ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၈

ပုံဝတ္ထု ၂။ ကြီးမားသောတောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး

ဟိုဟိုသည်သည် ကွေ့ကောက်စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခု ရှိခဲ့ကာ၊ နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ စီးကြောင်းကို ကာဆီးထားသည့်အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်းသည့်လေသံလေးနှင့် “ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်သည် ကျွန်ုပ်၏ လမ်းခရီးတွင် ရပ်နေပြီး ကျွန်ုပ် ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု ပြောလိုက်သည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်ုပ်သည် နားခိုရာအိမ်ကို ရှာဖွေနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်အပေါ်ကနေ ဆက်၍ စီးဆင်းသွားပါ” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်း ငယ်လေးမှာ အားနည်းလွန်းပြီး၊ ငယ်ရွယ်လွန်း သောကြောင့် ယင်းသည် ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကိုကျော်ပြီး စီးဆင်းရန် မဖြစ်နိုင်ခဲ့ပေ။ တောင်ခြေကို ရင်ဆိုင်လျက် ဆက်ပြီး စီးဆင်းရုံသာ တတ်နိုင်တော့သည်။...

လေကြမ်းကြီးသည် သဲနှင့် အမှိုက်သရိုက်တို့ကို သယ်ဆောင်ရင်း တောင်ကြီးရှိရာသို့ တိုက်ခတ်လာခဲ့သည်။ လေက တောင်ကြီးအား “ကျွန်ုပ်ကို သွားခွင့်ပေး” ဟု အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု မေးသည်။ လေက “တောင်ကြီး၏ အခြားတစ်ဘက်ကို ကျွန်ုပ်သွားလိုသည်” ဟု ပြန်၍ အော်ပြောလိုက်သည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏ အလယ်မှ ဖောက်သွားနိုင်လျှင် သင်သွားနိုင်သည်” ဟု ပြောလိုက်သည်။ လေကြမ်းကြီးသည် ဤနည်းဟိုနည်းနှင့် တစ်ဟူးဟူး တိုက်ခတ်သည်၊ သို့သော် အဘယ်မျှ သည်းကြီးမည်းကြီး တိုက်ခတ်သော်လည်း တောင်၏ အလယ်ကို ဖောက်မထွက်နိုင်ခဲ့ပါ။ လေသည် ပင်ပန်းလာပြီး အနားယူဖို့ ရပ်တန့်ခဲ့ရကာ၊ တောင်ကြီး၏ အခြားတစ်ဘက်တွင် လေပြည်လေညင်းတစ်ခု စတင် တိုက်ခတ်လာပြီး ထိုနေရာ၌ရှိသေ လူတို့ကို ကျေနပ်စေခဲ့သည်။ ဤသည်မှာ တောင်ကြီးက လူတို့ကို နှုတ်ခွန်းဆက်သခြင်းပင် ဖြစ်သည်။...

ပင်လယ်ကမ်းစပ်တွင် သမုဒ္ဒရာရေလှိုင်းလေးသည် ကျောက်ဆောင်ကျောက်တုံးတို့ပြည့်နှက်သော သောင်ပြင်ကို ညင်ညင်သာသာ ပုတ်ခတ်ခဲ့သည်။ ရုတ်တရတ် ဧရာမလှိုင်းလုံးကြီး ဖြစ်ပေါ်လာပြီး တောင်ကြီးဆီသို့ တဟုန်ထိုး ပြေးလာခဲ့သည်။ “ဖယ်စမ်း” ဟု ဧရာမလှိုင်းလုံးကြီးက အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီကို သွားမည်နည်း” ဟု မေးသည်။ လှိုင်းလုံးကြီးက ပြေးဝင်လာသည်ကို မရပ်တန့်နိုင်ဘဲ၊ “ကျွန်ုပ်သည် ကျွန်ုပ်၏နယ်မြေကို တိုးချဲ့နေသည်။ ကျွန်ုပ်၏ လက်များကို ဆန့်ထုတ်လိုသည်” ဟု အော်ပြောသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏အထွတ်အထိပ်ကို ကျော်သွားနိုင်လျှင် သင့်ကို ကျွန်ုပ်သွားခွင့်ပြုမည်။” ပြောသည်။ လှိုင်းလုံးကြီးက ခပ်ခွာခွာ နောက်ဆုတ်လိုက်ပြီး နောက်တစ်ကြိမ် တောင်ကြီးဆီ တစ်လိပ်လိပ် တက်လာပြန်သည်။ သို့သော်လည်း ယင်းက မည်မျှပင် ကြိုးစားကြိုးစား၊ တောင်ကြီး၏ အထွတ်အထိပ်ကို မကျော်လွှား နိုင်ပေ။ လှိုင်းလုံးမှာ တဖြည်းဖြည်းနှင့် ပင်လယ်ဆီကိုသာ ပြန်လှိမ့်ဆင်းသွားနိုင်တော့သည်။...

