Christian Dance (ဘုရားသခင်၏ အချစ်သည် လွန်စွာကြီးမြတ်)
06.02.2025
၁
အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရန် ကြွလာပြီဖြစ်ပြီး
ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏အသံတော်ကို ကြားရ။
ကျွန်ုပ်တို့သည် ပလ္လင်တော်ရှေ့မှောက် ချီဆောင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များကို မွေ့လျော်။
သမ္မာတရားကို နားလည်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးများကို တောက်ပစေပြီး
ကျွန်ုပ်တို့သည် ရေလောင်းခြင်းနှင့် ပံ့ပိုးခြင်း ခံရ။
ကျွန်ုပ်တို့သည် တစ်နေ့တခြား အသက်တွင် ကြီးထွားပြီး
ယင်းသည် ဘုရားသခင်၏ ကောင်းချီး ဧကန်အမှန်ဖြစ်။
ဘုရားသခင်နောက် လိုက်လျှောက်ရာတွင် သမ္မာတရားကို ကျွန်ုပ်တို့ ရရှိပြီး
သူ့အတွက် သက်သေခံခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်။
ဘုရားသခင်၏ အချစ်ကို ပြန်ပေးဆပ်ရန် ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ
နှစ်သက်ဖွယ်ရှိပြီး ထူးကဲသော သက်သေခံချက်ပေး။
ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် အလွန်ကြီးမြတ်သော ကောင်းချီးဖြစ်ပြီး
ကျွန်ုပ်တို့တွင် ဧဝံဂေလိတရားကို ဖြန့်ချိရန် ရှောင်လွှဲမရသောတာဝန်ရှိ။
မည်မျှခက်ခဲပါစေ ကျွန်ုပ်တို့နောက်ဆုတ်မည်မဟုတ်၊
ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်
မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်မည်ဖြစ်။
၂
ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ဖော်ထုတ်မှုသည်
ကျွန်ုပ်တို့၏စိတ်နှလုံးများနှင့် ဝိညာဉ်များကို ထိုးဖောက်။
ကျွန်ုပ်တို့ မည်မျှအကြီးအကျယ် ဖောက်ပြန်ပျက်စီးနေကြောင်းနှင့်
ကျွန်ုပ်တို့တွင် လူသားပုံသဏ္ဌာန်မရှိကြောင်း တွေ့ရ။
ဘုရား၏ တရားစီရင်မှုကို လက်ခံခြင်းနှင့် ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားခြင်းဖြင့်
ကျွန်ုပ်တို့ သန့်စင်ခံရပြီး ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်။
ဘုရား၏ တရားစီရင်မှုသည် ကျွန်ုပ်တို့ကို ကယ်တင်ပြီး
ကျွန်ုပ်တို့သည် လူသားပုံသဏ္ဌာန်အသစ်ကို အသက်ရှင် နေထိုင်။
ဘုရားသခင်နောက် လိုက်လျှောက်ရာတွင် သမ္မာတရားကို ကျွန်ုပ်တို့ ရရှိပြီး
သူ့အတွက် သက်သေခံခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်။
ဘုရားသခင်၏ အချစ်ကို ပြန်ပေးဆပ်ရန် ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ
နှစ်သက်ဖွယ်ရှိပြီး ထူးကဲသော သက်သေခံချက်ပေး။
ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် အလွန်ကြီးမြတ်သော ကောင်းချီးဖြစ်ပြီး
ကျွန်ုပ်တို့တွင် ဧဝံဂေလိတရားကို ဖြန့်ချိရန် ရှောင်လွှဲမရသောတာဝန်ရှိ။
မည်မျှခက်ခဲပါစေ ကျွန်ုပ်တို့နောက်ဆုတ်မည်မဟုတ်၊
ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်
မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်မည်ဖြစ်။
၃
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တိုင် ရေလောင်းကာ ထိန်းကျောင်းပြီး
သူသည် သမ္မာတရားကို နေ့စဉ်နေ့တိုင်း မိန့်မြွက်ကာ မိတ်သဟာယဖွဲ့။
သူသည် မည်သည့်အခိုက်အတန့်တွင်မဆို ကျွန်ုပ်တို့ လိုအပ်သည့်အရာမှန်သမျှကို ကျွန်ုပ်တို့ထံ ပေးအပ်ပြီး
ကျွန်ုပ်တို့အတွက် သူ့စိတ်နှလုံးဖြင့် လွန်စွာစိုးရိမ်။
သူ့အတွက် ကျွန်ုပ်တို့အချစ်သည် ပို၍သန့်စင်လာရန် ကျွန်ုပ်တို့ကို ပြုပြင်၊ စစ်ကြောပြီး စစ်ဆေး။
ကျွန်ုပ်တို့သည် ကြီးမြတ်စွာ ကယ်တင်ခြင်းခံရပြီးဖြစ်ကာ ဘုရားသခင်ကို ထာဝရ ချီးမွမ်းမည်ဖြစ်။
ဘုရားသခင်နောက် လိုက်လျှောက်ရာတွင် သမ္မာတရားကို ကျွန်ုပ်တို့ ရရှိပြီး
သူ့အတွက် သက်သေခံခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်။
ဘုရားသခင်၏ အချစ်ကို ပြန်ပေးဆပ်ရန် ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ
နှစ်သက်ဖွယ်ရှိပြီး ထူးကဲသော သက်သေခံချက်ပေး။
ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် အလွန်ကြီးမြတ်သော ကောင်းချီးဖြစ်ပြီး
ကျွန်ုပ်တို့တွင် ဧဝံဂေလိတရားကို ဖြန့်ချိရန် ရှောင်လွှဲမရသောတာဝန်ရှိ။
မည်မျှခက်ခဲပါစေ ကျွန်ုပ်တို့နောက်ဆုတ်မည်မဟုတ်၊
ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်
မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်မည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