အဘယ်သို့သော ရည်ရွယ်ချက်များ ထားရှိကြသနည်း။ ယင်းသည် မိမိ၏ ကိုယ်ပိုင်အစီအစဉ်များနှင့် အတ္တဆန်သော လိုလားချက်များကို နှစ်သိမ့်ရန်ဖြစ်သည် မဟုတ်လော။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ဖြစ်သလော။ ယင်းမှာ ဘုရားသခင်၏အမှုအတွက် ဖြစ်သလော။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန်ဖြစ်သလော။ ဘုရားသခင်ကို ဦးစွာယုံကြည်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို မရနိုင်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်အခါမျှ ရနိုင်မည်မဟုတ်ပေ၊ ထိုလူတို့မှာ ဖျက်ဆီးခြင်းခံရမည်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့အတွက် တစ်စုံတစ်ယောက်သည် ချစ်ခြင်းမည်မျှပင် ရှိသည်ဖြစ်စေ၊ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အစားထိုး၍ မရနိုင်ပေ။ လူသား၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်၏အမှုကို အစားမထိုးနိုင်ပေ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး သူ့နောက်သို့ လိုက်ဟန်ဆောင်စေကာမူ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ အဘယ်အရာဖြစ်သည်ကို မသိသောသူများထံသို့ ကြီးနိုင်သမျှ အကြီးမားဆုံးသော မေတ္တာနှင့် သနားကရုဏာကို လက်ကမ်းပေးစေကာမူ၊ သူတို့သည် ဘုရားသခင်၏ ကရုဏာကို ရရှိကြမည် မဟုတ်၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ရရှိနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်ကို ရိုးသားစွာ လိုက်လျှောက်သည့် လူများသည် အစွမ်းအစနည်းပါးပြီး သမ္မာတရားအမြောက်အမြားကို နားမလည်နိုင်သည့်တိုင်အောင်ပင် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ရံဖန်ရံခါ ရရှိနိုင်သေးသည်၊ သို့သော်လည်း အတော်အတန် အစွမ်းအစကောင်းစေကာမူ ရိုးသားစွာ ယုံကြည်မှုမရှိသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို အကယ်ပင် ရယူနိုင်မည် မဟုတ်ပေ။ ထိုသူများသည် ကယ်တင်ခြင်းကို ရရှိနိုင်ခြေ ရှိကိုမရှိပေ။ သူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလျှင်ပင်၊ သို့မဟုတ် သတင်းစကားများကို ရံဖန်ရံခါ ကြားလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ထံ ချီးမွမ်းသီချင်းများ သီဆိုလျှင်ပင်၊ နောက်ဆုံး၌ သူတို့သည် အနားယူသော အချိန်ရောက်သည့်တိုင် ကျန်ရစ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ တစ်ဦးတစ်ယောက်အနေဖြင့် ရိုးသားစွာ ရှာဖွေခြင်းရှိမရှိသည် သူတို့အပေါ် အခြားသူများက မည်သို့ သတ်မှတ်သည် သို့မဟုတ် သူတို့ပတ်ဝန်းကျင်မှ လူများက သူတို့ကို မည်သို့ရှုမြင်သည်နှင့် မသက်ဆိုင်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အပေါ် အလုပ်လုပ်မှုရှိမရှိနှင့် သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ရှိမရှိအပေါ်တွင် အဆုံးအဖြတ်ပေးသည်၊ ထို့ပြင် ထို့ထက်ပို၍ သူတို့၏ စိတ်သဘောထား ပြောင်းလဲမှုရှိမရှိနှင့် အချိန်အတိုင်းအတာ တစ်ခုတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တွေ့ကြုံပြီးသည့်နောက်တွင် သူတို့၌ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ ရှိမရှိတို့အပေါ်တွင် အဆုံးအဖြတ်ပေးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်က ပုဂ္ဂိုလ်တစ်ဦးအပေါ် အမှုပြုသည့်အခါ ထိုပုဂ္ဂိုလ်၏ စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာမည်ဖြစ်ပြီး ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သူတို့၏အမြင်သည် တဖြည်းဖြည်း ပိုမိုသန့်စင်လာမည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ကာလမည်မျှကြာအောင် လိုက်လျှောက်သည်နှင့် မသက်ဆိုင်ဘဲ သူတို့ပြောင်းလဲနေသရွေ့ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ် အလုပ်လုပ်သည်ဟု ဆိုလိုသည်။ အကယ်၍ သူတို့သည် ပြောင်းလဲခြင်း မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ်တွင် အလုပ်မလုပ်ဟု ဆိုလိုသည်။ ထိုသူများအနေဖြင့် တချို့တစ်ဝက် အစေခံခဲ့သည့်တိုင်အောင် ကံကောင်းခြင်းကိုရလိုသော သူတို့၏ရည်ရွယ်ချက်များက သူတို့ကို တွန်းအားပေးခြင်းသာ ဖြစ်သည်။ ရံဖန်ရံခါ အစေခံခြင်းသည် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုကို အစားမထိုးပေးနိုင်ပေ။ အဆုံးတွင် သူတို့သည် ဖျက်ဆီးခြင်းကို ခံရဆဲဖြစ်လိမ့်မည်၊ အကြောင်းမှာ နိုင်ငံတော်အတွင်း၌ အစေခံသောသူတို့ကို မလိုအပ်သောကြောင့်ဖြစ်သကဲ့သို့၊ စုံလင်အောင်ပြုခြင်းကို ခံထားရသူတို့နှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူတို့ကို အစေခံရန် စိတ်သဘောထား ပြောင်းလဲခြင်းမရှိသူ မည်သူ့ကိုမျှ မလိုအပ်သောကြောင့် ဖြစ်သည်။ အတိတ်က စကားလုံးများဖြစ်သည့် "တစ်စုံတစ်ယောက်သည် သခင့်ကို ယုံကြည်သောအခါ၊ ကံကောင်းခြင်းသည် ထိုသူ၏မိသားစုတစ်ခုလုံးအပေါ် သက်ရောက်သည်" ဆိုသည်မှာ ကျေးဇူးတော်ခေတ်အတွက် ကိုက်ညီသော်လည်း လူသား၏ ခရီးပန်းတိုင်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်အတွင်း အဆင့်တစ်ဆင့်အတွက်သာ သင့်လျော်ခဲ့သည်။ ထိုစကားလုံးများ၏ ရည်ရွယ်သောအဓိပ္ပာယ်မှာ လူများပျော်မွေ့သော ငြိမ်းချမ်းရေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးများကိုသာ ရည်ညွှန်းသည်၊ ယင်းတို့က သခင်ကိုယုံကြည်သူ တစ်ဦးတစ်ယောက်၏ မိသားစုတစ်ခုလုံး ကယ်တင်ခြင်းခံရမည်ဟု မဆိုလိုသကဲ့သို့ တစ်စုံတစ်ယောက်သည် ကံကောင်းခြင်းကို ရရှိသည့်အခါ ထိုသူ၏ မိသားစုတစ်ခုလုံးသည် အနားယူခြင်းထဲသို့ ဆောင်ယူခြင်းခံရမည်ဟု မဆိုလိုပေ။ တစ်စုံတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံမကောင်းခြင်းကို ခံစားရခြင်းတို့သည် ထိုသူ၏အနှစ်သာရအရ သတ်မှတ်ပြီး အခြားသူများနှင့် တူညီသည့် ဘုံအနှစ်သာရအရ မသတ်မှတ်ပေ။ နိုင်ငံတော်တွင် ထိုကဲ့သို့သောဆိုရိုးမျိုး သို့မဟုတ် ထိုကဲ့သို့သော စည်းမျဉ်းမျိုး ရှိကိုမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် နောက်ဆုံး၌ ရှင်သန်နိုင်လျှင် ယင်းမှာ ထိုသူသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရရှိထားသောကြောင့်ဖြစ်ပြီး၊ အကယ်၍ တစ်စုံတစ်ယောက်သည် အနားယူခြင်းအချိန်တွင် အဆုံး၌ မကျန်ရှိနိုင်လျှင် ယင်းမှာ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်ကို မနာခံသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်ခြင်းကြောင့်ဖြစ်သည်။ လူတိုင်းတွင် သင့်လျော်သော ခရီးပန်းတိုင်ရှိသည်။ ထိုခရီးပန်းတိုင်များကို လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပြီး အခြားသူများနှင့် လုံးဝမသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို သူ၏မိဘများထံ လွှဲပြောင်းမပေးနိုင်ပေ၊ ထို့ပြင် ကလေးတစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် မဝေမျှနိုင်ပေ။ မိဘတစ်ဦး၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို သူ၏သားသမီးများထံ လွှဲပြောင်း၍ မရပေ၊ ထို့ပြင် မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏သားသမီးများနှင့် မဝေမျှနိုင်ပေ။ လူတိုင်းသည် မိမိ၏ သက်ဆိုင်ရာအပြစ်များကို လွယ်ပိုးထားကြပြီး လူတိုင်းသည် မိမိ၏ သက်ဆိုင်ရာ ကံကြမ္မာကို ခံစားကြရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူအတွက် အစားမထိုးနိုင်ပေ။ ယင်းသည် ဖြောင့်မတ်ခြင်းဖြစ်သည်။ လူသား၏အမြင်တွင် မိဘများသည် ကံကောင်းခြင်းကို ရရှိပါက သူတို့၏သားသမီးများလည်း ရရှိမည်၊ သားသမီးများသည် မကောင်းမှုကို ကျူးလွန်ပါက သူတို့၏မိဘများသည် ထိုသားသမီးအပြစ်များအတွက် ပေးလျော်ကြရမည်။ ယင်းမှာ လူသား၏ အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်ပုံဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမြင်မဟုတ်။ လူတိုင်း၏ ရလဒ်သည် သူတို့ လုပ်ဆောင်မှုမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပြီး၊ ယင်းကို အစဉ်အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်သည်။ မည်သူမျှ အခြားသူတစ်ဦး၏ အပြစ်ကို မသယ်ပိုးနိုင်၊ ထို့ထက်မက မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူတစ်ဦးအတွက် အပြစ်ဒဏ်ပေးခြင်းကို မခံရနိုင်။ ယင်းမှာ မလွဲဧကန်ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုသကဲ့သို့ ကလေးတစ်ဦး၏ သူ့မိဘများအပေါ် ဝတ္တရားကျေသော ခင်တွယ်မှုသည် သူတို့အနေဖြင့် သူတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ ယင်းမှာ "ထိုအခါလယ်၌ရှိသော လူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့" ဟူသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်ရှိ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ မိမိတို့၏ သားသမီးများအပေါ်ထားသည့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို အနားယူခြင်းထဲသို့ မဆောင်ယူနိုင်သကဲ့သို့၊ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို သူတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ်အခြေခံ၍ အနားယူခြင်းထဲသို့ မဆောင်ယူနိုင်ပေ။ ယင်းသည် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းဖြစ်သည်၊ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ခြွင်းချက်များမရှိပေ။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုကို လုပ်ဆောင်သူများသည် မကောင်းမှုကို လုပ်ဆောင်သူများဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူတို့သည် ရှင်သန်နိုင်ကြလိမ့်မည်ဖြစ်ပြီး မကောင်းမှုကို လုပ်ဆောင်သူများသည် ဖျက်ဆီးခြင်း ခံကြရမည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများဖြစ်သည်၊ သူတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများဖြစ်ကြပြီး သူတို့တွင် သန့်ရှင်းသောအစိတ်အပိုင်း တစ်ခုမျှမပါရှိပေ။ မကောင်းမှုလုပ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ပြုသည့်တိုင်အောင်၊ ထို့ပြင် ဖြောင့်မတ်သောပုဂ္ဂိုလ်တစ်ဦး၏ မိဘများက စဉ်းလဲသော လုပ်ဆောင်ချက်များ ကျူးလွန်သည့်တိုင်အောင်၊ စဉ်းလဲသော လူအားလုံးတို့သည် ဖျက်ဆီးခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သူအားလုံးတို့သည် ရှင်သန်ကြလိမ့်မည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့်ဆက်နွှယ်မှုမျှမရှိဘဲ၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင်လည်း မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သူတို့သည် သဟဇာတမဖြစ်သော အမျိုးအစားနှစ်မျိုး ဖြစ်သည်။ အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းမပြုမီတွင် တစ်စုံတစ်ဦးသည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိသော်လည်း ထိုသူသည် အနားယူခြင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုသူတွင် ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ မရှိတော့ပေ။ မိမိတို့၏ တာဝန်များကို ထမ်းရွက်သူများနှင့် မထမ်းရွက်သူတို့သည် ရန်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို ချစ်မြတ်နိုးသူနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ အနားယူခြင်းထဲသို့ ဝင်ရောက်သူများနှင့် ဖျက်ဆီးခြင်းခံရသူတို့သည် မတူညီသော ဖန်ဆင်းခံသတ္တဝါအမျိုးအစားများ ဖြစ်ကြသည်။ မိမိတို့၏တာဝန်ကို ထမ်းရွက်ကြသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ပြီး မိမိတို့၏တာဝန်ကို မထမ်းရွက်ကြသော ဖန်ဆင်းခံသတ္တဝါတို့သည် ဖျက်ဆီးခြင်းခံရကြလိမ့်မည်၊ ထို့ထက်သာမက ယင်းသည် ထာဝရတည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းရွက်ရန်အလို့ငှာ သင်၏ခင်ပွန်းကို သင်ချစ်ခြင်းဖြစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းရွက်ရန်အလို့ငှာ သင်၏ဇနီးကို ချစ်ခြင်းဖြစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းရွက်ရန်အလို့ငှာ မယုံကြည်သော သင်၏မိဘများအပေါ် ဝတ္တရားကျေခြင်းဖြစ်သလော။ လူသား၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း အမြင်သည် မှန်သလော၊ သို့မဟုတ် မမှန်သလော။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရလိုသနည်း။ ဘုရားသခင်ကို သင်မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်ကို မထမ်းရွက်နိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မလုပ်နိုင်သူတို့သည် ဖျက်ဆီးခြင်းခံကြရမည်။ ယနေ့လူများသည် တစ်ဦးနှင့်တစ်ဦးကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသကဲ့သို့ အသွေးအားဖြင့်လည်း ဆက်နွှယ်မှုများ ရှိကြသည်၊ သို့သော်လည်း နောက်ပိုင်းတွင် ယင်းတို့အားလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတဖြစ်ကြသည်မဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ကြသည်။ အနားယူခြင်းတွင် ရှိသူတို့သည် ဘုရားသခင်တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို နာခံကြသည်။ ဘုရားသခင်ကို မနာခံသော သူတို့အားလုံးသည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ ရှိတော့မည်မဟုတ်၊ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့လျှင် ရှိတော့မည်နည်း။ ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်း၏ လွန်စွာ သဟဇာတမဖြစ်မှုသည် ယင်းရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ဖြတ်တောက်ပြီးဖြစ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