နှစ်များထောင်ချီကြာသည့်တိုင် စမ်းချောင်းလေးသည် တောင်ခြေတစ်ဝိုက်တွင် ညင်သာစွာ စီးခဲ့သည်။ တောင်ကြီး၏ လမ်းကြောင်းများနောက်လိုက်ရင်း စမ်းချောင်းလေးသည် သူ့အိမ်ကို ပြန်ရောက်နိုင်ခဲ့ကာ မြစ်တစ်စင်းနှင့် ပူးပေါင်းပြီး ထိုမှ ပင်လယ်ထဲကို စီးဝင်ခဲ့သည်။ တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းလေးသည် ဘယ်သောအခါမှ လမ်းကြောင်း ပျောက်မသွားခဲ့ပါ။ စမ်းချောင်းနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပေးကြပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကာ၊ အချင်းချင်း ချေဖျက်ကြပြီး အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် လေကြမ်းကြီးမှာ ၎င်း၏အကျင့် ဖြစ်သည့်အားလျော်စွာ တဟူးဟူးတိုက်ခတ်ခဲ့သည်။ လေသည် မိမိ၏ လေပြင်းများထဲတွင် သဲမှုန်များစွာကို ဝေ့ဝဲသယ်ဆောင် တိုက်ခတ် လာပြီး တောင်ကြီးဆီသို့ မကြာခဏ “အလည်လာ” ဆဲပင် ဖြစ်သည်။ ယင်းသည် တောင်ကြီးကို ခြိမ်းခြောက်သော်လည်း တောင်၏အလယ်ကို ဘယ်သောအခါမှ ဖောက်မထွက်ခဲ့ပါ။ လေနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးပြီး၊ အချင်းချင်း ချေဖျက်ကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် ဧရာမလှိုင်းလုံးကြီးကလည်း မည်သည့်အခါမျှ အနားယူရန် ရပ်တန့်မနေခဲ့ဘဲ ၎င်း၏နယ်မြေကို အဆက်မပြတ် တိုးချဲ့နေကာ မရပ်မနား ရှေ့သို့ချီတက်နေခဲ့သည်။ ၎င်းသည် မြည်ဟိန်းပြီး တောင်ကြီးကို အကြိမ်ကြိမ် တစ်ဟုန်ထိုး ရိုက်ပုတ်သော်လည်း တောင်ကြီးသည် တစ်လက်မမျှပင် လုံးဝရွေ့မသွားပါ။ တောင်ကြီးက ပင်လယ်ကို စောင့်ကြည့်နေပြီး ဤကဲ့သို့ဖြင့် ပင်လယ်ထဲမှ သက်ရှိများမှာ ပွားများလာပြီး ရှင်သန်ခဲ့ကြသည်။ လှိုင်းလုံးနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ကြပြီး အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကြပြီး၊ အချင်းချင်း ချေဖျက်ကြကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

