Christian Dance (အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်ကို ဧကန်အမှန် ချစ်သည်)

09.10.2024

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်ကို ဧကန်အမှန် ချစ်ပြီး ယင်းကို ကျွန်ုပ်တွေ့ကြုံပြီးဖြစ်။

ဘုရားသခင်သည် နေ့တိုင်း စကားပြောဆို၍ သူကိုယ်တိုင် လူများကို ရေလောင်းပေးကာ ထိန်းကျောင်းပေးလေသည်။

ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းသည်

ကျွန်ုပ်၏စိတ်ကို ကြည်လင်စေ၍ ကျွန်ုပ်၏မျက်လုံးများကို တောက်ပစေသည်။

သမ္မာတရားကို နားလည်ခြင်းတွင် ကျွန်ုပ်သည် ဝိညာဉ်အားဖြင့် လွတ်မြောက်ခံရ၍

ဘုရားရှေ့မှောက် ရှင်သန်နေထိုင်လေသည်။

ဘုရားသည် ကျွန်ုပ်ကို ချစ်မြတ်နိုးသည်၊ ဘုရားသည် ကျွန်ုပ်ကို ချစ်မြတ်နိုးပြီး

ကျွန်ုပ်ကို ဖမ်းယူထားသည့်အရာမှာ ဘုရား၏ ချစ်ခြင်းမေတ္တာဖြစ်သည်။

ဘုရားနောက် လိုက်လျှောက်ရန် အရာခပ်သိမ်းကို ကျွန်ုပ်စွန့်ပယ်၊

ဘုရားသခင်အတွက် မိမိကိုယ်မိမိ အသုံးခံရန် ကိုယ့်တာဝန်ကို သစ္စာစောင့်သိစွာ ကျွန်ုပ်ထမ်းဆောင်၊

အသက်တာ၏ တောက်ပသော လမ်းကြောင်းပေါ်တွင် ဘုရားသခင်နောက် ကျွန်ုပ်လိုက်လျှောက်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်ကို ဧကန်အမှန် ချစ်ပြီး ယင်းကို ကျွန်ုပ်တွေ့ကြုံပြီးဖြစ်။

ဘုရားနှုတ်ကပတ်တော်သည်

လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၍ တရားစီရင်သည်။

မိမိကိုယ်မိမိ ဧကန်အမှန် သိရှိခြင်းတွင် ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲခံရ။

လူသား၏ ပုံသဏ္ဌာန်ကို ကျွန်ုပ်အသက်ရှင် နေထိုင်၊

ဘုရား၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး ကျွန်ုပ်၏စိတ်နှလုံး အလွန်ပျော်ရွှင်။

ဘုရားသခင်ကို ကျွန်ုပ်ချစ်မြတ်နိုးသည်၊ ဘုရားသခင်ကို ကျွန်ုပ်ချစ်မြတ်နိုးပြီး

ကျွန်ုပ်ကို ပြောင်းလဲစေခဲ့သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။

ကျွန်ုပ်၏ စစ်မှန်သည့်စိတ်နှလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ပြီး၊

မည်သည့်အရာကို သူစီမံထားရှိပါစေ သို့မဟုတ် စီစဉ်ညွှန်ကြားပါစေ၊

ဘုရား၏ အစီအစဉ်များကို ကျိုးနွံနာခံရန်မှလွဲ၍ ကျွန်ုပ်တွင် ရွေးချယ်စရာမရှိပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်ကို ဧကန်အမှန် ချစ်ပြီး ယင်းကို ကျွန်ုပ်တွေ့ကြုံပြီးဖြစ်။

ညှဉ်းပန်းနှိပ်စက်မှုနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများတစ်လျှောက် ကျွန်ုပ်ကို ဘုရားသခင်က ကြည့်ရှုစောင့်ရှောက်။

ဘုရားနှုတ်ကပတ်တော်သည် ကျွန်ုပ်ကို ဉာဏ်ပွင့်စေ၍ လမ်းညွှန်ပြသကာ ယုံကြည်မှု ပေးအပ်။

ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်၍ သူ့အတွက် ထူးကဲသော သက်သေခံချက်ပေး။

ကျွန်ုပ်သည် ဘုရားသခင်နောက် လိုက်လျှောက်၍ ဘုရားသခင်အတွက် သက်သေခံ၊

ယင်းမှာ ကျွန်ုပ်လျှောက်လိုသော လမ်းကြောင်းဖြစ်။

ကျွန်ုပ်၏လမ်းတွင် မည်သည့်အတားအဆီးများရှိနေပါစေ၊

ဘုရား၏ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်ကို ရှေ့ဆက်ကြိုးစားရန် တိုက်တွန်းအားပေး။

ဘုရားသခင်ကို ချစ်ခင်ရန်နှင့် ဘုရားအတွက် သက်သေခံရန် သေသည့်တိုင်အောင် ဘုရားအပေါ် ကျွန်ုပ်သစ္စာစောင့်သိမည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်ကို ဧကန်အမှန် ချစ်ပြီး ယင်းကို ကျွန်ုပ်တွေ့ကြုံပြီးဖြစ်။

ကျွန်ုပ်၏စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို အသေစွဲမှတ်ထားပြီး နောက်ထပ် မနှောင့်နှေးနိုင်တော့။

ဧဝံဂေလိတရားကို ပြန့်ပွားစေခြင်းနှင့် ဘုရားအတွက် သက်သေခံခြင်းသည်

အရေးတကြီးအဖြစ်ဆုံး အရာဖြစ်ပြီး၊

ဘုရားကို စိတ်ကျေနပ်စေရန် သူနှင့် တက်ကြွစွာ ကျွန်ုပ်ပူးပေါင်းလုပ်ကိုင်ရပါမည်။

ကျွန်ုပ်သည် ဘုရားသခင်ကို အလေးထား၍ စိတ်ကျေနပ်စေကာ ဘုရား၏ ချစ်ခြင်းမေတ္တာအတွက် ပြန်ပေးဆပ်ရမည်။

ဘုရားသခင်အနေဖြင့် ဂုဏ်ကျက်သရေကို အမြန်ဆုံး ရရှိနိုင်ရန်အလို့ငှာ၊

ဘုရားသခင်အတွက် မိမိကိုယ်မိမိ အသုံးခံရန် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ပူဇော်ဆက်ကပ်ရမည်ဖြစ်၍

ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် အစွမ်းကုန်လုပ်ဆောင်ရမည်ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။