ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်၏။ ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်း သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့်ဆိုင်သည့် လက်ရှိ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခု” နှင့် ညီမျှသလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရချေ။ ကောင်းမွန်သော ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် ဘုရားသခင် ရှေ့မှောက်၌ နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်ပြီး ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ လူတို့သည် ဘုရားသခင်၏ လက်ရှိအမှုနှင့်ဆိုင်သော ပိုမိုရှင်းလင်းပြီး ပိုမိုနှံ့စပ်သော သိနားလည်ခြင်းတစ်ခု ရရှိနိုင်၏။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းသစ်တစ်ခုကိုလည်း ၎င်းတို့ ရရှိနိုင်ပြီး လမ်းကြောင်းဟောင်းကို ဖက်တွယ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှအလုံးစုံတို့သည် အသက်တာတွင် ကြီးထွားမှု ရရှိဖို့ဖြစ်ပေလိမ့်မည်။ ဆုတောင်းခြင်းအတွက်မူ၊ ကြားကောင်းသည့် စကားအနည်းငယ်ကို ပြောဆိုခြင်း သို့မဟုတ် သင်မည်မျှ အကြွေးတင်ရှိသည်ကို ပြဖို့ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်ရည်စက်လက်ဖြစ်ခြင်းအကြောင်း မဟုတ်ချေ။ ယင်းထက် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုယ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုဖို့ လေ့ကျင့်ရန် ဖြစ်သည်။ နေ့တိုင်း မိမိ၏ စိတ်နှလုံးက အသစ်သော အလင်းဆီသို့ ဆွဲဆောင်ခံရဖို့အလို့ငှာနှင့် လူတစ်ဦးအနေဖြင့် မတုန်မလှုပ် မဖြစ်ဖို့ သို့မဟုတ် မပျင်းရိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ် ခြေချနိုင်ဖို့အလို့ငှာ မိမိစိတ်နှလုံးကို ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်စေခွင့်ပေးရင်း၊ ကိစ္စရပ်အလုံးစုံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရှာဖွေဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ရန် ဖြစ်ပေသည်။ ယနေ့ခေတ်တွင် လူအများစုသည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ အာရုံစိုက်ကြသော်လည်း သမ္မာတရားကို လိုက်စားဖို့နှင့် အသက်တာ ကြီးထွားမှုကို ရရှိဖို့အလို့ငှာ ထိုသို့ မလုပ်ဆောင်ကြချေ။ ဤသည်မှာ ၎င်းတို့ လမ်းလွဲသွားကြသည့်နေရာ ဖြစ်သည်။ အသစ်သောအလင်းကို ရရှိနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ရရှိဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် ရရှိနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ ရရှိပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ဖို့ရန်၊ လူတစ်ဦးသည် နေ့စဉ် အလင်းသစ်ကို ရရှိနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များအား စစ်မှန်သော သိနားလည်မှုတစ်ခုကို ရှာဖွေနိုင်ရမည်။ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရမည်၊ ကိစ္စရပ်များအားလုံးတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် မေးခွန်းသစ်များကို ရှာဖွေတွေ့ရှိရမည်ဖြစ်ပြီး၊ မိမိ၏ ဖြစ်တည်မှု တစ်ခုလုံးကို တို့ထိသည့် တောင့်တပြီး ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု ရှိနိုင်ဖို့အလို့ငှာနှင့် နောက်ကျကျန်ရစ်မည်ကို အလွန်အမင်း စိုးရိမ်လျက် ဘုရားသခင်၏ ရှေ့မှောက်တွင် တစ်ချိန်လုံး ဆိတ်ငြိမ်နိုင်ဖို့အလို့ငှာ မိမိကိုယ်တိုင်၏ ချို့ယွင်းချက်များကို သိရမည်။ ဝင်ရောက်မှုကို စဉ်ဆက်မပြတ် ကြိုးပမ်းရရှိဖို့ရန် လိုလားနေသည့် ထိုသို့သော တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးနှင့် လူတစ်ဦးသည် ဝိညာဉ်ရေးရာ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသူများ၊ သာ၍ ကောင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိသူများ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားရန် လိုလားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သာ၍ နက်နဲသည့် သိနားလည်မှုတစ်ခုကို တောင့်တသူများ၊ သဘာ၀လွန်ဖြစ်ရပ်ကို မလိုက်စားဘဲ ထိုအစား စစ်မှန်သော အဖိုးအခတစ်ခုကို ပေးသောသူများ၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးစိုက်သောသူများ၊ ၎င်းတို့၏ အတွေ့အကြုံများ သာ၍ ရိုးသားကာ စစ်မှန်ဖို့အလို့ငှာ ဝင်ရောက်ခြင်းကို အမှန်တကယ် ကြိုးပမ်းရရှိသူများ၊ အချည်းနှီးသော စကားများနှင့် အယူဝါဒများကို မလိုက်စားသူ သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်ကို ခံစားဖို့ရန် မလိုက်စားသူများ၊ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကိုမဆို မကိုးကွယ်သူများ- ဤသူများသည် မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ပြီးသည့် သူများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အသက်တာတွင် နောက်ထပ် ကြီးထွားမှုကို ရရှိဖို့ရန်နှင့် ၎င်းတို့ စိတ်ဝိညာဉ်၌ လန်းဆန်း၍ တက်ကြွစေရန် ရည်ရွယ်ပြီး၊ ၎င်းတို့သည် ဝင်ရောက်မှုကို တက်ကြွစွာ အစဉ်အမြဲ ကြိုးပမ်းရရှိနိုင်ကြလေသည်။

မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာရှိသူတို့သည် နေ့စဉ် စိတ်ဝိညာဉ်၏ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရှာတွေ့ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ စိတ်ကျေနပ်သည်အထိ လွတ်လပ်သည့်နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဤလူတို့အတွက်၊ ဆုတောင်းခြင်းသည် လုပ်ရိုးလုပ်စဉ် သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်။ နေ့စဉ်၊ အသစ်သော အလင်းကို ၎င်းတို့ အမှီလိုက်နိုင်ကြသည်။ ဥပမာအားဖြင့်၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ ရှေ့မှောက်တွင် ဆိတ်ငြိမ်စေဖို့ရန် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဆိတ်ငြိမ်နိုင်ကြကာ၊ မည်သူမျှက ၎င်းတို့ကို မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာများကို မည်သည့်လူ၊ မည်သည့် အဖြစ်အပျက် သို့မဟုတ် မည်သည့် အမှုအရာကမျှ မတားဆီးနိုင်ပေ။ ထိုသို့သော လေ့ကျင့်မှုသည် ရလဒ်များ ဖြစ်ထွန်းဖို့ ရည်ရွယ်၏။ လူတို့ကို စည်းမျဉ်းများ လိုက်နာစေဖို့ ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ဤလက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းလိုက်နာမှုအကြောင်း မဟုတ်ဘဲ၊ ယင်းအစား လူတို့၏ အသက်တာထဲတွင် ကြီးထွားမှုကို အထောက်အကူပြုခြင်း အကြောင်း ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုကို လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာ သင် မြင်ပါက၊ သင်၏ အသက်တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်။ အခြားသူများကဲ့သို့ အလားတူ လက်တွေ့လုပ်ဆောင်မှု၌ သင်သည် ပါဝင်ပတ်သက်နိုင်၏၊ သို့သော်လည်း ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီလိုက်နိုင်စဉ်တွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းမှ ပယ်ရှင်းခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေခြင်း မဟုတ်လော။ ဤနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့ထဲက ဘုရားသခင်၏ အမှုအား အဟန်ု့အတားမရှိစေဖို့နှင့် အသီးအပွင့်များ သီးပွင့်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ ဆိတ်ငြိမ်စေရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လှည့်ရန် လူတို့ကို အခွင့်ပေးဖို့ ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။