ပုံဝတ္ထုမှာ ဤသို့ အဆုံးသတ်သည်။ ဦးစွာ ငါ့ကိုပြောလော့၊ ဤပုံဝတ္ထုက မည်သည့်အကြောင်းအရာ ဖြစ်သနည်း။ ဆိုရလျှင်၊ ကြီးမားသော တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ ပါသည်။ စမ်းချောင်းလေးနှင့် တောင်ကြီးပါသည့် ပထမစာပိုဒ်တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ငါသည် စမ်းချောင်းနှင့် တောင်ကြီးအကြောင်း အဘယ်ကြောင့် ရွေးချယ်ပြောခဲ့သနည်း။ (တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းသည် ဘယ်သောအခါမှ လမ်းမပျောက်ပါ။ သူတို့သည် အချင်းချင်း အားထားကြသည်။) တောင်က စမ်းချောင်းလေးကို ကာကွယ်ပေးသလော သို့မဟုတ် ပိတ်ဆို့သည်ဟု သင်တို့ပြောမည်လော။ (ယင်းကို ကာကွယ် ပေးပါသည်။) ထိုသို့မဟုတ်လျှင် ယင်းကို ပိတ်ဆို့သည် မဟုတ်လော။ တောင်နှင့် စမ်းချောင်းသည် အချင်းချင်း ဂရုတစိုက်ကြည့် နေကြသည်။ တောင်က စမ်းချောင်းကို ကာကွယ်ပေးသကဲ့သို့ ပိတ်လည်းပိတ်ဆို့သည်ဟု ပြောနိုင်သည်။ တောင်သည် စမ်းချောင်းက မြစ်ထဲကို စီးဝင်သွားရာ၌ ကာကွယ်ပေးသော်လည်း စမ်းချောင်းလေးအနေဖြင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေပြီး လူသားများအတွက် ဘေးအန္တရာယ် ဖြစ်စေမည့် မိမိဘာသာ စီးဆင်းခြင်းမှ တားဆီးပေးရန် ပိတ်ဆို့ပေးသည်။ ဤသည်မှာ စာပိုဒ်၏ ဆိုလိုသည့်အရာ မဟုတ်လော။ စမ်းချောင်းကို ကာကွယ်ပေးခြင်းနှင့် ပိတ်ဆို့ပေးခြင်းအားဖြင့် တောင်ကြီးသည် လူတို့၏ အသက်အိုးအိမ်များကို ကာကွယ် စောင့်ရှောက် ပေးလေသည်။ စမ်းချောင်းလေးသည် တောင်ခြေတွင် မြစ်နှင့် ပူးပေါင်းသွားပြီးနောက် ပင်လယ်ထဲသို့ ဆက်၍စီးဝင်သွားသည်။ ဤသည်မှာ စမ်းချောင်း၏ တည်ရှိခြင်းကို ထိန်းချုပ်သည့် စည်းမျဉ်းပင်မဟုတ်လော။ စမ်းချောင်းလေးက မြစ်နှင့်ပင်လယ်ထဲကို ပူးပေါင်းစီးဝင်နိုင်ရန်အတွက် မည်သည့် အရာက အထောက်အကူ ပေးသနည်း။ ယင်းက တောင်ကြီး ဖြစ်သလော။ စမ်းချောင်းသည် တောင်ကြီး၏ ကာကွယ် စောင့်ရှောက်မှုနှင့် ပိတ်ဆို့ခြင်းကို အားထားသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ အဓိကအချက်ဖြစ်သည် မဟုတ်လော။ ဤအရာထဲတွင် ရေအတွက် တောင်များ၏ အရေးပါမှုကို သင် တွေ့ရသလော။ ဘုရားသခင်က တောင်များကို ကြီးငယ်မရွေး ဖန်ဆင်းရာတွင် သူ၏ရည်ရွယ်ချက် ရှိသလော။ (ရှိပါသည်။) စမ်းချောင်းလေးနှင့် တောင်ကြီးသာလျှင်ဖြစ်သည့် ဤစာပိုဒ်တိုလေးက ငါတို့ကို ထိုအရာနှစ်ခုအား ဘုရားသခင့် ဖန်ဆင်းခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို တွေ့မြင်စေသည်။ ယင်းက ၎င်းတို့အပေါ် သူ၏အုပ်ချုပ်မှု၌ ရှိသောသူ၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်ကိုလည်း ငါတို့အားပြသသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။

ပုံဝတ္ထု၏ဒုတိယအပိုဒ်က မည်သည့် အကြောင်းအရာနည်း။ (လေကြမ်းကြီးနှင့် တောင်ကြီးအကြောင်းဖြစ်သည်။) လေဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော။ (ဟုတ်ပါသည်။) သေချာပေါက် မဟုတ်ပေ၊ တစ်ခါတစ်ရံ လေသည် အလွန်ပြင်းထန်ပြီး ဘေးအန္တရာယ်ကို ဖြစ်ပွားစေတတ်သည်။ သင့်ကို ပြင်းထန်သော လေထဲတွင် ရပ်ခိုင်းထားသည်ဆိုလျှင် သင်မည်သို့ခံစားရမည်နည်း။ လေ၏ ပြင်းအားအပေါ်တွင် မူတည်သည်မဟုတ်လော။ ယင်းသည် အဆင့် ၃ သို့မဟုတ် ၄ ရှိသည့် လေဖြစ်ပါက ခံနိုင်စရာဖြစ်မည်။ အများဆုံးအနေနှင့် လူတစ်ယောက် မျက်လုံးဖွင့်ထားဖို့ အခက်တွေ့လောက်သည်။ သို့သော်လည်း လေသည် ပြင်းထန်လာပြီး လေဆင်နှာမောင်း ဖြစ်လာခဲ့လျှင် ၎င်းကို သင်ခံနိုင်မည်လော။ သင် ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့အနေဖြင့် လေက အမြဲတမ်းကောင်းသည် သို့မဟုတ် ၎င်းက အမြဲတမ်းဆိုးသည်ဟု ပြောမည်ဆိုလျှင် မှားသည်၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လေ၏ပြင်းအားအပေါ် မူတည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤနေရာတွင် တောင်ကြီး၏ တာဝန်က အဘယ်အရာနည်း။ ၎င်း၏တာဝန်မှာ လေကို စစ်ချပေးရန် မဟုတ်လော။ တောင်က လေကြမ်းကြီးကို မည်သည့်အရာအဖြစ် လျော့ချပေးသနည်း။ (လေပြေညင်းလေးအဖြစ်။) ဤသို့ဆိုလျှင် လူသားများနေထိုင်သည့် ပတ်ဝန်းကျင်တွင် လူအများစု ကြုံတွေ့ခံစားရသည်က လေပြင်းများလော၊ လေပြေများလော။ (လေပြေများဖြစ်သည်။) ဤသည်မှာ တောင်များကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များထဲကတစ်ခု၊ သူ၏ ကြံရွယ်ချက်များထဲကတစ်ခုပင် မဟုတ်သလော။ လူတို့သည် လေထဲတွင် သဲများ အထိန်းအကွပ်မဲ့စွာ အတားအဆီးမရှိ စစ်ချထားခြင်းမရှိ တိုက်ခတ်သည့် ပတ်ဝန်းကျင် တစ်ခုတွင် နေထိုင်ရသည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ လွင့်စင်နေသော သဲများနှင့် ကျောက်ခဲများ ပတ်ချာဝိုင်းသည့် ကုန်းမြေတစ်ခုမှာ လူနေ၍မရနိုင်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သလော။ ကျောက်ခဲများက လူတို့ကို ထိမှန်နိုင်ပြီး သဲများက သူတို့ကို မျက်စိကန်းစေနိုင်သည်။ လေက လူတို့ကို လေထဲသို့ သယ်သွားနိုင်သည် သို့မဟုတ် သူတို့၏ခြေများကို သိမ်းကျုံးတိုက်ခတ်သွားနိုင်လေသည်။ အိုးအိမ်များ ပျက်စီးနိုင်ပြီး ဘေးအန္တရာယ်ပေါင်းစုံ ကျရောက် လာမည်။ သို့တိုင် လေကြမ်းကြီး၏ တည်ရှိမှု၌ တန်ဖိုးရှိသလော။ လေကို ဆိုးသည်ဟု ငါပြောခဲ့သောကြောင့် ၎င်း၌ တန်ဖိုးမရှိပါဟု တစ်ဦးဦးက ထင်ကောင်းထင်မိမည် ဖြစ်သော်လည်း၊ ထိုသို့ ဟုတ်သလော။ ယင်းက လေညင်းလေးအဖြစ် ပြောင်းသွားသည့်အခါ တန်ဖိုးမရှိသလော။ ရာသီဥတုက ပူအိုက်စိုထိုင်းသောအခါ သို့မဟုတ် မွန်းကျပ်သောအခါ လူတို့သည် မည်သည်ကို အလိုအပ်ဆုံး ဖြစ်သနည်း။ သူတို့ကို ပြန်လည်လန်းဆန်းစေဖို့နှင့် သူတို့၏ အတွေးအမြင်ရှင်းစေဖို့၊ သူတို့၏ဉာဏ်ကိုသွေးဖို့၊ သူတို့၏ စိတ်အခြေအနေကို ပြုပြင်ဖို့နှင့် တိုးတက်စေဖို့ သူတို့အပေါ် လေနုအေးလေး ညင်သာစွာတိုက်ခတ်ဖို့ လိုအပ်သည်။ ဤသို့ဆိုလျှင် ဥပမာအနေဖြင့် သင်တို့အားလုံးသည် အခန်းတစ်ခန်းထဲတွင် လူအများကြီးနှင့် လေမွန်းကျပ်လျက် ထိုင်ကြသည်ဆိုလျှင် သင်တို့ မည်သည်ကို အလိုအပ်ဆုံး ဖြစ်မည်နည်း။ (လေနုအေးလေး ဖြစ်ပါသည်။) နောက်ကျိပြီး ညစ်ညမ်းနေသောလေ ရှိသည့်နေရာသို့ သွားခြင်းက လူတစ်ဦး၏ စဉ်းစားတွေးခေါ်မှုကို နှေးကွေး စေနိုင်သည်၊ သူ၏ သွေးလည်ပတ်မှုကို လျော့ကျစေနိုင်ပြီး၊ သူ၏ စိတ်ကြည်လင် ပြတ်သားမှုကို ဆုတ်ယုတ်စေနိုင်သည်။ သို့သော်လည်း လှုပ်ရှားမှုနှင့် လည်ပတ်မှု အနည်းငယ်က လေထုကို လန်းဆန်းလာစေပြီး၊ လူတို့သည် လန်းဆန်းသောလေထဲတွင် တစ်မူထူးခြားစွာ ခံစားကြသည်။ စမ်းချောင်းလေး ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း၊ လေကြမ်းကြီးက ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း ထိုနေရာတွင် တောင်ကြီးရှိနေသရွေ့ ထိုအန္တရာယ်ကို လူတို့အား အကျိုးပြုသည့် စွမ်းအားတစ်ခုအဖြစ် တောင်ကြီးက ပြောင်းပေးလိမ့်မည်။ ထိုသို့ဖြစ်သည်မဟုတ်လော။

ပုံဝတ္ထု၏ တတိယအပိုဒ်က မည်သည့်အကြောင်းအရာနည်း။ (တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး အကြောင်းပါ။) တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး။ ဤစာပိုဒ်ကို တောင်ခြေမှ ပင်လယ်ကမ်းစပ်တွင် ပုံဖော်ထားသည်။ တောင်၊ သမုဒ္ဒရာရေလှိုင်းလေးနှင့် ဧရာမ လှိုင်းလုံးကြီးတစ်ခုကို ငါတို့တွေ့ရသည်။ ဤဥပမာထဲတွင် လှိုင်းလုံးကြီးအတွက် တောင်ကြီးသည် မည်သည့်အရာ ဖြစ်သနည်း။ (အကာအကွယ်ပေးသူတစ်ဦးနှင့် အဟန့်အတားတစ်ခုဖြစ်သည်။) ယင်းက အကာအကွယ်ပေးသူအပြင် အဟန့်အတားတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးသူ အနေဖြင့်၊ ၎င်းသည် ပင်လယ်ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသည်၊ သို့မှသာ ပင်လယ်ထဲ၌ နေထိုင်သော သတ္တဝါများမှာ မျိုးပွားပြီး၊ ရှင်သန်နိုင်လိမ့်မည်။ အဟန့်အတားအနေနှင့် တောင်ကြီးက ပင်လယ်ရေကို ရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခြင်းမှ၊ အန္တရာယ်ကို ဖြစ်စေပြီး လူတို့၏ အိုးအိမ်များကို ဖျက်ဆီးခြင်းမှ ထိန်းသိမ်းထားသည်။ ထို့ကြောင့် တောင်ကြီးသည် အဟန့်အတားလည်း ဖြစ်သလို၊ အကာအကွယ်လည်း ဖြစ်သည်ဟု ငါတို့ ပြောနိုင်သည်။

ဤသည်မှာ တောင်ကြီးနှင့် စမ်းချောင်းလေး၊ တောင်ကြီးနှင့် လေကြမ်းကြီး၊ တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ကြားက ဆက်နွှယ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ ဤသည်မှာ သူတို့၏ အချင်းချင်း ခွန်အားပေးခြင်းနှင့် ချေဖျက်ခြင်းအပြင်၊ သူတို့၏ အတူယှဉ်တွဲ နေထိုင်ခြင်းတို့၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသည့် ဤအရာများသည် သူတို့၏ တည်ရှိမှုတွင် စည်းမျဉ်းတစ်ခုနှင့် ဥပဒေသတစ်ခုတို့၏ အုပ်ချုပ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဤပုံဝတ္ထုထဲတွင် ဘုရားသခင်၏ မည်သည့် လုပ်ဆောင်ချက်များကို သင်မြင်ခဲ့ရသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီးကတည်းက ၎င်းတို့ကို လျစ်လျူရှုထားသလော။ သူသည် စည်းမျဉ်းများကို ဖန်တီးပေးခဲ့ပြီး အရာခပ်သိမ်းလည်ပတ်သည့် နည်းလမ်းများကို ပုံစံချခဲ့ပြီးနောက်မှာသာ ၎င်းတို့ကို လျစ်လျူရှုခဲ့လေသလော။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဘုရားသခင်က ထိန်းချုပ် နေဆဲဖြစ်သည်။ သူက ရေ၊ လေနှင့် လှိုင်းလုံးများကို ထိန်းချုပ်ထားသည်။ သူက ၎င်းတို့ကို သောင်းကျန်းပြီး လျှောက်ပြေးခွင့် မပြုသကဲ့သို့ သူသည် ၎င်းတို့ကို အန္တရာယ် ဖြစ်စေခွင့် သို့မဟုတ် လူတို့နေထိုင်သည့် နေအိမ်များကို ဖျက်ဆီးခွင့် မပြုပါပေ။ ဤအတွက်ကြောင့်သာ လူတို့သည် ကုန်းမြေပေါ်တွင် ဆက်လက်နေထိုင်ကာ မျိုးပွားပြီး ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာက ဘုရားသခင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က ၎င်းတို့၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းများကို သူ ကြိုတင်စီစဉ် ထားပြီးသားဖြစ်ကြောင်း ဆိုလိုသည်။ အရာတစ်ခုစီတိုင်းကို ဘုရားသခင်ပြုလုပ်ခဲ့စဉ်က ၎င်းက လူသားမျိုးနွယ်ကို အကျိုးပြုစေရန်အတွက် သေချာအောင် လုပ်ဆောင်ခဲ့ပြီး၊ ယင်းမှာ လူသားမျိုးနွယ်ကို ဒုက္ခမရောက်စေရန် သို့မဟုတ် သူတို့အား ဘေးအန္တရာယ် မဖြစ်စေရန်အတွက် ဘုရားသခင်က ယင်းအပေါ် ထိန်းချုပ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု မဟုတ်ခဲ့လျှင် ရေတို့သည် အထိန်းအကွပ်မဲ့ စီးကုန်မည် မဟုတ်လော။ လေသည်လည်း အထိန်းအချုပ်မဲ့ တိုက်ခတ်ကုန်မည် မဟုတ်လော။ ရေနှင့်လေတို့သည် စည်းမျဉ်းများကို လိုက်နာသလော။ ၎င်းတို့ကို ဘုရားသခင်ကသာ မစီမံခဲ့လျှင်၊ ၎င်းတို့ကို မည်သည့် စည်းမျဉ်းများကမှ ထိန်းချုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ လေထန်ပြီး ရေများက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေမည်။ အကယ်၍ ရေလှိုင်းကြီးသာ တောင်ကြီးထက် ပို၍မြင့်မားသွားခဲ့လျှင်၊ ပင်လယ်သည် တည်ရှိ နေနိုင်ဦးမည်လော။ တည်ရှိ မနေနိုင်ပါ။ တောင်ကြီးက လှိုင်းလုံးကြီးတမျှ မမြင့်ပါက ပင်လယ်မှာ တည်ရှိမည် မဟုတ်သည့်အပြင်၊ တောင်ကြီးက သူ၏တန်ဖိုးနှင့် အရေးပါမှုကို ဆုံးရှုံးရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၈

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်ကိုသိကျွမ်းခြင်းအား စွမ်းဆောင်ရရှိရမည်။ လူအချို့က-...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၀

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၂

သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးဖွားသောအခါ၌ အကြောင်းအရာများပြားစွာဖြစ်ခဲ့သည်ဆိုခြင်းကို သိသည်။ ထိုအကြောင်းအရာတို့ထဲတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၇

ရေလွှမ်းမိုးခြင်းပြီးနောက် နောဧကိုပေးသော ဘုရားသခင်၏ကောင်းချီး ကမ္ဘာဦး ၉:၁-၆ ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။